I T Y - 21
06:55, 29 December 2024ညနေ၆နာရီ......
ဆောင်းနေဖြစ်၍ နေ၏အလင်းရောင်မရှိတော့ပေမယ့် ဆိုးလ်မြို့၏ညမီးအလင်းရောင်ကတော့ ထိန်လင်းနေခဲ့တော့သည်။
ယွန်းဂီ သူဆော့ဂျင်ကိုအိမ်ပြန်လိုက်ပို့ပေးနေတာဖြစ်သည်။
လူဆိုးကောင်က သူနှင့်ထိုအကြောင်းအရာတွေဆွေးနွေးမှုအပြီး ငြိမ်ကျသွားတော့ကာ တစ်ခုခုကိုခံစားသွားရတော့သည်ထင်။တစ်ခွက်လောက်သောက်ချင်တယ်ဟုပြောလာ၍သူဆိုင်ကိုအတူလိုက်ထိုင်ပေးဖြစ်သည်။မဟုတ်လျှင် တစ်ယောက်တည်းဆိုလည်းbarတွေClubတွေရောက်သွားလောက်သည်။
ဂျွန်ဂျောင်ကုကိုတော့ ဆော့ဂျင်သူနှင့်အတူရှိကြောင်း စိတ်မပူဖို့နှင့်နည်း"ပါး"သောက်မှာဖြစ်၍ ခွင့်ပြုပေးဖို့ဆော့ဂျင်အစားလှမ်းခွင့်တောင်းပေးလိုက်သည်။
မနက်ကလည်း ကတောက်ကဆတ်ဖြစ်လာတာမို့ တော်ကြာအိမ်ပြန်ရင်ထပ်စကားများကြမှာစိုးရသည်။ဂျွန်ဂျောင်ကုအနေနဲ့ ဆော့ဂျင်ကိုသဝန်တိုပြီးသံသယဝင်တာမျိုးတွေလည်းမဖြစ်စေချင်တော့ပေ။လူဆိုးကောင်က သူ,မဟုတ်တာမလုပ်လည်းအရွဲ့တိုက်ပြီးလျှောက်ပြောတတ်တာသူအသိဆုံးပင်။
အခုလည်း သူနှင့်အတူကားခေါင်းခန်းမှာမထိုင်ဘဲ အနောက်ခုံကနေ အရှေ့ကိုခေါင်းပြူထွက်ကာ နား"ကပ်ပြီးပေါက်"ဖောက်နေတော့သည်။
" သိလားယွန်းဂီ...အချစ်ဆိုတာမီးလိုပဲ ပူလောင်ရတယ်ကွ!မင်းတစ်ယောက်တည်းပဲနေသိလား...ဥပမာငါ့ကိုပဲကြည့်ကွာ အေးချမ်းရတယ်လို့ကိုမရှိဘူး..."
" အေးသိတယ်...တစ်ယောက်တည်းပဲနေမှာ...ငါလက်ထပ်သွားလည်း မင်းကိစ္စတွေပဲအခုလိုလိုက်ပြီးဝဋ်ခံပေးနေရမှာဆိုတော့ ကွဲမှာအသေအချာပဲ...အဲဒါကြောင့်တစ်ယောက်တည်းပဲနေမှာ...မင်းကြည့်ပြီးစိတ်ကုန်လို့..."
" ဟမ်! စိတ်ကုန်တယ်? ငါ့ကိုပြောတာလားဟုတ်လား?မင်းကပါငြိုငြင်နေပြီပေါ့...အရမ်းခံစားသွားရပြီ...ငါ့မှာမင်းတစ်ယောက်တည်းပဲရှိတာကိုလေငါ့ကိုမချစ်ဘူးပေါ့..."
" အေး မချစ်ဘူး...တိတ်"နေ...နားငြီးလို့..."
" မေမေရေ...မေမေ့သားရဲ့ဘဝကဆိုးလွန်းပါတယ်ချစ်တဲ့သူ,မရှိတဲ့အပြင်...အခုတစ်ယောက်တည်းရှိတဲ့ငယ်သူငယ်ချင်းကြီးကပါ ပစ်ခွါချင်နေပြီတဲ့မေမေရေ..."
" အေး...တိတ်"မနေရင်ကားပေါ်ကကန်ချပြီးတကယ်ပစ်ခွါတော့မှာ...အဲဒါမှအမေ မ,တနိုင်ဘဲနေမှာပါးစပ်ပိတ်ထားတော့..ကားမောင်းတာအာရုံမရအောင် အကုန်တိုက်မိကုန်တော့မယ်..."
ထိုအခါကျမှ ခုံပေါ်ငြိမ်"လေးပြန်ထိုင်ပြီးပါးစပ်ပိတ်သွားတော့သည်။သူ,ရယ်လည်းရယ်ချင်မိသလို သနားလည်းသနားမိပါသည်။
ဆော့ဂျင်ရင်ထဲမှာ ဂျွန်ဂျောင်ကုကနေရာယူနေပါပြီ။ဒါကိုလူဆိုးကောင်က မသိကျိုးကျွန်ပြုပြီး သူ့ခံစားချက်တွေကိုလျစ်လျူရှုကာဟန်ဆောင်နေတော့သည်။
ဆော့ဂျင်က လူဆိုးလေးသာလုပ်နေတာနှလုံးသားကထိလွယ်ရှလွယ်ပြီးဖြူစင်လေသည်။အချော့လည်းကြိုက်တတ်သည်။ သူ့ကိုလေသံအေးလေးနဲ့သာရှင်းပြရင် နားဝင်လွယ်ပြီးလိမ္မာတတ်သည်။ဂျွန်ဂျောင်ကုကသူ့ကိုအလျှော့ပေးပြီးအလိုလိုက်တော့ အဲဒီ့အပေါ်မှာသူကျေနပ်နေလေသည်။
ခက်တာက ဂျွန်ဂျောင်ကုကလည်း ဆော့ဂျင်အပေါ်ဂရုစိုက်အလိုလိုက်တယ်ဆိုပေမယ့် နှုတ်ကတော့ပွင့်လင်းမှုမရှိပေ။အဲဒါဆိုးတာပဲ။ ဆော့ဂျင်ဆိုသည်မှာ နှုတ်ကမှဖွင့်မပြောရင် ဘယ်လောက်အမူအရာတွေဖြင့်သိသာနေပါစေ တလွဲသာတွေးတတ်သည့်သူပင်။
ဘာပဲပြောပြော သူ့သူငယ်ချင်းလေးက အချစ်ခံလေးသာဖြစ်၍ ကံကောင်းပါသည်။
သူ့ကိုမရစ်ရတော့ အော်ကြီးဟစ်ကျယ်ဖြင့် သီချင်းတွေအော်ဆိုနေသူကိုလည်း သူလျစ်လျူရှုထားလိုက်ပြီး ကားကိုသာဂရုတစိုက်မောင်းနှင်လာခဲ့တော့သည်။***နောက်ဆုံးတော့ ဂျွန်အိမ်တော်သို့ရောက်လာခဲ့တော့ပြီ။
အိမ်ရှေ့ဟွန်းတီးစရာမလိုဘဲ အလိုက်တသိလာဖွင့်ပေးကြလေသည်။ခြံထဲမှာလည်းအလုပ်သမားတွေကမနည်းမနောပင်။အထူးအဆန်းတော့မဟုတ်။ ဘာလို့ဆို ဂျွန်ဂျောင်ကု၏အိမ်တော်ကိုး။
သူကားပေါ်ကဆင်းလိုက်တော့ သူ့တို့ကားနားသို့အပြေးရောက်လာသည့် အသက်ကြီး"လူကြီးတစ်ယောက်ပင်။ကြည့်ရတာဒီအိမ်ရဲ့အိမ်တော်ထိန်းထင်။
" သခင်လေး..."
