Fanfics

9 ☁️

17:29, 21 September 2024

Jumping on the Cloud

EP 9

" အို့ နှုတ်ခမ်းမှာ ဆီတွေပေနေတာပဲ.."

နှုတ်ခမ်းကို လက်မနဲ့ဖိသုတ်လိုက်တဲ့ ဆေးရုံအုပ်သားကြောင့် ဆော့ဂျင် နှုတ်ခမ်းတွေကို လက်နဲ့ အလျှင်အမြန်ကွယ်လိုက်တယ်..

ကပျာကယာ သူ့နှုတ်ခမ်းတွေကို သုတ်ချလိုက်တော့..

ဘယ်မှာလဲ ဆီ?..

ပေနေတဲ့ဆိုတဲ့ အဲ့ဆီက ဘယ်မှာလဲလို့??..

ဆေးရုံအုပ်က နှာခေါင်းထိပ်မှာ တင်နေတဲ့ ရွှေမျက်မှန်ကြီးကို ပင့်တင့်လ်ို့ သူ့သားကို အသံခပ်ကြိတ်ကြိတ်နဲ့ သူ့အနားလာဖို့ ခေါ်လို့နေတယ်..

" ဟော် အဖေပါ ရောက်လာတာပဲ.. လိုက်ရှာနေတာ အဖေ့ကို.."

ဂျောင်ဂု သူ့ကိုကြည့်နေတဲ့ မျက်လုံးအားလုံးကို သွေဖယ်လိုက်ရင်း သူ့အဖေဘေး သွားလို့ရပ်လိုက်တယ်..

သူ့အဖေရဲ့ အကျီရင်ဘတ်က လက်ကိုင်ပုဝါလေးကို အိတ်ကပ်ထဲ သေချာ ထည့်လို့ တည့်ပေးလိုက်ရင်း အလုပ်ကြိုးစားဖို့ ပြောလိုက်တယ်..

အနားမှာရှိတဲ့ လူအားလုံးကိုလည်း သိပ်ဂရုမစိုက်ပေါင်.. နင်တို့ကို ငါမသိဘူး..

အို့ ကျောင်းခေါင်းလောင်းထိုးပြီဆိုတော့ ဒီကနေ လစ်လို့ရပြီ..

ဆရာဝန်ကင်မ်ခင်မျာ တောင့်တောင့်လေးကို ဖြစ်လို့.. ဆေးရုံအုပ်က အားနာပြုံးလေးနဲ့ ကြည့်လိုက်ရင်း လက်တွေကို နောက်ပစ် ခေါင်းကိုမော့လို့ ကော့တော့ ကော့တော့နဲ့ တဲထဲက ထွက်သွားတဲ့ သူ့သားကို လှမ်းကြည့်လိုက်တယ်..

တကယ်ကို မထီမမဲ့မြင်လေး..

အိမ်ရောက်ရင် ကြက်မွှေးက အဲ့ဖင်အတွက်ပဲ..

...

" ဟျောင့် ဟိုမှာ မင်းလူကြီးကား လာပြီ.."

အားလုံးသတိအနေထားနဲ့ ရပ်လို့ ကျောင်းနောက်ဖေး လမ်းကြားထဲက ထွက်လာတဲ့ ကားကို တားလိုက်ကြတယ်..

တားတာထက် ကားလမ်းမပေါ် အကုန်လက်ချင်းတွဲလို့ တန်စီးပြီး ပိတ်ကာထားတာဆိုရင် ပိုမှန်မယ်..

ကားမှန်ကို ချလို့ ဂျောင်ကြီး ကြိုက်နေတဲ့ ဆရာဝန်က ခေါင်းလေးပြူထွက်လို့ လာတယ်..

" ကျောင်းသားလေးတို့ ဘာကိစ္စ?.."

" လမ်းကြုံလိုက်ချင်လို့ဗျ.. အိမ်က လာမကြိုလို့.."

စပ်ဖြီးဖြီးနဲ့ ကျောင်းသားလေးတစ်စုကို ဆော့ဂျင်မှတ်မိလို့နေတယ်..

ဒီကလေးတွေက သူ့ကို တော့ပိုကီဆိုင်ထဲမှာ ရဲစခန်းပို့ဖို့ လုပ်ဖူးတဲ့ တကယ့် လက်ရဲဇက်ရဲလေးတွေ..

ဒီလို အခြေအတင်တွေ ဖြစ်ဖူးတဲ့ ကျောင်းသားလေးတွေကို သူဗွေမယူပေမယ့် ဒီကလေးတွေ အကုန်လုံးကို အိမ်ပြန်လိုက်ပို့ပေးဖို့က..

