Fanfics

I T Y - 2

12:45, 24 November 2024

ညရောက်တော့.....

ဂျောင်ကုက Cushionပေါ်ခြေချိတ်ထိုင်ကာLaptopတစ်လုံးဖြင့်အလုပ်လုပ်နေသည်။

ဆော့ဂျင် ထိုလူနှင့်မျက်နှာချင်းမဆိုင်ချင်ပေမယ့် ပြောရမည့်ကိစ္စကပြောမှဖြစ်လိမ့်မည်။ထို့ကြောင့်သူအနားလျှောက်သွားလိုက်သည်။

သူကအနားလျှောက်သွားလိုက်ပေမယ့် ထိုသူကဘေးကိုအာရုံရမနေဘဲ သူ့အလုပ်သာသူအားစိုက်လုပ်နေတော့ သူပြောရမှာခက်နေလေသည်။

" ပြောစရာရှိလို့လား..."

ထိုသူ့ဆီကစကားသံထွက်လာသည်။သို့သော် အာရုံကတော့Laptopမှာပင်။

" ဟုတ်တယ်...ပြောစရာရှိတယ်..."

" ထိုင်လေ..."

ထိုင်လေဟုသာပြောပြီး အလုပ်လုပ်မပျက်ပေ။သူလည်းအထွေအထူးမဟုတ်တာမလို့.....

" ကျွန်တော်တို့ကစာချုပ်မှာလက်မှတ်ထိုးထားကြတာမှန်ပေမယ့် တစ်ခန်းထဲတော့အတူတူမသုံးနိုင်ဘူး..အဲဒါကြောင့် ကျွန်တော်ဂျီဟူ့အခန်းမှာပဲအတူတူနေလိုက်မယ်..."

" ဂျွန်ဂျီဟူနဲ့အခန်းမျှသုံးစရာမလိုဘူး..မင်းအတွက်အခန်းပြင်ပေးထားပြီးပြီ...သူ့ရဲ့မျက်စောင်းထိုးအခန်းကမင်းအခန်းပဲ..."

ပြင်ဆင်ပေးထားတယ်ဆိုတော့လည်း.....

" ကောင်းပြီလေ..."

သူလည်းပြောစရာစကားလုံးမရှိတော့သည့်အတွက်ထထွက်လာလိုက်တော့.....

" မင်းရဲ့တစ်ဦးတည်းသောသွေးရင်းဖြစ်တဲ့မင်းအကိုဖြစ်သူ,မင်္ဂလာပွဲကိုဘာလို့မလာခဲ့ရတာလဲ..."

ထိုသူ့ဆီကမထင်မှတ်ထားသည့် ရုတ်တရက်ထွက်လာခဲ့သည့်စကားသံကြောင့်....

" ခင်ဗျားအမေးမှားနေတယ်...အကိုတစ်ယောက်ရဲ့နောက်ဆုံးခရီးတောင်ရောက်မလာနိုင်ခဲ့တဲ့သူကမင်္ဂလာပွဲအတွက်ဂုဏ်ပြုဖို့ရောက်မလာခဲ့တာဘာအရေးပါလို့လဲ..."

ဆော့ဂျင်ကလက်သီးကိုကျစ်ကျစ်ဆုပ်လိုက်ရင်း....

" ရောဂါအခံရှိမှန်းသိရဲ့သားနဲ့ လက်ထပ်ယူခဲ့ပြီး ဘာလို့ဂရုမစိုက်ခဲ့ရတာလဲ...ခင်ဗျားသာhyungကိုပိုပြီးဂရုစိုက်ခဲ့ရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး..."

" မင်းနဲ့စကားမများချင်တာမလို့ သွားနားလို့ရပြီ..."

ထိုသူက ဒေါသထွက်စရာမေးခွန်းကိုသူကစမေးလာခဲ့ပြီး သူပြန်ပြောခါမှနာတတ်သည်ထင်။သူ့ကိုထွက်သွားခိုင်းနေသည့်သူကLaptopကိုတော့အနှိပ်မပျက်။

သူဆက်စကားမများချင်တာမလို့ ထွက်လာခဲ့လိုက်သည်။

ဒီအကြောင်းအရာတွေကိုပြန်မစချင်လို့ သူဒီအတိုင်းနေနေပေမယ့် ထိုသူကသူ့ဒေါသကိုလာဆွလေသည်။

hyungကသူ့ရောဂါကြောင့်ဆုံးပါးသွားခဲ့တာမှန်ပေမယ့် ထိုသူ့ပယောဂလည်းမကင်းဘူးမဟုတ်လား။သူသာစိတ်ချမ်းသာအောင်ထားခဲ့ပါလျင်။

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~

" ပါပါး...ပါပါး..."

ဆော့ဂျင် နှစ်ခြိုက်စွာအိပ်ပျော်နေရင်း နားအတွင်းသို့စူး"နစ်"အသံလေးဝင်လာခဲ့သည်။သူအိပ်ချင်မူးတူးဖြင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ ဂျွန်ဂျီဟူလေးရောက်နေလေသည်။

" ပါပါး..ထတော့လေနော်...ဒယ်ဒီကနှိုးခိုင်းလိုက်တာ..."

ဆော့ဂျင်ထထိုင်လိုက်ရင်း....

" ဂျီဟူလေး...ဦးဦးငယ်လို့ခေါ်ကြည့်ပါ့လား..."

" ဘာလို့လဲဟင်...ပါပါးလို့ခေါ်တာသဘောမကျလို့လားဟင်..."

မျက်လုံးဝိုင်းလေးတွေဖြင့် သူ့ကိုမေးလာသည့်ထိုကလေးပေါက်ကြောင့် သူခေါ်ခိုင်းလိုက်မိတာမှားသွားသည်။

ပါပါးလို့ခေါ်တာသဘောမကျတာမျိုးမဟုတ်ပေမယ့် ရုတ်တရက်ဆိုတော့သူနေရခက်နေလေသည်။သူ့ပါပါးမဟုတ်ပေမယ့် သူ့ပါပါးရဲ့ညီဖြစ်သူပဲလေ။ပါပါးလို့ခေါ်တာဘာမှတော့မဖြစ်ပါဘူး။

" မဟုတ်ပါဘူးကွ...ပါပါးကဒီတိုင်းစလိုက်တာပါ.."

" ဒယ်ဒီမရှိရင် ဦးဦးငယ်လို့ခေါ်မယ်လေနော်...ဒယ်ဒီကပါပါးလို့ပဲခေါ်ခိုင်းထားလို့ပါသားကို.."

ဆော့ဂျင်ပိုလို့တောင်စိတ်မကောင်းဖြစ်သွားရသည်။ကလေးကအရွယ်လေးနဲ့မလိုက်အောင် မျက်နှာရိပ်မျက်နှာကဲကြည့်ပြီးနားလည်တတ်လေသည်။မေတ္တာငတ်မွတ်နေရသည့်အပြင် သူကပါစိတ်ဒဏ်ရာပေးမိသလိုဖြစ်သွားရသည်။ နောက်ပြီးသူ့ဖခင်ကိုလည်းအတော်လေးကြောက်ရသည့်ပုံပင်။

" ပါပါးလို့ပဲခေါ်ပါ...နားထောင်လို့ကောင်းတယ်..နောက်ပြီးဂျီဟူ့ကိုလည်းဟူဟူလို့ခေါ်မယ်..."

" ဟူဟူ..."

သူပြောလိုက်တော့မျက်လုံးဝိုင်းလေးနဲ့သံယောင်လိုက်လေသည်။

" မကြိုက်ဘူးလားဂျီဟူက...."

" ဟုတ်ဘူး..ဟုတ်ဘူး...ကြိုက်တယ်...ဟီးဟီး...ဘယ်သူမှအဲလိုမခေါ်ဖူးလို့...."

အမယ် ပြောပုံလေးကလူကြီးလေးကျလို့။ သူအထူးအဆန်းဖြစ်ပါတယ်ပေါ့လေ။

" ဒါဆို...ဟူဟူကပါပါးကိုပါပါးလို့ခေါ်...ပါပါးကဟူဟူ့ကိုဟူဟူလို့ခေါ်မယ်..."

" ဟီးဟီး...ဟုတ်..."

" ကဲ..ဒါဆိုဟူဟူအောက်ဆင်းနှင့်တော့နော်...ပါပါးကနောက်ကလိုက်ခဲ့မယ်...."

" ဟုတ်ကဲ့ပါပါး..."

ပျော်ပြီးအခန်းထဲကပြေးထွက်သွားသည့်ကောင်လေးကိုကြည့်ပြီး သူသနားမိသည်။ဖခင်မေတ္တာကိုမရရှိသည့်ကလေးလေး။

ဒီကလေးလေးက hyungသူ့အမျိုးသားနဲ့အတိုက်ခံလုပ်ခဲ့ရပြီး အငှါးကိုယ်ဝန်ဖန်ပြွန်သန္ဓေသားအဖြစ် ခဲရာခဲဆစ်ရယူခဲ့ရပြီးပိုးမွေးသလိုမွေးလာခဲ့ရသည်ဟုမေမေ့ဆီကသိခဲ့ရသည်။ကလေးက ဖန်ပြွန်သန္ဓေသားအဖြစ်ရယူခဲ့ရတာဖြစ်သည့်အတွက် ငယ်ငယ်ကအရမ်းချူချာခဲ့သည်တဲ့လေ။hyungသေချာပြုစုစောင့်ရှောက်ခဲ့လို့သာလျင်ယခုလိုသန်သန်မာမာလေးဖြစ်နေလေသည်။

သူထိုအကြောင်းအရာတွေကို နောက်မှသိခွင့်ရခဲ့ပြီး10နှစ်တာလုံးလုံး ကိုရီးယားမြေနှင့်အဆက်ပြတ်ခဲ့တာဖြစ်သည်။မေမေ့ကိုသာ တခါတရံဆက်သွယ်ခဲ့ပြီးသာကြောင်းမာကြောင်းလောက်မျှသာမေးဖြစ်ခဲ့သည်။

hyungလက်ထပ်သွားတော့ သူဂျပန်ရောက်တာ၂နှစ်သာရှိသေးသည်။ပြောရရင် သူ့အသက်20သာရှိသေးသည်။ဂျပန်မှာကျောင်းတတ်နေတာဖြစ်ပြီး အဲဒီအချိန်ကစာမေးပွဲဖြေမည့်အပတ်နှင့်တိုက်တာရယ်ကိုရီးယားကိုခြေမချချင်တာကြောင့်ရယ်မို့သူhyungတို့မင်္ဂလာပွဲကိုပြန်မလာဖြစ်ခဲ့ပေ။

အဲဒီအစားhyungကိုတောင်းပန်သည့်အကြောင်းပြောရင်း hyungကသူလက်ထပ်မည့်သူ့ချစ်သူအမျိုးသားအကြောင်းကိုချီးမွမ်းထောမနာတွေပြုနေခဲ့ပြီး hyungကိုလည်းအရမ်းဂရုစိုက်သည်ဆိုတဲ့အကြောင်းပြောပြလေသည်။သူလည်း hyungကအိမ်ထောင်ရေးကံကောင်းပြီး သူချစ်တဲ့သူနှင့်လက်ဆက်ရမှာဖြစ်သည့်အတွက်hyungအစားသူလည်းပျော်ပါသည်။သူကတော့အချစ်ရေးကံမကောင်းခဲ့ဘူးလေ။

hyungတို့လက်ထပ်ပြီးနှစ်နှစ်လောက်အထိ သူhyungနှင့်အဆက်သွယ်ရသေးသည်။သူ့အမျိုးသားနဲ့တော့တစ်ခါမှမဆုံဖြစ်ခဲ့ပေ။သူနှင့်hyungဖုန်းပြောဖြစ်သည့်အခါတိုင်း hyungအမျိုးသားကကုမ္ပဏီမှာသာရှိနေလေသည်။

ချစ်တဲ့သူချင်းလက်ထပ်ထားသည့်hyungတို့အိမ်ထောင်ရေးကလည်းအဆင်ပြေပြီး hyungလည်းပျော်နေတာမြင်ရတော့ သူhyungကိုစိတ်ချလိုက်တော့သည်။မေမေ့ကိုလည်းဂရုစိုက်ပေးဖို့မှာပြီး သူကမ္ဘာလှည့်ခရီးတွေထွက်ဖြစ်မည်ဖြစ်ကြောင်း၊သူ,မဆက်သွယ်ဖြစ်ခဲ့ရင်စိတ်မပူဖို့မှာလိုက်တော့သည်။

အဲဒီနေ့က hyungကပြောသည်။ တစ်ယောက်သောသူ သူ့ကိုလာရှာသည်တဲ့။သူဘယ်မှာရှိနေလဲဆိုတာhyungကိုမေးသည်တဲ့။မတွေ့ချင်မမြင်ချင်တော့လို့တောင် ဒီအထိထွက်လာခဲ့ပြီးပြီ။သူ့အကြောင်းဘာတစ်ခုမှကြားစရာမလိုတော့ချေ။hyungကတော့ဖျောင်းဖျလေသည်။ ထိုနေ့ကကိစ္စကို သူရှင်းပြတာနားထောင်ကြည့်ပြီးမှဆုံးဖြတ်ပါ့လားတဲ့။မလိုတော့ပေ။

နာသွားသည့်စိတ်ကို ဘာနှင့်မှကုစားလို့မရပေ။အချစ်ဦးမို့အထိနာသည်။ ယုံကြည်ရသည့်သူကထိုးသွားသည့်ဓားမလို့ပိုနက်သည်။ထို့ကြောင့် သူhyungတို့ကိုလည်းအဆက်သွယ်မလုပ်တော့ဖို့ဆုံးဖြတ်လိုက်တော့သည်။သူတစ်ယောက်မရှိလည်း ကမ္ဘာကြီးကပုံမှန်လည်ပတ်နေမှာပဲလေ။

ထိုအချိန်ကတည်းက သူ၆နှစ်တိတိအားလုံးကိုအဆက်သွယ်ဖြတ်ခဲ့တော့သည်။

~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ဆော့ဂျင် ပြင်ဆင်ပြီးအောက်ဆင်းလာတော့ထိုသားအဖကမနက်စာစားနေလေကြသည်။

ဂျီဟူလေးက,ကလေးသာဆိုတယ်။ထိုင်နေတာလေးကအစ ခါးကိုမတ်"လေးထိုင်လေသည်။အစားစားတော့လည်းသေ"သပ်"ကလေး။ကြည့်ရတာ ကလေးကသူ့ဒယ်ဒီကိုအတော်လေးကြောက်ရသည့်ပုံထင်။

" ပါပါး...မနက်စာစားရအောင်လာလေ..."

ဂျီဟူလေးကသူ့ကိုမြင်တော့ ပြုံးပြီးလှမ်းခေါ်လေသည်။သူလည်းအနားလျှောက်သွားလိုက်ပြီး ဂျီဟူလေးဘေးကခုံမှာဝင်ထိုင်လိုက်သည်။

" မင်းဂျပန်မှာနေတုန်းကလည်းဒီလိုပဲလား.."

ဆော့ဂျင်ကော်ဖီသောက်နေတုန်းရှိသေးထိုသူ၏အဆီအငေါ်မတည့်ပြောလာသည့်စကားသံကြောင့်.....

" ဘာကိုလဲ..."

" ဒီအိမ်မှာ ဂျွန်ဂျီဟူကအစ မနက်၆နာရီဆိုထပြီ၇နာရီဆိုအားလုံးပြင်ဆင်ပြီးမနက်စာစားဖို့အသင့်ဖြစ်နေပြီ..."

ဆိုလိုချင်သည့်အဓိပ္ပါယ်က.....

" အခုဘာကိုပြောချင်တာလဲ..."

" မင်းအရင်တုန်းကဘယ်လိုပုံစံပဲနေခဲ့နေခဲ့အခုမင်းကကိုယ်နဲ့လက်ထပ်ထားပြီးပြီဆိုတော့ ကိုယ့်စည်းကမ်းအတိုင်းမင်းနေရမယ်...နောက်နေ့ကစပြီး မနက်၇နာရီဆိုဒီစားပွဲဝိုင်းမှာမင်းရောက်နေရမယ်..."

ဆော့ဂျင်မတ်တတ်ထရပ်လိုက်ပြီး စားပွဲခုံကိုလက်ဖြင့်ရိုက်ချလိုက်သည်။

" ဒီမှာ! ခင်ဗျားhyungကိုပုံစံခွက်နဲ့ထားခဲ့သလိုမျိုးကျုပ်ကိုလုပ်လို့ရမယ်မထင်နဲ့!ဂျွန်ဂျောင်ကု..ခင်ဗျားသိထားဖို့က ကျုပ်နဲ့ခင်ဗျားလက်မှတ်ထိုးထားတယ်ဆိုတာဂျီဟူလေးကြောင့်ဆိုတာမမေ့နဲ့....ကျုပ်ကခင်ဗျားထိန်းချုပ်မှုအောက်မှာနေမယ့်ခပ်ညံ့ညံ့လူစားမဟုတ်ဘူးဘာလဲ..ကင်မ်ဆော့ဂျင်ကိုလည်းကင်မ်ဂျီဆောင်းလိုမျိုး လိုသလိုပုံသွင်းလို့ရမယ်လို့ထင်နေရင်တော့ ခင်ဗျားမှားသွားမှာပေါ့..."

ကင်မ်ဆော့ဂျင်ဟာ စားပွဲခုံကိုလက်ထောက်ပြီးမျက်ခုံးတစ်ဖက်ပင့်ကာဆိုနေပုံက ဂျွန်ဂျောင်ကုကိုစိန်ခေါ်နေသယောင်။

ဂျွန်အိမ်တော်၌ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ကြရသည့်တစ်မိုးအောက်ဂျွန်ဂျောင်ကုကို ပြန်ပြောရဲသည့်ပထမဦးဆုံးလူသားကိုမြင်တွေ့လိုက်ရသည့်အတွက် အိမ်တော်ရှိ အိမ်တော်ထိန်းနှင့်တကွအိမ်အကူများလည်းအံဩမှင်သက်နေမိကြတော့သည်။

" မင်းကိုယ့်ကိုစိန်ခေါ်နေတာလား..."

" စိန်ခေါ်တယ်ထင်ရင်စိန်ခေါ်တယ်ပေါ့..."

" ပါပါး...."

ဆော့ဂျင် သူအခုမှသတိဝင်လာတော့သည်။ဘေးမှာဂျီဟူလေးရှိနေတာသူမေ့သွားတော့သည်။

ဂျီဟူလေးကိုကြည့်လိုက်တော့ မျက်ရည်လေးဝိုင်းကာ သူ့အင်္ကျီစလေးကိုဆွဲထားလေသည်။ကလေးရှေ့မှာ သူဘာတွေလုပ်မိလိုက်ပါလိမ့်...

" ဂျီဟူ...."

" ပါပါး...ဒယ်ဒီ့ကိုစိတ်မဆိုးပါနဲ့နော်..."

မျက်ရည်လေးဝဲပြီးပြောနေသည့်ကလေးကြောင့် ဆော့ဂျင်စိတ်မကောင်းဖြစ်သွားရသည်။သူကလေးအရှေ့ကြီးမှာ.....

" ဂျွန်ဂျီဟူ...မင်းကိုဒယ်ဒီဘာပြောထားလဲ..."

" ယောကျာ်းဆိုတာမျက်ရည်မကျရဘူး..."

" အဲဒါဆိုအခုဘာလုပ်နေတာလဲ..."

ထိုလူကပြောတော့ ဂျီဟူကချက်ချင်းမျက်ရည်စလေးတွေကိုသူ့လက်ဖဝါးသေး"လေးဖြင့်သုတ်နေတော့သည်။ကလေးကိုတောင်ကလေးနှင့်တူအောင်မနေခိုင်းထားသည့်ထို့လူကို သူဆက်ပြောရင်လည်းရန်ဖြစ်ရုံသာရှိတော့မည်။

" ဂျီဟူလေး...ပါပါးတောင်းပန်ပါတယ်နော်...ပါပါးကဗိုက်ဆာလို့အစောနကအဲလိုဖြစ်သွားတာပါ..."

" ပါပါးကဗိုက်ဆာရင်စိတ်တိုတတ်တာလား..."

" အင်းဟုတ်တယ်...ပါပါးကဗိုက်ဆာရင်လူသားပါစားချင်လာတာ..."

" ဟင်...."

ဆော့ဂျင် ထိုလူ့ကိုရွဲ့ချင်တာနဲ့ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်တော့သည်။ဂျီဟူကချစ်စဖွယ်မျက်လုံးဝိုင်းလေးတွေဖြင့် သူ့ကိုအံ့ဩသလိုကြည့်နေတော့သည်။

" ဂျွန်ဂျီဟူ...ကျောင်းသွားဖို့ပြင်တော့.."

ဆော့ဂျင် ဂျီဟူ့ပုံစံလေးကြောင့် ရယ်ချင်နေသည့်မျက်နှာကနေ ထိုလူ့အသံကြောင့်ပြန်လည်တည်တင်းသွားတော့သည်။

" ဟုတ်ကဲ့ဒယ်ဒီ..."

ဂျီဟူလေးက ကျောင်းသွားခါနီး သူ့ကိုတိုးတိုးလေးကပ်ပြောသွားသေးသည်။ရေခဲသေတ္တာထဲမှာသားမုန့်တွေအများကြီးရှိတယ်တဲ့...ဗိုက်အဆာမခံနဲ့နော်ပါပါး ယူစားနော်တဲ့...

ဂျီဟူ့ကိုအိမ်တော်ထိန်းကြီးကကျောင်းလိုက်ပို့ပေးသည်။သူထင်ထားတာက သူ့ဒယ်ဒီကပို့ပေးလိမ့်မည်ထင်ထားခဲ့တာ။ ထိုလူကတော်တော်ဆိုးဆိုးရွားရွားပဲ။

ဂျွန်ဂျောင်ကုဆိုတဲ့လူက,ကလေးကိုသူလည်းချစ်တာမဟုတ်ဘဲ။ဘာအတွက်ကြောင့်သူစောင့်ရှောက်နေသေးလဲ။

hyungရဲ့ဆန္ဒအရ ကလေးကိုအုပ်ထိန်းသူအဖြစ်မေမေတို့ဘက်ကတောင်းဆိုတော့ ထိုသူကမပေးပေ။နောက်ဆုံး မေမေတို့ကတရားရုံးကတစ်ဆင့်တောင်းခဲ့လေသည်။hyungရဲ့နောက်ဆုံးဆန္ဒက ဂျီဟူ့ကိုဂျင်လေးလက်ထဲမှာပဲကြီးပြင်းပေးပါဟုမေမေ့ကိုမှာခဲ့သည်တဲ့လေ။

တရားရင်ဆိုင်တော့ ဖခင်ဖြစ်သည့်ဂျွန်ဂျောင်ကုက,ကလေးကိုစောင့်ရှောက်ခွင့်ရသူဖြစ်ပြီး မေမေတို့ကအမှုရှုံးသွားခဲ့လေတော့သည်။

သူထိုကိစ္စတွေကိုသိလိုက်ရချင်းမှာပဲ ဂျွန်ဂျောင်​ကုဆိုသည့်လူကိုတိုက်ရိုက်ဆက်သွယ်ခဲ့တော့သည်။

ထိုလူနှင့်သူအတော်အတန်ကြာဆွေးနွေးခဲ့ပေမယ့်ဘာတစ်ခုမှထူးမလာခဲ့ချေ။

နောက်ဆုံး ထို့လူ့ဘက်ကပြောလာသည့်စကားကမင်းသူ့ကိုစောင့်ရှောက်ခွင့်ရချင်ရင် ငါနဲ့လက်ထပ်လိုက်တဲ့......

သခင်ကြီးဂျွန်🖤

ဂျပန်ပြန်လူဆိုးလေး🩷

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~

စာရေးဖို့ရာအတွက် အားဖြစ်စေတဲ့စကားလေးတွေပြောပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများတင်ပါတယ်🫰🏻

ထုံးစံအတိုင်း 2ရက်ခြား3ရက်ခြားupdateလာပေးပါ့မယ်🫶🏻

There are no comments yet. Log in to be the first to leave a review!

Similar stories