Fanfics

part 9🚨🚨🚨🚨

11:41, 26 November 2025

ကျောင်းရှေ့တွင် ခင်ကားရပ်လိုက်၏။ မင်းက ကျောင်းထိလိုက်ဝင်လာမလို့လား။ ထက်က ခင့်စကားကို နားထောင်နေပုံမရပါ။ ကျောင်းဝန်းထဲက လုပ်ရှားမှုတွေကို လိုက်ကြည့်နေသည်။

"ရှင် ဆင်းတော့လေ၊ ကျွန်မကားပျက်နေလို့ ဆေးရုံကို ရှင့်ကားယူသွားမလို့"

ဒါဆို တို့ အပြန်ကျတော့ရော။

ရှင့်တို့ကျောင်းမလွှတ်ခင် ကျွန်မလာစောင့်နေမယ်။ လျှာတော်တော်ရှည်တယ်။ ဆင်းတော့...။

တို့လည်းဆင်းမှာပါ မင်း မောင်းချစရာမလိုဘူး။ တို့ကားကို ယူသွားပြီး ဘာမှဖြစ်လာသံမကြားချင်ဘူး။

သူ့ကိုပြောချင်ရာပြောပြီး ခင်ကားတစ်ခါးပိတ်ကာ ဆွဲခြမ်းလေးဆွဲပြီး ကျောင်းထဲဝင်လာခဲ့သည်။

ခင့်..!'မဟေသီလေး လာပို့ပေးတာလား'

ဆရာမအိန်ဂျယ်က ခင့်ကိုကျောင်းဝန်းထဲကနေ ခုနတည်းက စောင့်ကြည့်နေသည်။ကားထဲက နှုတ်ခမ်းလေးဆူပြီး ထွက်လာတဲ့ခင့်ကိုလည်း သေချာမြင်သည်။

ဟုတ်ပါတယ်..ဆရာမအိန် ။ သူ့ကားက ပျက်နေလို့ ခင်နဲ့လမ်းကြုံလိုက်လာတာ။

ကျောင်းသူလေးနှစ်ယောက်က ဆွဲခြမ်းလေးကိုလာဆွဲတော့ ခင်ရော အိန်ရော ပေးလိုက်သည်။

ခင့်ကနော် ...အိမ်ထောင်ကျပြီးမှ ခန္ဓာကိုယ်ပြည့်လာတယ်။

"မဟုတ်ပါဘူး ဆရာမအိန်ရယ် ခင်က ပုံမှန်ပါပဲ၊သူနဲ့က အိမ်မှာနေ့တိုင်း ရန်သတ်နေရတာ"

ခင် ထင်လိုပါ..ခင့်ခန္ဓာကိုယ်ကပြည့်လာတာ အမှန်ပဲ။

ဆရာမအိန်ပြောတာမှန်၏ ။ ခင့် အတွင်းဝတ်တွေ ကြပ်လာလို့ ဟို့တစ်နေ့က သီဇာတွေပြန်ဖြုတ်နေရတယ်။ ဟိုတစ်ယောက်လက်ချက်ကြောင့် ခင့်ရင်ဘတ်တွေပြောင်းလဲလာတာကို ရေချိုးတိုင်း သတိထားမိတာအမှန်ပင်။

ခင်နဲ့အိန် အခန်းထဲဝင်လာတော့ ဆရာမစုမြတ်က ရောက်နှင့်နေသည်။ ခင်ရေ စုကို တစ်ခုလောက်ကူညီပါ။ စု အတန်းချိန်ကို ခင်ဝင်ပေးပါအုံး။ အရေးပေါ်သွားစရာကိစ္စလေးပေါ်လာလို့။

ရပါတယ် စုရဲ့ ခင်ဝင်ပေးပါ့မယ်။

'အိန်ရေ စုကို အိန်ဆိုင်ကယ်နဲ့ခဏလောက်သွားပို့ပေးပါအုံး..'

ယူစရာရှိတာတွေသေချာယူအုံး အိန်ဆိုင်ကယ်နားမှာစောင့်နေမယ်။

"ဟုတ်ကဲ့ပါ"

...............

ကဲ..မိန်းမ လေကြီးလေကျယ်နဲ့ခုတော့ မိန်မပူမိနေတယ်မှတ်လား..။

အခန်းထဲက ထိုင်ခုံပေါ်တွင် စားပွဲကိုမေးထောက်ပြီး ထိုင်စဉ်းစားနေတဲ့ ထက်အခန်းကို သူငယ်ချင်းတစ်စုဝင်လာသည်။

သိပ့်ရတီကျော်က ထက်ထက်၏ရှေ့က စားပွဲခုံပေါ်တွင် ဝင်ထိုင်သည်။ဒေါက်တာ မြင့်မြတ်မျိုးကလည်း ဘေးခုံတွင် ထိုင်နေသည်။

မဟုတ်ပါဘူးဟာ..ငါ့ကိစ္စကို နင်တို့တွေမသိပါဘူး။

"ဪ..ထက်ထက် မေ့‌တော့မလို့...နင့်ကို ဆေးရုံအုပ်က သူ့အခန်းထဲ ခဏလာပါအုံးတဲ့။ အခုချက်ချင်းတဲ့ ငါ့ကိုမှာလိုက်တယ်"

သိပ့်ရတီကျော်က ‌ထက်ထက်၏မျက်နှာကိုကြည့်ရင်း ပြောသည်။

"နင့်နဲ့ဆေးရုံအုပ်က ဆက်သွယ်ရှိနေတုန်းလား ထက်ထက်"ဒေါက်တာမေငြိမ်းစံက ထက်ထက်ကို အနည်းစိုးရိမ်နေသည့် မျက်နှာဖြင့် မေးလေသည်။

အင်း...သူ့ဘက်က အတင်းဆက်သွယ်နေတာ..ငါ့ဘက်ကရှောင်လွှဲလို့မရဘူးလေ။ ကိုမင်းက ငါ့ကိုဘယ်လောက်ထိ ထိန်းချုပ်ထားလဲဆိုတာ နင်တို့မြင်ကြတာပဲ။

ဒါကတော့ နင်နဲ့သူ တွဲနေတုန်းကလေ"

အခု နင်က အိမ်ထောင်နဲ့ဖြစ်နေပြီး။ဆရာမလေးသိရင်လည်း သူစိတ်ကောင်းပါမဟုတ်ဘူး။

ငါ့ဘဝခုလိုဖြစ်နေတာ သူ့ကြောင့်ပဲလေ။ သူတို့သားဖတွေပဲ ငါ့ဘဝကိုတစ်စစီဖျက်ဆီးခဲ့တာ!!သူ့ကို ငါသိပ့်မုန်းတယ်။

................

အိန္ဒြေ မင်းက ကိုယ်နဲ့ဆက်သွယ်ဖျက်ချင်နေတာလား။

မဟုတ်ပါဘူး...ဒီရက်ပိုင်း အလုပ်များနေလို့ပါ။

ထိုင်ခုံပေါ် မိန့်မိန့်ကြီးထိုင်နေသည့် ဆေးရုံအုပ်မင်းမဟော်က ထက်အိ‌န္ဒြေကို ဝါးစားမတက်ကြည့်၍ပြောသည်။

'ကိုယ်အရမ်းပင်ပန်းနေတယ်ကွာ..ကိုယ်ဘေးမှာလာထိုင်အုံး'

ဒေါက်တာမင်းမဟော်က သူ့ပေါင်နှစ်ဘက်အားပုတ်ပြပြီး ထက်အိန္ဒြေကို သူ့ပေါင်ပေါ်တွင်ထိုင်စေသည်။

ကိုမင်း...အိ‌န္ဒြေတို့ အေးအေးဆေးဆေးပဲ စကားပြောကြရအောင်နော်။

မင်းမှာကိုယ့်ကို ငြင်းပိုင်ခွင့်ရှိလို့လား အိ‌န္ဒြေ။ ပါးစပ်ကပြောလည်းပြော သူ၏လက်တစ်ကမ်းတွင် ရှိနေသည့် ထက်အိန္ဒြေ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။

လွှတ်...လက်နာတယ်။

သူ့ယောက်ျားအားနဲ့ ထပ်ဆွဲတော့ ထက်အိန္ဒြေ၏ကိုယ်လေးဟာ သူ့ပေါင်ပေါ်တွင် ကွက်ကိထိုင်မိစေသည်။

ဒီလို လိမ်မာစမ်းပါ အိန္ဒြေ။ ကိုယ်မင်းကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံချင်ဘူး။

ထက်ထက်၏ခါးပေါ်တွင် မင်းမဟော်လက်နှစ်ဖက်ဖြင့် တုတ်နှောင်ထားသည်။ချွေးစလေးတွေထွက်နေသည့် သွေးကြောမျှင်လေးများကိုပါ မြင်နေရတဲ့ နားသွယ်စပ်လေးကို ငုံ့နမ်းသည်။

ကိုယ့်ကို အရင်လိုကြင်ကြင်နာနာပဲ ဆက်ဆံပေးပါ။ ကိုယ့်က မင်းမရှိရင် မရပ်တည်နိုင်တာ မင်းသိပါတယ်။

'ကိုမင်းမဟော် အိန္ဒြေကို လွှတ်ပါတော့..အသက်ရှူကြပ်နေပြီးလို့'

အခုဆို ထက်တစ်ကိုယ်လုံး ဒေါက်တာမင်းမဟော်ရင်ခွင်ထဲ ရောက်ရှိနေနှင့်ပြီး။

နေပါအုံး ..ခဏလေးပဲ ဖက်ထားပါရစေ။မင်းကိုယ့်ကို လူရမ်းကားတစ်ယောက်လို မဆက်ဆံစမ်းပါနဲ့။ ကိုယ့်တို့တွေ တစ်ချိန်က အရမ်းချစ်တဲ့ချစ်သူတွေလေ။ စိတ်ဝေတနာဖြစ်ချင်နေတဲ့မင်းကို ကိုယ်ကပဲ ခုလိုအခြေနေဖြစ်အောင် ထိန်းပေးခဲ့တာပါကွာ။

မင်းသိချင်တဲ့ အမှုကိုလည်း ကိုယ်ပဲစုံစမ်းပေးခဲ့တာ။ အေ ..နောက်ဆုံး မင်းသူ့ကို လက်ထပ်ပါရစေ ဆိုတော့လည်း ကိုယ်ပဲခွင့်ပြုပေးခဲ့တာလေ။ ဒီလောက်လေးတော့ ကိုယ်ပြန်မရနိုင်ဘူးလား။

မင်းမဟော်ရင်ခွင်ထဲငြိမ်ကျသွားတဲ့ သူမလေးကြောင့် ကျေနပ်နေမိသည်။ မင်းကို ကိုယ်မပေးနိုင်ဘူး အိန္ဒြေ။ ကိုယ့်ပျိုးခဲ့တဲ့ပန်းကို ကိုယ် ကိုယ်တိုင်ပဲခူးခွတ်မယ်။

မဟော်...!!တံခါးဝ၏ ခေါ်သံကြောင့် မင်းမဟော်လည်းထိန့်လန့်သွားသလို ထက်အိန္ဒြေလည်း ရုန်းထွက်လိုက်သည်။

"အော်..သူရ ..မင်းက တံခါးလေးဘာလေး မခေါက်ဘူး"

အရင်ကလည်း ဒီလိုဝင်နေကျပဲလေကွာ။ ‌သူရက မင်းမဟော်ဘေးက ထက်အိန္ဒြေကို တစ်ချက်စိုက်ကြည့်သည်။

"ဒေါက်တာ့ရဲ့ ကားရပြီနော် ကျွန်တော်အခုလာပို့ပေးတာ"ဟုတ်ကဲ့..

'အိန္ဒြေကားက ဘာဖြစ်သွားတာလဲ'

ဘာမှမဟုတ်ပါဘူးကွာ ဒီတိုင်းအင်ဂျင်ဒေါင်းသွားတာ။ ငါလည်းလမ်းကြုံလို့ ဒေါက်တာ့ကို ခေါ်တင်လာတာ။

"ဆေးရုံအုပ် အိန္ဒြေကို ခွင့်ပြုပါအုံး"

ကောင်းပြီး အိန္ဒြေ..ကိုယ်ပြောထားတဲ့ ကိစ္စကိုလည်း ခေါင်းထဲထည့်ထားပေးပါအုံး။

ထွက်သွားကြည့် ထက်အိန္ဒြေရဲ့ကျောပြင်ကို မင်းမဟော်ရော၊‌သူရပါ ကြည့်နေသည်။

မသိမသာအသားတွေတုန်ယင်နေတဲ့ ထက်ထက်က အခန်းထဲဝင်လာပြီး စားပွဲပေါ်ကရေကို ဖန်ခွက်ထဲထည့်ပြီးသောက်သည်။ခုံပေါ်တွင်ထိုင်ရင်း သူ့မရင်ဘက်ကို လက်ဖြင့်အသာဖိထားရသည်။

အခန်းတံခါးပွင့်လာ၏။ တံခါး၏နောက်တွင် ဒေါက် တာမေငြိမ်းရောက်နေသည်။

'ထက်ထက် ပြန်လာပြီလား...ဆေးရုံအုပ်က ဘာပြောလိုက်တာလဲ'

ဘာမှမဟုတ်ပါဘူး...။ဒီတိုင်း သူ့ပြဿနာတွေကို ဆွေးနွေးနေတာ။

"နင့်တစ်ကိုယ်လုံးလည်း ချွေးတွေချည်းပဲရော်။ နှဖူးမှာလည်း ကျနေတယ် သုတ်လိုက်အုံး"

ဒေါက်တာမေငြိမ်းက ထိုမျှသာပြောပြီး စားပွဲပေါ်စစ်တမ်းစာကိုယူ၍ ပြန်ထွက်သွားသည်။

အိန္ဒြေကြောက်သည်။ကိုမင်းက ပြောတဲ့အတိုင်းလုပ်တတ်တာ သူသိသည်။ကိုမင်းဘက်က ဆန္ဒရှိလျှင် သူမဟာ သူ့လက်ထဲက ရေသာသာ ဖြစ်ရ၏။

ဆေးရုံကိုရောက်ခါမှ ထက်အိန္ဒြေခွင့်ပြန်ယူသည်။ဒီအနေနဲ့ဆို သူမဟာ အလွဲလွဲအမှားမှားတွေ လုပ်နိုင်မိသည်။ သူမဘက်က ဘာအမှားမှမလုပ်မိခင် ခင်သီရိကိုရဲ့ ကားကိုမောင်း၍ဆေးရုံဝန်းမှ ထွက်လာခဲ့သည်။

ဒေါက်တာထက်ကားကို အရှိန်တင်ပြီး မောင်းနေတာ 3နာရီခန့်ရှိနေပြီး။သူမတစ်ခါမှ မမောင်းဘူးတဲ့အရှိန်ကိုလည်း တင်ထားသည်။

လူနေထူထပ်တဲ့ နေရာအသီးသီးကို ကျော်လွန်လာခဲ့ပြီး။ လူနေအိမ်က တစ်စတစ်စတာ ရှိတော့သည်။ ထက်က ကားထဲမှဘေးဘီကို ကြည့်ကာအရှိန်နည်းနည်းလျှော့လိုက်သည်။

ဒီနေရာဟာ သူမတစ်ခါမှမရောက်ခဲ့ဘူးပါ။ စိတ်တွေရှုပ်ထွေးနေတာကို ထိန်းချုပ်ပြီး ခြေဦးတည့်လာလမ်းကို မောင်းလာခဲ့သည်။

ကားမကြီးပေါ်တွင် တစ်ခြားကားများကလည်း ဟိုတစ်စီးဒီတစ်စီးဖြတ်သွားနေကြ၏။ သူမတစ်စီးတည်းတော့ မဟုတ်ပါ။

ဒီတိုင်းဆက်မောင်းလာခဲ့သည်။လူခြေပျက်သည့် လမ်းမကြီးဘေးတွင် သက်ရက်တွေနဲ့အုပ်ဆိုင်းနေတဲ့  'စိမ်းလဲ့ဖြူ'ဟူသည့် စားသောက်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။သူမကားထိုးရပ်လိုက်ပြီး ဆိုင်ထဲဝင်လာခဲ့သည်။

'မင်္ဂလာပါ မမ...'

သူမထက်ငယ်သည့် ကောင်မလေးနှစ်ယောက်က ပြုံးပြကာ ဦးညွှတ်သည်။

သူတို့ဆိုင်ကဝန်းထဲမှာ ဖက်ရွက်တွေနဲ့အုပ်မိုးထားတဲ့ တစ်လုံးးချင်းတဲဘုတ်ငယ်များစွာရှိသည်။ တစ်လုံးနဲ့တစ်လုံးက သိပ့်မဝေးလှပါ။

ထောင့်အစွန်းဆုံး တဲဘုတ်ကို ထက်ရွေးလိုက်သည်။ အစ်မကို ဆေးလိပ်နဲ့မီးခြစ် ပဲအရင် ချပေးပါ။

'ဟုတ်ကဲ့ပါ..မမ'

သူ့ရှေ့က ဆေးလိပ်ကို ထက်ထက် ထိုင်ဖွာနေတာ ခုဆို ဗူးတစ်ဝက်ကျိုးသွားပြီး။ ဘေးမှာ မှာထားတဲ့ ထမင်းနဲ့ဟင်းအစုံက လာချပေးသည့်အတိုင်း လက်ရာမပျက်ယွင်းပါ။

ခါတိုင်း ဒီဆိုင်ကို စိတ်မဝင်စားတဲ့ ဒေါ်နန်းထက်စံက ကောင်တာကနေ တန်းမြင်နေရတဲ့ ခပ်ချောချောကောင်မလေးကို သတိထားမိသည်။

ဝင်လာထဲက အထက်တန်းဆန်တဲ့ဒီ‌ဇိုင်းနဲ့ ထောင့်ဆုံးတဲကို ရွေးတဲ့ကလေးမ။အဝေးကိုငေးပြီး ဆေးလိပ်သောက်နေတာ အခုချိန်ထိပင်။ ရုပ်ချောချောလေးမလို့ ဒေါ်နန်းထက်စံ မျက်ဝန်းထဲတွင် စူးရှနေသည်။ ဆေးလိပ်သောက်တတ်သည့် မိန်းကလေးတွေဆို ဒေါ်နန်းထက်စံ မုန်းပါသည်။

နန်းထက်စံတို့ဆိုင်က အဝေးပြေးလမ်းပေါ်က ကားတွေအတွက် စားသောက်တည်းခိုရာနေရာဖြစ်သည်။ နေရာအသီးသီးတွင် ဆိုင်ခွဲများဖွင့်လှစ်ထားသည်။

ဘိုးဘွားပိုင် မိသားစုလုပ်ငန်းမို့ သူမဦး‌ဆောင်ကာလုပ်ကိုင်နေရခြင်းဖြစ်သည်။ဝါသနာတော့ မပါပေ။

..............

ခင် မပြန်သေးဘူးလား။ ကလေးတွေလည်း တစ်ယောက်မှ မရှိတော့ဘူးလေ။

ကျောင်းရှေ့တွင် ထိုင်စောင့်နေတဲ့ ခင့်ကို ဆရာမစုမြတ်မေးသည်။

ဒီနေ့ စုမြတ်တို့ အသင်းမို့လို့ ဆရာမဖြစ်တဲ့ စုမြတ်တို့က နောက်ဆုံးမှပြန်ရသည်။ ကျောင်းထဲတွင် ကျောင်းစောင့် ဦးလေးတစ်ယောက်သာ ကျန်တော့သည်။

"ခင် သူ့ကိုစောင့်နေတာ သူလာကြိုမယ်ပြောတယ်"

ဒေါက်တာမလေးကို စောင့်နေတာလား ခင်။ သူမလာတော့ဘူး ဖြစ်မှာပေါ့ အချိန်ကမနည်းတော့ဘူးလေ။

ပြီးကျရင် မှောင်လာဖို့ပဲ ရှိတော့တယ်။ ခင့် အိမ်က အဝေးကြီးပဲ စုမြတ်နဲ့ပြန်လိုက်ခဲ့ပါ။

"နေပါစေ။ ရပါတယ် စုရယ်...သူလာကြိုရင် လွဲနေမှာဆိုးလို့"

ခင့် သဘောပါ၊ ဂရုစိုက်အုံးနော်။ စုမြတ်သွားပြီး။

ယုံယုံကြည်ကြည်နဲ့ ခင်ဆက်စောင့်နေသည်။ သူမဟာ ပြောတဲ့စကားတည်တဲ့သူဆိုတာ ခင်ပဲသိတယ်။

အခုဆို ..ခင်ထိုင်စောင့် နေတာ။ ၅နာရီတောင် ကျော်ခဲ့ပြီး။ စိတ်ထဲ နည်းနည်းစိုးရိမ်လာသည်။ ကျောင်းက မြို့စွန်မှာဖြစ်တာကြောင့် လူခြေတိတ်ဆိတ်သည်။

ခင့်အရှေ့ကို ခင်အရွယ်ယောက်ျား၄ယောက်က ကွက်ကြည့်ကွက်ကြည့်လုပ်ပြီး ဖြတ်သွားသည်။

သူ့ကို ဖုန်းဆက်တာ၊ ဝင်လည်း မကိုင်ပေ။ အခုနဲ့ဆို ခေါ်နေတာ 19 ကြိမ်မြှောက်ဖြစ်ခဲ့ပြီး။

မမခင်ရယ် ဘယ်လိုဖြစ်ရတာလဲ၊ ကျွန်တော် စိုးရိမ်လို့လိုက်လာခဲ့တာ..လာကားပေါ်တက်။ ငြိမ်းမောင်က ခင့်လက်ထဲက ဆွဲခြင်းကို ဆွဲယူပြီး ကားပေါ်အတင်းတတ်ခိုင်းသည်။

ခင် သူ့ကိုစောင့်နေတာ။ကားကို သူယူသွားလို့..။ လာကြိုမယ်လို့ ပြောခဲ့တာ။

ဒေါက်တာမင်းမဟော်လည်း အိမ်ရောက်လာသေးတယ်။ မမလေး အရေးပေါ်ခွင့်ပြန်ယူသွားလို့ လာကြည့်တာတဲ့။ မမလေးက  အိမ်တော့ပြန်မရောက်သေးဘူး။

"ကျစ်..သူလေး ဘယ်တွေသွားနေပါလိမ့်"

ကားနောက်ခန်းတွင် ထိုင်နေတဲ့မမခင်ကို ငြိမ်းမောင် ခိုးကြည့်နေမိသည်။ မမခင်ဟာ ယဉ်ယဉ်လေးနဲ့လှသည်။ သူမ အပြုံးဟာလည်း ချိုသည်။

ကလေးဘဝကနေ အခုချိန်ထိ မမခင်ကိုတိတ်တခိုး စိတ်ကူးယဉ်ခဲ့ဖူးသည်။ သူနဲ့မမလေးဆို မမခင်က သူ့ကိုဦးစားပေးတာ များလွန်းသည်။

အဲ့အချိန်တည်းက မမခင်အပေါ် ချစ်မြတ်နိုးသည့်စိတ်တွေ စီးဆင်းခဲ့သည်။

'အစ်ကို ငြိမ်မောင်ရဲ့ မမလေးဆီ ဖုန်းဆက်ကြည့်ပါလား'ကျွန်တော် ဖုန်းမခေါ်ရဲဘူး မမခင်။မမလေးက ကျွန်တော့်ကို ကြည့်လို့ရတာ မဟုတ်ဘူး။

မမခင်နဲ့မမလေးသာ ဒီလို ကတောက်ကဆဖြစ်နေတာကို စိတ်ထဲကျေနပ်မိသည်။ မမလေးထက် မလျော့တဲ့ အချစ်နဲ့ချစ်ပေးနိုင်ပါတယ်။ တစ်ခုပဲ ကျွန်တော်က ပညာတော့မတတ်ဘူး။

ခြံရှေ့သို့ ရောက်လာခဲ့သည်။ငြိမ်းမောင်အတွက် ဒီလမ်းဟာအရမ်းနီးလွန်းတယ်။မမခင်မျက်နှာကို ကြည့်လို့မ‌ဝသေးပါ။ မမခင်ကတော့ သူ့ဘက်ကို ပြန်ကြည့်ဖို့ နေနေသာသာ မမလေးကိုပဲ စိတ်ပူကာဖုန်းခေါ်နေလေသည်။

..........11ကျော်မှ ပြန်ရောက်လာတဲ့ ထက်အိန္ဒြေကို အိမ်ရှေ့ပေါက်တွင် ခင်စီး‌နေကြိုသည်။

မင်း ဘယ်တွေလျှောက်သွားနေတာလဲ။ ငါဖုန်းခေါ်တာလည်း မကိုင်ဘူး။

ထက်ထက်က သူမကိုအရေးမလုပ်ပဲ  အိမ်ပေါ်တက်လာခဲ့သည်။ အခန်းထဲ ရောက်တဲ့အထိ ထက်ထက်ဘက်က စကားတစ်ခွန်းမှ ပြန်မပြောပါ။

'ထက်အိန္ဒြေထွန်း မင်းဘာဖြစ်နေတာလဲလို့'

ကျွန်မဘာဖြစ်နေလဲ..ဟုတ်လား...

ရှင့်ကိုအခု လုပ်‌ပစ်ချင်တာ ..သူလက်က ခင်ရဲ့ခါးပေါ်က အင်္ကျီစကို လှန်တင်လေသည်။

ကျစ်..မင်းဘာဖြစ်နေတာလဲ အကျိုးကြောင်းမသိပဲ ငါ့ဒီလိုမျိုး မင်း လာမဆက်ဆံနဲ့။ ခင်က သူ့လက်တွေကို ဖယ်ချပြီး။ရုန်းပစ်သည်။

ဘာလို့လဲဆိုတော့ ရှင့်ကိုမုန်းလို့၊ရွံလို့...ကျွန်မဘဝထဲကို ရှင်တို့မိသားစုတွေရောက်လာထဲက ကျွန်မဘဝတစ်ခုလုံးပျက်စီးသွားခဲ့တာ။

"အခုလည်း ကျွန်မဘဝ ဘာဖြစ်နေလဲ ရှင်သိလား"

ဘာဖြစ်နေလို့လဲ ..မင်းဘဝက။ မင်းဟာမင်း အရင်အဆက်ဟောင်းတွေနဲ့ မပြက်နိုင်ဘဲနဲ့ငါ့မိသားစုအပေါ်အပြစ်တွေ ပုံချမနေနဲ့။

မင်းအကောင်ကို မင်းမနိုင်ဘဲနဲ့တို့ကိုရန်လာမရှာနဲ့။မင်းအကောင်က မင်းကိုဘာတွေများ တောင်းဆိုလို့ ဒီလောက်ထိဖြစ်ပျက်နေရတာလဲ...ဘာလဲဟိုကိစ္စလား...

တောက်စ်...ရှင် ...ရှင်!!

မသိစိတ်မကပ်နိုင်တော့တဲ့ ထက်အိန္ဒြေက ခင့်ကိုအနောက်က နံရံဖြင့် ဆောင့်တွန်းချကာ စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ နောက်ဆို ခင်သီရိကို,ကို သူမလည်ပင်းညှစ်မိလိမ့်မယ်။

အား...နံရံထောင့်က  ခင့်မှာခေါင်းပေါ်မှ သွေးတွေစီးကျလာသည်။

Part 10 (စောင့်‌နေရလို့ တောင်းပန်ပါတယ်..)

There are no comments yet. Log in to be the first to leave a review!

Similar stories