Fanfics
(( 18 ))
11:46, 11 August 2021
Unicode
"နောက်တစ်ပတ်ထဲ တိုကျိုမှာBecause of Jeon Taehyung Fanmeetingရှိတယ်မလား? ဒီတစ်ခေါက်comebackနဲ့ မင်းလည်းတော်တော်ပင်ပန်းခဲ့ရပြီ seriesတွေရောတိုက်နေတာနဲ့ "
ရုံးခန်းထဲတွင်CEOကခေါ်သည်မလို့ Jungkook ကုမ္ပဏီသို့ရောက်နေခြင်းပင်။ သူ့ရဲ့music albumကလည်းလောလောလတ်လတ်ထွက်ထားသည်မလို့ series promotionsတွေကိုခဏဆိုင်းငံ့ထားရသည်။
Seriesကလည်းထုတ်လွှင့်နေဆဲကာလ။ ဒီတစ်ပတ်ဆို final episodeလွှင့်ပြီးရင်ပြီတော့မည်ဖြစ်တာကြောင့်series promotionsတွေအတွက်ပြန်အားစိုက်ရတော့မည်မလို့ သူ့music album promotionsနဲ့ပက်သတ်သည့်အလုပ်တွေအပြီးသတ်နေရသည်။
" Fanmeetingက series teamလိုက်မလား?"
"ဟုတ်တယ် မင်းတို့နှစ်ယောက်ရဲ့ Taekook Fanmeetingကနောက်မှသပ်သပ်လာမှာ အခုကcastတွေနဲ့ အတွဲလိုက်Fanmeetingရှိလိမ့်မယ် အသေးစိတ်ကနောက်လူစုံမှသပ်သပ်ဆွေးနွေးမယ်..."
CEOကပြောတော့ Jungkookကမျက်နှာကမှုန်ကုပ်ကုပ်။ တစ်ခုခုကိုအလိုမကျသည့်မျက်နှာပေးမလို့ CEOကJungkookမျက်နှာရိပ်ကြည့်နေရသည်။
အော်...သူများကုမ္ပဏီကartistတွေများသူတို့CEOဆိုကြောက်ရတယ်။ သူ့ကျမှJeon Jungkookမျက်နှာရိပ်ကြည့်ပြီး သူအလိုမကျမှပြန်ကြောက်နေရသည်။ ဟုတ်တာပေါ့လေ JSရဲ့ဆက်ခံသူဆိုတော့လည်း ကျန်တဲ့artistတွေနဲ့တတန်းတည်းဆက်ဆံပေးလို့မှမရတာ။
"အဲ့တာထက်ကျွန်တော်နဲ့Taehyungie hyungကိုဘယ်လိုလုပ်မှာလဲ?ကျစ် Girlfriendကြီးနဲ့တဲ့"
စူပုပ်ပုပ်နဲ့မေးလာသည့်Jungkookအမေးကို CEOကသဘောပေါက်ဟန်တူသည်။
"စိတ်မပူပါနဲ့ အဲ့ကိစ္စတွေးမနေနဲ့ series promotionsတွေကသူတို့ရှောင်လို့မရပါဘူး မင်းနဲ့နှစ်ယောက်တည်းအချိန်များအောင်ငါစီစဉ်ပေးမယ် အဲ့ဖက်ကCEOကိုခေါက်ထားလိုက်"
"ဘယ်လိုလုပ်ပြီးတော့လဲ??"
"တိုကျိုမှာလုပ်မဲ့Because of Jeon Taehyung Fanmeetingကို ပြီးရင်DVD box setအနေနဲ့ထုတ်ဖို့ရှိလိမ့်မယ် Fanmeeting full performanceအပါအဝင်မင်းတို့အဲ့projectအတွက် Memories in Tokyoဆိုပြီးရိုက်ကူးရေးလဲရှိမယ်။ တစ်ခါတည်းလည်ကြပတ်ကြရင်းရိုက်ကူးရေးလုပ်ခဲ့ကြပေါ့ ..."
