ep35
15:43, 7 March 2024" ဂျွန်ဂျောင်ဂု ငါမင်းကိုဘာလို့ခေါ်လဲသိလား "
" ဘယ်လိုသိမှာလဲ အဖေပြောလေ အဖေပြောဖို့ခေါ်တာမဟုတ်ဘူးလား "
သူပဲ သူ့ကိုဦးတို့ပြန်တာနဲ့ အပေါ်တက်ခဲ့ဖို့ ခေါ်ပြီးတော့.. သူတောင် ဦးကိုကောင်းကောင်းပြန်မပို့လိုက်ရဘူး သူ့ကိုအပေါ်လိုက်ခဲ့ဖို့ပြောခဲ့ပြီး..
" ဟုတ်တယ် မင်းကိုပြောစရာရှိလို့ မင်းနဲ့ဆော့ဂျင်အကြောင်း မင်းကောင်လေးဆိုတာ ဆော့ဂျင်လား "
" အဖေဘယ်လိုသိသွားတာလဲ "
သူမျက်လုံးပြူးသွားသည်။
" ဘယ်လိုသိသွားတာလဲဟုတ်လား မင်းက သိုဝှက်ပြီးနေလို့လား မသိရအောင်က အဲတော့ ဟုတ်တယ်ပေါ့လေ မင်းဘာတွေလျှောက်လုပ်နေတာလဲကွာ ငါဆော့ဂျင်နဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ "
" အဖေနဲ့ဘာလို့ဆိုင်ရမှာလဲ ခုနကတောင် အဖေတို့ဆိုင်နေကြသေးတာပဲမလား ဟွန့် "
" ဟေ့ကောင် ပေါ့ပျက်ပျက်လုပ်မနေနဲ့ ငါချယ်ရင်းတို့ကို ဘယ်လိုမျက်နှာပြရမလဲ မင်းလုပ်ပုံက ကောင်းသေးရဲ့လား သူတို့အဆင်ပြေနေတဲ့အိမ်ထောင်ရေးကို မင်းဘာတွေသွားနှောက်ယှက်ထားတာလဲ ဂျွန်ဂျောင်ဂု ငါမင်းကို အလိုလိုက်တယ်ဆိုတာ အတိုင်းအတာတစ်ခုထိပဲနော် မင်းကိုလွှတ်ထားလို့မဖြစ်တော့ဘူး.. မင်းဒီလောက်ထိ လျှောက်လုပ်နေမယ်လို့ ငါမထင်ထားခဲ့ဘူး "
" လျှောက်လုပ်နေတာမဟုတ်ဘူး အတည် အိမ်ထောင်ရေးအဆင်ပြေတယ်လို့ ဘယ်သူပြောလဲ ဦးက မကြာခင်မှာပဲ ကွာရှင်းတော့မှာ သူလည်းရှင်းမှာနေရတာမပျော်ဘူး ကျေးဇူးတရားဆိုတာတွေကြောင့် သူအဲမှာရှိနေခဲ့တာ ဦးလည်း အချိန်တစ်ခုထိ တာဝန်ကျေခဲ့ပြီးပြီပဲ လွှတ်မြောက်သင့်ပြီမဟုတ်ဘူးလား "
" ငါသူ့အကြောင်းပြောနေတာမဟုတ်ဘူး ဖြစ်လာမဲ့နောက်ဆက်တွဲပြဿနာတွေအကြောင်း မင်းမတွေးဘူးလား မတွေးထားဘူးမလား မင်းမေမေလေးနဲ့ မင်းဖွားကို ဘယ်လိုပြောပြမလဲ မင်းဆော့ဂျင်ကို ဘယ်ကတည်းက လိုက်နှောင့်ယှက်နေခဲ့တာလဲ .. ငါပေါ့တာ.. ငါကိုကပေါ့ဆတာ မင်းကို ဆော့ဂျင်ဆီလွှတ်လိုက်ကတည်းက မှားသွားတာ "
