Fanfics

(( 14 ))

11:42, 11 August 2021

Unicode

ဒီနေ့လဲ လူတွေအများကြီးကြားထဲရထားလက်မှတ်နောက်မကျဖို့အရေး တလှုပ်လှုပ်နှင့်အိပ်ချင်မူးတူးဖြစ်နေသည့်Taeရဲ့လက်ကိုဆွဲကာ ပြေးနေရသည်။

ရထားလက်မှတ်အစောဝယ်ထားရသည်မလို့ အစောထသွားရခြင်းပင်။ ဒါတောင်အစ်ကိုပေါက်စကအစောမထချင်လို့ အိပ်ငိုက်နေတာမလို့ဟိုတယ်ကထွက်တော့နောက်ကျနေခြင်းပင်။

အခုလည်းသူလက်ဆွဲပြီးခေါ်လာသည့်နောက်ကို မတ်တပ်ငိုက်ပြီးပါလာလေသည်။ ရထားပေါ်ရောက်တော့လဲ နေရာမှာဝင်ထိုင်ထိုင်ချင်းပြတင်းပေါက်ကိုခေါင်းလေးမှီကာပြန်အိပ်နေပြန်သည်။

Jungkookမှာဒီအစ်ကိုပေါက်စကိုကြည့်ပြီးအူတယားယား သို့သော်တစ်ဆက်တည်းမှာပင်အအိပ်မက်သည့်ကျားပေါက်လေးကိုစိတ်ပူသွားရပြန်သည်။ သူနဲ့မဟုတ်ပဲတခြားသူတွေနဲ့ဆိုရင်ရော အခုလိုအိပ်နေရင်ဒုက္ခ။

သူလဲဒီနေ့သွားရမည့်Rhineရေတံခွန်ကြီးကို ဖုန်းထဲကmapနဲ့သေချာပြန်ကြည့်နေလိုက်သည်။ ဥရောပတိုက်ရဲ့အကြီးဆုံးရေတံခွန်တွေထဲကတစ်ခု။ ရှုခင်းတွေကလည်းအတော်လှသည့်နေရာမလို့ Taeသဘောကျမှာသေချာသည်။

ရထားက မိနစ်အနည်းငယ်ကြာအောင်စီးရအုံးမည်မလို့သူလဲနားကြပ်လေးတပ်ကာသီချင်းနားထောင်ရင်းခဏလောက် မှိန်းရန်ပြင်လိုက်သည်။ ဘေးနားကTaeကိုတချက်ကြည့်မိတော့ ငိုက်ကျနေသည့်ခေါင်းလေးကပြတင်းပေါက်မှန်ကိုတဒုတ်ဒုတ်သွားတိုက်နေလေရဲ့။

"ခေါင်းတွေနာကုန်တော့မှာပဲ အိပ်ပုပ်ကလေးရဲ့"

ခပ်တိုးတိုးလေးသာရေရွတ်ရင်း ငိုက်နေသည့်ခေါင်းလေးကိုအသာဆွဲယူကာသူ့ပုခုံးပေါ်မှီထားစေလိုက်တော့မှ ငြိမ်သွားကာပြန်အိပ်ပျော်သွားလေသည်။

---Rhineရေတံခွန်ကြီးသို့ရောက်တော့မှ အိပ်ချင်ပြေသွားသည့်အစ်ကိုပေါက်စ။ တောစပ်တောင်စပ်နားဆိုတော့ လေအေးတွေကသစ်တောစိမ်းနဲ့ရောယှတ်ကာစိတ်အစုံလန်းဆန်းသွားစေသည်။

ရေတံခွန်ရှုခင်းကြည့်ဖို့ မြစ်ကမ်းဘေးနေရာတွေကနေရှုမျှော်ခင်းကြည့်သည့်နေရာတွေလုပ်ထားပေးငည်မလို့ Taeနဲ့ထိုနေရာတွေဖက်ကိုလျှောက်သွားကာ အမှတ်တရဓာတ်ပုံလေးပါရိုက်ဖြစ်သေးသည်။

"Jungkook Jungkook ငါ့ကိုရေတံခွန်ကြီးနောက်ခံထားပြီးရိုက်ပေး"

ဓာတ်ပုံရိုက်ရတာလဲအလွန်ဝါတနာပါပုံပေါ်သည်။ သူ့မှာယူလာသည့်ကင်မရာလက်ထဲကမချရ။ သူကင်မရာယူလာတော့ အစ်ကိုပေါက်စတို့ကဓာတ်ကျတော့တာပေါ့။ ဒါပေမဲ့လဲ ဒါကပင်Jungkookအကြိုက်မဟုတ်ပါလား။ Taeပုံလေးတွေသူ့ကင်မရာထဲသိမ်းထားပြီးသားဖြစ်သည်လေ။

"Jungkook ဟိုရဲတိုက်ကြီးထဲဝင်လည်လို့ရတယ်ဆို ဝင်ကြည့်ရအောင်လေ"

ရေတံခွန်ကနေခပ်လှမ်းလှမ်းက မြင်နေရသည့်ရှေးဟောင်းရဲတိုက်ကြီးကိုကြည့်ပြီးTaehyungကပြောတော့ Jungkookမှာထိုရဲတိုက်ထဲဝင်လည်ဖို့ဖုန်းထုတ်ကာရှာကြည့်ရပြန်သည်။

"Taeဝင်ကြည့်ချင်လို့လား? အဲ့တာဆိုခဏနော် အဲ့ဖက်သွားဖို့လမ်းကြည့်ပေးမယ်"

Jungkookတစ်ဖက်သို့လှည့်ပြီး ဖုန်းကြည့်နေတုန်းTaehyungလည်းသူ့ဖုန်းလေးထုတ်ကာ ရှုခင်းတွေတဖျက်ဖျက်နဲ့ရိုက်လို့မဝနိုင်သေး။ ဖြစ်နိုင်လျှင်ဒီလိုသာယာလှပလွန်းသည့် ရှုခင်းမျိုးကိုမျက်လုံးနဲ့ဓာတ်ပုံရိုက်ပြီးဦးနှောက်ထဲထည့်သိမ်းထားချင်မိသည်အထိပင်။

JungkookလဲTaehyungဖက်သို့ပြန်အလှည့် ကြည့်လိုက်တော့သူ့အနားမှာအစ်ကိုပေါက်စမရှိတော့။ ဘယ်ရောက်သွားပါလိမ့်?