CEOပြောတာတွေကို Jungkookမှာသဘောကျသွားဟန်။
"Taehyungတို့ဖက်ကိုကပြောထားပြီးသား မင်းကိုသာscheduleတွေပြည့်နေတာနဲ့မပြောဖြစ်သေးတာ"
ကုမ္ပဏီကနေပြန်လာပြီးတော့ သူနဲ့Taehyungနဲ့ Magazine cover couple photo shootingရှိတာကြောင့်Studioသို့သွားရသည်။
Taehyungမှာလည်း Jungkookနဲ့မတွေ့တာ တလောကသူ့ dating newsတွေထွက်ပြီးညစာစားပွဲကတည်းကရက်သတ္တပတ်အတော်ပင်ကြာပြီဖြစ်သည်။
ဒီအတောအတွင်း Jungkookကလည်းသူ့music albumထွက်ထားသည်မလို့မအား။ အရင်လိုသူ့အားဖုန်းလဲမဆက်ဖြစ်တော့။ သူ့ဖက်ကစခေါ်ရင်တောင် Jungkookမန်နေဂျာအစ်ကိုကသာအမြဲအစားကိုင်ပေးပြီး Jungkookမအားဘူးဆိုသည့်အကြောင်းပြချက်တွေနဲ့လက်လျှော့ခဲ့ရမြဲ။
Jungkookနဲ့ဒီလိုအခြေအနေတွေထိ ဖြစ်ပျက်ထားပြီးမတွေ့ရသည့်ရက်တွေအတွင်းမှာ Taehyungတစ်ယောက်လုံးဝအဆင်မပြေ။ ရိုက်ကွင်းမှာတောင် အလွဲလွဲအချော်ချော်တွေ။
ဒီလိုအခြေအနေတွေဖန်းတီးမိခဲ့တာကိုယ်ဆိုပေမဲ့ Jungkookကသူ့ကိုတကယ်မုန်းသွားမှာ သူမဟုတ်တဲ့တခြားတစ်ယောက်ကိုချစ်သွားမှာလဲသေလောက်အောင်ကြောက်ပြန်သည်။ Kim Taehyungဘာဖြစ်ချင်နေတာလဲ သူကိုယ်တိုင်လဲမသိတော့ပါ။
ဘာပဲဖြစ်ဖြစ်ဒီနေ့တော့ ရှုတင်ရှိတာကြောင့်Jungkookနဲ့တွေ့ရတော့မည်လေ။ မတွေ့ရတာကြာနေပြီဖြစ်တာကြောင့် ရင်လဲခုန်ရသလို ကိုယ့်ကိုအထင်လွဲကာစိမ်းကားသွားသည့်သူ့ပုံရိပ်တွေကိုမြင်ယောင်ပြန်တော့ ဝမ်းနည်းစိတ်တို့ကဝင်ရောက်လာပြန်သည်။
တကယ်လည်း သူနဲ့Jiwonတွဲနေတာအတုအယောင်datingဆိုတာသူ့မှာ ဘယ်သူ့ကိုမှချပြခွင့်မှမရှိပဲလေ။ CEOလိုချင်တာလဲဒါပဲမဟုတ်လား။
စတူဒီယိုရောက်တော့ Jungkookကရောက်နှင့်နေပြီဖြစ်သည်။ မိတ်ကပ်ခန်းထဲသို့ သူဝင်သွားတော့မိတ်ကပ်ပြင်ပေမဲ့အမတွေကသူ့အားအဆင်သင့်စောင့်နေကြလေသည်။
မိတ်ကပ်ပြင်နေရင်းမှန်ထဲကနေသူ့ကို လှမ်းကြည့်လိုက်သည့်Jungkook။ ဘာမှမပြောပဲကြည့်ပဲကြည့်နေသည်မလို့Taehyungမှာမနေတတ်တော့။
