Fanfics

13 ☁️

23:26, 6 October 2024

Jumping on the Cloud ☁️ Ep 13

ဂျောင်ဂု ဒေါက်တာ့အိမ်ထဲက ထွက်လာတာနဲ့ ချုံပုတ်ထဲကနေ ထွက်လာတဲ့ ယူးဂယောင်းက ဖင်ကုတ် ခေါင်းကုတ်နဲ့..

အုတ်တံတိုင်းပေါ် ကားယားခွထိုင်နေရာကနေ ခုန်ချလာတဲ့ ဘန်ဘန်းကလည်း မြေကြီးပေါ် ခွေးကျ ကျသည်..

မင်ဂရူက သူများ ခြံတံခါးရှေ့ ငုတ်တုတ်ထိုင် ငိုက်နေရာကနေ အိပ်ချင်မူးတူးနဲ့ ထလာပြီး..

" ဂျောင်ကြီး အဆင်ပြေခဲ့လား?.. မင်းအကြာကြီးပဲရော.. အီးပါနေတာလား?.."

" ဘာတဲ့လဲ?.. ဟိုဆရာဝန်က ဘာပြောလိုက်လဲ?.."

ဘာမှ စကားပြန်မရတဲ့ အခါ ယူးဂယောင်းနဲ့ မင်ဂရူက အချင်းချင်း မျက်လုံးချင်းဆုံလို့ စကားလမ်းကြောင်းလွဲရန် အချက်ပြလိုက်ကြတော့သည်.. ထိုစဉ်..

" မင်း အငြင်းခံလိုက်ရတာလား?.. ဒေါက်တာက မင်းကို ပြန်မကြိုက်နိုင်ဘူးတဲ့လား?.."

မြေကြီးပေါ်ကနေ လူးလဲထလာပြီး ခြေတစ်ပေါင်ကျိုး ခုန်လာတဲ့ ဘန်ဘန်းက ဘယ်တော့မှ အရိပ်ခြေမကြည့်.. ယူးဂယောင်းက ဘန်ဘန်း ဒူးခေါက်ကွေးကို ဖြတ်ကန်လိုက်ရင်း..

" အုတ်တံတိုင်းပေါ်က ကျပြီး တစ်ခါထဲ ကျိုးသွားရမှာ!!.."

" အု.. ဟု.."

နာလို့ ခုန်ဆွနေတဲ့ ဘန်ဘန်းရယ် ငြိမ်နေကြတဲ့ သုံးယောက်ရယ်.. လမ်းမီးတိုင် ခပ်မှိန်မှိန်က ဂျောင်ဂုမျက်နှာ အရိပ်ခြေကို ဖတ်ဖို့ထိ လင်းအားမရှိခဲ့.. တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ဟာ ညသန်းခေါင်ယံနား နီးမှာ..

" နယူတန် လော က.. ဘယ်လို သက်သေပြရလဲ?.."

ရုတ်တရက် ဂျောင်ဂုထ ပြောလိုက်တဲ့ စကားကြောင့် အကုန်လုံးက အံ့အံ့သြသြ.. နေပါအုံး နယူတန်က ဘယ်သူလဲ?..

မျက်လုံးပြူး မျက်ဆံပြူးနဲ့ သူ့ကို ပြန်ကြည့်နေကြတဲ့ သူ့ကောင်တွေကြောင့် ဂျောင်ဂု ဖင် တစ်ချက်ကုတ်လိုက်သည်..

" မင်းတို့ မသိဘူးလား?.. ငါတို့ ရူပဗေဒအချိန်မှာ သင်ရတယ်လေ.. နယူတန် လောလေ.."

" နျန်တွန်.. န နယွန် ဘာ?.."

ဂျောင်ဂု စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်မိသည်.. သူတောင် မသိတာ ဒီကောင်တွေက ဘယ်လိုသိမှာတဲ့လဲ?..

" နယူတန်လောလေကွာ.. မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတာ~ ငါ အဲ့တာကို သက်သေပြချင်လို့ကို.."