" အဲဒါ ကျွန်တော်တမင်လုပ်ခဲ့တာ.. ဦးနဲ့နီးစပ်အောင်လို့ တမင်အလုပ်ဝင်ပြီး အဲအိမ်မှာကပ်နေခဲ့တာ... မေမေလေးနဲ့ဖွားကိုလည်း သေချာပြောပြမှာပါ ကျွန်တော်တကယ်ချစ်တဲ့သူပဲ သူတို့လက်ခံပေးရမှာမဟုတ်ဘူးလား "
" မင်းလွယ်လွယ်မပြောနဲ့ဂျောင်ဂု မင်းကိုအလိုလိုက်တယ်ဆိုတာ သူ့နေရာနဲ့သူပဲ ဆော့ဂျင်က တခြားလူမဟုတ်ဘူး ဆော့ဂျင်ကို သူတို့ဘယ်လိုမြေးသမက်အဖြစ် လက်ခံရမှာလဲ ငါတို့ရှင်းမိသားစုကို ဘယ်လိုမျက်နှာပြရမလဲ မင်းလုပ်ပုံကို မင်းပြန်စဉ်းစားဖူးလား မင်းမစဉ်းစားဖူးဘူး မစဉ်းစားလို့ဘဲ ဒီလိုအဖြစ်တွေဖြစ်လာခဲ့တာ "
" ဘယ်လောက်ထိစဉ်းစားရအုံးမှာလဲ စဉ်းစားလို့ပဲ အခုထိငြိမ်နေလာပေးတာလေ ဦးကကွာရှင်းတော့မှာ ရှင်းကနေလည်း ထွက်လာတော့မှာဘာကပြဿနာလဲ အဖေရှင်းကို မျက်နှာမပြရဲတာက ပြဿနာလား "
" မင်း!!! ထွက်သွား သွား လုပ်ချင်ရာလုပ်တော့ မင်းလုပ်ချင်ရာသာလုပ်တော့ "
" အစ်ကို ဘာတွေဖြစ်နေကြတာလဲ.. ဘာလို့ဆူနေတာလဲ လက်ပါတယ် သားသားကို ရိုက်ထားတာလားအစ်ကိုက "
" မဟုတ်ပါဘူး ဒါကျွန်တော့်ဟာကျွန်တော် ခိုက်မိထားတာပါ မေမေလေးဘာလို့ဝင်လာတာလဲ "
" ငါချောင်းနားမထောင်နေရင် သားကိုဒီလိုလုပ်နေတယ်ဆိုတာ သိတောင်သိမှာမဟုတ်ရဘူး ဘာကိစ္စမလို့ ကလေးကို ဒီလောက်ထိ အော်ဆုံးမနေရတာလဲ.. ကျွန်မကိုပြော ကျွန်မလည်းသိချင်တယ် "
" ကျွန်တော်ဘာမှမဖြစ်ဘူးမေမေလေး သွားရအောင် .. အဖေနဲ့ နောက်မှ အေးအေးဆေးဆေးပြန်ပြောမယ် အဖေ "
" မသွားဘူး အစ်ကို ဘာလို့ကလေးကို ဒီလောက်ဆူနေရတာလဲ ရာရာ့ကို ကလေးအမေလို့ သတ်မှတ်ရင် ပြောပြပါ မှားနေရင် ရာရာလည်းဆူမယ် အစ်ကို ပြောလေ! "
" မေမေလေး.. "
" ပြောလိုက်လေ ဘာအခုမှ တွန့်ဆုတ်သွားတာလဲ "
" အဖေ.. "
သူအဖေ့ကို ဆက်မပြောစေချင်၍ တားလိုက်သည်။ သူမပြောချင်သေးတာတော့မဟုတ်ဘူး ဒါပေမဲ့ အခုက အချိန်အခါကောင်းမဟုတ်ဘူးလေ။ ခုနတင် ဦးတို့မိသားစုက ပြန်သွားတဲ့ဟာကို..
" မင်းသားက ငါပြောသလိုပဲ အိမ်ထောင်သည်တစ်ယောက်နဲ့ ကြိုက်နေတယ် အဲဒီသူကလည်း တခြားသူမဟုတ်ဘူး ဆော့ဂျင်.. ဆော့ဂျင်မလို့ ငါဒီလောက်ထိဆုံးမနေတာပေါ့ ငါမဆုံးမရဘူးလား "
" သားသားငယ်.. "
ထင်တဲ့အတိုင်း မေမေလေးက အရမ်းကိုမှ ရှော့ခ်ရသွားခဲ့သည်။သူ့ကို မယုံကြည်နိုင်တဲ့အကြည့်တွေဖြင့် တိုးညင်းစွာ ခေါ်လာခဲ့သည်။ဒီအချိန်ရောက်လာမှတော့လည်း သူဖွင့်ပြောလိုက်ရုံသာ ရှိတော့သည်။
" တောင်းပန်ပါတယ် အဖေပြောတာ အမှန်တွေပဲ ကျွန်တော်ဦးကိုချစ်တယ် မေမေလေး တကယ်ချစ်တာမလို့.. "
" သားသားငယ်! "
" မင်းသားလေအဲမှာ အလိုလိုက်ပါအုံး တစ်အိမ်လုံးမျက်နှာ အိုးမဲသုတ်ချင်နေတဲ့ကောင် ဆုံးမတော့လေ သူများအိမ်ထောင်ကို ဖျက်လို့ဖျက်ဆီးလုပ်နေတဲ့ကောင်ကို "
အဖေဘာလို့သူ့ကိုအဲလောက်ဆူနေမှန်း သူမသိတော့ဘူး။သူထင်တာ အဖေကတော့ သူ့ကိုနားလည်ပေးမယ်ထင်ထားတာ။ ဖွားနဲ့မေမေလေးကိုပဲ သေချာရှင်းပြရမယ် ထင်ထားတာ။ အခုအဖေက သူ့ကိုဘယ်လိုဖြစ်စေချင်နေတာလဲသူမသိတော့ဘူး။
" သားသား "
မေမေလေးက အခုထိ သူ့အားပြောစရာစကားရှာမရသေး။ သူ့အားတဖွဖွခေါ်ရင်းသာ ခေါင်းခါယမ်းနေသည်။
" အဖေပြောတာအမှန်တွေချည်းပဲ ဒါပေမဲ့ ဘယ်လိုပြောပြော နောက်ဆုတ်မှာမဟုတ်လို့ အပြစ်တင်ချင်လည်းရတယ် ဆုံးမချင်လည်းရတယ် ကျွန်တော်နောက်ဆုတ်မှာတော့မဟုတ်ဘူး "
" ဒါဆိုထွက်သွားလိုက်လေ ထွက်သွားလိုက် ငါတို့ကိုလူရာမသွင်းဘဲ ဘာလို့ဒီမှာရှိနေသေးလဲ မင်းလုပ်ချင်ရာလုပ်! လုပ်ချင်ရာလုပ်!! "
အရုပ်ကြိုးပြတ်ဖြစ်သွားတဲ့မေမေလေးနဲ့ လက်တပြင်ပြင်ဖြစ်နေတဲ့အဖေ့ကို သူကျောခိုင်းခဲ့လိုက်သည်။ သူအခု တကယ်အရမ်းဝမ်းနည်းနေတာဖြစ်သည်။ အဖေသူ့ကို ဒီလောက်ထိခါးခါးသီးသီးဖြစ်သွားလိမ့်မယ် မထင်ထားဘူး။ မေမေလေးကိုတော့ ဒီလောက်တုံ့ပြန့်လိမ့်မယ်မှန်းထားပေမဲ့ အဖေ့ကိုတော့ သူမထင်ထားခဲ့ဘူး။
" အစ်ကို အစ်ကို သားသားကလေ... မယုံနိုင်ခဲ့ဘူး မယုံနိုင်သေးဘူး.. သားကို လူတွေဘယ်လိုပြောကြမလဲ ကျွန်မတို့သားကို တခြားသူတွေ အထင်အမြင်သေးကြရင် ဘယ်လိုလုပ်ကြမလဲ သားသားကို သူများအိမ်ထောင်ရေးဝင်ဖျက်ဆီးတဲ့သူလို့ ထင်သွားကြရင် ဘယ်လိုလုပ်မလဲ အစ်ကို အစ်ကိုတခုခုလုပ်ပါအုံး.. သားသားက .. သားသားက အစ်ကို... သားသားက.. "
ဂျောင်ဂု မေမေလေးငိုသံကြောင့် သူပါလိုက်ငိုမိတော့သည်။သူတံခါးတွင်မှီလျက် ငိုနေမိတော့ သူနားတွင် ခြေထောက်တစ်စုံ ခပ်ဖြည်းဖြည်းချဥ်းကပ်လာခဲ့တော့ သူမော့ကြည့်မိသည်။
" ဖွား.. "
ဖွားက သူ့ကိုလက်ကမ်းကြိုနေ၍ သူစဉ်းစားမနေတော့ဘဲ တိုးဝင်မိသည်။ ဖွားကိုတိုင်တန်းရင်း ငိုလိုက်ချင်ပေမဲ့ သူ့လည်ချောင်းက စို့နင့်လာပြီး အသံထွက်မလာခဲ့။
" ဖွားမြေးတောင် အရွယ်ရောက်နေပြီပဲ ဖွားလက်နဲ့တောင် မဆန့်ချင်တော့ဘူး "
" ဖွား.. ကျွန်တော်စိတ်ဆိုးအောင်လုပ်မိပြီ အဖေနဲ့အမေကို... ဖွား.. ကျွန်တော်လေ ကျွန်တော်.. "
" အိုး.. တိတ်ပါ မြေးလေးရယ် တိတ်ပါကွယ် မိဘဆိုတာ စိတ်ဆိုးလည်းခဏပဲ ဖွားကူပြောပေးမယ် သူတို့သာဖွားစကားနားမထောင်ရင် မြေးလည်း သူတို့စကားနားမထောင်နဲ့တော့ "
" ဖွား.. "
" အိုး.. တိတ်ပါဆို ဟိုမြေးလေးပြောသလိုပဲ ကလေးပဲရှိသေးတာကိုး မြေးက.. "
" ဖွားကိုကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဖွားတို့ သားကြောင့် အရှက်ရရတယ်ဆိုရင်လည်း သားတောင်းပန်ပါတယ် "
" ဒီအဖွားကြီးက အရှက်ရလည်း ဘယ်လောက်နေရတော့မှာမလို့လဲ ငါ့မြေးတောင် အရှက်ရမယ်ဆို ဖွားကလည်း အတူခံပေးရမှာပေါ့ မငိုပါနဲ့တော့မြေးရယ် မြေးအဖေတွေကမှ အရှက်ရရမှာ သူတို့ ဒီကလေးလေးဖြစ်ချင်တာကို မလိုက်လျောနိုင်ကြဘူး ဘာကသူတို့အတွက် အရေးကြီးနေတာလဲ ဖွားဆူလိုက်မယ် တိတ်ပါကွယ် "
" ဖွား... "
" ဟုတ်ပါပြီကွယ် တိတ်ပါကွယ်မြေးလေးရယ် "
......
" အမေ ဒါလိုက်လျောပေးရမဲ့ ကိစ္စမှမဟုတ်တာ အမေကို ဒီကောင်ဘယ်လိုတွေ လာချွဲသွားလဲမသိပေမဲ့ ကျွန်တော်အလိုမလိုက်နိုင်ဘူး ဒီကိစ္စမှာ.. "
" ညည်းတို့ကို ငါကခွင့်တောင်းနေတာမဟုတ်ဘူး ငါ့မြေးကို ငါက ငါ့သိက္ခာ၊အရှက်တွေနဲ့လည်း လဲပြီး အကုန်ချစ်တယ် ညည်းတို့လို ဟန်ပြမဟုတ်ဘူး .. မိရာရာ ညည်းအခုတော့ အသံတိတ်နေပါလား "
" မေ သားသားက ငယ်သေးတယ် ငယ်သေးလို့မှားတာလည်း ဖြစ်နိုင်တယ် ဒါကြောင့် ဒီတစ်ခေါက်သားဆန္ဒကို ရှေ့တန်းမတင်စေချင်ဘူး "
" ဟုတ်တယ် ခွင့်ပြုလိုက်ရင် အားလုံးမျက်နှာပျက်စရာတွေဖြစ်ကုန်လိမ့်မယ် သူကမစဉ်းစားတတ်ပေမဲ့ ကျွန်တော်တို့က စဉ်းစားရမယ် "
" အခုဘာကပြဿနာလဲ ညည်းတို့က "
" အမေ ကျွန်တော်ကတခြားသူဆို ဘာမှပြောနေမှာမဟုတ်ဘူး.. အခုက ရှင်းကတဲ့ ရှင်းက .. ကျွန်တော်တို့မျက်နှာပျက်စရာတွေ ဖြစ်လာလိမ့်မယ် ဘယ်လိုပဲ အရှုပ်အရှင်းကင်းသွားတယ်ဆိုရင်တောင် မျက်နှာပျက်စရာပါ "
" ညည်းကရော "
" မလိုက်လို့ပါ .. သားသားက ငယ်သေးတာကို ဘယ်လိုမှသဘောမတူနိုင်ဘူး "
" ငါ့သားအကြောင်းပြချက်ကို ငါလက်ခံလို့ရသေးတယ် .. မိရာရာ နင့်တုန်းကရော နင့်တုန်းကရော လိုက်ဖက်တယ်ထင်နေလို့လား ငါ့မြေးကမှ တော်သေးတယ် ငါ့မြေးကောင်လေးက သူနဲ့မှပဲ ပထမဦးဆုံးတဲ့ ကလေးကလည်း သူ့ကလေးမဟုတ်ဘူး မြေးနဲ့ကြမှ ချစ်ဖူးခဲ့တာမလို့ သူကမြေးနဲ့ထပ်အခြေချဖို့ ဆုံးဖြတ်လိုက်တာတဲ့ ငါကတော့ ဘယ်သူတွေဘယ်ကတွေမသိဘူး မြေးသဘောကျရင် ပြီးတာပဲ ငါမသေခင်အထိတော့ ငါ့မြေးကို စိတ်တိုင်းကျထားသွားမှာပဲ "
" အမေ! အဲကောင်ပြောတိုင်း အမေနားယောင်မနေပါနဲ့ ဒါအလိုလိုက်စရာကိစ္စမှမဟုတ်တာ.. "
" ညည်းတို့က ငါ့မြေးကိုတကယ်မချစ်ဘူး ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ကြတယ် မြေးဘယ်လောက်ဝမ်းနည်းနေလဲ ညည်းတို့မသိဘူး ငါ့မြေးက သူ့အမှားပါဆိုပြီး တတွတ်တွတ်တောင်းပန်နေရှာတာ နင်တို့ကို "
" အခု အခုရောဘယ်မလဲဟင် ရာရာတွေ့ချင်တယ် "
" ညည်းတို့ပဲမောင်းထုတ်ပြီး ဘာလို့အခုမှတွေ့ချင်နေကြတာလဲ "
" အစ်ကို အစ်ကိုရယ် လုပ်ပါအုံး သားသားစိတ်ဆိုးပြီး ထွက်သွားပြီထင်တယ် "
" နေစမ်းပါရာရာ,ရာ သူကလေးမဟုတ်တော့ဘူး လွှတ်ထားလိုက်စမ်းပါ အိမ်ကမထွက်ဖူးတာလည်း မဟုတ်ဘဲနဲ့ "
" မလွှတ်ထားနိုင်ဘူး စိတ်ဆိုးပြီးလျှောက်လုပ်နေရင် ဘယ်လိုလုပ်မလဲ အစ်ကိုမောင်းထုတ်တာ သားသားတခုခုဖြစ်ရင် အစ်ကို့ကြောင့်ပဲ "
" ဘာမှဖြစ်မှာမဟုတ်ဘူး သူငါတို့သဘောမတူသေးဘဲ ဘာမှလုပ်မှာမဟုတ်ဘူး လွှတ်ထားလိုက် တခုခုဆို ဆော့ဂျင်ရှိနေတာပဲ "
" အစ်ကိုပဲသဘောမတူဘူးဆို "
" သဘောမတူလည်း နိုင်မှာမှမဟုတ်တာ သူ့ကိုလွယ်လွယ်နဲ့ခွင့်မပြုချင်လို့.. ဆော့ဂျင်ကတောင် ဒီလိုဆုံးဖြတ်ထားတယ်ဆိုမှတော့ ငါသူ့ကိုယုံတယ် ဆော့ဂျင်ကိုယုံတယ် သူက ငါတို့သားကို ကောင်းကောင်းကိုင်တွယ်နိုင်တယ် ပြီးတော့ တခြားကောင်ဖြစ်မနေတော့လည်း နည်းနည်းစိတ်သက်သာရတာပဲမလား ဒါကြောင့် သူတို့ကို အခွင့်အရေးပေးကြည့်ရအောင် ကိုယ်တို့မျက်နှာပျက်ရလည်း ဒါကိုယ်တို့သားပဲလေ ကိုယ်တို့မှသူ့ဘက်ရှိမနေပေးရင် အမေပြောသလိုပဲ သားလည်းအားငယ်နေရှာမှာ "
" ဟုတ်တယ် မြေးအရှေ့မှာ အကြာကြီးငိုနေခဲ့တာ ညည်းတိုကိုလည်း တောင်းပန်တယ်ပဲ တတွတ်တွတ်ပြောနေခဲ့တာ ငါ့မြေးကို ငါမကြည့်ရက်ဘူး ညည်းတို့မလိုချင်ရင် မပတ်သက်ကြနဲ့ ငါတော့ငါ့မြေးရှိရင် ငါနေနိုင်တယ် "
" ရာရာလည်း ထူပူသွားလို့ပါ သားကငယ်သေးတော့ နှမြောမိတာလည်းပါတယ် "
" ဒီကောင်က ငယ်သာငယ်တာ ဇမသေးဘူးဘဲ ဆော့ဂျင်ကိုတောင် ရအောင်လိုက်နိုင်ခဲ့တယ် ဒါကြောင့်ပြောတာပေါ့ သူ့ကောင်လေးက အရမ်းတော်တယ်တွေ အာမခံနေတာ ဒီကောင်တော့ "
" အစ်ကိုကြိတ်ပျော်နေတာမလား ဆော့ဂျင်ဖြစ်နေလို့ "
" ပေါက်ပေါက်ရှာရှာကွာ ပျော်စရာလား ငါမျက်နှာပူနေရတာကွ "
" ဟွင့် အစ်ကို့အကြောင်း မသိရင်ခက်မယ် သားသားနောက်ကို လိုက်ကြည့်ထားအုံး "
" အေးပါကွာ ကြည့်ထားပါ့မယ် ဒီလောက်ပဲစိတ်ဖြေတော့ အဆိုးထဲကအကောင်းပဲ မှတ်ပါတော့ ဆော့ဂျင်က လူကောင်းတစ်ယောက်ပါ သူဒီလေးနှစ်အတွင်း ရှင်းအတွက် အများကြီးတာဝန်ကျေသိတတ်ခဲ့တာပဲ အခုလည်း သူကိုယ်တို့သားကို တကယ်ချစ်သွားလို့ သူရှင်းကနေထွက်တဲ့အထိ ဖြစ်လာတာပေါ့ နောက်ဆုံးတော့ သူရှင်းကထွက်လာချင်တာ ငါတို့သားကြောင့်ပေါ့.. ဒီကောင်ဘယ်ဆိုးလို့လဲ ဆော့ဂျင်လိုလူကို အရည်ပျော်အောင်လုပ်နိုင်သားပဲ "
" အစ်ကိုနော်! ရာရာမျက်ရည်တောင်မခြောက်သေးဘူး အစ်ကိုကပျော်နေပြီ ရာရာမှာတော့ နိုအွန်းနဲ့တွေ့ရမှာကို မျက်နှာပူနေပြီ "
" အဲလောက်လည်း မတွေးပါနဲ့ သူတို့က တာဝန်ယူမှုတစ်ခုလို လက်ထပ်ခဲ့ကြတာပဲ ဖြည့်တွေး ဖြည့်တွေး "
ရာရာကတော့ ခေါင်းသာယမ်းနေမိသည်။ နိုအွန်းက အဲလိုမဟုတ်တော့တာ သူသိတာပေါ့.. ကူးကူးကလည်း သူ့ကိုဒီကြားထဲ အရိပ်အမြွက်တွေအများကြီးပေးခဲ့သေးသည်။ သူမအရင်ကအကြောင်းတွေ ဆက်စပ်တွေးရင်း ခေါင်းထဲအတွေးပေါင်းစုံ ပြေးလွှားနေကုန်တော့သည်။
......................................
ဆော့ဂျင် ဂျောင်ဂုဖုန်းကိုခေါ်ရင်း ကားကို ဦးတည်ချက်ပြောင်းလိုက်သည်။ ရုံးကိုဦးတည်နေတဲ့ကားက ဝင်လာတဲ့ဖုန်းကောလ်တစ်ခုကြောင့် တည်နေရာပြောင်းသွားရသည်။ ဂျောင်ဂုမနေ့က အိမ်ကထွက်သွားပြီး ပြန်မလာခဲ့သလို ဒီမနက်မှာတော့ ရုံးကိုလည်း ရောက်မလာဘူးတဲ့။ သူအဖြစ်အပျက်ကို မေးကြည့်မိတော့ ဥက္ကဌဂျွန်က သက်ပြင်းတစ်ချက်ချရင်း အကုန်ပြောပြလာသည်။
" တကယ်တော့ ငါရိပ်မိလိုက်တာဆော့ဂျင် မင်းတို့က ကောင်းကောင်းမသိုဝှက်နိုင်တော့ မင်းတို့အသိမပေးလာခင် ငါသိသွားခဲ့ပြီ "
" ဒီအတောအတွင်း ငါ့သားမင်းကို အများကြီးဒုက္ခပေးခဲ့မှာပဲ ... ငါမသိခဲ့ဘူး ငါတကယ်မသိခဲ့လို့ သူ့ကိုမင်းဆီလွှတ်လိုက်မိတာပါ ငါသူ့ကိုအလိုမလိုက်ခဲ့သင့်ဘူး "
" တောင်းပန်ပါတယ်ဥက္ကဌဂျွန် ... ဒါပေမဲ့ ဂျောင်ဂုက ကျွန်တော့်အတွက် ဒုက္ခမဟုတ်ခဲ့ပါဘူး ကျွန်တော်ကပဲ ဥက္ကဌတို့သားမှန်းသိသိလျက်နဲ့ ဆက်တိုးခဲ့မိတာပါ ကျွန်တော်ကအကြီးဖြစ်ပြီး ရပ်တန့်ဖို့မကြိုးစားနိုင်ခဲ့ဘူး "
" မင်းအဲလိုပြောနေပေမဲ့ ငါသိတယ် မင်းအများကြီးခက်ခဲခဲ့ရမှာ... ဆော့ဂျင် ငါ့အမှားတွေ အများကြီးပါတယ် ငါသူ့ကို မနေ့ကဆူလိုက်မိတယ်ဆိုတာ မင်းကိုတွေးမိသွားလို့.. မင်းကလူကောင်းတစ်ယောက်ဆိုတာ ငါကောင်းကောင်းသိပါတယ် ငါ့သားမှ မစလာခဲ့ရင် ဘာမှဖြစ်လာဖို့ရှိမှာမဟုတ်ဘူး ငါကောင်းကောင်းသိတယ် ငါသိလို့သူ့ကိုဖိပြောလိုက်မိတာ ငါသူ့ကို ဒီလောက်ထိပြင်းပြင်းထန်ထန် မဆူဖူးတော့ သူလန့်သွားတယ်ထင်တယ် ငါမဆူလို့လည်းမရဘူး ငါမဆူရင် သူ့အဖွားနဲ့အမေက ပိုဆိုးမှာငါဆူလိုက်မှ သူတို့ကပျော့သွားပြီ။ သူတို့ကလေးကို သနားပြီး ပျော့သွားကြတာ သူ့မေမေလေးတစ်ယောက်ပဲ စိတ်ကောက်မပြေသေးတာ.. မင်းလည်းသိပါတယ် မင်းစီနီယာအကြောင်း သူကခဏရယ်.. အခုတောင် ငါ့ကိုသူ့သားကို လိုက်ရှာခိုင်းနေလို့ ငါမင်းဆီဆက်လိုက်တာ.. ဆော့ဂျင် ဂျောင်ဂုကိုမင်းလက်ထဲအပ်တယ်ဆိုတာ ငါမင်းကိုယုံတာမလို့ ငါ့သားကိုစိတ်ချတယ် မင်းမလို့ ငါနှစ်ခါပြန်စဉ်းစားခဲ့တာ ဆော့ဂျင် မင်းကိစ္စတွေကို သေချာရှင်းလင်းလာခဲ့ ပြီးရင် သားနဲ့လက်တွဲပါ "
" ဥက္ကဌဂျွန်.. နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ကျွန်တော်ဥက္ကဌသားကို အများကြီးဂရုစိုက်ပါ့မယ် ကျေးဇူးတင်ပါတယ် မပြည့်စုံသေးတဲ့ကျွန်တော့်ကို သေချာနားလည်ပေးလို့.. ဂျောင်ဂုကိုလည်း ကျွန်တော့်လက်ထဲယုံယုံကြည်ကြည်ထည့်ပေးလို့ ကျေးဇူးတင်ပါတယ် ကျွန်တော်တစ်ရက်ကျမှ စီနီယာ့ကို သေချာလာတွေ့ပါ့မယ်လို့ပြောပေးပါအုံး "
ဆော့ဂျင် ဥက္ကဌဂျွန်ဖုန်းချသွားတာနဲ့ သူဂျောင်ဂုကို တန်းဖုန်းခေါ်လိုက်သည်။ ကားကိုလည်း ဂျောင်ဂုတိုက်ခန်းရှိရာသို့ ပြန်ကွေ့လိုက်သည်။ မနေ့တုန်းကကတည်းနဲ့ ဖြစ်တဲ့ကိစ္စကို သူ့ကိုနည်းနည်းလေးတောင် အသိမပေးတဲ့ဂျောင်ဂုကို စိတ်ဆိုးချင်မိသည်။ ဥက္ကဌဂျွန်သာ သူ့ကိုအသိမပေးခဲ့ရင် သူဘယ်အချိန်ကြမှ သိရမှာလဲ။
__________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