ဟိုဟိုဒီဒီမျက်စိကစားပြီးရှာတော့မှ တွေ့ပါပြီ ခပ်လှမ်းလှမ်းတစ်နေရာမှာဆံပင်ရွှေရောင်နဲ့နိုင်ငံခြားသူအလှလေးတွေကိုဓာတ်ပုံရိုက်ပေးနေတာ။

"Tae!"

သူအော်လိုက်တော့ တုန်ခနဲ့လန့်သွားသည့်ခန္ဓာကိုယ်လေးကိုမြင်တော့သဝန်တိုနေသည့်ကြားထဲကအူယားသွားရပြန်သည်။ ကင်မရာကိုဓာတ်ပုံရိုက်ခိုင်းသည့်နိုင်ငံခြားသူလေးတွေဆီပြန်ပေးရင်း သူ့အနားသို့လိမ်ဖယ်လိမ်ဖယ်နှင့်ရောက်လာသည်။

"ကျွန်တော်ကလိုက်ရှာနေတာ ရုတ်တရက်ကြီးပျောင်သွားတော့စိတ်ပူသွားတာကို"

"မဟုတ်ပါဘူး သူတို့ကငါ့ကိုဓာတ်ပုံရိုက်ပေးဖို့အကူအညီတောင်းတာနဲ့ ငါလဲရိုက်ပေးနေတာပါ"

နှုတ်ခမ်းလေးတစူစူနဲ့ရှင်းပြနေတော့လဲ သူ့မှာမနေနိုင်ပြန်။

"ရဲတိုက်ထဲသွားရအောင်လေ ပြီးရင်ဟိုဖက်ရေတံခွန်အနောက်ဖက်မှာ Steakဆိုင်ကောင်းကောင်းတစ်ခုရှိတယ် နေ့လည်စာစားကြမယ်နော်"

"အင်း အင်း မြန်မြန်သွားရအောင်"

-----

ရဲတိုက်ကြီးထဲလည်ပတ်ပြီး နေ့လည်စာစားပြီးတော့ဗိုက်တင်းသွားသည့်Taehyung ကြောင့် ရေတံခွန်ကြီးစီးဆင်းရာမြစ်ကိုဖြတ်ဆောက်ထားသည့် တံတားကြီးပေါ်သို့လမ်းလျှောက်ထွက်လာကြဖြစ်သည်။

တိမ်တွေထူထပ်ကာ အုံ့ဆိုင်းနေသည့်ရာသီဥတုမလို့အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်နေသည်။ ထို့ပြင်လေကတဖြူးဖြူးနဲ့တိုက်နေသေးတော့ Taeရဲ့ပွယောင်းယောင်းဆံပင်လေးတွေဟာ တလွင့်လွင့်နှင့်စုတ်ဖွားလေးဖြစ်နေသည်။

မြစ်ကိုဖြတ်ဆောက်ထားသည့် ကျောက်တံတားကြီးဖြစ်တာကြောင့် လမ်းကအတော်လေးပင်လျှောက်ရသည်။ နေ့လည်စာစားချိန်ဖြစ်တာကြောင့် တံတားကြီးပေါ်တွင်လည်းလူအနည်းငယ်ကလွဲပြီး သိပ်မရှိ။

နှစ်ယောက်သားဓာတ်ပုံရိုက်လိုက် စကားပြောလိုက်ဖြင့်လမ်းလျှောက်လာရာ တံတားတစ်ဝက်လောက်ရောက်တော့အစ်ကိုပေါက်စကမောနေပြီထင်ပါရဲ့။ တံတားဘောင်လေးပေါ်မှီပြီး ဟောဟဲစိုက်ကာအမောဖြေနေလေသည်။

ကျော်ပိုးအိတ်ထဲထည့်လာသည့် ရေဘူးလေးကိုဖွင့်ပေးကာတိုက်တော့တဂွတ်ဂွတ်နဲ့မော့သောက်ပြန်သည်။

ချွေးလေးတွေစို့နေသည့် နဖူးပြင်နားထင်စပ်လေးနားကိုလက်လေးနဲ့သုတ်ပေးတော့ခေါင်းလေးပင်မော့ပေးကာငြိမ်ခံနေသည်။

လေတိုက်နေသည်မလို့ ဆံပင်လေးတွေကလွင့်ကာလန်နေသည်။ မျက်နှာရှင်းရှင်းကလေးကလည်း ရာသီဥတုအေးအေးကြောင့်ပြောင်တင်းတင်းကလေးဖြစ်နေသည်။

သူ့ကိုကြည့်နေသည့်မျက်လုံးလက်လက်ကလေးတွေကိုငေးမောကာကြည့်မိတော့ ချစ်သည်စိတ်တို့ကတဖွဖွနှင့်ပို၍ပင်တိုးလာသည်။ မျက်စိရှေ့ကလူသားကလေးကို သူ့အပိုင်ဖြစ်စေချင်သည်။

ငယ်ငယ်ကတည်းကစွဲလန်းမြတ်နိုးခဲ့ရသည့်ငယ်ချစ်ဦးမလို့ သူများအပိုင်ဖြစ်သွားမှာကိုလည်းသေလောက်အောင်ကြောက်ရွံ့မိသည်။

"Jun..Jungkook"

သူဘယ်လောက်ထိပင် ငေးစိုက်ကြည့်နေမိသွားလဲမသိTaeဆီမှအသံလေးထွကိလာတော့မှသတိပြန်ဝင်လာသည်။ သူ့အကြည့်တွေကိုမရဲတရဲလေးပြန်မော့ကြည့်နေပြီး ပါးပြင်လုံးလုံးလေးနှစ်ဖက်ကပန်းရောင်လေးသန်းနေပြီမလို့ Jungkookမှာကြည့်နေရင်ပင်ရင်ဘတ်ထဲလိပ်ပြာတွေတဖျက်ဖျက်ပျံသန်းသွားသလိုပင်။

