Fanfics
4
12:50, 21 March 2025
Gemini တစ်ယောက် ပြန်ရောက်တုန်းက စိတ်တိုတိုဖြင့် ပစ္စည်းတွေ ခွဲထားတာ အခန်းထဲတွင် ပန်းအိုးက  ဖန်ကွဲစ တွေပျံ့နေပြီး စာအုပ်တွေလဲ မြေပြင်ပေါ် ပြ
'တီ! တီ! တောင်ပန်းပါတယ်ရှင် လူကြီးမင်းခေါ်ဆို...'
သူဖုန်းဆက်တိုက်ခေါ်နေတာ မကိုင်တာကြောင့် ပိုမိုဒေါသထွက်လာပြီး နာရီကြည့်လိုက်တော့ ည 9နာရီထိုးနေပြီ။ ဒါပေမဲ့ သူဂရုမစိုက်ပါ။ ထွက်ရင်း ဖန်ကွဲစ‌တွေနင်းမိလဲ နာကျင်မှန်းသူမသိတော့ Fourth Nattawat ကို သူကလွဲလို့ ဘယ်ကောင် ကောင်မမှ ထိတာကြိုက်တာမဟုတ်ဘူး။ အထူးသဖြင့် သူ့ဘေးမှာ အမြဲရှိနေတဲ့ Satang ။
ကားကို အရှိန်တင်ကာ မောင်းလိုက်ပြီး Fourth အိမ်သို့သွားလိုက်သည်။ အိမ်ရှေ့ရောက်တော့ ဖုန်းကိုဆက်ဆိုက်ခေါ်နေလဲ ရလဒ်က တစ်ခုပဲဖြစ်နေသည်။ အခန်းကိုကြည့်လိုက်တော့ မီးပွင့်နေပေမဲ့ ဖုန်းမကိုင်။ တောက်စ်!
'ငါအခု မင်းအိမ်ရှေ့မှာ တံခါးလာဖွင့် '
ထိုစာကိုတော့ ဖတ်သွားပြီး စာမပြန်။
'မင်းလာဖွင့်မလား ငါမောင်း၀င်လာရမလား?''ငါနှစ်ခု မပြောချင်ဘူး! တံခါးလာဖွင့်ပေး'
ထိုစာတွေပါ seen ပြသွားပြီး ခနကြာတော့ သူ့အခန်းမီးပါပိတ်သွားသည်။ Gemini လည်း ဒေါသထွက်ပြီး ကားတံခါးကို ဆောင့်ကန်လိုက်ကာ ဖုန်းခေါ်လိုက်သည်။ဒီတစ်ခါတော့ ရလဒ်မတူတော့ဘဲ Fourth အသံထွက်လာသည်။
"ငါမင်းနဲ့ပြောစရာစကားမရှိဘူး"
"ငါတော့ရှိတယ် ငါမင်းခြံတံခါးကို ကားနဲ့၀င်တိုက်ပြီး ၀င်လာမှ ငါစောက်အဆိုးမဆိုနဲ့ ငါမလုပ်ရဲဘူးမထင်နဲ့နော် Fourth Nattawat! အခုချက်ချင်း တံခါးလာဖွင့်ပေးစမ်း!"
သူပြောပြီးတော့ ဟိုဘက်က ဖုန်းချသွားသည်။ ဒါကြောင့် စိတ်တိုပြီး ကားထဲ၀င်လိုက်သည်။ ကားစက်နှိုးကာ ကားကိုအနောက်ဆုတ်လိုက်ပြီး ကားမီးအလင်းရောင်ထုတ်လိုက်၍ တိုက်မယ်အလုပ်တွင် ခြံတံခါးပွင့်သွား၏။ ညအိပ်၀တ်စုံ ၀တ်ထားတဲ့ Fourth ကိုတွေ့လိုက်ရသည်။
သူလည်းကားပေါ်က ဆင်းပြီး Fourth ရဲ့ လက်မောင်းကို သူ့လက်နှစ်ဖက်နဲ့ဖိညစ်ထားပြီး ခပ်ကြမ်းကြမ်းပြောလာသည်။
"မင်း ဘယ်လင်ငယ်နဲ့အိပ်နေလို့ ငါဖုန်းကို မကိုင်ရတာလဲ!"
