Fanfics

part 8

17:00, 13 November 2025

ခင် အခန်းထဲဝင်လာတော့ ကုတင်ပေါ်တွင် သူမလေး အိပ်ပျော်နေသည်။ ဗီရိုထဲက အင်္ကျီနဲ့ထဘီထုတ်ကာ ရေချိုးခန်းထဲဝင်ပြီး အင်္ကျီအရင်ဝင်လှဲသည်။

သူမလေး၏ မျက်နှာရှေ့တွင် ဝင်ထိုင်ပြီး နဖူးလေးကို စမ်းကြည့်သည်။ ကိုယ်က ကျစ်ကျစ်တောက်ပူနေတုန်းပင်။

သူအိပ်ပျော်နေတုန်း ခင်အောက်ထပ်ပြန်ဆင်းလာသည်။ မီးဖိုခန်းထဲ ဆန်ပြုတ်ပြုတ်ဖို့ ပြင်ဆင်၏။

"သမီးခင် ကြီးကြီးဘာဝိုင်းကူပေးရမလဲကွယ်"

ရတယ် ကြီးကြီး။ ခင် ပဲလုပ်လိုက်ပါ့မယ်။ သူအိပ်ပျော်နေတယ်။

အေးပါကွယ်..လိုအပ်ရင် ကြီးကြီးကိုပြောလို့ရတယ်နော် သမီး။

'ဟုတ်ကဲ့..ကြီးကြီး'

ဆန်ပြုတ်ပန်ကန်ကိုင်ကာ အခန်းထဲဝင်လာတော့ သူမလေးက နိုးနေခဲ့ပြီး။

"ရှင်..အိမ်ပြန်လာတာလား"

အင်း..ကျောင်းကနေ ခွင့်တစ်ဝက်ယူခဲ့တာ။ မနက်က ဘာမှမစားဘူးဆို။ဆေးလည်း မသောက်ဘူး မှတ်လား။

ဘာလို့ စိတ်လာပူနေတာလဲ..ရှင့်ကျောင်းပဲ ရှင်စိတ်ဝင်စားတာ မှတ်လား၊ ဘာလို့ ပြန်လာလဲ သွား..ရှင့်ကျောင်း ရှင်ပြန်သွား!!

ကျောင်းအုပ်စီကနေ ခွင့်ယူပြီးပြီးဆိုတော့ ကျောင်းပြန်သွားလို့တော့ မရဘူး။ မင်း သွားစေချင်ရင် မေမေ့အိမ်ကို သွားလိုက်မယ်။

အခုတော့ ဆန်ပြုတ်အရင်သောက်လိုက်ဦး.. အခုလေးတင်ပဲ တို့ပြုတ်လာခဲ့တာ။ ကိုယ်ဘာကိုယ် သောက်မယ်မှတ်လား။

မရဘူး..ကျွန်မတစ်ကိုယ်လုံးပူပြီး ကိုက်ခဲနေတာ လက်တောာင် မမြှောက်ချင်ဘူး။

အဲ့ဆို တို့ခွံ့ပေးမယ်။ စားပွဲပေါ်က ဆန်ပြုတ်ကို ခင်မွှေပြီး ကျောကို ခေါင်းအုံးခု ထိုင်နေတဲ့ သူ့ ဆီသို့ တိုးလာခဲ့သည်။

တစ်ဇွန်းခက်ပြီး ပူနေသေးတဲ့ အတွက်ကြောင့် မှုတ်ပေးကာ ခွံ့လိုက်သည်။ သူလည်း အရင်တစ်ခါလို မဟုတ်ဘဲ မျက်လွှာချပြီး ခွံ့ပေးတာကို အေးဆေးစားသည်။

ခင် ခွံ့ပေးလိုက်...သူကစားလိုက်နဲ့ ပန်ကန်အောက်ခြေထိ ကုန်သွားသည်။

'ထပ်ယူအုံးမှာလား..'

ဟင့်အင်း တော်ပြီး။

ခဏနေပြီး ဆေးသောက်မယ်နော်။ တို့က ဘာဆေးတွေ ထုတ်ပေးရမှာလဲ..။ ဆေးကြောင်းတွေ နားလည်တာ မဟုတ်ဘူး။

'အင်း...ရှင်က ဟိုဘက်အိမ် သွားတော့ မလို့လား'

"မင်းက သွားစေချင်လို့လား"

ကျွန်မ မသွားစေချင်ရင် ရှင်မသွားဘူးလား။

"အဲ့လိုလည်း မဟုတ်ပါဘူး...မင်းထွက်သွားဆိုရင် တို့က သွားရမှာလေ"

ခင် ဆေးခြင်းယူလာကာ သူညွှန့်ပြတဲ့ဆေးတွေကို ဖောက်ပေးပြီး ရေနှင့်ဆေးကို သူ့လက်ထဲထည့်ပေးလိုက်သည်။

ခင် မနက်က စာသင်နေတုန်း ကြီးကြီးဆီက ဖုန်းဝင်လာခဲ့သည်။ အိန္ဒြေလေးက သမီးခင်ကျောင်းသွားတော့ ဘာမှမစားဘဲ အပေါ်ပြန်တက်သွားတယ်။ ကြီးကြီးလုပ်ပေးတဲ့ ကြာဇံချက်ကိုလည်း မစားဘဲ လာပို့တဲ့ ကလေးမလေးကိုလည်း အော်လွှတ်လိုက်တယ်။ ဆေးလည်း သောက်မှာမဟုတ်ဘူး ဆိုလို့ ခင် ခွင့်နေ့တစ်ဝက်ယူခဲ့သည်။

ကုတင်ခေါင်းရင်းမှာ တင်ထားတဲ့ ထက်အိန္ဒြေဖုန်းမြည်လာခဲ့သည်။

ဒေါက်တာမင်းမဟော်မှန်းသိလို့ ထက်မကိုင်ပေ။ မကိုင်ဘဲထားသော် သူ့ဘက်က ဆက်တိုက်ခေါ်နေသည်။

ခင်က သူ့ကိုစိတ်မဝင်စားပါ။ သိမ်းစရာရှိသည် များကို သိမ်းနေသည်။ သူစားလို့ပြီးတဲ့ ပုကန်တွေကို အောက်ထပ်သို့ သယ်ဆင်းလာသည်။

ဟဲလို ...ကိုမင်းပြော

"အိန္ဒြေနေမကောင်းဘူဆို...ကိုယ့်ဆီတီလေးဖုန်းဆက်တယ်။ကိုယ်လာခဲ့ ရမလား.."

ရတယ်။ ကိုမင်း အိန္ဒြေနေကောင်းနေပြီး။ ဒါပဲနော် အိန္ဒြေအိပ်ချင်နေလို့။

"ဟုတ်ကဲ့ပါဗျာ...တစ်ခုခုကို ကိုယ်ဆီအချိန်မရွေးဖုန်းဆက်"

အင်း..ကိုမင်း။

1နာရီလောက်ထိ ထက်အိန္ဒြေထိာင်စောင့် နေသော်လည်း ဟိုတစ်ယောက်က အခန်းထဲဝင်မလာတော့ချေ။

ကုတင်ပေါ်မှဆင်းကာ ပြတင်းပေါက်မှ စိတ်ပြေလက်ပျောက် ခြံထဲကြည့်နေမိသည်။ ခြံထဲ ကားပါကင်နားတွင် ဟိုတစ်ယောက်က မြတ်ထိုင်နုတ်နေသည်။

ငြိမ်းမောင် တစ်ယောက်လုံးရှိနေတာကို မခိုင်းလျှက်ဘူးပေါ့ ဟုတ်လား။ ရှင့်က အမြဲတမ်း ကျွန်မထက် ငြိမ်းမောင်ကို အမြဲတမ်းဦးစားပေးနေခဲ့တာပါ ခင်သီရိကိုရယ်။

ပန်ကန်ဆေးကြောပြီး ခင်အပေါ်ထပ်တက်လာတော့ လှေကားထိပ်တွင် သူ့တီလေးဆိုသူနဲ့ဆုံသည်။

ညည်းကို မနေ့က ငါဘာပြောထားလဲ!