ဒီအစ်ကိုပေါက်စက သူ့နှလုံးသားကိုအပြုအမူမျိုးစုံနဲ့သူပြုစားထားသည့်ကဝေဆိုးလေး။ ဒီအစ်ကိုပေါက်စလေးကြောင့် သူ့မှာရင်ခုန်ရ အသည်းယား အူယားရ ရင်တုန်ရနဲ့ Jungkookတစ်ယောက်မခံစားဖူးသည့်အရာပင် မရှိတော့ပေ။

ပန်းနုရောင်သန်းနေသည့်ပါးပြင်လေးကို လက်တစ်ဖက်ဖြင့်အသာအုပ်ကိုင်လိုက်တော့ Taehyungတစ်ယောက်တွန့်ခနဲလန့်ဖျန့်သွားလေသည်။

Jungkookကဘာစကားမျှမဆိုပဲ သူ့မျက်ဝန်းတွေကိုသာနင့်နင့်သည်းသည်းစိုက်ကြည့်နေသည်မလို့ ရင်ဘတ်ထဲနှလုံးခုန်နှုန်းတွေကမိုင်ကုန်မြန်လာသည်။

Jungkookရဲ့လက်တစ်ဖက်ကသူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ထားရင်း ကျန်တစ်ဖက်ကသူ့ပါးပြင်တွေပေါ်အုပ်ကိုင်ထားသည်မလို့တလှပ်လှပ်ဖြစ်နေသည့် စိတ်ခံစားချက်တို့ကြောင့် အသက်ရှုတောင်မဝချင်တော့။

ဆုပ်ကိုင်ခံထားရသည့်လက်ဖဝါးဆီကအနွေးဓာတ်ကြောင့် ထိုလက်တစ်စုံကိုသူကိုယ်တိုင်ပင်ယုံကြည်အားကိုကာပြန်လည်ဆုပ်ကိုင်နေမိသည်မှာလည်း မည်သို့သောတွန်းအားကြောင့်မှန်းမသိ။

"Tae"

"အင်း"

တစ်ယောက်မျက်ဝန်းတွေကို တစ်ယောက်မလွတ်တမ်းစိုက်ကြည့်ရင်းမျက်လုံးတွေထဲမှာအဖြေရှာနေမိကြသည်။

"SeriesထဲကJeon Jungkookလိုမျိုး Taeတစ်ဘဝလုံးကိုကိုယ့်ကိုစောင့်ရှောက်ခွင့်ပေးနိုင်မလား?"

သူပြောလိုက်တော့ ပန်းရောင်သန်းနေသည့်ပါးပြင်လေးတွေ ဟာနီတွတ်တွတ်လေးတွေဖြစ်ကုန်သည်။

"SeriesထဲJeon JungkookလိုမျိုးTaeအတွက် နားလည်မှုကြင်နာမှုတွေနဲ့ချစ်မြတ်နိုးပေးတဲ့Jeon Jungkookဖြစ်ခွင့်ရချင်တယ်...Taeကိုအများကြီးသဘောကျနေမိတာမလို့ Taeကိုမြင်ရင်နှလုံးတစ်ခုလုံးပေါက်ထွက်မတတ်ကိုချစ်နေမိတာမလို့ TaeရောSeriesထဲကလိုကိုယ့်ရဲ့Jeon Taehyung ဖြစ်ပေးနိုင်မလား?"

Jungkookပြောတာကို Taehyungမှာကြားတချက်မချက်။ Jungkookပြောနေတာတွေကိုနားလည်ပေမဲ့ ခံစားချက်တွေရှုပ်ထွေးနေသည်။ သူဘယ်လိုခံစားနေရလဲသူမသိတော့ဘူး။ သူဘာစကားမှပြန်မပြောနိုင်လောက်အောင် ရင်ခုန်နေတာပဲသိသည်။ ဘာပြန်ပြောရမယ်ဆိုတာလဲသူမသိတော့။

"Jun..Jungkook မ နောက်ပါနဲ့... ဟို ငါ ဘာပြန်ပြောရမလဲမသိဘူး"

ရှက်ရဲရဲမျက်နှာလေးက ကယောင်ခြောက်ခြား။ သူ့အကြည့်တွေကိုဟိုလွှဲဒီလွှဲနှင့်။

"ကိုယ်နောက်နေတာမဟုတ်မှန်းTaeသိပါတယ်"

Taehyungမှာကြက်သီးမွှေးညှင်းလေးတွေပင်ထသွားမိသည်။ သူ့ကိုဆိုအမြဲတမ်း'ကျွန်တော်'လို့သုံးသည့်ကောင်လေးက အခုလို'ကိုယ်'လို့သုံးလိုက်သည့်အခါTaehyungမှာ အာကာသထဲလွင့်သွားသလိုခံစားချက်မျိုးဖြစ်သွားရသည်။

တစ်ဆက်တည်းမှာပဲ ထိုနာမ်စားလေးသုံးလိုက်သည့် ကောင်လေးကိုယုံကြည်အားကိုးချင်စိတ်တို့ကတွဲလျက်ဖြစ်ပေါ်သည်။

"ချစ်တယ်"

သူဖွင့်ပြောလိုက်တော့ ဝိုင်းခနဲဖြစ်သွားသည့်မျက်လုံးလေးတွေကတအံ့တဩဖြင့်သူ့အားကြည့်လာသည်။ မျက်လုံးလေးတွေရော ပါးစပ်လေးပင်ဟသွားသည်အထိအံ့ဩတကြီးဖြစ်နေသည့်အစ်ကိုပေါက်စရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းကိုလိုက်ကြည့်နေမိသည်။

နှုတ်ခမ်းရဲရဲလေးတွေဆီသို့သူ့အကြည့်ရောင်မိတော့ သူဆုပ်ကိုင်ထားသည့်အစ်ကိုပေါက်စရဲလြက်ကလေးတွေကတင်းခနဲဖြစ်ကုန်သည်။

အုပ်ကိုင်ထားဆဲမျက်နှာလေးနားသို့ တဖြည်းဖြည်းချဉ်းကပ်မိတော့မလှုပ်မယှက်ဖြင့်ငြိမ်ရပ်နေဆဲအစ်ကိုပေါက်စကြောင့် သူ့မှအသည်းယားစွာပြုံးလိုက်မိသေး။

