Fanfics

ep39

15:42, 11 March 2024

" ဦး အိပ်နေပြီလား "

" မအိပ်သေးဘူး.. ဘာလို့လဲ မူးနေတာလား အသံက "

" ကျွန်တော် ဦးတို့အိမ်ရှေ့မှာ "

" အိမ်ရှေ့မှာ! ဘာလုပ်နေတာလဲ "

" တွေ့ချင်လို့လေ.. ဒီနေ့တစ်‌ခါမှမှ မတွေ့ရသေးတာကို.. "

အိမ်ရှေ့မှာဆိုတာနဲ့ ဆော့ဂျင်ထိုင်ရာမှထကာ အခန်းဆီးနားသွားလိုက်ပြီး ကြည့်လိုက်သည်။ အသံကလည်း ပုံမှန်မဟုတ်။ တကယ်ကြီး အိမ်ရှေ့ရောက်နေတာပဲ။ နေပါအုံး သူ့ကိုဒီနေ့မတွေ့တော့ဘူးလို့ သေချာပေါက်ပြောထားခဲ့တာကို..

ဆော့ဂျင်ဖုန်းချလိုက်ပြီး အပေါ်ထပ်တစ်ထပ်ဝတ်ကာ အိမ်အပြင်ထွက်လာခဲ့သည်။ အပြင်ရောက်တော့ ဂျောင်ဂုက သူ့ကိုမြင်တာနဲ့‌ ဆွဲခေါ်ကာ ကားထဲဝင်စေသည်။

" အေးတယ် ဘာလို့ပါးပါးလေးဝတ်ခဲ့တာလဲ "

" နေစမ်းပါအုံး မင်းကိုပြောရမှာ ဘာလို့အိမ်ရှေ့ထိရောက်လာရတာလဲ ဒီနေ့မတွေ့တော့ဘူးလို့ ပြောလိုက်တယ်မလား အခုရော ဘယ်ကပြန်လာတာလဲဘယ်လောက်တောင် သောက်ထားပြန်ပြီလဲ.. ဂျွန်ဂျောင်ဂု ငါမအားရင် မအားတဲ့အလိုက် မင်းလုပ်ချင်ရာလုပ်နေတာ မူးနေရင်လည်း ကားမမောင်းပါနဲ့ဆိုတာကို.. "

" ဦးကလည်း.. သိပ်မမူးပါဘူး ဦးပဲပြောတယ်လေ ဂျူအွန်းဆီသွားတွေ့လိုက်အုံးဆို သွားတွေ့ခဲ့တာလေ ဂုဏ်ပြုပေးခဲ့တယ် အခုလည်း သူ့ကိုပြန်လိုက်ပို့တာ ပို့ရင်းနဲ့ လမ်းကြုံနေတာမလို့ ဦးနဲ့တွေ့ချင်လို့.. "

" ငါမင်းကိုဂုဏ်ပြုခိုင်းတာ အားပေးစကားပြောခိုင်းတာလေ အရက်သောက်ခဲ့ပါလို့ ပြောလား "

" ဂုဏ်ပြုအရက်ပါဆို နည်းနည်းလေးပဲသောက်တာ မမူးဘူး တကယ်ပြောတာ။ ဦး... အားလုံးအဆင်ပြေသွားပြီလား.. "

ဂျောင်ဂုက သူ့ရင်ခွင်ထဲတိုးဝင်လာပြီး ကြောင်လေးတွေလို ခေါင်းကိုတိုးဝှေ့နေသည်။ဒါလား နည်းနည်းလေးပဲ သောက်ထားမှာ.. ဒါပေမဲ့ ဂျောင်ဂုက မူးမူး၊မမူးမူး အချွဲတုံးလေး.. များများချွဲတာနဲ့ မချွဲတာဘဲကွာတယ် ကျန်တာကတော့ သူ့နား အမြဲကြောင်လေးလိုနေချင်နေတာ မူးနေရင်တော့ ပိုပြောရခက်တာပေါ့ စကားအစလေးတစ်ခုကို မရရအောင် အရှည်ဆွဲပြီး ရစ်ပါတော့မည်။ အသိစိတ်ကပ်လျက်နဲ့ တမင်ပြောရခက်အောင်နေတာ..

အခုလည်း သူက သူ့အင်္ကျီကြယ်သီးလေးတွေကို ဖြုတ်လိုက် တပ်လိုက် အကြိမ်ကြိမ်လုပ်နေသည်။ သူကတားလိုက်ရင် ပိုလို့တောင် ဖြုတ်ပစ်အုံးမည်သိလို့ ဆော့ဂျင် မသိချင်ယောင်ဘဲ ဆောင်နေလိုက်သည်။ ဂျောင်ဂုနဲ့ တွဲလာတဲ့အချိန်နည်းနည်းမှာပင် ဆော့ဂျင် သူ့အကြောင်းတွေကို ကောင်းကောင်းကြီးသိနေပါပြီ။ ဂျောင်ဂုလက်တွေက ကြယ်သီးကနေ ရင်ဘတ်တွေကို ထိကိုင်လာတဲ့အခါ သူထိုလက်တွေကို ပြန်ကိုင်လိုက်သည်။

" ကိုယ်အေးတယ်လို့ ကြယ်သီးကိုမဆော့နဲ့တော့ "

သူပြောတော့ အင်္ကျီထဲကလက်တွေ ပြန်ထွက်သွားပြီး နှုတ်ခမ်းစူထားသည်။

" မေးတာဖြေအုံးလေ အဆင်ပြေလားလို့.. "

" ကိုယ်အဆင်ပြေတယ်လို့ ပြောပြီးပြီမလား ပြောပါအုံး မပြေရင်ရော ဘာလုပ်မလို့လဲ "

" ဦးအိမ်ထိလိုက်နေမလို့လေ ဦးအခန်းထဲမှာ အတူ မင်္ဂလာဦးကြမယ်လေ ပြိီးကြရင် ကျွန်တော်ကလည်း အဲမှာအတူလိုက်နေပြီး မျက်နှာပြောင်တိုက်လိုက်မယ် အဲအချိန်ကြရင် စိတ်ပျက်ပြီး မောင်းထုတ်ခံလိုက်ရရင် မကောင်းဘူးလား "

" ဒီလိုအကြံဆိုးတွေပဲရှိတာလား ပြောစမ်းပါအုံး ဟင် ပြောစမ်းပါအုံး "

" အဲဒါအကြံဆိုးမှမဟုတ်တာ အစ်မနိုအွန်းသာ အချိန်ဆွဲနေရင် အဲလိုလုပ်ပစ်မှာ "

" နိုအွန်းကအချိန်မ‌ဆွဲပါဘူး ကိုယ်တို့ရက်ချိန်းယူပြီးသွားပြီ ဒါကြောင့် ပြ‌ဿနာရှာမှာတွေ မတွေးနဲ့တော့ အတတ်နိုင်ဆုံး မတွေ့အောင်နေကြတာ ပိုကောင်းတယ် "

" အဲလိုဆိုလည်း ကောင်းတာပေါ့ ဦးကဘာလို့ သူ့ဘက်ကလိုက်ပြောပေးနေတာလဲ တကယ်လို့ ကျွန်တော်သူ့ကိုတခုခုလုပ်ခဲ့ရင် ဦးစိတ်ဆိုးမှာလား ဦးဘယ်သူ့ဘက်ပါမှာလဲ "

" မင်းဘာလုပ်လဲအပေါ်မှာ မူတည်တာပေါ့ ကိုယ်စိတ်ဆိုးစေမဲ့ဟာဆို စိတ်ဆိုးမိမှာပဲ အဲဒါကြောင့် ကိုယ့်ဘက်က အမှားမရှိအောင်နေ ကြားလား "

" မကြားဘူး ဦးကကျွန်တော့်ကိုမချစ်ဘူး ကျွန်တော်တခုခုမှားရင်ပဲ ကျွန်တော့်ကိုပစ်ထားတော့မှာ.. "

" ဟော.. ကိုယ်ပစ်ထားမယ်လို့ မပြောမိပါဘူး စိတ်ဆိုးမယ်လို့ပဲပြောတာ ဒါကလည်း ကိုယ်စိတ်ဆိုးမဲ့အရာတွေလုပ်မှပေါ့ ကိုယ်စိတ်ဆိုးစရာဆိုရင်တော့ ဆိုးရမှာပေါ့ မဟုတ်ရင် ကိုယ်က မင်းဘာလုပ်လုပ် အလိုလိုက်ထားရမှာလား ပြောစမ်းပါအုံး အလိုတော့မလိုက်နိုင်ဘူးနော် အခုတည်းက စဉ်းစားချင်စဉ်းစားလို့ရသေးတယ် အချိန်မီသေးတယ် စဉ်းစားအုံးမလား "

" ဦးနော်! ဘယ်သူကစဉ်းစားမယ်ပြောလို့လဲ ဦးကအကျင့်မကောင်းဘူး "

ကားနောက်ခန်းကျဉ်းကျဉ်းတွင် ဂျောင်ဂုက သူ့ပေါ်မှီအိပ်ထားပြီး ခြေထောက်တွေဆောင့်ကာ ဂျီကျနေသည်။ သူ့ရင်ဘတ်ကို မျက်နှာအပ်ပြီးတော့လည်း ရင်ဘတ်တွေကို လှမ်းဟပ်နေသေးတာ..

" အ့! မကိုက်နဲ့လေ "

" ကိုက်မှာပဲ ဦးကအကျင့်မှမကောင်းတာ "

" ဟော.. မင်းကိုအလိုမလိုက်နိုင်တာနဲ့ဘဲ အကျင့်မကောင်းဘူးဖြစ်သွားပြီပေါ့ ဟမ် အ့! မလုပ်နဲ့ဆို ကိုယ်အေးတယ်လေ "

" အေးနေရင် လေ့ကျင်ခန်းလုပ်ကြမယ် သွေးပူလေ့ကျင့်ခန်း "

" မရဘူး ကိုယ်ဝင်တော့မှာ မင်းလည်းပြန်ရမယ် နောက်တောင်ကျနေပြီ "

ဆော့ဂျင် ဂျောင်ဂုလက်တွေကို တားရင်း ပြောလိုက်သည်။ ဂျောင်ဂုက သူ့စကားတွေကို ဂရုစိုက်ပုံမရ။ အဲလိုပဲ သောက်ထားရင်ကို ပြောမရဆိုမရ လုပ်ချင်ရာလုပ်ချင်တာ။ အခုလည်း သူ့အပေါ်မှီထားရာကနေ တစ်ကိုယ်လုံးခွတက်လာပြီး သူ့အင်္ကျီကြယ်သီးတွေကို ဖြုတ်နေသည်။

" ကူး မလုပ်နဲ့ဆို ကိုယ်အထဲဝင်တော့မှာလို့ "

" မဝင်ရသေးဘူး အခု ကျွန်တော်တို့ဒိတ်လုပ်နေတာ ကားဒိတ် "

" ဘာဒိတ်မှမဟုတ်ဘူး မင်းခေါ်လို့ ငါခဏထွက်လာတာ "

ဆော့ဂျင် ဂျောင်ဂုလက်တွေကို ဖယ်ထုတ်နေပေမဲ့ ဂျောင်ဂုက သူ့ပေါင်ပေါ်ကနေ လုပ်ချင်တာလုပ်နေတုန်း..

" မင်းစကားနားမထောင်ဘူးလား.. မလုပ်နဲ့ဆို! "

" ဦး.. အော်တယ်.. "

သူအသံနည်းနည်းကျယ်သွားတာနဲ့ ဂျောင်ဂုက မျက်နှာလေးငယ်ကျသွားပြီး အသံလေးတိမ်ဝင်သွားသည်။ ပြီးတော့ ပေါင်ပေါ်ကဆင်းသွားပြီး ‌သူနဲ့အဝေးဆုံး တစ်ဖက်ထောင့်ကို ကပ်သွားသည်။ သူဂျောင်ဂုကို လက်မောင်းကနေ ဆွဲကိုင်တော့လည်း အထိမခံဘဲ သူ့လက်ကို ပြန်ပုတ်ထုတ်သွားသည်။

" ကိုယ်မင်းကိုမလုပ်နဲ့လို့ ပြောတယ်လေ "

ဆော့ဂျင်ကြယ်သီးပြန်တပ်လိုက်ရင်း ဂျောင်ဂုကိုလည်း ပြန်ချော့မော့ပြောလိုက်သည်။ ဂျောင်ဂုက ခါးပတ်ကြိုးကို ကုတ်ခြစ်နေရင်း ဘာမှပြန်မပြော... သူခါးပတ်ပတ်ပေးဖို့ အနားကပ်ပြီး သူကိုင်ထားတဲ့ ခါးပတ်ကြိုးကို ဆွဲယူသော်လည်း အကိုင်မခံ..

" ခါးပတ်ပတ်ရမယ် အိမ်ပြန်မယ် ကိုယ်လိုက်ပို့ပေးမယ် "

သူပြောလည်း တုတ်တုတ်မလှုပ်တော့.. မူးနေရင် အဲလိုတွေထိန်းရခက်တာ.. ဆော့ဂျင်ပြောမနေတော့ဘဲ လွှတ်သာထားလိုက်ပြီး ကားထဲက ထွက်လာလိုက်သည်။ သူကားရှေ့ခန်းမှာပြောင်းထိုင်လိုက်ပြီး ကားမထွက်ခင် ဂျောင်ဂုကို ပြန်လှည့်ကြည့်လိုက်သေးသည်။ ဂျောင်ဂုက ခေါင်းကို ကားတံခါးဘက်တွင်မှီထားပြီး နှုတ်ခမ်းက စူထားသည်။ ခါးပတ်ကိုလည်း မပတ်ဘဲ ဆွဲကိုင်ထားသည်။ သူပြောမနေတော့ဘဲ ရှေ့ပြန်လှည့်လာလိုက်ပြီး ကားကိုသာ မောင်းထွက်ခဲ့လိုက်သည်။

သူတစ်ချက်တစ်ချက် နောက်ကြည့်မှန်ကနေ ဂျောင်ဂုကိုအကဲခတ်ကြည့်ရင်း ဂျောင်ဂုအိမ်ဘက် မောင်းနှင်လာခဲ့သည်။ သူကြည့်လိုက်တိုင်း ဂျောင်ဂုက သူ့ကို စူပုတ်ကာကြည့်နေပြီး အကြည့်ပြန်ပြန်လွဲသွားသည်။

" စိတ်ကောက်မနေနဲ့တော့ ကိုယ်မင်းကိုအော်တာမဟုတ်ဘူး "

သူဂျောင်ဂုနဲ့အကြည့်ချင်းဆုံတော့ နောက်မှန်ကနေတစ်ဆင့် ကြည့်ရင်း ပြောလိုက်သည်။ ထိုအခါ ဂျောင်ဂုက နှုတ်ခမ်းစူကာ မျက်‌စောင်းထိုးသွားသည်။ ချစ်စရာကောင်းလို့ သူအသံထွက်ရယ်မိသွားသည်။ သူရယ်တော့ ဂျောင်ဂုက သူ့ကိုရှုတင်းတင်းပြန်ကြည့်လာသည်။

" ကိုယ်က မင်းကိုချစ်စရာကောင်းလို့ ရယ်လိုက်တာ .. ကိုယ့်ကလေးက စိတ်ကောက်တာတောင် ချစ်စရာကောင်းနေရော.. ဟင် ကလေးလေး "

သူကလေးလေးလို့ခေါ်လိုက်တော့ သိသိသာသာသဘောကျသွားပြီး တစ်ဖက်ပြန်လှည့်သွားသည်။စူနေတဲ့နှုတ်ခမ်းက ကွေးသွားတာကို မြင်လိုက်ရသည်။ ဒါလေးကလည်း ချစ်ဖို့ကောင်းနေပြန်ရော..

" ကလေးလေးလို့.. "

" အ့! ဂျောင်ဂု ကိုယ်ကားမောင်းနေတယ်လေ.. "

ဂျောင်ဂုက နောက်ခန်းကနေ ရှေ့ခန်းကူးလာပြီး ကားမောင်းနေတဲ့ သူ့အပေါ် ခွတက်လာပြန်သည်။ သူဟန်ချက်ပျက်သွားပြီး ဘရိတ်နင်းကာ ဂျောင်ဂုကိုထိန်းကိုင်လိုက်ရသည်။ ဂျောင်ဂုက စတီယာရင်ကိုင်ထားတဲ့ လက်တွေကြားထဲ တိုးဝင်လာပြီး သူ့နောက်ကျောကနေ သိုင်းဖက်ကာ ခေါင်းကို သူ့ပခုံးပေါ် တစ်ခြမ်းစောင်းတင် မှီထားသည်။

" ဂျောင်ဂု.. ကိုယ်ကားမောင်းရအုံးမယ်လေကွာ.. "

" ကလေးလေးဆို.. "

" ကလေးလေးလို့ခေါ်.. "

" ကလေး‌လေး ကိုယ်ကားမောင်းရအုံးမယ်လေ ကလေးကဒီလိုဆို ကိုယ်ဘယ်လိုမောင်းရမလဲ "

" ဒီတိုင်းပဲမောင်း ငြိမ်ငြိမ်လေးနေမယ် "

ဂျောင်ဂုက သူ့ပခုံးပေါ် ခေါင်းစောင်းမှီရင်း ပြောလာပြီး‌ လူပေါ်ကမဆင်းတော့.. ပြောလည်းရမှာမှာမဟုတ်တော့ သူဒီအတိုင်းသာ မောင်းဖို့ပြင်လိုက်သည်။ လူကသာခန္ဓာကိုယ်ထွားထွားကြီးနဲ့ အရမ်းကလေးလုပ်ချင်တာ.. အွန်းလေးနဲ့ကအစ သူ့မှာကလေးဆန်နေတာ.. သူတို့ဆုံတဲ့အချိန်ကြရင် အွန်းလေးကတောင် သူ့ဟာသူပုံဆွဲတာဖြစ်ဖြစ် မုန့်စားနေတာဖြစ်ဖြစ် သူ့ဟာသူလေး ငြိမ်ငြိမ်ထိုင်နေတာ.. ဂျောင်ဂုကတော့ အဲလိုမဟုတ် သူ့အနားကပ်ပြီး ကိုယ်တစ်ဝက်လောက်က သူ့အပေါ်မှီကာ တောက်တဲ့လို တွယ်ကပ်နေတတ်သည်။ သူ့နားအရမ်းကပ်တဲ့ အွန်းလေးတောင် သူ့ကိုအဲ့လိုတွေမလုပ်ဘူး ဒီကောင်လေးကဘာလေးလဲ.. ဆော့ဂျင် လက်တစ်ဖက်နဲ့ ဂျောင်ဂုဆံပင်တွေကို ထိုးဖွတော့ ဂျောင်ဂုက သူ့လက်တွေကို ဆွဲယူသွားပြီး ပါးနားကပ်ထားကာ မလွှတ်ပေးတော့..

ထိုအတိုင်း သူ့အိမ်အထိ ပါလာခဲ့သည်။ သူ့မှာ နင့်ခနဲရှိလှတဲ့ ကိုယ်လုံးကြီးကို ချီပိုးပြီးသယ်ခဲ့ရတာ သူ့ခြေထောက်တွေ သွေးတောင်လျှောက်တော့မယ်မထင်ဘူး။

" အိမ်ရောက်ပြီ ကလေးလေး "

ဆော့ဂျင် ပခုံးပေါ်မျက်နှာအပ်ထားတဲ့နား တိုးတိုးလေးနှိုးလိုက်သည်။ အိပ်ပျော်တာလည်းမဟုတ်ဘဲနဲ့ တမင်ပေကပ်ကပ်နေနေသည်။

" ကလေးလေးဆို အိမ်ရောက်ပြီ အိမ်ထဲရောက်မှပြန်အိပ်တော့ "

" လမ်းမလျှောက်ချင်တော့ဘူး.. "

" ကိုယ်လည်းမင်းကိုမပွေ့နိုင်ဘူးနော် "

" ကျွန်တော်ဦးကိုနိုင်တယ် "

" ဟုတ်တာပေါ့ ကလေးကသန်မာတာကြီးကို ကိုယ့်ကိုနောက်မှပွေ့တော့နော် အခုတော့ အိမ်ထဲဝင်တော့ ကိုယ်လိုက်ပို့မယ် လာ ဆင်းရအောင် "

သူချော့ချော့မော့မော့ပြောတော့ ခေါင်းတွေညိတ်ပြီး သူ့ပေါ်ကဆင်းသွားသည်။ ဂျောင်ဂုဆင်းသွားတော့ သူ့ခြေထောက်တစ်ခုလုံး ရှိန်းခနဲပင် ဖြစ်သွားတာပဲ သူ့ခြေထောက်တွေထုံကုန်၍ ကားပေါ်ကနေ မြေကြီးပေါ်ကို မနည်းခြေချရပ်လိုက်ရသည်။

" ဦး.. "

ဂျောင်ဂုက ကားပေါ်ကဆင်းပြီးတာနဲ့ သူ့ဘက်တန်းလျှောက်လာသည်။

" ကိုယ်အထဲထိလိုက်မပို့တော့ဘူးနော် ကားလည်းယူသွားမယ် မနက်ကြမှ ကိုယ်လာခေါ်ရမလား "

" လာခေါ်.. "

" ဟုတ်ပြီ ဒါဆိုဝင်တော့လေ အခန်းထဲတန်းတန်းမတ်မတ်ဝင်နော် ရေမချိုးနဲ့တော့ မနက်မှချိုး ဝင်တော့ ကိုယ်ကြည့်နေမယ် "

" နမ်းအုံးမယ် "

" ဟင် "

" နမ်းပြီးမှဝင်မယ် "

" အာ.. "

သူတစ်လျှောက်လုံး မှာတမ်းခြွေနေတုန်းကတော့ စိတ်ဝင်စားပုံမပြဘဲ နမ်းမှ အတင်းကာရော စိတ်ပါဝင်စား သူ့ကို‌ ကား‌နဲ့သူ့ကိုယ်ကြားထဲညှပ်ကာ နှုတ်ခမ်းတွေကို အလျင်တလိုစုပ်ယူနေသည်။နဂိုတည်းက အားပျော့နေတဲ့ခြေထောက်က အခုအနမ်းတွေကြောင့် အသက်ရှုမဝတော့ပဲ အားနည်းကာ ခြေညွှတ်ကျချင်နေပြီ။ ဒါကို ဂျောင်ဂုကသိတော့ သူ့တစ်ကိုယ်လုံးကို ခါးကနေထိန်းထားသည်။

" အွန်း.. တော်တော့ .. ရပြီလေ "

" ဦးအားမရှိတော့ဘူး ကျွန်တော့်ဆီမှာပဲ အိပ်လိုက်တော့ "

" အိပ်လို့မဖြစ်ဘူး သွားဝင်တော့ ကိုယ်လည်းအေးနေပြီ.. "

တကယ်လည်း သူ့အင်္ကျီလက်ရှည်အပါးလေးပဲကြောင့် သူအေးနေပြီ။ ဂျောင်ဂုအိမ်မလိုက်ချင်တာက သူအခုထိ စီနီယာနဲ့ဥက္ကဌဂျွန်ကို မျက်နှာချင်းမဆိုင်ရသေးဘူး။ ပြောရမယ်ဆိုရင် သူတို့ကိစ္စတွေဖြစ်ပြီးကတည်းက ထပ်မတွေ့ကြသေးဘူးဆိုတာပဲ။ ဂျောင်ဂုကတော့ သူ့မေမေလေးနဲ့ မြန်မြန်ပြေလည်သွားပေမဲ့ သူကတော့အိမ်ထဲထိသွားပြီး မျက်နှာချင်းမဆိုင်ဝံ့သေးဘူး။ ပြီးတော့ အခုသူ့ကိစ္စတွေ အပြီးသတ်နေတဲ့အချိန်အတွင်းကို အများကြီးဆင်ခြင်နေနေသည်။ နှစ်ဦးနှစ်ဖက် မျက်နှာပူစရာအဖြစ်တွေ သူမဖန်တီးချင်။

" အေးနေရင်လည်း ဝင်တော့လေ ကားထဲဝင်တော့ အိမ်ရောက်ရင် ရေနွေးအိတ်ကပ်အုံး လက်တွေအေးနေလိမ့်မယ် "

ဂျောင်ဂုက သူ့လက်တွေကိုကိုင်ကြည့်ရင်း သူ့ကိုကားထဲအမြန်ဝင်ခိုင်းတော့သည်။သူကအအေးကြောက်သည်။ လက်တွေခြေထောက်တွေက အေးစက်မိသွားရင် ပြန်နွေးလာဖို့ခက်လာသည်။ ဂျောင်ဂုက သူ့ကိုကားထဲသေချာထည့်ပြီး အဲကွန်းကိုလည်း သေချာစစ်ဆေးသွားသည်။

" ဝင်တော့လေ "

" ဦးအရင်သွားတာကြည့်မယ် "

" မင်း.. "

" ဒီလောက်လေးနဲ့ဘာဖြစ်မှာလဲ ကားတောင်ကိုယ်တိုင်မောင်းလာခဲ့ပြီးမှ အိမ်ထဲဝင်ဖို့ ကျွန်တော်ကလမ်းမှားနေရအုံးမှာလား ပြန်တော့မြန်မြန် ပြန်ရောက်ရင် မှာတာတွေမမေ့နဲ့ ဖုန်းလည်းဆက်ခဲ့မယ် သွားတော့ ကားကိုဂရုစိုက်မောင်း "

" အင်း အင်း.. "

သူခေါင်းညိတ်ပြရင်း ကားစထွက်လိုက်သည်။ ပြောတယ်မလား သူကသာ သူမူးနေလို့တစ်လမ်းလုံး အလိုလိုက်ချော့မော့လာခဲ့ရတာ သူက အခုကြပြန်တော့လည်း ပုံမှန်လိုဖြစ်သွားပြန်ရော.. ဘယ်လိုလူလည်ကျရမလဲ  ကောင်းကောင်းသိနေတယ်..

___________TBC

ရေးဖူးသမျှထဲ အတိုဆုံး 🥴ဟိုဘက်ပေါင်းမရ ဒီဘက်ပေါင်းမရမလို့ ခွဲလိုက်တာ။

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories