16 ☁️
17:01, 15 October 2024Jumping on The Cloud ☁️EP 16
" ဝင်ခဲ့လေ.."
အိမ်ရှင်လို တစ်ပြန်ကြီး သူ့ကို အထဲကြွဖို့ လှမ်းခေါ်နေတဲ့ ဂျောင်ဂုကြောင့် ဆော့ဂျင် ကြောင်နေရင်းကနေပဲ စာအုပ်တွေကို ပြန်ငုံ့ကောက်လိုက်ရတယ်..
" ဟို ကိုယ်က ဂျောင်ဂု ပြန်သွားပြီထင်တာ.."
" သြော် အိပ်တော့မယ်လေ.. မှောင်လဲ မှောင်နေပြီဆိုတော့.."
အတည်ပေါက်နဲ့ အိပ်ယာခေါင်းရင်း ကျောမှီလို့ ခြေထောက်ဆင်း ဒူးနှံ့ပြောနေတဲ့ ဂျောင်ဂုပုံစံကြောင့် ဆော့ဂျင် စိတ်အိုက်သွားရသည်..
" မဟုတ်သေးဘူးလေ.."
" ဘာမဟုတ်တာလဲ?.."
" ကိုယ် မင်းကို ဒီမှာ အိပ်ဖို့ ခွင့်မပြုထားဘူးလေ.."
" အော် အဖေ့ဆီက ခွင့်တောင်းခဲ့ပြီးပါပြီ.. စိတ်မပူနဲ့.."
" ဟမ်?.."
" လာပါ.. အိပ်ရအောင်.. နောက်ကျနေပြီ.."
အိပ်ယာဘေး နေရာအလွတ်ကို ပုတ်ပြပြီး ခေါ်နေတဲ့ ဂျောင်ဂုက တကယ် ဘာမှ အထူးအဆန်း ဟုတ်မနေ.. သူပဲ ရေးကြီးခွင်ကျယ်ကြီးလိုဖြစ်ပြီး နေမထိ ထိုင်မသာ ဖြစ်နေတာလား?..
ဟုတ်မှာပါ.. အပြင်မှာလည်း မိုးတွေရွာနေတာဆိုတော့ အိမ်မှာ တစ်ရက်လောက် ခိုနားခွင့်ပေးလိုက်တာ ဖြစ်သင့်တဲ့ ကိစ္စပဲမလား?..
ဟုတ်တယ်မလား?..
" ဒါဆို ဂျောင်ဂုအတွက် စာကြည့်ခန်းထဲမှာ ကိုယ်နေရာပြင်ပေးမယ်.."
" မလိုပါဘူး.. ဒီမှာပဲ အိပ်မှာ.."
" အယ်.."
သူ ဂျောင်ဂုနဲ့တော့ အတူမအိပ်နိုင်ပါ.. ဘယ်လိုပဲပြောပြော ဂျောင်ဂုက သူ့ကို ကြိုက်နေတဲ့ ကလေးမလား?..
တကယ်လို့ အဲ့ကလေးအတွေးထဲ မကောင်းတဲ့အရာတွေ ရှိနေရင် ဘယ်လို လုပ်မလဲ?.. ဒါတော့ မဖြစ်သင့်ဘူးလေ..
သူ အကြံအိုက်နေတုန်းမှာပဲ ဂျောင်ဂုက ခုတင်ပေါ်က ဆင်းလာပြီး သူနဲ့ မျက်နှာချင်းဆိုင်မှာ လာရပ်တယ်.. ပြီးတော့ သူ့ မျက်နှာကို ရယ်ချင်သလို ဟားချင်သလိုမျိုး ပြီတီတီနဲ့ ကြည့်နေသေးတာမို့..
" အိပ်တော့.. ကိုယ်ပဲ စာကြည့်ခန်းထဲမှာ အိပ်လိုက်မယ်.."
သူတံခါးကို လက်လှမ်းတော့ သူ့လက်ကို ပုတ်ထုတ်ပြီး တံခါးကို လော့ချကာ ကျောမှီထားတဲ့ ဂျောင်ဂုက လူကို သူခိုးဖမ်း ဖမ်းတဲ့ အကြည့်နဲ့ ခြေဆုံးခေါင်းဆုံး ကြည့်နေကာ..
" ဘာလဲ ကျနော်နဲ့ မအိပ်ရဲလို့လား?.."
" ဖယ်ပေး.. ကိုယ် နားချင်ပြီ.."
ဂျောင်ဂုက သူ့မျက်လုံးတွေကို အမိလိုက်ဖမ်းနေကာ ခြေလှမ်းကို ရှေ့တစ်လှမ်းချင်း လှမ်းလို့လာတယ်.. သူနေရင်း ထိုင်ရင်း အသက်ရှူကျပ်သလိုဖြစ်လာကာ ပြေးပေါက်ပိတ်လာရသည်..
" အာကျူးရှီး ကျနော့်ကို- "
" မဟုတ်တာတွေ လျှောက်မတွေးနဲ့.. ဖယ်ပေး ကိုယ့်ကို.."
သူ ဂျောင်ဂုကို မျက်လုံးလွှဲလိုက်ရင်း ကွေ့ထွက်ဖို့ ခြေလှမ်းပြင်လိုက်တော့..
" အဟွန်း~ အာကျူးရှီး မဟုတ်တာတွေ တွေးနေတာပဲ?.."
သူ့မာနကို ထိခိုက်လို့လာနေပြီဖြစ်တယ်.. မဆိုသလောက် ဒေါသက ထွက်စပြုနေပြီမို့ အော်ငေါက်လိုက်ချင်ပေမယ့်လည်း အတွေးတွေများနေတာ ကိုယ်ပဲ နေမှာပါ..
ရိုးရိုးသားသား မိုးရွာနေလို့ မပြန်တဲ့ ကလေးတစ်ယောက်ကို သူက အတင်းနှင်ချလို့မှ မကောင်းတာ.. ပြီးတော့ ဆေးရုံအုပ်ရဲ့ မျက်နှာကလည်း ရှိသေးသည်..
" ကိုယ့်ကို မရှုပ်စမ်းနဲ့ ချာတိတ်.. ကိုယ်တကယ် ပင်ပန်းနေတာနော်.. နားချင်ပြီ.."
" အ့ဆို အိပ်မယ်လေ လာ.."
သူ့လက်မောင်းရင်းကို ဆွဲလို့ မွေ့ယာပေါ် တူတူလှဲချတယ်.. ဖြစ်နိုင်ချေ ရှိနေတဲ့ အတွေးတွေကို ဖယ်ဖျောက်ရင်း မဖြစ်နိုင်လောက်ပါဘူးလို့ပဲ တွေးဆကာ စာလည်း မဖတ်ဖြစ်တော့..
ဂျောင်ဂုက ခေါင်းနဲ့ ခေါင်းအုံးထိရင် အိပ်ပျော်တတ်တဲ့ လူသားထဲမှာ ပါပုံရတယ်.. တစ်ရှူးရှူးနဲ့ အိပ်မောကျနေပြီ ဖြစ်တာကြောင့် စောင်ကို သေချာခြုံပေးလိုက်ရင်း ဆော့ဂျင် စာကြည့်ခန်းထဲက ဒရင်းပေါ်မှာပဲ အိပ်လိုက်တော့ရန် ထွက်ခဲ့လိုက်တော့သည်..
...
~ တီးတောင် ~ တီးတောင် ~
" ဟာကွာ!.."
အဆက်မပြတ်မြည်နေတဲ့ ဘဲအသံအကြောင့် ဂျောင်ဂု အိပ်ချင်မူးတူး မျက်လုံးတွေကိို အတင်းဖွင့်ကာ လူကြီးကို လှုပ်နှိုးရတော့သည်..
အိစိအိစိ ဖက်လုံးကြီးပဲ သူကိုင်မိတဲ့အခါ ရင်ဘတ်တစ်ခုလုံး ပူထူသွားပြီး ခေါင်းအုံးတွေ စောင်တွေလှန်လို့ အာကျူးရှီးကို ရှာရတော့သည်..