" ကိုယ်က နမ်ပိုဘက်ကို ပြန်မှာ ကျောင်းသားတို့က?.."

" နမ်ပိုဘက်ပဲဗျ.. တက်ကြတော့ သားကြီးတို့.."

သူ့ဟွန်ဒါစီဗစ်လေးပေါ် တစ်ဝုန်းဝုန်းနဲ့ တက်လိုက်ကြတာ ကားဘီးပါ ပြားသွားတဲ့ထိပဲ..

မမြင်ရတဲ့ သရဲပြိတ္တာတွေကို သချိုင်းပြောင်းပေးမယ့် ကားလို ဖြစ်သွားတော့တာမို့ သူလန့်သွားရသည်ထိ..

နောက်မှာ ခုံလုရင်း ရန်ဖြစ်နေကြသေးတာမို့ သူ ချောင်းတစ်ချက်ဟန့်လိုက်သေးပေမယ့် သူ့အသံက ဒီကလေးတွေ အော်ဟစ်နေတဲ့ အသံကြားထဲမှာ ကြက်ပျောက် ဌက်ပျောက်..

သူ့ဘေးက ခုံမှာ နှစ်ယောက်ဆင့်ကြီးထပ်ထိုင်နေတဲ့ ဆေးရုံအုပ်သားကလည်း သူ့ကို တစ်ချိန်လုံး ထိုင်ငေးလိုက်လာနေတော့တာ..

ဘုရားသကြား ကယ်ပါ..

သူ ဘာတွေကို တင်ခေါ်လာမိပါလိမ့်?..

...

" စောက်ခွက်ပြောင်တာလဲ တော်ရုံပဲ ကောင်းတယ်ကွ!!.."

ထွက်သွားတဲ့ ဆရာဝန့်ကားကို လက်တွေပြလို့ နှုတ်ဆက်နေတဲ့သူတို့ကို ဂျေဟျွန်းအသံက လာဖျက်စီးလိုက်တာမို့လို့ အပျိုဖြန်းလေးလို အရှက်လာကြီးပြနေတဲ့ ဂျေဟျွန်းကို သူတို့ အားလုံးကျောခ်ိုင်းလိုက်သည်..

" မင်း လူကြီးက ချောတယ်နော် ဂျောင်ကြီး.."

" အေးလေ.. ဆရာဝန်မလုပ်ဘဲ မင်းသားလုပ်ရမှာကို.."

" အဲ့တာတော့ ငါထောက်ခံတယ်.. အသံကလည်း ချိုနေတာပဲ.."

" သူ့ကားကလည်း မွှေးနေတာပဲနော်.. နောက်ခေါက်လည်း လိုက်စီးရအောင်.."

ချီးကျူးခံနေရရှာတဲ့ ဂျောင်ဂုက တစ်ပြုံးပြုံးနဲ့ မျက်နှာကြီး ဖြီးနေတယ်..

မသိရင် ထူးချွန်ကျောင်းသားတစ်ယောက်ရဲ့ အဖေနေရာမှာ ရောက်နေသလို သူခံစားနေရတယ်..

သူ ထိုဆရာဝန့်အကြောင်းတွေ စုံစမ်းဖို့ လိုနေပြီ ဖြစ်တယ်.. အကုန်သိချင်တယ်.. အဲ့ဆရာဝန်နဲ့ ပတ်သတ်တာမှန်သမျှ.. ဘယ်နားက စပြီး စုံစမ်းရမလဲ?..

ဖွင့်သာ မပြောရသေးတာ သူငယ်ချင်းတွေ အားလုံးကလည်း သဘောတူနေကြပြီ.. သူ့အဖေလည်း လိုက်တောင်းပေးမှာ အသေချာပဲ..

ရည်းစားက မထားဖူးတော့ အခုမှ အရူး အမဲသားကျွေးသလို ဖြစ်နေရှာတယ်..

လုပ်ကြပါအုံး ပါးစပ်ကြီးက စိမရတော့ဘူး..

ဒီပုံကြီးနဲ့ အိမ်ပြန်သွားရင် အဖေ ဆော်တာခံရလိမ့်မယ်..

...

အိမ်ပြန်ရောက်တာနဲ့ ဆော့ဂျင် ရေမိုးချိုး ပြင်ဆင်ရင်း ဆေးရုံကို ဂျူတီချိန်းဖို့ ထွက်လာခဲ့လိုက်တယ်..