ကြည့်ရတာJungkookကသူ့ကို တကယ်မုန်းသွားပြီထင်သည်။ ဒါမှမဟုတ်သူ့ကိုတကယ်မချစ်တော့ဘူးထင်သည်။ သူ့မှာပြုံးပဲပြုံးပြရတော့မလို့ ငိုပဲငိုရတော့မလို။
Jungkookမှာ မှန်ထဲကလှမ်းမြင်နေရသည့် အစ်ကိုပေါက်စရဲ့ပုံစံကြည့်ပြီးအူယားနေသည်။ရယ်ချင်စိတ်ကိုလည်းမနည်းထိန်းထားရသည်။
Kim Taehyungတို့ကလူကိုခံစားရအောင်လုပ်ရင်ထိပ်ဆုံးက။ သူ့ကိုကိုယ်ကမျက်နှာလေးများနည်းနည်းတည်ပြလိုက်ရင်တော့ မိုးပြိုနေပြီ။
မတွေ့ရတာကြာသည့်မျက်နှာလေး လွမ်းနေခဲ့ရသည့်မျက်နှာလေးဟာဒီအတောအတွင်အစားတွေပုပ်နေလားမသိ။ ပါးလေးနှစ်ဖက်ဖောင်းဖောင်းပြည့်ပြည့်ကလေးဖြစ်နေသည်။ မတွေ့ရတဲ့အတောအတွင်းမှာ ဆွစ်ဇာလန်တုန်းကပုံလေးတွေကြည့်ပြီးအလွမ်းဖြေခဲ့ရတာမလား။
မိတ်ကပ်လိမ်းပြီးသွားပြီမလို့ ဆက်မစတော့ပဲထကာမတ်တပ်မေ့နေသည့်အစ်ကိုပေါက်စရှေ့ကိုသွားရပ်လိုက်တော့ မျက်လုံးရွဲကြီးတွေဖြင့်လူကိုကြည့်လာသည်။
"မတွေ့တာကြာပြီနော် Kim~Tae~hyung~sii"
မျက်လုံးတွေသေချာကိုစိုက်ကြည့်ကာ ပြုံးပြုံးကလေးနှုတ်ဆက်လိုက်တော့ မျက်နှာလေးကဇီးရွက်လောက်သာကျန်တော့လေသည်။
သူသိတာပေါ့ သူကသာJungkook Jungkookနဲ့လုကိုနာမည်ကြီးလိုက်ခေါ်ခေါ်နေတာ။ သူ့ကိုTaeလို့မဟုတ်ပဲနာမည်လိုက်ခေါ်ရင် လုံးဝမကြိုက်တဲ့အစ်ကိုပေါက်စအကြောင်း။
"ခဏနေရှုတင်စတော့မှာ Taehyung siiမိတ်ကပ်ပြင်လိုက်အုံးနော် ကျွန်တော်အပြင်ကနေပဲစောင့်လိုက်မယ်"
"အင်း"
မျက်နှာလေးမအီမလည်နှင့် မိတ်ကပ်ပြင်နေသည့်Taehyung။ Jungkookကို သူမကျေနပ်။ ဘာလို့မကျေနပ်တာလဲသူလဲမသိ။ သူနဲ့ကိုယ်နဲ့ဘာမှမဆိုင်မှန်းလည်းသိသည် ကိုယ်ကပဲငြင်းပစ်ခဲ့တာလည်းသိသည်။ ဒါပေမဲ့သူစိတ်ဆိုးသည်။ အဲ့လောက်ကြီးထိတော့ မရက်စက်သင့်ပါလေ။
အိခနဲ့ဝဲတက်လာသည့် မျက်ရည်တွေကိုမျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ထိန်းလိုက်ရသည်။ အခုနောက်ပိုင်းJungkookနှင့်ပက်သက်လျှင် စိတ်တွေကမထိန်းချုပ်နိုင်တော့။
Jungkookနဲ့တွေ့ရင် အရင်လိုစကားတွေအများကြီးပြောပြီး စနောက်နေချင်ခဲ့တာ။ သူ့ကိုတွေ့ချင်နေခဲ့တဲ့အကြောင်းတွေပြောပြချင်နေခဲ့တာ။ Jungkookနဲ့ရိုက်ကူးရေးအတူလုပ်ရမဲ့နေ့တွေကိုမျှော်နေခဲ့ရတာ။ အခုတော့ ဒီလိုမျိုးJungkookကသူ့ကိုစိမ်းကားပြနေလျှင် Taehyungရူးရပါတော့မည်။
"Taehyungလေး အိပ်ငိုက်လို့လားမျက်ရည်တွေထွက်နေတယ်"
မိတ်ကပ်Noonaတွေမေးတော့ သူလဲခေါင်းလေးသာငြိမ့်ပြလိုက်သည်။ မျက်ရည်ဝဲနေသည့် အကြောင်းပြချက်အမှန်ကိုတော့သူပဲသိပါလိမ့်မည်။
"အိုက်ဂူး Taehyungလေးကအပြင်မှာပိုချောတာပဲ Noonaတို့ကBecause of Jeon Taehyung fanတွေသိလား"
မိတ်ကပ်လိမ်းပေးရင်း သူ့အားစိတ်လှုပ်ရှားစွာပြောလာသည့်Noonaကအမှန်ပင်တက်ကြွပျော်ရွှင်နေဟန်။ ထို့ကြောင့်သူ့မှာသဘောကျစွာပြုံးမိသွားရသေးသည်။
"တကယ်လား ကျေးဇူးတင်ပါတယ်Noona"
"Noonaတို့ဆိုTaekook Fan clubတွေအကုန်ဝင်ထားသိလား အရမ်းကြိုက်နေရောပဲဇာတ်ကားရောအပြင်momentလေးတွေရော ..."
ဘေးနားကနေstaffအမတွေကပါ တက်ကြွစွာဝင်ပြောပြလေသည်။
"ဟုတ်ပ ဟုတ်ပပြီးတော့behind the scenesတွေမှာဆိုလေ TaehyungလေးကိုJungkookကြည့်တဲ့အကြည့်လေးတွေဆို အမလေးဆွိချက်"
Taehyungမှာ ဘာရယ်မဟုတ်seriesရိုက်ကူးရေးလုပ်ခဲ့တဲ့ အရင်ချိန်လေးတွေကိုတောင်သတိရသွားမိတာကြောင့် Noonaတို့ပြောသမျှကိုသဘောကျစွာပြုံးပြုံးငြိမ်နားထောင်နေမိသည်။
"တကယ်နော်Noonaတို့ကအရမ်းသဘောကျတာ Taekook is realဆိုတာယုံကြည် အု"
သို့သော် ပြောပြနေသည့်Noonaရဲ့ပါးစပ်ကိုဘေးနားကအမတစ်ယောက်လှမ်းပိတ်ပစ်လိုက်တာကြောင့် သူတောင်မှန်ထဲကနေဘာဖြစ်လို့လဲဆိုသည့်သဘောလေးဖြင့် မသိမသာလေးလှမ်းအကဲခတ်မိလိုက်သေးသည်။
"လျှောက်ပြောမနေနဲ့တော့ Taehyungလေးကကောင်မလေးရှိတယ်လေ။ အားနာစရာကြီး "
"အယ် ဟုတ်သား...ဟင်း.."
Taehyungလည်း သက်ပြင်းလေးသာချလိုက်မိတော့သည်။ သူကိုယ်တိုင်တောင် သူ့မှာရည်းစားရှိနေတယ်ဆိုတာ မေ့နေသည်။ ကြည်းနူးနေတာလေးတွေတောင် ပျက်စီးကုန်ပြီ။
------သူတို့ရှုတင်ပြီးတော့ waiting roomထဲမှာအဝတ်လဲနေတုန်းJungkookဝင်လာလေသည်။ ကြည့်ရတာပြန်တော့မလို့ထင်သည်။ ရှုတင်လုပ်တုန်းကတော့သူ့ကိုအများကြီးပြုံးပြကာ စကားတွေပြောသေးသည်။ ဘယ်သူမှလဲမရှိတော့ သူ့ကိုဘာမှမပြောတော့ပြန်။
"အပြင်မှာFanတွေစောင့်နေကြတာတဲ့ အများကြီးပဲ ကျွန်တော်တို့ပြန်ဖို့အဆင်မပြေလောက်သေးဘူး "
"ဟုတ်လား? ဘယ်လိုလုပ်ငါတို့ရှိနေတဲ့နေရာသိသွားကြပါလိမ့်"
"Guardတွေတော့ရှိတယ် fanတွေကိုထွက်နှုတ်ဆက်ကြမလား"
Jungkookမေးလာတော့သူလည်းမငြင်းတော့။ နှစ်ယောက်သား ကုမ္ပဏီအပြင်ဖက်သို့ထွက်လာကြလိုက်သည်။ သူတို့လည်းထွက်လာရော အဆင်သင့်စောင့်နေကြသည့်လူအုပ်ကြီးဆီမှ အော်သံတွေကြွပ်ကြွပ်ညံကုန်တော့သည်။
'Taekook Taekook Taekook'
ညီညီညာညာဖြင့် အော်နေကြသည့်ထိုနာမည်လေးကိုကြားတော့ သူတို့နှစ်ယောက်လုံးသဘောကျစွာပြုံးမိကုန်သည်။
ထို့နောက်Jungkookက တိုးတိုးနေဆိုသည့်ပုံစံလေးလုပ်ပြလိုက်တော့ ဟုတ်ခနဲတိတ်သွားသည့်အသံတွေ။ ချစ်စရာကောင်းလိုက်ကြတာ။
"ဘာလို့ရောက်နေကြတာလဲ?? စာမေးပွဲရှိတယ်မဟုတ်ဘူးလား? စာမလုပ်ပဲဒီကိုရောက်နေကြတာပေါ့လေ"
Fanအများစုမှာဆယ်ကျော်သက်မိန်းကလေးငယ်လေးတွေ အထက်တန်းကျောင်းသူလေးတွေများတာကြောင့် Jungkookမေးလိုက်တော့ ရယ်သံလေးတွေသာထွက်လာကြသည်။
"မင်းတို့ကကျွန်တော့်ကိုတွေ့ဖို့လာတာလား ဒါမှမဟုတ်Taehyungie hyungကိုတွေ့ဖို့လာတာလား ဒါမှမဟုတ်ရင် Jeon Jungkookနဲ့Jeon Taehyungကိုတွေ့ဖို့လာကြတာလား?"
Jungkookလည်းမေးလိုက်ရော လူအုပ်ကြီးမှာအော်သံတွေဖြင့် ဆူညံသွားပြန်တော့သည်။ Taehyungမှာလည်း Fanတွေကိုတလှည့်ကြည့်ရင်းသဘောကျရ Jungkookပြောနေတာတွေကိုငေးလိုက်ဖြင့် ဘာမှမပြောနိုင်သေး။
​ဤသို့ဖြင့်ပရိတ်သတ်တွေနှင့် မေးလိုက်ဖြေလိုက်စကားတွေပြောဖြစ်ကြသည်။
"Taehyung oppaကJungkook oppaကိုဘယ်လိုခေါ်လဲ?"
Fanတွေထဲကထွက်လာသည့်အသံကြောင့် အကုန်လုံးရဲ့အာရုံကတဖန်Taehyungဆီရောက်ကုန်သည်။ Jungkookကလည်း သူ့ကိုဖြေလိုက်လေဆိုသည့်ပုံလေးဖြင့်ကြည့်နေသည်။
"Jungkookပဲကို Jungkookလို့ပဲခေါ်တာပေါ့ မဟုတ်ဘူးလား?"
"ဟာ... မရိုဘူး!" "မောင်လို့ခေါ်ပါOppa"
သူဖြေလိုက်တော့ Fanတွေဆီမှမကျေနပ်တဲ့အသံလေးတွေကထွက်လာလေသည်။Jungkookက အခြေအနေကိုသဘောပေါက်စွာ ပရိတ်သတ်တွေကိုဝင်ထိန်းလိုက်ရသည်။
"ကျွန်တော်ရော သူ့ကိုဘယ်လိုခေါ်လဲမသိချင်ကြဘူးလား?"
"သိချင်ပါတယ်"
"ဟင့်အင်း မပြောပြပါဘူး သူတစ်ယောက်တည်းအတွက်ခေါ်တာလေ ဘာလို့မင်းတို့ကိုပေးနားထောင်ရမှာလဲ"
Jungkookရဲ့ရှို့မှုမှာTaekookerတွေပြာကျခဲ့ရလေသည်။ Jungkookကသူ့ထက်Fanတွေနဲ့ စကားပိုပြောကာ ပရိတ်သတ်တွေသဘောကျအောင်ရော ရယ်အောင်ရောပြောပေးတတ်သည်။
မိနစ်အနည်းငယ်လောက်ကြာတော့ နှစ်ယောက်စလုံးFanတွေကိုနှုတ်ဆက်ပြီး Fanတွေနဲ့ဓာတ်ပုံတွေလဲတူတူရိုက်ခဲ့ကြသေးသည်။
Waiting roomထဲရောက်တော့Hoseok hyungကရောက်နေလေပြီ။ သူ့ပစ္စည်းတွေသိမ်းကာကားဆီသို့အရင်ထွက်သွားနှင့်သည်။ အခုကျန်နေခဲ့သူဟာ သူနဲ့Jungkookပင်။
waiting roomထဲထိုင်ကာဖုန်းသုံးနေသည့် Jungkookဟာစောနကသူနဲ့တူတူရယ်မောပျော်ရွှင်ကာ ရှိနေခဲ့သည့်Jungkookမဟုတ်တော့ပြန်။
"Jun..Jungkook မပြန်သေးဘူးလား?"
သူမေးလိုက်တော့ ဆတ်ခနဲမော့ကြည့်လာသည်။
"အာ ဟုတ်သားပဲမေ့နေတာ မနက်ဖြန်ညကျရင်အားလားOmmaတို့ကညစာတူတူစာဖို့ခေါ်ခိုင်းထားလို့"
"ဟင် ဟုတ်လားမနက်ဖြန်ငါOmmaတို့လဲလာမှာညစာတူတူစားမလို့လုပ်ထားတာ"
"အာ အဆင်ပြေတာပေါ့အဲ့တာဆိုကျွန်တော်တို့အိမ်မှာပဲညစာစားကြမယ်ထင်တယ်"
"အင်း အဲ့လိုဖြစ်မယ်နော်"
Taehyungပျော်သွားရသည်။ အနည်းနဲ့အများတော့ သူJungkookနဲ့တူတူရှိနေမည့်အချိန်တွေပဲလိုချင်မိသည်။
"ဒါနဲ့Taehyung siiရဲ့ကောင်မလေးရော ခေါ်ခဲ့လို့ရတယ်နော် ကျွန်တော်စိတ်ထဲမထားပါဘူး ကျွန်တော့်အစ်ကိုရဲ့ကောင်မလေးဆိုတော့ကျွန်တော့်မရီးပါပဲ"
ပြောပြီးထွက်သွားသည့် Jungkookကိုငေးကြည့်ရင်းTaehyung မှာငူငူကြီးကျန်ခဲ့ရတော့သည်။
Jungkookမှာလည်းကိုယ့်ဟာကိုယ်ပြောခဲ့ပြီး အပြင်ရောက်မှ ဖွ ဖွ လွဲပါစေ ဖက် ဖက် ဖက်တကယ်မဖြစ်ပါစေနဲ့တနေရသည်။
အစ်ကိုပေါက်ကိုတမင်စချင်လို့ Jungkookရှို့ခဲ့သည်ကိုမသိရှာပဲ Taehyungမှာတော့လောင်နေရှာတော့သည်။
----TBCWith Love 💜||Tae_For_Jeon  Jeon_To_Tae||*အရေးတော်ပုံအောင်ရမည်*A/N : ဂျောင်ကြီးကလေးကိုပညာတွေပြနေပြီ🌝နောက်ကျသွားတာတောင်းပန်ပါတယ်ရှင်🥺 ဒါလေးကအပိုင်းသိပ်ရှည်မှာမဟုတ်ပါဘူးနော် Updateလေးပုံမှန်ပြန်ပေးပါမယ်။ Cherry Blossomလေးလဲသိပ်မကြာခင် Upပါမယ်ရှင်။
---Zawgyi