Fanfics

12

09:34, 1 May 2024

ကျောင်းဝန်း၏ အရှေ့တွင် ကျောပိုးအိတ်လွယ်ရင်း ကျောင်းဝန်းထဲ ထည်တစ်ဆန့်ဆန့် ဖြင့် တစ်စုံတစ်ယောက်အား မျှော်နေတဲ့ ကောင်လေးတစ်ယောက်ရှိသည်။ ဆောင်း၏ အအေးဒဏ်အား ခံနိုင်ရန် ကျောင်း၏ blazer အောက်တွင် hoodie အဖြူတစ်ထည် ဝတ်ထား၏။

ခပ်ချောချော မျက်နှာ‌လေးနဲ့ ကောင်လေးအား 'ချောလိုက်တာ' ဟုနှုတ်က လွှတ်ခနဲထွက်ကာ ကြည့်တဲ့လူနဲ့ အကောင့် လာတောင်းကြတဲ့ လူနဲ့ များပြားနေသည်။

သို့သော် ဤကောင်‌လေး စိတ်ဝင်စားတာ ကျောင်းဝန်းထဲက ထွက်လာတဲ့ ချစ်စရာလူသားလေး ကင်မ်ဆောနူကိုပင်။

" ဆောနူဟျောင်း~~ "

လက်ပြလိုက်တော့ ဆောနူဟာ သူ့ဆီပြေးလာ၏။ အိုကွယ် ချစ်ဖို့ ကောင်းလိုက်ပုံများ။

အအေးဒဏ်ကြောင့် နီရဲနေတဲ့ ပါးမို့မို့နှစ်ဖက် ၊ long coat နှင့်အတူ Loverboy beanie လေးလဲ စောင်းထားသည်မှာ ချစ်စရာကောင်း၏။

" စောင့်နေရတာ ကြာပြီလား မီယာန်းနဲ "

" မကြာသေးဘူး သွားကြမယ်လေ "

နီခီနဲ့ အတူ သူတို့ဦးတည်မိသည်က မုန့်ဈေးတန်း အများဆုံးရှိသည့် မြောင်ဒိုပင် ဖြစ်သည်။ မိနစ်အနည်းငယ်လောက် bus အားစီးရပြီးနောက် သူတို့ရောက်ခဲ့သည်။စည်ကားလှပြီး တော့ပိုကီ နှင့် အခြားသော အရသာစုံလင်စွာ ရောင်းချသည့် မုန့်ဈေးတန်းတွေလဲ ရှိသည်။

" တော့ပိုကီ နှစ်ပွဲပေးပါ "

ဆိုင်ရှင်ဟာ ဆောနူရဲ့ စကားကြောင့် အငွေ့တွေ တထောင်းထောင်းထနေပြီး အနီရောင်သန်းနေသည့် တော့ပိုကီတို့အား ခွက်ထဲထည့်ကာ ကမ်းပေး၏။ ပြဿနာ က အဲ့မှာ စတာပါပဲ။

" ‌ဟျောင်း ကျွန်တော်ရှင်းမယ် "

" မဟုတ်တာ ငါရှင်းမယ် မင်းဖယ် "

ဆိုင်ရှင်အား သူ့ထက်ငါ အလုအယက် ပိုက်ဆံပေးနေကြတဲ့ လူငယ်လေး နှစ်ယောက်ကြောင့် ဘယ်သူ့ဆီက ယူလို့ယူရမှန်း မသိတော့ပေ။

" ဟျောင်း ပေးရင် ကျွန်တော်စိတ်ဆိုးမှာ "

" မင်းရှင်းလဲ ငါစိတ်ဆိုးမှာ "

တစ်‌ယောက် အားနည်းချက် တစ်ယောက်သိတော့ နှစ်ယောက်လုံးဟာ ထိုအရာအား ကောင်းကောင်း အသုံးချသည်။

" ဒီလိုလုပ်ဗျာ rock paper scissors "

" ကောင်းပြီလေ "

ပိုက်ဆံပေးဖို့အရေး ကျောက်တုံး စာရွက် ကတ်ကြေးတွေပါ ချနေတဲ့ လူငယ်လေး နှစ်ယောက်ကြောင့် ဆိုင်ရှာမှာ ရယ်ရမလို ငိုရမလို။

" Rock "

" Paper "

" Scissors!! "

ဆောနူက ကတ်ကြေးလုပ်ကာ နီခီက ကျောက်တုံးဖြစ်သည်မို့ နီခီဟာ အောင်နိုင်သူ အပြုံးဆင်မြန်းရင်း ဆိုင်ရှင်အား ပိုက်ဆံပေးကာ ဆောနူနဲ့ အတူ ဈေးတန်း ထက်လမ်းလျှောက်လိုက်၏။

လူ‌ရှုပ်သည့် လမ်းအား လျှောက်ရသည်မို့ ဆောနူရဲ့ လက်ချောင်းတွေဟာ နီခီ့၏ လက်များဖြင့် ယှက်နွယ်ဆုပ်ကိုင်ခြင်း ခံထားရ၏။ တစ်ဖောက်ဖောက် ခုန်ပေါက်နေတဲ့ နှလုံးတို့ဟာ ရပ်မတတ်ဖြစ်ကာဖြစ်နေသည်။

နီရှီမူရာ နီရှီမူရာ မင်းကြောင့် ငါ့ရဲ့ စာကြမ်းပိုး image တွေ ကုန်ပြီ။

" ဟျောင်း ကျွန်တော်တို့ ဆိုင်ထိုင်ကြမလား "

" ထိုင်မယ်လေ ဒီတစ်ခါ ငါရှင်းရမှထိုင်မယ် "

" ဒါဆိုလဲ ကောင်းပါပြီဗျာ "

သူတို့ ထိုင်သည့်ဆိုင်လေးဟာ ဈေးလဲ သိပ်မကြီး လူတိုင်းနီးပါး စားနိုင်သည့် ဆိုင်လေးဖြစ်သည်။ အသားရောင် အသားပေးပြင်ဆင်ထားတဲ့ ထိုဆိုင်လေးဟာ မြောင်ဒိုတွင် နာမည်ကြီး ဆိုင်လေးတစ်ဆိုင်ဖြစ်သည်။ အရသာရှိသည့် တော့ပိုကီ ၊ ငါးအသားပြား တို့နှင့် အခြား စုံလင်သော ကိုရီးယားစာတို့ ရနိုင်သည့် နေရာဖြစ်သည်။

ဆိုင်၏ ထောင့်ကျသည့် နေရာတွင် ထိုင်ရင်း ဆောနူဟာ ထမင်းသုပ်နှင့် နီခီဟာ ထမင်းလိပ် တို့မှာ၏။

" တော့ပိုကီ တစ်ပွဲလောက် မှာလို့ရမလား "

" ဟျောင်း အစပ်စားနိုင်လို့လား "

" စားနိုင်တယ် "

နီခီဟာ  ခပ်ပြုံးပြုံးဖြင့် ခေါင်းညိမ့်ကာ တော့ပိုကီ တစ်ပွဲမှာ၏။ ထမင်းသုပ်အား တစ်ဖြေးဖြေးချင်းဆီ စားနေတဲ့ ဆောနူရဲ့ ပါးဖောင်းဖောင်းလေးဟာ ထမင်းကြောင့် ပြည့်ဖောင်းလျက်။

" ငါ့မျက်နှာ တစ်ခုခု ပေနေလို့လား "

အတန်ကြာအောင် စိုက်ကြည့်နေတဲ့ နီခီ့ကြောင့် ဆောနူဟာ ရှက်သွေးဖျာရင်း မေး၏။

" ဟျောင်းက လှလို့ "

" ရော..! ငါက ဘာလို့လှရမှာလဲ မိန်းကလေးလဲ မဟုတ်ပဲနဲ့ "

ပြန်စွာတဲ့ ‌နီခီ့ရဲ့ ဟျောင်းဟာ ချစ်စရာ ကောင်းနေ၏။ နီခီ သူ့ရှေ့က တော့ပိုကီ တစ်ခုအား တူဖြင့်ညှပ်ကာ ဆောနူကို ခွန့်ကျွေးတော့ မငြင်း ၊ ခပ်ပြုံးပြုံးဖြင့် စား၏။

" ကျောင်းမှာ စာတွေ လိုက်နိုင်ရဲ့လား နီခီ "

" လိုက်နိုင်တာပေါ့ ဟျောင်းသေချာ ရှင်းပြလို့လေ "

တော့ပိုကီအား စားရင်း ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်နေတဲ့ ဆောနူဟာ နီခီတွေ့ဖူးသမျှတွေထဲမှာ ကြည့်အကောင်းဆုံးနဲ့ ချစ်စရာ အကောင်းဆုံးပင် ဖြစ်သည်။တကယ်တော့ သူ ဆောနူဟျောင်း ကိုဖွင့်ပြောချင်သည် ၊ သူ့ခံစားချက်တွေကို ထုတ်ပြောချင်သည် ဒါပင်မဲ့ ဟျောင်းကရော ၊ သူ့ကိုဘယ်လိုထင်သွားမလဲ သေချာပေါက် ဟျောင်းဟာ သူ့ကို မုန်းတီးသွားလိမ့်မယ်။

' ငါက မင်းကို ညီလေးတစ်ယောက်လို ခင်တာ ' ဆိုတဲ့ စကားကို မကြားချင်ပါ ဟျောင်းက သေချာပေါက် သူ့ကိုပြောလိမ့်မည်။ သူ့ခံစားချက်တွေကို ထုတ်ပြောချင်နေတာ ယခုဆို နှစ်ပတ်ပြည့်တော့မည် ကိုယ့်ကိုယ်ကို အားပေးရင်း အရှိန်ယူပြီး ပြောရန် ဟျောင်းရှေ့ကို ရောက်သွားချိန် သူ့ရဲ့ သတ္တိတွေဟာ ကြက်ပျောက်ငှက်ပျောက်ပင်။

" ဟျောင်း ချစ်ရတဲ့လူရှိလား "

ထိုစကားကြားတော့ ‌ဆောနူရဲ့ လှုပ်ရှားမှုတွေဟာ ရပ်တန့်သွား၏။ ဆောနူဟာ အပြုံးနုနုအား ဆင်မြန်းကာ ခေါင်းအား ဖွဖွညှိမ့်၏။ နီခီ့ ရင်ဝတည့်တည့်ကို စစ်ဖိနပ်နဲ့ စောင့်ကန်လိုက်သလို ခံစားချက်ကြီးရကာ ငြိမ်ကျသွား၏။

အကြောတွေဟာ ကောင်းကောင်း အလုပ်မလုပ်တော့သလို ၊ အရာရာကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်ကြီးကို ရ၏။

" အော်.. "

" ငါကြိုက်တဲ့ လူအကြောင်း မသိချင်ဘူးလား "

နီခီက ချက်ချင်းပင် ခေါင်းခါ၏။

" မသိချင်ပါဘူး "

တော်ကြာ ကျွန်တော် သွားထိုးနေမိလိမ့်မယ်။

တော့ပိုကီအား ခပ်ကြမ်းကြမ်းဝါးနေတဲ့ နီခီဟာ ဆောနူအား အပြည့်အဝ သဝန်တိုနေမှန်းဆောနူသိ၍ ပြုံးမိသည်။ သူသိတာပေါ့ ဒီကလေး သူ့ကိုသဘောကျနေမှန်း သူလဲ ဒီကလေးကို ညီလေးတစ်ယောက်ထက် ပိုပြီးချစ်မိတယ်ဆိုတာ ဝန်ခံပါတယ်။ ဒီတိုင်းသူ့ကို တွေ့ချင်နေရုံနဲ့တင် ကြိုက်နေတာဟု ခေါင်းစဉ်တပ်ရလားဆို No!

ဒီတိုင်း တွေ့ချင်နေတာမဟုတ် အချိန်ပြည့်တွေ့ချင်နေပြီး ဆောနူလက်ကို လာဆုပ်ကိုင်တဲ့ အဲ့လက်ပိုင်ရှင်ကို ရင်ခုန်တာ။ အဲ့လက်ပိုင်ရှင်ကို သူ့ရဲ့ အပိုင်လေးဖြစ်စေချင်တာ ၊ သူပဲ ၊ သူမှသူပဲ ဖြစ်စေချင်တာ။

" မင်း ငါ့ကို သဝန်တိုနေတာလား "

" မဟုတ်ပါဘူး! "

" ဖြေးဖြေးငြင်းပါ ‌မင်းကလဲ "

နီခီဟာ ဘာမှမပြောပဲ ‌သူမှာထားတာကိုသာ စားနေ၏။ ဒီကလေး ချစ်စရာလဲကောင်းပ သေချာပေါက် ခေါင်းငုံ့ပြီး ဆောနူကြိုက်နေတဲ့ လူကို ကျိန်ဆဲကောင်း ကျိန်ဆဲနိုင်ပါသည်။ ဒါဟာ ဆောနူ အရူးအမူးဖြစ်နေသည့် သူဟာ နီခီဆိုတာ မသိသေးသ၍ပေါ့

" လိုက်ပို့ပေးလို့ ကျေးဇူးပါ "

" မလိုပါဘူး ဟျောင်းကလဲ "

တာဝန်ကျေပွန်သော ဆောနူရဲ့ အနာဂတ်ရည်းစား လောင်းလေးဟာ အိမ်အထိပင် လိုက်ပို့ပေး၏။

" ဒါနဲ့ ဘယ်တော့ ထပ်တွေ့ကြမလဲ ..? "

နီခီဟာ သက်ပြင်းချရင်း စဉ်းစား၏။ ဆောင်းတွင်း ဖြစ်တာကြောင့် ပါးစပ်ဖျားမှ အအေးငွေ့အချို့ဟာ လေထဲသို့ ပျံ့နှံ့သွား၏။

" သန်ဘက်ခါလောက်ရော? "

" ကောင်းပြီလေ ဒါဆို good night ပါ ဂရုစိုက်ပြန် "

နီခီက ok sign ပြကာ လှည့်ထွက်သွား၏ ဆောနူသဘောကျတဲ့ လူရှိတယ်လို့ ဖြေလိုက်ထဲက ဒီကောင်လေးဟာ စိတ်ထိခိုက်နေလေသည်။ ဒီအကြောင်းကြောင့်ပဲ ဆေးရုံရောက်‌တဲ့အထိ မဖြစ်စေချင်တာကြောင့် သူဘက်ကပဲ ဖွင့်ပြောရန် ပြင်ဆင်ရ‌တော့မည် မဟုတ်ပါသလား။

' What?!! မင်းအခုတလော သူ့အကြောင်းတွေ ပြောနေထဲက ငါရိပ်မိပါတယ် '

တိုင်ပင်ဖော် တိုင်ပင်ဖက် ‌ဆောင်းဟွန်းဟျောင်းအား ပြောတော့ တစ်ဖက်က အံ့ဩမှုတို့ စွတ်နေတဲ့ အသံဟာ ဆောနူရဲ့ နားစည်သို့ လာရောက် ရိုက်ခတ်၏။

" အင်း သူဒီနေ့ တော်တော်စိတ်ထိခိုက်သွားတာ ကျွန်တော့်ကိုတောင် သေချာနှုတ်မဆက်သွားဘူး ဆေးရုံထက်တက် ရမဲ့အဖြစ်မျိုး ကျွန်တော် မလိုချင်ဘူး အဲ့တော့ ကျွန်တော့်ဘက်ကပဲ စရတာပေါ့ "

' ah ... အခုက ဆောင်းတွင်းလဲဆိုတော့ ဟန် မြစ်ဘေးဆိုရင်ရော အဖြေပေးလိုက်ရင် မင်းက 'ချမ်းလိုက်တာမောင်ရယ်' ဆိုပြီး သူ့ရင်ခွင်ထဲ ပြေးဝင် '

'ချမ်းလိုက်တာမောင်ရယ်' ဆိုတဲ့ နားက voice change ဟာ အတော်လေး သိသာသည်မို့ ဆောနူပင် ရယ်မိတော့သည်။

အင်းနော်။ ဟုတ်ပါရဲ့ အကြံလေးက ကောင်းလိုက်တာ ဒီလိုကြတော့လဲ ဟျောင်းက သုံးစား ရသွားပြီပေါ့။

" ဘယ်ဆိုးလို့တုန်း ကောင်းတယါ မဆိုးဘူး "

တီခနဲ ကျသွားတဲ့ ဖုန်းပိုင်ရှင်ဟာ ဆောင်းဟွန်းအား နည်းနည်းလေးမျှ ကျေးဇူးတင် စကားတောင် မပြောသွားခဲ့ပေ။ အချစ်ကြောင့် အားလုံး ပြောင်းလဲသွားတာ အမလေးနော် ပြောကို မပြောချင်ဘူး။

နီခီ အိပ်ယာပေါ် လှဲရင်း မျက်နှာကျပ်အား အကြောင်းအဲ့ ငေးကြည့်နေမိသည်မှာ မိနစ်အချို့ပင် ရှိနေတော့သည်။ သူ့ခေါင်းထဲ ချာချာလည်နေသည့် မေးခွန်းတွေမှာ 'ဆောနူသဘောကျတာ ဘယ်လိုလူလဲ' ဆိုသည့် မေးခွန်းပင်။

တုန်ခါလာတဲ့ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းအား ထုတ်ကာ ကြည့်လိုက်တော့ သူ့အားဒဏ်ရာရော ဆေးရော ခွန်အားရော ပေးသည့် ဟျောင်း ဆီကပင် ဖြစ်သည်။

'ခွန်အားဖြစ်စေတဲ့ ဟျောင်း'

*သန်ဘက်ခါကြရင် ငါတို့တွေ ဟန်မြစ်မှာ တွေ့ကြရအောင် မင်းကို အရေးကြီးပြောစရာရှိလို့*

ထပ်မနှောက်ယှက်ဖို့လား? ထပ်မပက်သတ် ချင်တော့လို့လား? ထပ်ပြီးတော့ သူ့ကို ငြီးငွေ့သွားလို့လား? ဒါမှမဟုတ် သူ‌ရည်းစားရနေပြီဆိုတဲ့ အကြောင်းလား?။ မြောက်မြားလှသည့် မေးခွန်းတွေ ဟာတန်းစီကျလာပြီး သူသည်လဲ အရူးတစ်ယောက်လို စိတ်လွတ်သွားတဲ့ လူတစ်‌ယောက်လို ဖုန်းမျက်နှာပြင်ကိုသာ အကြောင်းမဲ့ ကြောင်အစွာ စိုက်ကြည့်နေ၏။

ဆောနူဟျောင်းက သူ့ကို အတွေးမလွန်ဖို့ ပြောထားတယ်လေ။ ပါးနှစ်ဖက်အား ခပ်ကြမ်းကြမ်း ရိုက်ချလိုက်ရင်း စာပြန်ရန် ခွန်အားတို့အား စုစည်းလိုက်၏။

* Nae *

'ခွန်အားဖြစ်‌စေတဲ့ ဟျောင်း'

*ဒါဆို ကောင်းသောညပါ*

ရပ်တန့်သွားတဲ့ conversation လေးနဲ့အတူတစ်ဖက်မှာလဲ အတွေးလွန်နေကာ တစ်ဖက်မှာလဲ အပျော်လွန်နေခြင်းဖြင့် ဆောင်း၏ ညချမ်းတစ်ခုအား ဖြတ်သန်းခဲ့ကြသည်။

အချိန်တွေဟာ ကုန်လွန်လို့ သန်ဘက်ခါသို့ ရောက်လာခဲ့သည်။ ဆောနူဟျောင်းနဲ့ မတွေ့ရသည်မှာ နှစ်ရက်မြောက် ဖြစ်လာသည်မို့ အနည်းငယ် ဝဝကစ်ကစ်လေး ဖြစ်လာမလားလို့ နီခီတွေးရင်း ခပ်ရဲ့ရဲ့လေး ပြုံးမိသည်။ မတွေ့ရတဲ့ ရက်ထဲ သူက‌ တော့ဆောနူ‌အကြောင်းပဲ တွေးရင်း အသက်ဆက်ရှင်နေပင်မဲ့ ဆောနူဟျောင်းကရော? အခြားသူအကြောင်းတွေးပြီး အသက်ဆက်ရှင်နေတာလား။

အတွေးများဖြင့် ချာချာလည်ရင်း ‌ဟျောင်းရဲ့ အိမ်ရှေ့ရောက်တော့ ခြံဝမှာတင် စောင့်နေတဲ့ ဆောနူကို တွေ့လိုက်ရသည်။မာဖလာလေး ပတ်ထားကာ long coat နဲ့ ဆောနူဟာ မာဖလာရဲ့ အပေါ်မှ ထွက်နေသည့် ပါးဖောင်းဖောင်းလေးဟာ ကျလဲမကျသွားသလို တက်လဲမတက်လာပေ။

" မလာတော့ဘူး ထင်နေတာ "

" ဟျောင်း ခေါ်ရင် မပျက်မကွက် လာရမှာက ကျွန်တော့် တာဝန်လေ "

ဆောနူက ရယ်၏။

" ဒါဆို သွားကြမယ်လေ "

ချမ်းစိမ့်နေတဲ့ ညချမ်းဒဏ်ကို အံတုရင်း ဟန်မြစ်ဘေးသို့ သူတို့လမ်းလျှောက်ထွက်လာခဲ့သည်။ လေတစ်ဝှေ့တိုင်း ပါလာတတ်တဲ့ ချမ်းစိမ့်စိမ့်ဒဏ်ကြောင့် နီခီနဲ့ ဆောနူမှာ တုန်တက်နေပြီဖြစ်သည်။

" ဟိုနားမှာ ခနထိုင်ကြရအောင် "

ညလမ်းလျှောက်ကျတဲ့ လူတွေနဲ့ အနည်းငယ်ရှိကြသည်။ ‌နီခီနဲ့ ဆောနူတို့ ခုံတန်းရှည်ရှည်လေးမှာ ထိုင်ရင်း မှောင်မိုက်နေတဲ့ ရေပြင်ကြီးကို ကြည့်ကာ အတွေးများဖြင့် များနေလေသည်။

" ငါပြောတာလေးပဲ နားထောင်ပေးပါလား "

" အွန်း .. "

ပါးစပ်ကမဟုတ်ပဲ လည်ချောင်းထဲက လာတဲ့အသံဖြစ်ကာ မနှစ်မြို့မှုတို့ဟာ ကပ်ပါနေလေသည်။

" ငါ ကြိုက်နေတဲ့ လူက ကောင်မလေးမဟုတ်ဘူး ကောင်လေး နောက်ပြီးတော့ သူကချစ်ဖို့ကောင်းတယ် ငါနဲ့ဆေးရုံမှာ တွေ့တာ "

တွန့်ကွေးနေတဲ့ မျက်ခုံးများဟာ ဖြောင့်တန်းလာပြီး တွေဝေသွားဟန်ပေါ်သည်။

" နောက်ပြီး အဲ့ကောင်လေးက ဂျပန်‌ကောင်လေး ငါ့ထက်လဲ အရပ်ရှည်တယ် ငါ့ထက်လဲ ငယ်တယ် ငါ့အပေါ်အမြဲတမ်း အနစ်နာခံတယ် အဲ့ကောင်လေး နာမည်က နီရှီမူရာ ရီခီ တဲ့ "

" ဟျောင်း .. "

" အင်း ငါသဘောကျနေတာ မင်းကိုပဲ "

မျက်ရည်စများ ဝေ့နေသော နီခီ့၏ မျက်ဝန်းတို့သည် ခပ်ဝါဝါမီးရောင်အောက် တောက်ပနေကာ လှပလျက် ရှိနေ၏။

ခများတို့ အဲ့ခံစားချက်ကို သိလား? ကိုယ်သဘောကျနေတဲ့ လူကလဲ ကိုယ့်ကိုသဘောကျနေလို့ ဖွင့်ပြောတဲ့အချိန်မှာ ကျလာတဲ့ မျက်ရည်နဲ့ ဘယ်လို ပျော်လို့ ပျော်မှန်းမသိတဲ့ ခံစားချက်လေ။

" ဟျောင်း မနောက်ဘူးမှတ်လား "

အိမ်မက်သာ ဆိုရင်လဲ နိုးထခွင့် မပေးပါနဲ့။

" ဘာကိစ္စ ငါကနောက်ကမှာလဲ မင်းလဲ ငါ့ကိုချစ်နေတယ် မှတ်လား "

မျက်ရည်များ ဝေ့လာသော နီခီ့ရဲ့ မြတ်နိုးဖွယ်ရာ မျက်ဝန်းတို့နှင့် ဆောနူရဲ့ amber eyes တို့ ပေါင်းစပ်မှူသည် ဘေးပတ်ဝန်းကျင်မှ အရာအားလုံး တိတ်ဆိတ်သွားသလိုမျိုး။

အိစက်စက် နှုတ်ခမ်းတို့နှင့် ခပ်ထူထူနှုတ်ခမ်းတို့အား လာထိခိုက် မျက်လွှာတို့ဟာလဲ သူ့အလိုလို အောက်သို့ ချထားလျက် ရှိသည်။ ဆုပ်ယူချင်း ခံလိုက်ရတဲ့ နှုတ်ခမ်းနှစ်စုံဟာ သူ့ထက်ငါ အလုအယက် နမ်းရှိုက်နေကြ၏ ၊ လူအချို့၏ တိုးတီးစွာ ပြောနေသံတွေကို ကြားသော်ညား လစ်လျူရှု့ကာ ခြောက်သွေ့နေသော နှုတ်ခမ်းတို့အား အစိုဓာတ် ပေး၏။

" ချစ်တယ် ဟျောင်း~~ အော်မေ့လို့! ကိုကို "

ဆောနူရဲ့ ဘယ်ဘက်ရင်အုံက ခုန်ပေါက် ပျော်ပါးနေတဲ့ အကောင်ငယ်ဟာ 'ကိုကို' ဆိုသည့် နာမ်စားကြောင့် ဖြစ်နိုင်သည်။

" ဒါဆိုငါတို့ ရည်းစားဖြစ်ပြီပေါ့နော် မောင် "

မောင်? မောင်!!!

ကင်မ်ဆောနူက သူ့ကို မောင်လို့ ခေါ်လိုက်တာ တကယ်လား။ နီခီသာ နှလုံးရောဂါရှင်ဆိုရင် ရင်အခုန်လွန်နေလို့ ထိုနေရာမှာတငမ ကောက်ခနဲသေသွားနိုင်သည်။

" ‌မောင်က မျက်ရည်တွေနဲ့တောင် ချောလိုက်တာ "

နှဖူး၌ ကျရောက်နေသော ဆံနွယ်တို့အား ဖယ်ရှားရင်း ဆောနူက ‌ဆိုတော့ လောလောလတ်လတ်လေး တော်ထားတဲ့ ဆောနူရဲ့ ရည်းစားဟာ ရယ်၏။

" ကျွန်တော်က အချိန်ပြည့်ငိုနေရတော့မလိုပဲ "

" မငိုရပါဘူး နောက်တစ်ခါ ငါ့ကြောင့်နဲ့ ဘယ်တော့မှ မငိုရဘူး ကတိပေးတယ် "

သူ့ရှေ့က ချစ်စရာကောင်းနေတဲ့ ကောင်လေးအား တင်းကြပ်စွာ ဖက်ရင်း နှုတ်ခမ်းတို့အား တစ်ချက် ဆုပ်ယူလိုက်မိသည်။ အချိန်ပြည့်သာ ဒီနှုတ်ခမ်းလေးနဲ့ ဂေဟစနစ် ထိစပ်နေချင်တော့သည်။

ရင်ခုန်သံတွေဟာ ထပ်တူကျခဲ့ပြီ။ ဆောင်းလေဟာ အခြားလူတွေအ‌တွက်တော့ အေးကောင်း အေးနိုင်ပင်မဲ့ ဆောနူအတွက်တော့ နီခီ့ရဲ့ အနွေးထည်ထဲ ရောက်နေသည်မို့ လုံးဝပင် မအေးတော့ပဲ ထိုအအေးဒဏ်တောင် သက်ရောက်မှု မရှိတော့ပေ။

ထိုမှစ၍ သူတို့ အတူရှိခဲ့သည်မှာ နီခီ အသက်ပြည့်လို့ လုပ်ငန်းတွေ စတင်လုပ်ကိုင်တဲ့အချိန်။ ဝမ်းနည်းအားငယ်တိုင်း အနားအမြဲရှိနေပြီး လုံခြုံမှု အပြည့်ပေးနိုင်သည့် လူသားဟာ မိဘပြီးရင် ကင်မ်ဆောနူ ဖြစ်ခဲ့သည်။

သူတို့ နှစ်ယောက် တည်ဆောက်ခဲ့တဲ့ relationship တစ်ခုမှာ နီရှီမူရာက က ဝမ်းနည်း တတ်တဲ့ချစ်သူ ဖြစ်ပြီး ကင်မ်ဆောနူ ကတော့ ဝမ်းနည်းတတ်တဲ့ ချစ်သူမှီခိုရာ ရင်ခွင် ပိုင်ရှင်ကြီး ဖြစ်ခဲ့လေသည်။

သူတို့နှစ်ယောက် အတူတူရှိနေခဲ့သည်မှာ အတော့်ကို ကြာခဲ့ပြီဖြစ်သည်။ နားလည်မှု လွဲသည့် ကိစ္စရပ်များရှိသော်လဲ နှစ်ဦးလုံး မာနတို့အား ခဝါချကာ မှားတဲ့လူ တောင်းပန်သည်။

" ‌ဒါဆို ကျွန်တော်တို့ တူတူရှိခဲ့တဲ့ အချိန်တွေက တော်တော်ကြာခဲ့ပြီပဲနော် "

‌အခုထိ သူ့ပေါင်ပေါ် ခေါင်းအုံးထားသည့် နီခီဟာ ထဖို့ အစီစဉ် ရှိသေးရဲ့လားမသိ။ ‌ဆောနူ ဆံနွယ်တို့အား ဆော့ကစားနေမိသည်မှာလဲ အချိန်အတော်ကြာနေသည်မို့ သူ့ရဲ့ လက်ချောင်းလေးတွေဆီမှာ ပူရှိမ်းအနံ့ဟာ ညှိ‌တွယ်နေမှာ သေချာသည်။

" ဒီကြားထဲ ကျွန်တော် အချစ်ပေါ့ခဲ့လား "

" Definitely not, darling "

‌တွဲခဲ့တဲ့ တစ်လျှောက်လုံးမှာ ဘယ်တော့မှ မင်းအချစ်မပေါ့ခဲ့ပါဘူး မောင်ရယ်။ မင်းက ငါ့ရဲ့ကမ္ဘာ ၊ မင်းက ငါ့ရဲ့ ဘဝ။

" နောက်ပြီး ကင်မ်ဆောနူရဲ့ ကမ္ဘာဟာ နီရှီမူရာ ဖြစ်တယ်ဆိုတာ‌ကိုတော့ မင်းသိပြီးပြီ မဟုတ်လား "

" ဒါပေါ့ နီရှီမူရာက‌လဲ ကင်မ်ဆောနူ ပြုံးတိုင်း အလှည့်ကျ ရှုံးနေတာလေ "

ထိုအခါ ဆောနူက ပါးချိုင့်လေးတွေ ပေါ်တဲ့အထိ ပြုံးသည်။ ဒါဟာ နီရှီမူရာကို သတ်သည့် လက်နက် လေးတစ်မျိုးဖြစ်သည်။

" ပြုံးပါ ကိုကိုရယ် ပြုံးပါ ဒီကကောင်က ရှုံးပါ့မယ် "

တစ်ခါတစ်လေလဲ ဒီကောင်လေးဟာ ကဗျာဆန်ဆန် လေးတွေ ပြောတတ်ပြီး ဆောနူကို ချုပ်တတ်သည်။ ရင်ထဲ လိပ်ပြာတွေ အကောင် တစ်ရာလောက် ထပျံသွားလို့ ပါးလေး နီရဲသွားရင်လဲ ချစ်ဖို့ကောင်းတယ်ဆိုပြီး ‌နမ်းတတ်သေးသည်။

ဘယ်လို ကလေးမျိုးလေးလဲလို့ မေးရင်လဲ 'ကင်မ်ဆောနူရဲ့ ကလေးလေး' ဟုဖြေသည်။

ကျောက်ခင်းလမ်းကို ဒီကောင်လေးနဲ့ လျှောက်မလား ၊ ပန်းခင်းလမ်းကို တစ်ယောက်ထဲ လျှောက်မလဲဆိုရင် နှစ်ခါမစဉ်းစား ချင်းဖြင့် ကျောက်ခင်းလမ်းကို သူ့ပေါင်ပေါ်က ကောင်လေးနဲ့ အတူတူလျှောက်လှမ်းမည်ပင်။

" ကိုကိုကတော့ မောင့်ကို ဒီအလုပ်တွေ ဆက်မလုပ်စေချင်တော့ဘူး အခုလဲ မောင်သိတဲ့အတိုင်းပဲလေ ဆောင်းဟွန်းဟျောင်းက ဂျေးကို ချစ်နေတယ်ဆိုတာ အကယ်လို့ ဒီလိုလုပ်ရင် ‌ကိုကိုတို့ ဝဋ်ပြန်လည်‌မှာပေါ့ မောင့်သဘောပါ "

" ကိုကို့ သဘောက ဆက်မလုပ်စေချင်ဘူးမှတ်လား ကောင်းပြီ! မောင်ဆက်မလုပ်တော့ဘူး ဒါပင်မဲ့ တစ်ခုတော့ လုပ်ခွင့်ပြု "

" ဘာတုန်း "

" ဆောင်းဟွန်းဟျောင်းဆီ စာရေးချင်တယ် ဟျောင်းသုံးတဲ့ အကောင့်တွေက active မဖြစ်တော့ စာနဲ့ပဲ ပို့ရတာပေါ့ "

ဆောနူက ပြုံးရင်း ခေါင်းညှိမ့်ပြ၏။ သူ့ဘေးနား လာထိုင်တဲ့ ကောင်လေးဟာ ဆောနူကို မငြီးငွေ့သော အကြည့်တို့ဖြင့် လာကြည့်ရင်း နှုတ်ခမ်းတို့အား တိုက်ခိုက်၏။ အပေါ်တစ်လွှာ အောက်တစ်လွှာ ဆုပ်ယူနမ်းရှိုက်နေကြတော့ သေချာပေါက် နှုတ်ခမ်းတွေဟာ ဖူးယောင်နေလိမ့်မည်။

နမ်းရှိုက်နေသော နှုတ်ခမ်းတို့သည် တစ်ဖြေးဖြေးအောက်သို့ ဆင်းသွားကာ ဆောနူရဲ့ လည်တိုင်ဖွေး‌ဖွေးအား အားရပါးရ အမှတ်အသားပေး၏။

နှုတ်ခမ်းလွှာတို့အား ဟကာ လေအားအသဲအသန်ဖမ်းရှိုက်ရင်း ညည်းနေသည့် ဆောနူရဲ့ အသံဟာ ရုံးခန်းအတွင်း ပျံ့နှံ့နေလေ၏။

နမ်းရှိုက်နေရင်း နှစ်ယောက်သား လုံးထွေးကာ ရုံးခန်းအတွင်းရှိ အခန်းလေးထဲသို့ သွား၏ အခန်း၏ ကြမ်းပြင်၌ ပလဲနေသည့် အဝတ်တို့ကြောင့် နီခီ့ကိုယ်ပေါ်တွင် necktie အနက်လေး တစ်ခုသာ ကျန်ရှိနေ၏။ ထို necktie လေးရဲ့ အဆုံးသက်ဟာ ဆောနူရဲ့ လက်ကောက်ဝတ်ဖြစ်ကာ ခေါင်းရင်းသို့ ကပ်ချင်း ခံလိုက်ရ၏။

" အဆင်သင့်ဖြစ်ပြီလား ကိုကို "

မရဲတရဲလေး ခေါင်းညိမ့်ပြ၏။

" ဒါဆို ကျွန်တော်တို့ စကြမယ်နော် "

MEETING YOU

1.4.2024

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories