Fanfics

(( 11 ))

11:41, 11 August 2021

Unicode

"Special episode??"

Jungkookကသောက်လက်စရေဘူးလေးကိုအဖုံးသေချာပြန်ပိတ်ရင်း တအံတဩနှင့်Seokjinကိုမေးသည်။

"အင်း Seriesကစထုတ်လွှင့်ပြသချင်းအပတ်မှာတင်ratingလဲမထင်မှတ်ထားအောင်ကိုကောင်းနေတာရယ် လတ်တလောတောင်ကိုးရီးယားအပါအဝင်အာရှနိုင်တွေမှာပါHitဖြစ်နေတာကြောင့် Bonus Episodeသဘောမျိုးပေါ့ ..."

Jungkookနဲ့Taehyungမှာ ဒါရိုက်တာSeokjinရဲ့စကားတွေကို မျက်လုံးပြူးမျက်ဆန်ပြူးလေးတွေဖြင့်နားထောင်နေကြသည်။ တကယ်ပဲသူတို့ကြိုးစားမှုတွေက မထင်ထားလောက်သည်ထိအရာထင်ခဲ့ပြီလေ။

"ဇာတ်ညွှန်းကရော? "

"ဇာတ်ညွှန်းကမနက်ဖြန်Eunwooပို့ပေးလိမ့်မယ် မင်းတို့မန်နေဂျာတွေကိုလဲ ပြောထားတယ်"

Seokjinကပြောတော့Taehyungကတော့ခေါင်းလေးသာငြိမ့်ပြသည်။ သူရဲ့ကြိုးစားမှုအတွက် ဒီလိုအောင်မြင်ကျော်ကြားရကာ နိုင်ငံတကာကFanတွေအများကြီးရရှိလာတာတကယ်ပင်ဝမ်းသာစရာပင်။

"ဒါဆိုSpecial episodeမှာ ဘာအကြောင်းအရာတွေပါမှာလဲ?"

Jungkookကမေးတော့ Jinကမျက်မှောင်တချက်ကြုံ့လိုက်ကာ ဇာတ်ညွှန်းပုံစံကိုတချက်ပြန်စဉ်းစားနေသည်။

"အင်း... အဲ့တာက"

"Taeကနောက်ထပ်ကလေးလေးတွေမွေးအုံးမှာလား?"

"Yah ! Yah!"

အလိုက်မသိပါးစပ်ထသရမ်းနေတဲ့ Jungkookကိုလက်ထဲကဇာတ်ညွှန်းစာရွက်လိပ်နဲ့ Seokjinကတဖတ်ဖတ်နဲ့ရိုက်တော့ ပတ်ပြေးနေလေရဲ့။ သူဖြစ်ချင်တာတွေလျှေက်ပြောနေတာ တကယ့်ဇာတ်လမ်းတောင်Seokjinမှာ မေ့ချင်ချင်ဖြစ်သွားရသည်။

Taehyungကတော့ လှစ်ခနဲဘယ်ရောင်သွားလဲတောင်မသိလိုက်ရ။ ပြောလိုက်ရင်အလုံးလိုက်အတစ်လိုက်နဲ့ သူ့အချစ်တော်လေးကမရှက်တတ်ဘူးဆိုတော့။ အခုတောင် မျက်စိရှေ့တင်ရှက်သွားပြန်ပြီနေမှာ။

" မင်းအဲ့လိုမဟုတ်ကဟုတ်တွေကြပ်ကြပ်ပြော အင်တာဗျူးတွေမှာလဲ ပါးစပ်ကလျှောက်အကျင့်ပါနေအုံးမယ်"

"တစ်ချိန်ကျအမှန်တွေဖြစ်မှာပဲ ဘယ်သူ့ဂရုစိုက်ရမှာလဲ?"

အမလေး Jinသွေးတက်။ ပြန်ပြောနေသည့်အငယ်ကောင်ရဲ့မျက်နှာပေးက ဆွဲကုပ်ချင်စရာ။ ချစ်စရာညီက ဒီတစ်ယောက်ပဲရှိလို့တော်သေးသည်။ တစ်ဦးတည်းသောညီလေးမလို့ အရမ်းဆိုးပါသည်။

------

ညပိုင်းထိရောက်နေပေမဲ့ ရှုတင်ကမပြီးသေး။ ဒီနေ့ညsceneက တခြားsceneတွေထက်နှစ်ယောက်လုံးemotionalဖြစ်ရမဲ့scene နှစ်ယောက်သားစကားများရန်ဖြစ်ကြသည့်sceneမလို့ နည်းနည်းတော့အခက်တွေ့သည်။

သရုပ်ဆောင်အတွေ့အကြုံရှိပြီးသားTaehyungထက် Jungkookကmoodမဝင်တာကြောင့် ပြန်ပြန်ရိုက်နေရခြင်းဖြစ်သည်။

"ပြန်စမယ် Ready 1 2 3 Action!"

"မင်းပါးစပ်ကိုပိတ်လိုက်တော့Tae! ....."

Jungkookက Jinwooတဖြစ်လဲ Jeon Juwonလေးကိုလက်ထဲတွင်ချီပွေ့ထားလျက် Taehyungကိုအော်သည်။ ကလေးကလည်း ဉာဏ်သွက်လက်သည့်ကလေးပေမို့သရုပ်ဆောင်နေသည်ကို လိုအပ်သည့်ငိုမဲ့မဲ့မျက်နှာလေးကိုရအောင် သရုပ်ဆောင်ပေးနိုင်သည်။

"ဘာလို့Taeကိုရောနားမလည်ပေးနိုင်ရတာလဲမောင်?......"

ကင်မရာတစ်လှည့်စီဖြင့် နှစ်ယောက်စလုံးရဲ့ပထမပိုင်းdialogueတွေနဲ့sceneတွေရိုက်ပြီးတော့ Wonလေးရဲ့sceneကိုသီးသန့်ရိုက်နေကြသည်မလို့Jungkookကတော့ကလေးကိုချီထားဆဲ။ Taehyungကတော့သူ့sceneမပါသေးသည်မလို့ ရိုက်ကူးရေးလုပ်နေသည့်ကင်မရာတွေဆီကနေထွက်လာပြီး ခပ်လှမ်းလှမ်းကထိုင်ကြည့်နေသည့်Yeonjunဆီသွားသည်။

သူ့ကိုတွေ့တော့ Yeonjunကအရမ်းမိုက်တယ်ဆိုပြီး လက်မလေးတွေထောင်ပြနေသည်မလို့ သူ့မှာသဘောကျစွာပြုံးလိုက်မိသေး။

