Fanfics

part 6(u)

18:03, 22 October 2025

ရှင်းပြရန် ခင်ပြေးလိုက်သော်လည်း မမှီတော့ချေ။ ဒုန်းစိုင်းမောင်းထွက်သွားတဲ့ ကား၏မီးခိုးငွေ့သာ ကျန်ရှိနေတော့သည်။

'ဆရာရယ် ဘယ်လိုလုပ်လိုက်တာလဲ ခင်တို့ပြဿနာတက်တော့မှာပဲ'

ဆရာမစုမြတ်က ဘာသိလို့လဲ အဲ့မိန်းကလေးက ခင့်ကိုလှည့်စားနေတာ။ကျွန်တော် အစ်ကိုတက်နေတဲ့ဆေးရုံကလေ။အဲ့ဆေးရုံအုပ်နဲ့ လက်တွဲသွားတာကို ကျွန်တော်မျက်စိနဲ့သေချာမြင်ခဲ့တာ။ သူက မိန်းကလေးဖြစ်နေလို့ မဟုတ်ရင် ကျွန်တော်ထိုးသက်ခဲ့တယ်။

'စုမြတ်လည်း မသိတော့ပါဘူး ဆရာယ်'

"ဟေး...ခင် အိန်ကိုတောင်မမြင်နိုင်လောက်အောင် အိမ်ကဘာဖြစ်လာတာလဲ"သူ့အရှေ့တွင် ငူငူငိုင်ငိုင် လမ်းလျှောက်နေတဲ့ ခင့်နောက်ကို အမှီလိုက်ခဲ့သည်။

ဘာလဲ ..ခင့် မဟေသီလေးနဲ့ စိတ်ဆိုးလာတာလား..။ အိမ်ထောင်ရေးက ဒီလိုပါပဲခင်ရယ် သူစိမ်းနှစ်ယောက်ပေါင်းဖက်ရတဲ့ ကိစ္စကလွယ်တာမဟုတ်ဘူး။

"အင့်.. အိန့်မေမေ ပို့ပေးလာတဲ့ ငါး‌‌ခြောက်နှပ်။ အားလုံးကို စားစေချင်လို့ အိန်အိမ်ကနေ ခွဲလာခဲ့တာ"

ဆရာမအိန်ဂျယ်ပေးသည့် ငါးခြောက်ဗူးကို ယူလိုက်သော်လည်း စိတ်မပါ လက်မပါနဲ့ဖြစ်နေသည်။

"ခင်ဘာလို့ မနေ့က ကျောင်းမလာတာလဲ၊နေမကောင်းလို့လား"

နေကောင်းပါတယ် အိန်ရယ်... မေမေအိမ်ရောက်နေလို့ မလာဖြစ်တော့တာ...။

"ဒေါက်တာမလေးနဲ့စကားများပြီး ခင့်မေမေအိမ်ပြန်တာလားလို့ အိန်ဘက်က မမေးတော့ချေ"

အခန်းထဲတွင် စာသင်နေသော်လည်း ခင့်စိတ်တွေက ပြန့်လွင့်နေသည်။ သူမဟာခင့်ကိုဆို အမျိုးမျိုးအနိုင်ယူလွန်းတယ်။

စိတ်အာရုံကို ပြန်လည်စုစည်း၍..."မနေ့က တီချယ်ပေးလိုက်တဲ့အိမ်စာတွေ အကုန်လုံးခုံပေါ်မှာ လာထပ်ကြမယ်နော်။မရေးလာတဲ့သူရှိရင်လည်း တစ်ခါတည်းထွက်ခဲ့ပါ.. တီချယ်ကြောင်နှုတ်ခမ်းမွှေးဆွဲပေးမယ်"

ခင့်စကားဆုံးသည်နှင့် တစ်ယောက်ချင်းလာထပ်ကြလေသည်။ကျောင်းသား၊ကျောင်းသူအားလုံးက ခင့်စကားဆိုရင် အကုန်လုံးနားထောင်လေ့ရှိကြသည်။အိမ်စာပေးလျှင် မလုပ်လာသည့်ကျောင်းသားများက အလွန်ရှားသည်။

ကလေးများ၏စာအုပ်များကို အမှတ်ခြစ်နေကာ ကျောင်းသားကျောင်းသူများက သင်ပုန်းပေါ်က စာများအား ကူးရေးနေကြသည်။

သူ ခင်ကို မချစ်တော့ဘူးဆိုတာ ခင်သိပါတယ်။မချစ်တော့လို့ပဲ ဒေါက်တာမင်းမဟော်နဲ့နှစ်အတော်ကြာထိ တွဲခဲ့တာပေါ့။

ရှုပ်ထွေးနေတဲ့ စိတ်တွေကို ခင်ပြန်စုစည်းလိုက်သည်။စိတ်ခံစားချက်နဲ့ အလုပ်တာဝန်ကို ရောထွေးလို့မရပေ။

..................................

အခုချိန်ထိ အိမ်ပြန်မရောက်သေးတဲ့ ဒေါက်တာမလေးကို ခင်စောင့်နေသည်။ သူ့အိမ်ကိုပဲ ပြန်သွားတာလား။

ခဏနေ ခင့်ခြံဝန်းရှေ့သို့ အနက်ရောင်ကားတစ်စီးထိုးရပ်လာသည်။ထိုကားကို ခင်တစ်ခါမှ မမြင်ဘူးပါ။

"ကိုမင်း ကျေးဇူးနော်"

ဟုတ်ကဲ့ပါ ခင်ဗျ...

ဒေါက်တာမင်းမဟော်ရဲ့ ပါးတစ်ဖက်ကို အိန္ဒြေလှမ်း‌နမ်းနေသည်။

"ထက်ဘက်က အရင်လို ပြန်ဆက်ဆံပေးလို့ ကိုယ်သိပ့်ပျော်တာပဲ"

ဘုရား..ဘုရား။ ခင် မြင်နေရတာ ဘယ်လိုမြင်ကွင်းမျိုးလဲ။

ခင်ရပ်နေတာကို ထက်တွေ့သည်။တွေ့လည်း စောက်ဂရုမစိုက်တော့ပေ။

ကိုမင်းပြန်သွားတော့ သူ့အရှေ့က ခင့်ကိုကျော်ပြီး အိမ်ထဲဝင်လာခဲ့သည်။ ခင့်ရဲ့အခန်းကျဉ်းထဲတွင် အင်္ကျီချွတ်နေ၏။

မင်း..ဒါဘာအချိုးချိုးတာလဲ!!ခင်က ထက်ပုခုံးကို လုပ်ရမ်းကာ မေးသည်။

ရှင့်ကိစ္စလည်း ကျွန်မဝင်မရှုပ်သလို ကျွန်မကိစ္စလည်း ရှင်ဝင်မပါနဲ့ ခင်သီရိကို။ဒီပွဲမှာ ရှင်အရင်ဖောက်ပြန်ခဲ့တာ။

ဒီနေ့ချိန်ထိ ငါ့ခန္ဓာကိုယ်ကို ထိတွေ့ခဲ့တာ မင်းတစ်ယောက်ပဲ ရှိသလို။ ငါအပျိုရည် ပျက်အောင်လုပ်ခဲ့တာလည်း မင်းပဲ။

အေ..မင်းအပျိုရည် ပျက်အောင်လုပ်ခဲ့တာတော့ ငါမဟုတ်ဘူး။ဒီကိစ္စတွေကို ငါနားလည်ပါတယ် မင်းကိုကနှစ်ရှည်လများတွဲခဲ့သလို ငါ့အဖေရဲ့အမှုကို မင်းချစ်သူကိုယ်တိုင် ဖော်ထုတ်ပေးခဲ့တယ် ဆိုတော့လည်း..။

ထွက်သွားလိုက်တော့ ခင်သီရိကို ...ရှင်ထွက်သွားလိုက်တော့..မဟုတ်ရင် ရှင့်ကိုကျွန်မ သက်ပြစ်မိလိုက်မယ်။

ထိုညတွင် ခင်လည်း အခန်းထဲမဝင်လာတော့ပေ။ ထက်သည်လည်း အခန်းထဲက ထွက်မလာပေ။

မနက် ခင် ကျောင်းမသွားခင် ထက်အရင်ထွက်သွားသည်။ ခင်လည်း မေမေ့ကို ခဏကြည့်ပြီး ကျောင်းသွားဖို့ ပြင်ဆင်ရပြန်သည်။ မေမေကတော့ သူ့ကိုမေးရှာသည်။ သူကတော့ မေမေရှိတယ်လို့တောင် မထင်ပါ။

ကလေးဘဝတုန်း သူဟာ မေမေနဲ့ခင်ကို အရမ်းခင်တွယ်သလို အမြဲတမ်းကပ်ချွဲနေတတ်တဲ့ကလေးတစ်ဦးပါ။

ကွန်ပျူတာက ပို့‌လာပေးတဲ့ အချက်လက်ကို ကြည့်ပြီး သူရမျက်မှောက်ကျုံ့လိုက်သည်။ဒေါက်တာ ထက်အိန္ဒြေရဲ့ ကိုယ်ရေးရာဇဝင်ကို သူအသေးစိတ် စုံစမ်းခိုင်းထားသည်။

မင်းမဟော် ပြောတဲ့ သူ့ချစ်သူကောင်မလေးဆိုတာ ဒီကောင်မလေးပဲပေါ့။သူနိုင်ငံခြားမှာနေစဉ်က မင်းမဟော်ပြောပြဘူးသည်။

လက်ထက်တော့မယ်လို့လည်းပြောဖူးသည်။ဒါပေမဲ့ နာမည်လည်းမ‌ပြောသလို ဓာတ်ပုံလည်း တစ်ခါမှမပြဘူးပါ။မဟော်က အချစ်ကြီးသလို သဝန်လည်းတိုတတ်တဲ့ အကျင့်ကိုသူသိထားသည်။

ဒါပေမဲ့ ဒီကောင်မလေးက သူ့အိမ်ခြံစောင့်သမီးနဲ့လက်ထက်ခဲ့တာ လပိုင်းပင်ရှိသေးသည်။ဒီလိုစုံတွဲမျိုးကို ပြည်ပတွင် ကြီးပြင်းလာသည့် သူ့အဖို့တော့ မထူးဆန်းပေ။

မဟော်..မင်းနဲ့ငါက သူငယ်ချင်းဖြစ်တာက သက်သက်။ ဒီမိန်းကလေးကို ငါချစ်မိသွားတာသက်သက်ပဲ။ မင်းအကူညီ မင်းရဲ့ပယောဂ မပါဘဲ သူ့နှလုံးထဲ ဝင်ရောက်နိုင်အောင် ငါ့နည်းငါ့ဟန်နဲ့ကြိုးစားမယ်။

ဒီနေ့ ထက်ဆေးရုံကို မသွားဘဲ မြို့ပြင်ဘက်ကို ထွက်လာခဲ့သည်။ ကျွန်မရဲ့ ခံစားချက်တွေကို ရှင်မသိပါဘူး ခင်သီရိကိုရယ်။

ရှင်မရှိတော့တဲ့နောက်ပိုင်း ကျွန်မဘဝဘယ်လောက်ထိ ပြိုလဲခဲ့လဲဆိုတာ သိလား..!! အဲ့ချိန်က ကျွန်မတောင်းတ ခဲ့ဖူးတာ ရှင်တစ်ယောက်တည်း။ ကျွန်မရဲ့စည်းစိမ်တွေနဲ့ ရှင်ပျော်နေတဲ့အချိန် ကျွန်မမှာ ဒုက္ခတွေ ပင်လယ်ဝေခဲ့တာ။ ရှင်လာခေါ်မှာကို ကျွန်မပြောနေခဲ့တာပါ ခင်သီရိကိုရဲ့။

ည 10နာရီကျော်နေသော်လည်း သူရောက်မလာတော့ ခင်ခြံတံခါးပိတ်လိုက်သည်။သူ့အိမ်သူပြန်မှာပေါ့ ဒါမဟုတ်လည်း ဟိုဒေါက်တာနဲ့ရှိနေမှာပေါ့။

"သမီးခင် အိပ်တော့မလို့လား"

ဟုတ်ကဲ့ မေမေ။ အိမ်ထဲဝင်လာတဲ့ ခင်ကို မေမေက အိပ်အဝတွင် စီးကြိုသည်။ သမီးမိန်းမ ပြန်မရောက်သေးဘူး မဟုတ်လား..မစောင့်တော့ဘူးလား။

သူပြန်လာမှာမဟုတ်တော့ဘူ မေမေ။ သူ့အိပ်သူပြန်သွားပြီးထင်တယ်။

သူမရှိတော့ ကုတင်ပေါ်တွင် ဘေးစောင်းလှဲကာ အိပ်စက်တော့သည်။ မနက်လည်း ကျောင်းသွားရအုံးမည်။

ဒုန်း...ဒုန်း..ခင်သီရိကို..ခင်သီရိကို ..ဒုန်း..ဒုန်း!!!

အိမ်ရှေ့ခြံတံခါးကို ကျယ်လောင်စွာထုရိုက်နေတဲ့ အသံကြောင့် လူကြီးဖြစ်တဲ့ခင့်မေမေနိုးလာခဲ့သည်။

ခပ်လှမ်းလှမ်းတွင် အိပ်နေတဲ့မိအေးကို နိုးလိုက်သည်။ ကလေးမ..ကလေးမ !!

ရှင်..."မေမေကြီး ဘာဖြစ်လို့"

ခြံရှေ့မှာ မမလေးရဲ့မိန်းမရောက်နေတယ် တံခါးသွားဖွင့်ပေးလိုက်ပါအုံးကွယ်.. မေမေကြီး မသွားနိုင်လို့။

ဟုတ် ...မေမေကြီး။

တွန်းဖွင့်လာသည့် တံခါး၏နောက်တွင် ထက်အိန္ဒြေမျှော်နေတဲ့သူမဟုတ်ပေ။ ဝတ်ထားသည့် ရှပ်အင်္ကျီပေါ်တွင် သွေးစများပေကျံနေသလို သူ့အနောက်က ကားမှာလည်း ခေါင်းပိုင်းတွေ ပိန်လိန်နေသည်။

"မမလေး ဘာဖြစ်လာတာလဲ မိအေးတွဲပေးမယ်။သွေးစများကို မြင်တော့ မိအေးဗျာယာခက်သွားသည်။

ရတယ်..ကျွန်မဘာမှမဖြစ်ဘူး။

ဟိုတစ်ယောက်က ဘာလုပ်နေလဲ။

မမလေးခင်က အိပ်နေလို့ပါ....အဲ့ကြောင့် မိအေးတံခါးလာဖွင့်ပေးတာ။

အရှေ့က ခဏဖယ်အုံး ကျွန်မကားမောင်းထည့်မလို့။ကားကိုခြံသွင်းပြီး အိမ်ပေါ်တက်လာခဲ့သည်။

ဟန်မပျက်အောင် လျှောက်လာပေမဲ့ ကွဲသွားတဲ့ကားမှန်ခြားကနေ ထိုးဖောက်ဝင်လာတဲ့ မှန်စခါးတည့်တည့်လာစိုက်နေရာက ပိုနာနေသည်။

"သမီးထက် ဘာဖြစ်လာတာလဲကွယ်။ အဆင်ပြေရဲ့ကား"

ကျွန်မကို ဂရုစိုက်ဟန်ဆောင်မနေနဲ့။ ဒီချိန်က ရှင်ပျော်နေရမှာလေ။

သူမလမ်းတွင် ပိတ်ဆို့နေတဲ့ ခင့်မေမေကို ကျော်ပြီးအခန်းထဲဝင်လာသည်။

အခန်းမီးဖွင့်လိုက်သည်။...ရှင်ကတော့ အေးအေးလူလူအိပ်ပျော်နေတာပေါ့။ ကျွန်မသေသွားရင်တော့ သိမှာမဟုတ်ဘူး။

အဝတ်စာတွေချွတ်ကာ ရေချိုးခန်းထဲသုတ်သင်လိုက်သည်။ ချွတ်ထားသသည့်တိုင်း ခင်သီရိကို ဆေးဗုံးထဲက အရည်ပျံယူကာ ဒဏ်ရာပေါ်နှင့်ပတ်ပတ်လည်ကို သုတ်နေသည်။

အား...စပ်လိုက်တာ ကျွတ်..ကျွတ်!!

မီးဖွင့်တာကြောင့်ရော၊နားက ကြားနေရတဲ့ အသံတစ်စွန်းတစကြောင့် ခင်သီရိကို နိုးလာသည်။ သူပြန်လာတာလား..။

စာပွဲခုံပေါ်တွင် ထိုင်နေတဲ့သူမ။

"ခင် ဇက်ခနဲ့ထလိုက်သည်။မင်းအိမ်မှာ ပြန်အိပ်တာမဟုတ်ဘူးလား"

တောက်စ်!...ရှင်ပါးစပ်ပေါက်ပိတ်ထား။ နာရတဲ့ထဲ။

သေချာကြည့်မှ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ပြဲဒဏ်ရာတွေအပြည့်နှင့်။နဖူး၊လက်မောင်း၊ရင်ဘတ် ၊.ဗိုက်..အစုံစုံပင် နေရာတိုင်းမှာ သွေးကတစိတ်စိတ်ထွက်နေသည်။ဘုးရား..ဘုရား..။

ထက်..မင်းဘာဖြစ်လာတာလဲ တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့..ခင့်မျက်လုံးထဲ မျက်ရည်အိမ်လေးဝဲသည်။

ကားချင်းကားတိုက်လာတာ...စိတ်ချ ရှင်တို့သားမိဖြစ်စေချင်သလို ကျွန်မ မသေဘူး။

"အို့..ပေါက်ပေါက်ရှာရှာ.တို့ရန်တုန်လွန်းလို့.အတိတ်နိတ်မိတ်မကောင်း တဲ့စကားတွေမပြောပါနဲ့.."

ထက်အိန္ဒြေလက်ထဲက ဂွမ်းစတွေကို ခင်ဆွဲယူကာ သူ့လက်ဖြင့် ခပ်ဖွဖွသုတ်လိုက်ပေးနေသည်။ လာ ကုတင်ပေါ်မှာ ထိုင်လိုက်နော်။ တို့ ဆေးထည့်ပေးမယ်။

အားလုံးပြီးစီသွားတော့ ထက်အိန္ဒြေထွန်းကာ အသာယာပေးအိပ်သည်။ထက် ဘာစားပြီးပြီးလဲ တို့သွားလုပ်ပေးမယ်။

"ကျွန်မဘာမှမစားထားဘူး"

ခဏစောင့်နော် ခင်ပြန်လာမယ်။

အပိုတွေလုပ်မနေနဲ့..။ဆေးဗုံးထဲက ဆေးတွေတစ်ချက်ထုပ်ပေး အခုသောက်မယ်။

အို့..ဘယ်ဖြစ်မလဲ။ အစာရှိရမှရမှာပေါ့။ ခဏပဲစောင့်ပါ တို့ပြန်လာမယ်။စိတ်မချသည့် ခင်က ဆေးဗုံးကိုပါ အပြန်ယူထုတ်လာခဲ့သည်။

ပူပူနွေးနွေး ကြက်သားဆန်ပြုတ်ကို ခင် ကြွေပန်ကန်ထဲ ထည့်လာပြီး အခန်းထဲဝင်လာသည်။ ထက်အိန္ဒြေဘေးတွင် ခုံယူပြီးဝင်ထိုင်သည်။

ဟာ ဆန်ပြည်ကြီးလား၊ကျွန်မ မသောက်ချင်ဘူး။မကြိုက်ဘူးလို့။

မသောက်ချင်လို့ရမလား...မင်းမေးရိုးမှာ ဒဏ်ရာတွေနဲ့ထမင်းစားနိုင်မှာ မဟုတ်ဘူး။ လျှာမရှည်နဲ့ တို့တိုက်တာကို သောက်စမ်းပါ။

ခင် ခွံ့ကျွေးတာကို ထက်အိန္ဒြေပုတ်ချသည်။ရတယ် မလိုဘူး။ ကျွန်မ လက်ကျိုးနေတာ မဟုတ်ဘူး။ရွံလွန်းလို့..။

သူ့ဘာသူသောက်နေတော့ ခင်လည်းထွက်လာခဲ့လိုက်သည်။ မျက်ရည်အိမ်မှာလည်း မျက်ရည်စတွေဝဲနေသည်။ ခင့်ကို ဘယ်တော့မှ အကောင်းမြင်မှာလဲ ရှင်လေးရယ်။

အချိန်ကြာသည့်အထိ အပြင်ဘက်တွင် မက်တက်ရပ်ကာ ငယ်စဉ်က ထိုကလေးမ သူမကို ခင်တွယ်ပုံကို ပြန်စဉ်းစားနေသည်။ သူမရှိရင် မနေတ်တဲ့ကလေးမဟာ အခုတော့ သူ့ကိုရွံတယ်တဲ့လေ။

"အထဲပြန်တော့မှ ပြန်ဝင်လာမှာလဲ...ကျွန်မဆေးသောက်ဖို့ စောင့်နေတယ်"

ဘယ်အချိန်ထဲက ရောက်နေမှန်းမသိတဲ့ ထက်အိန္ဒြေထွန်းက စကားပြောကာ အခန်းထဲပြန်ဝင်သွားသည်။

"မင်းလမ်းလျှောက်နိုင်နေတာပဲ ကိုယ်ဟာကိုယူသောက်လို့မရဘူးလား"

ဆေးလေးယူပေးတာကို ဘာဖြစ်သွားမှာမို့လဲ။ ဒီမှာ ဒဏ်ရာနာနေတာကို ရှင်မမြင်ဘူးလား။ ရှင်က ကျွန်မကိုသေစေချင်နေတာမှတ်လား။ဒါမှ ရှင့်ရဲ့ကျောင်းဆရာမနဲ့ခိုးစားလို့ရမှာလေ။

ငါလုပ်ပေးတော့ရော မင်းကြိုက်လား။ မင်းစိတ်နဲ့လာ မနှိုင်းနဲ့။ မင်းကသာ မင်းအဆက်ဟောင်းနဲ့ကားထဲမှာ မိုးမမြင်လေမမြင်ဘာလုပ်နေလို့ ကားချင်းချင်းဝင်တိုက်မိရတာလဲ။

ဖြန်း...!!

ထက်အိန္ဒြေထလာကာ ပန်ကန်သိမ်းနေတဲ့ ခင့်ပါးကိုရိုက်ချလိုက်သည်။ အတိုင်းထက် လွန်မလာနဲ့ ခင်သီရိကို..!! ကျွန်မတို့ ဘာလုပ်လုပ်ရှင်မှာပြောခွင့်ရှိလား။

မုန်းတယ်...ရှင့်ကိုသိပ့်မုန်းတယ်!!

ငါကရော မင်းကိုချစ်ပါတယ်လို့ ပြောနေလို့လား။ ထက်အိန္ဒြေရိုက်လိုက်လို့ ထူပူနေတဲ့ပါးတစ်ဖက်ကို အုပ်ကာ မျက်ရည်တွေဖြင့် ခင်ပြန်ပြောတယ်။

ငါကလည်း..မင်းနဲ့ထပ်တူ မုန်းတယ်။

အပြင်ပြေးထွက်သွားတဲ့ ခင့်ကို ထက်အိန္ဒြေကို တောက်စ်ခေါက်လိုက်သည်။ ရှင်မုန်းတာထက် အဆတစ်ရာ ကျွန်မပိုမုန်းတယ် ခင်သီရိကို။

လက်ရာထင်ချင်နေတဲ့ သူရိုက်ထားတဲ့ ပါးတစ်ဖက်ကို ရှင်မတောင်သနပ်ခါး နဲ့အုပ်လိုက်သည်။ တစ်ညလုံး အောက်ထပ်ရဲ့ စတိုခန်းထဲမှာ ငိုထားတာကြောင့် မျက်လုံးက ဖောင်းကားနေသည်။

ဒီနေ့ ကျွန်မအိမ်ပြန်မယ်။ ရှင့်ကျောင်းပြန်ရောက်လာရင် ကျွန်မအိမ်ကိုပဲလာခဲ့။

ကုတင်ပေါ်တွင် ခေါင်းခုံးကို ကျောမှီပြီး ထိုင်နေတဲ့ ထက်အိန္ဒြေက ဆိုသည်။

ငါ မလိုက်နိုင်ဘူး။" ပြန်ချင်မင်းဘာမင်းပြန်!!"ထက်အိ‌န္ဒြေ ကုတင်ပေါ်မှ ဆင်းလာကာ ရှင် ကျွန်မကို စိန်ခေါ်နေတာလား ခင်သီရိကို..ကျွန်မဒေါသကိုလာမစွနဲ့။ ရှင့်တို့တက်နေ နေတာဘယ်သူ့အိမ်ဆိုလဲစဉ်းစား။ နေစရာစခွက်မရှိအောင် လုပ်ပစ်လိုက်မယ်။

အေ...ကျွန်မ ဒီည8နာရီဂျူတီပြီးလို့ အိမ်ပြန်လာရင် ရှင်မျက်နှာကို ဟိုဘက်အိမ်မှာမတွေ့ခဲ့ရင် ကျွန်မအကြောင်းကောင်းကောင်းသိစေရမယ်။ ကျွန်မက ဟိုတစ်ချိန် ပက်ချွဲ နက်ချွဲ လုပ်တက်တဲ့ ကောင်မလေး မဟုတ်တော့ ဘူး။ သူက အဲ့ဒီနေရာသေသွားခဲ့ပြီး ခင်သီရိကို။

Part 7 (တောင်းဆိုတာ များလို့ရေးပေးထားတယ် voteပေးဖို့လည်း မမေ့ပါနဲ့ရှင်)

There are no comments yet. Log in to be the first to leave a review!

Similar stories