" အော် မင်းပြောတာ ဟို သီအိုရီမလား?.."

ဘန်ဘန်းစကားကြောင့် ခေါင်းသုံးလုံးက မြေကြီးပေါ်ထိုင်နေတဲ့ ဘန်ဘန်းဆီ ရောက်လို့သွားသည်..

" အ့တာ ပိုက်သာဂိုရပ် သီအိုရီလေ.. သချာ်ဆရာ ဟိုနေ့ကတောင် တွက်ခိုင်းသေးတယ်.. A က အလျား B ဒေါင်လိုက်ဆိုတာ.."

" ဟာ အဲ့တာ ပေါင်းနုတ်မြှောက်စားတာလေ.. ဒီကောင်က သက်သေပြဖို့ပါတဲ့ဆို.."

လက်သွက်တဲ့ မင်ဂရူက ဘန်ဘန်းခေါင်းကို တစ်ချက်ပြေးခေါက်လို့ တိတ်တိတ်နေဖို့ ပြောတယ်.. ပြီးတော့ လွယ်အိတ်ထဲက စာအုပ်တွေ အကုန် သွန်မှောက်လို့ တွေ့တဲ့ စာအုပ်က စာရွက်တွေကို တစ်ဗြန်းဗြန်းလှန်လှော်ရင်း..

" သက်သေပြဖို့ဆိုရင် ဖော်မြူလာ လိုတယ်ကွ!.."

" ဖော်မြူလာဆို ဓာတ်ခွဲခန်းဝင်ရမှာပေါ့.. သိပ္ပံစာအုပ်ကြည့်လေ.. ဂျောင်ကြီးပြောတဲ့ နွန်တျန်က သိပ္ပံစာထဲက ဖြစ်လိမ့်မယ်.."

" မြွေအကောင်လိုက် လွှတ်လိုက်အုံးမယ်.. ဖော်မြူလာဆိုတာ အမြုပ်တစ်စီစီနဲ့ ဓာတုဗေဒကွ!!.."

" ရူးနေလား?.. သိပ္ပံဘာသာရပ်ကွ.. မင်း သိပ္ပံအချိန် အိပ်နေတာမလား?.."

ငြင်းခုံနေတဲ့ မင်ဂရူနဲ့ ယူးဂယောင်းကို အဖက်မလုပ်တော့ဘဲ သိပ္ပံစာအုပ်ကို လှမ်းဆွဲပြီး ကြည့်လိုက်တယ်.. သိပ္ပံစာအုပ်မှာက အဂ်လိပ်လိုတွေချည်း ရေးထားတာဖြစ်တယ်..

အိုကေ ထားလိုက်ပါတော့.. ဒါတွေ သူ မဖတ်တတ်ဘူး.. ဘာသာပြန်ဖို့ဆိုရင်တော့ အွန်နူးကို မေးမှ ရတော့မယ်..

" ဒါနဲ့ အွန်နူးရော?.. ဟိုကောင် ဂျေဟျွန်းရော?.."

" ပြန်သွားပီ ခြင်ကိုက်လို့တဲ့.."

မနက်ဖြန်က စနေ..

ပိတ်ရက်နှစ်ရက်ကြီးတောင် ကြားထဲမှာ ခံနေပါရောလား?..

သူအခုပဲ အွန်နူးအိမ် ပြေးသွားလိုက်ရမလား?

...

ကျယ်ပြောလွန်းတဲ့ သိပ္ပံဘာသာရပ်အကြောင်းကို အွန်နူးဆီက နားထောင်ပြီးတဲ့သကာလ ဂျောင်ဂု နှစ်ရက်လောက် ဖျားချင်သွားတယ်..

သူသိထားတဲ့ သိပ္ပံက အာကာသပဲဖြစ်သည်.. ကြယ်တွေရှိတယ်.. မော်လီကျူးတွေ ရှိတယ်..

တွင်တွင်ကျယ်ကျယ် ဘာထပ်သိလဲဆိုရင် ပြုတ်ကျနေတဲ့ ဥက္ခာခဲတွေနဲ့ နဂါးငွေ့တန်းတွေအကြောင်း သိကောင်းသိမယ်..

ပေါက်ပေါက်ရှာရှာဆိုရင် အာကာသထဲမှာ သေးပေါက်ရင် သေးကြောင်းက ကိုယ်ပေါက်လိုက်တဲ့အတိုင်း တန်းလန်းလေး ရှိနေမှာဖြစ်ပြီး အီးပါလိုက်ရင်လည်း အီးတုံးလေးတွေ လေပေါ်မှာ မျှောလွင့်နေမယ်ဆိုတာ သူကြားဖူးတယ်..

အခု အွန်နူးပြောပြတဲ့ သိပ္ပံဘာသာရပ်က သူသိထားတာနဲ့ တော်တော်လေးတော့ ကွာခြားနေတယ်..

ဘာလို့ အပင်တွေက လူကို လိုအပ်တာလဲ?.. လူတွေကရော ဘာလို့ အပင်တွေဆီက ဘာဓာတ်ဆိုလား ယူနေရတာလဲ?..

သူ့ ပတ်ဝန်းကျင် မြင်နေရသမျှက ဘာလို့ သိပ္ပံဆိုတာကြီးနဲ့ စပ်ဆက်နေရတာလဲ?..

ပြီးတော့ ဓာတု၊ရူပ၊ ဇီ၀ ဆိုတာကြီးက ဘာလို့ သိပ္ပံဘာသာရပ်ရဲ့ အခွဲတွေ ဖြစ်နေရတာလဲ?..

သိပ္ပံက ဂေါင်ကြီးလား?.. ဂိုဏ်းချုပ်လား?.. ဟား မသိတော့ဘူး ခေါင်းကိုက်လိုက်တာ..

" ကျောင်းလစ်မယ်.."

စာပေအချိန်ထဲက ခုံပေါ် မှောက်နေတဲ့ ဂျောင်ဂုက ခေါင်းထောင်မလာ.. ပုခုံးရိုက်တော့လည်း မော့မကြည့်..

ဂျေဟျွန်း စိတ်သိပ်မရှည်တော့တာမို့ ယုန်လို ထောင်နေတဲ့ ဂျောင်ဂုနားရွက်တွေကို ကုန်းကိုက်လိုက်ရင်း..

" ကျောင်းလစ်မယ်လို့!!.."

ဂျေဟျွန်းက ဘူဆန်တက္ကသိုလ်မှာ ကျင်းပနေတဲ့ အားကစားပွဲက ဘောလုံးပွဲစဉ်ကို သွားကြည့်ချင်နေတာကြောင့် အကုန်လုံးကို ပတ်ပြီး အဖော်ညှိနေတာဖြစ်တယ်..

" အွန်နူးလိုက်မယ်ဆို လိုက်မယ်.."

ဂျောင်ဂုက ရဲတွတ်သွားတဲ့ နားရွက်တွေကို ပွတ်ရင်း မှုန်ကုတ်ကုတ်နဲ့ ပြန်ပြောတယ်.. ဂျေဟျွန်းက နှာတစ်ချက်မှုတ်ပြီး ရှေ့ခုံမှာ စာလုပ်နေတဲ့ အွန်နူးကို လှမ်းအော်မေးတယ်..

" အွန်းနူး ကျောင်းလစ်ရအောင်.."

" ညနေ ငါတို့သန့်ရှင်းရေးအလှည့်ကျလေ.."

" လိုက်မယ်တဲ့.. အ့ဆို လူစုံပြီနော်.."

" ဟျောင့် စကားကို ဘယ်လိုနားထောင်နေတာလဲ?.."

အွန်နူးရဲ့ ဖတ်စာအုပ်က ဂျေဟျွန်းခေါင်းပေါ် ဖတ်ခနဲ့ပဲ.. ဟိုက ဒဲ့ငြင်းလိုက်တာကို အရှက်မရှိဘဲ ပြောရဲသေးတာ ခံပေါ့..

ဂျောင်ဂု အွန်နူးမလိုက်ဘူးဆို သူလည်း မလိုက်တော့ပါ.. အလိုမှ ဟိုလူ့ကို သက်သေပြဖို့ နယူတန်လောကြောင့် ဘူနေပါတယ်ဆိုမှ ဒီကောင်တွေ နည်းနည်းမှ အရိပ်သုံးပါး နားမလည်ကြဘူး..

ဘောလုံးပွဲထဲသွားပြီး ဘာတွေများ ဟေးလားဝါးလား လျှောက်အော်ဟစ်ပေးနေရမှာလဲ?.. ဘယ်သူသွင်းသွင်း ဘယ်သူဂိုးဂိုးပေါ့.. သူနဲ့ ဘာဆိုင်တာ ကျလို့?........ဂိုး**********

" ရေး***.. ရက်စ် ရက်စ်.."

" အာ ဟူး*** ဘယ်တောင်ပံကွ!!.."

ဂျောင်ဂုတို့အဖွဲ့ ဘူဆန်နည်းပညာအသင်းဘက်က အားပေးခုံတန်းတွေမှာ နဖူးစီးကို စီးလို့ ပါးမှာလည်း ရောင်စုံကာလာတွေ ခြယ်ထားကြသေးသည်..

အားပေးတဲ့ လေပူပေါင်း အချောင်းတွေကို တစ်ဖြောင်းဖြောင်းရိုက်လို့ အော်ဟစ်နေတာ လွန်ခဲ့တဲ့ တစ်နာရီက ဂျောင်ဂုနဲ့ နည်းနည်းမှ မဆိုင်..

ဘူဆန်နည်းပညာအသင်းဘက်က အားပေးတဲ့လူတွေက သူတို့ရှေ့မှာ အားတက်သရော အော်ဟစ်နေတဲ့ အထက်တန်းကျောင်းသားလေးတွေကို ဆက်အော်ဖို့ မြှောက်ပေးလို့နေတယ်..

သူတို့က မနက်ကထဲက အားကစားပွဲတွေ တစ်ခုပြီးတစ်ခုပြီး အားပေးလာရတာမို့ တကယ် ခြေကုန်လက်ပမ်းကြနေပြီ..

ဘယ်ကကလေးတွေမှန်းမသိတဲ့ ဒီလို အဌားအော်ပေးမယ့် ကလေးတွေ ရောက်လာတာလည်း ကစားသမားတွေအတွက် ဆေးတစ်မျိုးပါပဲ.. ဆက်အော်ကြ.. ဆက်အော်ကြ..

တက်တက်ကြွကြွ အော်နေကြတဲ့ ဂျောင်ဂုတို့ အဖွဲ့က ဂိုး တစ်ဂိုးဝင်တ်ိုင်း ပျော်မြူးပြီး ဖင်ချင်းပေါက်လို့ ထ,ထ က ကြသေးတယ်..

ဒါပေမယ့် အခုတစ်ခေါက်ဝင်သွားတဲ့ ဘောလုံးအတွက်လည်း ဝမ်းသာအားရ သူတို့ ထအော်ပေးလိုက်ပေမယ့် နောက်ကနေ သူတို့ခေါင်းစည်းတွေ လှမ်းဖြုတ်ပြီး အားပေးချောင်းတွေ ပြန်လုယူလို့ သူတို့ကို နေရာကနေ တွန်းထုတ်နေကြတဲ့ တက္ကသိုလ်က အကိုကြီးတွေ အမကြီးတွေကြောင့် သူတို့အုပ်စု ကွင်းပြင်ပ ရောက်လို့သွားတယ်..

" ဖားပြုတ်လဥလိုပဲ.. ဘာလို့ ငါတို့ကို ကန်ထုတ်နေကြတာလဲကွ!!.."

" အေးလေ.. အော်တုန်းက အော်ခိုင်းနေပြီး!!.."

" နွေးဂါးပဲကွာ.. ကိုယ်မေကိုယ်နမ်းတွေ!!.."

ဖယ်ကျဉ်ခံလိုက်ရတာကြောင့် အကုန်လုံးက ရှူးရှူးရှားရှား..

ဂျောင်ဂု သူ့ခေါင်းပေါ်က မကျွတ်သေးတဲ့ ခေါင်းပတ်ကို ဆွဲဖြုတ်လို့ ပြစ်ပြစ်နှစ်နှစ် ဆဲရေးတိုင်းထွာလိုက်တယ်..

အကြီးတွေဖြစ်နေပီး သူတို့အထက်တန်းကျောင်းသားတွေကို အနိုင်ကျင့်တာမျိုး တကယ်မကြိုက်..

အခုထိလည်း သူတို့အဖွဲ့ကို မကျေချမ်းမျက်နှာတွေနဲ့ လှမ်းကြည့်နေကြသေးတာကြောင့် ဂျောင်ဂု ရှူးတည်တည်နဲ့ ဒဲ့ပြန်ကြည့်ပေးလိုက်သည်..

ထိုစဉ် သူတို့ဘေးပြေးလာကြတဲ့ အမကြီးတွေအုပ်စုကြောင့် မျက်နှာတွေက ရေခဲရေနဲ့ ဖြန်းလိုက်သလို အေးခနဲ ဖြစ်သွားရကာ..

" မောင်လေးတို့.. အမတို့ဘက်ကလား?.."

" ?? "

" ဟိုဘက်မှာ အမတို့နဲ့ အတူ လာထိုင်လေ.."

" အတူတူ အော်လို့လည်း ရတယ်.."

" ဟုတ်တယ် စိတ်ကြိုက်အော်.."

တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေကြတဲ့ အမကြီးတွေကြောင့် သူတို့ကောင်တွေ အုပ်စု မျက်လုံးတွေ တစ်ယောက်ကို တစ်ယောက် ကြည့်မိကုန်ကြသည်..

" ကြက်လည်မျိုတွေတော့ နင်းမိကုန်ပြီ.. ငါတို့ စောနက အော်လိုက်တာ ဟိုဘက်အသင်းက ဂိုးကွ!!.."

" ဟမ်???.."

ဂျေဟျွန်းက နေရာမှာတင် ပစ်လဲသွားသည်.. အဲ့ကောင်အကိုက ကွင်းထဲကနေ ပြေးလာနေပြီ..

အွန်နူးနဲ့ ဘန်ဘန်းက ရှက်လို့ ကျောပိုးအိတ်ကြီးကွယ်ကာ ဟိုရှောင်ဒီရှောင်နဲ့..

ဂျောင်ဂု ကြောင်အစွာနဲ့ပဲ ဟိုကြည့် ဒီကြည့်..ဟုတ်လား?.. ဟိုဘက်က ဂိုးသွားတာလား?..

ဂိုးတော့ရော ဘာအရေးလဲ?.. သူကတော့ ဂရုမစိိုက်ပါ.. ဘယ်ဘက်က ဂိုးဂိုး.. ဂိုး ဂိုးချင်တဲ့ဘက်က ဂိုးကြ..

အဓိက,  ပိုက်ကွန်ထဲ ဘောလုံးဝင်သွားရင်ကို သူက အော်ချင်နေတာဖြစ်သည်..

ဂျေဟျွန်းအကိုက ဂျေဟျွန်းကို မြက်ခင်းပေါ် လှဲလို့ အပေါ်ကနေ ထိုးနေတာကို သူပြေးဆွဲချင်ပေမယ့် ဒီတိုင်းပဲ ရပ်ကြည့်နေဖြစ်လ်ိုက်တော့တယ်..

ဆေးရုံကိုသွားဖို့ အကြောင်းပြချက်ပေါ်လာပြီ ဖြစ်တယ်..

....

There are no comments yet. Log in to be the first to leave a review!

Similar stories