(( 8 ))
10:21, 28 May 2021Unicode
"Game Time!!! Gameဆော့ကြမယ်ဟေး"
Yeonjunရဲ့ထအော်သံအဆုံး ကျန်တဲ့သူတွေကလည်းထောက်ခံကြသည်။
"ဘာဂိမ်းဆော့ရမလဲဆိုတာ ငါသိပြီ ...အရင်ဆုံးနှစ်ယောက်တစ်ဖွဲ့ခွဲရအောင်"
Jimin hyungကဝင်ပြောတော့ဘာဂိမ်းမှန်းမသိပေမဲ့Taeနဲ့နှစ်ယောက်တစ်ဖွဲ့ကြဖို့Jungkookလုံးပန်းထုတ်တော့သည်။ အရောင်တူရာစက္ကူမဲခွဲလိုက်တော့ Taehyungနှင့်Yeonjunကတစ်ဖွဲ့ Jiminနှင့် Yoongiကတစ်ဖွဲ့ Jungkookနဲ့Hyunလေးတစ်ဖွဲ့ကျပြီး Eunwooကဒိုင်လူကြီးလုပ်ပေးသည်။
Taehyungနှင့်တစ်သင်းတည်းမကျတာကြောင့် Jungkookမျက်နှာကမအီမလည်။ ဒါကိုJiminနှင့်Eunwoonကမြင်ပြီး မျက်စာတွေပစ်ကာကြိတ်ရီနေကြသည်။
ထိုအချိန်ထိTaehyungကတော့ အဆင်ပြေသေးသည်။ Yeonjunနှင့်တစ်ဖွဲ့တည်းကျသည်မလို့ စိတ်သက်သာရာရသည်လေ။
ဘာဂိမ်းဆော့မလဲမသိသေးပေမဲ့ Jungkookနှင့်တစ်ဖွဲ့သာဆို ရင်တုန်ပန်းတုန်ဖြစ်နေသည်နှင့်ဂိမ်းကနိုင်လိုက်မည်ကိုမဟုတ်။
သို့သော် Hyunလေးနှင့်Jungkookတစ်ဖွဲ့တည်းကျသွားတော့စိတ်ထဲသိပ်ဘဝင်မကျတော့။ ဟိုကောင်လေးကသိပ်ကိုပျော်တဲ့ပုံပေါက်နေသည်လေ။
"ကဲကဲ နှစ်ယောက်တစ်တွဲထိုင်မယ် ဘာဂိမ်းဆော့ရမလဲပြောပြတော့မယ်"
Eunwooကပြောတော့ နှစ်ယောက်တတွဲနေရာပြောင်းထိုင်ရသည်မလို့ Jungkookကသူ့ဘေးနားကနေထကာHyunလေးဘေးသို့ရောက်သွားသည်။
စိတ်ကအရင်တစ်ခေါက် ညစာတွေ့ဆုံပွဲကလိုစိတ်တွေကကြည်မနေတော့။ Hyunကိုဘာကြောင့်မှန်းမသိ စိတ်ထဲသိပ်မရှင်း။ အခုလဲကြည့် Jungkookနားမှာတိုးတိုးတိုးတိုးနဲ့ ဘာတွေကပ်ပြောပြီးရီနေပြန်ပြီလဲမသိ။
"ကဲကဲ အငယ်ဆုံးအတွဲဖြစ်တဲ့Jungkookနဲ့ Hyunလေးတို့ကစဆော့မယ် ...အတွဲလိုက်အမှတ်ခွဲမယ်နော် အမှတ်အနည်းဆုံးရတဲ့အတွဲကပြစ်ဒဏ်ခံရမယ်...ကဲ ဆော့ရမဲ့ဂိမ်းကအားလုံးသိကြမယ်ထင်ပါတယ် ဒိုင်လူကြီးကပေးတဲ့စာရွက်ကိုနှစ်ယောက်ကယူပြီး ဒီဖက်ပန်းကန်ထဲကိုထည့်ရမယ်။ရရှိတဲ့စာရွက်အရေအတွက်ကအမှတ်ပေါင်းဖြစ်မယ်... ကဲ ရှင်းလား?"
"Nae ..ကျွန်တော်အဲ့ဂိမ်းဆော့တာတွေ့ဖူးတယ်"
Hyunလေးက တက်တက်ကြွကြွဖြေပေမဲ့ ပြန်မဖြေသူကJungkook။ ကြက်ကြီးလည်လိမ်နေသလို မျက်နှာကအပျက်ပျက်အယွင်းယွင်း။
"Yah Yah တခြားဂိမ်းဆော့ရအောင်လေကွာ ဒါကြီးကနဲနဲ ..."
"ဘာမှမဖြစ်ပါဘူးမင်းကလဲ အပျော်ပဲဟာကို... ဟားဟား နမ်းတော့မနမ်းမိစေနဲ့ပေါ့ကွာ"
Yeonjunကပါဝင်ပြောတော့ Jungkookကမျက်စောင်းထိုးသည်။ Choi Yeonjunဆိုတဲ့ကောင် ညောှင့်လိုက်ရမယ်ဆို ထိပ်ဆုံးက။
စာရွက်ကိုနှုတ်ခမ်းနဲ့စုပ်ယူပြီး Hyunလေးနှုတ်ခမ်းပေါ်သို့တင်ပေးရမည်။ တိုက်ရိုက်ထိတွေ့တာမဟုတ်တာမျိုးနဲ့တောင် Taeမဟုတ်တဲ့တခြားသူတစ်ယောက်နဲ့မထိတွေ့ချင်။
Taehyungကိုလှမ်းကြည့်လိုက်တော့လည်း ပေကလပ်ပေကလပ်နှင့် သူ့ကိုကြည့်မနေ။ သူ့ဘက်ကသာစိတ်ပူနေတာ Taeကသူ့အပေါ်ဘာခံစားချက်မှမှမရှိပဲ။ အဆင်ပြေလောက်မှာပါ ဂိမ်းလေးပဲကို။
Jungkookတို့ဂိမ်းစဆော့တော့မှ Taehyungလှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ဂိမ်းဆော့နေသည့်နှစ်ယောက်ကို ဟိုဖက်ကနေကြည့်လိုက် ဒီဖက်ကနေလာကြည့်လိုက်နှင့်ဂဏာမငြိမ်။
ဒီကြားထဲJungkookတို့ဆော့နေစဉ် စာရွက်ကခဏခဏပြုတ်ကျသည်မလို့ ပြန်ပြန်ဆော့ရသည်ကအခါခါ။
Jungkookနှုတ်ခမ်းတွေနဲ့ Hyunလေးနှုတ်ခမ်းတွေကြားထဲကစာရွက်မတော်တဆလျှောကျပြီး ထိကပ်မိသွားမှာကိုသူစိုးရိမ်နေမိသည်။ ဘာကြောင့်မှန်းမသိ။ ထိုဂိမ်းကြီးကသူ့စိတ်ကိုအလွန်လှုပ်ရှားစေသည်။
တော်သေးသည်ပြောရမည်။ ဂိမ်းပြီးဆုံးသွားသည့်တိုင် နှစ်ယောက်သားနှုတ်ခမ်းချင်းထိမသွားကြ။ ထိုအခါမှ Taehyungရင်ထဲကအလုံးကြီးကျတော့သည်။
ထို့နောက်ကျန်တဲ့သူတွေကစားတော့ သူရယ်Yeonjunရယ်ကလည်းအဆင်ပြေပြေဆော့နိုင်ခဲ့သည်။
Yeonjunကတော့ မှိုရမျက်နှာဖြင့်Jungkookကိုလှောင်ပြုံးပြုံးကာ လှမ်းလှမ်းစသည်။
'မင်းHyungပေါက်စလေးကငါနဲ့တစ်တွဲကွ ဘယ်လိုနေလဲ?'ဆိုသည့်စပ်ဖြီးဖြီးမျက်နှာဖြင့်လှမ်းကြည့်သည်မလို့ Jungkookမှာအူအသည်းတယားယားနဲ့ ထိုငစွာကောင်ကိုပြေးပြေးထုချင်သည်။
Jungkookကမတော်တဆဆိုတာတွေဖြစ်လာမည်စိုးသဖြင့် ဖြေးဖြေးချင်းဆော့ခဲ့သည်ကြောင့် Jungkookတို့အတွဲကအမှတ်အနဲဆုံးနဲ့ဂိမ်းရှုံးသွားသည်။
ပြစ်ဒဏ်အနေနဲ့ အရက်သောက်ရမည်ဖြစ်တာကြောင့် သတ်မှတ်ထားသည့်ခွက်အရေအတွက်ကိုနှစ်ယောက်သားသောက်ကြရမည်။
"အကိုJungkook ကျွန်တော်ကအရမ်းမသောက်နိုင်ဘူး... အရမ်းသောက်ရင်မနက်ကျရင်ခေါင်းတွေအရမ်းကိုက်တော့မှာ"
သနားစဖွယ်ပြောလာသည့်Hyunလေးကို ခပ်လှမ်းလှမ်းမျက်နှာချင်းဆိုင်ကနေTaehyungပေစောင်းစောင်းလေးလှမ်းကြည့်နေသည်။
'ဘယ်သူကရောအများကြီးသောက်ရင် ခေါင်းမကိုက်ပဲနေမလဲ သူတစ်ယောက်တည်းဖြစ်တာကျလို့'
သို့သော် သူနဲ့မတူစွာJungkookကတော့အားနာပြုံးလေးဖြင့် Hyunလေးအစားကူသောက်ပေးနေလေပြီ။
Taehyungသိသိသာသာ မျက်စောင်းတွေရော နှုတ်ခမ်းတွေပါစူလာလေပြီ။ ဒါကိုမြင်သည့်Jiminရယ် Eunwooရယ် Hyunလေးရယ်ကတစ်ယောက်နှင့်တစ်ယောက်မျက်စာတွေပစ်ကာ ကြိတ်ပြုံးနေကြသည်။
ညစာစားပွဲသိမ်းပြီး အကုန်ပြန်ကြတော့မှEunwooကHyunလေးကိုပြန်ပို့ဖို့တစ်ခါတည်းခေါ်သွားလေသည်။
"Hyungတို့ရာ ကျွန်တော်ဖြင့်Taehyung sunbaenimရဲ့အကြည့်တွေကြောင့်ပြာကျပြီကိုထင်နေတာ ကျွန်တော့်မှာဗီလိန်ကြီးကိုဖြစ်လို့"
"အဟားဟား ဆောရီးပါငါ့ညီရာ အကူအညီတောင်းစရာကလဲမင်းပဲရှိလို့ ခဏပဲကို မင်းscenesတွေပြီရင်ပြီးပါပြီမင်းကလဲ။ အဲ့လိုမှမဟုတ်ရင် Jeon Jungkookအခြေအနေမင်းလဲမြင်တဲ့အတိုင်းပဲ Kim Taehyungကသွားမတို့ပေးရင် တုတ်တုတ်ကိုလှုပ်မှာမဟုတ်ဘူး"
Eunwooပြောတော့ Hyunလေးကခေါင်းလေးတရမ်းရမ်းနဲ့ စိတ်ညစ်သလိုလေးသာလုပ်ပြသည်။ ဟုတ်သည်လေ။ အစ်ကိုEunwooနဲ့Jimin sunbaenimတို့အကူအညီတောင်းလို့သာ အစ်ကိုJungkookကိုသွားပြီးမတရားတွေရောပြီးနေပြရတယ်။ အစ်ကိုTaehyungရဲ့ မျက်စောင်းတွေကိုဘယ်သူမှမသိတောင် အကြည့်ခံရတဲ့သူကအမြဲတမ်းကြက်သီးမွှေးတွေထလို့။
သူ့scenesတွေလည်းမြန်မြန်ရိုက်ပြီးမှပါ မဟုတ်ရက်ချစ်သူနှစ်ယောက်ကြားတကယ် Xiaoလေးလိုဗီလိန်ကြီးဖြစ်နေပြီ။
---------
"မနက်ဖြန်teaserထွက်မယ် trailerကနောက်တပတ်ထဲထွက်မယ် ဇာတ်ကားကနောက်လထဲစလွှင့်တော့မှာဆိုတော့ အခုရက်ပိုင်းမီဒီယာတွေကိုနည်းနည်းဂရုစိုက်နေကြ"
"Nae"
ရိုက်ကွင်းနားတော့ သူတို့castတွေအတွက်ပြင်ထားသည့်တဲလေးထဲတွင်နေ့လည်စာစားရန်နားကြသည်။
Outdoor shootingမလို့နေ့လည်စာအတွက် ဒါရိုက်တာSeokjinကပင်လယ်စာထမင်းကြော်တွေမှာပေးထားသည်။
Taehyungထိုင်နေသည့်နားသို့ ထုံးစံအတိုင်း Jungkookကလှစ်ခနဲရောက်လာသည်။ ဇာတ်လမ်းရိုက်ကူးရေးက အပိုင်းတော်တော်ရောက်နေပြီမလို့ Taehyungလည်း အဖွဲ့သားတွေနဲ့အချင်းချင်းရင်းနှီးသင့်သလောက်ရင်းနှီးနေပြီဖြစ်သည်။
အကုန်တူတူစားနေကြရင်း Jungkookက Taehyungပန်းကန်လေးထဲသို့ ပုစွန်ဖက်လေးတွေလှမ်းထည့်ပေးတော့ Taehyungကမျက်စိလေးပြူးကာလှမ်းကြည့်သည်။
"Taeကပုစွန်ကြိုက်တယ်မလား အဝစားနော် ကျွန်တော်ကသိပ်မကြိုက်ဘူး"
Jungkookအပြောကို Seokjinကမဲ့ရွဲ့ကာလှမ်းကြည့်သည်။ အမြဲတမ်းသူ့ဆီကပုစွန်လိုက်လုစားနေကြကောင်က ပုစွန်သိပ်မကြိုက်ဘူးတဲ့။ အပိုတွေသိပ်ပြော။
"အဲ့လိုလား?? အဟီး ကျေးဇူးတင်ပါတယ်Jungkook ကောင်းကောင်းစားပါ့မယ်"
Taehyungရဲ့ဟန်လုပ်ခြင်းမပါပဲပြောလိုက်တဲ့ စကားလေးနဲ့အပြုံးလေးကိုကြည့်ပြီးJungkookမှာဗိုက်ပြည့်နေရပြီ။
"သဘက်ခါကျရင်တော့ အကုန်လုံးဆေးရုံကိုပဲတန်းလာခဲ့လိုက်ကြနော် "
ဆေးရုံမှာရိုက်ရမည့်scenesတွေမလို့ Seokjinကကြိုပြီးသတိပေးပြောပြနေခြင်းပင်။
"မန်နေဂျာတွေကိုတော့ပြောထားကြတယ်မလား? Taehyung siiကတော့မနက်ဖြန်outdoor senenမလို့ ရှုတင်ကိုပဲတန်းလာခဲ့လိုက်ပါ"
"Nae ဒါရိုက်တာကြီး"
ဒါရိုက်တာSeokjinကကျန်တဲ့ဒါရိုက်တာတွေနဲ့မတူ။ နာမည်ကြီးဒါရိုက်တာဆိုသည့်ဂုဏ်မာနကြီးခြင်းလဲမရှိ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့တစ်သားတည်းအဆင်ပြေအောင်နေသည်။ ထို့ကြောင့်လည်းဒါရိုက်တာSeokjinရိုက်ကူးသမျှအနုပညာရှင်တွေရော ဇာတ်လမ်းတွေရောအကုန်အဆင်ပြေချောမွေ့ကာ အောင်မြင်သည်သည်။ တွဲဖက်အလုပ်လုပ်ကိုင်ချင်သူတွေလည်း ပေါများသည်။
နေ့လည်စာစားနားပြီးကြတော့ ကျန်တဲ့သူတွေကရိုက်ကူးရေးပြန်စနေကြလေပြီ။ သူနဲ့Jungkookကတော့ မစရသေးသည်မလို့ရှုတင်တစ်နေရာတွင်ထိုင်စောင့်နေကြသည်။
သူပြောပါတယ် ရိုက်ကွင်းတွေမှာဆိုJungkookကသူ့အနားကမခွာတဲ့အပြင် သူ့ကိုပဲအမြဲကြည့်ကြည့်နေတာပါဆို။ ထိုအပြုအမူတွေကိုသူမနေတတ်ပေမဲ့လည်း တစ်ဖက်ကကျတော့လည်းအသားကျနေပြန်သည်။
တလောကHyunလေးနဲ့ရိုက်ကူးရတုန်းကဆို Jungkookကသူ့အနားမှမကပ်ပဲ။ အဲ့အသစ်ကောင်လေးနားပဲ dialogueသွားပြီးလေ့ကျင့်ပေးနေတာကို။ အခုမှသူ့အနားပြန်လာကပ်။ ဟိုကောင်လေးမရှိတော့ကျမှ။
တစ်ယောက်တည်းပြန်တွေးရင်း စိတ်ထဲခိုးလုခိုးလုဖြစ်လာပြန်သည်မလို့ ဘေးနားကသူ့အားငေးကြည့်နေသည့်Jungkookကိုစွေစောင်းကြည့်မိတော့ ဘာကိုသဘောကျနေလဲမသိဘူး လူကိုရယ်ပြီးကြည့်ပြန်သည်။
"Tae"
"ဘာလဲ"
"ဟောဗျာ ကျွန်တော့်ကိုစိတ်ဆိုးစရာတစ်ခုခုရှိလို့လား? "
Jungkookပြောလိုက်တော့မှ သူကိုယ်သူတစ်ယောက်တည်းပြန်ပြီးမလုံမလဲဖြစ်သွားရသည်။ Jungkookကိုအလကားသပ်သပ်စိတ်တွေသွားဆိုးနေမိသည်လေ။ တကယ်ဆိုသူနဲ့လဲဘာမှမဆိုင်ပဲကို။
"ကျွန်တော်Taeကိုပြောစရာရှိလို့"
"အင်း ဘာပြောမလို့လဲ?"
"မနက်ဖြန်Because of Jeon Taehyung teaserထွက်ရင် Ommaတို့ကအိမ်လာလည်ပါအုံးတဲ့"
"ဟင်? အိမ်?? "
"Nae ... Tae Ommoniတို့လဲဆိုးလ်ရောက်နေတာ Ommaတို့ဆီကိုမတွေ့တာကြာလို့လာလည်ကြတာတဲ့လေ အဲ့တာမနက်ဖြန်ကျွန်တော်တို့ကိုပါလာတွေ့ခိုင်းလို့"
"ဟင် Ommaကငါ့ကိုလည်းဘာမှမပြောဘူး"
မျက်နှာလေးကသူ့ကိုမပြောပြထားလို့တဲ့ ငိုမဲ့မဲ့။
"Ommoniတို့ကအံ့ဩသွားအောင်လို့မပြောတာပါ ကျွန်တော်တောင်မနေ့ညကOmmaဖုန်းဆက်တော့မှသိရတာ အဲ့တာမနက်ဖြန်shootingပြီးရင် ကျွန်တော့်အိမ်လိုက်ခဲ့မယ်မလား?"
သူပြောတော့လဲ မယုံသင်္ကာမျက်နှာလေးဖြင့်လူကိုပြူးတူးပြူးတူးကြည့်ပြီးမှ "အင်း"တဲ့။ Kim Taehyungတို့ကတော့ အမူအယာအမျိုးမျိုးနဲ့လူကိုပြုစားလွန်းသည်။
-----
"အိုး သားတို့ရောက်လာကြပြီလား? လာလာ Aigoo ဒါကTaehyungလေးပေါ့ အမလေးကြည့်ပါအုံး ငယ်ငယ်တုန်းကလုံးလုံးကစ်ကစ်နဲကပ်ချွဲခဲ့တဲ့ကောင်လေးက အရွယ်ရောက်နေပြီတဲ့ ကြည့်အုံးယောကျာ်းရယ် "
Jungkookတို့အိမ်ထဲဝင်ဝင်ချင်း အန်တီSung Miကဝမ်းသာအားရထွက်ပြီးကြိုသည်။ Ommaတို့ကတော့ဧည့်ခန်းထဲမှာတင်ထိုင်စောင့်နေကြသည်။
ရှုတင်ပြီးပြီးချင်း Jungkookကားနဲ့အတူလိုက်လာခဲ့သည်မလို့ Jungkookတို့အိမ်ရောက်တော့ညနေပင်စောင်းနေပြီ။
"Ommaတို့ကလဲဆိုးလ်ရောက်နေတာ သားကိုဖုန်းမဆက်ဘူး"
Taeကသူ့Ommaဘေးဝင်ထိုင်ကာ နှုတ်ခမ်းလေးဆူကာပြောတော့ အန်တီSung Miရဲ့ 'ချစ်စရာကောင်းလိုက်တာ'ဆိုသည့်အသံတွေသာထပ်တလဲလဲကြားနေခဲ့သည်။
Ommaတို့က အန်တီSung Miတို့ဆီမှာပဲရက်ပိုင်းလောက်တည်းမည်ဖြစ်တာကြောင့် သူ့ကွန်ဒိုဆီလိုက်မနေကြ။
ညစားစားကြတော့လည်း လူကြီးတွေအများဆုံးပြောဖြစ်သည့်အကြောင်းအရာက သူနှင့်Jungkookရဲ့ seriesအကြောင်းသာ။
ကာယကံရှင်တွေထက် သူတို့ကဘာလို့ပိုပြီးစိတ်ဝင်စားနေကြလဲမသိ။
"Taeလေးက Jungkookieထက်နှစ်နှစ်ကြီးတာဆိုတော့ အခု နှစ်ဆယ့်ငါးပေါ့သားက"
"Nae နှစ်ဆယ့်ငါးထဲမှာပါအန်တီ"
ထမင်းစားနေကြရင်း Jungkook Ommaကမေးတာကြောင့် သူ့မှာစားနေရင်းတန်းလန်းအမြန်ပြန်ဖြေရသေးသည်။
သာမန်မိတ်ဆွေမိသားစုနှစ်စုရဲ့ ထမင်းဝိုင်းပေမဲ့Taehyungစိတ်ထဲသက်သောင့်သက်သာမရှိနေ။ လူကြီးတွေအများဆုံးပြောဆိုနေကြသည့် အကြောင်းအရာကသူနဲ့Jungkookရဲ့ငယ်ဘဝအကြောင်းတွေနဲ့ အနာဂတ်အကြောင်းအရာတွေသာ။ မသိရင်နှစ်ဖက်မိဘတွေ့ဆိုပွဲလိုလို ဘာလိုလို။ ကိုယ့်အတွေးနဲ့ကိုယ် မဟုတ်တာတွေလျှောက်တွေးပြီး လူကအိုးတို့အန်းတန်းတွေဖြစ်လာသည်။
"အိုး အိမ်ထောင်ပြုဖို့ဆိုအရွယ်ကောင်းလေးပဲ ... ကြည့်ပါအုံးHae Sooရယ် နင့်သားကနုနုငယ်ငယ် အချောအလှလေး ... သားမက်တော်ချင်လိုက်တာဟယ်"
"အဟွတ် ဟွတ် "
"Tae ...ရရဲ့လား... သီးသွားတာလား ရော့ရော့ရေလေးနဲနဲသောက်လိုက်"
Jungkookအမေစကားကြောင့် Taehyungရှက်သီးသီးသွားတော့ Jungkookကပြာပြာသလဲ Taehyungကိုရေခွက်လေးယူပေးကာသောက်စေသည်။
"အခုလိုကျတော့လဲJungkookieလေးက အကြီးလေးကျနေတာပဲ။ Jungkookieလေးနဲ့ဆို ငါလဲစိတ်ချပါတယ်ဟယ်"
Ommaတို့ရဲ့စကားတွေကြားပြီး Jungkookမျက်နှာကစစ်ပွဲအောင်လာတဲ့စစ်သူကြီးလိုမျက်နှာကိုချီထားလိုက်သည်။ လူကြီးချင်းကပါ သဘောတူနေကြသည့် သူနဲ့Hyungပေါက်စလေးရဲ့ နှလုံးသားရေးရှေ့လမ်းကသာယာလှသည်မလို့ ပြုံးဖြီးနေသည့်မျက်နှာပိုးကိုလည်းထိန်းမရ။
သူ့ဘေးနားကHyungပေါက်စကတော့ ပါးနီနီဖောင်းဖောင်းလေးတွေနဲ့ မျက်လုံးရွဲကြီးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ မနေတတ်မထိုင်တတ်တွေဖြစ်နေရှာပြီလေ။ ယောကျာ်းပျိုလေး တစ်ယောက်ရှက်တာ ဒီလောက်ချစ်စရာကောင်းဖို့လိုလို့လား? ဒါမှမဟုတ် ထိုယောကျာ်းပျိုက Kim Taehyungဖြစ်နေလို့ပဲသူ့မျက်လုံးထဲ အသဲယားစရာကောင်းနေတာဖြစ်ပါလိမ့်မည်။
အကုန်ညစာစားပြီးကြတော့ အချိုပွဲတည်းရန်Ommaတို့ကဧည့်ခန်းထဲမှာလူစုခိုင်းတော့မှ Jungkook Ommaပြောလိုက်သည့်စကားကြောင့် Taehyungပို၍ပင်ငိုချင်သွားတော့သည်။
"Because of Jeon Taehyung teaserဒီနေ့ထွက်ပြီဆို စောစောကYeonjunieလှမ်းပြီး ဖုန်းဆက်ပြောတယ်"
"ဟုတ်တယ်Omma ဒီနေ့နေ့လည်ကထွက်တာ ကျွန်တော်တို့တောင်Shootingမပြီးသေးတာနဲ့မကြည့်ရသေးဘူးတစ်နေကုန်အလုပ်ရှုပ်နေတာ"
"အတော်ပဲ Ommaတို့လဲမကြည့်ရသေးဘူး ကြည့်ကြမယ်"တဲ့။
တစ်ယောက်တစ်ပေါက်ပြောနေကြသည့် စကားသံတွေကြားTaehyungကြားတချက်မကြားမချက်။ လူကြီးတွေနဲ့တူတူကြည့်ကြမလို့တဲ့။ သူ့ကိုဘယ်လိုများဖြစ်စေချင်နေကြတာပါလိမ့်?
Teaserထဲမှာမတော် kiss sceneတွေဘာတွေများပါလာခဲ့ရင်ဖြင့် Taehyungထိုနေရာမှာတင် အငွေ့ပျံသွားရပါလိမ့်မည်။
----TBCWith Love 💜||Tae_For_Jeon Jeon_To_Tae||*အရေးတော်ပုံ အောင်ရမည်*A/N : နေမကောင်းဖြစ်နေလို့ပါရှင် Updateတွေကြာသွားရင်တောင်းပန်ပါတယ်။❣️
-----Zawgyi
"Game Time!!! Gameေဆာ့ၾကမယ္ေဟး"
Yeonjunရဲ့ထေအာ္သံအဆုံး က်န္တဲ့သူေတြကလည္းေထာက္ခံၾကသည္။
"ဘာဂိမ္းေဆာ့ရမလဲဆိုတာ ငါသိၿပီ ...အရင္ဆုံးႏွစ္ေယာက္တစ္ဖြဲ႕ခြဲရေအာင္"
Jimin hyungကဝင္ေျပာေတာ့ဘာဂိမ္းမွန္းမသိေပမဲ့Taeနဲ႔ႏွစ္ေယာက္တစ္ဖြဲ႕ၾကဖို႔Jungkookလုံးပန္းထုတ္ေတာ့သည္။ အေရာင္တူရာစကၠဴမဲခြဲလိုက္ေတာ့ Taehyungႏွင့္Yeonjunကတစ္ဖြဲ႕ Jiminႏွင့္ Yoongiကတစ္ဖြဲ႕ Jungkookနဲ႔Hyunေလးတစ္ဖြဲ႕က်ၿပီး Eunwooကဒိုင္လူႀကီးလုပ္ေပးသည္။
Taehyungႏွင့္တစ္သင္းတည္းမက်တာေၾကာင့္ Jungkookမ်က္ႏွာကမအီမလည္။ ဒါကိုJiminႏွင့္Eunwoonကျမင္ၿပီး မ်က္စာေတြပစ္ကာႀကိတ္ရီေနၾကသည္။
ထိုအခ်ိန္ထိTaehyungကေတာ့ အဆင္ေျပေသးသည္။ Yeonjunႏွင့္တစ္ဖြဲ႕တည္းက်သည္မလို႔ စိတ္သက္သာရာရသည္ေလ။
ဘာဂိမ္းေဆာ့မလဲမသိေသးေပမဲ့ Jungkookႏွင့္တစ္ဖြဲ႕သာဆို ရင္တုန္ပန္းတုန္ျဖစ္ေနသည္ႏွင့္ဂိမ္းကနိုင္လိုက္မည္ကိုမဟုတ္။
သို႔ေသာ္ Hyunေလးႏွင့္Jungkookတစ္ဖြဲ႕တည္းက်သြားေတာ့စိတ္ထဲသိပ္ဘဝင္မက်ေတာ့။ ဟိုေကာင္ေလးကသိပ္ကိုေပ်ာ္တဲ့ပုံေပါက္ေနသည္ေလ။
"ကဲကဲ ႏွစ္ေယာက္တစ္တြဲထိုင္မယ္ ဘာဂိမ္းေဆာ့ရမလဲေျပာျပေတာ့မယ္"
Eunwooကေျပာေတာ့ ႏွစ္ေယာက္တတြဲေနရာေျပာင္းထိုင္ရသည္မလို႔ Jungkookကသူ႔ေဘးနားကေနထကာHyunေလးေဘးသို႔ေရာက္သြားသည္။
စိတ္ကအရင္တစ္ေခါက္ ညစာေတြ႕ဆုံပြဲကလိုစိတ္ေတြကၾကည္မေနေတာ့။ Hyunကိုဘာေၾကာင့္မွန္းမသိ စိတ္ထဲသိပ္မရွင္း။ အခုလဲၾကည့္ Jungkookနားမွာတိုးတိုးတိုးတိုးနဲ႔ ဘာေတြကပ္ေျပာၿပီးရီေနျပန္ၿပီလဲမသိ။
"ကဲကဲ အငယ္ဆုံးအတြဲျဖစ္တဲ့Jungkookနဲ႔ Hyunေလးတို႔ကစေဆာ့မယ္ ...အတြဲလိုက္အမွတ္ခြဲမယ္ေနာ္ အမွတ္အနည္းဆုံးရတဲ့အတြဲကျပစ္ဒဏ္ခံရမယ္...ကဲ ေဆာ့ရမဲ့ဂိမ္းကအားလုံးသိၾကမယ္ထင္ပါတယ္ ဒိုင္လူႀကီးကေပးတဲ့စာရြက္ကိုႏွစ္ေယာက္ကယူၿပီး ဒီဖက္ပန္းကန္ထဲကိုထည့္ရမယ္။ရရွိတဲ့စာရြက္အေရအတြက္ကအမွတ္ေပါင္းျဖစ္မယ္... ကဲ ရွင္းလား?"
"Nae ..ကၽြန္ေတာ္အဲ့ဂိမ္းေဆာ့တာေတြ႕ဖူးတယ္"
Hyunေလးက တက္တက္ႂကြႂကြေျဖေပမဲ့ ျပန္မေျဖသူကJungkook။ ၾကက္ႀကီးလည္လိမ္ေနသလို မ်က္ႏွာကအပ်က္ပ်က္အယြင္းယြင္း။
"Yah Yah တျခားဂိမ္းေဆာ့ရေအာင္ေလကြာ ဒါႀကီးကနဲနဲ ..."
"ဘာမွမျဖစ္ပါဘူးမင္းကလဲ အေပ်ာ္ပဲဟာကို... ဟားဟား နမ္းေတာ့မနမ္းမိေစနဲ႔ေပါ့ကြာ"
Yeonjunကပါဝင္ေျပာေတာ့ Jungkookကမ်က္ေစာင္းထိုးသည္။ Choi Yeonjunဆိုတဲ့ေကာင္ ေညာွင့္လိုက္ရမယ္ဆို ထိပ္ဆုံးက။
စာရြက္ကိုႏႈတ္ခမ္းနဲ႔စုပ္ယူၿပီး Hyunေလးႏႈတ္ခမ္းေပၚသို႔တင္ေပးရမည္။ တိုက္ရိုက္ထိေတြ႕တာမဟုတ္တာမ်ိဳးနဲ႔ေတာင္ Taeမဟုတ္တဲ့တျခားသူတစ္ေယာက္နဲ႔မထိေတြ႕ခ်င္။
Taehyungကိုလွမ္းၾကည့္လိုက္ေတာ့လည္း ေပကလပ္ေပကလပ္ႏွင့္ သူ႔ကိုၾကည့္မေန။ သူ႔ဘက္ကသာစိတ္ပူေနတာ Taeကသူ႔အေပၚဘာခံစားခ်က္မွမွမရွိပဲ။ အဆင္ေျပေလာက္မွာပါ ဂိမ္းေလးပဲကို။
Jungkookတို႔ဂိမ္းစေဆာ့ေတာ့မွ Taehyungလႈပ္လႈပ္ရွားရွားျဖစ္လာသည္။ ဂိမ္းေဆာ့ေနသည့္ႏွစ္ေယာက္ကို ဟိုဖက္ကေနၾကည့္လိုက္ ဒီဖက္ကေနလာၾကည့္လိုက္ႏွင့္ဂဏာမၿငိမ္။
ဒီၾကားထဲJungkookတို႔ေဆာ့ေနစဥ္ စာရြက္ကခဏခဏျပဳတ္က်သည္မလို႔ ျပန္ျပန္ေဆာ့ရသည္ကအခါခါ။
Jungkookႏႈတ္ခမ္းေတြနဲ႔ Hyunေလးႏႈတ္ခမ္းေတြၾကားထဲကစာရြက္မေတာ္တဆေလၽွာက်ၿပီး ထိကပ္မိသြားမွာကိုသူစိုးရိမ္ေနမိသည္။ ဘာေၾကာင့္မွန္းမသိ။ ထိုဂိမ္းႀကီးကသူ႔စိတ္ကိုအလြန္လႈပ္ရွားေစသည္။
ေတာ္ေသးသည္ေျပာရမည္။ ဂိမ္းၿပီးဆုံးသြားသည့္တိုင္ ႏွစ္ေယာက္သားႏႈတ္ခမ္းခ်င္းထိမသြားၾက။ ထိုအခါမွ Taehyungရင္ထဲကအလုံးႀကီးက်ေတာ့သည္။
ထို႔ေနာက္က်န္တဲ့သူေတြကစားေတာ့ သူရယ္Yeonjunရယ္ကလည္းအဆင္ေျပေျပေဆာ့နိုင္ခဲ့သည္။
Yeonjunကေတာ့ မွိုရမ်က္ႏွာျဖင့္Jungkookကိုေလွာင္ျပဳံးျပဳံးကာ လွမ္းလွမ္းစသည္။
'မင္းHyungေပါက္စေလးကငါနဲ႔တစ္တြဲကြ ဘယ္လိုေနလဲ?'ဆိုသည့္စပ္ၿဖီးၿဖီးမ်က္ႏွာျဖင့္လွမ္းၾကည့္သည္မလို႔ Jungkookမွာအူအသည္းတယားယားနဲ႔ ထိုငစြာေကာင္ကိုေျပးေျပးထုခ်င္သည္။
Jungkookကမေတာ္တဆဆိုတာေတြျဖစ္လာမည္စိုးသျဖင့္ ေျဖးေျဖးခ်င္းေဆာ့ခဲ့သည္ေၾကာင့္ Jungkookတို႔အတြဲကအမွတ္အနဲဆုံးနဲ႔ဂိမ္းရႈံးသြားသည္။
ျပစ္ဒဏ္အေနနဲ႔ အရက္ေသာက္ရမည္ျဖစ္တာေၾကာင့္ သတ္မွတ္ထားသည့္ခြက္အေရအတြက္ကိုႏွစ္ေယာက္သားေသာက္ၾကရမည္။
"အကိုJungkook ကၽြန္ေတာ္ကအရမ္းမေသာက္နိုင္ဘူး... အရမ္းေသာက္ရင္မနက္က်ရင္ေခါင္းေတြအရမ္းကိုက္ေတာ့မွာ"
သနားစဖြယ္ေျပာလာသည့္Hyunေလးကို ခပ္လွမ္းလွမ္းမ်က္ႏွာခ်င္းဆိုင္ကေနTaehyungေပေစာင္းေစာင္းေလးလွမ္းၾကည့္ေနသည္။
'ဘယ္သူကေရာအမ်ားႀကီးေသာက္ရင္ ေခါင္းမကိုက္ပဲေနမလဲ သူတစ္ေယာက္တည္းျဖစ္တာက်လို႔'
သို႔ေသာ္ သူနဲ႔မတူစြာJungkookကေတာ့အားနာျပဳံးေလးျဖင့္ Hyunေလးအစားကူေသာက္ေပးေနေလၿပီ။
Taehyungသိသိသာသာ မ်က္ေစာင္းေတြေရာ ႏႈတ္ခမ္းေတြပါစူလာေလၿပီ။ ဒါကိုျမင္သည့္Jiminရယ္ Eunwooရယ္ Hyunေလးရယ္ကတစ္ေယာက္ႏွင့္တစ္ေယာက္မ်က္စာေတြပစ္ကာ ႀကိတ္ျပဳံးေနၾကသည္။
ညစာစားပြဲသိမ္းၿပီး အကုန္ျပန္ၾကေတာ့မွEunwooကHyunေလးကိုျပန္ပို႔ဖို႔တစ္ခါတည္းေခၚသြားေလသည္။
"Hyungတို႔ရာ ကၽြန္ေတာ္ျဖင့္Taehyung sunbaenimရဲ့အၾကည့္ေတြေၾကာင့္ျပာက်ၿပီကိုထင္ေနတာ ကၽြန္ေတာ့္မွာဗီလိန္ႀကီးကိုျဖစ္လို႔"
"အဟားဟား ေဆာရီးပါငါ့ညီရာ အကူအညီေတာင္းစရာကလဲမင္းပဲရွိလို႔ ခဏပဲကို မင္းscenesေတြၿပီရင္ၿပီးပါၿပီမင္းကလဲ။ အဲ့လိုမွမဟုတ္ရင္ Jeon Jungkookအေျခအေနမင္းလဲျမင္တဲ့အတိုင္းပဲ Kim Taehyungကသြားမတို႔ေပးရင္ တုတ္တုတ္ကိုလႈပ္မွာမဟုတ္ဘူး"
Eunwooေျပာေတာ့ Hyunေလးကေခါင္းေလးတရမ္းရမ္းနဲ႔ စိတ္ညစ္သလိုေလးသာလုပ္ျပသည္။ ဟုတ္သည္ေလ။ အစ္ကိုEunwooနဲ႔Jimin sunbaenimတို႔အကူအညီေတာင္းလို႔သာ အစ္ကိုJungkookကိုသြားၿပီးမတရားေတြေရာၿပီးေနျပရတယ္။ အစ္ကိုTaehyungရဲ့ မ်က္ေစာင္းေတြကိုဘယ္သူမွမသိေတာင္ အၾကည့္ခံရတဲ့သူကအျမဲတမ္းၾကက္သီးေမႊးေတြထလို႔။
သူ႔scenesေတြလည္းျမန္ျမန္ရိုက္ၿပီးမွပါ မဟုတ္ရက္ခ်စ္သူႏွစ္ေယာက္ၾကားတကယ္ Xiaoေလးလိုဗီလိန္ႀကီးျဖစ္ေနၿပီ။
---------
"မနက္ျဖန္teaserထြက္မယ္ trailerကေနာက္တပတ္ထဲထြက္မယ္ ဇာတ္ကားကေနာက္လထဲစလႊင့္ေတာ့မွာဆိုေတာ့ အခုရက္ပိုင္းမီဒီယာေတြကိုနည္းနည္းဂ႐ုစိုက္ေနၾက"
"Nae"
ရိုက္ကြင္းနားေတာ့ သူတို႔castေတြအတြက္ျပင္ထားသည့္တဲေလးထဲတြင္ေန႔လည္စာစားရန္နားၾကသည္။
Outdoor shootingမလို႔ေန႔လည္စာအတြက္ ဒါရိုက္တာSeokjinကပင္လယ္စာထမင္းေၾကာ္ေတြမွာေပးထားသည္။
Taehyungထိုင္ေနသည့္နားသို႔ ထုံးစံအတိုင္း Jungkookကလွစ္ခနဲေရာက္လာသည္။ ဇာတ္လမ္းရိုက္ကူးေရးက အပိုင္းေတာ္ေတာ္ေရာက္ေနၿပီမလို႔ Taehyungလည္း အဖြဲ႕သားေတြနဲ႔အခ်င္းခ်င္းရင္းႏွီးသင့္သေလာက္ရင္းႏွီးေနၿပီျဖစ္သည္။
အကုန္တူတူစားေနၾကရင္း Jungkookက Taehyungပန္းကန္ေလးထဲသို႔ ပုစြန္ဖက္ေလးေတြလွမ္းထည့္ေပးေတာ့ Taehyungကမ်က္စိေလးျပဴးကာလွမ္းၾကည့္သည္။
"Taeကပုစြန္ႀကိဳက္တယ္မလား အဝစားေနာ္ ကၽြန္ေတာ္ကသိပ္မႀကိဳက္ဘူး"
Jungkookအေျပာကို Seokjinကမဲ့ရြဲ႕ကာလွမ္းၾကည့္သည္။ အျမဲတမ္းသူ႔ဆီကပုစြန္လိုက္လုစားေနၾကေကာင္က ပုစြန္သိပ္မႀကိဳက္ဘူးတဲ့။ အပိုေတြသိပ္ေျပာ။
"အဲ့လိုလား?? အဟီး ေက်းဇူးတင္ပါတယ္Jungkook ေကာင္းေကာင္းစားပါ့မယ္"
Taehyungရဲ့ဟန္လုပ္ျခင္းမပါပဲေျပာလိုက္တဲ့ စကားေလးနဲ႔အျပဳံးေလးကိုၾကည့္ၿပီးJungkookမွာဗိုက္ျပည့္ေနရၿပီ။
"သဘက္ခါက်ရင္ေတာ့ အကုန္လုံးေဆး႐ုံကိုပဲတန္းလာခဲ့လိုက္ၾကေနာ္ "
ေဆး႐ုံမွာရိုက္ရမည့္scenesေတြမလို႔ Seokjinကႀကိဳၿပီးသတိေပးေျပာျပေနျခင္းပင္။
"မန္ေနဂ်ာေတြကိုေတာ့ေျပာထားၾကတယ္မလား? Taehyung siiကေတာ့မနက္ျဖန္outdoor senenမလို႔ ရႈတင္ကိုပဲတန္းလာခဲ့လိုက္ပါ"
"Nae ဒါရိုက္တာႀကီး"
ဒါရိုက္တာSeokjinကက်န္တဲ့ဒါရိုက္တာေတြနဲ႔မတူ။ နာမည္ႀကီးဒါရိုက္တာဆိုသည့္ဂုဏ္မာနႀကီးျခင္းလဲမရွိ ရိုက္ကူးေရးအဖြဲ႕သားေတြနဲ႔တစ္သားတည္းအဆင္ေျပေအာင္ေနသည္။ ထို႔ေၾကာင့္လည္းဒါရိုက္တာSeokjinရိုက္ကူးသမၽွအႏုပညာရွင္ေတြေရာ ဇာတ္လမ္းေတြေရာအကုန္အဆင္ေျပေခ်ာေမြ႕ကာ ေအာင္ျမင္သည္သည္။ တြဲဖက္အလုပ္လုပ္ကိုင္ခ်င္သူေတြလည္း ေပါမ်ားသည္။
ေန႔လည္စာစားနားၿပီးၾကေတာ့ က်န္တဲ့သူေတြကရိုက္ကူးေရးျပန္စေနၾကေလၿပီ။ သူနဲ႔Jungkookကေတာ့ မစရေသးသည္မလို႔ရႈတင္တစ္ေနရာတြင္ထိုင္ေစာင့္ေနၾကသည္။
သူေျပာပါတယ္ ရိုက္ကြင္းေတြမွာဆိုJungkookကသူ႔အနားကမခြာတဲ့အျပင္ သူ႔ကိုပဲအျမဲၾကည့္ၾကည့္ေနတာပါဆို။ ထိုအျပဳအမူေတြကိုသူမေနတတ္ေပမဲ့လည္း တစ္ဖက္ကက်ေတာ့လည္းအသားက်ေနျပန္သည္။
တေလာကHyunေလးနဲ႔ရိုက္ကူးရတုန္းကဆို Jungkookကသူ႔အနားမွမကပ္ပဲ။ အဲ့အသစ္ေကာင္ေလးနားပဲ dialogueသြားၿပီးေလ့က်င့္ေပးေနတာကို။ အခုမွသူ႔အနားျပန္လာကပ္။ ဟိုေကာင္ေလးမရွိေတာ့က်မွ။
တစ္ေယာက္တည္းျပန္ေတြးရင္း စိတ္ထဲခိုးလုခိုးလုျဖစ္လာျပန္သည္မလို႔ ေဘးနားကသူ႔အားေငးၾကည့္ေနသည့္Jungkookကိုေစြေစာင္းၾကည့္မိေတာ့ ဘာကိုသေဘာက်ေနလဲမသိဘူး လူကိုရယ္ၿပီးၾကည့္ျပန္သည္။
"Tae"
"ဘာလဲ"
"ေဟာဗ်ာ ကၽြန္ေတာ့္ကိုစိတ္ဆိုးစရာတစ္ခုခုရွိလို႔လား? "
Jungkookေျပာလိုက္ေတာ့မွ သူကိုယ္သူတစ္ေယာက္တည္းျပန္ၿပီးမလုံမလဲျဖစ္သြားရသည္။ Jungkookကိုအလကားသပ္သပ္စိတ္ေတြသြားဆိုးေနမိသည္ေလ။ တကယ္ဆိုသူနဲ႔လဲဘာမွမဆိုင္ပဲကို။
"ကၽြန္ေတာ္Taeကိုေျပာစရာရွိလို႔"
"အင္း ဘာေျပာမလို႔လဲ?"
"မနက္ျဖန္Because of Jeon Taehyung teaserထြက္ရင္ Ommaတို႔ကအိမ္လာလည္ပါအုံးတဲ့"
"ဟင္? အိမ္?? "
"Nae ... Tae Ommoniတို႔လဲဆိုးလ္ေရာက္ေနတာ Ommaတို႔ဆီကိုမေတြ႕တာၾကာလို႔လာလည္ၾကတာတဲ့ေလ အဲ့တာမနက္ျဖန္ကၽြန္ေတာ္တို႔ကိုပါလာေတြ႕ခိုင္းလို႔"
"ဟင္ Ommaကငါ့ကိုလည္းဘာမွမေျပာဘူး"
မ်က္ႏွာေလးကသူ႔ကိုမေျပာျပထားလို႔တဲ့ ငိုမဲ့မဲ့။
"Ommoniတို႔ကအံ့ဩသြားေအာင္လို႔မေျပာတာပါ ကၽြန္ေတာ္ေတာင္မေန႔ညကOmmaဖုန္းဆက္ေတာ့မွသိရတာ အဲ့တာမနက္ျဖန္shootingၿပီးရင္ ကၽြန္ေတာ့္အိမ္လိုက္ခဲ့မယ္မလား?"
သူေျပာေတာ့လဲ မယုံသကၤာမ်က္ႏွာေလးျဖင့္လူကိုျပဴးတူးျပဴးတူးၾကည့္ၿပီးမွ "အင္း"တဲ့။ Kim Taehyungတို႔ကေတာ့ အမူအယာအမ်ိဳးမ်ိဳးနဲ႔လူကိုျပဳစားလြန္းသည္။
-----
"အိုး သားတို႔ေရာက္လာၾကၿပီလား? လာလာ Aigoo ဒါကTaehyungေလးေပါ့ အမေလးၾကည့္ပါအုံး ငယ္ငယ္တုန္းကလုံးလုံးကစ္ကစ္နဲကပ္ခၽြဲခဲ့တဲ့ေကာင္ေလးက အရြယ္ေရာက္ေနၿပီတဲ့ ၾကည့္အုံးေယာက်ာ္းရယ္ "
Jungkookတို႔အိမ္ထဲဝင္ဝင္ခ်င္း အန္တီSung Miကဝမ္းသာအားရထြက္ၿပီးႀကိဳသည္။ Ommaတို႔ကေတာ့ဧည့္ခန္းထဲမွာတင္ထိုင္ေစာင့္ေနၾကသည္။
ရႈတင္ၿပီးၿပီးခ်င္း Jungkookကားနဲ႔အတူလိုက္လာခဲ့သည္မလို႔ Jungkookတို႔အိမ္ေရာက္ေတာ့ညေနပင္ေစာင္းေနၿပီ။
"Ommaတို႔ကလဲဆိုးလ္ေရာက္ေနတာ သားကိုဖုန္းမဆက္ဘူး"
Taeကသူ႔Ommaေဘးဝင္ထိုင္ကာ ႏႈတ္ခမ္းေလးဆူကာေျပာေတာ့ အန္တီSung Miရဲ့ 'ခ်စ္စရာေကာင္းလိုက္တာ'ဆိုသည့္အသံေတြသာထပ္တလဲလဲၾကားေနခဲ့သည္။
Ommaတို႔က အန္တီSung Miတို႔ဆီမွာပဲရက္ပိုင္းေလာက္တည္းမည္ျဖစ္တာေၾကာင့္ သူ႔ကြန္ဒိုဆီလိုက္မေနၾက။
ညစားစားၾကေတာ့လည္း လူႀကီးေတြအမ်ားဆုံးေျပာျဖစ္သည့္အေၾကာင္းအရာက သူႏွင့္Jungkookရဲ့ seriesအေၾကာင္းသာ။
ကာယကံရွင္ေတြထက္ သူတို႔ကဘာလို႔ပိုၿပီးစိတ္ဝင္စားေနၾကလဲမသိ။
"Taeေလးက Jungkookieထက္ႏွစ္ႏွစ္ႀကီးတာဆိုေတာ့ အခု ႏွစ္ဆယ့္ငါးေပါ့သားက"
"Nae ႏွစ္ဆယ့္ငါးထဲမွာပါအန္တီ"
ထမင္းစားေနၾကရင္း Jungkook Ommaကေမးတာေၾကာင့္ သူ႔မွာစားေနရင္းတန္းလန္းအျမန္ျပန္ေျဖရေသးသည္။
သာမန္မိတ္ေဆြမိသားစုႏွစ္စုရဲ့ ထမင္းဝိုင္းေပမဲ့Taehyungစိတ္ထဲသက္ေသာင့္သက္သာမရွိေန။ လူႀကီးေတြအမ်ားဆုံးေျပာဆိုေနၾကသည့္ အေၾကာင္းအရာကသူနဲ႔Jungkookရဲ့ငယ္ဘဝအေၾကာင္းေတြနဲ႔ အနာဂတ္အေၾကာင္းအရာေတြသာ။ မသိရင္ႏွစ္ဖက္မိဘေတြ႕ဆိုပြဲလိုလို ဘာလိုလို။ ကိုယ့္အေတြးနဲ႔ကိုယ္ မဟုတ္တာေတြေလၽွာက္ေတြးၿပီး လူကအိုးတို႔အန္းတန္းေတြျဖစ္လာသည္။
"အိုး အိမ္ေထာင္ျပဳဖို႔ဆိုအရြယ္ေကာင္းေလးပဲ ... ၾကည့္ပါအုံးHae Sooရယ္ နင့္သားကႏုႏုငယ္ငယ္ အေခ်ာအလွေလး ... သားမက္ေတာ္ခ်င္လိုက္တာဟယ္"
"အဟြတ္ ဟြတ္ "
"Tae ...ရရဲ့လား... သီးသြားတာလား ေရာ့ေရာ့ေရေလးနဲနဲေသာက္လိုက္"
Jungkookအေမစကားေၾကာင့္ Taehyungရွက္သီးသီးသြားေတာ့ Jungkookကျပာျပာသလဲ Taehyungကိုေရခြက္ေလးယူေပးကာေသာက္ေစသည္။
"အခုလိုက်ေတာ့လဲJungkookieေလးက အႀကီးေလးက်ေနတာပဲ။ Jungkookieေလးနဲ႔ဆို ငါလဲစိတ္ခ်ပါတယ္ဟယ္"
Ommaတို႔ရဲ့စကားေတြၾကားၿပီး Jungkookမ်က္ႏွာကစစ္ပြဲေအာင္လာတဲ့စစ္သူႀကီးလိုမ်က္ႏွာကိုခ်ီထားလိုက္သည္။ လူႀကီးခ်င္းကပါ သေဘာတူေနၾကသည့္ သူနဲ႔Hyungေပါက္စေလးရဲ့ ႏွလုံးသားေရးေရွ႕လမ္းကသာယာလွသည္မလို႔ ျပဳံးၿဖီးေနသည့္မ်က္ႏွာပိုးကိုလည္းထိန္းမရ။
သူ႔ေဘးနားကHyungေပါက္စကေတာ့ ပါးနီနီေဖာင္းေဖာင္းေလးေတြနဲ႔ မ်က္လုံးရြဲႀကီးေတြကိုပုတ္ခတ္ပုတ္ခတ္လုပ္ကာ မေနတတ္မထိုင္တတ္ေတြျဖစ္ေနရွာၿပီေလ။ ေယာက်ာ္းပ်ိဳေလး တစ္ေယာက္ရွက္တာ ဒီေလာက္ခ်စ္စရာေကာင္းဖို႔လိုလို႔လား? ဒါမွမဟုတ္ ထိုေယာက်ာ္းပ်ိဳက Kim Taehyungျဖစ္ေနလို႔ပဲသူ႔မ်က္လုံးထဲ အသဲယားစရာေကာင္းေနတာျဖစ္ပါလိမ့္မည္။
အကုန္ညစာစားၿပီးၾကေတာ့ အခ်ိဳပြဲတည္းရန္Ommaတို႔ကဧည့္ခန္းထဲမွာလူစုခိုင္းေတာ့မွ Jungkook Ommaေျပာလိုက္သည့္စကားေၾကာင့္ Taehyungပို၍ပင္ငိုခ်င္သြားေတာ့သည္။
"Because of Jeon Taehyung teaserဒီေန႔ထြက္ၿပီဆို ေစာေစာကYeonjunieလွမ္းၿပီး ဖုန္းဆက္ေျပာတယ္"
"ဟုတ္တယ္Omma ဒီေန႔ေန႔လည္ကထြက္တာ ကၽြန္ေတာ္တို႔ေတာင္Shootingမၿပီးေသးတာနဲ႔မၾကည့္ရေသးဘူးတစ္ေနကုန္အလုပ္ရႈပ္ေနတာ"
"အေတာ္ပဲ Ommaတို႔လဲမၾကည့္ရေသးဘူး ၾကည့္ၾကမယ္"တဲ့။
တစ္ေယာက္တစ္ေပါက္ေျပာေနၾကသည့္ စကားသံေတြၾကားTaehyungၾကားတခ်က္မၾကားမခ်က္။ လူႀကီးေတြနဲ႔တူတူၾကည့္ၾကမလို႔တဲ့။ သူ႔ကိုဘယ္လိုမ်ားျဖစ္ေစခ်င္ေနၾကတာပါလိမ့္?
Teaserထဲမွာမေတာ္ kiss sceneေတြဘာေတြမ်ားပါလာခဲ့ရင္ျဖင့္ Taehyungထိုေနရာမွာတင္ အေငြ႕ပ်ံသြားရပါလိမ့္မည္။
----TBCWith Love 💜||Tae_For_Jeon Jeon_To_Tae||*အေရးေတာ္ပုံ ေအာင္ရမည္*
A/N : ေနမေကာင္းျဖစ္ေနလို႔ပါရွင္ Updateေတြၾကာသြားရင္ေတာင္းပန္ပါတယ္။❣️
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



