Fanfics

ep34

15:34, 6 March 2024

ထမင်းစားဝိုင်းတွင် ဦးတို့မိသားစုက တစ်ခြမ်းထိုင်ကြသည်။ထိပ်ဆုံးတွင် ဖွားထိုင်ပြီး ဘေးတွင် အဖေနဲ့မေမေလေး ပြီးတော့သူ။ တစ်ဖက်တွင်တော့ ဦးရယ် အစ်မနိုအွန်းရယ် ပေါက်စရယ် အစဉ်အလိုက်ထိုင်ကြသည်။ သူနဲ့ဦးနဲ့ ဝေးသွားသည်။ ဘယ်သူ့ကိုမှလည်း နေရာလဲပေးဖို့ မပြောရဲ.. သူဦးကိုအကဲခတ်ရင်း ဖြည်းဖြည်းချင်း စားနေသည်။

" စားကြနော် စားလို့အဆင်ပြေရဲ့လား.. တချို့ဟင်းတွေက ရာရာကိုယ်တိုင်ချက်ထားတာမလို့ ဝေဖန်ချက်လေးတွေ စောင့်နေပါ့မယ် "

" တကယ်စားကောင်းပါတယ် အစ်မရာရာက ကျွန်မထက်အများကြီး သာသေးပါတယ် ကျွန်မလာသင်လို့ရမလား "

" အချိန်မရွေးဘဲ ... တွေ့လား တွေ့လား "

မေမေလေးက သူနဲ့အဖေကို တစ်ဖက်စီတို့ရင်း မြှောက်ကြွကြီးလုပ်နေသည်။ သူများမကောင်းတတ်လို့ ချီးကျူးတာကို အဟုတ်မှတ်နေတာ။ မေမေလေးချက်ပေးတဲ့အခါဆို တစ်အိမ်လုံး မတို့ကြဘူး။ ဖွားဖွားကတော့ လက်မလျှော့ဖို့ပြောပါသည်။ ဒါပေမဲ့ ‌အဖေကတော့ မီးဖိုချောင်ထပ်မဝင်ခိုင်းတော့ဘူး။ အစားမရွေးတဲ့သူတောင် မေမေလေးချက်တဲ့ဟင်းတွေ မစားနိုင်ဘူး။

" အားလုံး ပုစွန်စားကြတယ်မလား ကျွန်တော်နွှာပေးပါ့မယ် "

" မဟုတ်တာ အကူတွေလုပ်ခိုင်းလို့ရတယ် အေးဆေးစား "

" ကျွန်တော်လုပ်ပေးပါ့မယ် အားလုံးအတွက် ကျွန်တော်ကောင်းကောင်းလုပ်တတ်ပါတယ် ကျေးဇူး ကိုယ်လုပ်လိုက်မယ်.. "

ဦးက အနားတွင် ပုစွန်နွှာဖို့ရောက်လာတဲ့ အိမ်အကူတွေကို ပြုံးပြုံးလေးငြင်းလိုက်သည်။ ပြီးတော့ လက်အိတ်ကောက်စွပ်ရင်း ပုစွန်တွေကို ကျွမ်းကျွမ်းကျင်ကျင် ခွာပါတော့သည်။ ပြီးတော့ ရလာတဲ့အသားတွေကို အဖွားကနေစလို့ အကုန်လုံးကို ဝေငှပေးနေသည်။ နောက်ဆုံး သူ့အတွက်ဆိုပြီး ပေးလာတဲ့အခါမှာတော့ သူမသိချင်ယောက်ဆောင်ပြီး ခေါင်းငုံ့စားနေလိုက်သည်။ အကုန်လုံးအတွက် လိုက်ပေးနေပြီးမှ ဘာလုပ်ရမှာလဲ စားဘူး။

" ကူး ပုစွန် "

သူမော့မလာတော့ မေမေလေးကပင် ယူထားပြီး သူ့ပန်းကန်ထဲထည့်ပေးလာသည်။ မစားပါဘူးဆို။ သူသိသိသာသာပဲ ပုစွန်တွေကို ရှောင်လိုက်ပြီးတခြားဟင်းတွေပဲ ခပ်ထည့်စားလိုက်သည်။ ဦးဘက်ကိုလည်း ထပ်မကြည့်တော့.. စိတ်ဆိုးတယ်!

" မပြန်ကြသေးဘူးမလား ဆော့ဂျင် ငါနဲ့စစ်တုရင်တစ်ပွဲလောက် ထိုးကြမလား "

သူတို့စားသောက်ပြီးသွားကြတော့ အဖေက ဦးကိုခေါ်ထုတ်ခဲ့ပြီး သူ့အလုပ်ခန်းထဲခေါ်သွားသည်။မေမေလေးနဲ့အစ်မနိုအွန်းကတော့ မီးဖိုချောင်ထဲတွင် ကျန်ခဲ့သည်။ ပေါက်စက ဖွားဖွားနားမှာ..

