Fanfics

1

19:32, 15 July 2024

ဒီနေ့ အလုပ်ကအပြန် ပင်ပန်း၍ ယိုင်တိုင်တိုင် ဖြစ်ချင်နေသော ခြေလှမ်းများစွာနဲ့ အရင်က အမှတ်တရပေါင်းများစွာ ရှိခဲ့ဖူးတဲ့ ခေါက်ဆွဲဆိုင်လေးရဲ့ ထောင့်နားလေးတစ်နေရာမှာ ဝင်ထိုင်လိုက်သည်။

ကျွန်တော့်ကို မြင်တဲ့ ဆိုင်ရှင်အဒေါ်ကြီးက

"Wonwoo ခါတိုင်းလို အမဲပေါင်းခေါက်ဆွဲနဲ့ ဆိုဂျူတစ်ပုလင်း ပဲလား"

အသာအယာလေး ပြုံးပြရင်း ခေါင်းငြိမ့်ပြလိုက်သည်။

ရာသီဥတုကလဲ လေတဖြူးဖြူးနဲ့ တခါတလေ သင်းပျံ့လာတဲ့ မြေသင်းနံ့ကလေးကိုလဲ တချက်တချက် ရမိသည်။

ကောင်းကင်ကို မော့ကြည့်တော့ တိမ်ညိုတိမ်မဲများ တရိပ်ရိပ်တက်လာနေသည်။ ကြည့်ရတာ မိုးရွာတော့မယ့်ပုံပင်။

စားပွဲပေါ်သို့ လာတင်ပေးသော ခေါက်ဆွဲပွဲနဲ့ ဆိုဂျူတစ်ပုလင်းကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

ဟင်း....

ဆိုဂျူပုလင်းကို အရင်ဖောက်လိုက်ကာ ခွက်ထဲထည့်ရင်း မော့ချလိုက်သည်။ စူးရှပြီး ခါးသက်လှသော အရသာကို ခံစားမိသည်။ ဒီနေ့မှ ဆိုဂျူက ပိုခါးနေသလိုပင်။

ကျွန်တော် ခေါက်ဆွဲစားလိုက် ဆိုဂျူ သောက်လိုက်နဲ့ နေနေတုန်း ထင်တဲ့အတိုင်းပင် မိုးတွေရွာချလို့လာသည်။

ခဏလောက်နေတော့ ဆိုင်ထဲကို အတွဲတစ်တွဲက မိုးခိုဖို့ ပြေးလာကြသည်ထင်တယ်။ အထဲရောက်တော့ မိုးရေတွေ စိုရွဲလို့နေသည့် ကောင်မလေးရဲ့ ဆံပင်တွေကို ကောင်လေးက သူ့ အပေါ်ဝတ်ကို ချွတ်ကာ သုတ်ပေးလို့နေသည်။

ထိုအဖြစ်အပျက်ကို အစအဆုံး လိုက်ကြည့်နေမိတဲ့ ကျွန်တော့်စိတ်ထဲတွင်တော့ အတိတ်က ဖြစ်ပျက်ခဲ့ဖူးတဲ့ အကြောင်းအရာလေးတွေဟာ ကျွန်တော့်ခေါင်းထဲမှာ အစီအရီပြန်ပေါ်လို့လာသည်။

...............

"အဲ့ကြောင့်မို့ မောင် ပြောပါတယ် ထီးယူခဲ့ပါ့မယ်လို့"

ဝတ်ထားသော အပေါ်ထပ်ကို ချွတ်ကာ မိုးရေကြောင့် စိုရွဲလာသော ခေါင်းလုံးလုံးလေးကို ဖွဖွလေးသုတ်ပေးရင်း ပြောသည်။

"မောင်ကလည်း ပျော်စရာကောင်းတယ်လေ"

"ပျော်စရာကောင်းပေမယ့် ဖျားကုန်ရင် ဘယ်လိုလုပ်မလဲ Won ရဲ့"

ချစ်စရာကောင်းစွာ ပြောလာသော မျက်နှာလေးကို မေးစေ့လေးကနေ သာသာလေး ဆွဲကိုင်ရင်း ပြောသည်။

"ဟွန်း... ဒီလောက်လေးများ မဖျားပါဘူး"

"အောဟော...ကြည့် ပြောလေဆိုးလေ Won ကလေ တကယ်ကလေးလေးလိုပဲ"

ပါးလေးနှစ်ဖက်ကို ဆွဲဖဲ့လိုက်သည်။

နာသွားလို့ထင်သည် မျက်နှာလေးက မဲ့သွားပြီး

"ဘာကလေးလဲ... Won က ကလေးမဟုတ်တော့ဘူး ... နော်... မောင့်ထက်တောင် တစ်နှစ်ကြီးတယ်"

"တစ်နှစ် လေးပဲကြီးတာပါ ကလေးက ကလေးပဲ"

"ကလေးမဟုတ်ပါဘူးဆို"

"ဟုတ်ပါတယ်"

"မဟုတ်ဘူး!"

"ဟုတ်ပါတယ်"

"အာ... မောင်နော်"

"အာ...မောင်နော်"

"ဟ..."

"ဟ..."

"လိုက်မပြောနဲ့လေ"

"လိုက်မပြောနဲ့လေ"

"ရား..."

"ရား..."

နောက်ဆုံးတော့ စိတ်ကောက်သွားလေသည်။

"သွား...ရတယ် လာမခေါ်နဲ့"

လက်ပိုက်ကာ ဟိုဘက် လှည့်သွားတော့

"မောင့် Wonလေးကလည်းကွာ စိတ်မဆိုးပါနဲ့ မောင်က ချစ်လို့စတာပါ"

စ တာကလည်း တွေ့တိုင်းပဲ နှစ်ယောက်သားတွေ့တုန်းလေး သူများအတွဲတွေလိုများ တီတီတာတာလေးတွေ ပြောရမလား အောက်မေ့တယ် ဘယ်ဟုတ်မလဲ သူတို့နှစ်ယောက်ကြမှ တစ်ယောက်က တွေ့တိုင်း စပြီး တစ်ယောက်က စတိုင်း စိတ်ကောက်ရင်းပဲ ပြီးနေကြတာ။

စိတ်ကောက်ဒဏ်ကို ကြာကြာမခံနိုင်တဲ့ စတတ်သူကြီးမှာလဲ ချော့ရတာ အမောပင်။

"နော်....နော်လို့ ချစ်လို့လေ"

Puppy eyesများနဲ့ ချော့ကာ ပြောနေသော ချစ်ရသူကြီးကို တွေ့ပြန်တော့လဲ တင်းထားတဲ့ စိတ်တို့ အရည်ပျော်ကာ

"အင်း... ပြီးတာပဲ နောက်ခါ မစနဲ့"

"ချစ်လို့ စတာပါဆို မစနဲ့ဆိုတော့ မချစ်နဲ့လို့ ပြောနေသလိုပဲနော်"

မစနဲ့လို့ ပြောနေတဲ့ကြားက ထပ် စ နေလေရဲ့။

"Kim Mingyu! ငါတကယ် စိတ်ဆိုးတော့မှာနော်!"

"ဟီး... မဆိုးပါနဲ့ မောင်က စတာပါဆို"

"သွား... မုန့်သွား မှာချီ ဗိုက်ဆာနေပြီ"

"အမိန့်တော် အတိုင်းပါဗျာ"

"ခါတိုင်းလိုပဲနော်"

"ဟုတ်ပါပြီ"

ထိုင်နေရာက ထပြီး မှာမလို့ ရှိသေး

"အော်... Won ဒီနေ့ ခါတိုင်းလို မစားပဲ ဟိုဟာလေး ထည့်စားပါလား"

"ဘာလေး....!?"

"ဟိုဟာလေးလေ.."

"အင်းလေ... အဲ့ဟိုဟာလေးဆိုတာ ဘာလဲလို့"

"မောင့် အသည်းနှလုံးလေး"

"ဟင်"

ဘေးနားကခုံ မှာထိုင်နေကြတဲ့ သူတွေတောင် ကြားသွားသည်ထင်တယ် မျက်နှာတွေက ပြုံးစိစိနဲ့။ ရှက်တဲ့ စိတ်ကြောင့် မျက်နှာလေးဟာ ပန်းရောင်သန်းလာရင်း မရှက်မကြောက် လက်ရဲဇက်ရဲနဲ့ ပြောထွက်လာတဲ့ သူရဲ့ လက်မောင်းကို ခပ်နာနာ ဆွဲစိတ်လိုက်တော့သည်။

.............

ပြန်ဝင်လာသော အတွေးများကြောင့် နှုတ်ခမ်းပါးတစ်ခုဟာ အပေါ်သို့ ကွေးညွတ်သွားသည်။ သို့သော် ပြုံးမိသွားသည့် ကိုယ့်ကိုကိုယ် ပြန်သတိထားမိတော့

ချက်ချင်း ခေါင်းရမ်းလိုက်သည်။ ဟင့်အင်း... မတွေးမိအောင်နေရမယ်

စိတ်ကို ပြန်ချုပ်ထိန်းပြီး ဘေးနားက ဆိုဂျူပုလင်းကို ဆွဲယူက ပုလင်းလိုက် မော့ချလိုက်သည်။

ဆိုဂျူရဲ့ ခါးသက်တဲ့ အရသာနဲ့ အတူ ရင်ဘတ်ထဲက စူးခနဲ။

အရသာနှစ်ခုက Perfect Combination ပဲ။ သို့ပေသည့် သူ့အတွက်တော့ ပေါင်းစပ်နှုန်းက များသွားဟန်တူသည်။ မျက်လုံးမှ မျက်ရည်စက်ဟာလဲ ပေါက်ခနဲ ကျလို့လာသည်။

ယခု ပုံစံကြောင့် သူ ခပ်ဟဟရီမိသည်။ သူ ဝဋ်ကြွေးတွေ ရှိခဲ့ဖူးတယ် ထင်ပါရဲ့။

.

ရေချိုးပြီး အလုပ်သွားဖို့ပြင်နေတုန်း

ဒင်...*

ဖုန်းထဲသို့ Message တစ်စောင် ရောက်လို့လာသည်။ ကြည့်လိုက်တော့

အော်... Jihoon ဆီကပဲ

*Wonwoo မင်း လာမဲ့ Sunday အားလား*

ဖုန်းကို ခုံပေါ်က ယူလိုက်ကာ

*အင်း... အားပါတယ်*

*ဟုတ်ပြီ... အဲ့နေ့ကြ ငါတို့ ကျောင်းသားဟောင်း တွေ့ဆုံပွဲရှိတယ် မင်း လိုက်ခဲ့မလား*

*ကျောင်းသားဟောင်း တွေ့ဆုံပွဲ*

*အင်း... Soonyoung လဲ လိုက်မယ်ပြောတယ် မင်းရော*

ခဏလောက် စဥ်းစားလိုက်ရင်း

*အင်း... ငါလိုက်ခဲ့မယ်*

___________

One-shot ကိုမှ ရှည်လို့ အပိုင်းခွဲတင်ပေးတာ ဖြစ်တာကြောင့် စာက နဲနဲတော့ တိုသလို ဖြစ်သွားတယ်🥺

ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရေးထားတာကြောင့် ရေးရင်းနဲ့ မျက်ရည်ဝဲ😆။

ဖတ်ပေးတဲ့ အတွက်ကျေးဇူးပါ ဒါဒါလေးတို့💗

သာသာကတော့ feedback လေးတွေ မျှော်နေပါ့မယ် 🫶🏻 (ပေးသွားကြနော်)

There are no comments yet. Log in to be the first to leave a review!

Similar stories