မျက်နှာကလေးကိုလည်တိုင်ကလေးကနေအသာဆွဲယူကာ ပိုမိုနီးကပ်သည်အထိနီးကပ်သွားတော့ အလိုက်တသိနှင့်မှိတ်ကျသွားသည့်မျက်ခွံလေးတွေ။

ထိကပ်ရုံကလေးနှင့်ပင် နှုတ်ခမ်းသားနွေးနွေးလေးသည်သူ့ရင်ကိုဗြောင်းဆန်စေသည်။ ခါးလေးကိုဆွဲဖက်ကာ အနမ်းတွေကိုပိုမိုနင့်သည်းစွာပေးမိတော့ အစ်ကိုပေါက်စမှာခြေထောက်တွေပင်မခိုင်ချင်တော့ သူ့ရင်ခွင်ထဲပျော့ခွေနေလေပြီ။

ချစ်တယ်... ချစ်ရသူကိုရင်ခွင်ထဲမှာထွေးပွေ့ရင်းနှုတ်ခမ်းသားလေးတွေကို ကြင်နာမိလိုက်သည့်တစ်ခဏအတွင်းလေးမှာ ပိုမိုသေချာသွားသည့်ခံစားချက်တွေ။ သူ့အပိုင် သူ့လူဖြစ်ရမည်ဆိုသည့်သေချာခြင်းတွေ။

-----

တစ်ဖက်မှာလည်း မန်နေဂျာHoseokမှာအိမ်မှာအနားယူနေတုန်းကုမ္ပဏီက ခေါ်တာကြောင့်ပြေးရပြန်သည်။

CEOနှင့်PDကြီးကTaehyungအတွက် scheduleတွေနဲ့ပက်သက်ပြီးခေါ်ပြောနေတာကြောင့်သူ့မှာရင်တမမ။

"Taehyungကဆိုးလ်ကိုဘယ်နေ့ပြန်ရောက်မှာလဲ မန်နေဂျာJung"

"အာ ဟုတ်ကဲ့ဒီနေ့ညနေပြန်ရောက်မှာပါ ရိုက်ကူးရေးကလဲဒီတစ်ပတ်နောက်ဆုံးဆိုတော့ နောက်တစပတ်ကစပြီးFanmeetingတွေနဲ့ promotionsတွေရှိသေးတာမလို့..."

သူဖြေတော့ CEOက​ေခါင်းတငြိမ့်ငြိမ့်နှင့်နားထောင်သည်။ အသက်လေးဆယ်ကျော်ဝန်းကျင်သာရှိသေးသည့်Dreamရဲ့CEOသည် ထက်မြက်သည် အောင်မြင်သည်ဆိုသည့်ဂုဏ်ပုဒ်တွေနှင့်အတူ စီးပွားရေဆန်သည် ကုမ္ပဏီစည်းကမ်းတင်းကြပ်လွန်းသည်ဆိုသည့်နာမည်ဆိုးကလည်းရှိသေးသည်။

"Kim Taehyungကအလားအလာရှိတဲ့ကလေးပါ အခုဆိုသူ့ကိုကမ်းလှမ်းလာတဲ့ကြော်ငြာတွေ ဇာတ်ကားတွေအများကြီးပဲ... အသစ်ဆိုပေမဲ့သူ့ကြောင့်ငါတို့ကုမ္ပဏီရှယ်ယာတွေတက်လာတာသိသိသာသာပဲ"

Hoseokကတော့ ဘာပြောချင်မှန်းမသိသည်မလို့နားပဲထောင်ပေးနေလိုက်သည်။

"သူပြန်ရောက်ရင် မန်နေဂျာJungနဲ့အတူကူဖို့နောက်ထပ်မန်နေဂျာတစ်ယောက်ထပ်တွဲထည့်ပေးထားမယ် နောက်ဆိုပိုပင်ပန်းကြမှာဆိုတော့..."

"Nae"

"ပြီးတော့ အခုရိုက်နေတဲ့seriesပရိုမိုရှင်းတွေကတော့သေချာလုပ်ပေးရမှာ အဲ့seriesကရတဲ့အမြတ်တွေကမထင်ထားလောက်အောင်ပဲ... Kim Taehyungပြန်ရောက်ရင်မနက်ဖြန်ကုမ္ပဏီကိုလာဖို့ပြောလိုက် "

"Nae CEO nim"

Hoseokလည်းတထိတ်ထိတ်နဲ့ပြန်လာသာလာရတယ်စိတ်ကမအေး။ CEOကTaehyungဟိုမှာJungkookနဲ့ကျန်ခဲ့တာသိတော့မသိလောက်။

ဒါပေမဲ့သူ့စိတ်ထဲအလုံးကြီးခံနေသလို မအေးမချမ်းဖြစ်နေတာဘာလို့ပါလိမ့်?

-----TBCWith  Love 💜||Tae_For_Jeon  Jeon_To_Tae||A/N : အဟွန်း🌚*အရေးတော်ပုံ အောင်ရမည်*----

Zawgyi

ဒီေန႔လဲ လူေတြအမ်ားႀကီးၾကားထဲရထားလက္မွတ္ေနာက္မက်ဖို႔အေရး တလႈပ္လႈပ္ႏွင့္အိပ္ခ်င္မူးတူးျဖစ္ေနသည့္Taeရဲ့လက္ကိုဆြဲကာ ေျပးေနရသည္။

ရထားလက္မွတ္အေစာဝယ္ထားရသည္မလို႔ အေစာထသြားရျခင္းပင္။ ဒါေတာင္အစ္ကိုေပါက္စကအေစာမထခ်င္လို႔ အိပ္ငိုက္ေနတာမလို႔ဟိုတယ္ကထြက္ေတာ့ေနာက္က်ေနျခင္းပင္။

အခုလည္းသူလက္ဆြဲၿပီးေခၚလာသည့္ေနာက္ကို မတ္တပ္ငိုက္ၿပီးပါလာေလသည္။ ရထားေပၚေရာက္ေတာ့လဲ ေနရာမွာဝင္ထိုင္ထိုင္ခ်င္းျပတင္းေပါက္ကိုေခါင္းေလးမွီကာျပန္အိပ္ေနျပန္သည္။