" အာ.. ကောင်းတာပေါ့ ကျွန်တော်မကစားတာတော့ တော်တော်ကြာနေပြီ အလျှော့ပေးပါအုံး "

" နှိမ့်ချပြန်ပြီ.. ငါလည်း ဒီကောင်နဲ့ဆော့ရင် အမြဲရှုံးတာ မင်းတို့နှစ်ယောက်ကို တစ်ဖွဲ့ပေးရမလား "

အဖေကသူ့ကိုပြောတော့ ဦးက သူ့ဆီကြည့်လာသည်။သူစူပုတ်ပုတ်နဲ့ ခေါင်းကိုတစ်ဖက်စောင်းထားလိုက်သည်။ ဟွန့်... လိုအပ်မှ လာမခေါ်နဲ့။

" ရပါတယ် ကျွန်တော်တို့ချင်းပဲ ညီညီမျှမျှပြိုင်ကြတာပေါ့ "

" အဟား ကြိုက်ပြီ လောင်းကြေးရောရှိလား "

" မပြောတတ်ဘူး ဥက္ကဌဂျွန်သဘောပါ "

" ဒါဆို အရင်စလိုက်ရအောင်လား နောက်မှ တခုခုသတ်မှတ်ကြတာပေါ့ လာ "

ဂျောင်ဂု သူ့ကိုလျစ်လျှူရှုနေတဲ့ဦးကို မကျေနပ်တော့။သူ့ကိုကစားဖို့ထဲ မခေါ်ဘူးပေါ့လေ.. သူတို့က တစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြပြီး ကစားပွဲကို စလိုက်ကြသည်။ နှစ်ယောက်စလုံးက ကစားပွဲထံ အာရုံရောက်သွားကြပြီး သူ့ကိုရှိတယ်လို့မထင်တော့..

ဟွန့် နေပေါ့..

ဆော့ဂျင် သူ့ကိုမခေါ်လို့ နှုတ်ခမ်းထော်ကာ စိတ်ကောက်ပြနေတဲ့သူ့ကလေးကြီးကို သတိထားမိပါသည်။ ထမင်းစားနေကတည်းက ဘာကိုအလိုမကျနေသည်မသိ သူ့ကိုမကြည့်။ အခုလည်း ဥက္ကဌဂျွန်နဲ့ စစ်တုရင်ကစားနေတဲ့နားတွင်  သူ့နားဝင်ထိုင်နေပြီး ခြေတဆောင့်ဆောင့်ဖြင့် အနားတွင် လှုပ်လှုပ်ရွရွ.. သူ့ကို ပုံမှန်အတိုင်းပဲနေပါလို့ ပြောထားတာကို ဂျစ်ချင်နေပြီ။ သူဂျောင်ဂုကို အာရုံမစိုက်ဖို့ကြိုးစားလိုက်ပြီး ကစားပွဲကိုသာ အာရုံစိုက်ထားလိုက်သည်။

ခဏကြာတော့ ဂျောင်ဂုသူ့နားက ထထွက်သွားသည်။ အရမ်းစိတ်ကောက်နေလား သူသိချင်သည့်တိုင် ထလိုက်သွားလို့ကမရ။ သူလည်တဆန့်ဆန့်နဲ့ပဲ တံခါးဆီကို ခဏခဏလှမ်းကြည့်နေမိသည်။

" ဘယ်လိုလဲ.. အခြေအနေ ငါကြားတာတော့ ဒီတစ်ခေါက်ရှယ်ယာရှင်အစည်းအဝေးမှာ မင်းနှုတ်ထွက်တော့မယ်ဆို "

ဥက္ကဌဂျွန်က ကစားပွဲတွင် အာရုံစိုက်ရင်း သူ့ကိုမကြည့်ဘဲ မေးလာသည်။ ထိုအခါမှ သူ့အာရုံတွေကို တစ်စုတည်းစီးလိုက်သည်။

" ဟုတ်တယ် အဲဒါက နဂိုတည်းက ကျွန်တော်နေရာမှမဟုတ်ဘဲ ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးဖြစ်တော့မှာပါ "

" မင်းအတွက် အများကြီးဆုံးရှုံးလိမ့်မယ်မလား ဘာလို့အဲလမ်းကိုရွေးရတာလဲ စီအီးအိုမဟုတ်လည်း  တခြားနေရာတခုခု ရှိမယ်မလား "

ဥက္ကဌဂျွန်က သူအပြီးအပိုင်နှုတ်ထွက်မှာကို သိနေတာလား..

" မင်းနဲ့ဂျယ်ယောင်း လက်တွဲမဲ့ကိစ္စ ငါသိထားတယ် ဘယ်အချိန်ဖြစ်ဖြစ် ငါ့အကူအညီလိုရင် ဆက်သွယ်လိုက် "

" ကျေးဇူးတင်ပါတယ် အကူအညီက သေချာပေါက်လိုအုံးမှာ အားမနာဘဲ ဆက်သွယ်လိုက်ပါ့မယ် "

" ငါတို့သားကိုရော ဘယ်လိုမြင်လဲ "

ဥက္ကဌဂျွန်စကားကြောင့် အကွက်ရွှေ့‌မဲ့သူ့လက်တွေ ရပ်တန့်သွားမိသည်။ ဥက္ကဌဂျွန်ဘာကိုဆိုလိုချင်မှန်း သူမသိဘူး။ သူဥက္ကဌဂျွန်ကိုကြည့်လိုက်တော့ ဥက္ကဌဂျွန်က သူ့ကိုဆက်လုပ်ဖို့ အချက်ပြသည်။