ဆော့ဂျင်ဆင်းလာတာလည်းမြင်ရော ပျာပျာသလဲသွားကူတွဲပေးတော့သည်။
" ဟာ...ကျွန်တော့်ကိုမတွဲစမ်းပါနဲ့...တော်ကြာမူးနေတယ်ထင်ကြလိမ့်မယ်..."
" မူးနေတာပဲမဟုတ်ဘူးလား...အတော်လက်ပေါက်ကတ်တယ်မင်း..."
ထိုအိမ်တော်ထိန်းလူကြီးကိုဖယ်ချနေတော့သူအနားသွားပြီး မေးလိုက်သည်။
" မမူးပါဘူးကွာ...ဂျွမ်းတောင်ထိုးလို့ရတယ်..."
" အေး..ထိုးရလည်းမထိုးတော့နဲ့...ငါပြန်တော့မယ်..အိမ်ထဲဝင်တော့..."
ယွန်းဂီ ဂျွန်ဂျောင်ကုကိုမျက်လုံးကစားပြီးရှာကြည့်ပေမယ့် မတွေ့ရပေ။ ကြည့်ရတာမရှိဘူးထင်။
" အင်း...နောက်မှတွေ့မယ်..ဘိုင့်ဘိုင်..."
ယွန်းဂီလည်း ဆော့ဂျင်ကိုရော ဆော့ဂျင်ဘေးမှာရပ်နေသည့်အိမ်တော်ထိန်းကြီးကိုပါနှုတ်ဆက်ပြီး သူလည်းအိမ်ပြန်လာခဲ့တော့သည်။
တနင်္ဂနွေတစ်ရက်ကဘယ်လိုကုန်ဆုံးသွားမှန်းတောင်မသိလိုက်။
~~~~~~~~~{}{}{}{}{}~~~~~~~~~~~
ဆော့ဂျင် အပေါ်သို့တက်သွားခဲ့ပြီး ခြေလှမ်းတွေကမမှန်ပေမယ့် ယိုင်တော့မယိုင်ချေ။ယွန်းဂီကဘေးမှာထိုင်ပြီးထိန်းပေးနေတာဖြစ်၍ သူလူမှန်းသူမှန်းမသိလောက်အောင်တော့ အများကြီးသောက်မလာခဲ့ပေ။
အခန်းထဲရောက်တော့ သူကုတင်ပေါ်ကိုတစ်ကိုယ်လုံးပစ်ချလိုက်တော့သည်။ ရင်ဘတ်ကကြယ်သီးနှစ်လုံးလောက်ကိုလည်းဖြုတ်လိုက်ပြီးအိပ်ချင်နေသည်ဖြစ်၍ မျက်လုံးပါတစ်ခါတည်းမှိတ်ထားလိုက်တော့သည်။
သူထိုအတိုင်းပက်လက်ကြီးသာရှိနေပြီး အိပ်တော့မပျော်သေးပေ။
တစ်အောင့်နေတော့ သူခြေထောက်မှာရှိနေသည့်ဖိနပ်ကလေးကျွတ်သွားသည်ကိုခံစားလိုက်ရသည်။ ဟုတ်သား သူဖိနပ်စီးလျက်ကြီးကို။ တစ်ဆက်တည်းသူဝတ်ထားသည့်ခြေအိတ်လေးပါကျွတ်သွားတော့ ဆော့ဂျင်ခေါင်းထောင်ကြည့်လိုက်တော့သည်။
ကုတင်ခြေရင်းကနေ ဂျွန်ဂျောင်ကုကသူ့ဖိနပ်နှင့်ခြေအိတ်ကိုချွတ်ပေးနေတာဖြစ်တော့သည်။
သူဘာမှမပြောဘဲ ခေါင်းပြန်ချလိုက်ပြီးထိုအတိုင်းနေနေတော့...ထိုသူကသူ့အနားရောက်လာပြီး ကိုယ်ကိုကိုင်းချကာ သူ့ခါးကခါးပတ်ကိုဖြည်နေတော့ သူထိုလက်တွေကိုဆုပ်ကိုင်ဟန့်တားလိုက်တော့သည်။
" အဝတ်အစားမလဲဘူးလား...ဒီအတိုင်းအိပ်တော့မလို့လား..."
ထိုလူက ကိုယ်ကိုကိုင်းထားလျက်ဖြင့် သူ့ကိုမေးလာတော့...
" ဆူမယ်ထင်ထားခဲ့တာ...ကျွန်တော့်ကို...."
သူ့မျက်လုံးတွေကရီဝေဝေဖြစ်နေ၍ ထိုသူ့ကိုကြည့်ကာပြောလေတော့.....
" ကိုယ်မှမဆူရက်တာ...မင်းဘာလုပ်"အပြစ်မမြင်ရက်ဘူးဖြစ်နေတယ်..."
မထင်မှတ်ထားသည့်ထိုသူ့စကားကြောင့် ဆော့ဂျင်သူ့ရင်ထဲလှပ်ကနဲဖြစ်သွားရပြီး.....
" ဘာလို့လဲ...ဘာလို့ကျွန်တော့်ကိုအခုလိုဆက်ဆံပေးနေရတာလဲ..."
"........."
သူ့အမေးကို ထိုသူကငြိမ်နေခဲ့သည်။
" Hyungရဲ့ညီဖြစ်နေခဲ့လို့လား...အဲလိုဆိုရင်တော့...."
ဆော့ဂျင်သူ့နှုတ်ခမ်းလေးဖိကပ်ခံလိုက်ရတော့သည်။
ထိုသူတစ်ခုခုပြုမူလာတိုင်း ဆော့ဂျင်သူ့ရင်တွေအဆမတန်ခုန်မိပါသည်။သို့သော်...သူထိန်းချုပ်ထားပြီး တစ်ခုခုကိုတားဆီးမိနေသလိုပင်။
ထိုသူက သူ့နှုတ်ခမ်းတွေကနေဖယ်ခွါသွားပြီး သူ့မျက်ဝန်းတွေကိုရီဝေစွာဖြင့်ကြည့်လာကာ......
" တစ်ချိန်လုံး...ကိုယ့်ကိုအဲလိုကြီးပဲထင်နေတော့မှာလား..."
" မထင်ချင်ဘူး...မထင်ချင်တာမို့... ကျွန်တော်ခင်ဗျားရင်ထဲကခံစားချက်ကိုသိရမှဖြစ်လိမ့်မယ်ထင်တယ်..."
သူတို့နှစ်ယောက်၏မျက်နှာတွေကနီးကပ်နေသလို...ရင်ခုန်သံတွေဟာလည်း ဘယ်သူ့ဆီကမှန်းမသဲကွဲချေ။
" ကိုယ်မင်းကို လေး"နက်"ဖြေချင်ခဲ့တာပါ...အခုလိုကတိုက်ကရိုက်ကြီးမဖြေချင်ဘူး..."
" ဟင့်အင်း...ကျွန်တော့်စိတ်တွေပုံမှန်ဟုတ်မနေတဲ့အချိန်သိချင်တာ...နောက်မှဆို ကျွန်တော်သိချင်မလားမသေချာတော့ဘူး..."
" ကိုယ့်ကိုပဲကြည့်ပါ...ကိုယ့်မျက်ဝန်းတွေကိုပဲကြည့်နေပေးပါ...ကိုယ်တို့နှစ်ယောက်ရဲ့အတိတ်တွေကိုမေ့ပစ်လိုက်ပြီး အခုလက်ရှိကိုယ်တို့နှစ်ယောက်ရဲ့ပစ္စုပ္ပန်ကိုပဲကြည့်နေပေးမလားဂျင်...."
ဆော့ဂျင် သူ့မျက်ဝန်းတွေကိုလေး"နက်"ကြည့်ကာဆိုလာသူကြောင့် သူသူ့ခေါင်းလေးကို လှုပ်ရုံမျှလောက်သာညိတ်ပြလိုက်တော့သည်။
ထိုအခါ သူကသူ့ဆံပင်တွေကိုသပ်ပေးလာပြီးသူ့မျက်ဝန်းတွေကိုသေချာကြည့်လာကာ....
" ကိုယ်မင်းကိုမြတ်မြတ်နိုးနိုးချစ်တယ်ဂျင်...ကိုယ့်ရင်ထဲကနေ,လှိုက်နေအောင်ချစ်တယ်...မင်းလေးကိုရူးရူးမူးမူးချစ်တယ်...ကိုယ်ပြောမပြတတ်လောက်အောင်ချစ်တာပါဂျင်..."
သူ့ကိုဘယ်လောက်ချစ်ကြောင်းဝန်ခံလာရင်းမျက်ဝန်းထဲကနေ မျက်ရည်တွေအိမ်ဖွဲ့လာသည့်ထိုသူ...ဘာ့ကြောင့်လဲဆိုတာသူ,မတွေးတတ်ဘူး.....
" ကျွန်တော်...ကျွန်တော်ဘယ်အချိန်ကများခင်ဗျားရင်ထဲမှာနေရာဝင်ယူမိသွားခဲ့တာလဲ..."
" ဘယ်အချိန်ကတည်းကလည်းဆိုတာမင်းလေးသိရင်ရှောခ့်ရသွားလိမ့်မယ်ထင်တယ်...ကိုယ်အဲဲဒါကိုဝန်ခံဖို့ ကိုယ့်ကိုအချိန်နည်း"ပေးပါတစ်နေ့"တစ်ချိန်"ကျရင်တော့ မင်းလေးသိအောင်ကိုယ်သေချာပေါက်ပြောပြပေးမှာပါ..."
" ..........."
" ကိုယ်မင်းရင်ထဲကိုနေရာဝင်ယူချင်တယ်...ကိုယ့်ကိုဝင်ခွင့်ပြုပေးပါ့လားဂျင်..."
" ကျွန်တော်ကလူကဲခတ်ညံ့ပေမယ့်...ခင်ဗျားကတော့လူကဲခတ်မညံ့ဘူးမဟုတ်လား..ကျွန်တော့်မျက်ဝန်းတွေကနေအဖြေရှာကြည့်လိုက်လေ..."
ထိုသူက အရည်လဲ့နေသည့်မျက်ဝန်းတွေကြားကနေသူ့ကိုပြုံးကြည့်လာပြီး....
" ကျေးဇူးတင်ပါတယ်ဂျင်...ကိုယ်မြင်နေရတယ် မင်းမျက်ဝန်းတွေကနေတစ်ဆင့် မင်းလေးနှလုံးသားထဲမှာ ကိုယ့်ကိုနေရာပေးလိုက်ပြီဆိုတာ ကိုယ်မြင်နေရတယ်..."
သူလည်းမြင်နေရပါသည်။ ထိုသူ့မျက်ဝန်းတွေမှာ သူ့အပေါ်ဘယ်လောက်လေးနက်နေကြောင်းအိမ်ဖွဲ့နေသည့်မျက်ရည်တွေကသက်သေပင်။
သူတို့ အတိတ်တွေကိုမေ့ပျောက်လိုက်ကြပြီးလက်ရှိပစ္စုပ္ပန်မှာ တစ်ယောက်ကိုတစ်ယောက်ဖွင့်ဟဝန်ခံရင်း နှလုံးသားချင်းချည်နှောင်ဖြစ်လိုက်ကြသည်။
ဘယ်အချိန်တွေထိ ဒီနှောင်ကြိုးလေးမြဲနေမလဲမသိပေမယ့်ပေါ့။
~~~~~~~~~~{}{}{}{}{}~~~~~~~~~~~
ဆော့ဂျင် သူမေမေဆီကိုမရောက်တာကြာ၍ကုမ္ပဏီကိုဒီနေ့တစ်ရက်မလိုက်တော့ဘဲ ကင်မ်အိမ်တော်ကိုသာ သူ့ကိုလိုက်ပို့ခိုင်းလိုက်တော့သည်။
" ကဲ...ရောက်ပြီ...ဂျီဟူ့ပိတ်ရက်ကျမှကိုကိုတို့အတူသွားမယ်ဆိုတာကို မင်းလေးကမဟုတ်ရဘူး..."
" အဲကျရင်လည်းလာလို့ရတာပဲလေ...အခုကကျွန်တော်မေမေ့ကိုလွမ်းနေလို့ဟာကို..."
" ဟုတ်ပါပြီဗျာ...ကိုကိုအလုပ်နောက်ကျနေလို့ဝင်ပြီးဂါဝရမပြုဖြစ်တာကိုသေချာပြောပြလိုက်ဦးနော်..ညနေကိုကိုလာခေါ်မယ်ဟုတ်ပြီလား..."
" ဟုတ်ပါပြီ..သွားပါတော့..."
" မသွားခင်လေး...."
ဂျောင်ကုက သူ့ပါးတစ်ဖက်ကိုလက်ညှိုးထိုးပြလေတော့ ဆော့ဂျင်အလိုက်သိစွာပဲ ထိုပါးလေးကိုအနမ်းပေးကာ ကားပေါ်ကနေပြေးဆင်းလာခဲ့တော့သည်။***ကြိုတင်အကြောင်းမကြားဘာမကြားဖြင့်ရောက်ချလာတော့ ကင်မ်အိမ်တော်ကသူတွေလည်းအံ့ဩသွားကြတော့ကာ သူ့ကိုဝမ်းပန်းတသာကြိုဆိုကြတော့သည်။
မေမေကဆို သူကြိုက်တတ်တာလေးတွေကိုသာရွေးပြီး ကိုယ်တိုင်ဟင်းတွေဝင်ချက်ပေးလေတော့သည်။
~~~~~~~~~~~
ဆော့ဂျင် မေမေနှင့်အတူနေ့လည်စာစားပြီး စကားတွေလည်းတစ်ဝကြီးပြောဖြစ်ကြသည်။
သူနှင့်ဂျွန်ဂျောင်ကု၏ဆက်ဆံရေးကိုလည်းမေမေကမေးလာ၍ သူတို့နှစ်ယောက်နားလည်မှုယူလိုက်ကြပြီး ပိုပြီးရင်း"နှီး"ရှိလာသည့်အကြောင်းပြောတော့ မေမေကဝမ်းသာနေတော့သည်။
တစ်အောင့်နေတော့ ညနေသူ့သမက်လာကြိုမည်ဆို၍ ညစာကိုဒီမှာပဲစားသွားကြဆိုပြီး မေမေကညစာအတွက်ဟင်းသွားချက်တော့သည်။သူရောက်လာတာ မေမေလည်းအား"မနေရပေ။
ဆော့ဂျင် သူကူမယ်ပြောပေမယ့် မေမေကမကူခိုင်း၍ သူအပေါ်ထပ်ကိုသာတက်လာခဲ့တော့သည်။
သူ သူ့အခန်းဝင်ဖို့လုပ်ပြီးကာမှ Hyungရဲ့အခန်းကိုမြင်လိုက်ရ၍ သူHyungနှင့်အတူပျော်ရွှင်ခဲ့ရသည့်နေ့ရက်တွေကိုအမှတ်ရကာလွမ်းမိသွားတော့သည်။
သူ Hyungရဲ့အခန်းကိုဝင်သွားလိုက်တော့ အရာရာဟာသန့်ရှင်းသပ်ရပ်စွာဖြင့် ပုံမပျက်ရှိနေခဲ့တော့သည်။
မေမေက Hyungရဲ့အခန်းကိုရော သူ့အခန်းကိုပါအမြဲသန့်ရှင်းရေးလုပ်ပေးပြီး ပုံမပျက်ထားလေ့ရှိသည်။
Hyungအခန်းကရိုး"ရှင်း"နဲ့ သူ့အခန်းလိုမျိုးဗြုတ်စဗျင်းတောင်းတွေမရှိပေ။နဂိုကတည်းကသပ်"ရပ်"နေတတ်သည့်သူလည်းဖြစ်သည်။
သူကုတင်ပေါ်ထိုင်လိုက်ပြီး အံဆွဲခုံပေါ်မှာထောင်ထားသည့် သူတို့ညီအကိုနှစ်ယောက်၏ငယ်ဘဝကပုံလေးကိုယူကြည့်လိုက်သည်။
Hyungကပြုံးနေခဲ့ပြီး သူကတော့ဂျစ်ကန်ကန်ရုပ်ပင်။ရုပ်သာဆင်ကြပေမယ့် ဖက်ရှင်တွေကတော့ကွဲလွဲစေသည်။Hyungကရိုး"ရှင်း"သာဝတ်ဆင်လေ့ရှိပြီး သူကတော့ရှုပ်ယှက်ခတ်အောင်ဝတ်သည်။
Hyungသာလောကကြီးထဲကနေ စော"ထွက်ခွါသွားမယ်မှန်းသိလျှင်....သူမိုက်ရူးရဲဆန်ပြီး ဆယ်နှစ်လုံးပစ်ထားမိခဲ့မှာမဟုတ်ပေ။သူ Hyungအကြောင်းကိုတွေးမိတော့ မျက်ရည်တွေကျလာခဲ့တော့သည်။
သူ ပုံလေးကိုခုံပေါ်ပြန်တင်လိုက်တော့ လက်ကချော်ပြီး အောက်ပြုတ်ကျသွားခဲ့တော့သည်။တစ်ဆက်တည်း တစ်ခုခုကလည်းလွင့်စင်သွားလေသည်။
သူပုံကိုပြန်ထောင်လိုက်ပြီး လွင့်စင်သွားသည့်ပစ္စည်းလေးကိုရှာကြည့်လိုက်တော့...ကုတင်ခြေတိုင်ဖျားနားမှာရှိနေသည့်သော့လေးတစ်ချောင်းပင်။
သေချာကြည့်လိုက်တော့ သော့ခတ်စာအုပ်လေးကသော့လေးပင်။
Hyungကသော့ကို သူတို့ညီအကိုနှစ်ယောက်၏ဓာတ်ပုံဘောင်ကြားလေးထဲမှာထည့်ထားခဲ့သည်ထင်။ဒဏ္ဍာရီလေးတွေရေးမှတ်လေ့ရှိသည့်Hyungကဒီသော့လေး၏စာအုပ်ထဲမှာ တစ်ခုခုတော့ရှိမှာပင်။
သူအံဆွဲကိုဖွင့်လိုက်ပြီး စာအုပ်အထပ်လိုက်လေးတွေကြားထဲကနေ ထိုသော့ခတ်စာအုပ်လေးကိုရှာမိသည်။
စာအုပ်၅အုပ်လောက်မြောက်တော့ ခရမ်းရောင်သော့ခတ်စာအုပ်လေးကိုတွေ့လိုက်ရသည်။သူထိုစာအုပ်လေးကိုထုတ်လိုက်ပြီး သော့လေးနဲ့ဖွင့်ကြည့်လိုက်တော့ ချက်ချင်းပင်ပွင့်သွားခဲ့တော့သည်။
ပထမစာမျက်နှာလေးကိုလှန်ကြည့်လိုက်တော့....
3ရက် 1လ 2016......💜
**ဂျွန်နဲ့စတွေ့သည့်ရက်........
~~~~~~~~~{}{}{}{}{}~~~~~~~~~~~
🤍ကဲအားလုံးပဲ ထုံးစံအတိုင်းကျန်းမာရေးဂရုစိုက်ကြပါ🫶🏻
There are no comments yet. Log in to be the first to leave a review!





