Fanfics

I T Y - 11

10:37, 6 December 2024

ဆော့ဂျင် သူအိမ်ပြန်ရောက်တော့ အခန်းထဲတန်းဝင်သွားလိုက်တော့သည်။

တစ်လမ်းလုံးလည်းသူ့အမူအယာတွေပျက်နေခဲ့သည်။ဂျီဟူက ကလေးဆိုပေမယ့်မျက်နှာရိပ်မျက်နှာကဲကြည့်တတ်သည်။သူ့ကိုဘာတစ်ခွန်းမှမမေးဘဲ ကားပေါ်ငြိမ်ငြိမ်လေးလိုက်လာခဲ့တော့သည်။

သူ,မလို့ဘာမှမဖြစ်ခဲ့သလိုပြောထွက်တယ်။

အဲဒီနေ့ကမြင်ကွင်းကိုပြန်မြင်ယောင်မိတိုင်း သူအမြဲတမ်းအသက်ရှူကျပ်ရသည်။

ခံစားခဲ့ရတယ်ဆိုတာထက်ပိုခဲ့သည်။ သူ့တစ်ယောက်တည်းကိုပဲအရိပ်တကြည့်ကြည့်နေလာခဲ့တဲ့သူက အခုလိုလုပ်ရပ်ကိုလုပ်သွားလိမ့်မယ်လို့ သူဘယ်တုန်းကမှမတွေးဘူးခဲ့။

Flashback🪢

" ရားးး...မင်ယွန်းဂီ...မင်းကိုပြန်တို့မှာ!..ဒီမှာအကုန်ပေကုန်ပြီကွ..."

" ကဲ...သူ့ကိုလွှတ်ထားလိုက်တော့လာ...မောင်လုပ်ပေးမယ် ငြိမ်ငြိမ်လေးနေပေး..."

" သူလုပ်တာမောင်မမြင်ဘူးလား...အကုန်စေးကပ်ကပ်နိုင်ကုန်ပြီလေဒီမှာ..."

" ဟုတ်ပါပြီ...အဲဒါကြောင့်မောင်လုပ်ပေးမယ်ပြောတာပေါ့..."

အဆိုးလေးက သူအရင်သွားစပြီးဟိုကပြန်စတော့ တရှူး"တရှဲ"ဖြစ်နေတော့သည်။

" နေဦးလို့ဆို...ဒီမှာပေနေသေးတယ်..."

" ဟာ!...ရေခဲမုန့်စားပါတယ်ဆိုနှုတ်ခမ်းပေမှာပေါ့ဘာလို့နှုတ်ခမ်းတွေပါလာသုတ်ပေးနေရတာလဲ..."

" အဲလိုထော်ပြီးရန်တွေ့နေရင်လူကြားထဲလည်းမရှောင်ဘူးနော်..."

" ဟျောင့်!...မင်းနော်..."

" မောင်ပါ...ဘယ်နှယ့်ဟျောင့်တုန်း..."

" မင်းရောမင်ယွန်းဂီရောကောင်းကိုမကောင်းဘူး.."

ခပ်လှမ်းလှမ်းမှာရေခဲမုန့်ထပ်ဝယ်နေသည့်ယွန်းဂီကိုပါရန်လုပ်နေတော့သည်။

" ယွန်းဂီ...ငါ့အတွက်ရောဝယ်ခဲ့ဦး!..."

ရေခဲမုန့်ဆိုင်ကယွန်းဂီသည်လည်းမကြားချင်ယောင်ဆောင်သည်။

ဒီလိုနဲ့ ရေခဲမုန့်တိုက်ပွဲထပ်ဖြစ်ကြပြန်သည်။

သူတို့အထက်တန်းပြီးတော့ စီးပွါးရေးမေဂျာယူဖို့တိုင်ပင်ကြလေသည်။တိုင်ပင်ကြတာတော့ ဟိုနှစ်ယောက်ပင်။ ဆော့ဂျင်ကဒီတိုင်းနားထောင်ရုံသက်သက်ပဲ။ဘာလို့ဆို သူတို့တက်သည့်ကျောင်းကိုသာသူကလိုက်တက်ရမှာကိုး။

" ပတ်ဂျီမင်...မင်းဆော့ဂျင်ကိုအဲလောက်အလိုမလိုက်စမ်းနဲ့...မင်းအလိုလိုက်လွန်းလို့ဆော့ဂျင်အခုလိုပိုဆိုးနေတာသိရဲ့လား..."