" ဂျူအွန်းတောင် ကုမ္မဏီကိုဦးစီးမဲ့သူဖြစ်လာတော့မှာဆိုတော့ ငါ့သားလည်း ဘယ်လိုထင်လဲ သူလည်း နားလည်တတ်ကျွမ်းနေပြီဆိုပေမဲ့ ပေါ့နေသေးတယ်.. ငါခုနက သူ့ရှေ့မှာမလို့ တမင်အပြစ်ရှာပြောလိုက်တာ သူအရင်ကထက်စာရင် အများကြီးတိုးတက်လာခဲ့တယ် မင်းဆီက ထွက်လာပြီးနောက်ပိုင်းပေါ့ သူမင်းဆီမှာလုပ်ချင်တယ်ပူဆာတုန်းက ငါသူစိတ်ကျေနပ်အောင်သာ မင်းဆီလိုက်အပ်ပေးလိုက်တာ အများကြီးမမျှော်လင့်ထားခဲ့ဘူး အခုနောက်ပိုင်း ငါထင်ထားတာထက်ကို သူပိုပိုလိမ်မာလာတယ် ငြိမ်လည်းငြိမ်လာပြီ သိပ်အိမ်မကပ်တာကလွဲရင်..ဒါလည်း အရင်ကထက်စာရင် အများကြီးသာနေတုန်းပဲ "

ဥက္ကဌဂျွန်က ရုတ်တရက်သူ့ကို ဂျောင်ဂုအကြောင်းတွေ တသီကြီးပြောပြနေတော့ သူငြိမ်လျက် နားထောင်နေလိုက်သည်။ ခုနက ဂျောင်ဂုပြောတာ မှန်နေတာပဲ သူ့အဖေက သူ့ကိုပိုပြောနေတာတဲ့... ဂျောင်ဂုအကြောင်းကို တခြားတစ်ယောက်ဆီက ချီးကျူးစကားကြားရတာ  သူဂုဏ်ယူမိသည်။ လိုအပ်ချက်တွေရှိနေသေးပေမဲ့ ဂျောင်ဂုက တဖြည်း‌ဖြည်းပြောင်းလဲပေးနေသည်။

" မင်းရော သူ့ကိုဘယ်လိုမြင်လဲ မင်းကြောင့်လည်း အများကြီးပါတာမလို့ အဲအတွက် ငါမင်းကို အချိန်တိုင်းကျေးဇူးတင်နေအုံးမှာပဲ "

" အာ မဟုတ်တာ.. လူတစ်ယောက်ကောင်းတဲ့ဘက်ကပြောင်းလဲလာတာကို ဘယ်သူနေနေ ကျွန်တော်ပျော်ပါတယ်  .. ကျွန်တော်ထင်တယ် သူ့ဆီမှာ စိတ်တစ်ခုရှိနေခဲ့လို့ပဲ သူ့ကိုပြောင်းလဲစေနိုင်မဲ့ တွန်းအားတစ်ခုခုပေါ့ သူအခုလည်း အများကြီးအရွယ်ရောက်လာပြီ ရင့်ကျက်လာပြီ.. ဂျောင်ဂုက အရင်တည်းက ဆိုးသွမ်းနေတဲ့သူတော့မဟုတ်ပါဘူး သူ့ရဲ့ ကောင်းမွန်စွာမွေးဖွားလာရပုံနဲ့ နောက်ခံအသိုင်းအဝိုင်းတွေကြောင့် ကိစ္စတိုင်းကို သိပ်အလေးအနက်မထားတာနေလိမ့်မယ် ဒါကလည်း ဖြစ်သင့်တာပဲမလား အပူအပင်မရှိဖူးတဲ့လူတိုင်း နည်းနည်းတော့ ပေါ့ပျက်ပျက်နိုင်ကြတာပဲလေ အဲဒီထဲမှာမှ ဂျောင်ဂုက အရမ်းကောင်းနေပါသေးတယ် သူက အရင်ကတည်းက ထိန်းရခက်တဲ့ထဲ မပါခဲ့ပါဘူး သူလုပ်ချင်ရာကို လုပ်ခဲ့ပြီးနောက်ပိုင်း အချိန်တစ်ခုကြာလာတဲ့အခါ သူပိုကောင်းတဲ့နေထိုင်မှုပုံစံကို တွေ့သွားတာမျိုးလည်းဖြစ်လိမ့်မယ် "

" အင်း မင်းနဲ့စကားပြောရတာ ငါ့အတွက် အကောင်းဘက်ကတွေချည်း အားအင်တွေရတယ် ဆော့ဂျင် ငါမင်းကိုအားလည်းနာတယ် ကျေးဇူးလည်းတင်တယ် သူ‌ပြောင်းလဲလာတာ မင်းကြောင့်လည်း အများကြီးပါတယ် "

" ဥက္ကဌဂျွန် ကျေးဇူးတင်လို့ရပါတယ် ဒါပေမဲ့ အားနာစရာမလိုပါဘူး ကျွန်တော်ဘာမှမပင်ပန်းလိုက်ရတာတကယ်ပါ ဂျောင်ဂုအခုလိုပြောင်းလဲလာတယ်၊တော်လာတယ်လို့ကြားရလို့ ကျွန်တော်ပျော်ပါတယ် ကျွန်တော့်ကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါတယ်ဆိုတော့ ပိုလို့ပျော်မိပါတယ် "

" သေချာတယ် သူမင်းကြောင့် အများကြီးပြောင်းလဲခဲ့တယ် .. သူကြောင့်နဲ့ မင်းကိုခက်ခဲစေခဲ့ရင် အဲဒါငါ့ဆုံးမမှုတွေ လိုနေသေးတာကြောင့်ပဲ ဆော့ဂျင် မင်းကငါ့ကို အားမနာနဲ့ပြောနေပေမဲ့ ငါတကယ်အားနာ‌ရတယ်ဆော့ဂျင် သူ့ကိုပြောင်းလဲစေခဲ့လို့လည်း ကျေးဇူးတင်ပါတယ်ကွာ "