ဒရောသောပါး ခုတင်ဘေးက စားပွဲအံဆွဲတွေပါ အကုန်ဆွဲကြည့်လို့ ရှာနေရင်းမှ သူနည်းနည်း အသိစိတ်ကပ်သွားကာ ကိုယ်အရှိန်သပ်လိုက်ရတော့သည်..
မဟုတ်သေးပါဘူး အာကျူးရှီးက ဘယ်ရောက်သွားတာလဲ?.. ညကထိ တစ်အိပ်ယာထဲ တူတူအိပ်နေကြတာကို..
သန့်စင်ခန်းထဲမှာလည်း မရှိ.. မဖြစ်နိုင်မှန်း သိပေမယ့် မနေနိုင်တဲ့စိတ်က အဝတ်ဗီဒိုဆီ လက်လှမ်းနေရင်းမှ တောက်လျှောက်မြည်နေတဲ့ ဘဲအသံကိုသာ ဆဲဆိုရင်း အိမ်ရှေ့ထွက်လာရတော့သည်..
ငါအိပ်နေတာကို ဘယ်သူနှောင့်ယှက်ရဲတာလဲ??..
" ဘယ်သူလဲ??.."
" အို့.."
အာကျူးရှီးအိမ်ရှေ့မှာ အမျိုးသမီးတစ်ယောက်..
ဝတ်ထားတဲ့ အကျီက နို့တွေတောင် မြင်ရခမန်း.. အပေါ်ထပ် ခရမ်းရောင် ကုတ်မပါရင် အလုံးကြီးနှစ်လုံးက ပြူးလို့ ထွက်နေတာမို့ သူဆို ပူစီပေါင်း ဖောက်တမ်း ကစားပစ်မှာ..
ရင်ဘတ်က ဗွီပုံစံအဖြူရောင် အခံလေးပါနေလို့သာပေါ့ မဟုတ်လို့ ဒီနေရာမှာ လက်ဆော့တဲ့ မင်ဂရူသာ ရှိလို့ကတော့ ရှေ့က မိန်းမ အကိုင်ခံရပြီ..
စီးထားတဲ့ ဒေါက်နီနီက ပြောင်လက်နက်ကာ ဖိနပ်မြင်တာနဲ့တင် သူက အော်တို အမြင်ကပ်ပြီးသား ဖြစ်သွားရတာမို့ နဂို အိပ်ချင်မူးတူးစိတ်တို့ပေါင်းကာ မျက်နှာကို အစွမ်းကုန် စူပုတ်လို့ ထားလိုက်သည်..
မျက်ခုံးညိုညိုတွေကလည်း သူ့ကိုမြင်တဲ့အခါ ဇောက်ထိုးလို ကွေးကောက်သွားပြီး.. ပြုံးနေဆဲ အပြုံးတွေက မီးပွိုင့်မိလို့ ဆောင့်ကြီးအောင့်ကြီး ရပ်ချလိုက်တဲ့ ကားလို..
" ဘယ်သူလဲ မင်းက?.."
အောင်မယ်..
" ဘယ်သူလဲ ခင်များကြီးကရော???.."
ထိုမိန်းမထက် ပိုပြင်းတဲ့အသံနဲ့ အော်လိုက်တော့ နောက်ကို ယို့သွားသည်.. မျက်နှာရှေ့ကို လက်ကိုင်အိတ်အပြားကြီး တကာကာနဲ့ နှာခေါင်းရှုံ့ပြနေတာ အာပုတ်စော်နံသွားလို့ ဖြစ်မှာပေါ့..
" ဂျင့်ဆီ လာတာ.. ဖယ်!.."
ဂျောင်ဂု ပေကပ်ရပ်နေရင်း အတွေးတွေကို အမြန်အလုပ်ပေးရတော့သည်.. သူက အဖေတူလို့လားမသိဘူး.. ဘရိန်းက ပြေးပေမယ့် ခေါင်းက ချက်ခြင်းအလုပ် မလုပ်..
လိုချင်တဲ့အဖြေ တန်းမထွက်တဲ့အခါ ပိုင်စိုးပိုင်နင်း အမည်ခေါ်နေပုံနဲ့ ဒီဇိုင်းကာလာ အနေထား ပုံစံကြည့်ရတာ ဒီမိန်းမကြီးက အာကျူးရှီးရဲ့ မိန်းမအဟောင်းလို့သာ သတ်မှတ်လိုက်ရင်း..
" အာကျူးရှီး အိပ်နေတယ်!.."
သူ့ကို တိုးတိုက်ကာ အတင်းဝင်ဖို့ ကြိုးစားနေတဲ့ ထိုမိန်းမကြောင့် ဂျောင်ဂု တံခါး၀ ခြေကားယား လက်ကားယား ကာချလိုက်တယ်..
" သူစိမ်းတွေ အိမ်ထဲ ပေးမဝင်န်ိုင်ပါဘူးနော်.. သွား သွား ဝေးဝေး သွား.."
တက်တစ်ချက်ခေါက်သံနဲ့အတူ အနှင်ထုတ်ခံနေရလို့ ရှူးရှူးရှားရှားဖြစ်နေတဲ့ ထိုမိန်းမက အောက်နှုတ်ခမ်းကို ကိုက်ထားကာ သူ့ကို စိမ်းစိမ်းဝါးဝါးကြီး ကြည့်နေသည်မို့ သူလျှာထုတ်ပြလိုက်တယ်..
ဒီလိုမိန်းမကြီးကို ရည်းစားတော်ခဲ့ပြီး လက်ထပ်ခဲ့တယ်ဆိုတဲ့ အာကျူးရှီးကို သူတော်တော်တော့ အံ့သြသွားရသည်.. အာကျူးရှီး အကြိုက်က နည်းနည်းတော့ ထူးဆန်းသားပဲ..
" ငါ မင်းကို ဖယ်လို့ ပြောနေတယ်နော်.. မင်း ငါ ဘယ်သူလဲ သိလို့လား?.."
" သိစရာမလိုပေါင်.."
" ဘာတွေဖြစ်နေတာလဲ ချာတိတ်?~~"
အားမပါတဲ့ အသံပျော့ပျော့ လာရာဆီကို လှည့်ကြည့်လိုက်တော့ သူဟိုမိန်းမကို တားဆီးဖို့ရာ မေ့သွားတော့မလိုလိုနဲ့ တံခါးကို တမင်အသံမြည်အောင်ကို အသေချာ ဆွဲပိတ်ခဲ့လိုက်တော့သည်..
" အာကျူးရှီး.. အဲ့ထဲဝင်နေတာလား?.."
" ဘယ်သူလဲ ချာတိတ်?.. ဘဲက တောက်လျှောက် မြည်နေတာပဲ.."
ထိုစဉ် ထပ်မံပေါ်ထွက်လာတဲ့ ဘဲမြည်သံကြောင့် အာကျူးရှီးက ခေါင်းကိုက်ိုင်ကာ မေးလို့လာတော့သည်.. သူ အာကျူးရှီးနဲ့ ဟိုမိန်းမကို ပေးမတွေ့ချင်တာကြောင့်..
" မသိပါဘူး အာကျူးရှီးရာ.. စောစောစီးစီး သူများအိမ်ရှေ့လာပြီး ပိုက်ဆံတောင်းနေတာ.."
" ဟမ်?.."
စာကြည့်ခန်းထဲကနေ ဖြည်းဖြည်းချင်း လျှောက်လာတဲ့ အာကျူးရှီးက ဆိုဖာလက်ရမ်းကို အားပြုထောက်ထားရသည်မှာ တကယ်ကို အားအင်ချိနဲ့လို့..
သူ အပြေးအလွှား နဖူးလေး ပြေးစမ်းတော့ တကယ်ကို ပူခြစ်တောက်လို့.. ဘာမှ မလုပ်တတ်ပေမယ့် သူ အာကျူးရှီးကို တွဲလို့ အိပ်ခန်းထဲ ခေါ်ခဲ့လိုက်ပြီး မွေ့ယာပေါ် ချပေးလိုက်တယ်..