" ငါမှအလိုမလိုက်ဘဲမနေနိုင်တာကွာ...သူ့မျက်နှာတစ်ချက်ညှိုးရင်ကို ငါ့မှာကမ္ဘာတွေပျက်နေရတာ..."

" အေး..မင်းအဲလိုကြပ်ကြပ်လုပ်...အခုဆိုဆော့ဂျင်ကbarတွေClubတွေတင်သွားတတ်တာမဟုတ်တော့ဘူး..ရန်တွေပါဖြစ်တတ်နေပြီ...မင်းချစ်တာကသူ့ကိုနှစ်နေသလိုပဲ..."

" မင်းအဲလိုတော့မပြောပါနဲ့ကွာ...babeကငါ့ချစ်သူပါ...မင်းစိုးရိမ်တာထက်ငါပိုပြီးစိုးရိမ်ပါတယ်...အခုဖြစ်တဲ့ကိစ္စကလည်းbabeအမှားမဟုတ်တာမင်းလည်းသိရဲ့သားနဲ့..."

" မင်းကတော့ဘယ်တော့မှသူမှားတယ်ပြောမှာမဟုတ်ဘူးလေ...မင်းအဲလိုပဲဆက်လုပ် တစ်နေ့နေ့တော့အချုပ်ခန်းလားဆေးရုံလားပဲ..."

" ဟာ!ဟရောင်..."

" လူဆိုးကောင်ကိုပြောတာမဟုတ်ဘူး မင်းနဲ့ငါ့ကိုပြောတာ...သူ,မရောက်ဘူး ရောက်ချင်းရောက်မင်းနဲ့ငါပဲရောက်မှာ..လူဆိုးကောင်ကပြဿနာပဲရှာတတ်တာ မရှင်းတတ်ဘူး..."

" အေးပါကွာ...မင်းအဲလောက်ကြီးလည်းမပြောပါနဲ့...ပြီးတော့လူဆိုးကောင်လူဆိုးကောင်ဆိုပြီးလည်းမခေါ်စမ်းပါနဲ့...မင်းအဲလိုလျှောက်ခေါ်နေလို့ငါ့babeကနာမ်စီးနေတာကွ..."

" ဘာရယ်..ဘာရယ်...ဆန်းကြယ်လိုက်တာပတ်ဂျီမင်ရယ်...နေဦး အလိမ္မာတုံးလေးလို့ခေါ်ပေးဦးမယ်...လိမ္မာလာမလားကြည့်ရသေးတာပေါ့..."

" လိမ္မာပါတယ်ကွာ...ငါ့မျက်လုံးထဲတော့တစ်ခါမှဆိုးတယ်လို့ကိုမမြင်ဘူး..."

" အေး မမြင်နဲ့...ဟိုကအဲကြောင့်လည်းပြဿနာတွေအထုပ်လိုက်အထည်လိုက်ကိုသယ်သယ်လာတာ.."

" မင်းအခုလည်းအတော်လေးပြောပြီးနေပါပြီထပ်သွားမဆူတော့နဲ့..."

" မင်းပဲကာဆီးကာဆီးလုပ်နေလိုက်..."

" ဒါတော့ချစ်တာကိုးကွ..."

ကင်မ်ဆော့ဂျင်၏ဆိုးသွမ်းမှုက၁၀၀%ပတ်ဂျီမင်ကြောင့်ပင်။သူ့အမေနဲ့သူ့hyungတောင်သူ့လောက်အလိုမလိုက်ဘူး။

သူတို့အသက်၁၈နှစ်။

ယွန်းဂီက အသက်၁၆နှစ်ကတည်းက ကျောင်းတစ်ဖက်နဲ့ကိုသူ့အဖေအလုပ်မှာလည်းဝင်ကူပေးလေသည်။

ဆော့ဂျင်တို့ချစ်သူနှစ်ဦးသာ ကျောင်းတက်လိုက်၊လေလွင့်လိုက်၊ပျော်ပါးလိုက်လုပ်နေကြသည်။

တကယ်တမ်းက ဂျီမင်ကအနေအေးသည်။ ဆော့ဂျင်ကြောင့်သာလိုက်ဆိုးသွမ်းပေးနေလေသည်။

ပတ်ဂျီမင်ဘယ်လောက်အနေအေးတယ်ပြောပြော ကင်မ်ဆော့ဂျင်နှင့်ပတ်သက်လျင်မိုးကောင်းကင်လည်းမီးတက်ရှို့မည့်လူမျိုးပင်။

" မောင်...ဒီတစ်ပတ်စနေကျရင်ငါClubသွားချင်တယ်..."

" မောင့်babeလေးမသွားချင်တဲ့နေ့ရောရှိလို့လား..."

" ဘာလဲ..အခုမင်းကငါ့ကိုငြိုငြင်နေတာပေါ့ရတယ်လေ ငါ့ငါတစ်ယောက်တည်းသွားမယ်ဟိုကောင်မင်ယွန်းဂီလည်းလိုက်စရာမလိုဘူးပြောလိုက်...ကင်မ်ဆော့ဂျင်ကတစ်ဖဲ့ထဲလည်းဖြစ်တယ်.."

" Aigoo...နည်း"လေးမှလည်းပြောမရပါ့လားနော်နှုတ်ခမ်းလေးကိုထော်ပြီး စိတ်လေးကတန်းကောက်တော့တာပဲ...မောင်ကငြိုငြင်မတဲ့လား ဒီလောက်ချစ်ရတာကို..."

" မင်းအခုပဲငြိုငြင်နေတာလေ..."

" မောင်ကပေါ့..."

" ဟုတ်တယ်...ပတ်ဂျီမင်ဆိုတဲ့မင်း..."

" ဖက်အနမ်းခံချင်လို့အသည်းယားအောင်လုပ်နေတာပေါ့လေ..."

" လာနမ်းကြည့်နော် ထိုးလွှတ်မှာ..."

ဒီလိုနဲ့ပဲ စာမေးပွဲဟာကျောနားကပ်နေပါသော်လည်းbabeဆိုတဲ့အဆိုးလေးကို မောင်ဆိုတဲ့လူသားလေးကအလိုလိုက်ပြီးရင်းလိုက်သတဲ့လေ.....

ဘယ်သူထင်မှာပဲ ဒီလိုချစ်သူနှစ်ဦးကဝေးကွာသွားကြလိမ့်မယ်လို့........

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ညစာထမင်းဝိုင်းတွင် ဆော့ဂျင်ရောက်မလာ၍...

" ဆော့ဂျင်ကဘာလို့ဆင်းမလာသေးတာလဲ..."

" ဗိုက်မဆာလို့လို့ပြောပါတယ်သခင်ကြီး..."

" နေ့လည်စာတွေရော အချိန်လွန်လား..."

" ဟို...အဲလိုမျိုးတော့မလွန်ပါဘူးသခင်ကြီး..."

ဂျောင်ကုခေါင်းညိတ်ပြလိုက်ပြီး....

" သူကြိုက်တတ်တာလေးတွေမေးပြီး သေချာပြင်ဆင်ပေးလိုက်ပါ...ဂိမ်းဆော့နေလည်းအစားစားဖို့သတိပေး...တော်ကြာအဆာလွန်သွားတာမျိုးတွေဖြစ်မယ်..."

" ဟုတ်ကဲ့ပါသခင်ကြီး..."

~~~~~~~~~~

ည၁၂ထိုးတော့ ဂျောင်ကုLaptopကိုပိတ်ကာအိမ်အပေါ်သို့တက်လာခဲ့တော့သည်။

သူအခန်းထဲဝင်ဖို့လုပ်ပြီးကာမှ ညအိပ်လျင်ချမ်းတတ်သည်ဆိုသည့်ကောင်လေးကြောင့်စောင်များလွတ်နေလေမလားဟူသည့်စိတ်ဖြင့်သူအခန်းတံခါးကိုအသာဖွင့်ကြည့်လိုက်သည်။

စောင်ကိုတစ်ဝက်လောက်သာခြုံထားပြီး ကွေး"လေးအိပ်နေသူကြောင့် စောင်ကိုအပေါ်ထိခြုံပေးရန် သူအခန်းအတွင်းဝင်လာလိုက်တော့သည်။

သူအနားရောက်သွားမှသိလိုက်ရသည်က.....

" မင်းဖျားနေတာပါလား..."

သူချက်ချင်းပဲအိတ်ကပ်ထဲကဖုန်းကိုထုတ်ကာ...

" ဦးလေးမင်...တစ်ယောက်"ကိုလွှတ်ပြီးရေဖတ်ဝတ်ယူခဲ့ခိုင်းလိုက်...ပြီးရင်ဆရာဝန်ကိုအခုလာခဲ့ပေးဖို့ဖုန်းဆက်လိုက်...အရေးကြီးတယ်မြန်မြန်...."

အဖျားရှိန်ကြောင့်ကိုယ်တွေပူနေပေမယ့်ရင်တွင်းချမ်းနေမှုကြောင့် ခန္ဓာကိုယ်လေးကွေးကာတုန်နေလေသည်။

ဂျောင်ကုချက်ချင်းပဲ ထိုခန္ဓာငယ်လေးကိုပွေ့ကာ ထွေးပိုက်ထားလိုက်တော့သည်။

" ဆံပင်တွေစိုနေတာပါလား...ရေချိုးပြီးဒီတိုင်းအိပ်ပစ်လိုက်တယ်နဲ့တူပါတယ်ကွာ..."

ဟင်း......

ညည်းညူသံခပ်တိုးတိုးလေးထွက်လာတော့ ဂျောင်ကုပိုတိုးလို့သာဖက်ပေးထားလိုက်တော့သည်။နဖူးလေးကိုလည်း သူ့ပါးလေးနဲ့ကပ်ပေးထားဖို့မမေ့။

တစ်အောင့်နေတော့ ဆရာဝန်ရောက်လာကာဆေးထိုးပေးသည်။အအေးပတ်သွားသည်ဟုပြောသည်။

နွေး"ထွေး"လေးထားပေးဖို့ပြောကာသောက်ဆေးပေးခဲ့တော့သည်။

" ဦးလေးမင်...၁နာရီလည်းထိုးတော့မယ်သွားအိပ်တော့လေ...."

" သခင်လေးစောင်လပ်သွားမှာစိုးလို့...ဒီညဦးလေးမင်မအိပ်တော့ပါဘူး..."

" ကျွန်တော်စောင့်ပေးမှာမလို့...သွားအိပ်လိုက်ပါ..."

" သခင်ကြီးကအိပ်ရေးပျက်တဲ့ညတွေများနေပါပြီ...ဦးလေးမင်ပဲစောင့်လိုက်ပါ့မယ်...."

" ကျွန်တော်ကရပါတယ်...ဘာမှမဖြစ်တာမို့ သွားအိပ်လိုက်ပါဦးလေးမင်..."

" ဟုတ်ကဲ့ပါသခင်ကြီး...လိုအပ်ရင်တော့အချိန်မရွေးဦးလေးမင်ကိုဖုန်းဆက်နှိုးပါ..."

ဂျောင်ကုခေါင်းညိတ်ပြလိုက်တော့သည်။

ထိုနေ့ညက ကောင်လေးတစ်ယောက်ဟာခါတိုင်းထက်ပို၍နွေးထွေးလို့နေတော့သည်။သို့သော် သူ့နှုတ်ဖျားမှလည်းတစ်စုံတစ်ရာကိုယောင်ယမ်းညည်းညူနေခဲ့တော့သည်။

~~~~~~~~~~{}{}{}{}{}~~~~~~~~~~

ဆော့ဂျင် သူနိုးလာခဲ့တော့ ခေါင်းတွေထိုးကိုက်နေတော့သည်။

မျက်လုံးကိုအားယူဖွင့်ကြည့်လိုက်တော့သူ့ခန္ဓာကိုယ်ကနေလို့သိပ်မကောင်းပေ။ညကရေပန်းအောက်မှာထိုင်ခဲ့သည့်အကျိုးဆက်တွေထင်ပါရဲ့။

သူတစ်ဖက်သို့ခေါင်းစောင်းလိုက်တော့ သူ့မျက်နှာနှင့်နီးကပ်နေသည့်မျက်နှာတစ်ခုကိုတွေ့လိုက်ရတော့သည်။

သူကြောင်အ,နေစဉ်မှာပဲ ထိုသူ့မျက်လုံးတွေကပွင့်လာခဲ့တော့သည်။တစ်ဆက်တည်းသိလိုက်ရသည်က သူ့လက်တစ်ဖက်ဟာဆုပ်ကိုင်ထားခြင်းခံထားရပြီးနွေးထွေးခြင်းကိုခံစားလိုက်ရတော့သည်။

" နိုးလာပြီလား..."

ထိုသူ့လက်တစ်ဖက်က သူ့နဖူးကိုစမ်းကြည့်ရင်းမေးလာခဲ့သည်။

" မင်းအရမ်းဖျားနေခဲ့တာ ဆရာဝန်ဆေးထိုးပေးတာတောင်မင်းမသိဘူး..."

" အခုရော...ဘယ်လိုနေသေးလဲ..."

" ခေါင်းအရမ်းကိုက်တယ်..."

ဆော့ဂျင် သူ့ခံစားနေရသည့်ဝေဒနာကိုလေသံပျော့လေးဖြင့်ပြောပြလိုက်တော့....သူက သူ့ဆံပင်တွေကိုသပ်တင်ပေးပြီးနဖူးကိုထပ်စမ်းလာသည်။နောက်ပြီး သူ့ခြေဖျားတွေကိုပါစမ်းကြည့်လေသည်။

" ညကအအေးပတ်သွားခဲ့တာလေ...ရာသီဥတုအရမ်းအေးနေတာကို ဘာလို့ရေချိုးပြီးခေါင်းစိုကြီးနဲ့အိပ်လိုက်ရတာလဲ...ကိုယ်သိပေလိုက်လို့ပေါ့..."

" သခင်ကြီး...စွပ်ပြုတ်ပူပူလေးရပါပြီ..."

အိမ်တော်ထိန်းကြီးကစွပ်ပြုတ်ပန်းကန်လေးစားပွဲပေါ်တင်ပေးလာသည်။

" သခင်လေးသက်သာရဲ့လား..."

" ခေါင်းတော့ကိုက်နေသေးတယ်တဲ့...ဂျင်...ထနိုင်ရဲ့လား..."

" အဲဒါကြီးမသောက်ဘူးနော်..."

ဂျောင်ကုကထူပေးလေတော့ ဆော့ဂျင်ကစ,ဂျီတော့သည်။

" ခေါင်းကိုက်တယ်ဆို...ဆေးသောက်မှရမယ်လေကွာ...လိမ္မာတယ် တစ်ဇွန်းနှစ်ဇွန်းပဲ..."

ခေါင်းချည်းယမ်းနေသည့်သူကို သခင်ကြီးကအမျိုးမျိုးချော့ကာတိုက်လေသည်။

အိမ်တော်ထိန်းကြီးက ခေါင်းတညိတ်"ဖြင့်ပြုံးရှာလေသည်။သခင်ကြီးက ဒီလိုလည်းချော့တတ်သည်ပဲ။

" လိမ္မာတယ်...နောက်ထပ်နှစ်ဇွန်းပဲလေနော်..."

ဆော့ဂျင်က ဂျစ်ချင်နေသော်လည်း သူ့ရှေ့ကလူက သူဆိုးနေကျသူဟုတ်မနေတော့စွပ်ပြုတ်နဲ့ဆေးတိုက်သည်ကို ငြိမ်ခံပြီးသောက်လေတော့သည်။

ဂျောင်ကုဆေးတိုက်ပြီးသွားတော့.......

" တစ်ရေးလောက်ပြန်အိပ်လိုက်လေနော်..."

" ဟို....."

ဆော့ဂျင်က ဂျောင်ကုကိုကြည့်ပြီး စကားထပ်ထွက်မလာတော့.....

" ဘာပြောချင်လို့လဲဂျင်..."

" ဟို...ကုမ္ပဏီကိုသွားမှာလားဟင်..."

" ကိုယ်လား...ဘာဖြစ်လို့လဲဂျင်..."

" ဒီနေ့တစ်ရက်လောက်...ကုမ္ပဏီမသွားဘဲကျွန်တော့်နားနေပေးလို့ရမလား..."

ဆော့ဂျင်ဆီကထူး"ဆန်း"ပြောလာသည့်စကားကြောင့် ဂျောင်ကုအံ့ဩမိတာတော့အမှန်ပင်။

" အင်း အင်း...ကိုယ်မသွားဘူးနော်...ဒါဆိုခဏလောက်မှိန်းနေမလား...ကိုယ်,ကိုယ်လက်သန့်စင်ပြီးပြန်လာခဲ့မယ်လေရတယ်မလား..."

ဆော့ဂျင်ကခေါင်းညိတ်ပြလေသည်။

" ဦးလေးမင်..ခဏလောက်စောင့်ပေးထားပါဦး..ကျွန်တော်မကြာပါဘူး..."

" ဦးလေးမင်စောင့်ပေးနေမှာမလို့ သခင်ကြီးအေးဆေးပဲလုပ်ပါ...မနက်စာလည်းစားလိုက်ပါဦးလားသခင်ကြီး..."

ဂျောင်ကုကခေါင်းညိတ်ပြခဲ့ပြီး အခန်းအပြင်ထွက်သွားခဲ့တော့သည်။

" သခင်လေး...ခဏလောက်မှိန်းနေလိုက်မလားကျွန်တော်ထိုင်စောင့်နေပေးပါ့မယ်..."

" မအိပ်ချင်သေးပါဘူး...ကျွန်တော်ညကအရမ်းဖျားနေခဲ့တာလားဟင်..."

" အရမ်းဖျားတာပေါ့သခင်လေးရယ်...သခင်ကြီးဆိုပျာလောင်ကိုခတ်နေခဲ့တော့တာ...တစ်ညလုံးလည်းမအိပ်ဘဲထိုင်စောင့်ပေးနေခဲ့တာလေ...သခင်ကြီးကသခင်လေးကိုအတော်လေးဂရုစိုက်ရှာပါတယ်...သူကိုယ်တိုင်ဖျားရင်တောင်မှ ဆေးသောက်ပြီးကုမ္ပဏီသွားတဲ့သူပါ..."

ဆော့ဂျင်အခုလိုကျတော့လည်း သူအားနာမိသည်။သူကသန်မာချင်ယောင်ဆောင်နေပေမယ့် အခုလိုဝမ်းနည်းအားငယ်ချိန်တွေဆို သူ့အနားမှာတစ်ယောက်ယောက်ကိုရှိနေဖို့ သူလိုအပ်မိသည်။

" ဂျီဟူလေးရောဟင်..."

မနက်တိုင်းသူ့ကိုလာနှိုးနေကြဖြစ်တဲ့ဂျီဟူလေးကိုသူသတိရမိသည်။

" ကျောင်းသွားပါတယ်သခင်လေး...သခင်လေးအိပ်နေတာအနှောက်အယှက်ဖြစ်မှာစိုးလို့ သခင်ကြီးကဂျီဟူလေးကိုဒီနေ့ပါပါးနေမကောင်းလို့လို့ပြောထားပါတယ်..."

" ဟုတ်ပါတယ်လေ...တော်ကြာကျွန်တော့်အဖျားတွေကူးကုန်ပါလိမ့်မယ်..."

📲:ting!!

ဆော့ဂျင် သူ့ဖုန်းထဲကmessageသံကြောင့် ဖုန်းကိုယူကြည့်လိုက်တော့....

သူ့မျက်လုံးတွေပြူးဝိုင်းသွားရတော့သည်။ပတ်ဂျီမင်ကသူ့ကိုဘာဖြစ်စေချင်နေတာလဲ။

ဆော့ဂျင် ယွန်းဂီဆီကိုmessageပို့မလို့လုပ်တော့....

" ခေါင်းကိုက်နေတာကိုဖုန်းကြည့်နေတာလားဂျင်..."

အခန်းဝကအသံကြောင့် ဆော့ဂျင်ကိုယ်လေးတုန်သွားပြီး ဖုန်းကိုဘေးပစ်ချလိုက်တော့သည်။

" သခင်ကြီးရောက်လာပြီဆိုတော့ ဦးလေးမင်လည်းအပြင်မှာလုပ်စရာရှိတာလေးတွေသွားလုပ်လိုက်ပါဦးမယ်...လိုအပ်ရင်ခေါ်လိုက်ပါသခင်ကြီး..."

ဂျောင်ကုခေါင်းညိတ်ပြလိုက်တော့၏။

အိမ်တော်ထိန်းကြီးထွက်သွားတော့.....

" ဖုန်းကိုကိုယ်ယူထားမယ်ဂျင်...နေမကောင်းတာကိုဂိမ်းပေးမဆော့ဘူး..."

ဂျောင်ကုကဖုန်းကိုလက်လှမ်းတော့ ဆော့ဂျင်ဖုန်းကိုအလျင်အမြန်ကောက်ယူလိုက်ကာ ကျောနောက်သို့ပို့လိုက်တော့သည်။

" ဟို...ကျွန်တော်ဂိမ်းမဆော့ပါဘူး...မေမေနဲ့ဖုန်းပြောချင်လို့..."

ဂျောင်ကုကခေါင်းညိတ်ပြပြီး ဘာမှတော့မပြော။

" ခေါင်းကိုက်နေသေးလား..."

ဆော့ဂျင်ခေါင်းယမ်းပြလိုက်ပြီး သူဘာကိုမလုံလို့မလုံမှန်းမသိဖြစ်နေတော့သည်။

" ဟို...ကျေးဇူးတင်ပါတယ်..."

ဆော့ဂျင် ထိုသူ့ကိုမကြည့်ဘဲအသံတိုးလေးဖြင့်ပြောတော့...ထိုသူက သူ့ကုတင်ပေါ်ဘေးစောင်းဝင်ထိုင်လာသည်။

" ကိုယ့်ကိုကျေးဇူးတင်တယ်ပြောတာလား...မင်းကကိုယ့်ရဲ့အမျိုးသားလေးလေ...ကိုယ်တို့ကြားမှအဲဲဒါတွေမှမလိုအပ်တာဘဲ..."

" ဂျင်..."

ဆော့ဂျင် သူ့အမည်ကိုခေါ်တော့မော့ကြည့်လိုက်တော့သည်။

" ကိုယ့်ကိုတစ်ခုခုဆိုပွင့်"လင်း"ရှိပေးပါ့လား...ကိုယ်မင်းနဲ့ဒီထက်ပိုပြီးရင်းနှီးချင်တယ်..."

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

❤️‍🔥တစ်ခုလောက်ပြောချင်ပါတယ်။ ကိုယ်ကသုံးပွင့်ဆိုင်တွေတော့ရေးလေ့မရှိပါဘူး။ ဒါပေမယ့် ဇာတ်လမ်းအရကသုံးပွင့်ဆိုင်ပေးမှရမှာမလို့ပါ။ ဆော့ဂျင်ရဲ့အချစ်ဦးနဲ့ကလည်းတစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတာမလို့ ဒီနေရာမှာBTS Memberတွေကလွဲရင်တခြားကိုယ်တိုင်ဖန်တီးတဲ့ Characterလည်းမျက်လုံးထဲမြင်မရတာမလို့ပါ။

ဒါပေမယ့် တစ်ယောက်ကကျန်ခဲ့ရုံကလွဲပြီး(သို့)နှစ်ယောက်စလုံးကျန်ခဲ့ရုံကလွဲ🫣Villainဇာတ်အကြမ်းကြီးတော့မဟုတ်နိုင်ပါဘူး။

ကဲအားလုံးပဲ ကျန်းမာရေးရော အစစအရာရာမှာဂရုစိုက်ပါ။

I love you all🫶🏻💙

There are no comments yet. Log in to be the first to leave a review!

Similar stories