I T Y - 9
12:50, 24 November 2024ဆော့ဂျင် ကင်မ်အိမ်တော်ကနေပြန်လိုက်လာပေမယ့်ကားပေါ်ရောက်သည်အထိ ထိုလူ့ကိုစကားတစ်ခွန်းမှမပြောပေ။
ထိုလူကကားနောက်ကြည့်မှန်ကနေတစ်ဆင့်သူ့ကိုကြည့်လာပြီး....
" ဆော့ဂျင် ညစာကိုအပြင်မှာစားချင်လား..."
ဆော့ဂျင်ပြန်မဖြေ။သူဖြေစရာအကြောင်းလည်းမရှိ။
" ကိုယ်Hotelပဲမောင်းလိုက်မယ်..."***Hotelရောက်တော့ ဂျီဟူလေးကပျော်နေလေသည်။ထိုလူက,ကလေးကိုဒါမျိုးတွေလည်းတစ်ခါမှလိုက်မပို့ပေးခဲ့ဖူးဘူးနေမှာပေါ့။
အစားအစာတွေကို ထိုလူကပဲမှာပေးလေသည်။သူ့မေးလည်းဖြေမှာမဟုတ်မှန်းသိမှာပေါ့။
" ဒါ...မင်းတို့သားအဖအတွက်....ကိုယ်ဩဇီကနေလက်ဆောင်ပါမလာလို့ ဒီကနေပဲလှမ်းမှာပြီးဝယ်လိုက်တာ..."
စားပွဲပေါ်တင်ပေးလာသည့်ပစ္စည်းလေးနှစ်ခု။ကြည့်လိုက်တော့ အရုပ်သော့ချိတ်လေးနှစ်ခု။
အရုပ်ပေးရအောင်ကလေးများမှတ်နေလား။နောက်ပြီးဘယ်သူကလိုချင်တယ်ပြော...ဟင်...သူပြောမိတာပဲ။ ထိုလူပြန်ရောက်တဲ့နေ့က ဟိုကောင်လေးကိုရွဲ့ချင်တာနဲ့ သူကဘာရယ်မဟုတ်။
ဘာလဲ အဲဒါကိုအတည်မှတ်ယူသွားတာလား။
" အရုပ်လေးတွေကချစ်စရာလေးတွေပါပါး...ပါပါး...ပါပါးပန်းရောင်ယူမလား အပြာယူမလားဟင်.."
" ဘယ်ဟာမှမယူဘူး...ကလေးလည်းမဟုတ်ဘူး အရုပ်လည်းကြိုက်မနေဘူး.."
" ဟွန်း..ပါပါးကလည်း..."
" ဒါဖြင့်...ဘာလိုချင်လဲ...ကိုယ်ဘာဝယ်ပေးရမလဲ..."
ထိုလူဆေးစားတွေများမှားလာလားတော့မသိ။အိမ်တော်မှာကတည်းကအခုထိ ထူးဆန်းထွေလာတွေချည်းလုပ်နေတော့သည်။
သူလည်းအမြင်ကပ်တာနဲ့.....
" လိုချင်တာပြောတော့ရော...ဝယ်ပေးမတဲ့လား.."
" အင်း...ကိုယ်မကြိုက်တဲ့အရာကလွဲရင်မင်းလိုချင်တာဘာမဆိုပေါ့...ကိုယ်ကမင်းအမျိုးသား မင်းလိုချင်တာမှန်သမျှကိုယ့်ကိုတောင်း...မင်းအမေဆီသွားမတောင်းနဲ့...."
" စည်းကမ်းတွေလာတင်းကြပ်ပြမနေနဲ့...ခင်ဗျားဆီကလည်းဘာမှလိုချင်မနေဘူး...ပြီးရင်မရှာနိုင်ဘဲဖြုန်းတယ်လည်းအပြောမခံနိုင်ဘူး...ဘယ်သူ့အတွက်မှအကျိုးမပြုတဲ့သူကိုအရေးလုပ်ပြီးလာမေးမနေနဲ့..."
" ကိုယ်ကစကားအကောင်းပြောနေတာလေ...မင်းကအဲလိုကြီးရွဲ့နေမှဖြစ်မှာလား..."
" ခင်ဗျားကျွန်တော့်နေရာကနေဝင်ခံစားကြည့်လေ..."
" Ok..Ok...ကိုယ်တို့ညစာအေးဆေးစားကြတာပေါ့.."
ဒီလိုလူကတောင်းပန်တတ်သည့်စကားတောင်ပြောတတ်နေမှာမဟုတ်ဘူး။ သူမှားခဲ့တာမှန်ပေမယ့်လည်း သူ့ကိုနစ်"နာ"တွေပြောထားသည့်အတွက်သူလည်းတောင်းပန်သင့်တယ်မဟုတ်ဘူးလား။
ဆော့ဂျင်ထိုလူ့ကိုမျက်စောင်းထိုးခဲ့ပြီးဂျီဟူ့ကိုကြည့်လိုက်တော့ ဂျီဟူကငြိမ်"လေးထိုင်နေပြီးသူ့ကိုကြည့်လိုက်၊ဟိုလူ့ကိုကြည့်လိုက်လုပ်နေလေသည်။ကြည့်ရတာသူတို့စကားများမှာကိုစိုးရိမ်နေသည်ထင်။
သူကြည့်နေတာလည်းမြင်ရော ဂျီဟူကသူ့ကိုသွားတန်းလေးတွေပေါ်အောင်ရယ်ပြလာသည်။သူလည်းဂျီဟူလေးကိုပြန်ရယ်ပြလိုက်ပြီး ညစာစားဖို့ပြင်လိုက်တော့သည်။
ဂျီဟူလေးပဲကောင်းတယ်။
~~~~~~~~~~~
ဆော့ဂျင် သူကင်မ်အိမ်တော်ကနေပြန်ရောက်လာသည့်နောက်ပိုင်း ဂျွန်ဂျောင်ကုကသူ့ကိုတော်ရုံဘာမှမပြောဘဲဘေးမဲ့ပေးထားလေသည်။
ဘေးမဲ့ပေးဆို သူလည်းဒီရက်ပိုင်းဘာပြဿနာမှမရှာဘဲငြိမ်နေခဲ့သည်ကိုး။Jameဆိုသည့်ကောင်လေးကိုတောင် သူအရွဲ့မတိုက်ဖြစ်တော့။ ဘာလို့ဆို သူနဲ့ကိုယ်ကရန်သူမှဟုတ်မနေတာလေ။သူတို့ချင်းညားသွားကြတော့လည်း သူကဂျီဟူ့လက်ကိုဆွဲပြီးဂျွန်အိမ်တော်ကထွက်လာလိုက်ရုံပဲ။
ဆော့ဂျင် သူ,မနက်ဖြန်တစ်ရက်ယွန်းဂီနဲ့တွေ့ဖို့ချိန်းထားတာကြောင့် ဂျွန်ဂျောင်ကုကိုအသိပေးဖို့အောက်ဆင်းလာခဲ့လိုက်တော့သည်။ ခွင့်တောင်းတာမျိုးတော့မဟုတ်။
သူအောက်ဆင်းလာတော့ မြင်လိုက်ရသည်ကထုံးစံအတိုင်းတပူးပူးတကပ်ကပ်ဖြစ်နေကြသည့်နှစ်ယောက်။ဂျွန်ဂျောင်ကုကလည်းအချိန်မတော်အထိအလုပ်လည်း လုပ်,လုပ်နိုင်လွန်းတယ်။ဟိုကောင်လေးကလည်းအအိပ်ပျက်ခံပြီးကပ်,ကပ်နိုင်လွန်းတယ်။သူ,မရှိတဲ့နေ့တွေတုန်းကဆို ပိုလို့တောင်လွတ်လပ်နေကြမှာပေါ့။
သူလည်းမနှောက်ယှက်ချင်တာနဲ့ အပေါ်ပြန်တက်မလို့ပြင်လိုက်သည်။
" ဆော့ဂျင်...ကိုယ့်ကိုပြောစရာရှိလို့လား..."
ထိုလူသူ့ကိုမြင်သွားသည်ထင်။
သူလည်းပြန်လှည့်ကြည့်လိုက်ပြီး.....
" ကိစ္စမရှိပါဘူး..အရေးမကြီးဘူး..."
" Jame...သွားအိပ်တော့လေ...ကိုယ်တို့စကားပြောစရာရှိလို့...."
" ဟုတ်ကဲ့Jeon hyung..."
ထိုလူပြောတော့ ဟိုကောင်လေးကထသွားလေသည်။ စကားတော့နားထောင်သား။အင်းလေ ထိုလူ့စကားဆိုလူတိုင်းကနားထောင်ကြသည်ပါပဲ။ သူကလွဲရင်ပေါ့။
" ဆော့ဂျင်...ဒီမှာလာထိုင်လှည့်လေ..."
ထိုလူ့အသံကြားတော့ သူလည်းအနားလျှောက်လာလိုက်ပြီး ထိုလူ့ရှေ့ကCushionပေါ်တွင်ဝင်ထိုင်လိုက်တော့သည်။
" ခင်ဗျားတို့ကိုနှောက်ယှက်သလိုဖြစ်သွားရင်sorryပဲ...တမင်လုပ်တာတော့မဟုတ်ဘူး..."
" ဆော့ဂျင်...မင်းအမြင်မှာကိုယ်တို့အပြုအမူကဘယ်လိုများဖြစ်နေခဲ့လို့လဲ..."
" မပြောတတ်ဘူးလေ...တပူးပူးတကပ်ကပ်ဖြစ်နေကြတာဆိုတော့..."
" လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုကိုယ့်ထင်မြင်ချက်နဲ့ ထင်သလိုမယိုးစွပ်ပစ်ရဘူးဆော့ဂျင်...ကိုယ်နဲ့Jameနဲ့ကို မင်းကတစ်မျိုးထင်နေပြီးသူ့ရှေ့မှာမတော်တဲ့အပြုအမူတွေမင်းလုပ်ခဲ့တာတောင် ကိုယ်ဘာပြောခဲ့ဖူးလို့လဲ...ကိုယ့်ကိုအနိုင်ယူချင်လို့လုပ်တယ်ဆိုတာကိုယ်သိတယ်လေ..."
ထိုလူကဒေါသသံမပါဘဲ သူ့ကိုဖြည်း"အေး"လေးပြောပြနေလေသည်။
သူအနိုင်ယူချင်လို့လုပ်ခဲ့သည့်အရာတွေကလည်း သူ့ဘက်ချည်းပြန်ပြန်ရောက်လာတော့သည်။ထိုလူကအမြဲတမ်းသူ့ထက်နှာတစ်ဖျားသာနေတတ်သည်။
" သူကကိုယ့်သူငယ်ချင်းရဲ့ညီလေးပါ...တကယ်လည်းကိုယ့်လက်ပေါ်မှာပဲကြီးပြင်းလာခဲ့တာ...ကိုယ့်ညီလေးဆိုလည်းမမှားပါဘူး..."
" ဘယ်သူကသိချင်နေလို့လာရှင်းပြနေတာလဲ...ခင်ဗျားတို့ရဲ့ရှေးဟောင်းနှောင်းဖြစ်တွေကိုလာနားထောင်တာမဟုတ်ဘူး...မနက်ဖြန်တစ်ရက်အပြင်သွားမလို့လာအသိပေးတာ..."
" တစ်နေကုန်မှာလား..."
" မပြောတတ်သေးဘူး..."