ဒီကောင်လေးက တကယ်ကိုချစ်စရာလေး ရိုက်ကူးရေးစကတည်းကSupporting roleဆိုပေမဲ့ သူနဲ့အတူmain scenesတွေလည်း တော်တော်များများပါသည်မလို့တကယ်ဆက်ဆံပြောဆိုရအဆင်ပြေသည့်ကောင်လေးပင်။ Yeonjunieကိုတော့ဖြင့် သူdramaတွေရိုက်ခဲ့တလျှောက်လုံးတခြားseriesတွေကသရုပ်ဆောင်တွေထက်ပင် ပိုပြီချစ်ခင်မိသည်။

"Cut! Aigoo ငါတို့Jinwooလေးကအရမ်းတော်တာပဲ ... ကဲကဲကောင်မလေးတွေ ကလေးကိုအငိုတိတ်အောင်လုပ်ပေးလိုက်ကြ"

ဒါရိုက်တာကြီးအသံကြားတော့မှ သူလဲသူ့sceneအတွက် ပြန်ပြင်ဆင်ရတော့သည်။ ကလေးငိုသည့်အခန်းပေမလို့ သရုပ်ဆောင်ကာအော်ငိုနေသည့်ကလေးကို တကယ်မျက်ရည်ကျအောင်မျက်ရည်တုအနည်းငယ်သုံးပေးထားရသေးသည်။

ကလေးနဲ့အခန်းတွေက ဒီနေ့ရိုက်ကူးရေးအတွက်ပြီးသွားပြီမလို့Jinwooနဲ့သူ့အမေက ဒါရိုက်တာSeokjinနဲ့ရိုက်ကူးရေးအဖွဲ့သားတွေကို နှုတ်ဆက်ပြီးအရင်ပြန်သွားကြပြီဖြစ်သည်။

ရိုက်ကွင်းသိမ်းတော့ ညဆယ်နာရီကျော်ကျော်ပင်ရှိနေလေပြီ။ ဒီတစ်ညနေလုံးအငိုsceneတွေချည်းမလို့  ရိုက်ကူးရေးလည်းနားရော Taehyungမျက်လုံးမျက်ခွံလေးတွေမှာ ဖောင်းမို့နေလေပြီ။

တစ်ယောက်သီးသန့်Drama sceneတွေရိုက်နေရသည်ဖြစ်တာကြောင့် မျက်ရည်တုကျေးဇူးနဲ့တစ်ညနေလုံးငိုရတာမျက်ရည်တွေကအခုထိ တရစပ်ကျနေဆဲမလို့ မိတ်ကပ်Noonaတွေမှာတစ်ရှုလေးနဲ့သုတ်သုတ်ပေးနေရသည်။

"Hyungရဲ့သရုပ်ဆောင်skillက လုံးဝမိုက်နေရော ကျွန်တော်ပါလိုက်ခံစားနေရတယ်"

ပြန်ဖို့အတွက်မန်နေဂျာHyungကိုစောင့်နေတုန်း Yeonjunကဘေးကနေချီးမွှန်းခန်းဖွင့်နေတာမပြီးစီးတော့။ ဒီညသူ့ကိုမုန့်လိုက်ကျွေးမည်လို့ကတိပေးထားတာကြောင့် သူနဲ့အတူပြန်ရန်ထိုင်စောင့်နေသည့်Yeonjunရယ်ပါ။

Makeup Noonaတွေကလဲပစ္စည်းတွေသိမ်းကာပြန်ကုန်ကြပြီဖြစ်သည်။ အခုဆိုစတူဒီယိုထဲတွင် Staffအချို့လောက်ပဲကျန်တော့သည်။

"Yeonjunieဘာစားချင်လဲ ဆိုင်ရွေးထားလား?"

"ဟင့်အင်း ကျွန်တော်ကဘာနေနေစားလို့ရရင်ပြီးရော Hyungကြိုက်တဲ့ဆိုင်သွား"

"OK hyungလဲဗိုက်ဆာနေပြီအတော်ပဲ ဟော့ပေါ့နဲ့BBQနဲ့စားကြမလား? "

"Yes! ကျွန်တော်လဲဗိုက်ဆာနေတာ စားမယ် စားမယ်"

"အိုကေ Hyungအသိအမဆိုင်ရှိတယ် အခန်းဘိုကင်ယူခိုင်းထားလိုက်မယ်"

ညနေစာကရှုတင်မစခင်ညနေအစောပိုင်းလောက်ကတည်းကစားထားကြသည်မလို့ ပြန်ပြီးဆာလောင်နေကြပြီဖြစ်သည်။ ဖုန်းလေးဖြင့်တတောက်တောိနှင့်မက်ဆေ့တွေပို့ကာမှာပြီး Yeonjunနဲ့စကားပြောနေတုန်း

ထိုစဉ် နားနေခန်းသို့ဝင်လာသည့်Jungkookနှင့် ဒါရိုက်တာSeokjin။

"Taehyung siiဒီနေ့ညရိုက်သွားတဲ့mood အရမ်းအဆင်ပြေတယ် မနက်ဖြန်ထိအဲ့moodဆက်ထိန်းထားပေးနော်"

"Naeကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီး"

ဒါရိုက်တာကြီးကပြောပြီး ထွက်သွားတော့ Jungkookအမြန်ပင်Taehyungဘေးနားလေးဝင်ထိုင်လိုက်သည်။

"အရမ်းပင်ပန်းသွားပြီနော်Tae ဒီနေ့အများကြီးငိုလိုက်ရတယ်မလား?"

ဖောင်းမို့နေသည့် မျက်ခွံလေးတွေပေါ်သို့လက်ထဲကပါလာသည့်ရေခဲpackလေးဖွဖွလေးကပ်ပေးတော့ သဘောကျလို့ထင်သည့်သူ့ရဲ့မူပိုင်boxy smileလေးနဲ့လူကိုပြုံးပြသေးသည်။

"ပင်ပန်းတယ်ပြောရအောင် Taehyungie hyungက မင်းကလေးမွေးပေးထားတာမလို့လား?"

ကြည့် ပြောမှပြောပါ့မလားလို့စောင့်နေတာ။ ဘေးနားကငစွာကောင်။ သူများအတွဲရိုနေရင် ဖျက်လို့ဖျက်ဆီးလုပ်လိုက်ရမှစားဝင်အိပ်ပျော်တဲ့Choi Yeonjun။

"မင်းပဲမွေး"

"မွေးရအောင်ငါက seriesထဲက Kim Taehyungလား?"

"Kim Taehyungမဟုတ်ဘူး Jeon Taehyung။ နာမည်မှန်အောင်ပြော"

ဒီသူငယ်ချင်းနှစ်ယောက်စကားများမှာ Taehyungကြောက်ပါသည်။ အခုလည်းသူတို့ကတော့ပြောနေလိုက်ကြတာ အားရပါရTaehyungကတော့ မျက်နှာပူလွန်းလို့ဘယ်ချောင်ပြေးပုန်းရမလဲချောင်းနေရပြီ။ ဒီလောက်ပါးစပ်ရဲတဲ့နှစ်ယောက်လိုမျိုး သူ့တစ်ခါမှမကြုံခဲ့ဖူးပါလေ။

"မသိဘူး ခေါ်ချင်သလိုခေါ်မှာပဲ"

"ဒါဆိုမင်းကိုChoi Soobinယောကျာ်းလို့ခေါ်မယ်ရလား?"

"Yah! Jeon Jungkookမဆိုင်တာတွေမပြောနဲ့!"

ထိုတစ်ယောက်တစ်ပေါက်ပွစိပွစိအသံတို့သည် Taehyungမန်နေဂျာလာမှရပ်တော့သည်။ နောက်ဆုံးတော့Jungkook မှာTaeနဲ့ကယုကယင်စကားလေးတွေပြောပြီးမရိုလိုက်ရ။ ဖောင်းနေသည့်မျက်လုံးလေးတွေကို အယောင်ကျဖို့ရေခဲpackလေးသာလက်ထဲသေချာထည့်ပေးလိုက်ရသည်။

--------

"Switzerland?"

"အင်း Special episodeရိုက်ကူးရေးကSwitzerlandမှာလုပ်မှာ sceneတွေကိုပေါ့ပေါ့ပါးပါးနဲ့romance သပ်သပ်မလို့နိုင်ငံခြားရိုက်ကူးရေးရှိမယ်"

ကုမ္ပဏီဧည့်တွေ့ခန်းတွင်Jungkookရောက်နေတုန်း Eunwooကလာပြောပြနေခြင်းပင်။

Jungkookကဒီရက်ပိုင်း Comback albumအတွက်အသံသွင်းဖို့ရှိတာကြောင့် ရိုက်ကူးရေးနားထားရသည်။ Idolတစ်ယောက်အဖြစ်နဲ့တောင်ပုံမှန်ဆိုအလုပ်တွေမအားတာ အခုလိုseriesရိုက်နေဆဲကာလမှာComebackအတွက်ပါလုံးပန်းနေရတော့ သူ့မှာအရင်လိုအစ်ကိုပေါက်စလေးနားမကပ်အား။ မျက်နှာလေးပင်မတွေ့ရတာရက်ပိုင်းရှိနေပြီ။

"ဘယ်တော့လောက်လဲ နောက်အပတ်ထဲကငါကဂျပန်မှာFansignရှိသေးတယ် ဒီကရိုက်ကူးရေးတွေနဲ့တောင်scheduleတွေမညှိရသေးဘူး"

"ရတယ် အဲ့ကိစ္စကမင်းဂျာကြီးနဲ့CEOရယ် Jin hyungရယ်ညှိပေးလိမ့်မယ် Special episodeရိုက်ကူးရေးကလဲနောက်ပတ်ထဲလောက်ဖြစ်မှာဆိုတော့ မင်းJapan fansignကနေတန်းလာလို့ရအောင်ရက်ညှိဖို့ပြောပေးမယ်"

"အင်း အဲ့တာအဆင်ပြေပါတယ် Taeကိုမြန်မြန်တွေ့ချင်နေပြီကွာ ...ကျစ် Comebackကလဲဒီကာလကြီးမှာတဲ့"

"အပိုတွေမင်းကတော့ မတွေ့တာရက်ပိုင်းရှိသေးတာကို Choi Yeonjunပြောတာလဲမပြောနဲ့ မင်းကိုကကဲတာ"

Eunwooကပါစနေပေမဲ့ Jungkookမှာမအီမလည်သာပြုံးနိုင်သည်။

ကိုယ့်ချစ်ရသူလေးကိုလွမ်းတာ ကိုယ်ပဲသိတယ်။ရည်းစားမရှိတဲ့ကောင်တွေက ဘယ်ခံစားဖူးမလဲ? ကိုယ်ကသူတို့ထက်အဆင့်မြင့်တယ် ဘဲရှိလူတန်းစား။ သူတို့နဲ့ပြိုင်မပြောနေတော့ဘူး။

------

Taehyungမှာရိုက်ကွင်းမသွားခင် မနက်ပိုင်းကုမ္ပဏီကခေါ်သည်မလို့မန်နေဂျာHyungနဲ့ကုမ္ပဏီသို့ပြေးရသည်။

CEOရုံးခန်းသို့ရောက်တော့ CEOအပြင်နောက်ထပ်suitအပြည့်အစုံနဲ့လူတစ်ဦးပါရှိနေသည်။ သူလဲနှုတ်ဆက်ပြီးဝင်ထိုင်တော့ CEOဟာ သူမထင်မှတ်လောက်သည့်စကားတို့ကိုဆိုတော့သည်။

"Taehyungကိုမိတ်ဆက်ပေးမလို့ ဒါကDream Entertainment Companyရဲ့ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ဒါရိုက်တာLee Dong Minတဲ့"

"Nae တွေ့ရတာဝမ်းသာပါတယ် Kim Taehyungပါ"

ဘာကြောင့်မှန်းမသိပေမဲ့ CEOကမိတ်ဆက်ပေးတော့လဲမသိတဲ့လူမလို့ ယဉ်ယဉ်ကျေးကျေးသာနှုတ်ဆက်လိုက်ရသည်။

"ငါတို့အခုမင်းကိစ္စလေးပြောနေတာ အင်း ... မင်းသဘောကိုမေးမလို့ပေါ့နော် လုပ်တာမလုပ်တာကတော့မင်းပဲဆုံးဖြတ်ပေါ့"

CEOထိုသို့ပြောရင် Taehyungရင်ထိတ်ရပါသည်။ အမြဲTaehyungသဘောဆိုပြီးရွေးချယ်ခိုင်း ပြီးလျှင်သူခိုင်းတဲ့အတိုင်းပဲလုပ်ခဲ့ရတာတွေချည်းပဲမဟုတ်ပါလား။ အခုကရော ဘာထပ်ဖြစ်ချင်ပြန်ပြီလဲ?

"မင်းကိုtransferလုပ်ပေးမလို့ Dreamကို"

Taehyungရင်ထဲဒိန်းခနဲ။ JSနဲ့သူ့ရဲ့စာချုပ်မှမပြည့်သေးတာကို။ တခြားသို့ပြောင်းလျှင် သူစာချုပ်လျော်ကြေးပေးရမှာပေါ့။ အခုထိဘာပြဿာနာမှလဲမဖြစ်တဲ့သူ့ကိုဘာကြောင့်များ...

"Nae?? ဘာလို့လဲ? ကျွန်တော့်စာချုပ်သက်တမ်းက..."

"စာချုပ်ကစိတ်မပူပါနဲ့ မင်းလျော်ရမဲ့လျော်ကြေးရဲ့အဆပေါင်းများစွာDreamကပေးပြီးတော့ကိုမင်းကိုကမ်းလှမ်းထားတာမလို့"

သူနားမလည်တော့။ သူ့ကိုအရုပ်တစ်ရုပ်လိုဟိုဝယ်ဒီရွှေ့လုပ်နေကြတာ။ ဒီအေဂျင်စီနဲ့လဲအဆင်ပြေပါလျက်နဲ့ ဘာကြောင့်များသူ့ကိုDreamကိုဇွတ်ပို့နေတာပါလိမ့်?

Dreamဆိုတာနာမည်ကြီး သရုပ်ဆောင်တွေမွေးထတည်ပေးတဲ့Entertainmentကြီးပင်။ တစ်နည်းအားဖြင့်ပြောရပါလျှင် Jimin hyungလက်တွဲထားသည့်အေဂျင်စီ။ JSနဲ့အပြိုင်လို့လဲပြောရလောက်သည့်ကုမ္ပဏီ။ သက်တမ်းအားဖြင့်ဆို DreamကJSထက်တောင်ပိုကြာပေလိမ့်မည်။

ထိုကဲ့သို့ကုမ္ပဏီကြီးကကမ်းလှမ်းလာတာဝမ်းသာစရာဆိုပေမဲ့ JSနဲ့လက်တွဲဖြုတ်ရမှာဆိုတော့Taehyungစိတ်ထဲမကောင်းတော့ဖြစ်သွားရသည်။

"ဘာလို့ကျွန်တော့်ကိုကမ်းလှမ်းတာလဲ?"

"အဖြေကရှင်းပါတယ် Taehyung siiကလက်ရှိမှာBecause of Jeon Taehyung the serieနဲ့အရမ်းနာမည်ရလာတာမဟုတ်လား ပြီးတော့ကောင်းကောင်းပျိုးထောင်ပေးလို့ရမဲ့သူမျိုးမလို့ပါ အဲ့တာကြောင့်ကျွန်တော်တို့နဲ့လက်တွဲဖို့စဉ်းစားစေချင်ပါတယ်"

တစ်ဖက်လူပြောလာသည့်စကားတွေကြားပြီး Taehyungမှာတအံ့တဩ။ CEOရှေ့မှာလာပြီး သူ့အမုပညာရှင်ကိုပေါ်တင်ကမ်းလှမ်းနေသည်တဲ့။CEOကလဲဘာမှဝင်မပြော။

"အခုရိုက်လက်စSeriesကရော?"

"စိတါမပူပါနဲ့ အခုရိုက်လက်စseriesကိုထိခိုက်တာဘာမှမရှိစေရဘူး အကုန်ပုံမှန်အတိုင်းပဲဆက်သွားလို့ရတယ် series promotionsတွေဘာတွေစိတ်ပူစရာမလိုဘူးပါဘူး"

Taehyung မှာသက်ပြင်းချရုံမှတပါး...

"ဟင်း...  ကျွန်တော့်ဖက်ကနစ်နာစရာမှမရှိတာ။ CEOဖက်ကအဆင်ပြေတယ်ဆို ကျွန်တော်ရှေ့လျှောက်Dreamနဲ့ အကောင်းဆုံးလက်တွဲလုပ်ကိုင်သွားချင်ပါတယ်"

Taehyungပြောလိုက်တော့ အဆင်ပြေသွားလို့ဝမ်းသာသွားကြသည့်မျက်နှာတွေ။

"ဒါဆိုစာချုပ်ချုပ်ဖို့ ကျွန်တော်တို့ထပ်ပြီးဆက်သွယ်လိုက်ပါ့မယ်"

မန်နေဂျာဟန်ကတော့သူ့ကလေးကိုသာ စိတ်မကောင်းကြီးစွာကြည့်နေတော့သည်။

လုပ်ငန်းရှင်တွေများ သိပ်အမြတ်ထုတ်ဂုပ်သွေးဆုပ်ကြတာ။ တကယ်ကTaehyungကအတော်လေးနာမည်ကြီးလာပြီဖြစ်တာကြောင့် တစ်ဖက်ကုမ္ပဏီကနောက်ဆို Taehyungနာမည်နှင့်လုပ်စားတော့မှာမလို့ ဈေးတွေအဆမတန်ပေးပြီးလူကိုဝယ်သလိုလုပ်ပစ်လိုက်ခြင်းဖြစ်သည်။

ငွေကြိုက်သည့်CEOဆိုတဲ့ဘိုးတော်ကတော့ နောင်အခါအောင်မြင်မှုတွေဘာတွေကြည့်မနေ။ စာချုပ်လျော်ကြေးထက်ဆယ်ဆရသည့်အပြင် အခုBecause of Jeon Taehyungကရသမျှအကုန်စားထားပြီမလို့ငွေဝနေခြင်း။

ကိုယ့်ကုမ္ပဏီနဲ့ကိုယ်မဟုတ်တော့ နောက်ဆိုTaehyungလေးအဆင်ပြေပါ့မလား? ဟိုကုမ္ပဏီကစည်းကမ်းကြပ်ပြီး အကြပ်ကိုင်တာနာမည်ကြီးတယ်လို့သူကြားမိသလားပဲ... -----TBCWith Love 💜||Tae_For_Jeon  Jeon_To_Tae||*အရေးတော်ပုံအောင်ရမည်*A/N : အဟွန်းဟွန်းပဲပြောတာလေ ဘာလို့အရမ်းတွေကြောက်သွားကြတာတုန်းရှင့်🌚

Vote & Feedbackလေးတွေတော့ပေးပါ။ ရေးရတာအားရှိအောင်လို့။

----Zawgyi

"Special episode??"

Jungkookကေသာက္လက္စေရဘူးေလးကိုအဖုံးေသခ်ာျပန္ပိတ္ရင္း တအံတဩႏွင့္Seokjinကိုေမးသည္။

"အင္း Seriesကစထုတ္လႊင့္ျပသခ်င္းအပတ္မွာတင္ratingလဲမထင္မွတ္ထားေအာင္ကိုေကာင္းေနတာရယ္ လတ္တေလာေတာင္ကိုးရီးယားအပါအဝင္အာရွနိုင္ေတြမွာပါHitျဖစ္ေနတာေၾကာင့္ Bonus Episodeသေဘာမ်ိဳးေပါ့ ..."

Jungkookနဲ႔Taehyungမွာ ဒါရိုက္တာSeokjinရဲ့စကားေတြကို မ်က္လုံးျပဴးမ်က္ဆန္ျပဴးေလးေတြျဖင့္နားေထာင္ေနၾကသည္။ တကယ္ပဲသူတို႔ႀကိဳးစားမႈေတြက မထင္ထားေလာက္သည္ထိအရာထင္ခဲ့ၿပီေလ။

"ဇာတ္ညႊန္းကေရာ? "

"ဇာတ္ညႊန္းကမနက္ျဖန္Eunwooပို႔ေပးလိမ့္မယ္ မင္းတို႔မန္ေနဂ်ာေတြကိုလဲ ေျပာထားတယ္"

Seokjinကေျပာေတာ့Taehyungကေတာ့ေခါင္းေလးသာၿငိမ့္ျပသည္။ သူရဲ့ႀကိဳးစားမႈအတြက္ ဒီလိုေအာင္ျမင္ေက်ာ္ၾကားရကာ နိုင္ငံတကာကFanေတြအမ်ားႀကီးရရွိလာတာတကယ္ပင္ဝမ္းသာစရာပင္။

"ဒါဆိုSpecial episodeမွာ ဘာအေၾကာင္းအရာေတြပါမွာလဲ?"

Jungkookကေမးေတာ့ Jinကမ်က္ေမွာင္တခ်က္ၾကဳံ႕လိုက္ကာ ဇာတ္ညႊန္းပုံစံကိုတခ်က္ျပန္စဥ္းစားေနသည္။

"အင္း... အဲ့တာက"

"Taeကေနာက္ထပ္ကေလးေလးေတြေမြးအုံးမွာလား?"

"Yah ! Yah!"

အလိုက္မသိပါးစပ္ထသရမ္းေနတဲ့ Jungkookကိုလက္ထဲကဇာတ္ညႊန္းစာရြက္လိပ္နဲ႔ Seokjinကတဖတ္ဖတ္နဲ႔ရိုက္ေတာ့ ပတ္ေျပးေနေလရဲ့။ သူျဖစ္ခ်င္တာေတြေလၽွက္ေျပာေနတာ တကယ့္ဇာတ္လမ္းေတာင္Seokjinမွာ ေမ့ခ်င္ခ်င္ျဖစ္သြားရသည္။

Taehyungကေတာ့ လွစ္ခနဲဘယ္ေရာင္သြားလဲေတာင္မသိလိုက္ရ။ ေျပာလိုက္ရင္အလုံးလိုက္အတစ္လိုက္နဲ႔ သူ႔အခ်စ္ေတာ္ေလးကမရွက္တတ္ဘူးဆိုေတာ့။ အခုေတာင္ မ်က္စိေရွ႕တင္ရွက္သြားျပန္ၿပီေနမွာ။

" မင္းအဲ့လိုမဟုတ္ကဟုတ္ေတြၾကပ္ၾကပ္ေျပာ အင္တာဗ်ဴးေတြမွာလဲ ပါးစပ္ကေလၽွာက္အက်င့္ပါေနအုံးမယ္"

"တစ္ခ်ိန္က်အမွန္ေတြျဖစ္မွာပဲ ဘယ္သူ႔ဂ႐ုစိုက္ရမွာလဲ?"

အမေလး Jinေသြးတက္။ ျပန္ေျပာေနသည့္အငယ္ေကာင္ရဲ့မ်က္ႏွာေပးက ဆြဲကုပ္ခ်င္စရာ။ ခ်စ္စရာညီက ဒီတစ္ေယာက္ပဲရွိလို႔ေတာ္ေသးသည္။ တစ္ဦးတည္းေသာညီေလးမလို႔ အရမ္းဆိုးပါသည္။

------

ညပိုင္းထိေရာက္ေနေပမဲ့ ရႈတင္ကမၿပီးေသး။ ဒီေန႔ညsceneက တျခားsceneေတြထက္ႏွစ္ေယာက္လုံးemotionalျဖစ္ရမဲ့scene ႏွစ္ေယာက္သားစကားမ်ားရန္ျဖစ္ၾကသည့္sceneမလို႔ နည္းနည္းေတာ့အခက္ေတြ႕သည္။

သ႐ုပ္ေဆာင္အေတြ႕အၾကဳံရွိၿပီးသားTaehyungထက္ Jungkookကmoodမဝင္တာေၾကာင့္ ျပန္ျပန္ရိုက္ေနရျခင္းျဖစ္သည္။

"ျပန္စမယ္ Ready 1 2 3 Action!"

"မင္းပါးစပ္ကိုပိတ္လိုက္ေတာ့Tae! ....."

Jungkookက Jinwooတျဖစ္လဲ Jeon Juwonေလးကိုလက္ထဲတြင္ခ်ီေပြ႕ထားလ်က္ Taehyungကိုေအာ္သည္။ ကေလးကလည္း ဉာဏ္သြက္လက္သည့္ကေလးေပမို႔သ႐ုပ္ေဆာင္ေနသည္ကို လိုအပ္သည့္ငိုမဲ့မဲ့မ်က္ႏွာေလးကိုရေအာင္ သ႐ုပ္ေဆာင္ေပးနိုင္သည္။

"ဘာလို႔Taeကိုေရာနားမလည္ေပးနိုင္ရတာလဲေမာင္?......"

ကင္မရာတစ္လွည့္စီျဖင့္ ႏွစ္ေယာက္စလုံးရဲ့ပထမပိုင္းdialogueေတြနဲ႔sceneေတြရိုက္ၿပီးေတာ့ Wonေလးရဲ့sceneကိုသီးသန႔္ရိုက္ေနၾကသည္မလို႔Jungkookကေတာ့ကေလးကိုခ်ီထားဆဲ။ Taehyungကေတာ့သူ႔sceneမပါေသးသည္မလို႔ ရိုက္ကူးေရးလုပ္ေနသည့္ကင္မရာေတြဆီကေနထြက္လာၿပီး ခပ္လွမ္းလွမ္းကထိုင္ၾကည့္ေနသည့္Yeonjunဆီသြားသည္။

သူ႔ကိုေတြ႕ေတာ့ Yeonjunကအရမ္းမိုက္တယ္ဆိုၿပီး လက္မေလးေတြေထာင္ျပေနသည္မလို႔ သူ႔မွာသေဘာက်စြာျပဳံးလိုက္မိေသး။

ဒီေကာင္ေလးက တကယ္ကိုခ်စ္စရာေလး ရိုက္ကူးေရးစကတည္းကSupporting roleဆိုေပမဲ့ သူနဲ႔အတူmain scenesေတြလည္း ေတာ္ေတာ္မ်ားမ်ားပါသည္မလို႔တကယ္ဆက္ဆံေျပာဆိုရအဆင္ေျပသည့္ေကာင္ေလးပင္။ Yeonjunieကိုေတာ့ျဖင့္ သူdramaေတြရိုက္ခဲ့တေလၽွာက္လုံးတျခားseriesေတြကသ႐ုပ္ေဆာင္ေတြထက္ပင္ ပိုၿပီခ်စ္ခင္မိသည္။

"Cut! Aigoo ငါတို႔Jinwooေလးကအရမ္းေတာ္တာပဲ ... ကဲကဲေကာင္မေလးေတြ ကေလးကိုအငိုတိတ္ေအာင္လုပ္ေပးလိုက္ၾက"

ဒါရိုက္တာႀကီးအသံၾကားေတာ့မွ သူလဲသူ႔sceneအတြက္ ျပန္ျပင္ဆင္ရေတာ့သည္။ ကေလးငိုသည့္အခန္းေပမလို႔ သ႐ုပ္ေဆာင္ကာေအာ္ငိုေနသည့္ကေလးကို တကယ္မ်က္ရည္က်ေအာင္မ်က္ရည္တုအနည္းငယ္သုံးေပးထားရေသးသည္။

ကေလးနဲ႔အခန္းေတြက ဒီေန႔ရိုက္ကူးေရးအတြက္ၿပီးသြားၿပီမလို႔Jinwooနဲ႔သူ႔အေမက ဒါရိုက္တာSeokjinနဲ႔ရိုက္ကူးေရးအဖြဲ႕သားေတြကို ႏႈတ္ဆက္ၿပီးအရင္ျပန္သြားၾကၿပီျဖစ္သည္။

ရိုက္ကြင္းသိမ္းေတာ့ ညဆယ္နာရီေက်ာ္ေက်ာ္ပင္ှရိေနေလၿပီ။ ဒီတစ္ညေနလုံးအငိုsceneေတြခ်ည္းမလို႔  ရိုက္ကူးေရးလည္းနားေရာ Taehyungမ်က္လုံးမ်က္ခြံေလးေတြမွာ ေဖာင္းမို႔ေနေလၿပီ။

တစ္ေယာက္သီးသန႔္Drama sceneေတြရိုက္ေနရသည္ျဖစ္တာေၾကာင့္ မ်က္ရည္တုေက်းဇူးနဲ႔တစ္ညေနလုံးငိုရတာမ်က္ရည္ေတြကအခုထိ တရစပ္က်ေနဆဲမလို႔ မိတ္ကပ္Noonaေတြမွာတစ္ရႈေလးနဲ႔သုတ္သုတ္ေပးေနရသည္။

"Hyungရဲ့သ႐ုပ္ေဆာင္skillက လုံးဝမိုက္ေနေရာ ကၽြန္ေတာ္ပါလိုက္ခံစားေနရတယ္"

ျပန္ဖို႔အတြက္မန္ေနဂ်ာHyungကိုေစာင့္ေနတုန္း Yeonjunကေဘးကေနခ်ီးမႊန္းခန္းဖြင့္ေနတာမၿပီးစီးေတာ့။ ဒီညသူ႔ကိုမုန႔္လိုက္ေကၽြးမည္လို႔ကတိေပးထားတာေၾကာင့္ သူနဲ႔အတူျပန္ရန္ထိုင္ေစာင့္ေနသည့္Yeonjunရယ္ပါ။

Makeup Noonaေတြကလဲပစၥည္းေတြသိမ္းကာျပန္ကုန္ၾကၿပီျဖစ္သည္။ အခုဆိုစတူဒီယိုထဲတြင္ Staffအခ်ိဳ႕ေလာက္ပဲက်န္ေတာ့သည္။

"Yeonjunieဘာစားခ်င္လဲ ဆိုင္ေရြးထားလား?"

"ဟင့္အင္း ကၽြန္ေတာ္ကဘာေနေနစားလို႔ရရင္ၿပီးေရာ Hyungႀကိဳက္တဲ့ဆိုင္သြား"

"OK hyungလဲဗိုက္ဆာေနၿပီအေတာ္ပဲ ေဟာ့ေပါ့နဲ႔BBQနဲ႔စားၾကမလား? "

"Yes! ကၽြန္ေတာ္လဲဗိုက္ဆာေနတာ စားမယ္ စားမယ္"

"အိုေက Hyungအသိအမဆိုင္ရွိတယ္ အခန္းဘိုကင္ယူခိုင္းထားလိုက္မယ္"

ညေနစာကရႈတင္မစခင္ညေနအေစာပိုင္းေလာက္ကတည္းကစားထားၾကသည္မလို႔ ျပန္ၿပီးဆာေလာင္ေနၾကၿပီျဖစ္သည္။ ဖုန္းေလးျဖင့္တေတာက္ေတာိႏွင့္မက္ေဆ့ေတြပို႔ကာမွာၿပီး Yeonjunနဲ႔စကားေျပာေနတုန္း

ထိုစဥ္ နားေနခန္းသို႔ဝင္လာသည့္Jungkookႏွင့္ ဒါရိုက္တာSeokjin။

"Taehyung siiဒီေန႔ညရိုက္သြားတဲ့mood အရမ္းအဆင္ေျပတယ္ မနက္ျဖန္ထိအဲ့moodဆက္ထိန္းထားေပးေနာ္"

"Naeေက်းဇူးတင္ပါတယ္ ဒါရိုက္တာႀကီး"

ဒါရိုက္တာႀကီးကေျပာၿပီး ထြက္သြားေတာ့ Jungkookအျမန္ပင္Taehyungေဘးနားေလးဝင္ထိုင္လိုက္သည္။

"အရမ္းပင္ပန္းသြားၿပီေနာ္Tae ဒီေန႔အမ်ားႀကီးငိုလိုက္ရတယ္မလား?"

ေဖာင္းမို႔ေနသည့္ မ်က္ခြံေလးေတြေပၚသို႔လက္ထဲကပါလာသည့္ေရခဲpackေလးဖြဖြေလးကပ္ေပးေတာ့ သေဘာက်လို႔ထင္သည့္သူ႔ရဲ့မူပိုင္boxy smileေလးနဲ႔လူကိုျပဳံးျပေသးသည္။

"ပင္ပန္းတယ္ေျပာရေအာင္ Taehyungie hyungက မင္းကေလးေမြးေပးထားတာမလို႔လား?"

ၾကည့္ ေျပာမွေျပာပါ့မလားလို႔ေစာင့္ေနတာ။ ေဘးနားကငစြာေကာင္။ သူမ်ားအတြဲရိုေနရင္ ဖ်က္လို႔ဖ်က္ဆီးလုပ္လိုက္ရမွစားဝင္အိပ္ေပ်ာ္တဲ့Choi Yeonjun။

"မင္းပဲေမြး"

"ေမြးရေအာင္ငါက seriesထဲက Kim Taehyungလား?"

"Kim Taehyungမဟုတ္ဘူး Jeon Taehyung။ နာမည္မွန္ေအာင္ေျပာ"

ဒီသူငယ္ခ်င္းႏွစ္ေယာက္စကားမ်ားမွာ Taehyungေၾကာက္ပါသည္။ အခုလည္းသူတို႔ကေတာ့ေျပာေနလိုက္ၾကတာ အားရပါရTaehyungကေတာ့ မ်က္ႏွာပူလြန္းလို႔ဘယ္ေခ်ာင္ေျပးပုန္းရမလဲေခ်ာင္းေနရၿပီ။ ဒီေလာက္ပါးစပ္ရဲတဲ့ႏွစ္ေယာက္လိုမ်ိဳး သူ႔တစ္ခါမွမၾကဳံခဲ့ဖူးပါေလ။

"မသိဘူး ေခၚခ်င္သလိုေခၚမွာပဲ"

"ဒါဆိုမင္းကိုChoi Soobinေယာက်ာ္းလို႔ေခၚမယ္ရလား?"

"Yah! Jeon Jungkookမဆိုင္တာေတြမေျပာနဲ႔!"

ထိုတစ္ေယာက္တစ္ေပါက္ပြစိပြစိအသံတို႔သည္ Taehyungမန္ေနဂ်ာလာမွရပ္ေတာ့သည္။ ေနာက္ဆုံးေတာ့Jungkook မွာTaeနဲ႔ကယုကယင္စကားေလးေတြေျပာၿပီးမရိုလိုက္ရ။ ေဖာင္းေနသည့္မ်က္လုံးေလးေတြကို အေယာင္က်ဖို႔ေရခဲpackေလးသာလက္ထဲေသခ်ာထည့္ေပးလိုက္ရသည္။

--------

"Switzerland?"

"အင္း Special episodeရိုက္ကူးေရးကSwitzerlandမွာလုပ္မွာ sceneေတြကိုေပါ့ေပါ့ပါးပါးနဲ႔romance သပ္သပ္မလို႔နိုင္ငံျခားရိုက္ကူးေရးရွိမယ္"

ကုမၸဏီဧည့္ေတြ႕ခန္းတြင္Jungkookေရာက္ေနတုန္း Eunwooကလာေျပာျပေနျခင္းပင္။

Jungkookကဒီရက္ပိုင္း Comback albumအတြက္အသံသြင္းဖို႔ရွိတာေၾကာင့္ ရိုက္ကူးေရးနားထားရသည္။ Idolတစ္ေယာက္အျဖစ္နဲ႔ေတာင္ပုံမွန္ဆိုအလုပ္ေတြမအားတာ အခုလိုseriesရိုက္ေနဆဲကာလမွာComebackအတြက္ပါလုံးပန္းေနရေတာ့ သူ႔မွာအရင္လိုအစ္ကိုေပါက္စေလးနားမကပ္အား။ မ်က္ႏွာေလးပင္မေတြ႕ရတာရက္ပိုင္းရွိေနၿပီ။

"ဘယ္ေတာ့ေလာက္လဲ ေနာက္အပတ္ထဲကငါကဂ်ပန္မွာFansignရွိေသးတယ္ ဒီကရိုက္ကူးေရးေတြနဲ႔ေတာင္scheduleေတြမညႇိရေသးဘူး"

"ရတယ္ အဲ့ကိစၥကမင္းဂ်ာႀကီးနဲ႔CEOရယ္ Jin hyungရယ္ညႇိေပးလိမ့္မယ္ Special episodeရိုက္ကူးေရးကလဲေနာက္ပတ္ထဲေလာက္ျဖစ္မွာဆိုေတာ့ မင္းJapan fansignကေနတန္းလာလို႔ရေအာင္ရက္ညႇိဖို႔ေျပာေပးမယ္"

"အင္း အဲ့တာအဆင္ေျပပါတယ္ Taeကိုျမန္ျမန္ေတြ႕ခ်င္ေနၿပီကြာ ...က်စ္ Comebackကလဲဒီကာလႀကီးမွာတဲ့"

"အပိုေတြမင္းကေတာ့ မေတြ႕တာရက္ပိုင္းရွိေသးတာကို Choi Yeonjunေျပာတာလဲမေျပာနဲ႔ မင္းကိုကကဲတာ"

Eunwooကပါစေနေပမဲ့ Jungkookမွာမအီမလည္သာျပဳံးနိုင္သည္။

ကိုယ့္ခ်စ္ရသူေလးကိုလြမ္းတာ ကိုယ္ပဲသိတယ္။ရည္းစားမရွိတဲ့ေကာင္ေတြက ဘယ္ခံစားဖူးမလဲ? ကိုယ္ကသူတို႔ထက္အဆင့္ျမင့္တယ္ ဘဲရွိလူတန္းစား။ သူတို႔နဲ႔ၿပိဳင္မေျပာေနေတာ့ဘူး။

------

Taehyungမွာရိုက္ကြင္းမသြားခင္ မနက္ပိုင္းကုမၸဏီကေခၚသည္မလို႔မန္ေနဂ်ာHyungနဲ႔ကုမၸဏီသို႔ေျပးရသည္။

CEO႐ုံးခန္းသို႔ေရာက္ေတာ့ CEOအျပင္ေနာက္ထပ္suitအျပည့္အစုံနဲ႔လူတစ္ဦးပါရွိေနသည္။ သူလဲႏႈတ္ဆက္ၿပီးဝင္ထိုင္ေတာ့ CEOဟာ သူမထင္မွတ္ေလာက္သည့္စကားတို႔ကိုဆိုေတာ့သည္။

"Taehyungကိုမိတ္ဆက္ေပးမလို႔ ဒါကDream Entertainment Companyရဲ့ေျပာေရးဆိုခြင့္ရွိသူ လက္ေထာက္ဒါရိုက္တာLee Dong Minတဲ့"

"Nae ေတြ႕ရတာဝမ္းသာပါတယ္ Kim Taehyungပါ"

ဘာေၾကာင့္မွန္းမသိေပမဲ့ CEOကမိတ္ဆက္ေပးေတာ့လဲမသိတဲ့လူမလို႔ ယဥ္ယဥ္ေက်းေက်းသာႏႈတ္ဆက္လိုက္ရသည္။

"ငါတို႔အခုမင္းကိစၥေလးေျပာေနတာ အင္း ... မင္းသေဘာကိုေမးမလို႔ေပါ့ေနာ္ လုပ္တာမလုပ္တာကေတာ့မင္းပဲဆုံးျဖတ္ေပါ့"

CEOထိုသို႔ေျပာရင္ Taehyungရင္ထိတ္ရပါသည္။ အျမဲTaehyungသေဘာဆိုၿပီးေရြးခ်ယ္ခိုင္း ၿပီးလၽွင္သူခိုင္းတဲ့အတိုင္းပဲလုပ္ခဲ့ရတာေတြခ်ည္းပဲမဟုတ္ပါလား။ အခုကေရာ ဘာထပ္ျဖစ္ခ်င္ျပန္ၿပီလဲ?

"မင္းကိုtransferလုပ္ေပးမလို႔ Dreamကို"

Taehyungရင္ထဲဒိန္းခနဲ။ JSနဲ႔သူ႔ရဲ့စာခ်ဳပ္မွမျပည့္ေသးတာကို။ တျခားသို႔ေျပာင္းလၽွင္ သူစာခ်ဳပ္ေလ်ာ္ေၾကးေပးရမွာေပါ့။ အခုထိဘာျပႆာနာမွလဲမျဖစ္တဲ့သူ႔ကိုဘာေၾကာင့္မ်ား...

"Nae?? ဘာလို႔လဲ? ကၽြန္ေတာ့္စာခ်ဳပ္သက္တမ္းက..."

"စာခ်ဳပ္ကစိတ္မပူပါနဲ႔ မင္းေလ်ာ္ရမဲ့ေလ်ာ္ေၾကးရဲ့အဆေပါင္းမ်ားစြာDreamကေပးၿပီးေတာ့ကိုမင္းကိုကမ္းလွမ္းထားတာမလို႔"

သူနားမလည္ေတာ့။ သူ႔ကိုအ႐ုပ္တစ္႐ုပ္လိုဟိုဝယ္ဒီေရႊ႕လုပ္ေနၾကတာ။ ဒီေအဂ်င္စီနဲ႔လဲအဆင္ေျပပါလ်က္နဲ႔ ဘာေၾကာင့္မ်ားသူ႔ကိုDreamကိုဇြတ္ပို႔ေနတာပါလိမ့္?

Dreamဆိုတာနာမည္ႀကီး သ႐ုပ္ေဆာင္ေတြေမြးထတည္ေပးတဲ့Entertainmentႀကီးပင္။ တစ္နည္းအားျဖင့္ေျပာရပါလၽွင္ Jimin hyungလက္တြဲထားသည့္ေအဂ်င္စီ။ JSနဲ႔အၿပိဳင္လို႔လဲေျပာရေလာက္သည့္ကုမၸဏီ။ သက္တမ္းအားျဖင့္ဆို DreamကJSထက္ေတာင္ပိုၾကာေပလိမ့္မည္။

ထိုကဲ့သို႔ကုမၸဏီႀကီးကကမ္းလွမ္းလာတာဝမ္းသာစရာဆိုေပမဲ့ JSနဲ႔လက္တြဲျဖဳတ္ရမွာဆိုေတာ့Taehyungစိတ္ထဲမေကာင္းေတာ့ျဖစ္သြားရသည္။

"ဘာလို႔ကၽြန္ေတာ့္ကိုကမ္းလွမ္းတာလဲ?"

"အေျဖကရွင္းပါတယ္ Taehyung siiကလက္ရွိမွာBecause of Jeon Taehyung the serieနဲ႔အရမ္းနာမည္ရလာတာမဟုတ္လား ၿပီးေတာ့ေကာင္းေကာင္းပ်ိဳးေထာင္ေပးလို႔ရမဲ့သူမ်ိဳးမလို႔ပါ အဲ့တာေၾကာင့္ကၽြန္ေတာ္တို႔နဲ႔လက္တြဲဖို႔စဥ္းစားေစခ်င္ပါတယ္"

တစ္ဖက္လူေျပာလာသည့္စကားေတြၾကားၿပီး Taehyungမွာတအံ့တဩ။ CEOေရွ႕မွာလာၿပီး သူ႔အမုပညာရွင္ကိုေပၚတင္ကမ္းလွမ္းေနသည္တဲ့။CEOကလဲဘာမွဝင္မေျပာ။

"အခုရိုက္လက္စSeriesကေရာ?"

"စိတါမပူပါနဲ႔ အခုရိုက္လက္စseriesကိုထိခိုက္တာဘာမွမရွိေစရဘူး အကုန္ပုံမွန္အတိုင္းပဲဆက္သြားလို႔ရတယ္ series promotionsေတြဘာေတြစိတ္ပူစရာမလိုဘူးပါဘူး"

Taehyung မွာသက္ျပင္းခ်႐ုံမွတပါး...

"ဟင္း...  ကၽြန္ေတာ့္ဖက္ကနစ္နာစရာမွမရွိတာ။ CEOဖက္ကအဆင္ေျပတယ္ဆို ကၽြန္ေတာ္ေရွ႕ေလၽွာက္Dreamနဲ႔ အေကာင္းဆုံးလက္တြဲလုပ္ကိုင္သြားခ်င္ပါတယ္"

Taehyungေျပာလိုက္ေတာ့ အဆင္ေျပသြားလို႔ဝမ္းသာသြားၾကသည့္မ်က္ႏွာေတြ။

"ဒါဆိုစာခ်ဳပ္ခ်ဳပ္ဖို႔ ကၽြန္ေတာ္တို႔ထပ္ၿပီးဆက္သြယ္လိုက္ပါ့မယ္"

မန္ေနဂ်ာဟန္ကေတာ့သူ႔ကေလးကိုသာ စိတ္မေကာင္းႀကီးစြာၾကည့္ေနေတာ့သည္။

လုပ္ငန္းရွင္ေတြမ်ား သိပ္အျမတ္ထုတ္ဂုပ္ေသြးဆုပ္ၾကတာ။ တကယ္ကTaehyungကအေတာ္ေလးနာမည္ႀကီးလာၿပီျဖစ္တာေၾကာင့္ တစ္ဖက္ကုမၸဏီကေနာက္ဆို Taehyungနာမည္ႏွင့္လုပ္စားေတာ့မွာမလို႔ ေဈးေတြအဆမတန္ေပးၿပီးလူကိုဝယ္သလိုလုပ္ပစ္လိုက္ျခင္းျဖစ္သည္။

ေငြႀကိဳက္သည့္CEOဆိုတဲ့ဘိုးေတာ္ကေတာ့ ေနာင္အခါေအာင္ျမင္မႈေတြဘာေတြၾကည့္မေန။ စာခ်ဳပ္ေလ်ာ္ေၾကးထက္ဆယ္ဆရသည့္အျပင္ အခုBecause of Jeon Taehyungကရသမၽွအကုန္စားထားၿပီမလို႔ေငြဝေနျခင္း။

ကိုယ့္ကုမၸဏီနဲ႔ကိုယ္မဟုတ္ေတာ့ ေနာက္ဆိုTaehyungေလးအဆင္ေျပပါ့မလား? ဟိုကုမၸဏီကစည္းကမ္းၾကပ္ၿပီး အၾကပ္ကိုင္တာနာမည္ႀကီးတယ္လို႔သူၾကားမိသလားပဲ... -----TBCWith Love 💜||Tae_For_Jeon  Jeon_To_Tae||

*အေရးေတာ္ပုံ ေအာင္ရမည္*

A/N : အဟြန္းဟြန္းပဲေျပာတာေလ ဘာလို႔အရမ္းေတြေၾကာက္သြားၾကတာတုန္းရွင့္🌚

Vote & Feedbackေလးေတြေတာ့ေပးပါ။ ေရးရတာအားရွိေအာင္လို႔။

There are no comments yet. Log in to be the first to leave a review!

Similar stories