Jungkookမွာဒီအစ္ကိုေပါက္စကိုၾကည့္ၿပီးအူတယားယား သို႔ေသာ္တစ္ဆက္တည္းမွာပင္အအိပ္မက္သည့္က်ားေပါက္ေလးကိုစိတ္ပူသြားရျပန္သည္။ သူနဲ႔မဟုတ္ပဲတျခားသူေတြနဲ႔ဆိုရင္ေရာ အခုလိုအိပ္ေနရင္ဒုကၡ။

သူလဲဒီေန႔သြားရမည့္Rhineေရတံခြန္ႀကီးကို ဖုန္းထဲကmapနဲ႔ေသခ်ာျပန္ၾကည့္ေနလိုက္သည္။ ဥေရာပတိုက္ရဲ့အႀကီးဆုံးေရတံခြန္ေတြထဲကတစ္ခု။ ရႈခင္းေတြကလည္းအေတာ္လွသည့္ေနရာမလို႔ Taeသေဘာက်မွာေသခ်ာသည္။

ရထားက မိနစ္အနည္းငယ္ၾကာေအာင္စီးရအုံးမည္မလို႔သူလဲနားၾကပ္ေလးတပ္ကာသီခ်င္းနားေထာင္ရင္းခဏေလာက္ မွိန္းရန္ျပင္လိုက္သည္။ ေဘးနားကTaeကိုတခ်က္ၾကည့္မိေတာ့ ငိုက္က်ေနသည့္ေခါင္းေလးကျပတင္းေပါက္မွန္ကိုတဒုတ္ဒုတ္သြားတိုက္ေနေလရဲ့။

"ေခါင္းေတြနာကုန္ေတာ့မွာပဲ အိပ္ပုပ္ကေလးရဲ့"

ခပ္တိုးတိုးေလးသာေရရြတ္ရင္း ငိုက္ေနသည့္ေခါင္းေလးကိုအသာဆြဲယူကာသူ႔ပုခုံးေပၚမွီထားေစလိုက္ေတာ့မွ ၿငိမ္သြားကာျပန္အိပ္ေပ်ာ္သြားေလသည္။

---Rhineေရတံခြန္ႀကီးသို႔ေရာက္ေတာ့မွ အိပ္ခ်င္ေျပသြားသည့္အစ္ကိုေပါက္စ။ ေတာစပ္ေတာင္စပ္နားဆိုေတာ့ ေလေအးေတြကသစ္ေတာစိမ္းနဲ႔ေရာယွတ္ကာစိတ္အစုံလန္းဆန္းသြားေစသည္။

ေရတံခြန္ရႈခင္းၾကည့္ဖို႔ ျမစ္ကမ္းေဘးေနရာေတြကေနရႈေမၽွာ္ခင္းၾကည့္သည့္ေနရာေတြလုပ္ထားေပးငည္မလို႔ Taeနဲ႔ထိုေနရာေတြဖက္ကိုေလၽွာက္သြားကာ အမွတ္တရဓာတ္ပုံေလးပါရိုက္ျဖစ္ေသးသည္။

"Jungkook Jungkook ငါ့ကိုေရတံခြန္ႀကီးေနာက္ခံထားၿပီးရိုက္ေပး"

ဓာတ္ပုံရိုက္ရတာလဲအလြန္ဝါတနာပါပုံေပၚသည္။ သူ႔မွာယူလာသည့္ကင္မရာလက္ထဲကမခ်ရ။ သူကင္မရာယူလာေတာ့ အစ္ကိုေပါက္စတို႔ကဓာတ္က်ေတာ့တာေပါ့။ ဒါေပမဲ့လဲ ဒါကပင္Jungkookအႀကိဳက္မဟုတ္ပါလား။ Taeပုံေလးေတြသူ႔ကင္မရာထဲသိမ္းထားၿပီးသားျဖစ္သည္ေလ။

"Jungkook ဟိုရဲတိုက္ႀကီးထဲဝင္လည္လို႔ရတယ္ဆို ဝင္ၾကည့္ရေအာင္ေလ"

ေရတံခြန္ကေနခပ္လွမ္းလွမ္းက ျမင္ေနရသည့္ေရွးေဟာင္းရဲတိုက္ႀကီးကိုၾကည့္ၿပီးTaehyungကေျပာေတာ့ Jungkookမွာထိုရဲတိုက္ထဲဝင္လည္ဖို႔ဖုန္းထုတ္ကာရွာၾကည့္ရျပန္သည္။

"Taeဝင္ၾကည့္ခ်င္လို႔လား? အဲ့တာဆိုခဏေနာ္ အဲ့ဖက္သြားဖို႔လမ္းၾကည့္ေပးမယ္"

Jungkookတစ္ဖက္သို႔လွည့္ၿပီး ဖုန္းၾကည့္ေနတုန္းTaehyungလည္းသူ႔ဖုန္းေလးထုတ္ကာ ရႈခင္းေတြတဖ်က္ဖ်က္နဲ႔ရိုက္လို႔မဝနိုင္ေသး။ ျဖစ္နိုင္လၽွင္ဒီလိုသာယာလွပလြန္းသည့္ ရႈခင္းမ်ိဳးကိုမ်က္လုံးနဲ႔ဓာတ္ပုံရိုက္ၿပီးဦးေႏွာက္ထဲထည့္သိမ္းထားခ်င္မိသည္အထိပင္။

JungkookလဲTaehyungဖက္သို႔ျပန္အလွည့္ ၾကည့္လိုက္ေတာ့သူ႔အနားမွာအစ္ကိုေပါက္စမရွိေတာ့။ ဘယ္ေရာက္သြားပါလိမ့္?

ဟိုဟိုဒီဒီမ်က္စိကစားၿပီးရွာေတာ့မွ ေတြ႕ပါၿပီ ခပ္လွမ္းလွမ္းတစ္ေနရာမွာဆံပင္ေရႊေရာင္နဲ႔နိုင္ငံျခားသူအလွေလးေတြကိုဓာတ္ပုံရိုက္ေပးေနတာ။

"Tae!"

