Fanfics

(( 2 ))

20:50, 4 May 2021

Unicode

"Jin hyung! "

"Yah Jeon Jungkook! မင်းကဒါရိုက်တာလား ငါကဒါရိုက်တာလား?"

"ဘာလို့ kiss sceneတွေကိုကင်မရာလှည့်ကွက်တွေနဲ့ရိုက်မှာလို့ပြောလိုက်တာလဲ အဲ့တာနဲ့Taehyungie hyungနဲ့တကယ်မနမ်းရရင်ဘယ်လိုလုပ်မလဲ?"

Jungkookကစူဆောင့်ပြီး ဂျီတိုက်နေတော့Jinကသွေးတက်သည့်ပုံဖြင့်ခေါင်းတရမ်းရမ်းသာလုပ်ပြနိုင်သည်။ ဒီအငယ်ကောင်ကိုသူမနိုင်ပါ။

ဇာတ်ညွန်းဖတ်ခန်းတွင်းပြင်ဆင်စရာတွေပြင်ဆင်သိမ်းစရာရှိတာတွေသိမ်းမလို့ ဒါရိုက်တာKim နှင့်သူတို့အုပ်စုပဲသီးသန့်ရှိနေကြခြင်းဖြစ်သည်။

"ရိုက်ရမဲ့ပုံစံနဲ့လက်ခံအောင်အရင်ပြောပြရအုံးမယ်လေ မဟုတ်ရင်Jeon Jungkookနဲ့တကယ်နမ်းပါTaehyung မျက်နှာကြီးတစ်ခုလုံးဝါးမြိုတဲ့ထိနမ်းပစ်လို့ပြောပစ်ရမှာလားဟ "

Seokjinကလည်းမျက်စောင်းတထိုးထိုးနဲ့  ဇာတ်ညွှန်းစာရွက်တွေကိုစားပွဲပေါ်သ်ု့ပစ်ချရင်းပြန်ပြောသည်။

Seokjinနှင့်Jungkookကညီကိုတစ်ဝမ်းကွဲတော်စပ်သည်။ ခြောက်နှစ်နီးပါးလောက်အသက်ကွာသည်မလို့ တစ်ဦတည်းသောသားဖြစ်သည့်Jungkookက သူ့အပေါ်အလွန်နိုင်စားကာငယ်ဆိုးဆိုးပါသည်။ သူကိုယ်တိုင်ကလည်း တစ်ဦးတည်းသောသားမလို့ ဆိုးပေမဲ့လည်းချစ်စရာကောင်ကဒီကောင်ပဲရှိတာမလို့အမြဲအလိုလိုက်ဖြစ်သည်။

"Jungkookမင်းတော်ရုံပဲကဲစမ်း... ငါမျက်စိနောက်လာရင်kiss sceneတွေရောbed sceneတွေရောအကုန်ပြုန်ဖြုတ်ပစ်မှာနော်ဟေ့ကောင်"

Eunwooဝင်ပြောတော့မှ ငြိမ်ကျသွားသည့် Jungkookကြောင့် Seokjinကမျက်စောင်းလှမ်းခဲသည်။

"Eunwooမင်းမလို့ သူတို့နှစ်ယောက်ကိုဆွဲစိပြီးသားဇာတ်လမ်းကြီးရေးပစ်တာ အမှန်ဆိုJungkookက သဲသဲလှုပ်ချစ်ပြတဲ့characterမျိုးနဲ့Kim Taehyungကအချစ်ခံcharacterမျိုးရေးပေးရမှာကို"

မိတ်ကပ်Noonaတွေ မိတ်ကပ်ဖျက်ပေးနေသည်ကိုငြိမ်ခံနေရင်းအခန်းထောင့်တစ်နေရာတွင်ထိုင် နေသည့် Yeonjunကဝင်လှမ်းပြောတော့ Jungkookကပါခေါင်းတဆတ်ဆတ်ငြိမ့်ကာထောက်ခံသည်။

"စိတ်လေးနည်းနည်းလျှော့အုံးbro မင်းကြိုက်နေတာသာမန်မိန်းကလေးတစ်ယောက်မဟုတ်ဘူးနော် ကွေးပါဆိုရင်တောင်မကွေးတဲ့ ဒရာမာတွေမှာမင်းသမီးတွေနဲ့love sceneတွေရိုက်လာတဲ့straightကြီး

မင်းဖက်ကပဲချစ်ပြနေတဲ့ဇာတ်လမ်းဆို ဟိုကသိမှာမဟုတ်တော့ဘူး သူ့ကိုလဲအချစ်ဆိုတာပေးခံစားခိုင်းမှသိမှာပေါ့"

သူပြောတော့Jungkookမျက်ခုံးတွေက အလိုမကျသလိုတွန့်ချိုးကုန်သည်။ ကြားရတာနားထောင်မကောင်းပေမဲ့လည်း အမှန်တရားကခါးလွန်းသည်။

Eunwooပြောတာတွေကလည်းအမှန်တွေပင်မလို့ SeokjinရောYeonjunကပါ ခေါင်းတငြိမ့်ငြိမ့်နှင့်နားထောင်နေကြသည်။

တကယ်လည်းJungkookတစ်ယောက် ကိုယ့်အတွက်မျှော်လင့်ချက်တောင်မရှိနိုင်သည့်အိမ်မက်တစ်ခုကိုဖမ်းဆုပ်နေသလိုပင်။ နီးစပ်ဖို့သာကြိုးစားနေတာ တကယ်တန်းသူချစ်ရသည့်အကိုပေါက်စလေးက ပြန်ချစ်ပါမယ်ဆိုသည့်အာမခံချက်တောင်ကိုယ့်ကိုယ်ကိုယ်မထားနိုင်။

ရုတ်တရက်ကြီး လဒမှိုင်မှိုင်ကျသွားသည့်Jungkookပုံကိုကြည့်ပြီး Eunwooကခေါင်းတရမ်းရမ်းနဲ့ရယ်သည်။

"ဒါနဲ့မင်းပြောတော့မင်းတို့အချင်းချင်းသိတယ်ဆို ဇာတ်ညွှန်းဖတ်တုန်းကမင်းကိုမှတ်မိတဲ့ပုံလဲမပေါ်ဘူး"

"အင်း မမှတ်မိလောက်ဘူး...အဲ့တုန်းကHyungက သေးသေးလေးတော်တော်ငယ်သေးတယ်"

Taehyungအကြောင်းပြောသည်နှင့် မျက်နှာကပြုံးဖြီးသွားကာချက်ချင်းပြန်ဝင်းလက်လာသည်Jungkookကို Yeonjunကမဲ့ရွဲ့ကာကြည့်သည်။

"အပိုတွေကလုပ်ပြီ Kim Taehyungကမင်းထက်၂နှစ်တောင်ကြီးတယ်ဆို သူတောင်ငယ်သေးတယ်ဆိုတော့မင်းကအဲ့အရွယ်ကတည်းကနှာဘူးလား"

"Yah! Choi Yeonjun မင်းကမပြန်သေးဘူးလား!"

"မပြန်ဘူး CEOခေါ်ထားလို့သွားရအုံးမှာ ငါ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေထဲကနေဖဲ့ပြီးမင်းရဲ့seriesမှာ စေတနာနဲ့ဝင်ရိုက်ပေးတာနော် ကျေးဇူးတင်လိုက်ယုန်ကောင်"

သူတို့သုံးယောက်ကတော့ ငယ်ပေါင်းသူငယ်ချင်းတွေဖြစ်ကြသည်မလို့ အကုန်လုံးJungkook အကြောင်းသိနေကြပြီးသားသူတွေပင်။ ထို့ကြောင့်လည်းဒီသူငယ်ချင်းရဲ့အစီအစဉ်ကြီးထဲမှာ အကုန်တက်ညီလက်ညီနဲ့ပါဝင်ကူညီခဲ့ကြသည်မလား။

Eunwooကဘုနဲ့ဘောက် ရန်ဖြစ်နေကြသည့်သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး သဘောတွေကျနေမိသည်။ သူ့ဇာတ်လမ်းထဲမှာလဲဒီနှစ်ယောက်ရဲ့characterက အဲ့အတိုင်းပဲမဟုတ်ပါလား။ မတည့်အတူနေသူငယ်ချင်းနှစ်​ေယာက်ပုံစံမလို့ အပြင်ကပုံစံတွေနဲ့တစ်ထပ်ဖြစ်နေအုံးမှာမြင်ယောင်နေပါပြီ။

-------Shooting Day 1

" 1 2 3 ready .., action"

ညအိပ်ဝတ်စုံဝမ်းဆက်ကလေးဝတ်ထားသည့် Taehyungက နွားနို့ခွက်လေးယူလာကာစာလုပ်နေသည့်Jungkookစားပွဲလေးနားသို့သွားသည်။

ထို့နောက် စားပွဲကြားကနေဇွတ်တိုးကာJungkookပေါင်ပေါ်သို့ဝင်လိုက်တော့ သူ့ခါးတွေပေါ်ရစ်သိုင်းလာသည့် Jungkookလက်တွေကြောင့်လူတစ်ကိုယ်လုံးကတုန်ကယင်။ ထို့ပြင်သူ့လည်တိုင်ကိုရိုက်ခတ်လာသည့်Jungkookရဲ့ အသက်ရှုသံမျှမျှင်းကြောင့်ခါးတွေကမတ်ခနဲ။

သူစိမ်းယောကျာ်းတစ်ယောက်၏ပေါင်ပေါ်တွင် ခန္ဓာကိုယ်ချင်းနီးကပ်စွာ ထိကပ်ထိုင်နေရသည်မလို့စိတ်မသက်မသာမှုကတော့အမြင့်ဆုံးပင်။

"Taeအိပ်ချင်ရင်အိပ်နှင့်နော်"

"Cut!"

ဒါရိုက်တာSeokjin၏ ရုတ်တရက်အော်လာသံကြောင့် Taehyungမှာတုန်ခနဲ။ ဒီအခန်းကိုရိုက်နေရတာညနေခင်းကတည်း ဘယ်နှကြိမ်လောက်ရှိနေပြီလဲတောင်မသိတော့။

"Taehyung sii ဘယ်လိုကြီးထိုင်နေတာလဲ?? ရုပ်တုကြီးလိုမျိုးတောင့်တောင့်ကြီးမထိုင်နေနဲ့လေ တကယ်လို့အခုထိုင်နေတဲ့အနေအထားအဆင်မပြေရင် Jungkookပုခုံးတွေပေါ်လက်နှစ်ဖက်တင်ထားလိုက်ပါ"

"Nae ကျွန်တော်နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ပါ့မယ်ဒါရိုက်တာကြီး"

သူအားနာသလိုလေး ခေါင်းငုံ့ကာလှမ်းပြောတော့ဒါရိုက်တာSeokjinကအဆင်ပြေကြောင်းလှမ်းပြောသည်။

"ရတယ်Taehyung sii စိတ်ပေါ့ပေါ့ပါးပါးသာထားပါ မလွယ်ကူမှန်းသိပေမဲ့Taehyungချစ်တဲ့သူတွေနဲ့ရှိတဲ့အချိန်လိုပဲတွေးထားလိုက်ပါ"

"Nae"

အကြိမ်ကြိမ်အခါခါပြန်ရိုက်နေရပေမဲ့ မျက်နှာတစ်ချက်ပျက်မသွားကာသူ့ဇာတ်ရုပ်သူတော့အကောင်းဆုံးကြိုးစားနေရှာသည့် Taehyungကိုသူတို့လည်းဇွတ်ဖိအားမပေးချင်ပါ။

ဘယ်လိုပဲသရုပ်ဆောင်တစ်ယောက်ဖြစ်နေပါစေ BL seriesတစ်ခုဖြစ်တာမလို့ အစစအရာရာတိုင်းကမလွယ်ကူသလို အရေးကြီးလှသည်။

"Taehyung sii ကျွန်တော့်ကိုအားမနာပါနဲ့နော် သက်တောင့်သက်သာပဲထိုင်ချလိုက်ပါ "

Jungkookကပါသူ့ကိုပြောလာတော့ သူ့မှာအားတုံ့အားနာနဲ့ပဲပြန်ပြုံးပြလိုက်ရသည်။

စိတ်ထဲတွင်လည်းတစ်ခါတည်းကြိမ်းထားလိုက်သည်။ ဒီတစ်ခါအပြီးရိုက်ရမယ်။ ဆိုဖာလို့သဘောထားပြီး ရှယ်ထိုင်ချပစ်တော့မည်ဟုသာ ကြုံးဝါးလျက် နောက်တစ်ကြိမ်ပြန်ရိုက်ဖို့ပြင်ဆင်ကြသည်။

"action!"