ဒီအပတ်ထဲမှာ ခရီးထွက်ဖို့အတွက် နှစ်ရက်ဆက်တိုက် ပိတ်ရက်လိုချင်တာမိုလို့ သူ ကြားရက်တွေတောင် အလုပ်ဆင်းနေတာဖြစ်တယ်..

ပင်ပန်းပေမယ့်လည်း ဒါ သူရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းလမ်းကြောင်းမို့ သူကတော့ နေပျော်ပါတယ်..

ဘယ်အချိန်မှာ စိတ်ကုန်သွားနိုင်လောက်မလဲ သူမသိပေမယ့် လက်ရှိအချိန်ထိ သူပျော်နေသေးတယ်..

ကားမောင်းရင်း မေမေနဲ့ ဖုန်းပြောဖြစ်တယ်.. သူမက ညခင်းလာတဲ့ ဒရမ်မာကိုကြည့်နေရင်း သူနဲ့ ဖုန်းပြောနေတာဖြစ်တယ်..

ဇာတ်ကားထဲက အမွေလုကြတဲ့ မောင်နှမတွေအကြောင်း ပြောရင်း အဖိုးဖြစ်သူက မြေးမွေးပေးတဲ့ ချွေးမကို ရှယ်ယာတွေ ခွဲပေးလိုက်တာကနေ စလို့ သူ့ရဲ့ အိမ်ထောင်ရေးလမ်းကြောင်းပေါ် စကားရောက်လို့လာတယ်..

မလိုတော့တဲ့ လအပိုင်းခြားမှာပဲ အရှေ့ကိန်းဂဏန်းပြောင်းလဲတော့မယ့် သူက မိသားစုတစ်ခုကို တည်ဆောက်ဖို့ အကောင်းဆုံး အရွယ်ရောက်နေပြီဆိုတာ သူနားလည်ပါတယ်.. မြေးချီချင်နေတဲ့ သူ့မေမေကိုလည်း သူ စာနာမိတယ်..

သက်ပြင်းလေး ခပ်ဖွဖွချလို့ ကားလမ်းပိတ်နေတာကို သူအပြစ်တင်လ်ိုက်တယ်..

သူ့လေယူလေသိမ်းကို ရိပ်မိသွားတဲ့ မေမေက စိတ်ကောက်ပြီး ဖုန်းချသွားတော့တယ်..

သူ နောက်ရက်မှ ပြန်ချော့ဖို့ တွေးလိုက်ရင်း စကားလုံး ကြိုရွေးထားလိုက်တယ်..

ဆေးရုံရောက်တော့ ကိုယ်ပိုင်အခန်းတောင် မဝင်ရသေးဘူး ကောင်တာကနေ ပြေးထွက်လာတဲ့ သူနာပြုမလေးကြောင့် ခဏရပ်ပေးလိုက်တယ်.. တကယ် ရှက်ပြာရှက်ပြာနဲ့..

" ဒေါက်တာကင်မ်.. အားနာပေမယ့် ဧည့်တွေ့လက်ခံလို့ရလားဟင်?.."

အနားရောက်လာတဲ့ သူနာပြုမလေး စကားကြောင့် သူ နာရီတစ်ချက်ကြည့်လိုက်တယ်..

" သီးသန့်ချိန်းထားတာ မရှိဘူးလားလို့?.. ကိုယ် အခန်း 2116 က ဦးနှောက်သွေးယိုစိမ့်မူ လူနာ အတွက် အဖြေရှာရအုံးမယ်.."

" ဟုတ်.. ကျွန်မလည်း ဖြောင့်ဖြပါသေးတယ်.. ဧည့်သည်က.."

ပြောရခက်နေတဲ့ သူနာပြုမလေးကြောင့် ဆော့ဂျင် မျက်ခုံးပင့်သွားတယ်.. နေပါအုံး သူ့ဆီ ဘယ်လို လူနာရှင် ဧည့်သည်များ ရောက်လာလို့လဲ?..

" ကျွန်မကိုဆိုရင်တော့ ရှင်အချိန်ပေးမယ် ထင်ပါတယ်.. ဂျင်?.."

နောက်ပါးဆီကထွက်လာတဲ့ အသံကြောင့် လက်ထိပ်ဖျားတွေ ဆစ်ခနဲ့ဖြစ်သွားတယ်..

ဆော့ဂျင် မထင်မှတ်ထားတဲ့ အကြောင်းအရာတွေအတွက် သူ့ဦးနှောက်ကို အလုပ်ပေးရပေါင်းလည်း တကယ် များပြီ..

ဒီနေ့အတွက် ဦးနှောက်တကယ်ကုန်ပြီ..

....

There are no comments yet. Log in to be the first to leave a review!

Similar stories