သူေအာ္လိုက္ေတာ့ တုန္ခနဲ႔လန႔္သြားသည့္ခႏၶာကိုယ္ေလးကိုျမင္ေတာ့သဝန္တိုေနသည့္ၾကားထဲကအူယားသြားရျပန္သည္။ ကင္မရာကိုဓာတ္ပုံရိုက္ခိုင္းသည့္နိုင္ငံျခားသူေလးေတြဆီျပန္ေပးရင္း သူ႔အနားသို႔လိမ္ဖယ္လိမ္ဖယ္ႏွင့္ေရာက္လာသည္။

"ကၽြန္ေတာ္ကလိုက္ရွာေနတာ ႐ုတ္တရက္ႀကီးေပ်ာင္သြားေတာ့စိတ္ပူသြားတာကို"

"မဟုတ္ပါဘူး သူတို႔ကငါ့ကိုဓာတ္ပုံရိုက္ေပးဖို႔အကူအညီေတာင္းတာနဲ႔ ငါလဲရိုက္ေပးေနတာပါ"

ႏႈတ္ခမ္းေလးတစူစူနဲ႔ရွင္းျပေနေတာ့လဲ သူ႔မွာမေနနိုင္ျပန္။

"ရဲတိုက္ထဲသြားရေအာင္ေလ ၿပီးရင္ဟိုဖက္ေရတံခြန္အေနာက္ဖက္မွာ Steakဆိုင္ေကာင္းေကာင္းတစ္ခုရွိတယ္ ေန႔လည္စာစားၾကမယ္ေနာ္"

"အင္း အင္း ျမန္ျမန္သြားရေအာင္"

-----

ရဲတိုက္ႀကီးထဲလည္ပတ္ၿပီး ေန႔လည္စာစားၿပီးေတာ့ဗိုက္တင္းသြားသည့္Taehyung ေၾကာင့္ ေရတံခြန္ႀကီးစီးဆင္းရာျမစ္ကိုျဖတ္ေဆာက္ထားသည့္ တံတားႀကီးေပၚသို႔လမ္းေလၽွာက္ထြက္လာၾကျဖစ္သည္။

တိမ္ေတြထူထပ္ကာ အုံ႔ဆိုင္းေနသည့္ရာသီဥတုမလို႔အနည္းငယ္ခ်မ္းစိမ့္စိမ့္ျဖစ္ေနသည္။ ထို႔ျပင္ေလကတျဖဴးျဖဴးနဲ႔တိုက္ေနေသးေတာ့ Taeရဲ့ပြေယာင္းေယာင္းဆံပင္ေလးေတြဟာ တလြင့္လြင့္ႏွင့္စုတ္ဖြားေလးျဖစ္ေနသည္။

ျမစ္ကိုျဖတ္ေဆာက္ထားသည့္ ေက်ာက္တံတားႀကီးျဖစ္တာေၾကာင့္ လမ္းကအေတာ္ေလးပင္ေလၽွာက္ရသည္။ ေန႔လည္စာစားခ်ိန္ျဖစ္တာေၾကာင့္ တံတားႀကီးေပၚတြင္လည္းလူအနည္းငယ္ကလြဲၿပီး သိပ္မရွိ။

ႏွစ္ေယာက္သားဓာတ္ပုံရိုက္လိုက္ စကားေျပာလိုက္ျဖင့္လမ္းေလၽွာက္လာရာ တံတားတစ္ဝက္ေလာက္ေရာက္ေတာ့အစ္ကိုေပါက္စကေမာေနၿပီထင္ပါရဲ့။ တံတားေဘာင္ေလးေပၚမွီၿပီး ေဟာဟဲစိုက္ကာအေမာေျဖေနေလသည္။

ေက်ာ္ပိုးအိတ္ထဲထည့္လာသည့္ ေရဘူးေလးကိုဖြင့္ေပးကာတိုက္ေတာ့တဂြတ္ဂြတ္နဲ႔ေမာ့ေသာက္ျပန္သည္။

ေခၽြးေလးေတြစို႔ေနသည့္ နဖူးျပင္နားထင္စပ္ေလးနားကိုလက္ေလးနဲ႔သုတ္ေပးေတာ့ေခါင္းေလးပင္ေမာ့ေပးကာၿငိမ္ခံေနသည္။

ေလတိုက္ေနသည္မလို႔ ဆံပင္ေလးေတြကလြင့္ကာလန္ေနသည္။ မ်က္ႏွာရွင္းရွင္းကေလးကလည္း ရာသီဥတုေအးေအးေၾကာင့္ေျပာင္တင္းတင္းကေလးျဖစ္ေနသည္။

သူ႔ကိုၾကည့္ေနသည့္မ်က္လုံးလက္လက္ကေလးေတြကိုေငးေမာကာၾကည့္မိေတာ့ ခ်စ္သည္စိတ္တို႔ကတဖြဖြႏွင့္ပို၍ပင္တိုးလာသည္။ မ်က္စိေရွ႕ကလူသားကေလးကို သူ႔အပိုင္ျဖစ္ေစခ်င္သည္။

ငယ္ငယ္ကတည္းကစြဲလန္းျမတ္နိုးခဲ့ရသည့္ငယ္ခ်စ္ဦးမလို႔ သူမ်ားအပိုင္ျဖစ္သြားမွာကိုလည္းေသေလာက္ေအာင္ေၾကာက္ရြံ့မိသည္။

"Jun..Jungkook"

သူဘယ္ေလာက္ထိပင္ ေငးစိုက္ၾကည့္ေနမိသြားလဲမသိTaeဆီမွအသံေလးထြကိလာေတာ့မွသတိျပန္ဝင္လာသည္။ သူ႔အၾကည့္ေတြကိုမရဲတရဲေလးျပန္ေမာ့ၾကည့္ေနၿပီး ပါးျပင္လုံးလုံးေလးႏွစ္ဖက္ကပန္းေရာင္ေလးသန္းေနၿပီမလို႔ Jungkookမွာၾကည့္ေနရင္ပင္ရင္ဘတ္ထဲလိပ္ျပာေတြတဖ်က္ဖ်က္ပ်ံသန္းသြားသလိုပင္။

ဒီအစ္ကိုေပါက္စက သူ႔ႏွလုံးသားကိုအျပဳအမူမ်ိဳးစုံနဲ႔သူျပဳစားထားသည့္ကေဝဆိုးေလး။ ဒီအစ္ကိုေပါက္စေလးေၾကာင့္ သူ႔မွာရင္ခုန္ရ အသည္းယား အူယားရ ရင္တုန္ရနဲ႔ Jungkookတစ္ေယာက္မခံစားဖူးသည့္အရာပင္ မရွိေတာ့ေပ။

ပန္းႏုေရာင္သန္းေနသည့္ပါးျပင္ေလးကို လက္တစ္ဖက္ျဖင့္အသာအုပ္ကိုင္လိုက္ေတာ့ Taehyungတစ္ေယာက္တြန႔္ခနဲလန႔္ဖ်န႔္သြားေလသည္။

Jungkookကဘာစကားမၽွမဆိုပဲ သူ႔မ်က္ဝန္းေတြကိုသာနင့္နင့္သည္းသည္းစိုက္ၾကည့္ေနသည္မလို႔ ရင္ဘတ္ထဲႏွလုံးခုန္ႏႈန္းေတြကမိုင္ကုန္ျမန္လာသည္။

Jungkookရဲ့လက္တစ္ဖက္ကသူ႔လက္တစ္ဖက္ကို ဆုပ္ကိုင္ထားရင္း က်န္တစ္ဖက္ကသူ႔ပါးျပင္ေတြေပၚအုပ္ကိုင္ထားသည္မလို႔တလွပ္လွပ္ျဖစ္ေနသည့္ စိတ္ခံစားခ်က္တို႔ေၾကာင့္ အသက္ရႈေတာင္မဝခ်င္ေတာ့။

ဆုပ္ကိုင္ခံထားရသည့္လက္ဖဝါးဆီကအေႏြးဓာတ္ေၾကာင့္ ထိုလက္တစ္စုံကိုသူကိုယ္တိုင္ပင္ယုံၾကည္အားကိုကာျပန္လည္ဆုပ္ကိုင္ေနမိသည္မွာလည္း မည္သို႔ေသာတြန္းအားေၾကာင့္မွန္းမသိ။

"Tae"

"အင္း"

တစ္ေယာက္မ်က္ဝန္းေတြကို တစ္ေယာက္မလြတ္တမ္းစိုက္ၾကည့္ရင္းမ်က္လုံးေတြထဲမွာအေျဖရွာေနမိၾကသည္။

"SeriesထဲကJeon Jungkookလိုမ်ိဳး Taeတစ္ဘဝလုံးကိုကိုယ့္ကိုေစာင့္ေရွာက္ခြင့္ေပးနိုင္မလား?"

သူေျပာလိုက္ေတာ့ ပန္းေရာင္သန္းေနသည့္ပါးျပင္ေလးေတြ ဟာနီတြတ္တြတ္ေလးေတြျဖစ္ကုန္သည္။

"SeriesထဲJeon Jungkookလိုမ်ိဳးTaeအတြက္ နားလည္မႈၾကင္နာမႈေတြနဲ႔ခ်စ္ျမတ္နိုးေပးတဲ့Jeon Jungkookျဖစ္ခြင့္ရခ်င္တယ္...Taeကိုအမ်ားႀကီးသေဘာက်ေနမိတာမလို႔ Taeကိုျမင္ရင္ႏွလုံးတစ္ခုလုံးေပါက္ထြက္မတတ္ကိုခ်စ္ေနမိတာမလို႔ TaeေရာSeriesထဲကလိုကိုယ့္ရဲ့Jeon Taehyung ျဖစ္ေပးနိုင္မလား?"

Jungkookေျပာတာကို Taehyungမွာၾကားတခ်က္မခ်က္။ Jungkookေျပာေနတာေတြကိုနားလည္ေပမဲ့ ခံစားခ်က္ေတြရႈပ္ေထြးေနသည္။ သူဘယ္လိုခံစားေနရလဲသူမသိေတာ့ဘူး။ သူဘာစကားမွျပန္မေျပာနိုင္ေလာက္ေအာင္ ရင္ခုန္ေနတာပဲသိသည္။ ဘာျပန္ေျပာရမယ္ဆိုတာလဲသူမသိေတာ့။

"Jun..Jungkook မ ေနာက္ပါနဲ႔... ဟို ငါ ဘာျပန္ေျပာရမလဲမသိဘူး"

ရွက္ရဲရဲမ်က္ႏွာေလးက ကေယာင္ေျခာက္ျခား။ သူ႔အၾကည့္ေတြကိုဟိုလႊဲဒီလႊဲႏွင့္။

"ကိုယ္ေနာက္ေနတာမဟုတ္မွန္းTaeသိပါတယ္"

Taehyungမွာၾကက္သီးေမႊးညႇင္းေလးေတြပင္ထသြားမိသည္။ သူ႔ကိုဆိုအျမဲတမ္း'ကၽြန္ေတာ္'လို႔သုံးသည့္ေကာင္ေလးက အခုလို'ကိုယ္'လို႔သုံးလိုက္သည့္အခါTaehyungမွာ အာကာသထဲလြင့္သြားသလိုခံစားခ်က္မ်ိဳးျဖစ္သြားရသည္။

တစ္ဆက္တည္းမွာပဲ ထိုနာမ္စားေလးသုံးလိုက္သည့္ ေကာင္ေလးကိုယုံၾကည္အားကိုးခ်င္စိတ္တို႔ကတြဲလ်က္ျဖစ္ေပၚသည္။

"ခ်စ္တယ္"

သူဖြင့္ေျပာလိုက္ေတာ့ ဝိုင္းခနဲျဖစ္သြားသည့္မ်က္လုံးေလးေတြကတအံ့တဩျဖင့္သူ႔အားၾကည့္လာသည္။ မ်က္လုံးေလးေတြေရာ ပါးစပ္ေလးပင္ဟသြားသည္အထိအံ့ဩတႀကီးျဖစ္ေနသည့္အစ္ကိုေပါက္စရဲ့ မ်က္ႏွာအစိတ္အပိုင္းတစ္ခုခ်င္းကိုလိုက္ၾကည့္ေနမိသည္။

ႏႈတ္ခမ္းရဲရဲေလးေတြဆီသို႔သူ႔အၾကည့္ေရာင္မိေတာ့ သူဆုပ္ကိုင္ထားသည့္အစ္ကိုေပါက္စရဲၾလက္ကေလးေတြကတင္းခနဲျဖစ္ကုန္သည္။

အုပ္ကိုင္ထားဆဲမ်က္ႏွာေလးနားသို႔ တျဖည္းျဖည္းခ်ဥ္းကပ္မိေတာ့မလႈပ္မယွက္ျဖင့္ၿငိမ္ရပ္ေနဆဲအစ္ကိုေပါက္စေၾကာင့္ သူ႔မွအသည္းယားစြာျပဳံးလိုက္မိေသး။

မ်က္ႏွာကေလးကိုလည္တိုင္ကေလးကေနအသာဆြဲယူကာ ပိုမိုနီးကပ္သည္အထိနီးကပ္သြားေတာ့ အလိုက္တသိႏွင့္မွိတ္က်သြားသည့္မ်က္ခြံေလးေတြ။

ထိကပ္႐ုံကေလးႏွင့္ပင္ ႏႈတ္ခမ္းသားေႏြးေႏြးေလးသည္သူ႔ရင္ကိုေျဗာင္းဆန္ေစသည္။ ခါးေလးကိုဆြဲဖက္ကာ အနမ္းေတြကိုပိုမိုနင့္သည္းစြာေပးမိေတာ့ အစ္ကိုေပါက္စမွာေျခေထာက္ေတြပင္မခိုင္ခ်င္ေတာ့ သူ႔ရင္ခြင္ထဲေပ်ာ့ေခြေနေလၿပီ။

ခ်စ္တယ္... ခ်စ္ရသူကိုရင္ခြင္ထဲမွာေထြးေပြ႕ရင္းႏႈတ္ခမ္းသားေလးေတြကို ၾကင္နာမိလိုက္သည့္တစ္ခဏအတြင္းေလးမွာ ပိုမိုေသခ်ာသြားသည့္ခံစားခ်က္ေတြ။ သူ႔အပိုင္ သူ႔လူျဖစ္ရမည္ဆိုသည့္ေသခ်ာျခင္းေတြ။

-----

တစ္ဖက္မွာလည္း မန္ေနဂ်ာHoseokမွာအိမ္မွာအနားယူေနတုန္းကုမၸဏီက ေခၚတာေၾကာင့္ေျပးရျပန္သည္။

CEOႏွင့္PDႀကီးကTaehyungအတြက္ scheduleေတြနဲ႔ပက္သက္ၿပီးေခၚေျပာေနတာေၾကာင့္သူ႔မွာရင္တမမ။

"Taehyungကဆိုးလ္ကိုဘယ္ေန႔ျပန္ေရာက္မွာလဲ မန္ေနဂ်ာJung"

"အာ ဟုတ္ကဲ့ဒီေန႔ညေနျပန္ေရာက္မွာပါ ရိုက္ကူးေရးကလဲဒီတစ္ပတ္ေနာက္ဆုံးဆိုေတာ့ ေနာက္တစပတ္ကစၿပီးFanmeetingေတြနဲ႔ promotionsေတြရွိေသးတာမလို႔..."

သူေျဖေတာ့ CEOက​ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္နားေထာင္သည္။ အသက္ေလးဆယ္ေက်ာ္ဝန္းက်င္သာရွိေသးသည့္Dreamရဲ့CEOသည္ ထက္ျမက္သည္ ေအာင္ျမင္သည္ဆိုသည့္ဂုဏ္ပုဒ္ေတြႏွင့္အတူ စီးပြားေရဆန္သည္ ကုမၸဏီစည္းကမ္းတင္းၾကပ္လြန္းသည္ဆိုသည့္နာမည္ဆိုးကလည္းရွိေသးသည္။

"Kim Taehyungကအလားအလာရွိတဲ့ကေလးပါ အခုဆိုသူ႔ကိုကမ္းလွမ္းလာတဲ့ေၾကာ္ျငာေတြ ဇာတ္ကားေတြအမ်ားႀကီးပဲ... အသစ္ဆိုေပမဲ့သူ႔ေၾကာင့္ငါတို႔ကုမၸဏီရွယ္ယာေတြတက္လာတာသိသိသာသာပဲ"

Hoseokကေတာ့ ဘာေျပာခ်င္မွန္းမသိသည္မလို႔နားပဲေထာင္ေပးေနလိုက္သည္။

"သူျပန္ေရာက္ရင္ မန္ေနဂ်ာJungနဲ႔အတူကူဖို႔ေနာက္ထပ္မန္ေနဂ်ာတစ္ေယာက္ထပ္တြဲထည့္ေပးထားမယ္ ေနာက္ဆိုပိုပင္ပန္းၾကမွာဆိုေတာ့..."

"Nae"

"ၿပီးေတာ့ အခုရိုက္ေနတဲ့seriesပရိုမိုရွင္းေတြကေတာ့ေသခ်ာလုပ္ေပးရမွာ အဲ့seriesကရတဲ့အျမတ္ေတြကမထင္ထားေလာက္ေအာင္ပဲ... Kim Taehyungျပန္ေရာက္ရင္မနက္ျဖန္ကုမၸဏီကိုလာဖို႔ေျပာလိုက္ "

"Nae CEO nim"

Hoseokလည္းတထိတ္ထိတ္နဲ႔ျပန္လာသာလာရတယ္စိတ္ကမေအး။ CEOကTaehyungဟိုမွာJungkookနဲ႔က်န္ခဲ့တာသိေတာ့မသိေလာက္။

ဒါေပမဲ့သူ႔စိတ္ထဲအလုံးႀကီးခံေနသလို မေအးမခ်မ္းျဖစ္ေနတာဘာလို႔ပါလိမ့္?

-----TBCWith Love 💜||Tae_For_Jeon Jeon_To_Tae||A/N : အဟြန္း🌚

*အေရးေတာ္ပုံ ေအာင္ရမည္*

----

There are no comments yet. Log in to be the first to leave a review!

Similar stories