I T Y - 25
15:37, 10 January 2025ဂျောင်ကု ဆော့ဂျင်တို့နောက်သို့လိုက်သွားပေမယ့်ကားလမ်းမဘေးမှာ ဆော့ဂျင်အိမ်တော်ကစီးသွားသည့်ကားကိုသာ ရပ်ထားတာတွေ့ရပြီး လူကိုတော့မတွေ့ရပေ။
လမ်းမပေါ်ကCCTVတွေစစ်ကြည့်တော့ကားထိုးရပ်ပြီး ဂျင်ကတစ်ဖက်ကားလမ်းသို့ကူးသွားတာတွေ့လိုက်ရသည်။ဂျီဟူလေးကကားထဲမှာသာကျန်ခဲ့လေသည်။
တစ်အောင့်လောက်ကြာလာတော့ ဂျီဟူကကားပေါ်ကဆင်းလာပြီး သူ့ပါပါးနောက်သို့လိုက်မလို့ပြင်သည်ထင်။ထိုအချိန်မှာပဲ ဦးထုပ်ဆောင်းပြီးMaskတပ်ထားသည့်လူနှစ်ယောက် ကားအနားရောက်လာပြီး ဂျီဟူလေးကိုပွေ့ချီကာ တစ်ဖက်လမ်းကြားသို့ဝင်သွားတော့သည်။
ဂျောင်ကု CCTVမှတ်တမ်းကိုကြည့်နေရင်းမေးရိုးတွေထောင်ကာ လက်သီးကိုတင်းတင်းဆုပ်ထားလိုက်တော့သည်။
ခဏလောက်နေတော့ ကားဆီသို့ဂျင်ပြန်ရောက်လာပြီးဂျီဟူလေးကိုအသည်းအသန်ရှာတော့သည်။ဘယ်လိုမှမတွေ့သည့်အဆုံး ကြားလမ်းသွယ်ထဲသို့ဝင်သွားခဲ့တော့သည်။
အဲအချိန်ကတည်းကပင် ကားဆီသို့ပြန်ရောက်မလာကြတော့ပေ။
ဂျောင်ကု ခုံကိုလက်သီးဖြင့်အားပြင်းပြင်းထိုးချလိုက်တော့သည်။
" ဒီအတိုင်းဆို ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲCEO Jeon...ဒါပြန်ပေးဆွဲသွားတယ်ဆိုတဲ့သဘောပဲ...တောက်စ်!! CCTVမှတ်တမ်းကလည်းဒီအထိပဲရတယ်...လမ်းသွယ်ထဲမှာCCTVတပ်ဆင်ထားတာမတွေ့ရဘူး..."
ယွန်းဂီလည်းကြိတ်မနိုင်ခဲမရဖြစ်ကာ စိုးရိမ်ပူပန်နေမိတော့သည်။ဂျွန်ဂျောင်ကုဆို သူ့ထက်တောင်ပိုဆိုးတော့မပေါ့။
~~~~~~~~
ထိပ်တိုက်တွေ့ဆုံလို့မရသည့်သုံးယောက်ယခုအချိန်မှာခေါင်းချင်းဆိုင်နေကြတာဖြစ်သည်။
ယွန်းဂီ လိုရမယ်ရ ဂျီမင့်ကိုဆက်သွယ်လိုက်တော့သည်။အခုချိန်မှာ ဘယ်သူ့ကိုမှယုံကြည်လို့မရတာဖြစ်၍သံသယရှင်းချင်သည်။
" ဒီကိစ္စမှာမင်းနဲ့မပတ်သက်တာသေချာတယ်နော်..."
မတတ်သာ၍သာမျက်နှာချင်းဆိုင်နေကြပေမယ့် ဂျောင်ကုကဂျီမင့်ကိုစူးရဲစွာစိုက်ကြည့်နေပြီး မယုံသည့်စကားမေးတော့သည်။
" ဒီမှာဂျွန်ဂျောင်ကု...ဂျင်သာကျွန်တော့်လက်ထဲရှိနေရင် ခင်ဗျားတို့နဲ့အခုလိုလာပြီးအချိန်ကုန်ခံနေမတဲ့လား...ခင်ဗျားလိုက်ရှာလို့မရတဲ့အဝေးဆုံးကိုခေါ်ထုတ်သွားမှာရှင်းလား...CCTVမှတ်တမ်းမှာစအခေါ်ခံသွားရတာဂျီဟူ ဂျင်မဟုတ်ဘူး...ကျွန်တော်လိုချင်တာခင်ဗျားသားမှမဟုတ်တာ.."
" မင်းဘာစကားပြောတာလဲ!!.."
ဂျောင်ကုကဂျီမင့်ကိုထထိုးမလို့ပြင်တော့သည်။
" ဟာဗျာ!!တော်ကြပါတော့...ဂျင်တို့ကိုစိတ်ပူရတဲ့အထဲ ခင်ဗျားတို့ကရန်ဖြစ်နေနိုင်သေးတယ်...နည်း"ပါး"အကျိုးသင့်အကြောင်းသင့်စဉ်းစားကြပါဦးလား..ငယ်တော့တဲ့အရွယ်တွေလည်းမဟုတ်ဘူး..."
ယွန်းဂီဟန့်လိုက်မှ နှစ်ယောက်သားလက်တွေပြန်ချကာငြိမ်ကျသွားတော့သည်။
" ကျွန်တော်တို့ သူတို့ဆက်သွယ်လာမယ့်အချိန်ကိုစောင့်ရလိမ့်မယ်ထင်တယ်...ပြန်ပေးဆွဲတာဆိုတော့ ပိုက်ဆံအတွက်အနှေးနဲ့အမြန်ဆက်သွယ်လာကြမှာပဲ..."
" ကျွန်တော်အဲလိုထိုင်စောင့်ပြီးမနေနိုင်ဘူးCEO Min...ဂျင့်စိတ်နဲ့ဆို သူတို့တစ်ခုခုလုပ်ပစ်လိုက်မှာကိုစိုးရိမ်ရတယ်..."
" ငါလည်းဒီအတိုင်းကြီးထိုင်မစောင့်နိုင်ဘူးယွန်းဂီ...တစ်ခုခုတော့နည်းလမ်းရှာရမှာပဲ..."
ယွန်းဂီ သူလည်းဆက်သွယ်မည့်အချိန်ကိုစောင့်မည်သာပြောလိုက်ရတာသူလည်းတကယ်မစောင့်နိုင်ပေ။ CEO Jeonပြောသလိုပဲ ဂျင့်စိတ်နဲ့ဆိုမဖြစ်ချေ။
" သဲလွန်စတွေလည်းကုန်နေပြီ...ဖုန်းနဲ့ခြေရာခံရအောင်လည်း ဖုန်းကလမ်းတစ်ဝက်မှာတင်အစပျောက်သွားပြီ..."
" CEO Jeon ကျွန်တော်တို့ဖြစ်နိုင်ချေရှိတဲ့အနီးစပ်ဆုံးသူတွေထဲကစဉ်းစားကြည့်ရင်ရော...အခုတလော စီးပွါးရေးနဲ့ပတ်သက်ပြီး တိုက်ခိုက်နေတဲ့သူတွေထဲကပေါ့..."
" အဲဒါကျတော့ပြောရခက်တယ်CEO Min...တိုက်ခိုက်နေတာမျိုးက တစ်ဦးတစ်လေဟုတ်မနေတော့..."
" သေချာတာတစ်ခုကတော့ခင်ဗျားရဲ့ရန်သူတွေထဲကပဲ...ဂျင့်မှာကအဲလိုရန်မျိုးမရှိဘူး...စီးပွါးရေးသမားဆိုတာအပြိုင်အဆိုင်ရန်များတာသိရဲ့နဲ့ဂျင်တို့ကိုနှစ်ယောက်ထဲများအပြင်လွှတ်ရတယ်လို့...ပေါ့"ဆ"နိုင်လိုက်ပုံများ..."
" ဂျင်ကသူ့ကိုBodyguardတွေထားပြီး အဲလိုထိန်းချုပ်တာမျိုးလက်ခံမယ်လို့မင်းကထင်လို့လား..."
" သူလက်မခံလည်းစောင့်ရှောက်ရမှာခင်ဗျားတာဝန်မဟုတ်ဘူးလား..လေလားမိုးလားတွေပြောပြီး အခုလိုဖြစ်ရတယ်လို့..."
" ဘာ!!.."
" ကဲတော်ကြပါတော့!...အခုချိန်မှတော့ဘယ်သူ့မှအပြစ်တင်မနေကြတော့နဲ့...ဂျင်တို့ဘယ်မှာရှိတယ်ဆိုတာကိုပဲ လူစုခွဲပြီးသဲလွန်စရှာကြမယ်...အချိန်ပုပ်နေရင်အကျိုးယုတ်ရုံပဲရှိတော့မယ်...စိတ်တွေဆတ်နေကြလို့မရဘူးနော် တစ်ယောက်ကိုတစ်ယောက်အချိတ်အဆက်မိနေမှဖြစ်မှာ..အခုလော"ဆယ်တော့ ဂျင်တစ်ယောက်မချဉ်မငံတွေမပြောမိပါစေနဲ့လို့ပဲဆုတောင်းရတော့မယ်..."
ယွန်းဂီ၏စကားအဆုံး သုံးယောက်စလုံးသက်ပြင်းမောကြီးချမိတော့သည်။အဘယ်ကြောင့်ဆိုသော် ဂျင့်အကြောင်းကိုသူတို့သုံးယောက်စလုံးကောင်း"ကြီးသိနေလို့ပင်။
~~~~~~~~~{}{}{}{}{}~~~~~~~~~
ဆော့ဂျင် သူသတိရလာတော့ ခေါင်းထဲနောက်ကျိကျိဖြစ်နေတော့သည်။
" ပါပါး...ပါပါးနိုးလာပြီလား..."
သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ပါးနှစ်ဖက်ကိုကိုင်ထားပြီး သူ့ကိုစိုးရိမ်တကြီးမေးနေသည့်ဟူဟူ့ကိုတွေ့လိုက်ရသည်။
" ဟူဟူ..."
ဆော့ဂျင် သူအခုမှအခြေအနေအရပ်ရပ်ကိုသတိပြုမိပြီး အခန်းပတ်ပတ်လည်ကိုကြည့်မိတော့ မြေအောက်ခန်းလိုအလုံပိတ်တစ်ခုမှာပင်။
သူဂျီဟူ့ကိုလိုက်ရှာရင်း လမ်းကြားတစ်ခုကိုအကွေ့လူနှစ်ယောက်ကဂျီဟူ့ပါးစပ်ကိုပိတ်ထားပြီး ပွေ့ချီထားတော့သည်။ဂျီဟူက သူ့ကိုမြင်တော့ ထိုလူတွေရဲ့လက်ကိုကုန်းကိုက်ကာ သူ့ကိုအော်ခေါ်တော့သည်။
သူ ဟူဟူလို့သာခေါ်လိုက်နိုင်ပြီး သူ့ကမ္ဘာကြီးအမှောင်ကျသွားတော့သည်။အခုနိုးလာခဲ့တော့ ထိုအခန်းပိတ်ကြီးထဲရောက်နေတော့ပြီ။
" ဟူဟူ...ပါပါးတို့ဘယ်လိုဖြစ်ပြီး?..."
" စိတ်အေးအေးထားနော်ပါပါး...ဂျီဟူဇာတ်ကားထဲမှာကြည့်ဖူးရသလောက်ဆိုဂျီဟူနဲ့ပါပါးပြန်ပေးဆွဲခံလိုက်ရတာ..."
" ဟင်!!..."
" ဘာမှမကြောက်နဲ့နော်ပါပါး...ဒယ်ဒီလာမကယ်ခင်အထိ ဂျီဟူကပါပါးကိုကာကွယ်မှာ...ဒယ်ဒီကပြောတယ် ဂျီဟူကဒယ်ဒီ့ရဲ့ကိုယ်ပွါးတဲ့ပါပါးအနားမှာဒယ်ဒီမရှိရင် ဂျီဟူကကာကွယ်ပေးရမယ်တဲ့...အဲဒါကြောင့် ပါပါးဘာမှမကြောက်နဲ့နော်..."
သူကသာ ရုတ်တရက်မလို့ထိတ်လန့်နေတော့တာဂျီဟူကဘယ်လိုမှတောင်မနေ။ဒါ့ကြောင့်ထင်ဂျွန်ဂျောင်ကုက သူ့သားကိုရဲရင့်အောင်သင်ပေးထားသည်။အန္တရာယ်နှင့်ရင်ဆိုင်လာရရင် မကြောက်မိအောင် ကြံ့ခိုင်သည့်စိတ်ဓာတ်ကိုမွေးပေးထားသည်။
" ပါပါး...ဂျီဟူတောင်းပန်ပါတယ်နော်...ဂျီဟူပါပါးစကားကိုနားမထောင်ဘဲ အပြင်ထွက်မိလိုက်လို့အခုလိုမျိုးအဖမ်းခံရတာပါ ဂျီဟူတောင်းပန်ပါတယ်..."
" မဟုတ်တာ...သူတို့ကဘယ်အချိန်ကတည်းကချောင်းမြောင်းနေမှန်းမှမသိတာ...ဂျီဟူ့အပြစ်မဟုတ်ပါဘူး...မင်းဒယ်ဒီချမ်းသာလို့ပါပါးတို့အဖမ်းခံရတာ..."
" ဟင်? ဒယ်ဒီ့ကြောင့်လို့ပြောတာလား..."
" ဟုတ်တယ်လေ...ပါပါးတို့ကဘာအပြစ်မှမှလုပ်မထားတာဂျီဟူ့ဒယ်ဒီရဲ့ကြွယ်ဝမှုတွေကိုမက်မောလို့ ပါပါးတို့ကိုဓားစာခံအဖြစ်ဖမ်းထားကြတာ..."
" အဲလိုလား...အဲဒါဆိုဒယ်ဒီက ဇာတ်ကားတွေထဲကလိုမျိုးပိုက်ဆံပိုက်ပြီး ဂျီဟူတို့ကိုလာရွေးရမှာပေါ့နော်..."
" သေချာတာပေါ့...သူ,သူဌေးပဲ လာရွေးလိမ့်မယ်..."
ဆော့ဂျင် ဂျီဟူမကြောက်ရလေအောင် ပါးစပ်ထဲရှိရာလျှောက်ပြောနေလိုက်သည်။
အခုလော"ဆယ် သူတို့ဘယ်နေရာရောက်နေလဲမသိရပေ။ဘာအတွက်နဲ့ သူတို့ကိုအခုလိုဖမ်းထားလည်းဆိုတာလည်းမသိရချေ။ပြန်ပေးဆွဲတာ ငွေကြေးကြောင့်ဆိုလျှင်တော့ ငွေမရမချင်း လူကိုတော့အန္တရာယ်မပြုလောက်ဘူးထင်။သိပ်တော့မသေချာပေမယ့်ပေါ့။
သူတွေးနေတုန်းမှာပဲ အပေါ်ကဆင်းလာသည့်ခြေသံတွေကြားလိုက်ရသည်။
သူချက်ချင်းပဲ ဂျီဟူလေးကိုကောက်ပွေ့ပြီးချီထားလိုက်တော့သည်။
" ပါပါးရှိတယ်နော်...ဘာမှမကြောက်နဲ့...."
ထိုလူစိမ်းတွေ အောက်ရောက်လာပြီး သူတို့ကိုအကဲခတ်ကြည့်တော့သည်။နောက်ပြီး ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲမှထုတ်ကာ တစ်ဖက်သို့လှမ်းအသိပေးနေတော့သည်။
" ဟုတ်ကဲ့Boss...သတိရကြပါပြီ..."
" ဟုတ်ကဲ့ပါBoss..."
သူတို့ထဲက ခေါင်းဆောင်ဟုထင်ရသည့်သူကသူတို့ကိုခိုင်းထားသည့်သူကိုလှမ်းအသိပေးနေသည်ထင်။
" ခင်ဗျားတို့ကဘယ်သူတွေလဲ...ဘာအတွက်နဲ့အခုလိုလုပ်ရတာလဲ...ပိုက်ဆံရှာစားရတာအဲလောက်တောင်ခက်ခဲနေတာလားဟုတ်လား...သူများပေးစာကမ်းစာပေးမှ စားရမယ့်သူတွေထင်ပါရဲ့...ကိုယ်လက်အင်္ဂါတွေအကောင်းတိုင်းရှိနေကြပြီး ကောင်း"လုပ်မစားချင်ကြဘူး...ရွံစရာသတ္တဝါတွေ..."
ဆော့ဂျင်သည် ဂျောင်ကုတို့စိတ်ပူနေကြသည့်အတိုင်းအပြောအဆိုကို ရင့်ရင့်သီးသီးပြောဆိုနေတော့သည်။
ဆော့ဂျင်၏စကားကြောင့် ထိုရှေ့ကလူစိမ်းများသည်မျက်နှာတွေနီလာကြပြီး လက်သီးဆုပ်ကာ.....
" ကောင်လေး...မင်းအပြောအဆိုဆင်ခြင်...Bossကလက်ဖျားနဲ့မထိနဲ့ပြောထားလို့သာ မင်းသက်သာသွားတယ်မှတ်ပါ...မဟုတ်ရင် ဒီနေရာတင်မင်းကိုသင်္ဂြိုဟ်ပစ်ပြီ..."
" ကြောက်ရမှာလား...လာလေ...ယောကျာ်းဆိုတစ်ယောက်ချင်းထွက်လိုက်..."
ဆော့ဂျင်သည် သူတို့အဖမ်းခံထားရသည်ဆိုတာကိုမေ့၍နေလားမပြောတတ်။ကြိုးဝိုင်းထဲမှာစိန်ခေါ်သလိုမျိုး တစ်ယောက်ချင်းစိန်ခေါ်နေတော့သည်။
" အဟား...လူစွမ်းကောင်းကြီးပါ့လား..ငါအခုမှသတိရတယ်...Bossကမင်းကိုပဲလက်ဖျားနဲ့မထိခိုင်းထားတာ..မင်းလက်ထဲကပေါက်စကွေးကိုတော့ မထိနဲ့ပြောမထားဘူး..."
ထိုလူ့စကားကြောင့် ဆော့ဂျင်အံကိုကြိတ်လိုက်ပြီး....
" သတ္တိရှိရင်ကျုပ်သားကိုထိကြည့်လိုက်လေ!!ဒီနေရာကခင်ဗျားင်္သချိုင်းဖြစ်သွားမယ်..."
" အဟက်!အစွယ်လေးနဲ့ပဲကိုး..အရမ်းလေပြောကြီးပါ့လားကွကောင်လေးရ...ဟိတ်ကောင်တွေ!! အဲကလေးကိုခေါ်ခဲ့ကြစမ်း!!.."
ထိုလူပြောတော့ သူ့နောက်လိုက်ခွေးတွေကဂျီဟူ့ကိုသူလက်ထဲကဆွဲခေါ်တော့သည်။
" ငါ့သားကိုမထိနဲ့!!!.."
ဆော့ဂျင် ထိုခွေးအုပ်ကိုခြေထောက်ဖြင့်ဆောင့်ကန်ပစ်လိုက်တော့သည်။
" ခွေးတွေမလို့ဝိုင်းအုံဆွဲနေတာလား!!ငါနဲ့တစ်ယောက်ချင်းလာချလေ ခွေးတွေရဲ့..."
သူ့စကားကြောင့် ရှူး"ရှား"ဖြစ်သွားကြပြီး....
" ခေါင်းဆောင် ကျွန်တော်ဆက်ပြီးသည်းမခံနိုင်တော့ဘူး...အဲကောင်ကိုတစ်စစီဆွဲဖြဲပစ်ချင်နေပြီ..."
" လာလေခွေးနာတွေရဲ့!! ပထွေးကိုတိုင်နေသေးတယ်...နောက်လိုက်ခွေးတွေဆိုတော့ ပထွေးပြီးမှပြီးကြတာလားဟုတ်လား..."
" ဒီကောင်တော့!!..."
ထိုခွေးအုပ်ထဲကတစ်ကောင်က ရှူး"ရှားဖြင့်သူ့ဆီကိုကိုက်ဆွဲဖို့ပြေးလာတော့သည်။
ထိုစဉ်.....
" ရပ်လိုက်စမ်း!!!!.."
လှေကားဆီကအသံသည် လှိုင်သံပေါက်ကာမြည်ဟည်းသွားတော့သည်။
အားလုံးတုံ့ကနဲရပ်သွားကြပြီး ခေါင်းငုံ့ထားကြတော့သည်။
လှေကားကနေဆင်းလာသည့်ဖိနပ်၏ခြေသံဟာတဒေါက်ဒေါက်ဖြင့် တစ်လှမ်းချင်းလှမ်းလာနေတော့သည်။
ဆော့ဂျင် ဂျီဟူ့ကိုတင်းနေအောင်ဖက်ထားလိုက်ရင်းထိုခြေသံလာရာဆီသို့ကြည့်နေမိသည်။
အနက်ရောင်ဝတ်စုံအပြည့်ဖြင့် တစ်လှမ်းချင်းဆင်းလာသည့်သူသည် ဦးထုပ်ကိုခေါင်းငိုက်ဆောင်းထား၍ မျက်နှာကိုသဲကွဲစွာမမြင်ရပေ။
ထိုစဉ်.....
ဒိုင်းးးး
ဆော့ဂျင် ဂျီဟူ့မျက်လုံးကိုအုပ်လိုက်ရင်းရုတ်တရက်ကြက်သေ,သေမိသွားတော့သည်။
ခုနက သူ့ဆီပြေးလာပြီးထိုးမလို့ရွယ်နေသူသည်အခုသူ့ရှေ့မှာပင် တုံးကနဲလဲကျသွားတော့သည်။
ထိုသူက သေနတ်ကိုခါးကြားထဲပြန်ထည့်ကာသူ့ဆီကိုတစ်လှမ်းချင်းလျှောက်လာနေတော့ဆော့ဂျင် သူနည်း"တော့တုန်လှုပ်သွားပြီး ဂျီဟူလေးကိုတင်းနေအောင်ဖက်ထားလိုက်တော့သည်။
သူ့အရှေ့နားလည်းရောက်ရော ထိုခြေတံတစ်စုံဟာရပ်တန့်သွားပြီး....
" ဂျင်...."
ဆော့ဂျင် သူ့အမည်ကိုသိနေသူကြောင့် သူမော့ကြည့်လိုက်တော့ မျက်နှာကိုကွယ်နေသည့် ဦးခေါင်းကဦးထုပ်ကို ဖြည်း"ဆေး"ဆွဲချွတ်ပြလာသည့်ထိုသူ.....
ဆော့ဂျင် ထိုမျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်မှာ......
" ခီ..ခီရိခ်...."
" ငါအရမ်းလွမ်းနေခဲ့တာဂျင်...."
~~~~~~~~~~{}{}{}{}{}~~~~~~~~~
✌🏻နောက်လာမယ့်အပိုင်းက နည်း"ရှုပ်လောက်ပေမယ့်ဇာတ်ရည်တော့လည်ကြလိမ့်မယ်မျှော်လင့်ပါတယ်။သတိထားမိကြရဲ့လားမသိပေမယ့် အပိုင်းစမှာကတည်းကထည့်ရေးခဲ့ပါတယ်။ခီရိခ်က ဂျပန်ကဆော့ဂျင်ရဲ့သူငယ်ချင်းဆိုတာလေ။ဒီတိုင်းသက်သက်ထည့်ရေးခဲ့တာမျိုးမဟုတ်ပါဘူး။
ကဲအားလုံးပဲ နောက်တစ်ပိုင်းမှာပြန်ဆုံကြပါမယ်။ကျန်းမာရေးဂရုစိုက်ကြပါ။🫶🏻
There are no comments yet. Log in to be the first to leave a review!