" ဘယ်သွားမှာလည်းဆိုတာရော မပြောတော့ဘူးလား..."
" ဘာဖြစ်လို့ခင်ဗျားကိုသံတော်ဦးအကုန်တင်နေရမှာလဲ..."
" ဟုတ်ပါပြီ...မဟုတ်တာမလုပ်ဘူးလို့ကိုယ်ယုံကြည်လိုက်မယ်...မင်းစိတ်ရှုပ်မှာစိုးလို့ ကိုယ်driverမထည့်ပေးတော့ဘူး...ကားကိုဂရုစိုက်ပြီးမောင်း..."
ဆော့ဂျင် မျက်စောင်းထိုးပြီးထထွက်လာလိုက်သည်။သူ့ကားကိုများဖြစ်ပျက်နေလိုက်တာ။ အဲလိုကပ်စီးကုပ်နေလို့လည်းအခုလိုချမ်းသာနေတာနေမှာပေါ့။အမြင်ကပ်ကပ်နဲ့ဟန်မြစ်ထဲထိုးချခဲ့လိုက်ရမှာ။
~~~~~~~~~~{}{}{}{}{}~~~~~~~~~~~
ဆော့ဂျင် ယွန်းဂီနဲ့တွေ့ပြီးနှစ်ယောက်တိုင်ပင်ကာ။သူဝယ်ထားခဲ့သည့်မြေကွက်ကို လေလံပြန်တင်ဖို့လုပ်နေတော့သည်။ကင်မ်အိမ်တော်ကိုပြန်ရွေးပေးထားတဲ့ဟိုလူ့ငွေတွေပြန်ဆပ်ရမည်။
" ပြန်ထုတ်တာကတော့ဟုတ်ပါပြီဆော့ဂျင်ဒါပေမယ့် ဒီမြေကွက်ကမင်းဝယ်ယူခဲ့တဲ့သုံးပုံပုံတစ်ပုံလောက်ပြန်ရရင်ကိုကံကောင်း..."
" သိပါတယ်... အဲဒါကြောင့်လည်းထည့်ထားတဲ့ရှယ်ယာတွေလည်းပြန်ထုတ်ဖို့မင်းကိုတိုင်ပင်နေတာပေါ့..."
တားနေတဲ့ကြားကဇွတ်လုပ်ခဲ့ပြီး။အခုသူကပဲပြန်ဟောက်ရတယ်ရှိသေး။
" အဲဒါတွေအကုန်ပေါင်းမှတစ်ဝက်လောက်ရဦးမှာလေ...နေပါဦး..ငါသိထားတာအဲလောက်ငွေတော့မကပါဘူး...ကျန်တာတွေဘယ်ရောက်ကုန်လဲ..."
" လောင်းကစားလုပ်ပစ်တဲ့အထဲပါသွားတာ..."
" ဘာ!!!..."
" ဆူမှာဆိုပြန်မှာ..."
" ဟာ..ဟိတ်ကောင်...ဟိတ်ကောင်...ပြန်ထိုင်...ပြန်ထိုင်..."
ဆော့ဂျင်ကပြော"ဆို"နဲ့ထပြန်ဖို့ပြင်တော့ ယွန်းဂီပြန်လှမ်းဆွဲထားရလေသည်။
" အမလေး...ရွှေမင်းသားရယ်...ငါ့မှာတော့ဒါတွေမသိဘဲ ဂျွန်ဂျောင်ကုနဲ့စကားများပြီးလာငိုတုန်းကချော့လိုက်ရတာ..."
" အရည်မရအဖတ်မရတွေပြောလို့မပြီးတော့ဘူးလား..."
အမယ်။ သူသိလိုက်ပြီ။ဖြစ်ခဲ့သမျှကိစ္စတိုင်းဂျွန်ဂျောင်ကုအလွန်မဟုတ်ဘူးဆိုတာ။
" ထားပါတော့...ဒီလိုလုပ်ရင်ရောဆော့ဂျင်...ဒီမြေကွက်က ဂျွန်ဂျောင်ကုဆီကမင်းကလုဝယ်ထားတာဆိုတော့...သူ့ကိုပဲပြန်ပေးလိုက်ရင်ရော..."
" ဘာရယ်!! "
" ဖြေးဖြေးအော်ပါကွာ..."
" မင်းရူးများနေလား...နဂိုကမှငါ့ကိုအဖြစ်မရှိဘူးဆိုပြီးအထင်သေးနေပါတယ်ဆိုမှ...အခုလိုသာဆိုလှောင်လိုက်မယ့်ဖြစ်ခြင်း...မင်းဦးနှောက်ကနည်း"ပါး"တွေးကြည့်စမ်းပါ...ငါ့မာနဘယ်လောက်ထိလိုက်မလဲ...ဒီမြေကွက်ကိုမနက်ဖြန်ပဲလေလံတင်ပေး..."
" အေးပါ...စ,တော့သူ...အဆုံးသတ်ရတော့ငါဆိုတာပေါ့..."
~~~~~~~~~~~~
ဆော့ဂျင် ယွန်းဂီနဲ့တွေ့ပြီးအိမ်ပြန်ရောက်လာတော့ ထိုလူလည်းပြန်ရောက်နေလေသည်။ကုမ္ပဏီကပြန်လာတာစောလှချည်လား။
ထိုလူက သူ့ကိုလည်းမြင်ရော....
" ဆော့ဂျင်...ကိုယ်မင်းကိုစောင့်နေတာ..."
" အကြောင်းကိစ္စရှိလို့လား..."
" အင်း..ကိုယ်ဒီညပဲဩဇီကိုပြန်သွားရလိမ့်မယ်ဟိုမှာအရေးတကြီးအလုပ်ကိစ္စပေါ်လာလို့လေ...အဲဒါကိုယ်သွားမှပဲဖြစ်မှာ..."
" ဪ...."
" အိမ်မှာလိမ်"မာ"နေခဲ့မယ်မဟုတ်လား..."
ထိုလူ့စကားကြောင့် ဆော့ဂျင်ဘုကြည့်,ကြည့်လိုက်ပြီး....
" ခင်ဗျား မသွားခင်ရန်ဖြစ်သွားချင်တာလား..."
" ကိုယ်မင်းနဲ့ရန်မဖြစ်ချင်ပါဘူး...ကိုယ်တို့ကရန်သူတွေမှမဟုတ်တာလေ...တကယ်တော့ မင်းနဲ့ဂျီဟူ့ကိုပါခေါ်ချင်တာပါ..."
" မလိုက်ပါဘူး..."
" မလိုက်မှန်းသိနေလို့ပေါ့..."
ထိုလူအခုတလော သူနဲ့စကားပြောရင်ဘယ်လိုတွေပြောမှန်းကိုမသိ။ လေသံပျော့နဲ့ကိုမှ တကယ့်ကိုဖြည်း"အေး"လေးဆိုမှဖြည်း"အေး"လေး။ သူကသာတစ်ဖက်သတ်ရန်ထောင်နေသည့်ပုံဖြစ်ရသည်။အလုပ်တွေနေ့မနားညမနားတွေလုပ်ပြီး ချောင်သွားတာလားမသိ။
" ဒီတစ်ခေါက်ပြန်လာရင် မင်းနဲ့ဂျီဟူ့အတွက်ကိုယ်လက်ဆောင်ဝယ်ခဲ့မယ်..."
~~~~~~~~~~{}{}{}{}{}~~~~~~~~~~~
ဆော့ဂျင်တစ်ယောက် လေလံကိစ္စရော၊ရှယ်ယာကိစ္စတွေပါယွန်းဂီကိုလက်လွှဲထားလိုက်သည်။ဒီကိစ္စတွေမှာယွန်းဂီကပိုပြီးကျွမ်းကျင်သည်မဟုတ်လား။လုပ်တုန်းကတော့မတိုင်ပင်ခဲ့ဘူးဆိုပေမယ့်ပေါ့။
ဘာပဲဖြစ်ဖြစ် ဂျွန်ဂျောင်ကုအကြွေးကိုကျေမှဖြစ်မည်။တစ်ခုခုဆို ဒီမျက်နှာတွေထောက်နေရမည့်အဖြစ်သူ,မလိုချင်ပါ။မေမေနဲ့hyungက ဂျွန်ဂျောင်ကုကိုဒီကိစ္စတွေထောက်ခဲ့ရသည်လားမပြောတတ်။
ထိုလူဩဇီကိုပြန်တော့ ဟိုကောင်လေးပါပြန်လိုက်သွားတော့သည်။အလည်လိုက်လာတယ်ဆိုပေမယ့် သူလည်းဘယ်မှ,မှမသွားရတာ။ဂျွန်ဂျောင်ကုကလည်း အလုပ်ပြီးရင်းအလုပ်ဖြစ်နေတာဆိုတော့ သူလည်းပျင်းရှာမှာပေါ့။နောက်ပြီး ထိုကောင်လေးကဩဇီကိုပြန်ခါနီးသူ့ကိုနှုတ်ဆက်ရင်း...သူစည်းမရှိစွာပြောခဲ့သည့်စကားတွေအတွက် သူ့ကိုတောင်းပန်သွားခဲ့တော့သည်။သူကစိတ်ထဲမထားပါဘူး။ တကယ်တမ်းပြောရရင် သူ့ဘက်ကလည်းလွန်ခဲ့တာတွေရှိသည်မဟုတ်လား....
Ring...Ring.....📱
ဖုန်းသံကြောင့် ဆော့ဂျင်ထုတ်ကြည့်လိုက်တော့....ယွန်းဂီဖြစ်နေသည်။
" ဟယ်လို...ယွန်းဂီ..."
🤳🏻- ဆော့ဂျင် ငါတို့မြေကွက်ရောင်းထွက်သွားပြီသိလား..."
" ဟုတ်လား မြန်လိုက်တာ..."
🤳🏻- အေး ဘယ်လောက်နဲ့ရောင်းထွက်သွားတယ်လို့မင်းထင်လို့လဲ..."
" မသိဘူးလေ..ဘယ်လောက်နဲ့လဲ..."
🤳🏻- မင်းဝယ်ယူခဲ့တဲ့စျေးထက်တောင်ပိုတယ်ဆော့ဂျင်ရ..."
" ဘယ်လို?..."
🤳🏻- ဟုတ်တယ်ဆော့ဂျင်...ငါဖြင့်ဝမ်းသာလွန်းလို့မင်းနဲ့တွေ့ဖို့ထိတောင်မစောင့်တော့ဘဲ အခုချက်ချင်းဖုန်းလှမ်းဆက်လိုက်တာ..."
" ယွန်းဂီ...ဝယ်သွားသူကဘယ်သူတဲ့လဲ..."
🤳🏻- အဲဒါငါပြောမလို့ဘဲ...အမည်အတိအကျဖော်မသွားဘူးသူက ကြားခံနဲ့ဝယ်ယူသွားခဲ့တာ...ဘာပဲဖြစ်ဖြစ်ကွာ...ငါတို့အဆင်ပြေသွားပြီဆော့ဂျင်..."
အမည်မဖော်ဘဲဝယ်ယူသွားခဲ့တာတဲ့လား?
~~~~~~~~~~~{}{}{}{}{}~~~~~~~~~~~
🍁ကဲအားလုံးပဲ ညလယ်ပိုင်းတွေအေးပါတယ်ကျန်းမာရေးဂရုစိုက်ကြပါ။ကိုယ်တော့နှာတွေစေးပြီးခေါင်းတွေကိုကိုက်🤒
There are no comments yet. Log in to be the first to leave a review!





