Fanfics

ep29

15:19, 5 March 2024

နိုးလာတာနဲ့ မူးနှောက်နေတဲ့ခေါင်းနဲ့ မဖွင့်ချင်ဖွင့်ချင် လေးလံနေတဲ့မျက်လုံးတွေ.. သူဝမ်းလျားမှောက်အိပ်နေရာမှ ဖြည်းဖြည်းပက်လက်လှန်ကာ မျက်လုံးတွေကို ပွတ်လိုက်သည်။ ဘေးဘီကိုကြည့်တော့ ဦးကရှိမနေ။ သူနာရီကိုကြည့်လိုက်တော့ ဆယ့်တစ်နာရီထိုးနေပြီမလို့ ဦးအိပ်ရာထဲရှိမနေတာ မဆန်းတော့ဘူး။ညက သူဦးကိုအလွှတ်မပေးခဲ့ဘူး မိုးလင်းခါနီးထိ သူတို့ခရီးရောက်ခဲ့ကြသည်။ သူစိတ်ကူးယဉ်ခဲ့ရတဲ့ ညတွေမလို့ ဦးကို တော်တော်နဲ့မလွှတ်နိုင်ခဲ့..သူမနေ့ညတုန်းကဖြစ်ခဲ့သမျှကို အစအဆုံးပြန်တွေးနေမိသည်။ အား... မနက်ခင်းကိုလည်း ဦးကိုတင်းတင်းဖက်ထားရင်း မျက်နှာလေးတစိမ့်စိမ့်ကြည့်ပြီး ညတုန်းကအကြောင်းတွေ ပြန်ပြောရမှာကိုကွာ..

" ဦးကပြန်သွားတာလား.. "

သူခုတင်ပေါ်က ခြေချလိုက်တော့ အိပ်ရာဘေးကစားပွဲတွင် စာရွက်ဝါလေးတွေ့သည်။ စာရေးသွားတယ်ဆိုတော့ ပြန်ပြီပေါ့။ ဦးက သူ့လက်ကိုဆေးပြန်လိမ်းဖို့နဲ့ မနက်စာပြင်ထားခဲ့ကြောင်း မှာသွားသည်။ လက်က ဘာမှမဖြစ်တော့ပေမဲ့ အမာရွတ်ကျန်မှာစိုးလို့ ဆေးလိမ်းရအုံးမည်။

သူရေချိုးပြီးတော့ မီးဖိုချောင်ဘက်ထွက်ခဲ့သည်။ဦးက မနက်စာလုပ်ထားပေးသည်တဲ့။ ဘယ်အချိန်ကများ ထနေသလဲကွာ.. ဒီလိုအတူနေပြီးရင် ကောင်းကောင်းအနားယူရမှာမဟုတ်ဘူးလား.. အမှန်ဆို သူ့ရင်ခွင်ထဲဖက်အိပ်ပြီး ဇိမ်ခံနေရမှာကို ပေါက်စမကြောင့်။ပေါက်စမေးနေလို့ ဦးက သူ့ကိုမနှိုးတော့ဘဲ ပြန်လိုက်သည်တဲ့။ အင်းလေ ကျောင်းပိတ်တာဆိုတော့ ပေါက်စက သူ့ပါးပါးကိုမတွေ့ရင် မေးနေတော့မှာ။

ဂျောင်ဂု ဦးပြင်ပေးထားတဲ့မနက်စာကိုစားရင်း ဦးဆီလည်း စာပို့လိုက်သည်။

💬 " ဘာလုပ်နေလဲ "

💬 " နိုးပြီလား "

ဦးက ချက်ချင်းစာပြန်လာသည်။ ဦးစာပြန်လာတာနဲ့ သူဦးကိုဖုန်းခေါ်လိုက်သည်။ ဦးကလည်း ချက်ချင်းကိုင်လာသည်။

" မနက်စာစားပြီးပြီလား ဆေးရောလိမ်းလား "

" စားနေတယ် ဦးဘာလုပ်နေလဲ "

ဦးဘက်က ဆူညံသံတွေကြားနေရတော့ အပြင်ရောက်နေတာလား မေးကြည့်လိုက်သည်။

" ကိုယ်အပြင်ရောက်နေတယ် အွန်းလေးကို ကစားကွင်းလိုက်ပို့တာ "

" ကစားကွင်း ထူးထူးဆန်းဆန်း...ကျွန်တော့်ကိုဘာလို့မခေါ်တာလဲ ကျွန်တော်လည်းလာမယ် ဘယ်မှာလဲ "

" မင်းအိပ်နေလို့လေကွာ ကိုယ်တို့လည်း သိပ်မနေဘူးပြန်တော့မှာ မင်းလည်း အိမ်မှာပြန်နေတော့ကြားလား လက်ကိုလည်းဂရုစိုက် ဒါပဲနော် သူတို့ဆင်းလာပြီ "

ဦးက လျင်လျင်မြန်မြန်ပင် ဖုန်းချသွားသည်။သူတို့.. သူတို့ကဘယ်သူတွေပါသေးတာလဲ ဟိုအဘိုးကြီးလား... အဲအဘိုးကြီးနဲ့ ဘာလို့သွားသွားနေမှန်းမသိဘူး.. တကယ်ပဲ နားနားနေနေလည်း မနေဘဲနဲ့ အပြင်မှာ နေကပူကပူနဲ့..

