Fanfics

I T Y - 8

12:50, 24 November 2024

မီးရောင်မှိန်ပျပျ၏အောက်တွင်နှုတ်ခမ်းလေးစူပြီးအိပ်ပျော်နေသည့်ကောင်လေးဟာ တကယ့်ကိုကြွေရုပ်လေးပမာ။

သို့ပေမယ့်လည်း ထိုကြွေရုပ်လေးဘယ်လောက်ဆိုးလဲဆိုတာ သူ့နှင့်ပတ်သက်ဖူးသည့်သူတိုင်းသာသိလိမ့်မည်။

ယွန်းဂီ သူကုမ္ပဏီကနေအိမ်ပြန်နေတုန်း Clubမှာဆော့ဂျင်သောင်းကျန်းနေသည်ဟု သူတို့stateမှာအတူတူတက်ခဲ့ဖူးသည့်အတန်းဖော်တစ်ယောက်ကဖုန်းဆက်လာ၍ သူပြေးရတော့သည်။

ဟိုရောက်သွားတော့ Waiterလေးတွေကဆော့ဂျင်ကိုဝိုင်းထိန်းနေကြတော့သည်။

ဆော့ဂျင်က လက်ထဲမှာပုလင်းကြီးကိုင်ပြီးတွေ့သမျှအကုန်ရန်လုပ်နေတော့သည်။Waiterလေးတွေလည်းဧည့်သည်တွေကိုတောင်းပန်ပေးနေရတော့သည်။တော်သေး ဆော့ဂျင်ဘာမှထိခိုက်မှုရှိမနေလို့။

သူဆော့ဂျင်ကိုအိမ်ပြန်ခေါ်လာသည့်လမ်းတစ်လျှောက်မှာလည်း ဂျွန်ဂျောင်ကုကိုမကျေနပ်ဘူးမုန်းတယ်ဆိုပြီးအော်ဟစ်သောင်းကျန်းနေတော့ပြန်သည်။

အိမ်ရောက်တော့လည်း အိမ်အတွင်းထဲကိုမနည်းချော့ခေါ်ရပြန်သည်။ဂျွန်ဂျောင်ကုနှင့်ဘာတွေဖြစ်လာခဲ့သည်မသိ။အိပ်ပျော်သွားသည်အထိ ဂျွန်ဂျောင်ကုကိုမကျေနပ်ဘူးချည်းထပ်တလဲလဲဆိုနေခဲ့တော့သည်။

မနက်နိုးမှပဲအကြောင်းစုံမေးမြန်းကြည့်ရတော့မည်။လူဆိုးကောင်က ဒီရက်ပိုင်းထဲလည်းသူ့ဆီကိုရောက်မလာခဲ့ပေ။

ဆိုးမြဲဆိုးစဲပါပဲလားကင်မ်ဆော့ဂျင်ရယ်။ သို့ပေမယ့်လည်း ဒီသူငယ်ချင်းလေးတစ်ယောက်သာရှိသည့်အတွက် သူအပြစ်တော့မမြင်ရက်ပေ။

~~~~~~~~~~~

ပြတင်းပေါက်ကနေရောင်စူးစူးကြောင့် ဆော့ဂျင်နိုးလာခဲ့တော့သည်။

မျက်လုံးဖွင့်ပြီးဟိုဒီကြည့်လိုက်တော့ အိပ်ခန်းတစ်ခုမှာပင်။သူဘယ်ရောက်နေတာလဲ။

မနေ့ကအကြောင်းတွေပြန်စဉ်းစားကြည့်တော့ နောက်ဆုံးClubကိုရောက်သွားသည်ဆိုတာသာသိလိုက်ရသည်။သူအခုရောက်နေတာ ဂျွန်အိမ်တော်ရော၊ကင်မ်အိမ်တော်ပါမဟုတ်ဘူးဆိုတာသိသည်။ဘာလို့ဆို သူ့အခန်းဟုတ်မနေဘူးလေ။

" ငမူး...နိုးပြီလား..."

ယွန်းဂီ? ဒါဆိုသူယွန်းဂီအိမ်ရောက်နေတာပေါ့။

" ရော့...."

သူ့လက်ထဲကိုအမူးပြေဟင်းရည်ထည့်ပေးလာသည်။

" မင်းကိုတစ်ယောက်ထဲClubတွေbarတွေမသွားပါနဲ့လို့ငါဘယ်နှစ်ခါပြောရမှာလဲ...တစ်ခုခုဖြစ်သွားဘယ်လိုလုပ်မလဲ..."

ယွန်းဂီကထုံးစံအတိုင်းသူ့ကိုစိတ်ပူပြီးဆူပူနေတော့သည်။

ခါတိုင်းဆိုပြန်ရန်တွေ့မှာပေမယ့် အခုတော့သူရန်ပြန်မတွေ့နိုင်။

" ဘာတွေဖြစ်လာတာလဲ..."

သူ့လက်ထဲကဟင်းရည်ပန်းကန်ကုန်သွားတော့ယွန်းဂီကလက်လွှဲယူပြီးမေးလေသည်။

" ငါ ဂျွန်ဂျောင်ကုနဲ့စကားများလာတယ်...ယွန်းဂီ...ငါကတကယ်ပဲဘယ်သူ့အတွက်မှအကျိုးမပြုတဲ့သူလား...ဟုတ်မှာပါ...အခုတောင်မင်းကိုဒုက္ခပေးနေမိတာ.."

" မင်းကငါ့အတွက်ဘယ်တုန်းကဒုက္ခဖြစ်ဖူးသွားတာလဲ..."

" ဂျွန်ဂျောင်ကုကပြောတယ်...ငါကဆိုးသွမ်းဖို့ကလွဲရင်ဘယ်သူ့အတွက်မှအကျိုးမပြုတဲ့သူတဲ့..."

ဆော့ဂျင်ကပြောရင်းမျက်ရည်လေးတွေရစ်ဝိုင်းလာတော့သည်။

" ပြီးတော့ ငါအမေ့ကိုဒုက္ခမပေးတော့နဲ့လို့သူကပြောတယ်...အဲဒီစကားကိုငါနားမလည်ဘူး...ငါငွေမရှာခဲ့ဖူးဘူးမှန်တယ် ဆိုးသွမ်းတယ်ဆိုတာလည်းလက်ခံတယ်...ဒါပေမယ့် မေမေ့ကိုဒုက္ခပေးတယ်ဆိုတာတော့...."

ယွန်းဂီ သူဒီအချိန်မှာဆော့ဂျင်ကိုပြောပြလိုက်ရင်ကောင်းမလားဟုတွေးနေမိသည်။ဂျွန်ဂျောင်ကုအခုလိုပြောပုံထောက်ရင် ဆော့ဂျင်တော့တစ်ခုခုထပ်ဆိုးသွမ်းထားသည်ဆိုတာကျိန်းသေသည်။

" ယွန်းဂီ...မင်းရောအဲလိုထင်လား..."

" ဆော့ဂျင်...ငါမပြောဘူးလို့နေတာပေမယ့်...ဒါပေမယ့် မင်းသိသင့်ပြီလို့လည်းငါထင်တယ်..."

ဆော့ဂျင်က သူ့ကိုမော့ကြည့်လာသည်။

" ဘာကိုလဲယွန်းဂီ...."

" တကယ်တော့...ကင်မ်အိမ်တော်ရဲ့စီးပွါးရေးအခြေအနေက အရင်လိုမဟုတ်တော့ဘူးဆိုတာမင်းတစ်ယောက်ပဲမသိသေးတာဆော့ဂျင်..."

" ဘာရယ်!?...မင်းဘာကိုပြောတာလဲ?..."

ယွန်းဂီ သူအခုမှတော့မထူးတော့ပေ။ အကြောင်းစုံကိုဆော့ဂျင်သိမှဖြစ်တော့မည်။

~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ယွန်းဂီဆီကအကြောင်းစုံသိရချင်းချင်းဆော့ဂျင်ကင်မ်တော်သို့အပြေးပြန်ခဲ့တော့သည်။

သူအိမ်ရောက်သွားတော့ မေမေကခြံထဲမှာပန်းပင်လေးတွေရေလောင်းနေတော့သည်။

" မေမေ..."

သူခေါ်လိုက်တော့ မေမေကသူ့ကိုလှည့်ကြည့်လာသည်။သူမေမေ့ဆီပြေးသွားပြီးဖက်ထားလိုက်တော့သည်။

" ဘာဖြစ်လာတာလဲသားငယ်..."

" မေမေ...သားတောင်းပန်ပါတယ်..."

" ဘာဖြစ်လာတာလဲသားငယ်ရဲ့...မေမေရင်တွေပူလိုက်တာ...ပြော...မေမေ့ကလေးကိုဘယ်သူဘာလုပ်လိုက်တာလဲ..."

" ဟင့်အင်း..."

သားကိုဘယ်သူမှဘာမှမလုပ်ပါဘူး။သားကသာ.....***ငိုနေသည့်ကလေးကိုချော့မော့ပြီးအိမ်ထဲခေါ်ကာရေတိုက်ရသည်။

လက်စသတ်တော့ သားငယ်ကအကြောင်းစုံသိသွားခဲ့တာကိုး။

" မေမေဘာလို့သားကိုဒီအကြောင်းတွေပြောမပြခဲ့တာလဲ...မေမေပင်ပန်းပြီးဒုက္ခရောက်နေတဲ့အချိန် သားကတော့..."

ဆော့ဂျင်ကပြောပြီး တစ်ခါပြန်၍မျက်ရည်တွေကျလာပြန်သည်။

" ဒီကောင်လေး..ဘယ်တုန်းကမျက်ရည်လွယ်သွားတာလဲ..."

" မေမေ...သားကိုအခုထုတ်ပေးထားတဲ့ပိုက်ဆံတွေကရော ဘယ်ကပိုက်ဆံတွေလဲဟင်..."

" အင်း...မေမေဒီအိမ်တော်ကိုအပေါင်ထားလိုက်တာ..."

" ဗျာ!!!.."

" ဟုတ်တယ်...မေမေအိမ်တော်ကိုပေါင်လိုက်ပေမယ့်...ဂျောင်ကုကဘယ်လိုသိသွားတယ်မသိဘူးအိမ်တော်ကိုပြန်ရွေးပေးပြီးစာချုပ်ပြန်လာအပ်ပေးသွားတယ်..."

" ဟင်!?..."

" သားငယ်အခုသိလာတာတွေက ဂျောင်ကုဆီကသိလာတာမဟုတ်ဘူးလား..."

" မဟုတ်ဘူးမေမေ...ယွန်းဂီဆီကသိလာတာ..."

" ဒီကောင်လေးကတော့...ဆယ်စုနှစ်တစ်ခုလုံးဖုံးကွယ်လာပြီးမှ...."

မေမေက ယွန်းဂီသူ့ကိုပြောပြလိုက်ရကောင်းမလားဆိုပြီးစိတ်ဆိုးနေတော့သည်။

" မေမေ...hyungကဂျွန်ဂျောင်ကုဆီမှာအကြွေးအသိမ်းခံလိုက်ရတာလားဟင်..."

" ဟယ် ဒီကောင်လေး...မေမေကမေမေ့သားတွေကိုအကြွေးထိုးဆပ်ပါ့မလား..."

ဆော့ဂျင်ကနှာခေါင်းလေးတရှုံ့ရှုံ့လုပ်ကာ သူသိချင်တာတွေကိုတစ်ခုပြီးတစ်ခုမေးနေတော့သည်။သူဘာဆိုဘာတစ်ခုမှမသိခဲ့ဘူး။

" သူတို့ချင်းချစ်လို့ကြိုက်လို့လက်ထပ်ခဲ့တာပါဒါပေမယ့် ဂျောင်ကုကအလုပ်ကိုပိုချစ်တယ်ထင်ပါရဲ့...သားကြီးကတော့မေမေမေးကြည့်တိုင်း သူတို့အိမ်ထောင်ရေးအဆင်ပြေတဲ့အကြောင်းပဲပြောပြခဲ့တာ..."

" ဂျောင်ကုရဲ့ကျေးဇူးတွေကမေမေတို့အပေါ်မှာအများကြီးရှိတာသိပေမယ့်...သားကြီးရဲ့နောက်ဆုံးဆန္ဒအရ မြေးလေးကိုသားငယ်ဆီမှာကြီးပြင်းပေးပါလို့မေမေ့ကိုမှာခဲ့လေတော့ မေမေဂျောင်ကုကိုမနိုင်မှန်းသိရဲ့နဲ့ တရားရင်ဆိုင်ခဲ့တယ်...မြေးလေးကဂျောင်ကုလက်ထဲမှာဆိုပိုပြီးပြည့်စုံတာသိပေမယ့် မေမေ့အတွက်ကတော့မေမေ့သားတွေရဲ့ဆန္ဒသာအဓိကပဲ..."

hyungအကြောင်းကိုပြောလေတော့မေမေကမျက်နှာလေးညှိုးသွားခဲ့တော့သည်။

မေမေကသူတို့အတွက်တော့ ပြောမပြနိုင်လောက်အောင်မဟာတံတိုင်းကြီးတစ်ခုပင်။သူ(မ)ဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရတာတောင် တစ်ချက်အပြုံးမပျက်ဘဲဖုံးကွယ်ခဲ့လေသည်။

သူဂျွန်ဂျောင်ကုကိုနိုင်ချင်သည့်စိတ်နဲ့ မြေကွက်တွေဝယ်၊ရှယ်ယာတွေဝယ်ဖို့အတွက်နဲ့မေမေ့ဆီကငွေတွေကိုတောင်းယူခဲ့တော့လည်းမေမေကအမေးအမြန်းမရှိထုတ်ပေးခဲ့လေသည်။ပြန်တွေးကြည့်ရင်သူကသားဆိုးတစ်ယောက်ပင်။

" သားငယ်လေးကိုရော ဂျောင်ကုကဘယ်လိုမျိုးဆက်ဆံလဲ..."

" သူဘယ်လိုဆက်ဆံလဲဆိုတာထက် သားကသူ့ကိုရှောင်နေတာများပါတယ်မေမေ..."

ဆော့ဂျင် သူဂျွန်ဂျောင်ကုကိုအရွဲ့တိုက်တာတွေသူလောင်းကစားတွေလျှောက်လုပ်ထားသည်ဆိုတာတော့မပြောဖြစ်။

" သားငယ်အဲအိမ်မှာနေရတာနေပျော်ရဲ့လား...သားကသားအကိုရဲ့ဆန္ဒကြောင့် မိသားစုအပေါ်မှာအနစ်နာခံလိုက်ရတော့ မေမေက....."

" မဟုတ်တာမေမေ....ဂျီဟူလေးကိုဘယ်လိုနည်းနဲ့မှသူများလက်ထဲမထည့်ပေးနိုင်ဘူး...ဂျီဟူကhyungရဲ့ကိုယ်ပွါးလေး...ဂျွန်ဂျောင်ကုကတစ်ချိန်ချိန်မှာအိမ်ထောင်ထပ်မပြုဘူးလို့မပြောနိုင်ဘူး...အဲဒါကြောင့် သားဆုံးဖြတ်ချက်အတွက်နောင်တမရဘူးမေမေ...သားအဆင်ပြေတာမလို့ မေမေလည်းစိတ်မကောင်းမဖြစ်ပါနဲ့..."

" မေမေ့သားလေးမပျော်ရွှင်နေရမှာကိုဘဲ မေမေကစိုးရိမ်တာပါ..."

" သားတစ်လျှောက်လုံးအပျော်အပါးတွေမက်ပြီးဆိုးသွမ်းလာခဲ့ပြီးပါပြီ...မေမေနဲ့ဂျီဟူလေးအတွက် သားလိမ္မာပါတော့မယ်..."

" Aigoo...ဒီကလေးကမေမေ့အသည်းကိုခြွေနေတာပဲ..."

မေမေကသူ့ကိုဖက်ထားလေတော့ ဆော့ဂျင်မေမေ့ရင်ခွင်ထဲပိုတိုးဝင်လိုက်တော့သည်။

~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ဂျွန်အိမ်တော်တွင်......

" ဖိုးဖိုးမင်...ပါပါးကဘယ်သွားနေလို့အခုထိပြန်မလာသေးရတာလဲ...မဟုတ်မှ မျက်စိလည်ပြီးအိမ်ရှာမတွေ့တာတော့မဟုတ်လောက်ပါဘူးနော်..."

မျက်မှောင်လေးကြုတ်ပြီး အလိုမကျသလိုမေးနေပုံလေးကလူကြီးလေးကျလို့။သူ့ပါပါးကိုကလေးလေးများမှတ်နေသလားမသိ စိတ်ပူနေပုံလေးက။

" မဟုတ်ပါဘူးသခင်ပေါက်စလေးရယ်...အိမ်ရှာမတွေ့ရအောင် ဂျီဟူ့ပါပါးက,ကလေးလေးမှမဟုတ်တာလေ..."

" ဖိုးဖိုးမင်တို့ကမသိလို့ပါ...ပါပါးကအိပ်တာတောင်ကလေးလေးလိုအိပ်တာ...ဟင်း...မဖြစ်သေးပါဘူး..."

သက်ပြင်းလေးချပြီး ခေါင်းလေးတယမ်းယမ်းလုပ်နေပုံက သူ့ပါပါးကိုအတော်လေးစိတ်ပူနေရှာသည်။သခင်ကြီးပြောသလိုပဲ ဂျီဟူလေးကသခင်လေးကိုပိုပြီးချစ်လေသည်။

သွားလေသူသူ့ပါပါးမရှိတော့လေတော့ အခုသခင်လေးကိုမျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင်ခင်တွယ်ရှာသည်။ကလေးတွေက တစ်ခါဆုံးရှုံးဖူးထားရင် နောက်တစ်ကြိမ်ထပ်ဆုံးရှုံးရမှာအတော်လေးကြောက်တတ်ကြသည်လေ။

သွေးကစကားပြောတယ်ဆိုတာထက် မေတ္တာတွေကရောင်ပြန်တာဆိုပိုမှန်ပေလိမ့်မယ်။ဘာလို့ဆို သခင်လေးကိုယ်တိုင်ကလည်း သူ့ဘဝနဲ့ရင်းပြီး ဂျီဟူလေးအတွက်သခင်ကြီးကိုလက်ထပ်ခဲ့သည်မဟုတ်လား.....

~~~~~~~~~~~~

" သခင်ကြီး... ကင်မ်အိမ်တော်ကဖုန်းဆက်လာပါတယ်..."

" ဘာတဲ့လဲ..."

" သခင်လေးအဲဒီမှာရောက်နေပါတယ်တဲ့...2ရက်လောက်ခေါ်ထားချင်တာမလို့...သခင်ကြီးစိတ်မပူဖို့လှမ်းအကြောင်းကြားတာပါတဲ့..."

ဂျောင်ကုခေါင်းညိတ်ပြလိုက်ပြီး.....

" ဆော့ဂျင်နဲ့ရော တိုက်ရိုက်ပြောရလား..."

" မပြောရပါဘူးသခင်ကြီး...ဟို...သခင်ကြီးဆက်လိုက်မယ်ဆိုရင်တော့....."

" ကျွန်တော်သူ့ကိုကိုယ်တိုင်သွားခေါ်မှာပါ..."

သခင်ကြီး၏အဖြေကြားတော့ အိမ်တော်ထိန်းကြီးမင်ကပြုံးသွားခဲ့တော့သည်။

သခင်ကြီးအလျှော့ပေးရမယ့်သူပေါ်လာခဲ့ပြီပဲ။

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ဆော့ဂျင် ကင်မ်အိမ်တော်ကနေမပြန်ဘဲအလိမ္မာတုံးလေးလုပ်ကာ သူ့မေမေကိုကပ်ချွဲနေတာ1ရက်နှင့်တစ်ပိုင်းရှိနေတော့သည်။ဒီရောက်တော့Barber shopသွားပြီးတော့လည်းဆံပင်Colorချိန်းလိုက်သည်။ ဆံပင်ကတော့အရှည်အတိုင်းမညှပ်ဖြစ်သေးပေ။

သူဟိုအိမ်ကိုမပြန်တော့ မေမေကဂျွန်ဂျောင်ကုကိုလှမ်းအသိပေးဖို့ပြောသည်။သူကဘာအတွက်နဲ့ထိုလူ့ကိုအသိပေးနေရမှာလဲ။

သူ,မပြောဘဲနေလေတော့ မေမေကသူကိုယ်တိုင်လှမ်းအကြောင်းကြားလေသည်။ဂျီဟူလေးကိုပါတစ်ခါတည်းအတူခေါ်လာခဲ့ရင်အကောင်းသားဆိုပြီးလည်း သူ့ကိုပြောနေလေသည်။သူကဟိုလူနဲ့စကားများပြီးထွက်လာပါတယ်ဆိုမှ။

ထိုစဉ်......

" ပါပါး...."

ဟင်!ဂျီဟူ့အသံများလား? သူဂျီဟူလေးကိုလွမ်းပြီးအသံတွေများကြားယောင်နေတာများလား?

" ပါပါး...."

ဆော့ဂျင် လှည့်ကြည့်ရင်းရှာလိုက်တော့ဂျီဟူလေးက အိမ်တော်ဘက်ကနေသူ့ဆီကိုပြေးလာနေတာကိုတွေ့လိုက်ရသည်။တကယ်ပဲ ဂျီဟူလေးရောက်လာတာပဲ။

" ဂျီဟူ...."

သူ့ဆီလက်လေးတန်းပြီးပြေးလာနေသည့်ဂျီဟူလေးကို သူဆီးကြိုပြီးပွေ့ချီလိုက်တော့သည်။

" ပါပါးကိုလွမ်းနေတာ..."

" ပါပါးလည်းလွမ်းနေတာပါကလေးရယ်..."

" အမလေး...ဟိုသားအဖ...အခုမှအလွမ်းသယ်နေကြတယ်...နှစ်ယောက်စလုံးအိမ်ထဲဝင်ခဲ့ကြတော့..."

မေမေက အိမ်တော်ရှေ့ကနေသူနဲ့ဂျီဟူ့ကိုလှမ်းခေါ်လေတော့သည်။***အိမ်အတွင်းထဲရောက်တော့ ဧည့်ခန်းကsofaပေါ်တွင်ဟိုလူ့ကိုတွေ့လိုက်ရသည်။ဘာလာလုပ်တာလဲသူက။

" သားငယ်...ဒီမှာလာထိုင်လေ...မြေးလေးကဖွားဖွားကြီးအပေါ်မှာလာထိုင်မလား.."

" သားဒီမှာပဲထိုင်လိုက်ပါ့မယ်ဖွားဖွားကြီး...ဂျီဟူက,ကလေးမဟုတ်တော့ပါဘူး..."

အမယ်။ အစောနကကျတော့သူ့ပါပါးပွေ့ချီလာတာငြိမ်ခံနေပြီးတော့။

" သားငယ်ကိုမနက်ဖြန်မှပဲပြန်ပို့ပေးမလို့လုပ်ထားခဲ့တာ...အခုလိုလာခေါ်ကြလိမ့်မယ်လို့မထင်ထားဘူး..."

မေမေကဆိုလေတော့ ဟိုလူကသူ့ကိုကြည့်လာသည်။သူလည်းမျက်နှာတစ်ဖက်လွှဲပစ်လိုက်သည်။

" ဟုတ်ကဲ့...ဂျွန်ဂျီဟူကသူ့ပါပါးမရှိရင်မနေလို့ပါ..."

" ဖွားဖွားကြီး..."

ဂျီဟူလေးက လက်ကလေးနှစ်ဖက်ကိုဗိုက်ပေါ်ရှပ်တင်ပြီး မတ်မတ်ကလေးထရပ်လေသည်။

" ပါပါးကိုဂရုမစိုက်မိသလိုဖြစ်သွားတဲ့အတွက်ဂျီဟူကအနူးအညွတ်တောင်းပန်ပါတယ်...နောက်တစ်ခါထပ်မဖြစ်စေရပါဘူးလို့လည်း ဖွားဖွားကြီးကိုကတိပေးပါတယ်...အဲဒါကြောင့် ပါပါးကိုဂျီဟူတို့နဲ့ပြန်ထည့်ပေးပါနော်..."

ဂျီဟူက သူ့ဖွားဖွားကိုခေါင်းလေးညွတ်ပြီးသူ့ကိုပြန်ထည့်ပေးဖို့တောင်းဆိုနေတော့ ဆော့ဂျင်အသည်းတွေယားပြီး ချစ်ပြီးရင်းချစ်နေမိတော့သည်။အလည်လေး။ မေမေကသူ့ကိုပြန်မထည့်ပေးလိုက်မှာကိုစိုးရိမ်နေသည်ထင်။မေမေကတော့ သူ့မြေးအတတ်လေးကိုကြည့်ပြီးပြုံးရယ်နေလေတော့သည်။

" ဟုတ်လား...ဖွားမြေးလေးတို့ကပါပါးကိုဘယ်လိုဂရုမစိုက်တာလဲ ပြောပါဦး..."

" ပါပါးကညအိပ်ရင်ချမ်းတယ်လို့ပြောတာကို ဒယ်ဒီနဲ့ဂျီဟူကဖက်ပြီးမသိပ်လိုက်မိပါဘူး...အဲဒါကြောင့် ပါပါးကဖွားဖွားကြီးအိမ်မှာလာအိပ်တာပါ..."

ဂျီဟူ့စကားကြောင့် ဆော့ဂျင်ပါးစပ်အဟောင်းသားဖြစ်သွားရတော့သည်။

" ဟုတ်လားသားငယ်...အဲဒါကြောင့်အိမ်မှာလာနေပြီးမေမေ့ကိုကပ်ချွဲနေတာပေါ့လေ..."

" မဟုတ်......"

" ဂျီဟူက..ဂျီဟူ့ကိုယ်လုံးကသေးတာမလို့ပါပါပါးကိုဖက်ပေးပေမယ့် ပါပါးကမနွေးတာပါ...နောက်ဆိုဒယ်ဒီရောသားရောအများကြီးဖက်ပေးပါ့မယ်လို့ကတိပေးပါတယ်ဖွားဖွားကြီး...အဲဒါကြောင့် သားတို့နဲ့ပြန်ထည့်ပေးပါနော်..."

ဆော့ဂျင်ဘာပြောရမှန်းတောင်မသိတော့။ဂျွန်ဂျီဟူလုပ်မှ သူကအဖက်မခံရလို့စိတ်ကောက်ပြီးအိမ်ပေါ်ကဆင်းချလာသည့်ပုံဖြစ်သွားရတော့သည်။ ဒီကောင်လေး သူ့စောင်ပုံထဲလုံးထွေးပြီးအိပ်လိုက်မိတာကိုမြင်ပြီးကတည်းက အခုထိမုမအွန်နိုင်သေးသည်ထင်။

အိမ်တော်ကအိမ်အကူလေးတွေကလည်း သူ့တို့ကိုကြည့်ပြီးပြုံးစိစိလုပ်နေကြတော့သည်။

အရှက်တွေလည်းကွဲရပါပြီဂျွန်ဂျီဟူရယ်။ကင်မ်ဆော့ဂျင်ဆိုတာနာမည်တစ်လုံးတည်းနဲ့ဆိုးသွမ်းလာခဲ့တဲ့ကောင်ကွ။ အခုတော့ဖြင့်.....

ဆော့ဂျင် ဟိုလူ့ကိုလှမ်းကြည့်လိုက်တော့ထိုလူကမျက်နှာတစ်ဖက်လွှဲပြီးခိုးပြုံးနေသည်။ဆန်းကြယ်လိုက်တာ။သူလိုလူကပြုံးတတ်သေးတယ်ပေါ့။ပြုံးတာမဟုတ်ဘူး လှောင်နေတာ။

" သားငယ်...မေမေခေါ်နေတယ်လေ..."

" ဗျာ ဗျာ..."

ဆော့ဂျင် သူအတွေးလွန်နေ၍မေမေခေါ်နေတာကိုမကြားလိုက်ပေ။

" ဒီကလေး..အာရုံကဒီမှာမရှိဘူး...ကလေးဆိုးကြီးလုပ်မနေတော့နဲ့လို့မေမေကပြောနေတာ...သားကဂျီဟူလေးရဲ့ပါပါးဖြစ်နေပြီလေ..."

" မလုပ်ပါဘူး..."

" ပါပါးကိုမဆူပါနဲ့ဖွားဖွားကြီးရဲ့...ဒယ်ဒီနဲ့သားနဲ့ကအလိုလိုက်နိုင်ပါတယ်..."

" ဟုတ်ပါပြီရှင်...ဟုတ်ပါပြီ..."

သခင်မကြီးကင်မ်လည်းဆက်မပြောနိုင်တော့။တော်ကြာ သူ့ပါပါးကိုကင်မ်အိမ်တော်ကိုမလွှတ်တော့ဘူးဆိုမှ။

" ဒီလိုဆို ကျွန်တော်တို့ကိုခွင့်ပြုပါဦး...ဆော့ဂျင်နဲ့ဂျီဟူ့ကိုမကြာမကြာလွှတ်ပေးပါ့မယ်...သူ့ကိုလည်းအရင်ကထက်ပိုဂရုစိုက်ပါ့မယ်..."

" ဟုတ်ပါပြီကွယ်...."

~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

🤍

အားလုံးပဲ Running Wildလေးဆက်Streamကြပါဦးနော်YT Viewsကတော့အားလုံးမြင်တဲ့အတိုင်းပါပဲ1st week အတွက်ဆက်ကြိုးစားပေးကြပါဦး❤️‍🔥

There are no comments yet. Log in to be the first to leave a review!

Similar stories