" ချာတိတ် ကိုယ့် ဖုန်းရှာပေးစမ်းကွာ.. ကိုယ် ဆေးရုံကို သွားရမယ်.. ဒီနေ့ အော်ပရေးရှင်းရှိတယ်.."
ဒီလောက် ပူခြစ်တောက်ပြီး အနားမှာ ထိုင်နေတဲ့သူတောင် မီးလှုံနေရသလိုဖြစ်နေတာကို ဒီလူက ခွဲခန်းဝင်ချင်သေးတာလား?..
ခုတင်ဘေး အံဆွဲထဲက ဆေးတွေနှိုက်လို့ ကိုယ့်ဒုက္ခကို ဖြေရှင်းနေတဲ့ အာကျူးရှီးကို မြင်ရတာ သူဘယ်လိုမှ အဆင်မပြေ..
" ကိုယ်တွေ အရမ်းပူနေတယ်လေ.. နေမကောင်းဖြစ်နေတာကို ဘယ်လိုသွားမှာလဲ?.."
" ကိုယ့်ကို ဖုန်းသာ ယူပေးစမ်းပါ.."
ဂျောင်ဂု လူကြီးကိုသာ စောင်တွေခြုံပေးလိုက်ရင်း ဘောင်းဘီအိတ်ကပ်ထဲက သူ့ဖုန်းကို ထုတ်လို့ သူ့အဖေကို ဖုန်းခေါ်လိုက်သည်..
*ဘာလဲ??.. အိပ်ယာထဲကနေ ဖုန်းခေါ်မနေနဲ့.. မနက်စာ စားမယ် ဆင်းခဲ့..*
*အဖေ့ ဒီနေ့ အာကျူးရှီး ဆေးရုံမလာနိုင်ဘူး.. အရမ်းဖျားနေလို့.. အဲ့တာ ခွင့်ဘယ်လိုတိုင်ရလဲ အဖေလုပ်လိုက်အုံး..ပြီးတော့ သားကျောင်းကိုပါ တစ်ခါထဲ ခွင့်တိုင်လိုက်နော်..*
ပါးပါးဂျွန် ခဏတိတ်ဆိတ်သွားတယ်.. သောက်လက်စ ကော်ဖီခွက်ကို ပြန်ချလို့ သူ့မိန်းမကို မော့ကြည့်တယ်..
*ဟေ့ကောင် မင်း အပေါ်မှာ မဟုတ်ဘူးလား?..*
*ညက အာကျူးရှီးအိမ်မှာ အိပ်တာ..*
*ဟ့!! မင်း ဒေါက်တာကင်မ့်ဆီ ဘာသွားလုပ်တာလဲကွ!!.. ဒေါက်တာကင်မ်ကရော ဘာလို့ ဖျားရတာတုန်း??..*
*ဒါပဲ အဖေရာ.. ခွင့်တိုင်ပေးထားနော်..*
စပီကာဖွင့်ထားတာမလို့ အကုန်ကြားလိုက်ရတဲ့ ဂျွန်မာမားက ဂျွန်ပါးပါးကို မဲ့ရွဲ့လို့ မျက်စောင်းထိုးပြပြီး ပေါင်မုန့်တွေကို ထောပတ်သုတ်တယ်..
" ကျွန်မပြောသားပဲ ရှင့်သားက အဲ့ဒေါက်တာလေးကို အရူးအမူးဖြစ်နေတာပါလို့.. ဟိုမှာ သွားတောင်အိပ်နေပြီ.."
တွေးတွေးဆဆနဲ့ ဂျွန်ပါပါးက ဖုန်းကြီးလက်ကကိုင်ကာ သူ့မိန်းမကို စကား အတော်အတန်ကြာသည်ထိ ပြန်မပြောနိုင်သေး..
" ဒေါက်တာကင်မ်က ရိုးရိုးဖျားတာ နေမှာပါနော် မိန်းမ?.."
....
There are no comments yet. Log in to be the first to leave a review!