ညက သူ့လက်စသူသိသည်။ သူအရမ်းကြီးပြင်းပြင်းထန်ထန်မလုပ်ခဲ့ပေမဲ့ အနည်းနဲ့အများတော့ ပင်ပန်းမှာပဲမလား အားအင်တွေကို တစ်ညလုံးဖြုန်းတီးပစ်တော့ အနည်းဆုံးတော့ ညောင်းညာပြီးကိုက်ခဲကာ အိပ်ရေးမဝတော့ဖြစ်နေမှာပဲ။ သူတောင် မနက်လင်းတော့ ဝိုင်အရှိန်ကြောင့် ခေါင်းမူးနှောက်နေပြီး အိပ်ရေးမဝဖြစ်နေသေးတာပဲ။ ဦးကိုသူတစ်ညလုံး အလွှတ်မပေးခဲ့တာကို သူကအစောကြီးလည်းထပြီး ပေသွားတဲ့အဝတ်တွေနဲ့ အိပ်ရာခင်းတွေလည်း လျှော်ပေးသွားပြီး မနက်စာပါ ပြင်ပေးသွားသေးသည်။

နေရာမှားနေပြီ သူကအသက်ကြီးတဲ့သူကို ချီချင်ပေမဲ့ဦးကအချီမခံဘဲ သူ့ကိုပဲပြန်ချီနေသည်။ မဟုတ်သေးပါဘူး  ဦးကတကယ်ဘာမှမဖြစ်တာလား.. သူ့ပစ္စည်းက သေးတဲ့အထဲမှာလည်းမပါတာကို ဦးကတကယ်ဘာမှမဖြစ်တာလား..သူက အိပ်ရာပေါ်တွင် အနည်းငယ်ကြမ်းတမ်းတဲ့စတိုင်မျိုး.. ပါတနာကိုအလျှော့မပေးတတ်ဘဲ အချစ်ကြမ်းသည်။ ဒါတောင် ဦးက အလျှော့ပေးဖို့လည်းမပြောသလို တားလည်းမတား ပြီးတော့ တောင်းလည်းမတောင်းဆိုတတ်ဘူး။ သူ့အောက်မှာမချိမဆန့်နဲ့ မာန်တင်းပြီး အံတင်းတင်းကြိတ်ထားတဲ့ဦးပုံစံက တကယ်ကြမ်းတမ်းချင်စရာပင်။ ဦးကမတောင်းဆိုရင်တောင် သူကမနေနိုင် သူအကြာကြီး ဦးထဲမှာမလှုပ်ဘဲ မနေနိုင်ဘူး။ ဦးရဲ့ ဖရိုဖရဲချွေးစေးတွေထွက်ပြီး မာန်တင်းထားတဲ့ပုံကပင် သူ့ကိုအလျှော့ပေးစေဖို့ လုံလောက်နေပြီ။

အားရှီး.. မနက်ကျရင်တော့ ဦးနဲ့ထိုအကြောင်းတွေပြန်ပြန်ပြောပြီး ဦးနဲ့အိပ်ရာထဲကမခွာဘဲ ကပ်ချွဲရမဲ့ဟာကို လာအိပ်ပျော်သွားတယ်။ သူကြမ်းသွားတဲ့နေရာတွေကို သေချာကြည့်ပြီး ဂရုတစိုက်ဆေးတိုက်ရမဲ့ဟာကို.. အား..!! အခုကျတော့ ကစားကွင်းလည်းမလိုက်ရ...

သူလိုက်ချင်တာကို... အအိပ်မက်နေတဲ့သူ့ကိုယ်သူသာ အပြစ်တင်နေမိသည်။

သူမနက်စာစားပြီးတော့ တစ်ယောက်တည်းအထီးကျန်နေမဲ့အတူ အိမ်ပြန်ဖို့သာပြင်လိုက်သည်။ ဦးကိုတော့ သူ့အိမ်မှာဖြစ်ကြောင်းနဲ့ ပြန်ရောက်ရင်ဖုန်းဆက်ဆိုပြီး စာပို့ထားလိုက်သည်။

................................

" ပါးပါး .. "

" အင်း.. ပြီးသွားပြီလား "

ဆော့ဂျင်အွန်းလေးတို့အနားရောက်လာတာနဲ့ ဖုန်းကိုအမြန်ချပြီး အိတ်ကပ်ထဲထည့်လိုက်သည်။အွန်းလေးက ကစားစရာတစ်ခုစီးပြီးတော့ သူ့ဆီအပြေးရောက်လာပြီး ပွေ့ခိုင်းစေသည်။ သူအွန်းလေးကိုပွေ့လိုက်တော့ ခါးကအောင့်ခနဲပင်။

မနက်နိုးကတည်းက ခါးကနေ‌စပြီး အောက်ပိုင်းတစ်လျှောက်လုံး နာကျင်ကိုက်ခဲနေသည်။ သူ‌ပေါ်ဖိမတတ်ပွေ့ဖက်ထားတဲ့ ဂျောင်ဂုကို ခက်ခက်ခဲခဲဖယ်လိုက်ရပြီး အိပ်ရာပေါ်က  ဖြည်းဖြည်းချင်းထလိုက်သည်။ သူဖယ်လိုက်တာနဲ့ မှောက်ခုံဖြစ်သွားတဲ့ဂျောင်ဂုက အရမ်းအိပ်ကောင်းနေပုံရသည်။ ခေါင်းအုံးနဲ့ဖိထားခံရတဲ့ပါးတစ်ဖက်ကြောင့် နှုတ်ခမ်းလေးထော်‌လို့ ဆံပင်တွေကလည်း ထိုးထိုးထောင်ထောင်ဖြင့်။သူအဝတ်ဗလာဖြစ်နေတဲ့ဂျောင်ဂုကို စောင်နဲ့သေချာဖုံးပေးခဲ့ပြီး ရေချိုးခန်းထဲဝင်ခဲ့သည်။