" ငါ့ဘာသာ ဘယ်လင်ငယ်နဲ့အိပ်အိပ် မင်းကို ဘာစောက်ကြောင်းကြောင့် တင်ပြရမှာလဲ!"
"တင်ပြရမှာပေါ့! ငါက မင်းကို တတ်လိုးထားတဲ့သူ မင်းကို ငါပိုင်တယ်!"
"ဟက်! မင်းတတ်လိုးထားလို့ ငါ‌ဗိုက်ရသွားရအောင်လဲ မိန်းကလေးမဟုတ်ဘူး! ငါ့ဖင်ကို ငါကြိုက်တဲ့သူနဲ့ ခံလို့ရတယ် မင်း နဲ့ မှ မ ဟုတ် ဘူး"
မင်းနဲ့
"ခင်ဗျားကို ခင်ဗျားဘာထင်နေလဲ! ခင်ဗျားက ဖာလား လူတကာနဲ့ လိုက်ခံနေရအောင်!"
" မင်းလွန်မလာနဲ့ Gemini Norawat!"
"လွန်အောင် ဘယ်သူလုပ်တာလဲ ပြော! လာ ခင်ဗျားဖင်က ကျူပ်အပိုင်ဆိုတာ ပြထားဖို့လိုပြီ"
Gemini က Fourth နားတိုး၍ လက်ကိုဆွဲလိုက်တဲ့အချိန် Fourth တစ်ယောက် Gemini ကို ပိတ်ထိုးလိုက်သည်။Gemini ဘေးစောင်းသွားပြီး နှုတ်ခမ်းကလည်း သွေးအနည်းငယ်ထွက်သွားသည်။ ထိုသွေးတွေကို လျှာနဲ့လျက်လိုက်ပြီး Fourth ကို မျက်ထောင့်နီတွေနဲ့ ကြည့်လိုက်တဲ့အချိန် နောက်က satang ကိုပါတွေ့လိုက်ရသည်။
"မင်းတို့အဆင်ပြေရဲ့လား"
"သွား! မင်းပြန်၀င်နေ ငါပြီးရင် လာခဲ့မယ်"
"အဟက်! Fourth Nattawat ခင်ဗျား ငါ့ကိုငြင်းနေတာ ခင်ဗျားကိုတတ်ချတဲ့ သူအသစ်ရသွားလို့ပေါ့"
"မင်း Satang ကို‌စော်မကားနဲ့ သူများကို မင်းရဲ့အောက်တန်းကျတဲ့ ‌စိတ်နဲ့လိုက်နှိုင်းမနေနဲ့"
"လင်ငယ်ထိတော့ နာတယ်ပေါ့ ကြည့်ရတာ အတူအိပ်ပြီးသွားပြီ ထင်တယ်"
"Gemini...အဲ့လိုမဟုတ်"
Satang ကမသွားသေးဘဲ ကြားထဲက၀င်တောင်ရှင်းပြလိုက်သေးတာမို့ ကြာရင် သူထိခိုက်နိုင်တာမို့ ထက်အော်လိုက်သည်။
"Satang! ငါမင်းကို၀င်လို့ပြောနေတယ်!"
ဒီတစ်ခေါက်မှ Satang က ကိုယ်လုံးလေးတုန်သွားပြီး အိမ်ထဲ၀င်သွားသည်။
"အဲ့ကောင်က ငါ့ထက် ဘာကောင်းနေလို့ ရွေးချယ်သွားတာလဲ ဟမ်!"
"အေး‌ ကောင်းတယ်! သူက မင်းထက် အစစအရာရာ အကုန်သာတယ်!"
Gemini အနားတိုးကာ Fourth ကို အကြမ်းပတမ်း နမ်းလာပြီး နှုတ်ခမ်းတွေကိုပါ ကိုက်လာတာမို့ ဒီတစ်ခေါက် ထိုးချက်က Gemini မြေကြီးပေါ်ထိ လှဲကျသွားသည်။
"ငါမင်းကို မုန်းတယ် Gemini "
Fourth အိမ်ထဲ၀င်သွားတဲ့အထိကြည့်နေမိပြီး အရိပ်လေး‌ပျောက်သွားတော့မှ အောက်က မြေကြီးကို သူသွေးထွက်တဲ့အထိ ထိုးနေမိသည်။
----------------
Gemini တစ်ယောက် စိတ်ညစ်ညစ်နဲ့ ဘားတွင်ထိုင်ကာ သောက်နေလိုက်သည်။ စိတ်ထဲတွင် နေလို့မကောင်းပါ။ အတွေးထဲမှာ Fourth ကသူ့ကိုမုန်းတယ်ဆိုတဲ့ စိတ်ကြီးက စိုးနေပြီး ထိုအတွေးတွေကို မေ့ပျောက်ပစ်ဖို့ တစ်ခွက်ပြီးတစ်ခွက်သောက်နေလိုက်သည်။
သူသောက်နေတုန်း အနားတွင် ရေမွေးနံ့တွေ မွှန်းထွန်နေအောင်စွတ်ထားပြီး အနား‌ရောက်လာသော မိန်းကလေးတစ်ဉီး။ အကဲခတ်ကြည့်လိုက်တော် ရွှေအိုရောင်ဆံပင်နဲ့ အတော်လှတဲ့ထဲပါပြီး ဝိုင်တစ်ခွက်‌ကိုင်ကာ သူ့ကိုကြည့်ပြီး မေးလာသည်။
"တစ်ယောက်တည်းက ခွန်Gemin တို့ အဖော်လုပ်ပေးဖို့လိုသေးလား"
"မလိုဘူး ရတယ် ဒီညတစ်ယောက်တည်းနေချင်တယ်"
သူတစ်ကယ် ဘာမှမလုပ်ချင်တော့ပါ။ သူ့အတွေးထဲ Fourth သာရှိနေပါသည်။
"အားမနာပါနဲ့ မူးနေတာမလား တို့ခေါ်သွားပေးမယ်နော်"
သူ့မသိစိတ်က ရုန်းကန်ကာ ငြင်းနေသော်လည်း သူ့အသိစိတ်က မူးသွားပြီး ဘာမှလှုပ်လို့မရဘဲ ထိုမိန်းကလေး ခေါ်ရာ ပါသွားလေရဲ့
-------------------
နောက်နေ့Gemini အတန်းသွားတော့ Fourth က ပုံမှန်အတိုင်းနေလေရဲ့။ မနေ့က မြေကြီးထိုးတာအရှိန်ကြောင့် အိမ်ရောက်တော့ အမေက တွေ့ပြီး လုပ်ပေးထားတာမို့ လက်မှာလည်း ပတ်တီးပတ်ထားပြီး Fourth ထိုးထားတာအရှိန်ကြောင့်လည်း မျက်နှာလည်း နည်းနည်း‌ယောင်နေသည်။ သူတောင်နေနိုင်တာပဲ ငါကဘာလို့မနေနိုင်ရမှာလဲ။ Fourth အနားသွားကာ လက်တစ်ဖက် ကိုင်လိုက်ပြီး ပြောလိုက်သည်။
"ကိုယ်မှားသွားတယ် Fourth ကိုယ့်ကို ခွင့်လွှတ်ပေးပါ"
"တောင်းပန်ပါတယ် ငါမင်းနဲ့ မသိကျွမ်းချင်ဘူး"
သူတို့နှစ်ယောက်ပြောစကားတွေကြောင့် ဘေးနားက သူတို့သူငယ်ချင်းတွေမှာ ပါးစပ်အဟောင်းသား။ အရင်တုန်းက သူတို့လောက် တပူးပူးတတွဲတွဲနေတာ သူတို့ပဲမဟုတ်ဘူးလား အခုကြမှ။ Satang က စိတ်မလုံစွာဖြင့် ဘာမှမလုပ်ဘဲ ငြိမ်နေလိုက်သည်။
Fourth Gemini ကိုင်ထားတာ လက်တွေ ခါလိုက်ကာ ဒီဘက်လှည့်ပြီး နဂိုအတိုင်း နေလိုက်သည်။Gemini ဆက်ပြော‌ချင်ပေမဲ့ အတန်းစ ခေါင်းလောင်းမြည်လာတာမို့ နေရာမှာသွားထိုင်လိုက်ရသည်။
အတန်းပြီးသွားတော့ Fourth အိမ်ပြန်မယ်အလုပ် Satang ကပြောလာသည်။
" Fourth မနေ့ညက ကိစ္စတွေက ငါ့ကြောင့်ဖြစ်သွားတာလား "
"မဟုတ်တာ မင်းကြောင့်မဟုတ်ရင်တောင် ဖြစ်မှာပဲ မင်းကဒီတိုင်း Project ရှိလို့ ငါ့အိမ်လာလုပ်တာပဲ အတန်းပုံမှန်မတတ်တဲ့ကောင်တွေက ဒါတွေနားမလည်လို့ ထင်ရာစိုင်းနေတာ စိတ်ထဲမထားနဲ့ မင်းနဲ့မဆိုင်ဘူး"
Fourth ပထမဆုံးအကြိမ် Satang အပေါ် စကားရှည်ရှည်နဲ့ စိတ်မခုစေရန် ရှင်းပြလိုက်ခြင်းဖြစ်သည်။သူပြောတာကြားတော့ Satang ကပြုံးပြလာပြီး နှုတ်ဆက်ကာ ပြန်သွားသည်။
------------------
သူတို့နှစ်ခေါ်မပြောတာ သုံးရက်လောက်ရှိပြီပင်။ ဒီသုံးရက်အတွင်းမှာ နှစ်ယောက်လုံး မိန်းကလေးတွေနဲ့တွဲတာ မရပ်။ Fourth ကတော့ပုံမှန်တွဲနေပေမဲ့ Gemin ကတော့ အရွဲ့တိုက်ပြီး လိုက်လုပ်နေတာပဲ။သူငယ်ချင်းတွေကိုလည်း Fourth ကို စောင့်ကြည့်ခိုင်းတာနဲ့ ဟိုဟာလုပ်ဖို့ တားခိုင်းတာနဲ့ Mark တို့ Poon တို့မှာလဲ စိတ်ရှုပ်နေပြီပင်။မျက်နှာချင်းမဆိုင်ချင်ပေမဲ့ အချင်းချင်းတွေ့ရမဲ့ရက်က အလျင်အမြန်ရောက်လို့လာသည်။
"Heyy Friend လာမဲ့သောကြာနေ့မှာ ငါ့‌မွေးနေ့ရှိတာမို့ အားလုံးကို လာကြဖို့ ဖိတ်ခေါ်ပါတယ် ဖိတ်စာတွေအားလုံးအတွက်ဝေပေးမယ်နော်"
Gemini တစ်ယောက် လက်ထဲက ဖိတ်စာကိုကိုင်၍ Fourth ကိုကြည့်ကာနှုတ်ခမ်းတစ်ဖက်ပြုံးလိုက်၏။ Fourthက ဒီမွေးနေ့ပွဲကို မဖြစ်မနေသွားမှာ သူသိနေသည။
"ဒီတစ်ခါတော့ မင်းကို မရှောင်တော့ဘဲ ကိုယ့်အကြောင်းသိအောင်ပြပေးမယ်"
______________________
ဒီနေ့ စောစောလေးတင်ပေးလိုက်တယ် ညကြမီးပျက်မှာမို့လို့🥺💗
@izzy_t5  ဒါဆန်မ်မင်tg acc လေးပါ စကားပြောချင်လာပြော‌လို့ရပါတယ် 🫶
"ငါတော့ရှိတယ် ငါမင်းခြံတံခါးကို ကားနဲ့ဝင်တိုက်ပြီး ၀ငျလာမှ ငါစောက်အဆိုးမဆိုနဲ့ ငါမလုပ်ရဲဘူးမထင်နဲ့နော် Fourth Nattawat! အခုချက်ချင်း တံခါးလာဖွင့်ပေးစမ်း!"
မင်းနဲ့
"Gemini...အဲ့လိုမဟုတ်"
----------------
-------------------
------------------
______________________
There are no comments yet. Log in to be the first to leave a review!
Similar stories