Taehyungဒီတစ်ခါတော့ Jungkookပေါင်ပေါ်သို့ထိုင်ချရုံတင်မကပဲ လူတစ်ကိုယ်လုံးပါJungkookရင်ခွင်ထဲပစ်မှီလိုက်သည်မလို့ ဒါရိုက်တာSeokjinဆီမှ ကျေနပ်ပြုံးတွေထွက်ပေါ်လာတော့သည်။

"Taeအိပ်ချင်ရင်အိပ်နှင့်နော်"

ညည့်နက်နေသည့်အခန်းပုံစံသရုပ်ဆောင်နေကြသည်မလို့ Taehyungမှာမျက်လုံးလေးတွေမှေးကာ အိပ်ချင်သလိုလေး Jungkookပေါ်မှီထားရသည်။

သရုပ်ဆောင်တာ ဒီတစ်ခါsceneကအတော်အဆင်ပြေသည်မလို့ dialogueတွေအကုန်ချောချောချူချူပင်။ နမ်းမည့်အခန်းရောက်တော့မှ ပြဿနာကစတော့သည်။

"Cut! Taehyung sii...နောက်ဆုံးdialogueပြီးတာနဲ့ Jungkookပါးချက်ချင်းနမ်းလိုက်ရမှာနော် အဲ့နေရာလေးပြန်ရိုက်မယ်"

"3 2 1 action!"

"....မောင့်ကိုစောင့်ပေးမယ်လေနော် မောင်ကစာဆက်လုပ် "

Dialogueဆုံးတာနဲ့ Taehyungနှုတ်ခမ်းပါးလေးတွေဟာJungkookပါးထက်သို့လှစ်ခနဲပြေးကပ်သည်။

ခဏလေးပါပဲ တကယ်ကိုခဏလေးဆိုပေမဲ့ ထိကပ်သွားသည့်ပါးပြင်နွေးနွေးကြောင့် Taehyungမှာ Jungkookပုခုံးပေါ်တင်ထားသည့်လက်ချောင်းလေးတွေတင်းခနဲဆုပ်မိသွားရသည်။

ယောကျာ်းလေးချင်းဘာမှမဖြစ်ပါဘူးဆိုသည့်စိတ်ပင် တွေးမရနိုင်အောင်Taehyungမှာရင်ထဲဖိုသီဖတ်သီတွေကိုဖြစ်နေသည်။

တဖန်Jungkookကသူ့နဖူးပေါ်သို့ပြန်ပြီးနမ်းလိုက်ချိန်မှာတော့ TaehyungမှာJungkookပုခုံးပေါ်တွင်မျက်စိစုံမှိတ်လျက် ဒါရိုက်တာကြီးCutအော်မည့်အချိန်ကိုသာစောင့်နေမိတော့သည်။

မင်းသမီးတွေနဲ့တွဲရိုက်တုန်းက အခုလိုခံစားချက်မျိုးTaehyungမဖြစ်ခဲ့ဖူး။ အနမ်းခန်းတွေကိုတောင်တစ်ဖက်မင်းသမီးတွေအတွက်အားနာလို့ ထိရုံလောက်နဲ့ကင်မရာလှည့်ကွက်ယူပြီးရိုက်ပေးခဲ့တာ။ ဘာခံစားချက်မှမဖြစ်ခဲ့ဖူး။

Because of Jeon Taehyungကျမှပဲ ပါးလေးပဲနမ်းရသေးတယ် ဒီလောက်ထိပူထူပြီးဖြစ်ပျက်နေသည့်ကိုယ့်ကိုကိုယ်လည်းစိတ်တိုင်းကမကျချင်တော့။

ကျန်တဲ့အချိန် တခြားသူတွေနဲ့ဆိုကိစ္စမရှိလှပေမဲ့ Jungkookနှင့်အကြည့်ချင်းဆုံသည့်အခါတိုင်း Taehyungမနေတတ်ပါ။ ရှက်သည်မဟုတ်ပေမဲ့ သူ့အားရွှန်းဆာနေအောင်ကြည့်တတ်သည့်Jungkookအကြည့်တွေကိုတန်ပြန်မကြည့်နိုင်ခြင်းပင်။ Jungkookနှင့်တရင်းတနှီးမရှိသေးလို့ ဖြစ်လိမ့်မည်လို့သာ တွေးဆမိရင်း...

တဖန်ဇာတ်ညွှန်းဖတ်ထားသည့်အရ အနမ်းခန်းတွေနဲ့bed sceneတွေရိုက်သည့်အချိန်ကျရင်တော့ Jungkookအဲ့လိုကြီးလာကြည့်နေပုံနဲ့ဆို Taehyungသွပ်သွပ်ခါအောင်ရူးသွားတော့မည်ထင်သည်။

----Indoor scenesတွေများသည်မလို့ စတူဒီယိုထဲမှပင်settingအတွက်သေချာအချိန်ယူပြင်ဆင်နေကြသည်။

ရှုတင်သိမ်းတော့ Taehyungလည်းအားလုံးကိုနှုတ်ဆက်ပြီးပြန်မည်အလုပ် သူ့အနားသို့အပြေးရောက်လာသည့်Jungkook။

"Taehyung hyung..."

"အာ Jungkook siiဘာဖြစ်လို့လဲ??"

"မနက်ဖြန်ကျရင် ညနေပိုင်းရှုတင်ပြီးရင်အားလား??"

"မနက်ဖြန်လား?? အာ ...မပြောတတ်ဘူးJungkook sii"

​မေးလိုက်တာကTaehyungကိုပေမဲ့ လှမ်းကြည့်နေတာကTaehyungနောက်ကကTaehyungမန်နေဂျာ hyungကို။ မအားရင်လဲအားလိုက်ဆိုသည့် Jungkookရဲ့အကြည့်စူးစူးကိုကောင်းစွာအဓိပ္ပာယ်ဖတ်တတ်သူမလို့ သူကပဲအမြန်ပင်

"အားတယ်လေTaehyung မနက်ပိုင်းscheduleပြီးရင်ပြီးပြီ ညနေပိုင်းအားတယ် .... "

Taehyungကတော့ အူတူတူလေးဖြင့်ညနေပိုင်းအားပြီဆိုပြီးပျော်နေသေးတယ်။ Jungkookက Taehyungရဲ့ထိုပုံစံလေးကိုပြုံးပြုံးလေး ကြည့်နေသည်။

"အားတယ်တဲ့ Jungkook sii ဘာကိစ္စရှိလို့လဲဟင်?"