သူ့တစ်ကိုယ်လုံးကို ရေနွေး‌နွေးနဲ့သေချာဆေးလိုက်တော့ အနည်းငယ်သက်သာသွားသလို.. သူ့တစ်ကိုယ်လုံးသည် တော်တော်ကို ဆိုးဆိုးဝါးဝါးကြီး ရှုပ်ပွနေသည်။ လည်ပင်းနဲ့ရင်ဘတ်တွေဆို အညိုရင့်ရောင်တောင် ဖြစ်ကုန်သည်။ခါးတွင်လည်း အညိုမဲတွေဖြင့် မသိရင် နှိပ်စက်ခံထားရသလို.. ဆော့ဂျင်‌သူ့အောက်ပိုင်းကိုတော့ ဆက်မကြည့်တော့ဘဲ ရေပန်းနှင့် သေချာဆေးလိုက်သည်။ သူဆပ်ပြာယူဖို့ လမ်းနည်းနည်းလျှောက်တော့ သူ့ပေါင်ကြောတစ်လျှောက် နွေးနွေးလေးဖြတ်သန်းသွားသလို ခံစားလိုက်ရတော့ သူငုံ့ကြည့်လိုက်မိသည်။ သူ့အောက်ပိုင်းက ဖြူဖြူအရည်တွေ တစ်စက်ချင်းကျနေတာဖြစ်သည်။သူမျက်လုံးကို မှိတ်ပစ်လိုက်သည်။ သူမျက်နှာတွေလည်း ပူထူပြီး ရှက်ရွံ့လာသည်။ ဂျောင်ဂုပြောဖူးသည် ထိုအရည်တွေ အထဲမှာကျန်နေရင် နေလို့မကောင်းဘူးတဲ့။သူခပ်ဖြည်းဖြည်းထိုင်ချလိုက်ပြီး ဒူးထောက်ကာ လက်နဲ့အပေါက်ကို ဖြည်းဖြည်းချင်းချဲ့ပြီး လက်ချောင်းတွေဖြင့်အထဲတွင် ဖြည်းဖြည်းချင်း မွှေပြီးထုတ်လိုက်သည်။ထိုအခါတွင် အထဲတွင်ကျန်နေသေးတဲ့ အရည်စက်တွေ မနည်းမနောကျလာသည်။ သူထိုအတိုင်းလုပ်ပြီး ရေနဲ့ဆေးချလိုက်ကာ ခေါင်းထောင်မလာချင်တော့..တစ်ယောက်တည်းလုပ်တာတောင် ဒီလောက်ရှက်ရွံ့ဖို့ကောင်းတာကို မနေ့က ဂျောင်ဂုသူ့ကိုလုပ်ပေးခဲ့သည်ကို ပြန်တွေးကြည့်ရင်း ပိုရှက်လာသည်။ ရေစိုနေပေမဲ့ သူ့တစ်ကိုယ်လုံး အပူတွေတက်လာသည်။

သူခန္ဓာကိုယ်‌ဆေးကြောခြင်းအမှုကို မြန်မြန်လုပ်လိုက်ပြီး ရေချိုးခန်းထဲက အမြန်ထွက်လာခဲ့သည်။ဂျောင်ဂုအဝတ်တွေထဲက သင့်တော်မဲ့အဝတ်ရှာဝတ်လိုက်ပြီး မနေ့ညကဖွထားတဲ့ အဝတ်အပေတွေကို ရေချိုးခန်းထဲယူလာခဲ့သည်။ ခုနက အိပ်ရာခင်းတွေ စွန်းပေနေတာတွေလည်းသတိရတော့ သူထိုအခင်းတွေပါ လျှော်ဖို့ဆုံးဖြတ်လိုက်သည်။ ဂျောင်ဂုလည်းလျှော်တတ်မှာမဟုတ်တဲ့အပြင် အဝတ်လျှော်ပို့ဖို့ကလည်း မဖြစ်နိုင်။ကိုယ်တိုင်လျှော်ဖို့သာ စဉ်းစားလိုက်ရသည်။ သူအိပ်ရာခင်းကို ဆွဲယူတဲ့အထိ ဂျောင်ဂုကမနိုးတဲ့အပြင် တစ်ဖက်ပြန်လှည့်ပြီးတောင် အိပ်သွားသေးသည်။နဂိုတည်းက ဂျောင်ဂုက အအိပ်မက်သည်။ သူတို့ဆီမှာလာနေတုန်းကဆိုရင်လည်း သူကပင် မနက်တိုင်းသွားသွားနှိုးရသည်။

သူအိပ်ရာခင်းတွေပါလျှော်ပြီးသွားတော့ ရှစ်နာရီကျော်သွားပြီ။ ဒီအချိန်ဆို အွန်းလေးနိုးလောက်ရောပေါ့..သူအွန်းလေးကိုဖုန်းဆက်ဖို့ နိုအွန်းကို ဖုန်းခေါ်ဖို့လုပ်လိုက်သည်။ထိုအခါ နိုအွန်းနဲ့သူ မနေ့ကဒီကိုလာဖို့ ကတောက်ကဆနည်းနည်းဖြစ်ထားတာကို သတိရမိသည်။ သူဖုန်းခေါ်ဖို့အစီအစဉ်ကိုလက်လျှော့လိုက်ပြီး မနက်စာပြင်ဖို့သာ စဉ်းစားလိုက်သည်။ဂျောင်ဂုနိုးလာတာနဲ့ အတူစား‌ရအောင် ဂျောင်ဂုကိုတော့မနက်စာပြင်ပြီးမှပဲ နှိုးတော့မည်။

ရေခဲသေတ္တာထဲက ရှိသလောက်ထုတ်ယူခဲ့ပြီး အဆင်ပြေသလို ချက်ပြုတ်လိုက်သည်။

တီ တီ တီ တီ

စားပွဲပေါ်က သူ့ဖုန်းမြည်လာတော့ သူယူကြည့်လိုက်သည်။နိုအွန်းဆက်သည်မလို့ အွန်းလေးခေါ်ခိုင်းတာဖြစ်မည်ထင်ပါရဲ့...

" ဟယ်လို "

" ကလေးကရှင်နဲ့ပြောချင်လို့တဲ့ ပြောလိုက်အုံး "

" ပါးပါး "

" အင်း‌ သမီး ပြော ပါးပါးပြောနေတယ် "

" ပါးပါးဘာလုပ်နေလဲ ပါးပါးကိုမတွေ့လို့ "

" ပါးပါးကိုကို့အိမ်မှာသမီး သမီးပါးကို ဘာပြောချင်လို့လဲ သမီးမနက်စာစားပြီးပြီလား "

" ပြီးပြီ။ ပါးပါး "

" ပြောပါ "

" ဆရာမက ပိတ်ရက်မှာ ကစားကွင်းလျှောက်လည်ပြီး ပြန်ပြောပြရမယ်တဲ့ "

" ဟုတ်လား ပါးပါးလိုက်ပို့ပေးရမှာလား.. "

" ပါးပါးလိုက်ပို့မှာလား "

" အင်းပေါ့ ပါးပါးပြန်လာခဲ့မယ် သမီးအဆင်သင့်လုပ်ထားလိုက် ပါးပါးခဏနေပြန်လာခဲ့မယ်နော် "

" ဟုတ်ပါးပါး..။ မေမေ ပါးပါးလာမယ်တဲ့.. "

" ဒါဆို.. "

" အင်း.. "

ဖုန်းကျသွားတော့ ဆော့ဂျင်ဖုန်းကိုပြန်ချထားလိုက်ပြီး မနက်စာကို အပြီးသတ်ပြင်လိုက်သည်။ အားလုံးပြင်ပြီးသွားတော့ သူမစားတော့ဘဲ ဂျောင်ဂုအတွက်သာ  ပြင်လိုက်ပြီး အခန်းထဲပြန်လာခဲ့သည်။ ဂျောင်ဂုကအိပ်မောကျနေတုန်းမလို့ မနှိုးချင်တော့ဘဲ စာသာရေးထားခဲ့ဖို့ပြင်လိုက်သည်။

" ပါးပါး "

" အင်း.. ဒါပြီးရင် ဘယ်ဟာစီးချင်သေးလဲ "

" တော်ပြီလေ ထမင်းစားချိန်ရောက်နေပြီလေမပင်ပန်းဘူးလား ဗိုက်မဆာဘူးလား "

" ဟုတ်သားပဲ အချိန်မနည်းတော့ဘူး ဗိုက်မဆာသေးဘူးလား အပြင်မှာပဲစားကြမလား "

နိုအွန်းအပြောကို သူထောက်ခံလိုက်သည်။တကယ်လည်း သူဒီနေ့အတွက် ပင်ပန်းနေပြီ။သူ့အောက်ပိုင်းတစ်ခုလုံး ခါးကနေစပြီး ကိုက်ခဲနေသည်။ လမ်းလျှောက်တာတောင် အဆင်ကမပြေ လှုပ်ရှားမှုတွေများလာတာနဲ့ လူကပန်းနေပြီ။ဒါလည်း အွန်းလေးစီးချင်တဲ့နေရာတစ်ခုချင်းစီ လိုက်ပို့ပြီးပြီ။ တချို့ဆို သူပါလိုက်စီးခဲ့ရသေးသည်။ တစ်ခါတလေပဲရှိတဲ့အချိန်လေးမလို့ အွန်းလေးကို မိသားစုအရသာခံစားစေချင်သည်။ သူနားချင်နေပေမဲ့ အွန်းလေးလုပ်ချင်တာတွေတော့ လိုက်လုပ်ပေးနေမိသည်။တခြားနေ့တွေဆို သူပါလိုက်ပျော်မိမှာပေမဲ့ အခုတော့ သူတော်တော်ပင်ပန်းနေသည်။ သူအမှန်ဆို အိပ်ရာထဲမှာပဲနားနေသင့်တယ်ထင်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းကိုက်ခဲနေပြီး နားချင်နေပြီ။ ညက ကောင်းကောင်းမအိပ်ထားရတော့ ပိုဆိုးသည်။

သူတို့အနီးနားက စားသောက်ဆိုင်ဘက် ထွက်ခဲ့ကြသည်။စားချင်တာတွေမှာလိုက်ကြပြီး ကလေးကိုသာ ဂရုတစိုက်ကျွေးနေမိသည်။ သူနဲ့နိုအွန်းက အခုထိစကားမပြောကြသေး။အင်းလေ.. သူတို့က ကလေးအတွက်စဉ်းစားပြီး အလိုက်သင့်နေနေကြတဲ့သူတွေပဲ.. ဒါပေမဲ့ မနေ့ကကိစ္စကြောင့် သူတို့ကြားတွင် ပိုစိမ်းကားလာသလို.. သူကလည်းစကားမစသလို နိုအွန်းကလည်း ထိုအကြောင်းထပ်မပြောတော့..

သူတို့အရင်ကလည်း ဒီလိုတစ်ယောက်ကိစ္စတစ်ယောက် ဝင်စွက်ဖက်စရာမလို့ ပုံမှန်အတိုင်းပဲ‌နေခဲ့တယ် သူတွဲနေတဲ့သူက ဂျောင်ဂုဆိုတာမလို့ သူမဘာကိုစိုးရိမ်နေမှန်း သူသိပါသည်။ သူလည်းအတတ်နိုင်ဆုံး  သူ့ကိစ္စတွေမပြီးပြတ်သေးခင်အထိ ဖုံးကွယ်ပြီးနေသွားမှာမလို့ သူကစိတ်မပူဖို့ပြောလိုက်တာ..

" ပါး "

" ဟင် ဟင်သမီး စားလို့ဝပြီလား "

" မဟုတ်ဘူး ကိုကို "

" ဟမ် ဘာကိုပြောတာလဲ "

" ကိုကို့ကိုတွေ့တယ် "

အွန်းလေးက ရုတ်တရက် သူ့ကိုဂျောင်ဂုအကြောင်းပြောနေတော့ သူပြန်မေးလိုက်သည်။ ထိုအခါ အွန်းလေးက သူတို့နဲ့မျက်နှာချင်းဆိုင်ဘက်ကို ကြည့်နေသည်။ သူအွန်းလေးကြည့်တဲ့နေရာလိုက်ကြည့်တော့မှ သူတို့ဘက်ကိုကြည့်နေတဲ့ ဂျောင်ဂုကို တွေ့လိုက်ရသည်။ သူဂျောင်ဂုကို မထင်မှတ်ဘဲတွေ့လိုက်ရတော့ လန့်မတတ်ပင်။သူမြင်သွားတော့လည်း ဂျောင်ဂုက သူ့ကိုအကြည့်သေဖြင့် ကြည့်နေတုန်း.. သူနည်းနည်းတော့ စိုးရိမ်သွားမိသည်။နဂိုကသူနဲ့ပတ်သက်ရင် ဇိုးဇိုးဇက်ဇက်နဲ့ ပိုင်စိုးပိုင်နင်းနိုင်တဲ့ကလေးက သူ့ကိုမြင်တာတောင် သူ့ဆီရောက်မလာခဲ့ဘူး။ သူကစားကွင်းသွားမှာကို နိုအွန်းရောပါတယ်ဆိုတာ တမင်မပြောလိုက်တာတော့မဟုတ်ဘူး။ဒီအတိုင်း သူ့ကိုအတွေးမများစေချင်ရုံသာ....သူထယ်ဆန်းနှစ်ပတ်လည်ပွဲတက်တဲ့ကိစ္စနဲ့တောင် ဂျောင်ဂုဘယ်လိုခံစားရလည်း သူမျက်မြင်ခဲ့ပြီးပြီ။ဒါက ကလေးအတွက် မဖြစ်မနေလုပ်ပေးရမဲ့ကိစ္စပဲ သူလျစ်လျှူရှုလို့မရသလို ငြင်းပယ်လို့လည်းမရ။

" ဟုတ်နေတာပဲအဲကောင်လေး.. ခေါ်လိုက်လေ.. "

နိုအွန်းက သူ့ကိုမျက်ခုံးပင့်ကြည့်ရင်း ပြောလာသည်။သူမက သူ့ကိုတမင်ပြောနေသလို.. သူညကဘယ်မှာအိပ်လဲသိသည့်အပြင် ပြန်ရောက်ခဲ့တော့လည်း သူ့လည်ပင်းက အမှတ်အသားတချို့က ဖုံးကွယ်ထားမရအောင် သိသာနေပြီးပြီ။ ဘာရည်ရွယ်ချက်နဲ့ သူ့ကိုခေါ်ဖို့ပြောလဲသိသူမလို့ ခပ်ဆိတ်ဆိတ်သာနေလိုက်ပြီး စားလက်စကို စားနေလိုက်သည်။

တစ်ခါတလေ နိုအွန်းရဲ့စိတ်ကို သူနားမလည်ဘူး သူမဘာဖြစ်စေချင်မှန်း မသိတော့ဘူး။ သူတို့လက်ထပ်ပြီးတော့ ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေက သူ့အတွက်ပဲလိုလို... သူမလည်းသူ့ထက်အရင် သူလုပ်ခဲ့တာထက်တောင် ပိုလွန်ကဲတဲ့ကိစ္စမျိုး အများကြီးလုပ်ခဲ့ဖူးတာပဲ။ အဲတုန်းက သူမသိလိုက်ဘာသာပဲနေခဲ့တယ် သူတို့ရဲ့စည်းမျဉ်းအတိုင်းပေါ့ ဒါပေမဲ့ အခုသူလည်းနည်းနည်းလုပ်မိရော သူမက တောက်လျှောက်ကြည့်ပြီး ဝင်ပါချင်နေသလိုပဲ ဘာလို့လဲသူမသိ‌ဘူး ဂျောင်ဂုနဲ့ကြောင့်မလို့ စိုးရိမ်နေတယ်ဆိုရင်လည်း သူကသိသာအောင်နေနေတဲ့သူမဟုတ်ဘူး။ အတတ်နိုင်ဆုံး ဖုံးဖိပြီးနေတာမလို့ စိတ်မပူဖို့ပြောထားပေမဲ့ သူမကစိုးရိမ်နေတုန်း..

" အိုး.. အစ်မရာရာရောပါတာပဲ အစ်မရာရာ "

သူမခေါ်ဖို့လုပ်ထားပေမဲ့ နိုအွန်းက စီနီယာမီရာ့ကိုတွေ့တော့ လှမ်းခေါ်လိုက်သည်။ သူ့ကိုမသုန်မမှိတ်ကြည့်နေတဲ့ဂျောင်ဂုက နိုအွန်းအသံကြားတော့ မျက်မှောင်ကုတ်သွားသည်။ စီနီယာမီရာကလည်း ကြားသွားပြီး သူတို့နားရောက်လာသည်။

" နိုအွန်းတို့ပဲ ဒိတ်လာကြတယ်ပေါ့ မိသားစုလိုက် "

" အင်း.. ဟုတ်တယ် သမီးကို ကစားကွင်းလိုက်ပို့ရင်း ဗိုက်လာဖြည့်ကြတာ အစ်မရာရာကရော.. "

" အစ်မလည်းဈေးဝယ်ထွက်ဖို့ သားသားငယ်ကို ချောဆွဲလာတာ သူ့ကိုမြင်ရခဲ‌လေ အိမ်ကိုကပ်တယ်မရှိဘူး ဒါနဲ့ စားပြီးကြပြီလား သားသားငယ်ရော ဗိုက်ဆာပြီလား မေမေလေးတို့ ခဏထိုင်ရအောင် "

