Fanfics

intro

07:45, 16 July 2024

တစ်ချိန်က ဖြစ်ပျက်ခဲ့ဖူးတဲ့ အမှတ်တမဲ့ဖြစ်ရပ်လေးတွေကို အမှတ်တရအဖြစ်နဲ့ ပြန်လည်ကာ တွေးမိတော့ မင်းကို သတိရမိသည်။

မင်းရော အခုချိန်လောက်ဆို ဘာများလုပ်နေလောက်မလဲ ငါ့ကို သတိရမိတဲ့ အခါလေးများ ရှိပါ့မလား

ဘယ်နေရာကို လျှောက်လမ်းနေလောက်မလဲ(ငါကတော့ မင်းကိုမမြင်ရပေမယ့်ပေါ့)

တိမ်တွေရဲ့ အနောက်မှာများ ပုန်းကွယ်လို့နေမလား

ဒါပေမယ့်...ငါ...ငါကတော့လေ မင်းစွန့်ပစ်ပြီးသွားလို့ ထောင့်နားလေးတစ်နေရာမှာ ကပ်ကျန်နေခဲ့တဲ့ အမှိုက်တစ်ခုသာသာ

မင်းပစ်ထားသွားလို့ ကျန်ခဲ့ရတဲ့ ဒဏ်ရာတွေကို ထွေးပွေ့ရင်း ငါ ကြိုးစားရှင်သန်နေပါတယ်။

စွန့်ပစ်ပြီး လစ်ဟာသွားသလို ထင်ရပေမယ့် ငါကတော့ အပြည့်ပြန်ပြန် ဖြစ်လာလို့နေလေရဲ့

ဝေးကွာလှတဲ့ အနာဂတ်မှာ မင်းကို ပြောပြချင်ခဲ့တယ်။ မင်းစွန့်ပစ်လို့ သွားခဲ့တဲ့ မင်းရဲ့ အရာအားလုံးဟာ ငါ့အတွက် အချစ်ဖြစ်လာခဲ့ပါတယ်လို့။

မင်းရဲ့ နာကျင်စရာကောင်းလှတဲ့ ဒဏ်ရာတွေ အားလုံးကို ငါ့ဆီမှာ ပစ်သွားဖို့ အဆင်ပြေပါတယ်ဆိုပြီး... ပြောပြချင်မိသေးတယ်။

မင်းကတော့ ဘယ်နေရာကိုပဲ ရောက်ရောက် ပျော်ရွှင်နေဖို့ ငါမျှော်လင့်ပါတယ်။ ဆိုးရွားလှတဲ့ အအေးမိဝေဒနာ လိုမျိုး နာကျင်မှုတွေ စုပြုံပြီး ခံစားရတဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ် ငါ့ကိုတွေးကြည့်ပေးမလား ...ဘယ်လို မနက်ဖြန်မျိုးမှာမဆို မင်းကို အမြဲ စောင့်မျှော်နေတဲ့ ငါရှိနေတယ်လို့

မင်းရှိတဲ့ နေရာလေးကို ငါ အပြေးလာကာ အရာအားလုံးကို ပြောလိုက်ချင်ပါရဲ့။

........

ဖတ်ပေးကြအုံးနော် အပိုင်းက တိုတိုလေးရယ်🥺🫶🏻

2.6К1050

There are no comments yet. Log in to be the first to leave a review!

Similar stories