ငါ့တူမ နေ‌မကောင်းဖြစ်နေတာကို အခွင့်ကောင်းယူပြီး အချောင်ခိုမယ်ပေါ့။

မဟုတ်ပါဘူး ဒေါ်ဒေါ်။ ခင်အခု လုပ်လိုက်ပါ့မယ်။

'တော်တော်မှ ပျော်နေတာလား ခင်သီရိကို'

မြတ်ပင်တွေကုန်သွားတော့ လှဲကျင်းကာ ခင်အခန်းထဲပြန်ဝင်လာခဲ့သည်။ လူလည်း တော်တော်အီသွားသည်။

မင်း ဘာဖြစ်ပြန်ပြီလဲ ထက်အိန္ဒြေထွန်း။

ကျွန်မက ဖြစ်နေတာလား ရှင်ကဖြစ်နေတာလား!!

ကျွန်မတစ်ယောက်လုံး ဖျားနေတာကို ရှင်ကခြံထဲမှာ အရေးမပါတဲ့မြတ်တွေကို သွားနုတ်နေတယ်။ ရှင့် လင်ငြိမ်းမောင် ပင်ပန်းမှာ စိုးလို့လား။

'မင်းစကားပြောတာ ရိုင်းမလာနဲ့။မင်းအဒေါ်က ငါ့ကိုခိုင်းလို့ ငါလုပ်တာ။'

"သူများခိုင်းတိုင်း ရှင်လုပ်တယ်ပေါ့"

မင်း ကိုယ်တိုင်က ငါ့ကိုမင်းအဒေါ်ရှေ့မှာ အဲ့လိုဆက်ဆံနေတာမဟုတ်ဘူးလား။ တော်ပြီး ..ငါ မင်းနဲ့ရန်စကားတွေမပြောချင်ဘူး ထက်အိန္ဒြေထွန်း။ အခုမင်းငါ့ကို ဘာခိုင်းမလို့လဲ..ငါဘာလုပ်ပေးရမလဲ။

ကျွန်မ အိပ် ချင်တယ်။ ကျွန်မကို ဘေးမှာစောင့်ပေး။

ထက်အိန္ဒြေက သူအိပ်နေတဲ့ မွေ့ယာနားကို ခင့်အားပုတ်ပြသည်။

ကလေးကလားနဲ့ (ခင်စိတ်ထဲတွင်သာ ပြောလိုက်သည်)

'ငါ့ချွေးနံ့တွေနဲ့ ရေချိုးမလို့'

အဲ့ဆို မြန်မြန်ချိုး၊အဝတ်လျှော်မနေနဲ့တော့ ကျွန်မစောင့်နေမယ်။

အင်း..။

ရေချိုးခန်းထဲမှ ထွက်လာတော့ သူကအိပ်မြဲတိုင်းအိပ်နေသည်။ မျက်လုံးအစုံ ခင်ဆီရောက်နေလျှက်။

'အမြဲတမ်းကြီး အိပ်မနေနဲ့လေ..မညှောင်းဘူးလား'

ခုနက လမ်းလျှောက်ပြီးပြီး..ခုအိပ်ချင်နေတာ။

ညစာ ဘာစားချင်လဲ။ လုပ်ပေးမလို့။

"ရတယ် မနက်ကဆန်ပြုတ်ပဲ စားမယ်။ ကြီးကြီး နွေးထားလိမ့်မယ်..မဆင်းနဲ့တော့"

ခင် အရှိန်မဆွဲတော့ဘဲ အင်္ကျီနဲ့ထဘီဝတ်ပြီး သူဘေးတွင် ဝင်ထိုင်လိုက်သည်။ သနပ်ခါးလည်း မလိမ်းတော့ပါ။

ဘာလုပ်နေတာလဲ လှဲကျလေ။

"အင်းပါ။ ဒီမှာ ဆံပယ်ညှိနေလို့ ခဏလေးနေပါအုံး။ ဘယ်လိုဖြစ်နေတာလဲ"

ဆံနွယ်များကို ဖြေချပြီး သူမလေးဘေးတွင် ဝင်လှဲသည်ဆိုရုံဖြင့် ခင့်ရင်ခွင်ထဲ အတင်းတိုးဝင်လာပြန်သည်။

ခင် ဘာစကားမှမဆိုတော့ဘဲ သူ့ကျောပြင်ကို ပွတ်ပေးမိသည်။

ခင့်ရင်ခွင်ထဲက ထက်ကတော့ သူ့နာခေါင်းဖြင့် ရင်ဘတ်တွေကို ပွတ်နမ်းနေသည်။

'ငြိမ်ငြိမ်နေလေ အိပ်ငိုက်နေတာ မဟုတ်ဘူးလား။နေမကောင်းဖြစ်နေတဲ့ဟာကို ဘာလုပ်ချင်သေးလို့လဲ"

အင်း..အိပ်ငိုက်နေတာ။ ဒါမဲ့ သူတို့လေးတွေကိုလည်း နမ်းချင်လာလို့။

ခင်လည်း ဘာမှမဆိုတော့ဘဲ သူ့စိတ်တိုင်းကျ ပြုမှုစေတော့သည်။ သူ့စိတ်ကြိုက် လူကိုကလိလို့ဝမှ အိပ်ပျော်သွားတဲ့ သူကိုခင်စောင်ခြုံပေးလိုက်သည်။

ဖြုတ်နေတဲ့ ဘော်လီကြိုးတွေကို ပြန်တက်ပြီး သူ့စားရန်ချက်ဖို့အတွက် အောက်ထပ်ပြန်ဆင်းလာတော့သည်။

........

ဟိတ်..ကိုယ်တို့တွေထပ်ဆုံပြန်ပြီးနော်။ ကားက ဘာဖြစ်သွားလဲ ကိုယ်ကြည့်ပေးရမလား!!

ဆေးရုံလာတဲ့လမ်းတွင် ထက်အိန္ဒြေကားက အကြောင်းမဲ့ထိုးရပ်သွားသည်။ ဒီနေ့က ဒရိုင်ဘာငြိမ်းမောင်ကို မခေါ်လာမိတာ မှားတယ်။

"ဟုတ်တယ်..အိန္ဒြေကားက မောင်းနေရင်းထိုးရပ်သွားတာ..ရှင်နားလည်ရင် ကြည့်ပေးလေ"

ဟိုတစ်ခါ အိန္ဒြေအင်္ကျီအစားလျော်ပေးလိုက်ရတဲ့ လူနဲ့ဆုံလို့ တော်သေးတယ်။

မင်းကာက အင်ဂျင်ဒေါင်းသွားတာ ဝပ်ရှော့ကို ကိုယ်ဖုန်းဆက်ထားတယ်။ ဆေးရုံသွားမှာမှတ်လား ကိုယ်လည်းအဲ့ဘက်ရောက်မှာမို့လို့ တစ်ခါတည်းလိုက်ခဲ့လိုက်။

ရတယ်..။ အိန္ဒြေ Taxi ခေါ်လိုက်မယ်။

ကိုယ်လည်း ဆေးရုံသွားရမှာ ..လိုက်ခဲ့ပါ။ တောင်းဆိုပါတယ်။ ကိုယ်တို့က မိတ်ဆွေတွေ ဖြစ်နေပြီးကိုငြင်းအုံးမလို့လား။

ထက်အိန္ဒြေဘာမှမဆိုတော့ဘဲ သူ့ဖွင့်ပေးတဲ့ ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။ ဆေးရုံမှာလည်း နောက်မကျချင်ပါ။ သွားတဲ့ရက်ထက် ခွင့်ယူထားတဲ့ ရက်တွေက ပိုများနေသည်။

ဆေးရုံဝန်းထဲအထိ ထိုလူ‌ကမောင်းပို့ပေးသည်။

'ကျေးဇူးတင်ပါတယ် ..ခုလိုကူညီပေးလို့'

"ရပါတယ်ဗျ..ကိုယ်တို့က သူစိမ်းတွေမှ မဟုတ်တော့တာ.."