မေမေလေးအမေးကို သူကင်မ်ဆော့ဂျင်နဲ့ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ရင်း ပြန်မဖြေမိ။ ဘာတဲ့ မိသားစုဒိတ်တဲ့လား..သူ့ကိုတစ်ခွန်းမှတောင် အသိမပေးဘဲနဲ့လေ စာထဲမှာလည်း ကလေးကခေါ်လို့အပြင် သူခုနကဖုန်းဆက်တော့လည်း တစ်ခွန်းမှထုတ်မပြောခဲ့။ သူမေးနေမှာစိုးလို့ပဲ မြန်မြန်ဖုန်းကိုချသွားတာပဲဖြစ်မှာ ဟက်။

ဂျောင်ဂုဦးကို ဝင်လာကတည်းက မြင်ပါသည်။မြင်ကတည်းက ခေါ်မလို့ကိုမှ နောက်မှ သူ့မိန်းမကိုမြင်လိုက်သည်။ သူ့ကိုမြင်သွားတော့ မထင်မှတ်ထားသလို တအံ့တဩကြည့်နေသည်။အခုထိလည်း သူ့ကိုအကဲခတ်ကြည့်နေတုန်း..သူနဲ့အကြည့်ချင်းဆုံဖို့ကြိုးစားနေပေမဲ့ သူစိတ်ဆိုးနေတုန်း!.. သူကအတန်တန်မကြိုက်ပါဘူး ပြောထားတာကို သူ့ကိုအသိမပေးဘဲ သူ့နောက်ကွယ်မှာ ခိုးလုပ်တယ် ကျွန်တော်ပျော်နေမယ်များထင်နေလားဦး ဖြစ်နိုင်ရင် သူဦးကိုလက်ဆွဲပြီးတောင် မေးလိုက်ချင်တာ

" သားသားငယ်က သူ့ကိုလျှောက်ပတ်ခိုင်းနေလို့ထင်တယ် စူပုတ်နေပြီ ..ခဏထိုင်မယ်လေ စလွန်ကို မေမေလေးဘာသာပဲ သွားလိုက်မယ် ဟုတ်ပြီလား ကဲထိုင် "

" ဒီဘက်မှာထိုင်လိုက် ကျွန်မရွှေ့ပေးမယ် "

အစက ဦးနဲ့အစ်မနိုအွန်းက မျက်နှာချင်းဆိုင်ထိုင်နေရာကိုမှ ထိုမိန်းမက ဦးအနားရွှေ့ထိုင်သွားသည်။ သူလက်သီးကို တင်းတင်းဆုပ်မိသွားသည်။ထိုမိန်းမသူ့ကို သက်သက်စိန်ခေါ်နေတာသူသိသည်။ဦးဘေးနားမှာကပ်ထိုင်ပြီး သူ့ကိုမထိတထိပြုံးပြနေတာ..

" ကင်မ်ဆော့ဂျင် နင်ကငါ့ကိုတောင် မသိချင်ယောင်ဆောင်နေတယ်ပေါ့ "

" မဟုတ်ပါဘူးစီနီယာ စီနီယာတို့စားချင်တာမှာကြလေ "

" အဲဒါနောက်ထား အစ်ကိုကပြောတယ် မင်းကို အိမ်ကိုထမင်းစားဖိတ်တာတောင် ပတ်ပြေးနေတယ်ဆို ဘယ်မှာလဲ ဂျန်ဂျယ်ယောင်းရော သူလည်းအတူတူပဲ ကျောင်းပြီးသွားပြီဆိုပြီး ငါကစီနီယာမဟုတ်တော့ မလေးစားကြတော့ဘူးပေါ့ "

" မဟုတ်တာ ဂျယ်ယောင်းမအားလို့ဖြစ်မှာပါ ကျွန်တော်လည်းသိပ်မအားလို့ စိတ်ထဲမှာတော့ရှိပါတယ် "

" စိတ်ထဲမှာမလိုချင်ဘူး တိကျတဲ့ရက်ပြော ငါအမှတ်ကြီးတာသိတယ်မလား ကတိပေးမှာလား လာမှာလို့ "

" အဲဒါက ကျွန်တော်က "

" မပြောနဲ့တော့။ နိုအွန်းနဲ့အတူလာခဲ့ မီးလေးရောပါလိုက်ခဲ့ စောင့်နေမယ် နိုအွန်း ကတိပေးတယ်မလား "

" လာခဲ့လို့ရပါတယ်အစ်မရာရာရဲ့ ကတိပေးပါတယ် အခုတော့ ဗိုက်မဆာကြဘူးလား တခုခုမှာကြရအောင်လေ "

" ကတိနော် ငါကအမှတ်ကြီးတယ် "

" လာခဲ့လို့ရပါတယ်ဆို ပိတ်ရက်ကျလာခဲ့ပါ့မယ် "

ဂျောင်ဂုသူက စကားဝိုင်းရဲ့အပြင်ဘက်မှာတွင်သာ..ဦးက တစ်ချက်တစ်ချက် သူ့ကိုလှမ်းလှမ်းကြည့်ရင်း စကားဝိုင်းထဲဝင်ပြောနေပေမဲ့ သူကတော့ ဘာမှဝင်မပြောသေး။

" ကူးကူး ဘာစားချင်လဲ "

" ဦး "

" ဟမ် "

" ဘာရယ် "

" ဦးစားနေတဲ့ဟာလို့ပြောတာ ကျွန်တော်လည်း အဲဒါမျိုးစားချင်တာ "

" ရတယ်လေ အဲဒါပဲလား.. "

မေမေလေးက သူ့ဆီကအာရုံပြောင်းသွားပြီး မီနူးစာအုပ်ကို လှန်လှော်ရှာဖွေနေရင်း စားစရာတချို့မှာနေသည်။ စိတ်လှုပ်ရှားနေတဲ့ဦးကို သူကြည့်နေလိုက်သည်။ ဦးက သူ့ကိုသိသာအောင်မလုပ်ဖို့ အချက်ပေးပြောချင်နေသည်။ သူသိပေမဲ့ ဘယ်လိုလုပ်မလဲ ဦးမိန်းမက သူ့ကိုအရင်စိန်လာခေါ်နေတယ်လေ။ အဲဒီမိန်းမက တစ်ချိန်လုံးသူနဲ့ဦးကို အကဲခတ်နေတာ.. မေမေလေးရှေ့မှာ တမင် ဦးကိုသူပိုင်သလိုနေပြနေတာ.. သူက ဦးရဲ့မိန်းမဖြစ်နေတုန်းဆိုတဲ့ ပိုင်ဆိုင်မှုကိုထုတ်ပြနေတာ.. ဟက် ရတယ်လေ..စိန်ခေါ်မှုကို လက်ခံလိုက်ပြီ။

" ဒါနဲ့ ဂျောင်ဂုဂီက အိမ်သိပ်မကပ်ဘူးဆို ဘာတွေလုပ်နေလဲ ဂျူအွန်းဆီလည်း မလာတာကြာပြီရော "

" ငါ့သားက သူ့အဖေအလုပ်မှာတောင် ဝင်လုပ်နေပြီ အိမ်မကပ်ဘူးဆိုတာက သူ့တိုက်ခန်းမှာသွားသွားနေလို့ဟေ့ ပိတ်ရက်တွေလောက်ပဲ ပြန်လာတော့တာ .. ဒါတောင်မနေ့ကပြန်မလာဘူး "

" ဟုတ်လား ကျွန်မယောကျာ်းလည်း ပြန်မလာဘူး သူလည်းအခု‌တလော အိမ်သိပ်မကပ်ဘူး ဟုတ်တယ်မလား "

ထိုမိန်းမက ဦးကိုကြည့်ပြီး တမင်မေးနေပေမဲ့ ဦးကဘာမှပြန်မဖြေ။

" အစ်မနိုအွန်းစိတ်မပူလည်းရတယ် ဦးဂျင်က ကျွန်တော်နဲ့နေတာများတယ် မနေ့ကရော.. "

သူပြောလိုက်တော့ လက်သီးတင်းတင်းဆုပ်ပြီး သူ့ကိုတည့်တည့်ကြည့်လာသည်။ သူနှုတ်ခမ်းတစ်ချက်တွန့်လိုက်ပြီး ပြန်တိုက်ခိုက်လိုက်သည်။

" ဦး ခါးကဘယ်လိုလဲ "

" ဟမ် "

" ခါးနာနေတယ်ဆို "

" ဟမ် "

" ဦးမနက်ကပြောတယ်လေ ခါးနာနေတယ်ဆိုလို့ အခုရောသက်သာသွားပြီလား ကျွန်တော်နှိပ်ပေးရအုံးမလား "

" ဟုတ်တယ် နှိပ်ချင်နှိပ်ခိုင်းလိုက် သားသားက လက်ပေါက်တယ် ကောင်းကောင်းနှိပ်တတ်တယ် "

မေမေလေးက သူတို့စကားဝိုင်းထဲကို တစ်ချက်တစ်ချက်သာဝင်လာပြီး အာရုံသိပ်မရှိ။ စားပွဲထိုးကို သူလိုချင်တဲ့ပုံစံပြောရင်း စားပွဲထိုးနဲ့ရစ်နေသည်။

" မေမေလေးကလည်း ဦးသိတာပေါ့ ကျွန်တော်နှိပ်ပေးနေကြပဲကို "

" အမယ် ဟုတ်လှချည်လား ပြောတော့သူစိမ်းဆို ဘယ်သူ့ကိုမှမနှိပ်ပေးပါဘူးဆို.. သိလားနိုအွန်း ငါတို့ကိုကြတော့ ချွဲပြီး သူချစ်တဲ့သူတွေကိုပဲနှိပ်ပေးတာတဲ့ အရမ်းချွဲပါဆို "

" ဦးကိုလည်း ကျွန်တော်က ချစ်လို့လေ "

သူထိုစကားကို ဖျော်ရည်ကိုစုပ်သောက်ရင်း ဦးကိုအကြည့်မလွဲဘဲ တိုးတိုးပြောလိုက်သည်။ ဦးကောင်းကောင်းကြားတဲ့အပြင် သူ့ကိုအကဲခတ်ကြည့်နေတဲ့အစ်မနိုအွန်းလည်း ကောင်းကောင်းကြားလိုက်သည်။ သူဂရုမစိုက်ဘဲ ဦးကိုသာကြည့်နေလိုက်သည်။ ဦးက သူ့ကိုမနိုင်ဟန်ဖြင့် ခေါင်းတယမ်းယမ်းလုပ်နေသည်။

" စားပြီးရင် ဘယ်သွားကြအုံးမှာလဲ "

" မရှိတော့ဘူးအစ်မရာရာ ကလေးကကစားကွင်းသွားချင်တယ်ဆိုလို့သာ လိုက်ပို့ပေးချင်တာ .. သမီးဘယ်သွားချင်သေးလဲ "

" သွားစရာမရှိတော့ရင် အိမ်ပြန်နားရမှာပေါ့ ဦးကြည့်ရတာ ပင်ပန်းနေပုံပဲ အရမ်းနာနေလား "

သူဦးကို အဓိပ္ပာယ်တစ်ခုနဲ့ပြောလိုက်တော့ ဦးနားရွက်ဖျားတွေ ရဲတက်သွားသည်။ သူဖြတ်မပြောရင် ပေါက်စမက သွားချင်တဲ့နေရာ စဉ်းစား‌တော့မှာ။ သူပြောလိုက်တော့မှ ပေါက်စက သူ့ပါးပါးကို အကဲခတ်ကြည့်နေသည်။

" ဟုတ်တယ်နော် ခုနက ခါးနာနေတယ်‌ပြောတယ်လေ အရမ်းဆိုးတာလား မျက်နှာတွေလည်းနီလို့ "

" အရမ်းမဟုတ်ပါဘူး အဆင်ပြေပါတယ် "

" ရှင်အဆင်မပြေရင် ပြန်ရအောင်လေ အိမ်ရောက်မှ ကျွန်မဆေးလိမ်းပေးမယ် ဒါမှမဟုတ် အပြန်ဆေးခန်းဝင်ကြမလား "

" သွားကြလေ ကျန်းမာရေးက အရေးကြီးတယ် ဆေးခန်းသွားဖို့မပေါ့နဲ့အုံး.. အမှန်ဆို ငါကနင်တို့သွားစရာမရှိတော့ရင် ငါနဲ့စလွန်မှာလိုက်လုပ်ဖို့ အဖော်ခေါ်မ‌လို့ကို သားသားငယ်က အဲလိုတွေစောင့်ရတာကျ စိတ်မရှည်ဘူးလေ သူ့မှာကောင်မလေးမှမရှိတာ ဘယ်နားလည်မလဲ "

" မေမေလေးကလည်း.. "

" ကောင်မလေးမရှ်ိဘူးလား ဂျောင်ဂုဂီက လိမ်မာလိုက်တာ အိမ်ကမောင်ကတော့ ရှိလွန်းလို့ခက်နေတာ သူ့ကောင်မလေးက ဘယ်တစ်ယောက်မှန်းကို မမှတ်မိလောက်အောင်လေ "

" မရှိတာတော့ဟုတ်မလား.. သူက ကောင်မလေးမကြိုက်တာ သူ့အကြိုက်ကထူးထူးဆန်းဆန်း "

" ကောင်မလေးမကြိုက်ဘူးဆိုတော့ အစ်မမီရာတို့ ချွေးမမရတော့ဘူးပေါ့ တစ်ဦးတည်းသောသားလေးကို.. နည်းနည်းတော့ဝမ်းနည်းတယ်မလား "

" သိပ်တော့လည်း ဝမ်းမနည်းပါဘူး .. ချွေးမတွေက အချိုးမပြေရင် ဘယ်လိုလုပ်မလဲ ငါတို့ကလေးကို နိုင်စားရင် ငါကခံနိုင်မှာမဟုတ်ဘူး ဝင်ပါမိမှာ ငါနဲ့အဆင်ပြေမှာမဟုတ်ဘူး "

ဟက် သူ့ကိုတိုက်ခိုက်ချင်နေပေမဲ့ မေမေလေးအဖြေကြောင့် သူပြန်ပြောစရာတောင်မလိုတော့။

" တကယ်ကြီးလားအစ်မရာရာ သူ့ဖွားဖွားကရော မြေးမလိုချင်ဘူးတဲ့လား "

" ကျွန်တော်ကမြေးပဲလေ မြေးထပ်လိုချင်ရင် မေမေလေးမွေးပေးလိမ့်မယ် ဟုတ်တယ်မလား "

" ဒီကောင်လေး.. ငါမွေးရင် ငါကမင်းကိုမချစ်တော့ဘူး ငါ့ကလေးပဲငါချစ်တော့မှာ "

" နေပေါ့ ကျွန်တော့်မှာ ကျွန်တော့်ဦးရှိတယ် "

သူဦးကိုတစ်ချက်ကြည့်ရင်း ပြောလိုက်တော့ ဦးလန့်သွားသလို ဘေးကမိန်းမကလည်း မျက်နှာပျက်သွားသည်။ သူနှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးပြလိုက်သည်။ ‌ပြီး‌တော့ သူအကြည့်လွဲလိုက်ပြီး သူ့‌ကြောင့်စိမ်းသက်တော့မဲ့လေထုကို ပြန်ညှိလိုက်ပြီး ပေါ့ပေါ့ပါးပါးပြန်နောက်လိုက်သည်။

" မေမေလေးသာ အရင်ကလေးမွေးဖို့ တွေးပါအုံး အလှပျက်မှာကြောက်နေပြီးတော့ အခုတောင် မျက်နှာက အရေးအကြောင်းပေါ်လာလို့ လန့်နေပြီကိုများ.. "

" မဟုတ်တာ.. နင်လျှောက်ပြောနေတာ ဘာမှမရှိဘူး "

" အာ.. ဒါနဲ့ မေမေလေး အစ်မနိုအွန်းကို စလွန်ခေါ်ချင်ခေါ်သွားလိုက်လေ ကျွန်တော်ပဲဦးတို့ကိုပြန်ပို့ပေးလိုက်မယ် "

" အယ် ကောင်းသားပဲ ဆော့ဂျင်ကအိမ်ပြန်ပြီး ကောင်းကောင်းနားလိုက် နိုအွန်းငါနဲ့လိုက်ခဲ့ ကူးကူးသေချာလိုက်ပို့ပေးလိုက်နော် ဆေးခန်းသွားရမှာဆိုလည်း သွားခဲ့.. သွားရအောင်လာ မီးငယ်ရောလိုက်ချင်လား အိမ်ပြန်ချင်လား "

မေမေလေးက ပြောပြောဆိုဆိုနဲ့ ထရပ်ပြီး ပိုက်ဆံအိတ်တွေ ကောက်ကိုင်နေသည်။သူ့ကိုလည်း မှာတမ်းခြွေနေပြီး ပေါက်စကိုပါ လိုက်ချင်လားမေးတော့ ပေါက်စက သူ့ပါးပါးမှ သူ့ပါးပါး..

အစ်မနိုအွန်းက မေမေလေးဆွဲခေါ်ရာနောက် မြန်မြန်ပင်ပါသွားသည်။ သူလည်း ကားသော့ကောက်ယူလိုက်ပြီး ထရပ်လိုက်သည်။

" ပြန်ကြမယ် ကျွန်တော်တို့လည်း "

__________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories