Fanfics

ep36

15:43, 7 March 2024

ဆော့ဂျင်တိုက်ခန်းရောက်တော့ တစ်ခန်းလုံး မှောင်မဲနေ၍ လူမရှိဘူးလားတောင် ထင်မိသည်။သူမီးဖွင့်လိုက်ပြီး အခန်းထဲတန်းဝင်သွားလိုက်သည်။အခန်းထဲရောက်တော့ ဂျောင်ဂုက ခုတင်ခြေရင်းတွင်  ကွေးကွေးလေးရှိနေသည်။ သူသာရောက်မလာခဲ့ရင်  ဘယ်အချိန်ထိ သူ့ကိုဖုံးကွယ်ထားအုံးမလဲ။ သူအပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်ပြီး ဂျောင်ဂုအိပ်နေတဲ့နား ဖြည်းဖြည်းချင်းလျှောက်သွားရင်း အနားတွင် ဝင်လှဲလိုက်သည်။ ‌သူဂျောင်ဂုမျက်နှာကိုကြည့်ဖို့ ဂျောင်ဂုကိုယ်ကို ထိတွေ့လိုက်တဲ့အခါ ဂျောင်ဂုတစ်ကိုယ်လုံးက ပူကျစ်နေသည်။ ကျစ်..

" ဂျောင်ဂု.. ဂျောင်ဂု.. ထအုံး မင်းဖျားနေတာပဲ "

သူလှုပ်နှိုးမှ ကွေးကွေးလေးဖြစ်နေတဲ့ခန္ဓာကိုယ်က ဆန့်လာပြီး ခေါင်းလည်းမော့လာသည်။ မျက်လုံးတွေလည်း နီရဲနေလို့ ဘယ်လောက်တောင်ငိုထားတာလဲကွာ..

" ဦး... ဘယ်လိုလို့ရောက်လာတာလဲ ရုံးသွားရမှာမဟုတ်ဘူးလား.. "

" မင်းဖျားနေတယ်.. ထ ပုံမှန်နေရာမှာသွားအိပ် "

ဂျောင်ဂုအသံတွေက အက်နေပြီး စကားတစ်ခုထွက်ဖို့ကို လည်ချောင်းထဲက ညစ်ထုတ်နေရသလို.. ဒီလောက်ထိဖြစ်နေတာကို ပေကပ်နေနေတယ် သူသာရောက်မလာခဲ့ရင် ဘယ်အထိနေနေအုံးမလဲ..

" ဦး.. စိတ်ဆိုးနေတာလား.. "

" ဟုတ်တယ် အဲဒါကြောင့် ကိုယ်ပြောတဲ့အတိုင်းလုပ်မလား "

" တောင်းပန်ပါတယ် "

သူမျက်နှာတည်နေတော့ ဂျောင်ဂုက အသံတိုးလေးနဲ့ပြောပြီး အိပ်ရာထဲတွင် သွားလှဲနေသည်။ ဂျောင်ဂုသူ့ကိုအသိမပေးတာကြောင့် မဆူချင်ပေမဲ့ ‌ဖျားတဲ့အထိပါဖြစ်နေတော့ ဒေါသက မထိန်းနိုင်တော့။ သူရေချိုးခန်းထဲဝင်လိုက်ပြီး ရေပတ်တိုက်ပေးဖို့ ပြင်ဆင်ခဲ့ပြီး ပြန်ထွက်လာတဲ့အထိ ဂျောင်ဂုက သူ့ကိုလိုက်ကြည့်နေသည်။ သူဂျောင်ဂုကို လျစ်လျှူရှုထားပြီး ဂျောင်ဂုဝတ်ထားတဲ့အင်္ကျီကို သူ့ဟာသူပဲ ချွတ်ပစ်လိုက်သည်။ ဂျောင်ဂုက သူ့လှုပ်ရှားမှုတွေကို မျက်တောင်မခတ်တမ်း ကြည့်နေပြီး သူလုပ်သမျှကို  အလိုက်သင့်နေပေးနေရှာသည်။

" ဦး.. "

ဆော့ဂျင် လုပ်စရာရှိတာလုပ်နေရင်း ဂျောင်ဂုကို လျစ်လျှူရှုထားစဲ..