တံခါးဖွင့် အိန္ဒြေ ဆေးရုံထဲဝင်လာခဲ့သည်။ ကောင်တာတွင် ထက်အသိ သူနာပြုဆရာမလေးတွေနဲ့ဆုံ၏။

'ဒေါက်တာ နေကောင်းသွားပြီလား'

"အင်း..နေပြန်ကောင်းလာပါပြီး"

ဓာတ်လှေကားကိုလည်း သူတို့နှစ်ဦးနှင့်အတူစီးသည်။သူတို့နှစ်ဦးက အနောက်မှာနေရာယူပြီး ထက်ကအရှေ့တွင် မက်တက်ရပ်သည်။

ဆေးရုံတွင် ထက်ဟာ စကားကို လိုအပ်သည်ထက် ပိုမပြောတတ်တဲ့ လူတစ်ဦးပါ။တော်ရုံ သူနာပြုတွေဆို သူ့ကိုရှိန်ကြသည်။

အခန်းထဲကို ဆေးရုံအုပ်မင်းမဟော်ဝင်လာသည်။

'နေကောင်းသွာပြီပေါ့'

နေကောင်းလို့ပဲ ကိုမင်းမြင်နေရတာ မဟုတ်လား..။

'နှလုံးခွဲစိတ်မှု လုပ်ဆောင်ရမဲ့ တာဝန်တစ်ခုရှိတယ်..အိန္ဒြေကို ကိုယ်ဦးဆောင်စေချင်လို့၊နေကောင်းတာ သေချာတယ်မှတ်လား။'

'အိန္ဒြေတာဝန်ယူနိုင်တယ်'

ကောင်းပြီး။ ဒီခွဲစိတ်မှုကို အိန္ဒြေကို ကိုယ်လွှဲပေးလိုက်ပြီး..11နာရီ 15 မိနစ်မှာ ခွဲစိတ်မှု စတင်မယ်။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းအတွင်း ထက်အိန္ဒြေထွန်းနှင့် လက်ထောက်ဆရာဝန်မနှစ်ဦး ..သူနာပြု နှစ်ဦးနှင့် အသက်50ကျော် လူနာအမျိုးသမီးအား နှလုံးအစားထိုးခွဲစိတ်မှု လုပ်ဆောင်နေသည်။

အိန္ဒြေ လက်လှမ်းလိုက်သည်နှင့် အနီးတွင်ရှိသည့် သူနာပြုတစ်ဦးမှ အဆင်သင့်လှမ်းပေးသည်။

ထက်အိန္ဒြေထွန်း အတွက် ပထမဆုံးမဟုတ်သော်လည်း စွဲစိတ်မှုတိုင်းတွင် စိတ်အာရုံကိုစုစည်းပြီး စေ့စေ့စပ်စပ်နဲ့သေသေချာချာ လုပ်ဆောင်သည်။

နောက်ဆုံး အချိန်2နာရီနီပါး ကြာမြင်သွားသည့် ဒီခွဲစိတ်မှုဟာ အောင်အောင်မြင်မြင်ပြီးဆုံးသွား၏။ လူနာအမျိုးသမီးကို vip အခန်းထဲ ခေါ်ဆောင်သွားသည်။

ထမင်းစားချိန်ကျော်လွန်သွားတဲ့ အိန္ဒြေစားပွဲပေါ်တွင် ဖိုင်ဘာနဲ့လုပ်ထားတဲ့ လေးဆင့်ချိုင့် တစ်လုံးက နေရာယူထားသည်။

အဝတ်လှဲ ကိုယ်လက်သန့်ရှင်းပြီး ပြန်ဝင်လာတဲ့ ထက်က ထိုချိုင့်အား အရင်ဦးဆုံးမြင်သည်။ အပေါ်တွင်လည်း စာတစ်ဆောင် ကပ်ထားသည်။

'ထက် ချက်ချင်းဖက်လိုက်၏..'

အခုမှ နေကောင်းခါစကို မတည့်တာတွေ လိုက်မစားနဲ့၊ အဆာလည်း မခံနဲ့၊ အိမ်ပြန်ရောက်ရင် ထမင်းတွေ ဟင်းတွေ ပိုနေတာကို မမြင်ချင်ဘူး။

လက်ရေးကို ကြည့်တည်းက ခင်သီရိကို မှန်း ထက်သိသည်။ သူမမှာတဲ့ အတိုင်း ထမင်းနဲ့ဟင်း အားလုံးကုန်အောင် ဖြေးဖြေးချင်းစားနေရ၏။ လက်တစ်ဖက်ကတော့ ဖြန့်ထားတဲ့ စာရွက်အား ကိုင်ထားဆဲဖြစ်သည်။

လောလောဆယ်မှ ခွဲစိတ်ထားတဲ့ လူနာအား ထက်အိန္ဒြေ တစ်ခေါက်ပြန်လာစစ်ဆေးတော့ အားလုံးကပုံမှန်ပင်။

လက်ထောက်နှစ်ဦးအား အသေးစိတ်မှာကြားပြီး ဂျူတီoff လာသည်။ ဆေးရုံအုပ်ဖြစ်တဲ့ ဒေါက်တာမင်းမဟော်က ဆေးရုံတစ်ခုလုံးကို တာဝန်ယူထားရသလို ထက်အိန္ဒြေတို့ထက် ပို၍အလုပ်များသည်။

အဆောက်အဦးထဲက ထွက်ထွက်ချင်း ဟိုလူက အဆင်သင့်ရပ်စောင့်နေပြန်သည်။

ဒေါက်တာ ကျွန်တော်ကားပေါ်တက် ပြန်ပို့ပေးမယ်..ဒေါက်တာ့ကားက နောက်နှစ်ရက်နေမှရမှာ။

ရပါတယ်...ကျွန်မ Taxi ပဲ ဌားလိုက်မယ်။ ကျေးဇူးလည်းတင်ပါတယ်။

ကိုယ် ဒီမှာစောင့်နေတာ 2နာရီကျော်နေပြီး ဒေါက်တာအမှန်တကယ် အားနာမှုရှိတယ်ဆိုရင် ကျွန်တော့်ကား လိုက်စီးမှ ကျေနပ်မယ်။

ထက် ငြင်းမရတဲ့ အဆုံး သူ့ကားပဲလိုက်စီးလာခဲ့ရ၏။

ဒေါက်တာက မွေးချင်း ဘယ်နှစ်ယောက်ရှိလဲဗျ။

အရှေ့တည့်တည့်ကြည့်ပြီး ကားမောင်းနေတဲ့ထိုလူဘက်က စကားစလာသည်။

ကျွန်မက တစ်ဦးတည်းသော သမီးပါ။ မိဘတွေကတော့ ဆုံးသွားပြီး။ အိမ်ထောင် ရှိတယ်..အမျိုးသမီးချင်း လက်ထက်ထားတာ။ ပြီးတော့ ဘာသိချင်သေးလဲ။

ဒေါက်တာကလည်း စိတ်ကြီးပဲ။ ကိုယ်က ပျင်းနေမှာစိုးလို့ပါ။

ဒါဆိုကိုယ်အကြောင်းပဲ ပြေပြတော့မယ်..ကိုယ်လည်း တစ်ဦးတည်းသောသားပဲ။ နိုင်ငံခြားမှာ ဘွဲ့ယူပြီး ပြန်လာတာ မကြာသေးဘူး..အရမ်းသဘောကျနေရတဲ့ အမျိုးသမီးတစ်ဦးတော့ ရှိတယ်..ဒါမဲ့ သူက နည်းနည်းတော့ မာနကြီးတယ်ဗျ။

ခြံရှေ့တွင် ခင်တစ်ခါမှမမြင်ဘူးတဲ့ ကားပေါ်မှ ဆင်းလာတဲ့ သူ့ကို ကြည့်နေမိသည်။ ခင်ဘက်ကသာ တစ်နေ့လုံးသူ့ကို စိုးရိမ်နေခဲ့ရတာ။ သူ့ဘက်ကတော့ ခင်မဟုတ်တဲ့ ဘယ်သူနဲ့မဆို အဆင်ပြေသည်။

အိမ်ထဲဝင်လာတဲ့ ထက်က ခင်သီရိကိုရဲ့ အရိပ်ယောင်တောင်မတွေ့သေးပါ။ သူ အခန်းထဲဝင်လာသော်လည်း ဟိုတစ်ယောက်ကို မတွေ့ပါ။

အပေါ်ထပ်တက်လာသည့် ကြီးကြီးနှင့်ဆုံသည်။

'ဟိုတစ်ယောက်ရော'

'သမီးခင်က မီးဖိုခန်းထဲမှာ ကလေး'

သူဝင်လာတော့ ဘေစင်တွင် ကြွေပုကန်များကို သေသေချာချာဆေးကြောနေတဲ့ ဟိုတစ်ယောက်က ထက်ဘက်ကို ကျောပေးထားသည်။

'ကျွန်မပြန်ရောက်ပြီးဆိုတာ ရှင်သိရောသိရဲ့လား'

'သိတော့ရော ဘာလုပ်ပေးရမှာလဲ။ ခုထမင်းစားတော့မှာလား တို့ခူးပေးမယ်။ အော် မှားလို့..အပြင်ကနေ စားလာပြီးပြီးပေါ့'

ဘာလဲ ကျွန်မပြန်လာတာ စောသွားလို့ ရှင့်အဆက်ဟောင်းခြံစောင့်နဲ့ စကားမပြောရတော့မှာစိုးလို့လား။ ရှင့်သဘောနော် ..ကျွန်မကိုထည့်တွက်မနေနဲ့ ကျွန်မကအေးဆေးပဲ။

ဒီမှာ မင်း ကြီးကြီးကိုနည်းနည်းလေးတောင် အားနာမှုမရှိဘူးလား။ မင်းပြောတဲ့ စကားတွေက ဘာလိုဘောင်မဝင်တာလဲ။ မင်းဘာမင်း အပြင်မှာဖြစ်ချင်တိုင်းဖြစ်ခဲ့ပြီး အေးဆေးနေ၊အပြစ်မရှိတဲ့သူတွေကို ပတ်ရမ်းမနေနဲ့။

ရှင်က ရှင်လူထိတော့ စက်စက်ခါနာတယ်ပေါ့။

အေ..ဟုတ်တယ် ဘာဖြစ်လဲ။ မင်းမကျေနပ်ဘူး မှတ်လား..ကွာချင်ကွာလိုက်။ ငါ့ဘက်ကအဆင်သင့်ပဲ။

"နေပါအုံး..ကျွန်မပြောတဲ့စကားက အဲ့လောက်ထိကြီးကျယ်သွားလို့လား ခင်သီရိကို"

စိတ်ချ ..သေမယ်ဆိုရင်တောင် ရှင့်ကိုမကွာပေးဘူး။

အေ..ကျွန်မဘက်က စိတ်ကုန်တဲ့တစ်နေ့ ရှင်ပြောတဲ့အတိုင်း ကွာရှင်းပေးမယ်။.........

မီးဖိုခန်းတွင် ထက်နဲ့ခင် စကားများပြီး တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းမဆိုင်ပေ။

အမှန်တော့ ဒီနေ့ဟာ ထက်စိတ်ကြည်နေသည်ဟုဆိုရမည် ပုံမှန်ဆို ခင်ပြောလိုက်သည့်စကားကြောင့် သူ့ခင်ကို တစ်ခုခုလုပ်ပစ်လိုက်မှာသေချာသည်။သူ့ကို နိုင်သည့် တီလေးကလည်း မနက်ကပဲပြန်သွားသည်။

တစ်အိမ်လုံးမှာ ထက်တစ်ယောက်နဲ့ သူတို့တစ်အုပ်ဖြစ်နေသည်။ ‌တစ်နေ့လုံး ခွဲစိတ်ခန်းဝင်လိုက်၊ ဟိုပြေးနေ ဒီပြေးနေရတဲ့သူက အခုမှနေကောင်းခါစလည်းဖြစ်သည့် အတွက်ကြောင့် ဒေါသစိတ်ကပိုများနေသည်။နဖူးပေါ်လက်တင်ပြီး ကုထင်၏ထောင့်စွန်းတွင် ထက်စဉ်းစားနေသည်။

ခင်သည်လည်း နံရံဘက်ခြမ်းတွင် ‌ခွေခွေလေးအိပ်နေသည်။ ခင့် ဘက်ကမှားတာပါ။ သူကအမြဲတမ်းစကားကို အဲ့လိုပြောနေကြပါ။ ယောက်ျားတစ်ယောက်မောင်းလာတဲ့ ကားပေါ်က သူဆင်းလာထဲက ခင်သူ့ကို အမြင်မကြည်ခဲ့တာ။

ပုံမှန် ညမီးအိမ်လေးဖွင့်နေကျ သူတို့အခန်းသည် ဒီနေ့တော့ တစ်ခန်းလုံးမှောင်မဲနေသည်။မှောင်မဲနေအောင် ထက်က တမင်သက်သက်ပိတ်ထားသည်။

ကုတင်ပေါ်တွင် ထက်အိန္ဒြေက ဆောဆောဆူဆူ အိပ်ပျော်သွားပေမဲ့ မအိပ်နိုင်သည်က ခင်ပါ။ တွေးရင်း တွေးရင်း မျက်ရည်တွေဝဲနေသည်။ ပြန်လည်အဆင်ပြေလာတဲ့ ခင်တို့ရဲ့အိမ်ထောင်ရေးကို ခင်ပဲပျက်ဆီးနေခဲ့တာ။

ခင်အစောကြီးထဖို့ စဉ်းစားထားသော်လည်း ခင်နိုးလာတော့ သူကထနှင့်နေပြီး။ မှန်တင်ခုံပေါ်တွင် ခြယ်သနေရင်း သူ့ဆေးရုံအုပ်နဲ့ရယ်မောစွာ စကားပြောဆို နေသည်။

ခင်မကြားချင်လို့ ရေချိုးခန်းထဲဝင်လာခဲ့သည်။ သူက ခင့်ကိုရွှဲ့ပါသည်..ထွက်လာချိန်ထိ ထိုနေရာမှထမသွားပေ။

မနက်စာ ဆင်းစားတော့ သူလည်းလိုက်ဆင်းလာသည်။ ခင်အမြန်ပြီးအောင် စားပြီး အပေါ်ပြန်တက်လာခဲ့သည်။ ကျောင်းသွားတိုင်း ရှင်မတောင်လေးလိမ်းနေကျ ဖြစ်သည့်အတွက် ခုလိုမျက်နှာပြောင် ဖြစ်တော့ မသွားချင်ပေ။

ခင် ကားထဲဝင်တော့ သူ့ကားမရှိတာကို သတိထားမိသည်။ မနေ့ကလည်းသူ့ကားပါမလာပါ။ သူ့ကိုလူတစ်ယောက်လာပို့သည်။ ကားထွက်မလို လုပ်တုန်းမှန်လာခေါက်တာကြောင့် မှန်ချပေးလိုက်သည်။

ချက်ချင်းပင် ခင့်ဘေးတွင် ဝင်ထိုင်သည်။ ခင်သူ့ကို ကြည့်သော်လည်း သူကအရှေ့တည့်တည့်ကိုသာ ကြည့်နေသည်။

'မင်း ဘာလုပ်တာလဲ'

"ထိုင်နေတာလေ... မမြင်ဘူးလား"

ခင့်ဘက်ကို မကြည်ဘဲဆိုသည်။ ခင်လည်း စကားတစ်ခွန်းမှမဆိုဘဲ ကျောင်းဘက်ကိုသာ ဦးတည်မောင်းလာခဲ့သည်။

Part 9

There are no comments yet. Log in to be the first to leave a review!

Similar stories