"မနက်ဖြန်sceneမှာပါမဲ့ ကျွန်တော်တို့Because of Jeon Taehyung series teamကcastတွေချည်းသီးသန့်တွေ့ဆုံပွဲလေးလုပ်မလို့ အဲ့တာHyungရောလာနိုင်မလားလို့ခေါ်မလို့ပါ"

"အာ အဆင်ပြေတာပေါ့ ကျွန်တော်သေချာပေါက်လာခဲ့ပါမယ်... "

castတွေတွေ့ဆုံပွဲဖြစ်တာမလို့သေချာပေါက်သွားရောက်သင့်သည်လို့Taehyungထင်မိသည်။ seriesတစ်လျှောက်တူတူတွေ့သွားရမည့် လူတွေမလို့ ရင်းနှီးမှုရထားတာကပိုအဆင်ပြေမည်လို့လဲထင်မိသည်။ အထူးသဖြင့်သူ့ရဲ့အဓိကပါတနာဖြစ်သည့်Jungkookနှင့် ပိုပြီးရင်းနှီးသင့်သည်လေ။

တစ်ဆက်တည်းမှာပင် ကိုယ်ကအကြီးလဲဖြစ်စီနီယာလဲဖြစ်ပေမဲ့ အခုseriesရိုက်ကူးရေးမှာ Jungkookလောက်ပင် အလိုက်သင့်မနေတတ်ဖြစ်နေသလားဟုတွေးမိတော့ကိုယ့်ကိုကိုယ်အားမရဖြစ်ရသည်။

"Jungkook sii"

"Nae"

"ကျွန်တော်နဲ့တွဲပြီး သရုပ်ဆောင်တာအဆင်ပြေရဲ့လားဟင်? "

မေးလာသည့်မျက်နှာငယ်လေးက သူ့အဖြေကိုမျှော်လင့်တကြီးစောင့်စားနေဟန်။ သရုပ်ဆောင်ကသူလား ကိုယ်လားမသဲကွဲတော့။ သူ့လိုကိုယ့်ထက်အတွေ့အကြုံတွေရှိဖူးပြီးသားသူက ပြန်လာမေးနေသည်တဲ့။

ဒီinnocent hyungလေးကိုအူယားလွန်းလို့ဆွဲမွချင်စိတ်တို့တဖွားဖွား။ သူအဆင်မပြေတယကိုမပြောပဲ သူများအဆင်မပြေမှာကိုစိတ်ပူပေးနေသည့်သူချစ်ရတဲ့Hyungလေး။ တကယ်ကိုကလေးလေးလိုပဲ ဖြူစင်လိုက်တာ။

"အဆင်ပြေပါတယ်Taehyung hyungရဲ့ ကျွန်တော်ကသာhyungဆီကနေသင်စရာတွေအများကြီးရှိနေတာပါ"

Jungkookပြောလိုက်တော့မှ ယုံသွားသလိုလေးခေါင်းလေးငြိမ့်ကာပြန်ပြုံးပြလာသည်။

"အဟီး ကျေးဇူးတင်ပါတယ်Jungkook sii ဒါဆိုမနက်ဖြန်မှတွေ့ကြမယ်နော်"

"ဟုတ်ကဲ့ပါဗျာ အိမ်ပြန်ရောက်ရင်လဲကောင်းကောင်းအနားယူနော်Tae"

မျက်စိတစ်ဖက်မှိတ်ကာJungkookကပြောလိုက်တော့ မျက်တောင်ရှည်ကြီးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာသူ့အကြည့်တွေကိုလွှဲရင်း လှစ်ခနဲကားပေါ်ပြေးတက်သွားသည့်Taehyungပုံစံလေးကြောင့် Jungkookမှာအူအသဲရွှင်ရွှင်မြူးသွားရသည်။ ရဲတွတ်သွားသည့်ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို ပြေးနမ်းချင်စိတ်တွေကိုပါထိန်းချုပ်နေရသည်။

"အေးအေး ကြပ်ကြပ်စနေ မင်းကလဲအဲ့လိုသွားသွားမထိတထိတွေလုပ် ဟိုလဲအမြဲတမ်းရှက်နေတာ လူမပြောနဲ့မင်းနာမည်ကြားတာနဲ့တင်ရှက်နေတော့တာနဲ့ငါ့ဇာတ်လမ်းကရှေ့ရောက်မှာကိုမဟုတ်တော့ဘူး"

Seokjin hyungရဲ့မကျေမနပ်အသံကြီးထွက်လာတော့မှ သူ့မှာပြုံးဖြီးနေသည့်မျက်နှာပိုးသတ်လိုက်ရသည်။

-------

TBCWith Love 💜||Tae_For_Jeon Jeon_To_Tae||*အရေးတော်ပုံ အောင်ရမည်*A/N : Bed sceneတွေဆိုတာပါလာခဲ့ရင် အဲ့တာIrisရေးတာမဟုတ်ပါဘူးနော် ဇာတ်ညွှန်းဆရာCha Eunwooရေးတာပဲဖြစ်မှာပါ👀🙊

ဖြည်းဖြည်းချင်းသွားမယ်လေနော် 🌝🌝-------Zawgyi

"Jin hyung! "

"Yah Jeon Jungkook! မင္းကဒါရိုက္တာလား ငါကဒါရိုက္တာလား?"

"ဘာလို႔ kiss sceneေတြကိုကင္မရာလွည့္ကြက္ေတြနဲ႔ရိုက္မွာလို႔ေျပာလိုက္တာလဲ အဲ့တာနဲ႔Taehyungie hyungနဲ႔တကယ္မနမ္းရရင္ဘယ္လိုလုပ္မလဲ?"

Jungkookကစူေဆာင့္ၿပီး ဂ်ီတိုက္ေနေတာ့Jinကေသြးတက္သည့္ပုံျဖင့္ေခါင္းတရမ္းရမ္းသာလုပ္ျပနိုင္သည္။ ဒီအငယ္ေကာင္ကိုသူမနိုင္ပါ။

ဇာတ္ညြန္းဖတ္ခန္းတြင္းျပင္ဆင္စရာေတြျပင္ဆင္သိမ္းစရာရွိတာေတြသိမ္းမလို႔ ဒါရိုက္တာKim ႏွင့္သူတို႔အုပ္စုပဲသီးသန႔္ရွိေနၾကျခင္းျဖစ္သည္။

"ရိုက္ရမဲ့ပုံစံနဲ႔လက္ခံေအာင္အရင္ေျပာျပရအုံးမယ္ေလ မဟုတ္ရင္Jeon Jungkookနဲ႔တကယ္နမ္းပါTaehyung မ်က္ႏွာႀကီးတစ္ခုလုံးဝါးၿမိဳတဲ့ထိနမ္းပစ္လို႔ေျပာပစ္ရမွာလားဟ "

Seokjinကလည္းမ်က္ေစာင္းတထိုးထိုးနဲ႔  ဇာတ္ညႊန္းစာရြက္ေတြကိုစားပြဲေပၚသ္ု႔ပစ္ခ်ရင္းျပန္ေျပာသည္။

Seokjinႏွင့္Jungkookကညီကိုတစ္ဝမ္းကြဲေတာ္စပ္သည္။ ေျခာက္ႏွစ္နီးပါးေလာက္အသက္ကြာသည္မလို႔ တစ္ဦတည္းေသာသားျဖစ္သည့္Jungkookက သူ႔အေပၚအလြန္နိုင္စားကာငယ္ဆိုးဆိုးပါသည္။ သူကိုယ္တိုင္ကလည္း တစ္ဦးတည္းေသာသားမလို႔ ဆိုးေပမဲ့လည္းခ်စ္စရာေကာင္ကဒီေကာင္ပဲရွိတာမလို႔အျမဲအလိုလိုက္ျဖစ္သည္။

"Jungkookမင္းေတာ္႐ုံပဲကဲစမ္း... ငါမ်က္စိေနာက္လာရင္kiss sceneေတြေရာbed sceneေတြေရာအကုန္ျပဳန္ျဖဳတ္ပစ္မွာေနာ္ေဟ့ေကာင္"

Eunwooဝင္ေျပာေတာ့မွ ၿငိမ္က်သြားသည့္ Jungkookေၾကာင့္ Seokjinကမ်က္ေစာင္းလွမ္းခဲသည္။

"Eunwooမင္းမလို႔ သူတို႔ႏွစ္ေယာက္ကိုဆြဲစိၿပီးသားဇာတ္လမ္းႀကီးေရးပစ္တာ အမွန္ဆိုJungkookက သဲသဲလႈပ္ခ်စ္ျပတဲ့characterမ်ိဳးနဲ႔Kim Taehyungကအခ်စ္ခံcharacterမ်ိဳးေရးေပးရမွာကို"

မိတ္ကပ္Noonaေတြ မိတ္ကပ္ဖ်က္ေပးေနသည္ကိုၿငိမ္ခံေနရင္းအခန္းေထာင့္တစ္ေနရာတြင္ထိုင္ ေနသည့္ Yeonjunကဝင္လွမ္းေျပာေတာ့ Jungkookကပါေခါင္းတဆတ္ဆတ္ၿငိမ့္ကာေထာက္ခံသည္။

"စိတ္ေလးနည္းနည္းေလၽွာ့အုံးbro မင္းႀကိဳက္ေနတာသာမန္မိန္းကေလးတစ္ေယာက္မဟုတ္ဘူးေနာ္ ေကြးပါဆိုရင္ေတာင္မေကြးတဲ့ ဒရာမာေတြမွာမင္းသမီးေတြနဲ႔love sceneေတြရိုက္လာတဲ့straightႀကီး

မင္းဖက္ကပဲခ်စ္ျပေနတဲ့ဇာတ္လမ္းဆို ဟိုကသိမွာမဟုတ္ေတာ့ဘူး သူ႔ကိုလဲအခ်စ္ဆိုတာေပးခံစားခိုင္းမွသိမွာေပါ့"

သူေျပာေတာ့Jungkookမ်က္ခုံးေတြက အလိုမက်သလိုတြန႔္ခ်ိဳးကုန္သည္။ ၾကားရတာနားေထာင္မေကာင္းေပမဲ့လည္း အမွန္တရားကခါးလြန္းသည္။

Eunwooေျပာတာေတြကလည္းအမွန္ေတြပင္မလို႔ SeokjinေရာYeonjunကပါ ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္နားေထာင္ေနၾကသည္။

တကယ္လည္းJungkookတစ္ေယာက္ ကိုယ့္အတြက္ေမၽွာ္လင့္ခ်က္ေတာင္မရွိနိုင္သည့္အိမ္မက္တစ္ခုကိုဖမ္းဆုပ္ေနသလိုပင္။ နီးစပ္ဖို႔သာႀကိဳးစားေနတာ တကယ္တန္းသူခ်စ္ရသည့္အကိုေပါက္စေလးက ျပန္ခ်စ္ပါမယ္ဆိုသည့္အာမခံခ်က္ေတာင္ကိုယ့္ကိုယ္ကိုယ္မထားနိုင္။

႐ုတ္တရက္ႀကီး လဒမွိုင္မွိုင္က်သြားသည့္Jungkookပုံကိုၾကည့္ၿပီး Eunwooကေခါင္းတရမ္းရမ္းနဲ႔ရယ္သည္။

"ဒါနဲ႔မင္းေျပာေတာ့မင္းတို႔အခ်င္းခ်င္းသိတယ္ဆို ဇာတ္ညႊန္းဖတ္တုန္းကမင္းကိုမွတ္မိတဲ့ပုံလဲမေပၚဘူး"

"အင္း မမွတ္မိေလာက္ဘူး...အဲ့တုန္းကHyungက ေသးေသးေလးေတာ္ေတာ္ငယ္ေသးတယ္"

Taehyungအေၾကာင္းေျပာသည္ႏွင့္ မ်က္ႏွာကျပဳံးၿဖီးသြားကာခ်က္ခ်င္းျပန္ဝင္းလက္လာသည္Jungkookကို Yeonjunကမဲ့ရြဲ႕ကာၾကည့္သည္။

"အပိုေတြကလုပ္ၿပီ Kim Taehyungကမင္းထက္၂ႏွစ္ေတာင္ႀကီးတယ္ဆို သူေတာင္ငယ္ေသးတယ္ဆိုေတာ့မင္းကအဲ့အရြယ္ကတည္းကႏွာဘူးလား"

"Yah! Choi Yeonjun မင္းကမျပန္ေသးဘူးလား!"

"မျပန္ဘူး CEOေခၚထားလို႔သြားရအုံးမွာ ငါ့ရဲ့တန္ဖိုးရွိတဲ့အခ်ိန္ေတြထဲကေနဖဲ့ၿပီးမင္းရဲ့seriesမွာ ေစတနာနဲ႔ဝင္ရိုက္ေပးတာေနာ္ ေက်းဇူးတင္လိုက္ယုန္ေကာင္"

သူတို႔သုံးေယာက္ကေတာ့ ငယ္ေပါင္းသူငယ္ခ်င္းေတြျဖစ္ၾကသည္မလို႔ အကုန္လုံးJungkook အေၾကာင္းသိေနၾကၿပီးသားသူေတြပင္။ ထို႔ေၾကာင့္လည္းဒီသူငယ္ခ်င္းရဲ့အစီအစဥ္ႀကီးထဲမွာ အကုန္တက္ညီလက္ညီနဲ႔ပါဝင္ကူညီခဲ့ၾကသည္မလား။

Eunwooကဘုနဲ႔ေဘာက္ ရန္ျဖစ္ေနၾကသည့္သူငယ္ခ်င္းႏွစ္ေယာက္ကိုၾကည့္ၿပီး သေဘာေတြက်ေနမိသည္။ သူ႔ဇာတ္လမ္းထဲမွာလဲဒီႏွစ္ေယာက္ရဲ့characterက အဲ့အတိုင္းပဲမဟုတ္ပါလား။ မတည့္အတူေနသူငယ္ခ်င္းႏွစ္​ေယာက္ပုံစံမလို႔ အျပင္ကပုံစံေတြနဲ႔တစ္ထပ္ျဖစ္ေနအုံးမွာျမင္ေယာင္ေနပါၿပီ။

-------Shooting Day 1

" 1 2 3 ready .., action"

ညအိပ္ဝတ္စုံဝမ္းဆက္ကေလးဝတ္ထားသည့္ Taehyungက ႏြားနို႔ခြက္ေလးယူလာကာစာလုပ္ေနသည့္Jungkookစားပြဲေလးနားသို႔သြားသည္။

ထို႔ေနာက္ စားပြဲၾကားကေနဇြတ္တိုးကာJungkookေပါင္ေပၚသို႔ဝင္လိုက္ေတာ့ သူ႔ခါးေတြေပၚရစ္သိုင္းလာသည့္ Jungkookလက္ေတြေၾကာင့္လူတစ္ကိုယ္လုံးကတုန္ကယင္။ ထို႔ျပင္သူ႔လည္တိုင္ကိုရိုက္ခတ္လာသည့္Jungkookရဲ့ အသက္ရႈသံမၽွမၽွင္းေၾကာင့္ခါးေတြကမတ္ခနဲ။

သူစိမ္းေယာက်ာ္းတစ္ေယာက္၏ေပါင္ေပၚတြင္ ခႏၶာကိုယ္ခ်င္းနီးကပ္စြာ ထိကပ္ထိုင္ေနရသည္မလို႔စိတ္မသက္မသာမႈကေတာ့အျမင့္ဆုံးပင္။

"Taeအိပ္ခ်င္ရင္အိပ္ႏွင့္ေနာ္"

"Cut!"

ဒါရိုက္တာSeokjin၏ ႐ုတ္တရက္ေအာ္လာသံေၾကာင့္ Taehyungမွာတုန္ခနဲ။ ဒီအခန္းကိုရိုက္ေနရတာညေနခင္းကတည္း ဘယ္ႏွႀကိမ္ေလာက္ရွိေနၿပီလဲေတာင္မသိေတာ့။

"Taehyung sii ဘယ္လိုႀကီးထိုင္ေနတာလဲ?? ႐ုပ္တုႀကီးလိုမ်ိဳးေတာင့္ေတာင့္ႀကီးမထိုင္ေနနဲ႔ေလ တကယ္လို႔အခုထိုင္ေနတဲ့အေနအထားအဆင္မေျပရင္ Jungkookပုခုံးေတြေပၚလက္ႏွစ္ဖက္တင္ထားလိုက္ပါ"

"Nae ကၽြန္ေတာ္ေနာက္တစ္ႀကိမ္ထပ္ႀကိဳးစားၾကည့္ပါ့မယ္ဒါရိုက္တာႀကီး"

သူအားနာသလိုေလး ေခါင္းငုံ႔ကာလွမ္းေျပာေတာ့ဒါရိုက္တာSeokjinကအဆင္ေျပေၾကာင္းလွမ္းေျပာသည္။

"ရတယ္Taehyung sii စိတ္ေပါ့ေပါ့ပါးပါးသာထားပါ မလြယ္ကူမွန္းသိေပမဲ့Taehyungခ်စ္တဲ့သူေတြနဲ႔ရွိတဲ့အခ်ိန္လိုပဲေတြးထားလိုက္ပါ"

"Nae"

အႀကိမ္ႀကိမ္အခါခါျပန္ရိုက္ေနရေပမဲ့ မ်က္ႏွာတစ္ခ်က္ပ်က္မသြားကာသူ႔ဇာတ္႐ုပ္သူေတာ့အေကာင္းဆုံးႀကိဳးစားေနရွာသည့္ Taehyungကိုသူတို႔လည္းဇြတ္ဖိအားမေပးခ်င္ပါ။

ဘယ္လိုပဲသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ေနပါေစ BL seriesတစ္ခုျဖစ္တာမလို႔ အစစအရာရာတိုင္းကမလြယ္ကူသလို အေရးႀကီးလွသည္။

"Taehyung sii ကၽြန္ေတာ့္ကိုအားမနာပါနဲ႔ေနာ္ သက္ေတာင့္သက္သာပဲထိုင္ခ်လိုက္ပါ "

Jungkookကပါသူ႔ကိုေျပာလာေတာ့ သူ႔မွာအားတုံ႔အားနာနဲ႔ပဲျပန္ျပဳံးျပလိုက္ရသည္။

စိတ္ထဲတြင္လည္းတစ္ခါတည္းႀကိမ္းထားလိုက္သည္။ ဒီတစ္ခါအၿပီးရိုက္ရမယ္။ ဆိုဖာလို႔သေဘာထားၿပီး ရွယ္ထိုင္ခ်ပစ္ေတာ့မည္ဟုသာ ၾကဳံးဝါးလ်က္ ေနာက္တစ္ႀကိမ္ျပန္ရိုက္ဖို႔ျပင္ဆင္ၾကသည္။

"action!"

Taehyungဒီတစ္ခါေတာ့ Jungkookေပါင္ေပၚသို႔ထိုင္ခ်႐ုံတင္မကပဲ လူတစ္ကိုယ္လုံးပါJungkookရင္ခြင္ထဲပစ္မွီလိုက္သည္မလို႔ ဒါရိုက္တာSeokjinဆီမွ ေက်နပ္ျပဳံးေတြထြက္ေပၚလာေတာ့သည္။

"Taeအိပ္ခ်င္ရင္အိပ္ႏွင့္ေနာ္"

ညည့္နက္ေနသည့္အခန္းပုံစံသ႐ုပ္ေဆာင္ေနၾကသည္မလို႔ Taehyungမွာမ်က္လုံးေလးေတြေမွးကာ အိပ္ခ်င္သလိုေလး Jungkookေပၚမွီထားရသည္။

သ႐ုပ္ေဆာင္တာ ဒီတစ္ခါsceneကအေတာ္အဆင္ေျပသည္မလို႔ dialogueေတြအကုန္ေခ်ာေခ်ာခ်ဴခ်ဴပင္။ နမ္းမည့္အခန္းေရာက္ေတာ့မွ ျပႆနာကစေတာ့သည္။

"Cut! Taehyung sii...ေနာက္ဆုံးdialogueၿပီးတာနဲ႔ Jungkookပါးခ်က္ခ်င္းနမ္းလိုက္ရမွာေနာ္ အဲ့ေနရာေလးျပန္ရိုက္မယ္"

"3 2 1 action!"

"....ေမာင့္ကိုေစာင့္ေပးမယ္ေလေနာ္ ေမာင္ကစာဆက္လုပ္ "

Dialogueဆုံးတာနဲ႔ Taehyungႏႈတ္ခမ္းပါးေလးေတြဟာJungkookပါးထက္သို႔လွစ္ခနဲေျပးကပ္သည္။

ခဏေလးပါပဲ တကယ္ကိုခဏေလးဆိုေပမဲ့ ထိကပ္သြားသည့္ပါးျပင္ေႏြးေႏြးေၾကာင့္ Taehyungမွာ Jungkookပုခုံးေပၚတင္ထားသည့္လက္ေခ်ာင္းေလးေတြတင္းခနဲဆုပ္မိသြားရသည္။

ေယာက်ာ္းေလးခ်င္းဘာမွမျဖစ္ပါဘူးဆိုသည့္စိတ္ပင္ ေတြးမရနိုင္ေအာင္Taehyungမွာရင္ထဲဖိုသီဖတ္သီေတြကိုျဖစ္ေနသည္။

တဖန္Jungkookကသူ႔နဖူးေပၚသို႔ျပန္ၿပီးနမ္းလိုက္ခ်ိန္မွာေတာ့ TaehyungမွာJungkookပုခုံးေပၚတြင္မ်က္စိစုံမွိတ္လ်က္ ဒါရိုက္တာႀကီးCutေအာ္မည့္အခ်ိန္ကိုသာေစာင့္ေနမိေတာ့သည္။

မင္းသမီးေတြနဲ႔တြဲရိုက္တုန္းက အခုလိုခံစားခ်က္မ်ိဳးTaehyungမျဖစ္ခဲ့ဖူး။ အနမ္းခန္းေတြကိုေတာင္တစ္ဖက္မင္းသမီးေတြအတြက္အားနာလို႔ ထိ႐ုံေလာက္နဲ႔ကင္မရာလွည့္ကြက္ယူၿပီးရိုက္ေပးခဲ့တာ။ ဘာခံစားခ်က္မွမျဖစ္ခဲ့ဖူး။

Because of Jeon Taehyungက်မွပဲ ပါးေလးပဲနမ္းရေသးတယ္ ဒီေလာက္ထိပူထူၿပီးျဖစ္ပ်က္ေနသည့္ကိုယ့္ကိုကိုယ္လည္းစိတ္တိုင္းကမက်ခ်င္ေတာ့။

က်န္တဲ့အခ်ိန္ တျခားသူေတြနဲ႔ဆိုကိစၥမရွိလွေပမဲ့ Jungkookႏွင့္အၾကည့္ခ်င္းဆုံသည့္အခါတိုင္း Taehyungမေနတတ္ပါ။ ရွက္သည္မဟုတ္ေပမဲ့ သူ႔အားရႊန္းဆာေနေအာင္ၾကည့္တတ္သည့္Jungkookအၾကည့္ေတြကိုတန္ျပန္မၾကည့္နိုင္ျခင္းပင္။ Jungkookႏွင့္တရင္းတႏွီးမရွိေသးလို႔ ျဖစ္လိမ့္မည္လို႔သာ ေတြးဆမိရင္း...

တဖန္ဇာတ္ညႊန္းဖတ္ထားသည့္အရ အနမ္းခန္းေတြနဲ႔bed sceneေတြရိုက္သည့္အခ်ိန္က်ရင္ေတာ့ Jungkookအဲ့လိုႀကီးလာၾကည့္ေနပုံနဲ႔ဆို Taehyungသြပ္သြပ္ခါေအာင္႐ူးသြားေတာ့မည္ထင္သည္။

----Indoor scenesေတြမ်ားသည္မလို႔ စတူဒီယိုထဲမွပင္settingအတြက္ေသခ်ာအခ်ိန္ယူျပင္ဆင္ေနၾကသည္။

ရႈတင္သိမ္းေတာ့ Taehyungလည္းအားလုံးကိုႏႈတ္ဆက္ၿပီးျပန္မည္အလုပ္ သူ႔အနားသို႔အေျပးေရာက္လာသည့္Jungkook။

"Taehyung hyung..."

"အာ Jungkook siiဘာျဖစ္လို႔လဲ??"

"မနက္ျဖန္က်ရင္ ညေနပိုင္းရႈတင္ၿပီးရင္အားလား??"

"မနက္ျဖန္လား?? အာ ...မေျပာတတ္ဘူးJungkook sii"

​ေမးလိုက္တာကTaehyungကိုေပမဲ့ လွမ္းၾကည့္ေနတာကTaehyungေနာက္ကကTaehyungမန္ေနဂ်ာ hyungကို။ မအားရင္လဲအားလိုက္ဆိုသည့္ Jungkookရဲ့အၾကည့္စူးစူးကိုေကာင္းစြာအဓိပၸာယ္ဖတ္တတ္သူမလို႔ သူကပဲအျမန္ပင္

"အားတယ္ေလTaehyung မနက္ပိုင္းscheduleၿပီးရင္ၿပီးၿပီ ညေနပိုင္းအားတယ္ .... "

Taehyungကေတာ့ အူတူတူေလးျဖင့္ညေနပိုင္းအားၿပီဆိုၿပီးေပ်ာ္ေနေသးတယ္။ Jungkookက Taehyungရဲ့ထိုပုံစံေလးကိုျပဳံးျပဳံးေလး ၾကည့္ေနသည္။

"အားတယ္တဲ့ Jungkook sii ဘာကိစၥရွိလို႔လဲဟင္?"

"မနက္ျဖန္sceneမွာပါမဲ့ ကၽြန္ေတာ္တို႔Because of Jeon Taehyung series teamကcastေတြခ်ည္းသီးသန႔္ေတြ႕ဆုံပြဲေလးလုပ္မလို႔ အဲ့တာHyungေရာလာနိုင္မလားလို႔ေခၚမလို႔ပါ"

"အာ အဆင္ေျပတာေပါ့ ကၽြန္ေတာ္ေသခ်ာေပါက္လာခဲ့ပါမယ္... "

castေတြေတြ႕ဆုံပြဲျဖစ္တာမလို႔ေသခ်ာေပါက္သြားေရာက္သင့္သည္လို႔Taehyungထင္မိသည္။ seriesတစ္ေလၽွာက္တူတူေတြ႕သြားရမည့္ လူေတြမလို႔ ရင္းႏွီးမႈရထားတာကပိုအဆင္ေျပမည္လို႔လဲထင္မိသည္။ အထူးသျဖင့္သူ႔ရဲ့အဓိကပါတနာျဖစ္သည့္Jungkookႏွင့္ ပိုၿပီးရင္းႏွီးသင့္သည္ေလ။

တစ္ဆက္တည္းမွာပင္ ကိုယ္ကအႀကီးလဲျဖစ္စီနီယာလဲျဖစ္ေပမဲ့ အခုseriesရိုက္ကူးေရးမွာ Jungkookေလာက္ပင္ အလိုက္သင့္မေနတတ္ျဖစ္ေနသလားဟုေတြးမိေတာ့ကိုယ့္ကိုကိုယ္အားမရျဖစ္ရသည္။

"Jungkook sii"

"Nae"

"ကၽြန္ေတာ္နဲ႔တြဲၿပီး သ႐ုပ္ေဆာင္တာအဆင္ေျပရဲ့လားဟင္? "

ေမးလာသည့္မ်က္ႏွာငယ္ေလးက သူ႔အေျဖကိုေမၽွာ္လင့္တႀကီးေစာင့္စားေနဟန္။ သ႐ုပ္ေဆာင္ကသူလား ကိုယ္လားမသဲကြဲေတာ့။ သူ႔လိုကိုယ့္ထက္အေတြ႕အၾကဳံေတြရွိဖူးၿပီးသားသူက ျပန္လာေမးေနသည္တဲ့။

ဒီinnocent hyungေလးကိုအူယားလြန္းလို႔ဆြဲမြခ်င္စိတ္တို႔တဖြားဖြား။ သူအဆင္မေျပတယကိုမေျပာပဲ သူမ်ားအဆင္မေျပမွာကိုစိတ္ပူေပးေနသည့္သူခ်စ္ရတဲ့Hyungေလး။ တကယ္ကိုကေလးေလးလိုပဲ ျဖဴစင္လိုက္တာ။

"အဆင္ေျပပါတယ္Taehyung hyungရဲ့ ကၽြန္ေတာ္ကသာhyungဆီကေနသင္စရာေတြအမ်ားႀကီးရွိေနတာပါ"

Jungkookေျပာလိုက္ေတာ့မွ ယုံသြားသလိုေလးေခါင္းေလးၿငိမ့္ကာျပန္ျပဳံးျပလာသည္။

"အဟီး ေက်းဇူးတင္ပါတယ္Jungkook sii ဒါဆိုမနက္ျဖန္မွေတြ႕ၾကမယ္ေနာ္"

"ဟုတ္ကဲ့ပါဗ်ာ အိမ္ျပန္ေရာက္ရင္လဲေကာင္းေကာင္းအနားယူေနာ္Tae"

မ်က္စိတစ္ဖက္မွိတ္ကာJungkookကေျပာလိုက္ေတာ့ မ်က္ေတာင္ရွည္ႀကီးေတြကိုပုတ္ခတ္ပုတ္ခတ္လုပ္ကာသူ႔အၾကည့္ေတြကိုလႊဲရင္း လွစ္ခနဲကားေပၚေျပးတက္သြားသည့္Taehyungပုံစံေလးေၾကာင့္ Jungkookမွာအူအသဲရႊင္ရႊင္ျမဴးသြားရသည္။ ရဲတြတ္သြားသည့္ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ကို ေျပးနမ္းခ်င္စိတ္ေတြကိုပါထိန္းခ်ဳပ္ေနရသည္။

"ေအးေအး ၾကပ္ၾကပ္စေန မင္းကလဲအဲ့လိုသြားသြားမထိတထိေတြလုပ္ ဟိုလဲအျမဲတမ္းရွက္ေနတာ လူမေျပာနဲ႔မင္းနာမည္ၾကားတာနဲ႔တင္ရွက္ေနေတာ့တာနဲ႔ငါ့ဇာတ္လမ္းကေရွ႕ေရာက္မွာကိုမဟုတ္ေတာ့ဘူး"

Seokjin hyungရဲ့မေက်မနပ္အသံႀကီးထြက္လာေတာ့မွ သူ႔မွာျပဳံးၿဖီးေနသည့္မ်က္ႏွာပိုးသတ္လိုက္ရသည္။

-------

TBCWith Love 💜||Tae_For_Jeon Jeon_To_Tae||*အေရးေတာ္ပုံ ေအာင္ရမည္*A/N : Bed sceneေတြဆိုတာပါလာခဲ့ရင္ အဲ့တာIrisေရးတာမဟုတ္ပါဘူးေနာ္ ဇာတ္ညႊန္းဆရာCha Eunwooေရးတာပဲျဖစ္မွာပါ👀🙊

ျဖည္းျဖည္းခ်င္းသြားမယ္ေလေနာ္ 🌝🌝

There are no comments yet. Log in to be the first to leave a review!

Similar stories