" ဦးက အဲလိုဖြစ်နေတော့ ကျွန်တော် ပိုပြီး ..စိတ်ဆိုးနေရင်းလည်း ပြောလိုက်ပါ ဘာလို့.. "

" တိတ်တိတ်နေ.. "

လည်ချောင်းနာနေတာကို စကားကိုညစ်ထုတ်ပြောပြီး ငိုချင်နေသေးတာ။ မျက်လုံးတွေကလည်း နီရဲနေတာကို..ဒါပေမဲ့ သူဟောက်လိုက်တော့ မျက်ရည်တွေက တာကျိုးသလို ဆက်တိုက်ကျလာသည်။ အသံမထွက်ဘဲ ငိုနေတာဖြစ်သည်။ သူစိုက်ကြည့်ပြန်တော့ သူ့မျက်ရည်တွေကို ကြိုးစားသုတ်နေရှာပြန်သည်။ သူ့ဒေါသတွေပြေဖို့  မျက်ရည်ဘယ်လောက်ထိ ကျပေးဖို့လိုအုံးမလဲ..မင်းကအရမ်းဆိုးတာပဲ ကိုယ့်ကိုဘယ်လိုအရှုံးပေးအောင်လုပ်ရမလဲ ကောင်းကောင်းသိတယ်.. ဆော့ဂျင် တစိမ့်စိမ့်စီးကျနေသေးတဲ့ မျက်ရည်စီးကြောင်းတွေကို လက်ထဲကတဘက်စိုနဲ့ ဖွဖွသုတ်ပေးလိုက်သည်။

" မငိုနဲ့ မျက်လုံးတွေရောင်လာလိမ့်မယ် ကိုယ့်ကိုစိတ်ဆိုးခွင့်လေးတော့ပေးအုံး "

" ဦးကဂရုမှမစိုက်တာ.. "

" ကိုယ်ဖုန်းခေါ်တော့ မင်းဘာလို့မကိုင်လဲ ကိုယ်သာမလာခဲ့ရင် မင်းဘယ်အထိ ဆိုးရွားနေအုံးမလဲ.. ဒါတွေနောက်မှပြောကြမယ် အဝတ်လဲရအောင်.. "

" ဦး... "

ဆော့ဂျင်ခုတင်ပေါ်က ဆင်းလိုက်ပြီး ဂျောင်ဂုအတွက် သင့်တော်မဲ့အင်္ကျီ ရှာယူလိုက်သည်။

" ဒါလဲလိုက် ပြီးရင်ဆေးသောက်ရမယ် ဘာစားချင်လဲ "

" ဦး... "

" မပြောရင် ဆန်ပြုတ်ပဲပြုတ်လိုက်မယ် "

" ဦး... "

ဆော့ဂျင် ဂျောင်ဂုခေါ်သံတွေကို လျစ်လျှူရှုပြီး အခန်းထဲက ထွက်လာခဲ့သည်။ စိတ်ဆိုးတာတွေ ဒေါသဖြစ်တာတွေက ဘယ်အချိန်လုပ်လုပ်ရတယ် အခုချိန်မှာ ဂျောင်ဂုကအရေးကြီးတာမလို့..

" ဦး.. "

ဆော့ဂျင်ဆန်ပြုတ်ပြုတ်ဖို့ ဆန်ဆေးနေတုန်း ဂျောင်ဂုရောက်လာခဲ့ပြန်သည်။ အသံတိမ်တိမ်လေးနဲ့ သူ့ကိုခေါ်ရင်း နောက်ကနေသိုင်းဖက်လာသည်။ သူထုတ်ပေးထားတဲ့လက်ရှည်အင်္ကျီလေးနဲ့တောင် ကိုယ်ငွေ့နွေးနွေးကို ခံစားနေရတုန်း.. သူ့ပခုံးနားတွင် ရှူထုတ်နေတဲ့ လေငွေ့နွေးနွေးကလည်း ရိုက်ခက်နေလို့ ဆော့ဂျင် ဂျောင်ဂုလက်တွေကို ဖြုတ်ချပြီး မျက်နှာချင်းဆိုင်လိုက်သည်။

" အခန်းထဲမှာသွားနေ... "

" ဦး... ကျွန်တော့်ကိုပစ်မထားပါနဲ့.. ကျွန်တော်လေ.. ကျွန်တော်လေ.. "

" ဘာလို့မပြောတာလဲ ကိုယ့်ကို "

" ဦးသိသွားပြီလား.. "

" ဘာလို့မပြောတာလဲလို့! "

" ဦး... ကျွန်တော့်ကို ကျွန်တော့်ကို စိတ်ဆိုးသွားကြပြီ မောင်းထုတ်တယ်.. ဦး အဲဒါကြောင့် ကျွန်တော့်ကိုပစ်မထားပါနဲ့လို့... အဖေကဆူတယ် အဖေကဆူတယ် "

လူကောင်ကြီးကြီးနဲ့ သူ့ကိုဖက်ကာ အရှိုက်တငင် ငိုပါတော့သည်။ ဥက္ကဌဂျွန်ပြောသလိုပဲ သူ့ကိုအရင်က ဒီလောက်ထိမဆူဖူးတော့ ဝမ်း‌နည်းနေတာဖြစ်မယ်။ တကယ့်ကလေးလေးပါလားကွာ... ဆော့ဂျင်ကျောပြင်ကို ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။ဖျားနေတော့ ပိုလို့တောင် စိတ်အားငယ်နေအုံးမှာကို သူကလည်းလျစ်လျှူရှုပြန်တော့ ပိုဆိုးပေါ့..

" မငိုနဲ့တော့ အဖျားပိုကြီးလာလိမ့်မယ် လာ အခန်းထဲသွားရအောင် "

" ဦးကရော.. "

" ကိုယ်မင်းအတွက် ဆေးသောက်ဖို့လုပ်ရအုံးမယ်လေ လာ .. "

" ဟင့်အင်း.. ဦးအနားမှာပဲနေမှာ "

" ဂျောင်ဂု.. "

" ... "

" ဒါဆိုလည်း ဟိုနားမှာထိုင်နေ ကိုယ်မြန်မြန်လုပ်လိုက်မယ် "

ပေကပ်ကပ်လုပ်နေတဲ့ဂျောင်ဂုကြောင့် သူကသာ တစ်ဆစ်လျှော့လိုက်ရရင်း ဂျောင်ဂုကို ထမင်းစားစားပွဲတွင် နေရာချပေးလိုက်ရသည်။ သူဆန်ပြုတ်တည်ဖို့ သွက်သွက်လုပ်ပြီး ဂျောင်ဂုကို အရှေ့ခန်းဘက်ပြန်ခေါ်လာခဲ့သည်။ အစာစားဆေးသောက်ပြီးတော့ အိပ်စေဖို့ အိပ်ရာထဲခေါ်သွားပေမဲ့ မအိပ်ချင်သေးဘူးဆိုတာကြောင့် ဂျောင်ဂုကို ဆိုဖာပေါ်တွင် စောင်အပါးလေးနဲ့ လှဲ‌စေလိုက်သည်။ ဂျောင်ဂုက သူ့ပေါင်ပေါ်တွင်သာ ခေါင်းအုံးအိပ်ပြီး သူကိုလည်း ထွက်သွားမှာစိုးသည့်အလား သူ့လက်တစ်ဖက်ကို ကိုင်ထားသည်။

" ဦး... ဘယ်မှမသွားနဲ့နော် "

" ကိုယ်ဘယ်မှမသွားဘူး..  ပြောပါအုံး မနေ့ကဘာတွေဖြစ်ခဲ့လဲ "

" အဖေသိသွားတာ.. အဖေက ဦးကိုမှ ဒီလိုလုပ်ရလားဆိုပြီး ဆူတာ.. အရင်က အဲလောက်ထိမဆူဖူးတာကို.. အခုက ကျွန်တော်လည်း အမှားအများကြီးမလုပ်ထားဘဲနဲ့ ဇွတ်ဆူပြီး မေမေလေးကိုလည်း ပြောလိုက်တယ် ကျွန်တော်က အဆင်သင့်မဖြစ်သေးဘူးဆိုတာကို မေမေလေးကိုလည်း ပေးသိတယ် ဘာကအရမ်းအပြစ်ကြီးသွားလို့လဲ ကျွန်တော့်ကိုလည်း မောင်းထုတ်သေးတယ် "

" သူက ကိုယ့်ကိုအားနားပြီး သူ့ကြောင့်ဒီလိုဖြစ်သွားတယ်ထင်နေတာ.. ပြောပါအုံး မင်းမေမေလေးသိသွားတော့ရော မကောင်းဘူးလား တစ်ခါတည်းပေးသိရမှာပဲကို ကြောက်လို့လား "

" ကျွန်တော်မကြောက်ဘူး ဦးပဲပြောထားတယ်မလား ဦးဘက်ကအဆင်သင့်မဖြစ်သေးသ၍ ပေးမသိစေနဲ့အုံးဆို ... ဦး ကျွန်တော်က ဘာအမှားမှမလုပ်ထားလို့လဲ မကြောက်ဘူး ဦးကိုချစ်တာအမှားတစ်ခုမဟုတ်ဘူး တခြားသူတွေက မှားတယ်ထင်နေရင်လည်း ကျွန်တော်အဲဒီအမှားကို ဝန်ခံလိုက်မယ် အဲဒါက အမှား‌ဆိုရင်လည်း ကျွန်တော်ကဆက်မှားနေအုံးမှာပဲ.. "

ဂျောင်ဂုက အသံအက်အက်နဲ့ ဖြည်းဖြည်းချင်း ရှင်းပြရှာသည်။ သူလူတတ်ကလေးလုပ်နေတာ.. ဆော့ဂျင် ပေါင်ပေါ်က ဂျောင်ဂုဆံပင်‌ကို ဖွဖွသပ်ပေးရင်း ဂျောင်ဂုက သူ့ကိုခပ်ဆွေးဆွေးပြန်ကြည့်နေသည်။ ဒီဟာတွေက သူတတ်လွန်းလို့ပြောနေတာမဟုတ်မှန်း သူသိတာပေါ့....

" မင်းအိမ်က ကိုယ်နဲ့သဘောမတူကြရင် ဘယ်လိုလုပ်မလဲ အခုတောင် မင်းအိမ်ကဆင်းခဲ့တာမဟုတ်ဘူးလား "

" ဖွားရှိတယ် ဖွားကကျွန်တော့်ကိုမဆူဘူး ဦးရော.. ဦးရော ကျွန်တော့်ကိုမခေါ်ထားချင်ဘူးလား ဦးက အိမ်ကသဘောမတူရင် ကျွန်တော့်ကို.. "

" ကိုယ်ဘက်က ရှင်းရှင်းလင်းလင်းဖြစ်ပြီးမှ မင်းဘက်ကမဖြစ်နိုင်ဘူးဆိုရင်တော့... "

ဆော့ဂျင် ဂျောင်ဂုကိုနောက်ကြည့်တော့ ဂျောင်ဂုက လျင်လျင်မြန်မြန်ပင် သူ့စကားကို ဖြတ်ပြောလာသည်။

" ကျွန်တော်မပြောဘူး ကျွန်တော့်ဘက်က အမြဲအဆင့်သင့်ပဲ အဖေက အပိုတွေလုပ်နေတာ သူဦးကိုသဘောကျတယ်ပြောပြီး သူက ဦးကိုတောင် သူ့ဆီခေါ်ချင်နေတာကို.. အခုမှ အခုမှ ဘာထဖြစ်မှန်းမသိဘူး မေမေလေးကပဲ စိတ်ဆိုးသင့်တာကို.. ဦး အဖေတို့သဘောမတူရင်လည်း ကျွန်တော်ဦးကိုပဲလက်ထပ်မှာ ဖွားနဲ့အတူ ဦးကိုလာတောင်းမယ် ဦးလက်ခံမှာလားဟင် ဖွားကသဘောတူတယ် ဖွားက အဖေတို့စကားနားမထောင်လည်း ရတယ်တဲ့ နော် နော် ဦး "

ဂျောင်ဂုက သူ့လက်တွေကို စိတ်လှုပ်ရှားသလို လှုပ်ယမ်းရင်း မျက်‌လုံးတောက်တောက်လေးတွေက တောင်းဆိုသလို တဖိတ်ဖိတ်လက်နေသည်။

" မင်းအဖေက ကိုယ့်ကိုသဘောမကျတာတော့မဟုတ်ပါဘူး ဒါပေမဲ့ သူ့သမက်အနေနဲ့ဆိုရင်တော့ အများကြီးစဉ်းစားရအုံးမှာပဲ.. စီနီယာမီရာလည်း အဲလိုပဲပေါ့ ကိုယ့်ကိုတစ်ချိန်လုံး နိုအွန်းယောကျာ်း၊ အွန်းလေအဖေလို့ မြင်ထားတာလေ လက်ခံဖို့ အချိန်တစ်ခုတော့ ယူရအုံးမှာပေါ့ "

" ပြီးတော့ ကိုယ်ကသာ လာတောင်းရမှာပါကွာ ရေနွေးသောက်လိုက်အုံး စကားတွေအများကြီးပြောနေရတာ  လည်ချောင်းအခြေအနေ ပိုဆိုးလာလိမ့်မယ် "

ဆော့ဂျင်ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်တော့ ယူသောက်ပြီး သူ့ပေါင်ပေါ်ပြန်လှဲအိပ်ပြန်သည်။ ဆေးသောက်ပြီး ချွေးထွက်လာတော့ သူချွေးတွေကို လိုက်သုတ်ပေးရပြန်သည်။

" ဦး အဲလိုဆိုတော့ လက်ခံမှာပဲလားဟင် ဦးက အဖေတို့သဘောကိုရော လိုချင်သေးတာလား "

" ကိုယ်က မင်းသဘောပဲလိုချင်တာပါ.. အိပ်အုံးလေ ဆေးသောက်ပြီး တစ်ရေးလောက်အိပ်ပါအုံး ဒါမှအားရှိမှာ ဟင် "

" ဦးကရော.. "

" ကိုယ်ကဘာလဲ "

" ကျွန်တော်အိပ်ရင် ဦးဘာလုပ်မှာလဲ ပြန်မလို့လား "

" မပြန်ပါဘူး ကိုယ်က မင်းကိုတစ်ယောက်တည်းထားခဲ့ရမလား စိတ်ချလက်ချအိပ် ကိုယ်ဒီကနေပဲ ညွှန်ကြားလို့ရတယ် မင်းအိပ်မှ ကိုယ်လုပ်မှာပါ လာ ကိုယ်နဲ့အတူသွားအိပ်ရအောင် "

ဆော့ဂျင် ဂျောင်ဂုကိုချော့ကာ အိပ်ခန်းထဲခေါ်ခဲ့သည်။ အိပ်ခန်းထဲရောက်တော့လည်း ဂျောင်ဂုက သူ့ကိုမလွှတ်..ခေါင်းအုံးပေါ်မှာတောင် မအိပ်ဘဲ သူ့ရင်ဘတ်နား အတင်းကို တိုးကပ်လာအိပ်သည်။

ဆော့ဂျင် ဂျောင်ဂုနဲ့အတူ မှေးခနဲအိပ်ပျော်သွားခဲ့သည်။သူနိုးလာတော့ ဂျောင်ဂုက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီဖြစ်သည်။ ကိုယ်ပူစမ်းကြည့်တော့ ငွေ့ငွေ့လေးနဲ့ အဖျားကရှိနေတုန်း။ တစ်ဖန်ရေပတ်တိုက်ပေးပြန်ရင်း ချွေးစိုနေပြီဖြစ်တဲ့ အင်္ကျီကိုချွတ်ကာ အသစ်ပြန်လဲပေးထားလိုက်သည်။ ပြီးတော့ သူဂျောင်ဂုအိပ်နေတုန်း သိမ်းစရာရှိတာသိမ်းစဲပြီး အလုပ်စလုပ်ရတော့သည်။

အထက်လူကြီး အပြောင်းအလဲရှ်ိတာမလို့ အခုအချိန်က ကုမ္မဏီတွင် အရမ်းအရမ်းကိုမှ အလုပ်များနေရသည်။ သုံး‌လကျော် လေးလလောက်နဲ့ စီအီးအိုနေရာက မသင့်တော်သေးပေမဲ့လည်း အဆင်ပြေသွားမှာပါ။ ဂျူအွန်းက ကြိုးစားရှာပါတယ် ဂျူအွန်းဘက်က အဆင်ပြေလာပြီလို့ သူထင်ရလို့လည်း ဒီနေရာကို သူလွဲဖို့ကြိုးစားလို့ရတာ။ဒါပေမဲ့ သူအများကြီးထောက်ခံပေးရအုံးမှာ။

တင်န်းတောင် တင်န်းတောင်

တံခါးဆီက မြည်လာတာဖြစ်တော့ သူဂျောင်ဂုမနိုးလာခင် တံခါးဆီသို့ အမြန်သွားရသည်။

" စီနီယာ.. "

တံခါးဖွင့်လိုက်တော့ စီနီယာမီရာဖြစ်နေသည်။ စီနီယာက သူ့ကိုမကြည်ကြည့်တစ်ချက်ကြည့်ရင်း အိမ်ထဲဝင်လာသည်။

" သားသားငယ်ရော... "

" ဂျောင်ဂုကအိပ်နေတယ် နေသိပ်မကောင်းလို့.. "

" သားသားက နေမကောင်းဘူး.. "

စီနီယာက အထိတ်တလန့်ဖြစ်သွားပြီး အခန်းထဲအလျင်ဝင်သွားတော့ သူနောက်ကသာ လိုက်ဖို့တတ်နိုင်တော့သည်။ အခန်းထဲရောက်တော့ ဂျောင်ဂုက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတုန်း..စီနီယာက ဂျောင်ဂုကို ကိုယ်ပူတွေစမ်းရင်း မျက်နှာမကောင်းတော့..

" ဘယ်ကတည်းဖြစ်တာလဲ ဆေးတိုက်ရဲ့လား အစာရောဝင်ရဲ့လား အိပ်နေတာကြာပြီလား "

" ဆေးသောက်ပြီးမှ အိပ်ပျော်သွားတာပါ အစားလည်းကောင်းကောင်းစားပါတယ် မနေ့ညကတည်းက ဖြစ်တာလို့ထင်ပါရဲ့ ကျွန်တော်က ဒီမနက်မှသိတာ.. "

" ဟုတ်မှာ မနေ့တည်းက အိမ်ကထွက်သွားတာ သူ့ကိုဆူလိုက်တော့ အရမ်းဝမ်းနည်းသွားရှာမှာ ဘယ်လောက်တောင်ငိုထားမလဲ.. အစားဝင်တာ သေချာရဲ့လား သူကနေမကောင်းရင် အစားရွေးတယ် ပါးစပ်ပျက်ပြီး လည်ချောင်းလည်းနာလာတတ်တယ် ဆန်ပြုတ်တွေ စွပ်ပြုတ်တွေ ကျွေးလို့မရဘူး "

" ကျွန်တော်.. "

ဆော့ဂျင်ဘာပြောရမလဲမသိတော့..သူဆန်ပြုတ်ကို နှစ်ပန်းကန်နီးပါးလောက် ကျွေးထားတာ။ ပထမသူခပ်ပေးလာတဲ့တစ်ပန်းကန်ကို ဂျောင်ဂုက ကောင်းကောင်းစားနေတော့ ထပ်ဝင်လောက်အုံးမယ်ထင်လို့ နောက်ထပ် နည်းနည်းပြန်ခပ်ပေးလိုက်သေးတာ။ ဂျောင်ဂုကလည်း မငြင်းတော့ သူကြိုက်မယ်ပဲထင်လိုက်တာ... တကယ်တော့ ဂျောင်ဂုက သူစိတ်ဆိုးမှာကြောက်ပြီး စားနေတာပဲ... သူအဲတုန်းကလည်း စိတ်ဆိုးနေတုန်းမလို့ တိတ်တဆိတ်စားနေခဲ့တာဖြစ်မယ်.. ကောင်စုတ်လေးက သူ့ကိုအချစ်ပိုရအောင်လုပ်နေတာ..

" အိပ်နေတယ်ဆိုတော့ နေပါစေတော့ ငါတို့စကားခဏပြောရအောင် "

" ဟုတ်ကဲ့ "

ဆော့ဂျင်‌ကိုပြောပြီး စီနီယာမီရာက အရင်ရှေ့ထွက်သွားသည်။ဆော့ဂျင် ဂျောင်ဂုကို စောင်သေချာဖိပေးခဲ့ပြီး ထွက်လာခဲ့သည်။သူထွက်လာတော့ စီနီယာက အိမ်ထဲကို ပတ်ကြည့်နေသည်။

" ငါတို့က ဒီအိမ်ကိုလာလေ့မရှိဘူး ဒါကြောင့် ငါ အခန်းရဲ့လျှို့ဝှက်နံပါတ်တောင်မသိဘူး ဒါနဲ့ မီးဖိုထဲမှာ ဆန်ပြုတ်တွေတွေ့ခဲ့တယ် သားသားငယ်အတွက် လုပ်ထားတာလား "

" ကျွန်တော် သူမကြိုက်မှန်းမသိလိုက်လို့.. "

" မကြိုက်တာတော့မဟုတ်ဘူး နေမကောင်းရင် ဂျီကျပြီးမစားတာ ဘယ်‌လိုကျွေးကျွေးမစားဘူး "

ဆော့ဂျင် သက်ပြင်းမသိမသာချလိုက်သည်။ဒီကောင်လေးတော့ သူ့ကိုအပြစ်ကြီးအောင်လုပ်နေတော့တာပဲ အဲဒီတုန်းက ဂျောင်ဂုသူ့ကို ကြောက်ကြောက်နဲ့စားနေရမှာက တော်တော်သနားဖို့ကောင်းနေပြီ..

" ထိုင်အုံး.. မနေ့က တော်တော်ရှောခ့်ရသွားတယ် တိုက်တိုက်ဆိုင်ဆိုင် မင်းတို့မိသားစုကို အိမ်ကိုဖိတ်တဲ့နေ့မှပဲ... ဆော့ဂျင် ငါကမင်းကို တစ်လျှောက်လုံး နိုအွန်းအမျိုးသားအဖြစ်ပဲ မြင်လာတာ.. နိုအွန်းနဲ့မင်းနဲ့ မချစ်မနှစ်သက်ကြဘဲ လက်ထပ်ထားကြမှန်းတော့ ငါလည်းသိပါတယ် ဒါပေမဲ့ ယောကျာ်းနဲ့မိန်းမ တရားဝင်လက်ထပ်ထားကြမှတော့ တနေ့နေ့ချစ်လာကြမယ်ပဲ ထင်ထားတယ် မင်းအကြောင်းလည်းသိတော့ နိုအွန်းဘယ်‌လောက်ဆိုးဆိုး မင်းကအေးတော့ သည်းခံရင်း တစ်ချိန်ချိန်မှာ ပြေလည်သွားကြမယ်ထင်ထားတာ... မင်းသိမလားတော့မသိပေမဲ့ နိုအွန်းက... ထားပါတော့ သူ့အကြောင်းနဲ့သူ ဖြစ်လာကြပြီပဲ... "

" အရင်ထဲက သားသားက ငါ့ကို ခဏခဏ အရိပ်အမြွက်တွေ ထုတ်ထုတ်ပြတယ် ငါကမထင်ထားတာ  မင်းလို့တစ်ခါမှမတွေးထားခဲ့တာ.. ဒီမတိုင်ခင်လည်း သားသားက ငါ့ကို သူ့အကြောင်း အရိပ်အမြွက်ပြောပြခဲ့သေးတာ... သူသာ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်နဲ့ ကြိုက်နေတယ်ဆို ငါတို့နားလည်ပေးနိုင်မလားပေါ့... ငါကလေ ကလေးကိုချစ်တယ်ချစ်တယ်ဆိုပြီး ဘာတစ်ခုမှမရိပ်မိခဲ့ဘူး သူဘယ်လောက်ဝမ်းနည်းနေမလဲငါသူ့ဘက်ကိုမကြည့်ခဲ့ဘူး ငါလည်း တကယ်ထူပူသွားခဲ့တာပါ..အရင်ကဆို သားသားဘယ်လောက်အဆူခံရပါစေ ငါကသူ့ဘက်ကနေခဲ့တာ သားသားဘယ်လောက်ဆိုးနေပါစေ ငါကသားဘက်ကပဲ နေခဲ့တာ အဲဒါတွေကြောင့် သားသားက တခုခုဆို ငါ့ကိုပဲရှာတာ ငါ့ကိုပဲ ပွင့်ပွင့်လင်းလင်းတိုင်ပင်တာ သားသားက နောက်ဆို ငါ့ကိုတောင် အားကိုးတော့မှာမဟုတ်ဘူး သူငါ့ကို တော်တော်ကြီးစိတ်ပျက်သွားတော့မှာ ဆော့ဂျင် "

" မဟုတ်ပါဘူး သူဝမ်းနည်းနေခဲ့တာ မှန်ပါတယ် သူ့ကိုနားမလည်ပေးနိုင်ကြလို့ သူအများကြီးဝမ်းနည်းနေခဲ့တာပါ ဒါပေမဲ့ သူဘယ်သူ့ကိုမှ စိတ်ပျက်ကြောင်းမပြောပါဘူး သူ့အမှားလို့ပဲ ထင်ပြီး သူ့ကိုယ်သူပဲ အပြစ်တင်နေခဲ့တာပါ "

" ငါ့ကလေးက အရမ်းလိမ္မာတာပဲမလား သူငါ့ကို သူ့အမေလိုပဲ သဘောထား တိုင်ပင်ခဲ့တာ ငါလေ ငါလေ မနေ့ကအချိန်ကို ပြန်သွားလို့ရရင် သားသားကိုဖက်ထားချင်လိုက်တာ ငါအတ္တကြီးသွားလို့ သားကို စိတ်ဒဏ်ရာတွေပါ ပေးမိတော့မလို့.. "

စီနီယာက မနေ့ကအကြောင်းတွေးရင်း တော်တော်ဝမ်းနည်းလာခဲ့သည်။ ဂျောင်ဂုအရမ်းကိုမှ ကံကောင်းသည်။ စီနီယာမီရာလို၊ဥက္ကဌဂျွန်လိုမိဘမျိုးဆီမှာ မွေးဖွားခဲ့ရလို့.. ဒီလိုအထိမခံတဲ့ကလေးကို သူအရင်က အများကြီးပစ်ပစ်ခါခါလုပ်ခဲ့တာပဲ...

" ဆော့ဂျင်.. ငါ့ကလေးကို မင်းဆီအပ်ပါတယ် မင်းသေချာစောင့်ရှောက်ပါ ငါ့ကလေးကို အခုထိငါနှမြောနေမိတုန်းပဲ ငါလေ မင်းကို ဒီလိုတွေမှာရမယ်လို့ ထင်တောင်မထင်ထားဘူး အမြဲနိုအွန်းကိုသာ မှာနေခဲ့တာ ဟိုလိုလုပ် ဒီလိုလုပ်ဆိုတာ သူ့ကိုပဲ သင်ကြားနေခဲ့တာ အခုတော့ ငါလည်းအတ္တကြီးတယ် ငါ့ကလေးကိုပဲ ပိုဂရုစိုက်ပါ လုပ်ရမဲ့ဟာကို ပြတ်ပြတ်သားသားလုပ်ပြီးရင် သားသားကိုပဲ မင်းစိတ်အလုံးစုံကို ပုံအပ်ထားပါ ငါမင်းကိုမကြည်တာနဲ့ ငါ့သားကို ငါပြန်သိမ်းသွားမှာ "

" စီနီယာစိတ်ချထားလို့ရပါတယ် ကျွန်တော်လည်း အခုလိုအခြေအနေမျိုးမှာ ပေးသိလိုက်ရလို့ အများကြီးအားနာရပါတယ် ကျွန်တော့်ဘက်က ဒီထက်ပိုကောင်းတဲ့ အခြေအနေကို စောင့်နေပေမဲ့ မထင်မှတ်ထားပဲ အသိပေးလိုက်ရသလိုဖြစ်သွားတယ် ကျွန်တော် ကျွန်တော့်ကိစ္စတွေကို သေချာအဆုံးသတ်ပြီးသွားမှ စီနီယာတို့ကို မျက်နှာလာပြပါ့မယ် "

__________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories