Fanfics

I T Y - 3

12:45, 24 November 2024

ဆော့ဂျင် ကိုရီးယားမှာကျန်ခဲ့သည့် သူ့၏တစ်ဦးတည်းသောအချစ်ဆုံးသူငယ်ချင်းဖြစ်သူကိုဖုန်းခေါ်လိုက်တော့သည်။

သိပ်မကြာခင်မှာပဲ တစ်ဖက်ကဖုန်းကိုင်လာခဲ့တော့သည်။

🤳🏻:hello

" ယွန်းဂီ...ငါပြန်ရောက်နေပြီ..."***ဆော့ဂျင်ကော်ဖီဆိုင်အတွင်းဝင်သွားလိုက်တော့ ယွန်းဂီက ထောင့်ဝိုင်းခုံလေးမှာအရင်ရောက်နှင့်ချေသည်။သူ့ကိုလည်းမြင်ရော အံ့ဩမှင်သက်စွာရပ်ကြည့်နေခဲ့တော့သည်။

သူလည်းအနားလျှောက်သွားလိုက်ပြီးယွန်းဂီကိုဖက်ထားလိုက်တော့သည်။

" မင်းအရင်အတိုင်းပဲယွန်းဂီ..."

ယွန်းဂီကသူ့ရှေ့မှာရောက်နေသည့်သူ့ကို အခုထိမယုံကြည်နိုင်သလိုထိုင်ကြည့်နေခဲ့တော့သည်။

သူဒီကိုပြန်လာရသည့်အကြောင်းအရင်းနဲ့သူ့Hyungရဲ့ခင်ပွန်းဖြစ်သူဂျွန်ဂျောင်ကုဆိုသည့်သူနှင့်လက်ထပ်လိုက်ပြီဆိုသည့်အကြောင်းကိုပြောပြပြီးကတည်းက မလှုပ်မယှက်ဖြင့်ထိုင်ကြည့်နေတာ အခုထိပင်။

" မင်း အဲလိုကြီးပဲငါ့ကိုထိုင်ကြည့်နေတော့မှာလား..."

" ငါကမင်းရဲ့အရင်းနှီးဆုံးသူငယ်ချင်းဆိုတာဟုတ်ရောဟုတ်ရဲ့လားလို့ ငါ့ကိုငါပြန်ဆန်းစစ်ကြည့်နေတာ..."

ဆော့ဂျင် စားလက်စမုန့်လေးပြန်ချထားလိုက်တော့သည်။သူမှားမှန်းလည်းသူသိပါသည်။

" ငါတောင်းပန်ပါတယ်ကွာ...ငါလည်း....."

" မင်းကဘယ်တော့မှပြောင်းလဲမှာမဟုတ်တဲ့လူစားမျိုးလားဆော့ဂျင်...ငါကမင်းရဲ့သူငယ်ချင်းရောဟုတ်ရဲ့လား...."

ယွန်းဂီသူ့ကိုဒေါသထွက်တာဒါပထမဦးဆုံးမြင်ဖူးခြင်းပင်။သူ့လုပ်ရပ်က ဒေါသထွက်မည်ဆိုလည်းထွက်ချင်စရာပါပင်။

" မင်းငါ့ကိုစိတ်ဆိုးမယ်ဆိုတာငါသိပါတယ်..."

" လွန်ခဲ့တဲ့၁၀နှစ်လောက်ကတည်းကမင်းသိခဲ့သင့်တာ...တကယ်ဆို ငါဒီနေ့မင်းချိန်းတဲ့နေရာကိုမလာခဲ့သင့်ဘူး...ငါကိုကအမှတ်မရှိတာ...."

" အဲလိုတော့မပြောပါနဲ့ယွန်းဂီရာ...မင်းကငါ့အတွက်အရေးပါတဲ့သူပါ..."

" ဒါဆိုမင်းပြောလေ! လွန်ခဲ့တဲ့၁၀နှစ်ကမင်းထွက်သွားတော့လည်းငါသိခဲ့ရလား...၁၀နှစ်လုံးလုံးလည်းမင်းငါ့ကိုတစ်ကြိမ်လေးတောင်ဆက်သွယ်ခဲ့ဖူးလား...ပြန်လာတော့လည်းငါသိခဲ့ရလား..အခုဒီကိစ္စတွေမှာရော မင်းငါ့ကိုနဲနဲလေးမှတောင်မတိုင်ပင်ခဲ့ဘူးမလား....ပြောလေ! ငါကမင်းရဲ့ဘယ်နေရာမှာအရေးပါသွားတာလဲ..."

ဆော့ဂျင်ဘာမှပြန်မပြောနိုင်တော့ပေ။ယွန်းဂီပြောတာလည်းယုတ္တိရှိပေသည်။

" ငါတောင်းပန်ပါတယ်...ငါ့အပြစ်တွေကြောင့်မင်းငါ့ကိုခွင့်မလွှတ်နိုင်ဘူးဆိုရင်လည်းငါမင်းကိုမဆက်သွယ်ဘဲနေပါ့မယ်..."

" နေနိုင်မှာပေါ့မင်းလိုကောင်က...သံယောဇဉ်မှမထားတတ်တာ...ငါကသာရူးနေလို့မနေနိုင်ခဲ့ဘဲဒီအထိရောက်လာခဲ့တာ..."

ဟုတ်သည်။ ဆော့ဂျင်ကိုရီးယားကိုပြန်ရောက်နေပြီဟုပြောကတည်းက သူကုမ္ပဏီကအစည်းအဝေးတွေအကုန်ဖျက်ချထားခဲ့ပြီး ဒီရောက်လာခဲ့တာဖြစ်သည်။ဘယ်လောက်ပဲဆော့ဂျင်ကိုစိတ်ဆိုးပါတယ်ပြောပြော တကယ်တမ်းကျသူ,မနေနိုင်ခဲ့ဘူး။သူ့သူငယ်ချင်းလေးအဆင်ပြေနေရဲ့လားဆိုတာ အမြဲတိတ်တဆိတ်စုံစမ်းနေခဲ့တာ။

ဆော့ဂျင်ကမျက်နှာငယ်လေးလုပ်ကာသူ့ကိုထိုင်ကြည့်နေလေသည်။ အမြဲတမ်းပါပဲ။ အပြစ်လုပ်ပြီးလျင် ထိုအမူအယာဖြင့်အမြဲသူ့ကိုနိုင်စားသည်။

ဆော့ဂျင်က ဂျွန်ဂျောင်ကုဆိုသည့်သူနှင့်လက်ထပ်လိုက်တာကို သူသဘောမကျပေ။ဂျွန်ဂျောင်ကုကဆော့ဂျင်အကိုရဲ့ခင်ပွန်းဟောင်းဖြစ်တာကတစ်ကြောင်း ထိုသူကအေးစက်စက်အမူအရာနှင့်နေသည်ဆိုပေမယ့် စီးပွါးရေးလောကမှာဘယ်လောက်အဆိပ်ပြင်းလဲဆိုသူ့ကိုသွားထိရဲသည့်သူ,မရှိ​ပေ။

ဆော့ဂျင်အကိုနဲ့အဆင်ပြေတယ်ဆိုတာလည်းဆော့ဂျင်အကိုကအေးသည်။ တော်ရုံဘာကိစ္စမှဝင်ပါတတ်သည့်သူ,မဟုတ်ပေ။ဆော့ဂျင်ကတော့မတူ။ သူ့အပေါ်ဘယ်သူ့မှအကြောမခံတတ်ပေ။ အရာရာကိုဆတ်ဆတ်ထိမခံဒိတ်ဒိတ်ကြဲပင်။

အခုဂျင့်ပုံကြည့်ရတာ ဆံပင်ကိုအရှည်ထားထားပြီးအရောင်တွေလည်းဆိုးထားသေးသည်။ လူဆိုးကောင်ကပိုချောလာသည်ဆိုတာတော့ငြင်းမရချေ။ဆယ်ကျော်သက်အရွယ်တုန်းကလိုအချစ်ကိုရူးမိုက်ခဲ့သည့်ခပ်ဆိုးဆိုးပုံစံလေးတော့ပေါက်မနေတော့ပေ။ကြည့်ရတာအနည်ထိုင်သွားပြီထင်။ သိပ်တော့လည်းမသေချာဘူးပေါ့။ဆော့ဂျင်ကိုယ်တိုင်သာသိလိမ့်မည့်ကိစ္စပဲလေ။

" ယွန်းဂီ...."

သူအတွေးလွန်နေတုန်း။ အရှေ့ကလူဆိုးဆီကအသံကြားရလေတော့သည်။

" ဘာလဲ..."

" ငါ့မှာမင်းတစ်ယောက်ပဲရှိတာလေကွာ..."

" မင်းရဲ့ဂျပန်ကသူငယ်ချင်းဆိုတဲ့ကောင်နဲ့အတူတူရှိနေတုန်းကကျ ငါ့ကိုဘယ်နားသွားထားလဲ..."

" ခီရိခ်ကိုပြောတာလား?အဲကောင်ကဂျပန်မှာကျန်ခဲ့တယ်လေ..."

" အော်...သူဒီမှာသာရှိရင် ငါမခေါ်လည်းဘာမှမဖြစ်ဘူးဆိုတဲ့သဘောပေါ့..."

" မဟုတ်ပါဘူးCEOကြီးရယ်...ကုမ္ပဏီမှာဘယ်လိုအုပ်ချုပ်နေလဲတော့မသိဘူးကလေးဆန်ချက်မင်း..."

" ဘာကွ!ဟျောင့် မင်းတစ်ယောက်အတွက်ပဲအခုလိုပုံစံကွ...."

ဆော့ဂျင်ရယ်ပြလိုက်တော့သည်။ဟုတ်သည်။ယွန်းဂီကအရင်ကတည်းကတည်တံ့သည့်သူပင်။အသက်၁၆နှစ်အရွယ်ကတည်းကပင် သူ့အဖေ၏ကုမ္ပဏီမှာအလုပ်ဝင်ခဲ့လေသည်။သူကသာ လေလွင့်လိုက်၊ရန်ဖြစ်လိုက်၊ချစ်သူနဲ့လျှောက်လည်လိုက်နဲ့အချိန်ကုန်နေတတ်သည်။နောက်ဆုံးအချစ်အတွက်နဲ့ပါမွှန်ထူခဲ့ပြီးအားလုံးကိုကျောခိုင်းထားခဲ့ကာရူးမိုက်ခဲ့သည်မဟုတ်လား.....

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ဂျောင်ကုအိမ်ပြန်ရောက်တော့ ဆော့ဂျင်ကအိမ်မှာမရှိပေ။

" ကင်မ်ဆော့ဂျင်ဘယ်သွားလဲ..."

" အပြင်သွားစရာရှိလို့လို့ပဲပြောပါတယ်သခင်ကြီးဘယ်သွားလဲဆိုတာမသိရပါဘူး..."

ဂျောင်ကု၏အေးစက်စက်အမူအရာကို အိမ်တော်ရှိသူများအားလုံးကြောက်ကြသည်။

" ဘယ်သူလိုက်ပို့ပေးလဲသူ့ကို..."

" ဟို...ကင်မ်အိမ်တော်ကကားလာပို့ပေးသွားပါတယ်သခင်ကြီး...အဲ့ကားနဲ့ပဲသွားတာပါ..."

" ဒါဖြင့် Driverမပါဘဲသူကိုယ်တိုင်မောင်းထွက်သွားတယ်ဆိုတဲ့သဘောလား..."

" ဟုတ်ပါတယ်သခင်ကြီး..."

ဂျောင်ကုဘာမှဆက်မပြောတော့ဘဲ အိမ်အပေါ်သို့တက်သွားခဲ့တော့သည်။

ထိုအခါမှ အိမ်တော်ရှိသူတွေလည်းအသက်ရှူချောင်သွားရတော့သည်။

~~~~~~~~

ဆော့ဂျင်အိမ်ပြန်ရောက်လာတော့ ည9နာရီပင်ထိုးနေတော့ပြီ။

သူအိမ်အတွင်းထဲဝင်လာလိုက်တော့ ထိုသူကဧည့်ခန်းတွင်ခြေချိတ်ပြီးထိုင်နေလေသည်။

သူလည်း မမြင်ချင်ယောင်ဆောင်ပြီးအပေါ်တက်မလို့လုပ်တော့....

" ကင်မ်ဆော့ဂျင်..."

ထိုလူ့အသံ။စိတ်ပျက်တယ်။ ဘာတွေပွါးဦးမလဲမသိ။

" မင်းဆီကပေးလာမယ့်ဖြေရှင်းချက်ကိုကိုယ်နားထောင်ချင်တယ်..."

ဘာကြီး။

" ဘာကိုဖြေရှင်းချက်ပေးရမှာလဲ?..."

ထိုလူကထိုင်ရာကထလာပြီး သူ့ဆီလျှောက်လာတော့သည်။

" မနက်10နာရီကတည်းကထွက်သွားပြီးအခုည9နာရီရောက်မှပြန်လာတာကကြားထဲက11နာရီလုံးလုံးမင်းအပြင်မှာဘာလုပ်နေလဲဆိုတာ ကိုယ့်ကိုအကြောင်းပြချက်တစ်ခုခုတော့ မင်းမှာပေးစရာရှိနေမှာပေါ့..."

" နေစမ်းပါဦး...ခင်ဗျားကဘာမလို့ကျုပ်ကကျုပ်ကိစ္စတွေကိုခင်ဗျားကိုတင်ပြရှင်းပြနေရမှာလဲ..."

ထိုလူကသူ့အရှေ့တိုးကပ်လာပြီး သူ့မျက်နှာကိုအနီးကပ်ကြည့်လာကာ.....

" မင်းအခုနေနေတာဂျွန်အိမ်တော်ဆိုတာတော့မမေ့လောက်ပါဘူး မနေ့ကမှပူ"နွေး"လက်ထပ်ထားကြတာပဲ...ကိုယ်နဲ့ပတ်သက်မှုကိုရော သက်သေပြပေးရဦးမလား..."

" ခင်ဗျား!!.."

ဆော့ဂျင်ကတကယ့်ကိုဆတ်ဆတ်ကြဲလေးပင်။ဂျောင်ကုကော်လာစကိုဆွဲဆုပ်ထားလိုက်တာများ တင်းတင်းကြပ်ကြပ်။

ထိုအခြင်းအရာကိုဂျောင်ကုကဘယ်လိုမှမနေ။

" Alcoholတွေသောက်လာတာပဲ..."

ထိုလူ့ဆီကထွက်လာသည့်စကားသံ......

ဆော့ဂျင်ထိုလူ့ကော်လာစကိုလွှတ်ပေးလိုက်ပြီးလှည့်ထွက်လာခဲ့တော့သည်။ ဆက်သာပြောလျင် သူလက်ပါမိတော့မည်။

သူလှေကားပေါ်သို့အရောက် ထိုလူပြောလာသည်က....

" ကင်မ်ဆော့ဂျင်...မင်းကိုယ်နဲ့ယှဉ်ပြီးမကစားချင်နဲ့...ကိုယ်မင်းအတွက်ပြောနေတာ...."

ကင်မ်ဆော့ဂျင်က နဂိုဉာဉ်ဆိုးလေးပြန်ပေါ်လာခဲ့သည်ထင်။ ဂျွန်ဂျောင်ကုလိုလူကိုလက်ခလယ်ထောင်ပြခဲ့သည်က တကယ့်ကိုမထီမဲ့မြင်။Alcoholအရှိန်လေးကြောင့်ရဲတင်းနေသည်လားတော့မပြောတတ်ပေ။

ကျန်နေခဲ့သည့်ဂျွန်ဂျောင်ကုတော့ ဘယ်လိုနေမလဲမသိပေ။ဆော့ဂျင်က လေတချွန်ချွန်ဖြင့်အခန်းထဲဝင်သွားခဲ့တော့သည်။

ရိုင်းသည်ဆိုတော့လည်းရိုင်းသည်ပေါ့။

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ဆော့ဂျင် မနေ့ကယွန်းဂီကိုတစ်ရက်လုံးအနားခေါ်ထားပြီး သူသွားချင်သည့်နေရာတွေအကုန် လျှောက်ပတ်လိုက်ပို့ခိုင်းခဲ့သည်။ညရောက်တော့လည်း သူကbarသွားချင်သည်ဟုပြောတော့ ယွန်းဂီကလိုက်ပို့ပေးသည်။

လမ်းလျှောက်တတ်စအရွယ်ကတည်းက ဆယ်ကျော်သက်အရွယ်ထိ သူလုပ်ချင်တာမှန်သမျှကိုယွန်းဂီကလိုက်လုပ်ပေးသည်။barတွေClubတွေမှာရန်ဖြစ်တော့လည်း ယွန်းဂီကသာလိုက်ရှင်းပေးသည်။သူဆိုးသမျှကို ကိုရီးယားမှာဆိုယွန်းဂီ၊ဂျပန်မှာဆိုခီရိခ်၊ထိုသူနှစ်ဦးကအမြဲခံပေးလေ့ရှိသည်။

အော်..မေ့လို့။ထုတ်မပြောချင်ပေမယ့်လည်းဟိုတစ်ယောက်လည်းရှိခဲ့ဖူးသည်။

သူဒီနေ့တော့ ဘယ်မှမသွားတော့ဘဲအိမ်မှာပဲနေနေလိုက်သည်။ ဟိုလူ့ကိုကြောက်လို့တော့မဟုတ်။

ထိုလူက ကုမ္ပဏီသွားခါနီးသူ့ကိုပြောသွားသေးသည်။မင်းအိမ်ကကားကိုပြန်ပို့ပေးလိုက်တဲ့။ ဂျွန်အိမ်တော်မှာမင်းစီးချင်တဲ့ကားကိုလက်ညှိုးထိုးပြီးမင်းသွားချင်တဲ့နေရာကိုလိုက်ပို့ခိုင်းလိုက်တဲ့။သူပြောတိုင်းလုပ်စရာလား။ ဘာကိစ္စနဲ့သူ့ကားကိုအိမ်ပြန်ပို့ရမှာ။

ဆော့ဂျင် ပျင်းပျင်းနဲ့ခြံထဲလျှောက်လာလိုက်သည်။ဂျီဟူလေးကလည်းကျောင်းသွားနေတော့ သူပျင်းနေမိသည်။

" သခင်လေး...ပျင်းနေပြီလား..."

ဆော့ဂျင်လှည့်ကြည့်လိုက်တော့ အိမ်တော်ထိန်းကြီးပင်။

" ဟုတ်တယ်...ခင်ဗျားတို့သခင်ကြီးရဲ့အိမ်ကလည်းခြောက်ကပ်ကပ်နဲ့ပျင်းစရာကောင်းတယ်..."

ထိုအခါ အိမ်တော်ထိန်းကြီးကပြုံးသည်။

" သခင်လေးတို့ညီအကိုနှစ်ယောက်က ရုပ်ချင်းသာဆင်တာ အမူအကျင့်တွေတော့မတူကြဘူးဘဲ.."

" ဟုတ်တယ်..hyungကအေးတယ်...ကျွန်တော်ကတော့မတူဘူးဆိုးတယ်...ဒါနဲ့...ခင်ဗျားတို့ရဲ့သခင်ကြီးဆိုတဲ့လူကhyungကိုနှိပ်စက်တာတို့ဘာတို့လုပ်ခဲ့ဖူးလား..."

" အဲလိုမျိုးမရှိခဲ့ဖူးပါဘူးသခင်လေး...သခင်ကြီးက အိမ်မှာဆိုစကားကိုဆယ်ခွန်းပြည့်အောင်တောင်မပြောပါဘူး သူ့သူနေတာပါ...သခင်ကြီးရဲ့ဥပဓိရုပ်ကြောင့်သာအားလုံးကရှိန်နေကြတာပါ...တကယ်ကစိတ်သဘောထားဖြူစင်ပါတယ်...ဒါပေမယ့်တစ်ခုရှိတာက သခင်ကြီးကအလုပ်ကလွဲရင်ဘယ်အရာမှဦးစားမပေးတတ်ဘူး..သခင်လေးရဲ့အကိုနဲ့ဂျီဟူလေးကိုတောင်အချိန်သိပ်မပေးဖြစ်ခဲ့ဘူး..."

" အချိန်သိပ်မပေးဖြစ်ခဲ့တာမဟုတ်ဘဲ လုံးလုံးမပေးခဲ့တာမျိုးမဟုတ်ဘူးလား...ဒါနဲ့များ အလုပ်နဲ့ပဲယူထားလိုက်လေ..တစ်ဖက်လူနာကျင်ရအောင်ဘာလို့အိမ်ထောင်ပြုခဲ့သေးလဲ..."

" အဲလိုလည်းမဟုတ်ပါဘူးသခင်လေးရယ်သခင်ကြီးကအလုပ်နဲ့ပတ်သက်ရင်အမှားမခံတဲ့သူမျိုးမလို့ပါ...သခင်လေးရဲ့အကိုကလည်းနားလည်မှုရှိတဲ့သူမျိုးပါ..."

" အဲဒါကြောင့်လည်းhyungကိုဆိုချောင်ထိုးထားတာမလား...ကျွန်တော်ကတော့hyungလိုအနေအေးဖို့မမျှော်လင့်နဲ့နော်..ကျွန်တော်သာhyungနေရာမှာဆို ခင်ဗျားတို့သခင်ကြီးရဲ့ဆံပင် တစ်မွှေးမှတောင်မကျန်ဘူးမှတ်.."

ထိုအခါအိမ်တော်ထိန်းကြီးကရယ်လာသည်။

" ဘာရယ်တာလဲ အတည်မလုပ်ရဲဘူးထင်လို့လား..."

" မဟုတ်ပါဘူးသခင်လေးရယ်...သခင်လေးပြောတာကိုဟုတ်သည်ဆိုတာလက်ခံမိလို့ပါ...ဘာလို့လဲဆို အခုသခင်လေးဒီအိမ်တော်ကိုရောက်တာနှစ်ရက်ပဲရှိသေးတယ်လေ...သခင်ကြီးတစ်နှစ်စာလောက်ပြောမယ့်စကားတွေ နှစ်ရက်ထဲနဲ့ပြောနေလို့..."

ဆော့ဂျင်နှုတ်ခမ်းကိုမဲ့လိုက်တော့သည်။ဂျွန်အိမ်တော်ကလူတွေလို့မပြောရဘူး။ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောတဲ့သူတွေသူတို့သခင်ကြီးအတိုင်းပဲလေလုံးတွေက။

ဘာတဲ့ တစ်နှစ်လောက်ပြောမည့်စကားကိုနှစ်ရက်ထဲနဲ့ပြောနေလို့တဲ့။မသိ သူတို့သခင်ကြီးကပဲအရမ်းတွေစကားနည်းပြီးအနေတည်ပါတယ်ပေါ့။သူ့ကြောင့်သာလေပွါးနေရပါသည်ပေါ့။

စိတ်ချ ခင်ဗျားတို့သခင်ကြီးဆိုတဲ့လူ ဒီ့ထက်ကိုပိုပြောနေရဦးမှာ။ကင်မ်ဆော့ဂျင်ဘာလဲဆိုတာစောင့်ကြည့်နေလိုက်။

~~~~~~~~~~~~

အိမ်တော်အတွင်းတွင် အသံစွာစွာလေးနှစ်သံဖြင့်တစ်အိမ်လုံးဆူညံပွက်လောရိုက်နေတော့သည်။

ဒီနေ့ကဂျီဟူလေးကျောင်းပိတ်သည့်နေ့......

" ဟူဟူ...မင်းညစ်တာ...ငါနိုင်နေပြီးသားကြီးဟာကို..."

" သားပါပါးကိုပြောတော့ ပါပါးပဲသဘောတူပြီးတော့..."

" အဲဒါက ငါပဲဆက်နိုင်မယ်ထင်လို့ပေါ့..."

နှစ်ယောက်သားဂိမ်းဆော့နေကြပြီး အစောပိုင်းဆော့ဂျင်ကနိုင်နေသည်။နောက်တစ်ခေါက်ပြန်ဆော့ကြတော့ ဆော့ဂျင်ရှုံးသွားတော့၍အခုလိုပွက်လောရိုက်နေခြင်းဖြစ်တော့သည်။

" အဲဒါဆို အခုထပ်ဆော့ကြမလားပါပါး..."

" ကောင်းပြီလေ...ဆော့ကြတာပေါ့...ထပ်ညစ်မယ်တော့မကြံနဲ့နော်..."

" သားကညစ်ပါဘူး..."

အိမ်တော်ကသူတွေလည်း ထိုနှစ်ယောက်ကိုကြည့်ပြီးပြုံးနေကြတော့သည်။ဂျွန်အိမ်တော်မှာအခုလိုစို"ပြေ"လေးရှိတာဒါပထမဦးဆုံးမလား။ပိုထူးဆန်းသည်က ဒီနေ့သခင်ကြီးပါအိမ်တော်၌ရှိနေသည်ပင်။

ခါတိုင်းဆို ရုံးပိတ်ရက်လည်းသခင်ကြီးကအိမ်တော်မှာရှိမနေတတ်ပေ။ပိုပြီးအံ့ဩစရာကောင်းသည်က ဆူညံသံတွေမကြိုက်တတ်သည့်သခင်ကြီးက ယခုပင်သခင်လေးတို့ဂိမ်းဆော့နေကြသည့်မလှမ်းမကမ်းကဆိုဖာပေါ်တွင် အလုပ်လုပ်နေလေသည်။

" ရားးး...မင်းညစ်ပြန်နော်ဂျီဟူ..."

" သားမညစ်ဘူးလေ..ပါပါးဘာသာရှုံးတာလေ.."

" မင်းညစ်လို့ရှုံးတာပေါ့...မင်းနော်...မင်းဒယ်ဒီနဲ့ရုပ်ချင်းပဲတူအကျင့်တော့လာမတူနဲ့..."

" ပါပါး..."

ဂျီဟူက သူ့ကိုလေသံတိုးတိုးလေးဖြင့်ခေါ်နေတော့...

" ဘာလဲ..."

" အနောက်မှာဒယ်ဒီရှိတယ်...."

ဆော့ဂျင် ဂျီဟူ့စကားကြောင့်လှည့်ကြည့်လိုက်တော့သူတို့နဲ့မလှမ်းမကမ်းမှာမိန့်မိန့်ကြီးအလုပ်ထိုင်လုပ်နေသည့်ထိုလူ။ဘာလဲ ကိုယ့်အခန်းထဲကိုယ်မလုပ်ဘဲ။အလုပ်ထဲဈာန်ဝင်နေသည့်သူကသူပြောတာကိုကြားလောက်မည်တော့မဟုတ်ပေ။ကြားလည်းကင်မ်ဆော့ဂျင်တို့ကဂရုမစိုက်ပေါင်။

" ဟူဟူ...နောက်တစ်ပွဲထပ်ဆော့မယ်...ဒီတစ်ခါမင်းမညစ်ပတ်နဲ့နော်..."

" ပါပါးလည်းဒီတစ်ခါရှုံးရင်စိတ်မကောက်ရဘူးနော်..."

" ဘာကွ!မင်းတော့ ငါကဘယ်မှာစိတ်ကောက်..."

" ကင်မ်ဆော့ဂျင်..."

ဆော့ဂျင် ထိုသူ့ခေါ်သံကြောင့်လှည့်ကြည့်လိုက်ပြီး...

" ပြော..."

" မင်းဆော့လို့ဝသွားပြီဆိုရင် ကလေးကိုစာပေးလုပ်ခိုင်းလိုက်တော့..."

ဘာကြီး။ဘာပြောလိုက်တယ်?

" ဂျွန်ဂျီဟူ...စာသွားကျက်တော့..."

" ဟုတ်ကဲ့ဒယ်ဒီ...."

သူ့ဒယ်ဒီပြောတော့ ဂျီဟူလေးကတန်းထသွားတော့သည်။ ဒီလူ။

" ဒီမှာဂျွန်ဂျောင်ကု...ခင်ဗျားလွန်လွန်းတယ်မထင်ဘူးလား..ကလေးကအခုမှ၅နှစ်သားအရွယ်နော်...ကျောင်းပိတ်ရက်လေးတော့ သူ့ကိုအေးဆေးပေးနေခိုင်းလို့မရဘူးလား..."

" မင်းအဲလိုလုပ်နေရင် သူပျော့ညံ့သွားလိမ့်မယ်ငါလိုချင်တဲ့စံနှုန်းရဖို့အတွက်ဆိုအခုကတည်းကသူ့ကိုကျင့်သားရအောင်လုပ်ပေးထားဖို့လိုတယ်...မင်းကိုယ့်ကိုနားလည်ချင်မှနားလည်လိမ့်မယ်.."

" ဂျွန်ဂျောင်ကု...ခင်ဗျားကသိပ်အတ္တကြီးတဲ့လူစားမျိုးပဲ...ဂျီဟူရောhyungရော ခင်ဗျားလိုလူနဲ့ရေစက်မဆုံခဲ့သင့်ဘူး..."

" ကံကြမ္မာကိုသာဖန်တီးလို့ရခဲ့ရင် မင်းပြောသလိုပဲ ကိုယ်လည်းဖန်တီးမိခဲ့မှာအမှန်ပဲကင်မ်ဆော့ဂျင်..."

" ခင်ဗျားအခုဘာသောက်စကားပြောလိုက်တာလဲ!.."

ဆော့ဂျင်ကအနားလျှောက်သွားပြီးဂျောင်ကုကော်လာစကိုဆွဲပြီး လက်သီးဖြင့်ချိန်ရွယ်ထားလိုက်တော့သည်။

" hyungကခင်ဗျားကိုသိပ်ချစ်ခဲ့တာ!!ဒီကလေးကိုလည်းသူဘယ်လောက်တောင်ခဲရာခဲဆစ်ရယူခဲ့ရတယ်ဆိုတာခင်ဗျားသိလား!..."

" ကိုယ်သူ့ကိုကလေးလိုချင်ပါတယ်လို့ တစ်ခါမှမပြောခဲ့ဖူးဘူး..."

" ခင်ဗျား!!!..."

ဆော့ဂျင်ထိုလူ့ကိုမျက်နှာကိုထိုးပစ်လိုက်တော့သည်။လူမဆန်တဲ့လူ။ခင်ဗျားလိုလူနဲ့တန်တဲ့အရာကဒါပဲ။

ဂျွန်ဂျောင်ကုလိုလူကမျက်လုံးစိမ်း"ဖြင့်တောင်အကြည့်မခံခဲ့ရဖူးပေမယ့်ကင်မ်ဆော့ဂျင်ကတော့လက်သီးခပ်ပြင်း"ဖြင့်ထိုးပစ်ခဲ့သည်။

" ခင်ဗျားမျက်နှာကိုတည့်တည့်ကြည့်ပြီးဒဲ့စိန်ခေါ်လိုက်မယ်ဂျွန်ဂျောင်ကု...ဂျီဟူ့ကိုခင်ဗျားနဲ့အဝေးဆုံးကိုကျုပ်ခေါ်ထုတ်သွားပြမယ်...ခင်ဗျားစောင့်ကြည့်နေလိုက်..."

ဆော့ဂျင်ထိုလူ့ကိုပြောပြီးပြီးချင်းလှည့်ထွက်လာခဲ့လိုက်သည်။

" ကင်မ်ဆော့ဂျင်...မင်းဒီနေ့ကိုယ့်အပေါ်မှာအကြွေးတင်သွားပြီဆိုတာ မမေ့ပစ်လိုက်နဲ့ဦး..."

အိမ်တော်ရှိလူတွေလည်း ရုတ်တရက်ကြီးတင်းမာမှုတွေဖြစ်သွားခဲ့တာကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကုန်ကြသည်။

သခင်လေးလိုလူရွယ်လေးတစ်ယောက်ကသခင်ကြီးလိုလူမျိုးအပေါ်မှာ ကိုယ်ထိလက်ရောက်လက်ပါခဲ့တော့ အားလုံးအံ့အားသင့်မိတော့သည်။သခင်ကြီးက သခင်လေးအပေါ်မှာအတော်လေးညှာတာ,တာတွေ့ရသည်။ဘာတစ်ခုမှပြန်တုံ့ပြန်ခဲ့ခြင်းမရှိပေ။

အဆိုးဆုံးကတော့သခင်လေးကသခင်ကြီးအပေါ်ကိုစိန်ခေါ်ခဲ့တာပင်။တော်သေးသည်က ထိုအခြင်းအရာကိုဂျီဟူလေးတွေ့မသွားခဲ့လို့သာတော်ရော့မည်။ရှေ့လျှောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာသူတို့လည်းမတွေးရဲပေ။

ဒီနေ့အဖြစ်အပျက်ကိုကြည့်ပြီးသိလိုက်ရသည်ကသခင်လေးသည်လည်းမျက်နှာနှစ်မျိုးရှိသည့်အဆိပ်ပြင်းသည့်သူဆိုတာပင်။ဂျီဟူလေးနဲ့ဆော့နေတုန်းက အရမ်းကိုအပြစ်ကင်းစင်သည့်ကလေးတစ်ယောက်လိုပင်။သခင်ကြီးနဲ့ကျတော့ အစွယ်တွေထုတ်ပြတတ်ကာဝံပုလွေတစ်ကောင်အသွင်နယ်။

~~~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

အာလုံးပဲ ရာသီအကူးအပြောင်းဂရုစိုက်ကြပါ။တုပ်ကွေးတွေတအားအဖြစ်များပါတယ်။

There are no comments yet. Log in to be the first to leave a review!

Similar stories