ep30
15:19, 5 March 2024" အိမ်ကိုမောင်းနေတာမဟုတ်ဘူးလား "
ဂျောင်ဂုကားက သူ့အိမ်ဘက်ကိုဦးတည်နေတာမဟုတ်တော့ သူထုတ်မေးလိုက်သည်။ သူတို့ ဆိုင်ကထွက်ခဲ့ပြီးကတည်းက အပြန်လမ်းတစ်လျှောက် စကားမပြောကြသေး။ ဂျောင်ဂုသူ့ကို နိုအွန်းနဲ့တွေ့လိုက်ရ၍ ပြဿနာရှာမည်ထင်ထားတာ ခုနကထိ သူ့ကိုမြင်ကတည်းက စူးစိုက်ကြည့်နေတဲ့သူက အခုနှစ်ယောက်တည်းသီးသန့်ဖြစ်သွားတဲ့အထိ ဘာစကားမှထုတ်မပြောလာသေး။ သူပင်ပန်းနေပေမဲ့ ဂျောင်ဂုကိုရှင်းပြဖို့ အဆင်သင့်ဖြစ်နေပါသည်။
" ကိုယ်မင်းကိုတမင်မပြောတာမဟုတ်ဘူး ကိုယ်တို့ကလေးအတွက် လိုလို့ဆိုတာ သိထားပေးပါ ကလေးရဲ့ကျောင်းလုပ်ဆောင်ချက်တွေမှာ အရေးပါတာမလို့ အတူသွားဖြစ်သွားတာ "
ဂျောင်ဂုထံမှ အသံတိတ်နေသည်။ အွန်းလေးက လည်ပတ်ဆော့ကစားပြီးတော့ ဗိုက်ပြည့်ပြီး မောသွားပြီထင်တယ် သူဆံပင်လေးကို သပ်ပေးနေတော့ အိပ်ငိုက်သွားပြီ။ အိပ်တော့မည့်အွန်းလေးကို သူ့ပေါင်ပေါ်ခေါင်းတင်စေပြီး ချော့သိပ်လိုက်သည်။
" မနက်က ဘယ်ချိန်ထလဲ "
" အမ် ကိုယ်လား ခုနစ်နာရီလောက်ဖြစ်မယ် ဘာလို့လဲ "
" ကျွန်တော်တို့ညက ဘယ်ချိန်အိပ်လဲ "
ဘာကိုမေးချင်နေမှန်းမသိပေမဲ့ သူညကအကြောင်းကို ပြန်တွေးလိုက်သည်။ အတိအကျမသိပေမဲ့ မနက်အချိန်တော့ ရောက်နေပြီဖြစ်သည်။
" လေးနာရီလောက်ထင်တာပဲ ဘာလို့လဲ "
ဂျောင်ဂုကသူမေးတာကို တစ်ခုမှမဖြေဘဲ စတိုးဆိုင်တစ်ခုတွင် ကားရပ်လိုက်ပြီး တံခါးကိုဆောင့်ပိတ်သွားသည်။ အွန်းလေးတောင် လန့်ပြီးနိုးမလိုဖြစ်သွား၍ ရင်ဘတ်ကို ဖိပေးထားလိုက်ရသည်။
ခဏနေတော့ ဂျောင်ဂုက အိတ်တစ်အိတ်ကိုင်ပြီး ထွက်လာခဲ့သည်။ ကားထဲကို ခုနကအတိုင်း ပြန်ဝင်လာပြီး ပြန်မောင်းထွက်ဖို့ပြင်သည်။
" လက်ကမသက်သာလို့လား ကိုယ်မင်းမထခင် ဆေးလိမ်းပေးထားသေးတယ် မင်းကိုလည်း ထပ်လိမ်းဖို့မှာထားတယ် လိမ်းပြီးပြီလား "
" ခင်ဗျားအိမ်ပြန်မှာလား ကျွန်တော့်တိုက်ခန်းလိုက်နေမှာလား "
ဂျောင်ဂုက သူ့ကိုနောက်မလှည့်ကြည့်ဘဲ မေးသည်။သူ့ကိုအမြဲ ဦး ဦးနဲ့ ခေါ်နေကြဂျောင်ဂုက သူ့ကိုစိတ်ဆိုးနေပြီထင်တယ်။ သူပြန်မဖြေဘဲငြိမ်နေမိတော့ နောက်လှည့်ကြည့်လာသည်။ ထိုအခါ သူဆင်ခြေမြန်မြန်ပေးလိုက်သည်။
" ကလေးအိပ်နေပြီ "
သူပြောတော့သူက ပေါင်ပေါ်ကအွန်းလေးကို တစ်ချက်ကြည့်ရင်း ဘာမှမပြောတော့ဘဲ ကားစက်နှိုးလိုက်သည်။ အမြဲသူ့ကိုဆို အပိုစကားတွေနဲ့ ခပ်ချွဲချွဲဆိုတတ်တဲ့ဂျောင်ဂုက သူ့ကိုသူစိမ်းဆန်ပြနေတော့ သူမနေတတ်တော့။ ဂျောင်ဂုစိတ်ဆိုးလောက်မဲ့ကိစ္စ သူလုပ်ထားပေမဲ့ သူ့အကောင်းဆုံးရှင်းပြပြီးပြီပဲ။ သူ့ကိုမပြောလိုက်တာကို ဒီလောက်စိတ်ဆိုးနေတာလား...
" ဂျောင်ဂု.. "
သူတိုးတိုးခေါ်လိုက်တော့ ဂျောင်ဂုက မထူးပေမဲ့ လှည့်ကြည့်လာသည်။ ကြည့်ရတာ သူ့ကိုလျစ်လျှူရှုချင်နေပုံရသည်။ ဒါပေမဲ့ အမြဲသူ့နား ကြောင်လေးလိုကပ်ကပ်ချွဲတတ်တဲ့ဂျောင်ဂုက အခုလာစိမ်းပြနေတော့ သူမနေတတ်တာတော့အမှန်။ ဂျောင်ဂုစကားမပြောချင်တော့ သူလည်းခပ်ဆိတ်ဆိတ်သာ နေလိုက်တော့သည်။
ဂျောင်ဂုတိုက်ခန်းကိုရောက်တော့ ဖြည်းဖြည်းချင်းကားထိုးရပ်သွားပြီး သူလည်း ကားပေါ်မှဆင်းလိုက်သည်။သူအရင်ဆင်းပြီး တစ်ဖက်တံခါးဘက်ကိုလာကာ အွန်းလေးကိုပွေ့ချီဖို့လုပ်တော့ ဂျောင်ဂုကဦးသွားသည်။ကားတံခါးဖွင့်ပြီး အွန်းလေးကို လက်တစ်ဖက်ဖြင့်ချီကာ အရင်ထွက်သွားသည်။ သူနောက်ကနေသာ လိုက်လိုက်ရတော့သည်။
ကလေးကို အခန်းထဲအသာချသိပ်လိုက်တော့ လှုပ်ရွသွားတဲ့အွန်းလေးကြောင့် သူအနားတွင်မြန်မြန်ဝင်လှဲရင်း ပုတ်သိပ်လိုက်သည်။ အွန်းလေးငြိမ်သွားတော့မှ သူဖြည်းဖြည်းချင်းထလိုက်ပြီး အခန်းထဲကထွက်ဖို့ပြင်လိုက်သည်။ သူအိပ်ရာပေါ်ကဆင်းတာနဲ့ ဂျောင်ဂုကအရင် အခန်းထဲကထွက်သွားတော့ သူနောက်ကနေ ဆွဲတားလိုက်သည်။ ဖြစ်နေတဲ့ပြဿနာအဖုအထစ်ကို သူမြန်မြန်ပျောက်ကွယ်သွားချင်မိပြီ။ ဂျောင်ဂုအခုလိုအေးစက်စက်ဖြစ်နေတာ သူမကြိုက်ဘူး။ သူ့အတွက်နေသားမကျသေးဘူး။
" ကူး.. ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား.. "
" ကိုယ်ပြောပြီးပြီလေ.. လိုလို့ပါလို့ လိုအပ်လို့အွန်းလေးကျောင်းကပေးလိုက်တဲ့ အိမ်စာမလို့ သူ့ကိုမိဘအစုံအလင်ရှိနေတုန်း မိဘမေတ္တာအစစ်အမှန်ကို ခံစားစေချင်လို့.. ကိုယ်မင်းကိုမပြောပြလိုက်တာက မင်းကိုမသိစေချင်လို့ ဟုတ်တယ် မင်းသိသွားရင်လည်း ကိုယ်သွားရမှာကသွားရမှာပဲမလို့ ဒါကြောင့် မလိုအပ်ဘဲမသိစေချင်တော့တာမလို့ ကိုယ်မပြောလိုက်မိတာ "
ဂျောင်ဂုက ပြောင်းလဲမှုမရှိတည်ငြိမ်နေတဲ့မျက်နှာထားနှင့်ပဲ ရှိနေသေးသည်။ သူဆွဲကိုင်ထားတဲ့ သူ့လက်တွေကြားက ရုန်းထွက်သွားတော့ သူနောက်တစ်ကြိမ်ပြန်ဆွဲထားလိုက်သည်။
" ကိုယ်ပြောတာကို လက်မခံနိုင်ဘူးလား ဒါဆိုကိုယ့်ကိုဘယ်လိုဖြစ်စေချင်တာလဲ "
" ဂျောင်ဂု "
" ဟုတ်တယ် ကျွန်တော့်ကိုကြိုမပြောလို့ စိတ်ဆိုးတာမှန်တယ် ဘာလို့မပြောဘဲသွားရတာလဲဆိုပြီး ဒေါသထွက်မိတယ် ဒါကြောင့် ခင်ဗျားကို မြင်မြင်ချင်းလှမ်းမခေါ်လိုက်တာ "
" ကိုယ်ပြောပြီးပြီလေ ကိုယ်မင်းကိုပြောရင်လည်း ကိုယ်သွားရမှာက သွားရမှာပဲမလို့.. "
" အရေးမပါဘူးမလား "
" ဘာ "
" ပြောပြရလောက်အောင်ထိ အရေးမပါဘူးမလားလို့ ကျွန်တော်တော့ အဲလိုပဲထင်မိလိုက်တယ် ပြီးမှဖြစ်ချင်ရာဖြစ် သိရင်လည်း ချော့လိုက်မယ် မသိရင်လည်း ဘာမှဖြစ်စရာမလိုတော့ဘူး အဲလို ဟုတ်တယ်မလား.... ကျွန်တော့်ကိုပြောပြလိုက်လို့ ရစ်လာတဲ့အခါကျရင် မခံချင်ဘူးမလား "
" မဟုတ်တာတွေ အဲဒါမင်းအတွေးတွေ ကိုယ်အဲလိုမတွေးဖူးဘူး မင်းကိုစိတ်ရှုပ်စရာလို့ ကိုယ်မမြင်ဖူးဘူးဂျောင်ဂု.. ဂျောင်ဂု ကိုယ်ရိုးရိုးရှင်းရှင်းလေးပဲ တွေးခဲ့တာ မင်းအဲလိုတွေးနေမယ်မှန်း ကိုယ်တကယ်မသိခဲ့ဘူး "
သူတကယ်မှားသွားတာပဲ သူဘာပဲနေနေ ဂျောင်ဂုကိုအသိပေးလိုက်သင့်တာ အခုက ဂျောင်ဂုသူ့ကိုသဝန်တိုသည်ထက် သူ့ကိုအလေးမပေးလို့ ပိုစိတ်ဆိုးနေခဲ့တာ။ သူဂျောင်ဂုနားရောက်သွားရင်း သိုင်းဖက်လိုက်သည်။
ဂျောင်ဂု ဦးကိုစိတ်ဆိုးပြီး လျစ်လျှူရှုချင်လည်း ခဏပင်။ဦးကရိုးသားပြီး အမှန်အတိုင်း တိတိကျကျ သူ့ကိုရှင်းပြသည်။ပြီးတော့ သူစိတ်ဆိုးမှာကိုလည်း ကြောက်နေသည်မလို့သူထပ်ပြီးမအောင့်ထားနိုင်တော့.. ဘာပဲပြောပြော ဦးကသူချစ်ရသူပဲ သူစလိုက်ကတည်းက ဦးကဘယ်လိုလူ ဘယ်လိုအခြေအနေနဲ့ နေထိုင်နေတယ်ဆိုတာ သူသိပြီးသားပဲ သူသက်သက်ရစ်ပြီး အနိုင်ယူချင်ပေမဲ့လည်း ဦးခန္ဓာကိုယ်က သိသိသာသာအားနည်းနေပြီဖြစ်သည်။ ဒါလည်း သူ့ကြောင့်ဆိုတာ ပြောစရာပင်မလိုတော့..
သူ့ကိုအားနာတဲ့မျက်ဝန်းတွေနဲ့ တောင်းပန်သလိုကြည့်နေတော့ သူကြာကြာမခံနိုင်တော့။ ဦးသူ့ကိုဖက်တွယ်လာတဲ့အခါ သူပြန်သိုင်းဖက်လိုက်သည်။ ထိုအခါ အနီးကပ်မြင်နေရတဲ့ ဦးဂုတ်သားတစ်လျှောက်က သူ့လုပ်ထားတဲ့နီရဲညိုမဲစွဲတွေ..သူပြန်ခွာလိုက်ပြီး ဦးကိုတံခေါက်ကွေးကနေ သတို့သမီးစတိုင်ပွေ့ ပွေ့ချီလိုက်တော့ လန့်သွားတဲ့ဦးက သူ့လည်ပင်းကို သိုင်းဖက်လာသည်။
" ဂျောင်ဂု.. "
" အခန်းထဲသွားရအောင် "
" ဒါပေမဲ့ ချပေးငါ့ကို.. "
ဂျောင်ဂုမကြားချင်ယောင်ဆောင်ပြီး ဦးကိုအခန်းထဲခေါ်လာခဲ့သည်။ အခန်းထဲရောက်တော့ အိပ်ရာပေါ် ညင်ညင်သာသာချပေးလိုက်ပြီး အပေါ်ကနေ စီးကြည့်လိုက်သည်။
" ကူး.. စိတ်ဆိုးနေတုန်းလား "
" စိတ်ဆိုးတယ် စိတ်ဆိုးလည်း ဘယ်လောက်ကြာကြာစိတ်ဆိုးနိုင်မှာလဲ.. ဒါကြောင့် ကျွန်တော်မသိအောင် ဘာမှလုပ်ဖို့မစဉ်းစားနဲ့ ကျွန်တော်က စိတ်ဆိုးပြေလွယ်ပေမဲ့ ကျွန်တော်စိတ်ဆိုးတုန်း လုပ်မိတဲ့အရာတွေက ပြင်ရခက်သွားလိမ့်မယ်။ ဥပမာ ဦးကိုခိုးပြေးတာမျိုးပေါ့ "
" အဲလိုလုပ်လို့မရဘူး အဲဒါဘယ်လောက်ကိစ္စကြီးလဲ မင်းသိလား "
" ကျွန်တော်လည်းမလုပ်ပါဘူး ဒါပေမဲ့ ဦးဘက်က မစသရွေ့ပေါ့ ကျွန်တော်တို့အကြောင်းကို ဦးမိန်းမသိသွားပြီမလား "
" အင်း.. "
" ဒါကြောင့် သူအဲလိုဖြစ်နေတာပေါ့ "
" ဘာဖြစ်တာလဲ "
" ဘာမှမဖြစ်ဘူး ဆေးသောက်ရအောင် "
ဂျောင်ဂု ဦးကိုပြောပြလည်း သိမှာမှမဟုတ်တာ။သူ့မိန်းမသူ့ကို လက်လွှတ်မခံဖြစ်နေတာ သိပုံမပေါ်။ဒါပေမဲ့ မသိတာဘဲ ပိုကောင်းသည်။ ဦးက အားနာတတ်တာနဲ့ သူနဲ့တွေ့ချိန်တွေဆို သူ့မိန်းမဘက်တွေးပြီး အားနာနေအုံးမှာ။
" ဘာဆေးလဲ ကိုယ်နေလို့ကောင်းတယ် "
ဦးကဘာဆေးလဲမေးပြီး နားရွက်ဖျားတွေက ရဲတက်လာသည်။ နေလို့ကောင်းတယ်ပြောပြီး သူ့ခန္ဓာကိုယ်အကြောင်း သူသိသွားပုံပဲ ဘာလို့ဆေးသောက်ရမယ်မှန်း သိသွားပြီထင်သည်။ သူဝယ်လာတဲ့ဆေးထုတ်နဲ့ ရေကို အခန်းထဲယူလာခဲ့ပြီး သောက်ရမဲ့ဆေးတွေကို ဦးလက်ထဲထည့်ပေးလိုက်သည်။ဦးကအတွန့်မတက်တော့ဘဲ သူပေးတဲ့ဆေးတွေကို တစ်ခါတည်းနဲ့ သောက်ပစ်လိုက်သည်။ ဆေးသောက်ပြီးတော့ ရေခွက်ကို ပြန်ယူလိုက်ပြီး စားပွဲပေါ်တွင် တင်လိုက်သည်။
" မှောက်အိပ်လိုက် "
" ကူး.. "
ဦးက သူ့ကိုအစိုးရိမ်တကြီး ခေါ်လာသည်။သူ့ကိုဘာလုပ်မယ်များ ထင်နေလဲမသိဘူး။
" ခါးနာနေတယ်မလား မှောက်လိုက် "
ဦးကိုသူကိုယ်တိုင်ပဲ ကိုယ်တိုင်ကိုယ်ကျ မှောက်ပေးလိုက်ပြီး သူကတော့ ခါးထစ်ခွင်တွင်ခွကာ ဒူးထောက်ထိုင်လိုက်သည်။ ဘောင်းဘီထဲထည့်ဝတ်ထားတဲ့ အင်္ကျီအဖြူလေးကို မ,တင်လိုက်ပြီး ဆေးရည်နည်းနည်းလောင်းကာ ခါးတစ်လျှောက် ညင်ညင်သာသာနှိပ်စေလိုက်သည်။
" အာ့ ဂျောင်ဂု ဖြည်းဖြည်း "
" နာတယ်မလား နာတာကို အစောကြီးထပြီး ဘာလုပ်တာလဲ "
" ကိုယ်မှ နေမြင့်တဲ့အထိ မအိပ်ချင်တာ "
" အဝတ်တွေလျှော်တာကြတော့ရော အိပ်ရာခင်းတောင်ပါသေးတယ် "
" ညစ်ပတ်နေလို့လေ "
" မနက်စာတွေလုပ်သွားတာကျတော့ရော ဘာလို့အဲလိုတွေလုပ်သွားတာလဲ နားနားနေနေနေရမယ်ဆိုတာ မသိဘူးလား အပြင်ကိုလည်း နေပူကြီးထဲထိထွက်ပြီး.. ပင်ပန်းတယ်မလား ပေါက်စက စအလိုက်မသိဘူး "
" ကလေးနဲ့မဆိုင်တာကို... "
" ဆိုင်ဆိုင်မဆိုင်ဆိုင် ခဏလောက်လည်ပတ်ပြီး ပြန်ခဲ့ရင်လည်း ရတာပဲ တခြားရက်တွေလည်း ရှိတာပဲကို "
" ကိုယ်အဲလောက်လည်း မဆိုးသေးပါဘူး အ့! ဖြည်းဖြည်း.. "
နာနေတာကို ဘာမှမဖြစ်ဘူး၊မဖြစ်ဘူးနဲ့ သူကလူစွမ်းကောင်းကျလို့.. သူအားစိုက်နှိပ်လိုက်တာနဲ့ ညည်းညူလာပြီးတော့များ..ကားထဲမှာလည်း ကောင်းကောင်းမထိုင်နိုင်သေးတာ သူသိတာပေါ့ ဒါကြောင့် လမ်းတစ်လျှောက်လုံး ဖြည်းဖြည်းပဲမောင်းခဲ့ရတာ...သူဦးကို ခါးတစ်လျှောက် သေချာနှိပ်နှယ်ပေးလိုက်ပြီး လက်ကို ဝမ်းဗိုက်အောက်ပြောင်းကာ ခါးပတ်ကိုကိုင်လိုက်သည်။
" ကူး.. "
" ခါးပတ်ချွတ်ရအောင် ကျွန်တော်ကြည့်ချင်တယ် "
" ကူး.. မဖြစ်ဘူး.. မလိုဘူး ကိုယ်အဆင်ပြေတယ် "
" အဆင်ပြေလားက ကျွန်တော်ကြည့်မယ် ကျွန်တော်ကြည့်ရင်သိတယ် "
သူဦးကိုပြောပြီး ခါးပတ်ကိုထပ်ကိုင်လိုက်ပေမဲ့ ဦးကငြင်းဆန်နေတုန်း... သူထပ်ပြောချင်သေးပေမဲ့ ဦးကသူ့ကိုကြည့်မနေတော့ဘဲ အိပ်ရာခင်းကိုသာ စိုက်ကြည့်နေသည်။ အမြဲ ထက်ထက်မြက်မြက်နဲ့ လူကြီးဆန်ဆန်အရှိန်အဝါကောင်းတဲ့ ဦးက အိပ်ရာပေါ်ကကိစ္စနဲ့ပတ်သက်ရင် တော်တော်အရှက်ကြီးပုံရသည်။ နေ့ခင်းကြောင်တောင်လည်း ဖြစ်နေလို့ထင်တယ် သူ့ကိုအကြည့်ချင်းကိုမဆုံတော့။
" ကိုယ်အဆင်ပြေတယ် ကိုယ်နားချင်ပြီ ဆေးလည်းသောက်ပြီးသွားပြီပဲ အိပ်လိုက်ရင် အဆင်ပြေသွားလိမ့်မယ် "
" အင်း ပြီးတာပဲလေ ဒါဆိုလည်း အဝတ်အစားပဲလဲစို့ ဦးအခုဟာတွေနဲ့အိပ်ရင် သက်သောင့်သက်သာဖြစ်မှာမဟုတ်ဘူး "
ဦးကလက်ခံတော့ သူအဝတ်ဗီရိုထဲက ဦးအဆင်ပြေမဲ့ အဝတ်အစားပေါ့ပေါ့ပါးပါးတစ်စုံ ထုတ်လိုက်သည်။သူ့အင်္ကျီအကြီးကြီးတွေ ဦးဝတ်ထားရင် အရမ်းကြိုက်တာမလို့ ဦးကို သူ့အင်္ကျီအကြီးကြီးတွေထဲက ထုတ်ပေးလိုက်သည်။
အင်္ကျီချွတ်တော့ တစ်ကိုယ်လုံးသူပေးထားတဲ့အမှတ်အသားတွေ ထင်းလို့.. အမှန်ဆို ဦးနဲ့အတူနိုးထပြီး မနက်ခင်းတွင် လုပ်ဖို့တန်းစီထားတဲ့ထဲမှာ ဦးခန္ဓာကိုယ်က သူပေးထားတဲ့အမှတ်တွေ ရေတွက်ကြည့်ဖို့လည်း ပါသည်။ အခုတော့ ဦးလုပ်ပုံကြောင့်လား သူအအိပ်မက်လို့လားမသိတော့.. သူ့ကိုယ်သူပဲ အပြစ်တင်လိုက်ပါမယ်လေ ဦးကသူ့ကြောင့် အများကြီးပင်ပန်းထားရတာကို သူဂရုမစိုက်လိုက်ရဘူး။ တကယ်ဆိုသူလည်း ဦးက သူနဲ့မှအတူထလိမ့်မယ်ပဲ ထင်ထားတာ..မထင်မှတ်ဘဲ ဦးက အစောကြီးထတဲ့အပြင် ပုံမှန်လိုအလုပ်တွေပါ ထလုပ်လို့...
" မင်းကြည့်မနေနဲ့တော့.. "
" ဦးလှလို့ကြည့်နေတာ.. အကုန်မြင်ဖူးပြီးသားကို ဘာလို့.. ကျွန်တော့်ကိုရှက်နေတာလား ဒါမှမဟုတ် ဦးမရှက်အောင် ကျွန်တော်ရောချွတ်လိုက်ရမလား.. "
" ဂျောင်ဂု.. "
" ဟုတ်ပြီ ဟုတ်ပြီ မြန်မြန်လဲတော့ အိပ်ရအောင် "
သူဦးကျေနပ်အောင် နောက်လှည့်ပေးလိုက်သည်။တကယ် သူဦးတစ်ကိုယ်လုံးကို အလွတ်ရနေတာကို သူ့ကိုရှက်နေသေးတာ..
" ရပြီ "
သူနောက်လှည့်လိုက်တော့ ဦးက သူ့အင်္ကျီကြီးကြီးတွေကြား လုံလုံခြုံခြုံရှိနေသည်။
" အိပ်တော့ ကျွန်တော်အဝတ်အစားတွေ လျှော်စက်ထဲသွားထည့်လိုက်အုံးမယ် "
" အင်း "
ဆော့ဂျင် ရေချိုးခန်းဝင်သွားတဲ့ဂျောင်ဂုကို မျက်စိတစ်ဆုံးလိုက်ကြည့်လိုက်သည်။ ဂျောင်ဂုရဲ့ နွေးထွေးတဲ့ဂရုစိုက်မှုက သူ့ရင်ကို တသိမ့်သိမ့်လှိုက်ခုန်စေသည်။ အထူးတလည် ဂရုစိုက်မခံရဖူးတဲ့သူက အသေးစိတ်လိုက်ကြည့်ခံရတာကို သဘောကျသည်ထင်ပါသည်။ ဂျောင်ဂုကိုလူကြိုက်များတာ အဲလိုလွန်လွန်ကဲကဲ ဂရုစိုက်မှုတွေကြောင့်ထင်ပါတယ်။သူ့လိုလူကြီးတစ်ယောက်ကိုတောင် လှိုက်မောရီဝေအောင်လုပ်နိုင်သည်က သူဘာလို့ပလေးဘွိုင်းဖြစ်နေရလဲ မအံ့ဩတော့.. ဂျောင်ဂုက ပါးနပ်သည်။ဘယ်အခြေအနေမှာ ဘယ်လိုတုံ့ပြန်ရမလဲ ကောင်းကောင်းသိသည်။
" ဦး.. "
ဂျောင်ဂုက ရေချိုးခန်းထဲကထွက်လာပြီးတော့ သူ့အနားတွင် တိုးအိပ်လာသည်။ သူဂျောင်ဂုကို သူ့လက်မောင်းတွေကြားဝင်အိပ်ဖို့ လက်ဆန့်တန်းပေးလိုက်ပေမဲ့ ဂျောင်ဂုကသာ သူ့ခေါင်းကိုမ,ပြီး လက်မောင်းပေါ်တင်လိုက်သည်။
" ညောင်းနေလိမ့်မယ်နော် "
" အိပ်စမ်းပါဗျာ.. နောက်ခါအတူနေပြီးရင် ခန္ဓာကိုယ်ကို ပစ်စလက်ခတ်မထားပါနဲ့ ဒီနေ့ဖြစ်သွားတာ ကျွန်တော့်ကြောင့်ပါ ကျွန်တော်ဂရုစိုက်ပေးရမှာကို.. "
" ငါဘာမှဖြစ်တာမဟုတ်ဘူး အဲလိုနေရအောင် မိန်းကလေးလည်းမဟုတ်ဘူး "
" မိန်းကလေးမဟုတ်တော့ မနာရဘူးလား အခုရောမနာနေလို့လား "
" ကိုယ်မနာဘူး "
" မနာရင် ကျွန်တော်တို့ထပ်လုပ်ရအောင် "
ဂျောင်ဂုပြောတဲ့စကားကြောင့် သူမျက်နှာရဲခနဲဖြစ်သွားသည်။ နာတယ်မနာဘူးဆိုတာထက် သူခံနိုင်သေးတဲ့ပမာဏဖြစ်သည်။ နားနားနေနေနေရမှာတော့ဟုတ်ပေမဲ့ အိပ်ရာထဲပဲ နေရလောက်အောင်ထိ မဆိုးသေးဘူး။ အရမ်းကြီးလှုပ်ရှားမှုများသွားလို့ ပင်ပန်းသွားရုံကို..
" ကျွန်တော့်လက်စကျွန်တော်သိတယ် ဒါကြောင့် ကျွန်တော်ပြောတာနားထောင် ကျွန်တော့်ကိုမရှက်နဲ့.. "
ဂျောင်ဂုဦးကို ထပ်ဖျောင်းဖျပြီး ဦးဝတ်ထားတဲ့ဘောင်းဘီကို လျှောချလိုက်သည်။ အတွင်းခံရော တစ်ခါတည်းချွတ်လိုက်ပြီး သူကိုယ်တိုင်အောက်ကို လျှောဆင်းလိုက်သည်။
" ဂျောင်ဂု.. "
" ငြိမ်ငြိမ်နေဆို! အဆင်ပြေလားကြည့်ရုံပဲ "
ဂျောင်ဂု တားနေတဲ့ဦးလက်တွေကို ဖယ်ချလိုက်ပြီး စေ့ထားတဲ့ပေါင်တံတွေကို ခွဲလိုက်သည်။ သူမြင်ဖူးနေကြလို့ပြောပေမဲ့ တကယ်တမ်းမြင်လိုက်ရတော့ သူမှင်သက်ရပြန်သည်။သူညက အကြိမ်ကြိမ်တိုးဝင်ခဲ့တဲ့ထိုနေရာက နီရဲကာ ရောင်ရမ်းနေသည်။ ဒါကိုဘာမှမဖြစ်ဘူးပြောသေးတာ.. နဂိုထဲက နူးနူးညံ့ညံ့ရှိတဲ့နေရာပါဆို..သူပြန်ထလိုက်ပြီး ဆေးအိတ်ယူဖို့ထရပ်လိုက်တော့ ဦးပေါင်တွေပြန်စေ့သွားသည်။
" ဆေးလိမ်းမှရမှာ "
" ဒါဆိုလည်း ကိုယ့်ဟာကိုယ်ပဲ.. "
" ငြိမ်ငြိမ်နေလိုက်တော့ မြန်မြန်ပြီး ပြီးတာပေါ့ "
သူဆေးအိတ်ထဲက ဆေးဘူးတွေထုတ်ပြီး အနားပြန်တိုးကာ စေ့ထားပြန်တဲ့ပေါင်တံတွေကို ပြန်ကားလိုက်သည်။ ဦးကတော့ မျက်လုံးတွေမှိတ်ထားပြီး ထပ်မပြောခဲ့တော့။ဆေးကို ဂွမ်းစတွေမှာသုတ်လိမ်းပြီး ဖြည်းဖြည်းချင်းထိလိုက်သည်။ ဆေးဝင်သွားတိုင်း ဦးကိုယ်လေး တွန့်တွန့်သွားတတ်သည်။ ဒါတောင် ဘာမှမဖြစ်ဘူးပြောနေတုန်း။
" စပ်လား.. "
" အင်း "
သူသက်သာလိုသက်သာငြား အစပ်ပြေအောင် လေနဲ့ဖြည်းဖြည်းချင်း မှုတ်ပေးလိုက်သည်။ ထိုအခါမှ ဦးက ပိုတောင်တွန့်သွားသေးသည်။
" တော် တော်တော့ ရလောက်ပြီ "
" အင်း ရတော့ရပြီ .. ဒါပေမဲ့ ဘောင်းဘီတော့ မဝတ်နဲ့အုံး ဆေးတွေပေကုန်လိမ့်မယ် "
" အင်း "
သူဦးပေါ် စောင်ပါးပါးထပ်ပေးလိုက်ပြီး သူလည်းဦးနားတွင် ပြန်ဝင်လှဲလိုက်သည်။ ဦးက သူဝင်လာအိပ်ထဲက သူ့ကိုမကြည့်မိဖို့ မျက်လုံးမှတ်ထားတာဖြစ်လောက်မည်။ရှက်လားမရှက်လား ချွေးတွေတောင်ထွက်နေတယ် သူလုပ်ပေးနေတဲ့တစ်လျှောက်လုံး အသက်အောင့်ထားတာဖြစ်မယ်.. ချစ်ဖို့ကောင်းလိုက်တာ..ဂျောင်ဂုဦးအနားတွင် လက်ခုအိပ်နေရင်း တစိမ့်စိမ့်ကြည့်နေမိသည်။ ကျွန်တော်ချစ်လွန်းလို့ ရူးတော့မယ်ဦးရဲ့..
" အိပ်မပျော်ဘူးလား "
သူကြည့်နေတုန်း ဦးကမျက်လုံးတွေပွင့်လာတော့ နဖူးပြင်နားက ချွေးစတွေသုတ်နေရင်း မေးလိုက်သည်။ဦးကပြန်မဖြေဘဲ သူ့ကိုပြန်ကြည့်နေသည်။
" နာလို့လား.. "
" မင်းအဲလိုပဲလား "
" ဟင် ဘာကိုလဲ "
" မင်းတွဲခဲ့ဖူးတဲ့သူတွေအပေါ်မှာလည်း ဒီလိုပဲလား.. ဒါကြောင့် မင်းကိုကြိုက်တဲ့သူပေါနေတာပေါ့ "
" ဟက် ဟက် ဟုတ်ချင်လည်း ဟုတ်မှာပေါ့ ယောကျာ်းကောင်းတစ်ယောက်က ကိုယ်လုပ်ထားတဲ့အပေါ် တာဝန်ယူမှုရှိရမှာပဲမဟုတ်ဘူးလား "
" အင်း ကိုယ်လည်းအဲလိုပဲထင်ပါတယ် ကိုယ်က မင်းထက်တောင် ပိုယောကျာ်းဆန်သေးတယ် "
" ... "
" ကိုယ်မလုပ်ထားတဲ့အပေါ်မှာလည်း တာဝန်ယူတတ်လို့လေ "
" ဟာဗျာ ဦးကလည်း "
" မဟုတ်ဘူးလား ကိုယ်ဆို ကလေးသုံးနှစ်ထဲရောက်တဲ့အထိ တာဝန်ကျေနေတုန်းပဲလေ "
" ဟွန့် ကျွန်တော့်ကိုရော တာဝန်ယူမှာလား ပြော "
" မသိသေးဘူးလေ စဉ်းစားလိုက်အုံးမယ် "
" ဦးနော်!.. မြန်မြန်ဖြေ မဟုတ်ရင်မအိပ်ရဘူး ကျွန်တော်လား ပေါက်စလား "
ဂျောင်ဂု မဖြေဘဲမျက်လုံးတွေမှိတ်ကာ အိပ်ဟန်ဆောင်သွားတဲ့ဦးကြောင့် အနားတိုးသွားလိုက်ပြီး သူ့လက်တွေကို ဦး,ခေါင်းအောက်ထည့်လိုက်သည်။
" မဖြေသေးဘူးလားလို့ "
" မဖြေမချင်း အိပ်လို့မရအောင် နှောင့်ယှက်နေမှာနော် "
" ဦးလို့.. "
" ဦးဆို- "
ပြွတ်စ်..
" အိပ်ရအောင် "
ဦးက သူ့နှုတ်ခမ်းတွေကို ဖွဖွထိပြီး ပြန်ခွာသွားသည်။သူ့မှာသာ ရင်တဒိတ်ဒိတ်ခုန်ပြီး ကျန်နေခဲ့တာ ဦးက မျက်လုံးတွေမှိတ်သွားပြီး ပြန်မဖွင့်လာတော့.. လျှပ်တပြတ်အတွင်းလည်း သူ့ကိုရင်ခုန်အောင် လုပ်နိုင်တဲ့ ဦးပါပဲ။ ထိုထိတွေ့မိတဲ့ခဏကို သူကျေနပ်သွားပြီး ဦးထိသွားတဲ့သူ့နှုတ်ခမ်းကို ပြန်စမ်းကာ ဦးကိုလည်း ဖွဖွပြန်နမ်းလိုက်သည်။
ကောင်းကောင်းအိပ်ပါ ကျွန်တော့်ရဲ့ဦး။
__________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