" ဂျောင်ဂုရဲ့ ပင်ကိုစရိုက်ကလည်း အရမ်းကောင်းတာပါ နောက်‌ဆို ဒီထက်အများကြီး တိုးတက်လာခဲ့အုံးမှာ ဥက္ကဌဂျွန် သူ့ကိုထပ်ပြီး မျှော်လင့်ထားလို့ရပါတယ် "

ဆော့ဂျင် ဥက္ကဌဂျွန်ရဲ့စကားတစ်ခုချင်းစီကို သေချာပြန်ဖြေရင်း စိတ်လှုပ်ရှားနေမိသည်။သူ့လက်တွေချွေးပြန်နေပြီး ခန္ဓာကိုယ်ကိုလည်း မတ်မတ်အနေအထားနဲ့ မပြောင်းမိ။ အခုသူက ဥက္ကဌဂျွန်ဆိုတာထက် ဂျောင်ဂုအဖေနဲ့ပြောနေရသလို..တစ်နည်း သူ့ချစ်သူကောင်လေးရဲ့အဖေပေါ့.. သူသတိအနေအထားနဲ့ တခုခုအမှားမပါသွားလေအောင် ဂရုတစိုက်ရှိနေရသည်။

" ဆော့ဂျင် မင်းတော့ ရှုံးတော့မယ်ထင်တယ် အာ.. ဘာကြေးသတ်မှတ်ရမလဲ စဉ်းစားတော့မှ "

သူကစားပွဲမှာအာရုံသိပ်မရောက်ဘဲ စိတ်လှုပ်ရှားနေတော့ ဥက္ကဌဂျွန်က သူ့ကိုစားသွားသည်။ အခြေအနေတွေက တစ်ဖန်ပေါ့ပါးလာပြန်တော့မှ သူကစားပွဲကို ဂရုတစိုက်စစ်ဆေးပြီး တန်ပြန်တိုက်ခိုက်လိုက်သည်။

" ဘာကြေးနေနေ ကျွန်တော်ကအဆင်ပြေပါတယ် ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်တော်စားပြီ "

" ဆော့ဂျင်ကို လျှော့တွက်လို့မရဘူးဘဲ ကဲ ဒီလိုဆိုတော့လည်း... "

ကစားပွဲက ညီမျှကာ တစ်ယောက်ကထိုးစစ်ဆင်လိုက် ကာကွယ်လိုက်ဖြင့် လက်ရည်တူနေသည်။ ဥက္ကဌဂျွန်က ကစားပွဲကို အာရုံစူးစိုက်ပြီး သူ့ကိုနိုင်ဖို့ အရမ်းပြင်းပြနေသည်။ သူကလည်း အလျှော့မပေး ဥက္ကဌဂျွန်ရဲ့ထိုးစစ်တွေကို လှိမ့်ကာရှောင်နေရသည်။

" အဖေ နွားနို့.. "

ထိုအချိန် ဂျောင်ဂုရောက်လာပြီး ဂျောင်ဂုက သူတို့အတွက် သောက်စရာတွေယူလာပေးသည်။

" ဦးကကော်ဖီ "

" ဘာလို့ကော်ဖီလဲ ညရောက်နေပြီကို.. "

" ဦးကကော်ဖီပဲသောက်တာ "

" အာ.. ဟုတ်တယ် "

ဥက္ကဌဂျွန်က ဂျောင်ဂုကိုအကဲခတ်ကြည့်နေတော့ သူမလုံမလဲဖြစ်သွားပြီး သူ့အလှည့်ကျနေပြီဖြစ်တဲ့ကစားကွက်ကို ရွှေ့လိုက်သည်။ ဥက္ကဌဂျွန်အာရုံပြောင်းသွားစေဖို့ သူမြန်မြန်အကွက်ရွှေ့လိုက်သည်။

" အဲလိုမလုပ်နဲ့.. "

အကွက်ရွှေ့တော့မဲ့ ဆော့ဂျင်လက်တွေ တန့်သွားပြီး  ဂျောင်ဂုက သူ့လက်ထဲကဟာကို ပြောင်းယူကာ သူ့ဟာသူ့ရွှေ့လိုက်သည်။ ဥက္ကဌဂျွန်ရဲ့ မျက်လုံးအစုံဟာ မြှင့်တက်သွားပြီး ကစားပွဲကို အာရုံစူးစိုက်သွားပြန်သည်။ ဥက္ကဌဂျွန်အခက်တွေ့သွားအောင် ဂျောင်ဂုလုပ်လိုက်သည်။ ဥက္ကဌဂျွန်က မျက်မှန်ကိုပင့်တင်လိုက်ပြီး အလေးအနက် ပွဲကိုအာရုံရောက်နေသည်။

" ဦးကိုကျွန်တော်နိုင်အောင်လုပ်ပေးမယ် ပြီးရင်တော့ ကျွန်တော့်နောက်လိုက်ခဲ့ "

ဂျောင်ဂုက သူ့နားနားကိုတိုးကပ်ပြောလာတော့ သူဥက္ကဌဂျွန်ကို အရင်လှမ်းအကဲခတ်လိုက်သည်။ ဥက္ကဌဂျွန်က ပွဲကိုပဲအာရုံရောက်နေသည်မလို့ သူတို့ကိုစိတ်ဝင်စားမှုမပေးသေး။

" ဘယ်ကိုလဲ.. "

" ကျွန်တော့်အခန်း "

ပြုံးစစနဲ့‌ပြောလာတဲ့ဂျောင်ဂုကြောင့် သူတံတောင်နဲ့ တွတ်ပစ်လိုက်သည်။

" မဟုတ်ရင် အဖေကအဲလိုပဲ ဆွဲထားမှာ အချိန်ကို ..  ကျွန်တော်အဖေ့အကြောင်းသိတယ် ကျွန်တော့်ကိုယုံလိုက် ကျွန်တော်ထောင်ဖမ်းလိုက်မယ် "

" အဖေအရမ်းကြာနေပြီ မြန်မြန်လုပ်ပါတော့ "

" ဟေ့ကောင် မင်းမပါဘူး ဝင်မပါနဲ့ "

" ဘာလဲ ကြောက်လို့လား "

" ဘာကွ လာစမ်းပါ လာလိုက် "

ဆော့ဂျင်ဘာမှဝင်မပြောနိုင်လိုက် ဂျောင်ဂုက သူ့နေရာကဝင်၍ အကွက်တွေရွှေ့သွားသည်။ ဂျောင်ဂုပြောသလိုပဲ ဂျောင်ဂုနဲ့ကျမှ သုံးလေးခါလောက်ရွှေ့ပြီးတဲ့နောက် ပွဲပြီးဆုံးသွားသည်။ ‌သူ့ဘက်က နိုင်သွားလေသည်။

" ဒီကောင် ကလိမ်ကကျစ်နည်းနဲ့ဆော့တာ မင်းဒီလိုကစားပွဲကိုတောင် ကလိမ်ကကျစ်ဉာဏ်နဲ့ဆော့ပြီး အနိုင်ယူသွားတာ ကျန်တာငါမအံ့ဩတော့ဘူး မင်းနဲ့ငါတွေ့ကြအုံးမယ် "

" အဖေ ကိုယ့်ဟာကိုယ်ရှုံးပြီး လာမမဲပါနဲ့ ကစားပွဲဆိုတာ ဉာဏ်ရှိသလောက်ထုတ်သုံးတတ်မှပေါ့ အဓိကကအနိုင်ရဖို့ပဲ ဘယ်လိုဖြစ်ဖြစ် နိုင်သွားဖို့ပဲ နိုင်သွားပြီဆိုတော့ ဦးကိုကျွန်တော်ခေါ်သွားပြီ "

" ဟိတ်ကောင်.. "

" ဂျောင်ဂု! "

ဂျောင်ဂုသူ့လက်ကိုဆွဲကိုင်ပြီး ထရပ်တော့ သူရောဥက္ကဌဂျွန်ပါ ဂျောင်ဂုကိုခေါ်လိုက်ကြသည်။သူဥက္ကဌဂျွန်ဘက်ကြည့်ရင်း ဂျောင်ဂုလက်ထဲက မသိမသာရုန်းလိုက်သည်။

" ဘာလုပ်စရာရှိသေးလို့လဲ ရောက်ကတည်းက ဦးကို အဖေချည်းခေါ်ထားတာ.. "

‌စူအောင့်ကာပြောနေတဲ့ဂျောင်ဂုကြောင့် သူ့မှာတားရခက်ခက်။ ဥက္ကဌဂျွန်ကလည်း ဂျောင်ဂုကိုမနိုင်ဟန် ခေါင်းတယမ်းယမ်းဖြင့်။

" ငါက ငါတို့လောင်းကြေးအကြောင်းပြောမလို့..ဆော့ဂျင် လောင်းကြေးကို မင်းပဲသတ်မှတ်လိုက်တော့ ငါရှုံးတာမလို့ မင်းတောင်းဆိုတာ လိုက်လျောပေးမယ်.. ဟိတ်ကောင် မင်းကတော့ ခဏနေငါ့ဆီလာတွေ့လာ "

" ဒါပဲမလား လာခဲ့မယ် ဦးကိုခေါ်သွားပြီ "

" ဂျောင် ဂျောင်ဂု.. "

ဆော့ဂျင်မတားလိုက်နိုင်။ ဂျောင်ဂုလက်ထဲပါသွားတော့ ဥက္ကဌဂျွန်ကို အားနာနာနဲ့ကြည့်မိသည်။ ဥက္ကဌဂျွန်က သူ့သားအကြောင်းသိသည့်အလား သူ့ကိုလိုက်သွားဖို့အချက်ပြနေသည်။ ဆော့ဂျင်မျက်နှာပူပူနဲ့ ဂျောင်ဂုနောက်လိုက်ပါလာပြီး အပြင်ထွက်တာနဲ့ ဂျောင်ဂုလက်တွေထဲမှ ရုန်းထွက်လိုက်သည်။

" ဘယ်သွားနေတာလဲ "

" ကျွန်တော့်အခန်းပါဆို လာပါ ခဏနေဆို ပြန်ကြတော့မှာကို မြန်မြန် "

သူ့‌လက်တွေကို ဂျောင်ဂုက ပြန်ဆွဲယူသွားပြီး သူ့အခန်းရှိရာသို့ ခေါ်သွားသည်။ အခန်းထဲရောက်မှ သူ့လက်ကိုလွှတ်ပေးလာသည်။ ဆော့ဂျင်ဂျောင်ဂုအခန်းကို မျက်လုံးဖြင့် ဝေ့ဝိုက်ကြည့်လိုက်သည်။

" ဘာလို့အသည်းအသန်ခေါ်လာရတာလဲ ဘာပြမလို့လဲ "

ဆော့ဂျင်အခန်းထဲ အပေါ်ယံကြည့်လိုက်သော်လည်း ထူးထူးခြားခြားဘာမှမမြင်မိ၍ ထုတ်မေးလိုက်သည်။

" ဘာပြရမှာလဲ ကျွန်တော်က ဦးမျက်နှာကြည့်ဖို့ခေါ်လာတာ "

ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ အိပ်ရာပေါ်ထိုင်ချလိုက်ပြီး သူ့ကိုပါ‌ သူ့ပေါင်ပေါ်ဆွဲချသည်။

" လွှတ်စမ်း ဂျောင်ဂု "

" မလွှတ်ဘူး ငြိမ်ငြိမ်နေဗျာ ဦးကျွန်တော့်ကိုပစ်ထားတာ "

ဂျောင်ဂုက သူ့ပေါင်ပေါ်ကသူ့ကို တင်းတင်းကြပ်ကြပ်ဖက်လာပြီး နောက်ကျောတွေကို နမ်းရှိုက်နေသလိုလုပ်နေသည်။

" ငါပစ်ထားလို့လား သိသာအောင် မနေပါနဲ့ဆို ဘာလို့တဇွတ်ထိုးလုပ်ချင်နေရတာလဲ တခြားလူတွေ  သံသယဝင်ကုန်အောင် လုပ်နေတာလား "

ဆော့ဂျင်‌သူ့ခါးကဂျောင်ဂုလက်တွေကို ဖယ်ကိုင်လိုက်ရင်း ဂျောင်ဂုနဲ့မျက်နှာချင်းဆိုင်လိုက်သည်။ သူပြောတော့ ဂျောင်ဂုက အိပ်ရာခင်းကိုသာ စိုက်ကြည့်နေပြီး သူ့ကိုမကြည့်။

" ကိုယ်ပြောတာက မင်းကိုသိသာအောင်မနေဖို့ ပြောနေတာ နှစ်ယောက်တည်းရှိတဲ့အချိန်ထိ ဘာလို့မစောင့်နိုင်ရတာလဲ မင်းအဲလိုလုပ်လိုက်ရင် ကိုယ်က နှစ်ဖက်စလုံးအတွက် မျက်နှာပူရတယ်လေ ဘာလို့သိရဲ့သားနဲ့ ဆိုးချင်နေရတာလဲ "

" ဦးက ဆူဖို့ပဲသိတယ် ဘာတစ်ခုမှ ကျွန်တော့်ဘက်တော့ မကြည့်ပေးဘဲနဲ့.. "

" ကိုယ်မင်းကို အခုထိမဆူရသေးဘူး ပြောစမ်းပါအုံး ကိုယ်ဘယ်နားမှာ မင်းကိုပစ်ထားမိလို့လဲ ဒါကိုယ်တို့ဒီလိုပဲ နေသင့်တာမဟုတ်ဘူးလား "

" ဒါပေမဲ့ ဦးကလူကြားထဲဆို ကျွန်တော့်ကိုဂရုကိုမစိုက်တော့တာ တခြားသူတွေကိုတောင် ကျွန်တော့်ထက်အလေးပေးသေးတယ် ကျွန်တော့်ကိုကြတော့.. "

ဂျောင်ဂုက အတည်ပေါက်နဲ့ပြောနေတာဖြစ်ပြီး မျက်ရည်လေးတွေတောင် ဝေ့သီလို့.. သူ့ခါးကိုဖက်တွယ်ထားတဲ့လက်တွေလည်း ပြေလျှော့သွားပြီး သူ့ကိုလည်းမကြည့်..

ဆော့ဂျင် ဂျောင်ဂုမျက်နှာလေးကို ပင့်ယူလိုက်တော့ ဂျစ်ကန်ကန်နဲ့ ကောင်းကောင်းပါမလာ..

" တခြားသူတွေရှိနေလို့လေ အဲတခြားသူတွေဆိုတာကလည်း  ကိုယ်တို့အဓိကသတိထားရမဲ့ သူတွေချည်းပဲလေ အခုလိုနှစ်ယောက်တည်းကျတော့ ကိုယ်မင်းကိုဂရုမစိုက်ဘူးလား အခုနှစ်ယောက်တည်းရှိတော့ မင်းပဲစိတ်ကောက်နေပြီးတော့.. "

သူချော့မော့တဲ့လေသံနဲ့ပြောတော့မှ ဂျောင်ဂုက သူ့ကိုကြည့်လာတော့သည်။ တကယ်ပဲ ဂျောင်ဂုက သူ့ကိုအရိပ်တကြည့်ကြည့်လုပ်နေမှ သူနည်းနည်းလောက် ပစ်ထားမိတာနဲ့ သူကစိတ်ကောက်ချင်ပြီ။

" စိတ်ကောက်နေအုံးမှာလား ဒါဆိုလည်း ကိုယ့်ကိုပေးဆင်းတော့ "

သူပေါင်ပေါ်ကဆင်းမယ်ပြုလိုက်တော့ ဂျောင်ဂုကအဆင်းမခံ။ စိတ်ကလည်းကောက်ချင်တယ် သူနဲ့ကလည်း ခွာခွာမနေချင်။ ခုနက ပြေလျော့နေပြီဖြစ်တဲ့လက်တွေက သူ့ခါးတွင် ပြန်တင်းကြပ်လာပြန်သည်။

" စိတ်ကောက်တာမှမဟုတ်တာ စိတ်မကောင်းဖြစ်သွားတာကို ဦးကသူစိမ်းလိုလုပ်နေတော့ .. "

" ကိုယ်တို့ဆုံချိန်ခဏပိုင်းလေးကို ကိုယ်ကမင်းကိုပဲ စကားပြောနေရမှာလား ကိုယ်ကမင်းနဲ့တွေ့ဖို့လာတာမဟုတ်ဘူးလေကွာ "

" ပုစွန်ခွာပေးတာကြတော့ရော "

" ကိုယ်မင်းအတွက်လည်း ခွာပေးတယ်လေ မင်းကအဲအချိန်တုန်းက မစားဘူး အဲကတည်းက ကောက်နေတာလား "

" ကောက်တာမဟုတ်ဘူး ဘာလို့ပုစွန်ကိုခွာပေးလဲ အဲလိုလုပ်တာမကြိုက်ဘူး ဦးကဘာကိစ္စခွာပေးရတာလဲ ကိုယ့်ဟာကိုယ်ခွာစားကြပါစေပေါ့ "

" ကိုယ့်လက်ပဲ အပေခံလိုက်ရတော့ မကောင်းဘူးလား "

" မကောင်းဘူး နောက်မလုပ်ပေးရဘူး "

" ပုစွန်ခွာပေးတာ အရမ်းကိစ္စကြီးသွားတယ်ပေါ့ ကိုယ်ခွာပေးလိုက်တာ ဘာဖြစ်သွားမှာမလို့လဲ အားလုံးရဲ့လက်တွေပေမဲ့အတူ တစ်ယောက်ပဲအပေခံလိုက်တော့ မကောင်းဘူးလား မင်းရည်းစားက လူကြီးလူကောင်းဆန်တဲ့သူဆိုတာ မမေ့လိုက်နဲ့ "

" ဦးရည်းစားကလည်း ခွေးတွေ၊ကြောင်တွေ၊ကလေးတွေနဲ့ကအစ လိုက်သဝန်တိုတတ်တဲ့သူဆိုတာ မမေ့ပါနဲ့ မလုပ်ပေးရဘူး ပုစွန်ခွာပေးတာတွေ ငါးအရိုးနွှင်ပေးတာတွေက ချစ်သူရည်းစားအချင်းချင်းပဲ လုပ်ပေးရတာ ပုစွန်မနွှာချင်ရင် ပုစွန်မစားကြနဲ့ နောက်ခါ ဦးလုပ်ပေးတာမြင်ရင် ကျွန်တော်အကုန်လုစားပစ်မှာ "

" ကလေးဆန်လိုက်တာ "

ဆော့ဂျင်ပြောလိုက်တော့ ဂျောင်ဂုက သူ့ကိုမျက်လုံးတွေမှေးစင်းကြည့်လာပြီးတော့ နှုတ်ခမ်းတွန့်ရုံပြုံးသည်။

" ဒါဆိုလည်း လူကြီးဆန်ဆန်ပဲသွားကြမလား.. "

" ကူး မလုပ်နဲ့နော် "

ဂျောင်ဂုက သူ့လည်ပင်းနား တိုးကပ်လာပြီး နမ်းရှိုက်လာသည်။ လည်တိုင်တစ်လျှောက်ကို တို့ထိနမ်းရှိုက်လာပြီး ဖွဖွငုံခဲလာတော့ သူဂျောင်ဂုခေါင်းကို တွန်းဖယ်လိုက်ရသည်။

" အရာတွေထင်ကုန်လိမ့်မယ် ဖယ်တော့ "

" အရာမထင်အောင်လုပ်မယ်လေ နော် "

ဂျောင်ဂုက သူ့ကိုမော့ကြည့်နေပြီး သူငြင်းဆန်ရခက်တဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ တောင်းဆိုကာ လက်တွေက အင်္ကျီကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်နေသည်။ ကြယ်သီးသုံးလုံးလောက်ဖြုတ်ပြီးတော့ ပေါ်လာတဲ့သူ့ရင်ဘတ်တွေကို လက်နဲ့ဖွဖွပွတ်သပ်လာပြီး အနားတိုးကပ်လာကာ ရင်ဘတ်တွေကို ဖွဖွလိုက်နမ်းသည်။ ဂျောင်ဂုနှုတ်ခမ်းတွေနဲ့ သူ့ရင်ဘတ်နေရာကို ထိမိသွားတိုင်း သူကျောကော့ကာ အသက်ရှူသံပြင်းလာပြီး တိုးတိုးညည်းမိသွားသည်။

" ကူး.. "

ဂျောင်ဂုလက်တွေက သူ့နောက်ကျောတွေကို ထောက်ကိုင်ထားပြီး သူ့ရင်ဘတ်တစ်ဖက်ချင်းစီကို နမ်းရှိုက်လာသည်။ သူ့ရင်ဘတ်ကအသီးတွေကို နှုတ်ခမ်းနဲ့ဖိငုံလာတော့ သူအသံတိုးတိုးထွက်လာရသည်။

" ကူး..! "

ရင်ဘတ်တွေကို တိုး၍တိုး၍ နမ်းရှိုက်နေရာကနေ ဂျောင်ဂုက သူ့ကိုယ်ကို အိပ်ရာပေါ်ချပေးရင်း သူ့ကိုယ်ပေါ်ခွတက်လာသည်။

" ကူး.. မဖြစ်ဘူးလေ "

" နမ်းရုံပဲ.. "

ဂျောင်ဂုက ထိုမျှသာပြောပြီး သူ့အင်္ကျီကြယ်သီးအစုံကို ဖြုတ်ပစ်လိုက်သည်။ ထို့နောက် ထပ်ငုံ့ကိုင်းလာပြီး သူ့ခန္ဓာကိုယ်အနှံ့ကို အနမ်းတွေပေးရင်း ကိုက်ခဲမှုတွေပြုလုပ်လာသည်။ သူစိတ်မလွှတ်သွားစေရန် တင်းခံနေရပြီး အံကြိတ်ကာ တစ်ချက်တစ်ချက် ထုတ်ညည်းဖို့သာ တတ်နိုင်တော့သည်။

" ကူး.. တော်ပါတော့ တော်ရအောင် "

ဗိုက်သားတွေကနေ ဘောင်းဘီအစပ်နားထိ ရောက်လာတော့ ဂျောင်ဂုခေါင်းကို တွန်းဖယ်ရင်း ခက်ခက်ခဲခဲပြောလိုက်ရသည်။ ပြီးတော့ထထိုင်လိုက်ပြီး ဂျောင်ဂုကို ပွေ့ဖက်လိုက်သည်။

" မင်းခံရခက်နေလိမ့်မယ် တော်ရအောင် "

ဂျောင်ဂုက မျက်လုံးတွေပါနီရဲနေပြီး ထိန်းချုပ်ထားရတာကြောင့် သူဂျောင်ဂုကို စိတ်ငြိမ်ဖို့ရာ ကျောပြင်တို့ကို ဖွဖွပွတ်သပ်ပေးလိုက်သည်။ မာန်ဖီနေတဲ့ဝံပုလွေတစ်ကောင်ကို  ယဉ်ပါးအောင် ချော့မြူပေးနေရသလို.. ကျောပြင်တွေကို ပွတ်သပ်ပေးလိုက်တော့ သူ့ပခုံးတွေပေါ် မှီတင်ထားရင်း ဂျောင်ဂုက ငြိမ်ကျသွားသည်။ ဆော့ဂျင်ဂျောင်ဂုခေါင်းကို နောက်ကနေဖွလိုက်ပြီး မျက်နှာလေးကို ငုံ့ကြည့်တော့ ခုနကလိုမဟုတ်တော့.. သူ့ပခုံးပေါ်က မျက်နှာလေးကို ဆွဲယူလိုက်တော့ ရှုံ့မဲ့မဲ့လေးပါလာသည်။

" လိမ်မာတယ်ကလေးက ကိုယ့်ကိုခဏပဲစောင့်ပေး ဒီအတိုင်း ငြိမ်ငြိမ်လေးပဲနေရင်း ကိုယ့်ကိုစောင့်နေပေးရင် ကိုယ်အမြန်ဆုံးအဆုံးသတ်ပြီး မင်းဆီရောက်လာပေးမယ် မင်းကကိုယ့်ကိုစောင့်နေပေးရုံပဲ သိပ်မကြာပါဘူးကွာ ဟုတ်ပြီလား "

" နမ်း.. "

ဂျောင်ဂုက စူပုတ်ပုတ်လေးလုပ်နေပြီးတော့မှ နှုတ်ခမ်းစူပေးထားသည်။ ဆော့ဂျင်ရယ်မောလိုက်ရင်း ပါးနှစ်ဖက်ကနေအုပ်ကိုင်ကာ စူနေတဲ့နှုတ်ခမ်းကို ဖွဖွထိတွေ့လိုက်သည်။ ပြီးတော့ ပြန်ခွာပြီး ဂျောင်ဂုကိုကြည့်လိုက်သည်။

" ရပြီလား "

" အကြာကြီးနမ်း "

" ဟုတ်ပါပြီကွာ "

ဆော့ဂျင်ပါးတွေကနေအုပ်ကိုင်လိုက်ပြီး စိတ်တိုင်းကျ ထပ်နမ်းပေးလိုက်သည်။ ဂျောင်ဂုကလည်း သူ့အနမ်းတွေကို တုံ့ပြန်လာတော့ ရှည်ကြာတဲ့အနမ်းတစ်ခု ဖြစ်လာခဲ့သည်။ တော်တော်နဲ့မပြတ်စဲနိုင်တဲ့အနမ်းတွေကို သူကပင်သတိပေးရင်း ရပ်စဲလိုက်ရသည်။

သူတို့ပြန်ခွာလိုက်ကြတော့ ဂျောင်ဂုက သူ့အင်္ကျီကြယ်သီးတွေကို ပြန်တပ်ပေးသည်။သူ့အင်္ကျီတွေက တွန့်ကြေနေပြီး သံသယဝင်စရာ ကောင်းလွန်းနေသည်။ ဒါကိုသိသည့်ဂျောင်ဂုက သူ့ကိုမျက်နှာ‌ချိုသွေးပြီး ချစ်ဖို့ကောင်းစွာ ရယ်ပြနေသည်။ သူစိတ်မဆိုးအောင် အရင်ကြိုကာထားတာ။ ဆော့ဂျင်စိတ်မဆိုးနိုင်တော့ဘဲ ဂျောင်ဂုပါးကိုသာ ဖွဖွဆွဲလိမ်လိုက်သည်။

' လူလည်လေး '

__________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories