Fanfics

ep27

15:42, 4 March 2024

ပွဲရောက်တော့ သူတွေးထားသလိုမဖြစ်လာဘဲ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်သည်။ နိုအွန်းက ဓာတ်မတည့်တဲ့ဝိုင်တစ်ခု သောက်မိသွားလို့ အန်ပြီး နေမကောင်းဖြစ်သွားသည်။ အနီစက်လေးတွေပါ လက္ခဏာပြလာတာတော့ သူတို့အပြန် ဆေးခန်းဝင်ခဲ့ကြသည်။ သူဂျောင်ဂုကို  သူနည်းနည်းနောက်ကျမဲ့အကြောင်း ဖုန်းဆက်ပြောချင်ပေမဲ့ ဂျောင်ဂုက ဖုန်းမကိုင်ပေ။ အိပ်ပျော်သွားလို့များလားတွေးမိပြီး သူထပ်မခေါ်တော့ဘဲ နေလိုက်သည်။ပွဲကအပြန် ဆေးခန်းဝင်ပြပြီးတော့ ဆယ်နာရီကျော်သွားပြီ။ သူနဲ့နိုအွန်းရဲ့အိမ်ပြန်လမ်းက တိတ်တဆိတ်သာ.. ဆေးခန်းကအပြန် လေတဖြူးဖြူးဖြစ်နေတော့ လက်ပြတ်သာဝတ်ထားတဲ့နိုအွန်းကို သူ့ကုတ်အင်္ကျီချွတ်ပေးလိုက်သည်။သူမလည်းအေးနေသည်ထင် သူပေးတဲ့အပေါ်ဝတ်ကို ယူကာ လွှမ်းခြုံလိုက်သည်။ သူတို့နှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အိမ်ရောက်လာခဲ့ကြသည်။

" ဒီနေ့ ကျွန်မကြောင့် အလုပ်များသွားပြီ "

အိမ်ရောက်တော့ နိုအွန်းက ကားပေါ်ကမဆင်းခင် သူ့ကိုအားတုံ့အားနာပြောတော့ သူဘာမှမဖြစ်ကြောင်း ခေါင်းယမ်းပြလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ "

" အင်း အထဲဝင်ရအောင် အေးတယ် "

သူကားထဲက ဆေးအိတ်တွေယူလိုက်ပြီး အရင်ထွက်သည်။ နိုအွန်းဆင်းရလွယ်အောင် တံခါးဖွင့်ပေးလိုက်ပြီး အိမ်ထဲထိ တွဲခေါ်လိုက်သည်။ နိုအွန်းကို အခန်းထဲထိလိုက်ပို့ချင်ပေမဲ့ သူဝင်လို့အဆင်ပြေရဲ့လား မသိတာမလို့ အခန်းရှေ့တွင်သာ ရပ်လိုက်သည်။ သူတို့က တစ်ယောက်အခန်းတစ်ယောက် ဝင်ထွက်လေ့မရှိသလို တစ်ယောက်အကြောင်းလည်း တစ်ယောက်စွက်ဖက်လေ့မရှိ။

" ကျေးဇူးပဲ "

သူမက အခန်းထဲမဝင်ခင် သူ့အင်္ကျီကိုပြန်ပေးရင်း ကျေးဇူးတင်စကားထပ်ဆိုသည်။ ဘာအတွက်ကြောင့် ဒီနေ့မှ ကျေဇူးတင်စကားတွေ ခဏခဏပြောနေလဲ သူစဉ်းစားစရာ။ အရင်က သူလုပ်ပေးတာတွေရှိခဲ့ရင်တောင် အသိအမှတ်ပြုရုံတောင် မပြုံးပြဖူးတာကို.. ဒီနေ့သူ သူမကျေးဇူးတင်အောင် ဘာတွေများလုပ်ပေးခဲ့လို့လဲ။ဒါပေမဲ့ သူခေါင်းညိတ်အသိအမှတ်ပြုလိုက်ပြီး အသံတိတ်နှုတ်ဆက်ကာ ထိုနေရာမှထွက်ခဲ့လိုက်သည်။ သူဂျောင်ဂုဆီပြန်မသွားခင် အွန်းလေးကို ဝင်ကြည့်သွားချင်သေး၍ အွန်းလေးအခန်းဘက် ထွက်ခဲ့သည်။အွန်းလေးအိပ်နေတာကို ခဏကြည့်ပြီး တံခါးအသာပိတ်ကာ အပြင်ပြန်ထွက်ဖို့ပြင်လိုက်သည်။သူလှေကားထစ်တွေနားရောက်တော့ နိုအွန်းနဲ့ ထပ်တွေ့ပြန်သည်။

" ရှင်ဘယ်သွားအုံးမလို့လဲ "

လှေကားအောက်က နေတက်လာတဲ့နိုအွန်းက လက်ထဲကကားသော့တွေကို ကြည့်ရင်း မေးသည်။

" အိမ်ပြန်မအိပ်ဘူးလား "

" အင်း ကလေးကိုဂရုစိုက်ပေးအုံး "

" ခဏလေး ရှင်ဘယ်သွားမလို့လဲ ပြောပြလို့မရဘူးလား "

" ကိုယ်.. "

" ရှင်မနေ့ကလည်း အလောတကြီးထွက်သွားတယ် တစ်နေ့လုံးလည်း အိမ်ပြန်မလာဘူး အခုလည်းထပ်ထွက်ပြန်တယ် အဲတော့ ဘာအရေးကြီးကိစ္စများရှိနေလို့လဲ မေးလို့ရမလား "

အမှန်ဆို သူတို့ဒီလိုကိစ္စတွေမှာ ဝင်မစွက်ဖက်ဖို့ သဘောတူထားပြီးသား။ ဒါပေမဲ့ နိုအွန်းက အခုမှာတော့ သိချင်စိတ်ရှိနေပုံရသည်။ သူက အရင်က အပြင်မှာညအိပ်မနေဖူးတော့ ထူးဆန်းနေသည်ထင်။

" မနေ့က ဂျောင်ဂုက လက်မတော်တဆထိလို့ ကိုယ်သွားကြည့်ပေးတာ သူကတစ်ယောက်တည်းနေနေတော့ မလုပ်တတ်ဘူးလေ ဒီနေ့လည်း သူဆီစောင့်အိပ်ပေးမယ်ပြောထားလို့ အွန်းလေးက မင်းနဲ့လည်းနေတတ်နေပြီဆိုတော့ ကိုယ်အရင်လို အိမ်မကပ်လည်းဖြစ်သွားပြီပေါ့ "

" ရှင်ကဆရာဝန်လား သူကရှင့်ကိုလှမ်းခေါ်တယ်ဆိုတော့ စိုးရိမ်ရလို့လား စိုးရိမ်ရတယ်ဆိုရင်လည်း မပေါ့ဆသင့်ဘူး ကျွန်မအစ်မရာရာကို အသိပေးလိုက်မယ် "

" သူကတော့ အသိမပေးချင်ဘူးပြောတယ် စိုးရိမ်ရလောက်အောင်တော့မဟုတ်ဘူး သူကဘာမှမလုပ်တတ်ဖြစ်နေလို့ ကိုယ်သွားကြည့်ပေးတာ တကယ်‌လို့‌ ကလေးကိုယ့်ကိုမေးရင် ဖုန်းဆက်ပေး "

" ကျွန်မနားမလည်ဘူး "

" ... "

" မစိုးရိမ်ရဘူးဆို ရှင်ကဘာလို့သွားနေအုံးမှာလဲ "

သူမချောင်ပိတ်‌မေးလိုက်သည်။ ကျွန်မမသိဘူးများထင်နေလားရှင်တို့နှစ်ယောက်အကြောင်းကို ကျွန်မမသိဘူးများထင်နေလို့လား... ရှင်မနေ့က အသည်းအသန်ပြေးထွက်သွားတာက အဲဒီကောင်လေးကြောင့်ပေါ့လေ အခုလည်း ညဉ့်နက်နေပြီတောင်မှ ရှင်ကသူ့ဆီအပြေးသွားချင်သေးတယ် ရှင်က နည်းနည်းလေးမှတောင် မထိန်းတော့ဘူးပေါ့လေ အထူးသဖြင့် သူ့ရှေ့တွင်ပေါ့ သူနဲ့အတူပွဲတက်ဖို့တောင် သူကအဲကောင်လေးဆီကနေ တကူးတကလာကြိုတယ် ပြီးတော့ လည်ပင်းနဲ့ရင်ဘတ်တွင်လည်း ဖုံးကွယ်ထားလို့မရအောင် အမှတ်အသားတွေက သူ့ကိုသိစေချင်လို့လား ဒါမှမဟုတ် သိသိမသိသိဂရုမစိုက်တာလား ...

" ရှင်နဲ့သူနဲ့က ဘာတွေလဲ "

" ကိုယ်သွားတော့မယ် ကလေးကိုယ့်ကိုမေးနေရင် ဖုန်းဆက်ပေး "

" ရှင်က ဘာဖြစ်ဖြစ်ဂရုမစိုက်တော့ဘူးပေါ့လေ သူက ရှင်နဲ့ဖောက်ပြန်သင့်တဲ့သူတော့ မဟုတ်ဘူးနော် သူကဘယ်အိမ်ကသားသမီးမှန်း ရှင်သိတယ်မလား ဥက္ကဌဂျွန်က ရှင့်ကိုယုံလို့အပ်ထားတာကို ရှင်ကဒီလိုလုပ်လိုက်ရင် ကျွန်မတို့ဂျွန်မိသားစုကို ဘယ်လိုမျက်နှာပြရမလဲ ရှင့်လုပ်ရက်တွေ ရှင်သေချာစဉ်းစားရဲ့လား "

" အဲဒါကိုယ့်ကိစ္စ မင်းနဲ့ကိုယ်တို့က တစ်ယောက်ကိစ္စတစ်ယောက် ဝင်မစွက်ဖက်ကြဘူးမလား "

" ရှင့်လုပ်ရက်က ကျွန်မတို့အတွက် အရှက်ရစရာဖြစ်လာမှာစိုးလို့လေ ရှင့်ဟာရှင်ဖောက်ပြန်ချင်လည်း  တခြားသူတွေရှိတာပဲ ဘာလို့အဲကောင်လေးလဲ ကိုယ့်ကိုယုံကြည်လို့ အပ်ထားတဲ့ကလေးနဲ့မှလေ ရှင်ဥက္ကဌဂျွန်ကို အားမနာတော့ဘူးလား "

" ကိုယ်အခုထိတော့ အရှက်ရစရာကိစ္စ ဘာတစ်ခုမှမလုပ်ရသေးဘူး ကိုယ်မင်းတို့အရှက်မရအောင် ဖြေရှင်းဖို့ ကိုယ့်မှာနည်းလမ်းတွေရှိတယ် ဒါကြောင့် အခုကိစ္စကို စိတ်မပူဘဲ ထိန်းသိမ်းပေးထားပါ ကိုယ်အကောင်းဆုံးဖြေရှင်းမှာပါ အခုတော့ ကိုယ်တို့ဒီလောက်ပဲပြောရအောင် မင်းဆေးခန်းကပြန်လာတာ  ဆေးသောက်ပြီးနားသင့်တယ် "

တောက်ခ်! ကင်မ်ဆော့ဂျင် ရှင်က ဘာဖြစ်ဖြစ်ဆက်သွားမယ်ပေါ့လေ... ရှင့်မှာသိက္ခာဆိုတာမရှိတော့ဘူးလား ကိုယ့်ထက်ဆယ်နှစ်လောက်ငယ်တဲ့ ကောင်လေးနဲ့တွဲပြီး ရှင်ကရှင့်သိက္ခာကို ချနင်းပစ်တော့မယ်ပေါ့

အရင်ဆုံး အဲကောင်လေးနဲ့က အတည်လား..သူသိပ်တော့မထင်မိ ထိုကောင်လေးက ပလေးဘွိုင်းမလို့ ကင်မ်ဆော့ဂျင်ကိုလည်း ခဏတဖြုတ်သာ တွဲလောက်မည်။ ဒါပေမဲ့ ကင်မ်ဆော့ဂျင်ဘက်ကတော့ သူမသိဘူး ဒါကသူနဲ့ပေါင်းလာတဲ့ သုံးနှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကင်မ်ဆော့ဂျင်ဘက်က တခြားတစ်ယောက်ရှိလာခြင်းပင်။ ကင်မ်ဆော့ဂျင်ပုံစံအတိုင်းဆို သူကအပျော်တွဲလိမ့်မယ်တော့မထင်ဘူး။ နိုအွန်းသူနဲ့တွေ့တိုင်း ထိုကောင်လေးသူ့အပေါ်ကြည့်တဲ့ စိန်ခေါ်သလိုမျက်ဝန်းတွေကို ပြန်မြင်ယောင်မိသည်။ တကယ်ပဲရှင်‌တို့ကဘာတွေလဲ....

သေချာတာကတော့ သူမဘက်က ခြေလှမ်းတွေထပ်တိုးရတော့မည်ပဲ..

...................................

ဆော့ဂျင် ဂျောင်ဂုတိုက်ခန်းရောက်တော့ အကုန်လုံးအမှောင်ချထားပြီ။ ကြည့်ရတာ ဂျောင်ဂုအိပ်ပျော်သွားပြီထင်တယ်.. ဒါပေမဲ့ သူအဝတ်လဲဖို့လိုသေးတာမလို့ မီးဖွင့်လိုက်သည်။သူဖိနပ်ကိုချွတ်လိုက်ပြီး အိပ်ခန်းဘက်တန်းလာခဲ့ပေမဲ့...

" ဂျောင်ဂု.. "

မီးဖိုချောင်စားပွဲတွင် ဂျောင်ဂုကိုတွေ့လိုက်ရတော့ သူမထင်ထားမိသလို အံ့အားသင့်ရင်း မီးဖိုချောင်ဘက်ထွက်ခဲ့သည်။ သူ့ကိုမြင်တော့ ဂျောင်ဂုက တစ်ချက်သာမော့ကြည့်ပြီး ဝိုင်ခွက်ကိုမော့သောက်နေသည်။

" မအိပ်သေးတာလား အိပ်မပျော်လို့လား ကိုယ်ဖုန်းခေါ်ထားသေးတယ် ဘာလို့မကိုင်တာလဲ "

ဂျောင်ဂုက သူ့ကို သာမန်အကြည့်တစ်ကြည့်သာပေးပြီး လက်ထဲကဝိုင်ခွက်ကိုသာ လှုပ်ခါနေသည်။

" ညစာမစားသေးတာလား ကိုယ်ပြင်ပေးထားတဲ့ဟာ မကြိုက်လို့မစားတာလား "

စားပွဲပေါ်တွင် သူမသွားခင်‌ပြင်ပေးလိုက်တဲ့ ညစာက အရာမယွင်းရှိနေသေးတော့ သူတစ်ချက်ဝေ့ကြည့်ရင်း ပြောလိုက်သည်။ သူလုပ်ပေးထားတာတွေက အေးကုန်လို့ အပြင်ကမှာစားလိုက်တာများလား..ဒါပေမဲ့ သူပြောတာတွေ ဂျောင်ဂုက တစ်ခုမှစိတ်မဝင်စားဘဲ ဝိုင်ကိုသာမော့သောက်ပြီး အသစ်ပြန်ထည့်နေသည်။ ထိုအချိန် ဝိုင်ပုလင်းကိုင်လိုက်တဲ့အခါ မြင်လိုက်ရတဲ့ဘယ်လက်ကြောင့် သူထိုလက်ကိုဆွဲယူလိုက်သည်။

" ဘာဖြစ်ထားတာလဲ "

အပူလောင်ထားတဲ့ဘယ်လက်က အခုတော့ ဝိုင်တွေစွန်းပေလို့...

" ဦးရော သောက်အုံးမလား "

ဂျောင်ဂုက သူ့အမေးတွေမှာ အာရုံမရှိဘဲ နောက်လက်တစ်ဖက်ဖြင့် ဝိုင်းပုလင်းကို လှမ်းယူသည်။

" မင်းဘယ်အချိန်ကတည်းက သောက်နေတာလဲ "

သူဖင်ကပ်ပဲကျန်တော့တဲ့ဝိုင်ပုလင်းကို တစ်ချက်ကြည့်ရင်း မေးလိုက်သည်။ ဒီပုံအတိုင်းဆို ညစာလည်း စားထားမှာမဟုတ်ဘူး။

" ဦးနောက်ကျတယ် "

" ကိုယ်မင်းကို နောက်ကျကြောင်း ဖုန်းဆက်အသိပေးမလို့ဘဲ မင်းကဖုန်းမှမကိုင်ပဲ .. ဘာလို့ဖုန်းမကိုင်တာလဲ အခုရော ကိုယ့်ကိုစောင့်နေတာလား "

" ဟင်းဟင်း... ပြန်မလာတော့ဘူးထင်နေတာ အဲဒါကြောင့် အဲဒါကြောင့်... အိပ်မပျော်လို့သောက်နေတာ ဦးရော သောက်ချင်လား "

ဆော့ဂျင် ဂျောင်ဂုထပ်ပြီးဝိုင်မော့သောက်မယ်ပြင်တဲ့အခါ သူဝိုင်ခွက်ကို ဆွဲယူလိုက်သည်။

" များနေပြီ ဘာလို့အဲလောက်သောက်နေတာလဲ လက်ကရော ဘာလို့အဲလောက်စွန်းပေနေရတာလဲ "

" ရင်ပူလို့ "

" ရင်ပူလို့ သက်သာလိုသက်သာငြား သောက်နေတာ "

" ဂျောင်ဂု.. "

" ပေးပါ မဟုတ်ရင် ကျွန်တော်ဦးကိုနမ်းမှာ "

" ကိုယ်နောက်ကျလို့ အခုလိုဖြစ်နေတာလား "

" ပေးပါ "

" မပေးဘူး မင်းကိုကိုယ်အဲလိုနေခိုင်းလား "

ဆော့ဂျင်ဝိုင်ခွက်ကိုလှမ်းနေတဲ့ ဂျောင်ဂုလက်တွေကို ရှောင်လိုက်သည်။ သူက သူ့စကားဆို တစ်ခွန်းမှနားမထောင်ဘဲ နေချင်သလိုနေတယ်။ ဖုန်းတစ်ချက်ကိုင်လိုက်ရင် ပြီးရမဲ့ဟာကို သူ့အတွေးနဲ့သူ နစ်နေတယ်

ဂျောင်ဂုက သူ့ဆီကဝိုင်ခွက်ကို လှမ်းယူပေမဲ့ မရတော့ သူ့စကားအတိုင်း သူ့ကိုနမ်းလာသည်။ဆော့ဂျင်ဝိုင်ခွက်ကိုင်ရင်း တောင့်တောင်တင်းတင်း ဖြစ်သွားသည်။ ဂျောင်ဂုက သူ့နှုတ်ခမ်းတွေကို အတင်းတိုးတိုက်နမ်းရှိုက်သည်။ ဝိုင်အရသာက သူ့အာခံတွင်းထဲအထိပါ ကူးလူးလာတော့ သူပါရီဝေချင်လာသည်။ သူဂျောင်ဂုအနမ်းတွေအောက် စီးမျောလာပြီး အနမ်းတွေကို ပြန်တုံ့ပြန်လိုက်တော့ ဂျောင်ဂုနှုတ်ခမ်းတွေ ပြန်ခွာသွားသည်။ သူရှက်ရွံ့သလိုခံစားလိုက်ရပြီး ဝိုင်တွေလား တံတွေးလားဖြင့် စိုလဲ့နေတဲ့သူ့နှုတ်ခမ်းကို လက်ဖမိုးဖြင့် ဖိပွတ်လိုက်သည်။ ထိုအခိုက်တွင် ဂျောင်ဂုကသူ့ကိုစိုက်ကြည့်နေရင်းမှ သူ့လက်ထဲက ဝိုင်ခွက်ကို ဆွဲယူပြီး သူ့ရင်ဘတ်တွေကို ပက်ပစ်သည်။ သူရင်ဘတ်တစ်လျှောက် စိုရွှဲစီးကျနေတဲ့ဝိုင်တွေကို ငုံ့ကြည့်ရင်း ဂျောင်ဂုကိုကြည့်မိသည်။

" ဦးဆီက မိန်းမရေမွှေးနံ့ရတယ် "

ဟုတ်တာပေါ့ သူသူ့အင်္ကျီကို နိုအွန်းကို ပေးခြုံလိုက်တာပဲ..

" ဘာလုပ်လာတာလဲ! ဘာလို့ကြာနေတာလဲ!! ဘာလို့အဲဒီမိန်းမနံ့တွေ ရနေရတာလဲ!!! "

" မင်းမူးနေပြီပဲ ကိုယ်တို့အိပ်ရအောင် အချိန်လည်းမနည်းတော့ဘူး "

ဂျောင်ဂုမူးနေတာကြောင့် သူဘာမှပြောချင်စိတ်မရှိတော့။ သူ့ရင်ဘတ်တစ်ခုလုံးလည်း ဝိုင်တွေဖြင့် စိုရွှဲလို့... သူဂျောင်ဂုလက်ထဲက ဝိုင်ခွက်ကို ဖြုတ်ချပြီး စားပွဲပေါ်တင်လိုက်သည်။ ပြီးတော့ သူထရပ်လိုက်ပေမဲ့ ဂျောင်ဂုက သူ့လက်ကို အလွှတ်မပေးဘဲ ပြန်‌ဆွဲချသည်။

" ဦးတို့ဘာလုပ်ခဲ့ကြတာလဲ မပြောသေးဘူးလား..ဘာလို့နောက်ကျတာလဲလို့ မေးနေတယ်လေ.. ဘာလို့အဲမိန်းမနံ့တွေက ရနေရတာလဲ! ကျွန်တော့်ကို တမင်ပူလောင်ရအောင် လုပ်နေတာလား ကျွန်တော်ရင်ပူလွန်းလို့ ဝိုင်သောက်ပြီး ဖြေသိမ့်နေရတာ ကျွန်တော့်ရင်ထဲမှာ ပူလောင်နေလွန်းလို့... "

ဂျောင်ဂုက သူ့ရင်ဘတ်နားတွင် မျက်နှာအပ်လာပြီး တရှုပ်ရှုပ်လုပ်နေသည်။

" ဦးက အရမ်းအေးဆေးတာပဲ အင်းလေ ကျွန်တော်ကချစ်ရသူကိုး... ဘာပဲ‌ဖြစ်ဖြစ် ပြန်လာပေးတာကို ကျေးဇူးတင်ရမယ် ဦးကျွန်တော့်ကိုသတိရပေးတာကိုပဲ.. ''

" ကျစ်! မင်းအထဲဝင်မှာလား မဝင်ဘူးလား "

သူသူ့ရင်ဘတ်နားတိုးကပ်နေတဲ့ ခေါင်းကို ဆွဲဖယ်ရင်း အံကြိတ်ပြောလိုက်သည်။ နဂိုကမှ ဂျစ်ကန်ကန်ပါဆို မူးနေတော့ ပိုလို့ပြောရခက်နေသည်။

" ဘယ်အထဲလဲ "

ဂျောင်ဂုရဲ့ အဓိပ္ပာယ်ပါတဲ့အပြောကြောင့် ဆော့ဂျင်ထူပူသွားရင်း ဂျောင်ဂုလက်တွေကို တွန်းထုတ်ပစ်ပြီး ထရပ်လိုက်သည်။

" မင်းနေချင်နေ မနေချင်နေတော့ ငါသွားပြီ "

" မသွားရဘူး "

သူဂျောင်ဂုကို တွန်းဖယ်ပြီး ထရပ်လိုက်ပေမဲ့ သူသာဂျောင်ဂုပေါ် ပြုတ်ကျသွားခဲ့သည်။ သူဂျောင်ဂုပေါ် ထိုင်ချမိသွားတော့ ဂျောင်ဂုက အလွှတ်မပေးတော့ဘဲ ခါးတွေကနေ တင်းတင်းကြပ်ကြပ် ဖိကိုင်လာပြီး သူ့အင်္ကျီကိုလည်း ဆွဲဖြဲပစ်သည်။ ဝိုင်တွေဖြင့် စိုရွှဲနေတဲ့ အင်္ကျီအောက်ခံအဖြူလေးက ဆွဲဖြဲရလွယ်ပြီး သူ့ရင်ဘတ်တွေ ပေါ်လာသည်။

" ဂျောင်ဂု.. "

ဆော့ဂျင်သူ့ရင်ဘတ်ကို ခြယ်လှယ်နေတဲ့ဂျောင်ဂုမျက်နှာကို တွန်းထုတ်နေပေမဲ့ ဂျောင်ဂုနှုတ်ခမ်းတွေက သူ့ရင်ဘတ်တစ်လျှောက်ကို ပွတ်ဆွဲနမ်းနေပြီ။ ဝိုင်တွေနဲ့စေးကပ်နေတဲ့နေရာတချို့ကို လျှာဖြင့် အကြိမ်ကြိမ်လျက်နေတော့ သူခါးကော့ရင်း ဂျောင်ဂုပခုံးကို တင်းတင်းဆုပ်ကိုင်ထားမိသည်။

ရင်ဘတ်တစ်‌ခုလုံးနဲ့ လည်တိုင်ကိုပါအနှံ့ စိတ်ကြိုက်နမ်းရှိုက်သမျှကို သူညည်းညူသံသဲ့သဲ့သာ ထုတ်လွှတ်ရင်း တောင့်ခံထားရသည်။ ဂျောင်ဂုနှုတ်ခမ်းနဲ့ ထိသွားတဲ့နေရာတိုင်း သူအသည်းတကျိန်းကျိန်းဖြင့်.. ဖိဖွစုပ်ယူသွားတိုင်း ဂျောင်ဂုပခုံးပေါ်ကသူ့လက်တွေ တင်းကြပ်လာသည်။

" အဟင်း.. "

ရင်ဘတ်တွေပြီး‌သွားတော့ သူ့အင်္ကျီကိုဆွဲချပြီး ပခုံးတွေဘက် ရောက်လာသည်။ ပခုံးတစ်လျှောက်ကို နှုတ်ခမ်းဖြင့်ပွတ်ဆွဲသွားပြီး လျှောကျချင်နေတဲ့အင်္ကျီကို ဆွဲချွတ်တော့ သူတားလိုက်တော့သည်။

" တော် တော်တော့.. "

သူဂျောင်ဂုမျက်နှာကို လက်နှစ်ဖက်နဲ့ဆွဲယူလိုက်တော့ ဂျောင်ဂုက အလွယ်တကူပါလာပြီး သူနဲ့အကြည့်ချင်းဆုံလာသည်။ ‌

" ဦး.. ကျွန်တော့်ကိုချစ်လား "

သူဂျောင်ဂုအမေးကြောင့် စိတ်လှုပ်ရှားပြီး ဂျောင်ဂုပါးတွေကို ကိုင်ထားတဲ့သူ့လက်တွေ အားနည်းချင်လာသည်။ ဂျောင်ဂုက သူ့ပါးပြင်နားကလက်တစ်ဖက်ကို ဆွဲယူကာ ခပ်ဖွဖွနမ်းသည်။

" ကျွန်တော့်ကိုချစ်တယ်မလား "

ဂျောင်ဂုက သူ့ကိုမေးနေပေမဲ့ လက်တွေကတော့ သူ့လက်တွေကိုဆွဲယူရင်း သူ့ပခုံးပေါ်နေရာချပေးနေသည်။ သူ့လက်တစ်ဖက်တစ်ချက်စီက ဂျောင်ဂုပခုံးပေါ် ရောက်သွားခဲ့သည်။

" ကျွန်တော်လေ အဲဒီအချိန်သုံးလေးနာရီလောက်ကို  တကယ်ခါးတီးနေခဲ့တာ.. ကျွန်တော် ကျွန်တော့်ဟာကျွန်တော် ပူလောင်နေလွန်းလို့ ဦးဖုန်းကို မကိုင်ခဲ့ဘူးဦးဆီက 'ငါပြန်မလာဖြစ်တော့ဘူး ငါ့ကိုမစောင့်နေနဲ့တော့ ' အဲလိုစကားတွေ ပြောခဲ့မှာကြောက်နေခဲ့တာ.. ကျွန်တော်ကိုယ့်ဟာကိုယ် ခေါင်းမာမာနဲ့ ဦးပြန်လာမဲ့အချိန်ကို စောင့်နေခဲ့တာ... ဦး.. "

ဂျောင်ဂုက သူ့ဟာသူဖြေရှင်းချက်ပေးနေရင်း ဖရိုဖရဲဖြစ်နေတဲ့ သူအင်္ကျီကြယ်သီးတွေကို တစ်လုံးချင်း ဖြုတ်နေခဲ့သည်။ သူ့စကားအဆုံးရပ်လိုက်တော့ သူ့ကြယ်သီးတွေလည်း အကုန်ပြုတ်သွားပြီဖြစ်ပြီး ဂျောင်ဂုက တစ်ထပ်ချင်း ခွာချလိုက်သည်။ သူ့ခန္တာကိုယ်ဗလာဖြစ်သွားတော့မှ သူ့ကိုယ်တွင် အဝတ်မရှိတော့မှန်း သူသိလိုက်ရသည်။

" ဦး... ကျွန်တော်လေ ဦးကိုအပိုင်လိုချင်တယ် ဦးကျွန်တော့်ကိုပဲ ချစ်ရမယ် "

ဂျောင်ဂုက သူ့ရဲ့ဗလာခန္ဓာကိုယ်ကို ပွတ်သပ်ရင်း ခပ်ချွဲချွဲဆိုသည်။ ပြီးတော့ သူခေါင်းကိုလည်း သူ့လည်တိုင်ကြား ဝှက်ထားသည်။ အဲဒါက ကြောင်လေးက သူ့သခင်ကို အစာကျွေးဖို့ချွဲနေပုံနဲ့တူသည်။

" ကိုယ်မင်းကိုပဲချစ်တာ.. "

" ချစ်ရင်ဘာလို့ပစ်ထားတာလဲ "

" ကိုယ်ပစ်ထားလို့လား ကိုယ်မင်းကိုဖုန်းဆက်တာက ကိုယ်နောက်ကျမယ်ဆိုတာ သတိပေးချင်လို့.. "

" ဘာလို့နောက်ကျနေတာလဲ "

" နိုအွန်းကို အပြန်ဆေးခန်းဝင်ပို့နေတာ သူဓာတ်မတည့်တဲ့ဝိုင်သောက်လိုက်မိလို့ ကိုယ်တို့အပြန် ဆေးခန်းဝင်ခဲ့ရသေးတာ အ့! "

ဂျောင်ဂုက သူ့လည်ပင်းကို ကိုက်ပစ်လိုက်တာမလို့ သူအသံသေးလေး ထွက်မိသွားသည်။ သူဂျောင်ဂုကို သူ့လည်ပင်းနားက ဖယ်ထုတ်လိုက်ပေမဲ့ ဂျောင်ဂုက တိုးဝှေ့နေစဲ။

" ဂျောင် ဂျောင်ဂု ကိုယ်တို့ဝင်ကြရအောင် "

" ဟင့်အင်း ဦးနဲ့အဆုံးထိသွားချင်တယ် ဦးကိုအပိုင်လိုချင်တယ်လို့ ပြောထားတယ်လေ ကျွန်တော်ဦးကို အပိုင်သိမ်းမလို့.. အဲလိုမှ ဦးဆီမှာပိုင်ရှင်ရှိတာ သိသွားမှာ ဟုတ်တယ်မလား ဦးရဲ့ပိုင်ရှင်က ကျွန်တော်ဆိုပြီး အမြဲအမှတ်ရနေမှာ ဟုတ်တယ်မလား.. "

" ဂျောင်ဂုဂီ အ့ တော်ရအောင် "

ဂျောင်ဂုသူ့ဘောင်းဘီခါးပတ်ကို လက်လှမ်းလာတော့ သူတားလိုက်ရတော့သည်။ ဂျောင်ဂုက သူ့ကိုဂရုမစိုက်ဘဲ ခါးပတ်ကိုသာ ဂရုတစိုက်ချွတ်နေတော့ သူဂျောင်ဂုပေါ်ကရုန်းပြီး ထရပ်လိုက်တော့သည်။

" ဦး ပြန်ထိုင် "

" မင်းနေချင်နေခဲ့အုံး ကိုယ်ဝင်နှင့်ပြီ "

ဆော့ဂျင်ဂျောင်ဂုလက်တွေထဲက ရုန်းထွက်လိုက်ပြီး သူ့အင်္ကျီတွေကောက်ယူကာ ထိုနေရာမှ အမြန်ထွက်လာခဲ့သည်။ သူအခန်းထဲအမြန်ရောက်သွားပြီး ရေချိုးခန်းထဲ အမြန်ဝင်လိုက်သည်။ ဂျောင်ဂုနဲ့သူ အိပ်ရာပေါ်ကတခြားကိစ္စတွေ အများကြီးလုပ်ဖူးတာမလို့ ခန္ဓာကိုယ်ဆက်နွှယ်တဲ့ကိစ္စမျိုးကိုလည်း တချိန်ချိန်တော့ ကြုံလာမည်တွေးထားပြီးသား။ဒါပေမဲ့ ဒီလိုကတိုက်ကရိုက်ကြီးမဟုတ်ဘူး။သူ့အနေနဲ့ အသက်အရွယ်လည်းရနေတဲ့ သူတစ်ယောက်မလို့ ထိုကိစ္စမျိုးကို ဖြစ်ကတတ်ဆန်းမလုပ်ချင်။ စိတ်ပိုင်းဆိုင်ရာရော  အပြင်ပိုင်းဆိုင်ရာပြင်ဆင်မှုမျိုးရော မရှိပါဘဲနဲ့ လက်လွှတ်စပယ် လုပ်လိုက်ရတော့မှာလား။ ဘယ်လိုပဲဂျောင်ဂုနဲ့ကို လက်ခံနိုင်အုံးတော့လည်း သူ့အနေနဲ့ အနည်းငယ်တော့ ရှက်ရွံ့မိသည်။

သူရေချိုးခန်းမှန်ထဲတွင်ပေါ်နေတဲ့ သူ့ပုံရိပ်ကို ကြည့်ရင်း သက်ပြင်းချမိသည်။ အပေါ်ပိုင်းတစ်ခုလုံးက ဝိုင်စွန်းနေတဲ့နေရာနဲ့ ဂျောင်ဂုပေးထားတဲ့အမှတ်အသားတွေက ထင်းလို့... သူဘယ်လိုရှေ့ဆက်သွားရမလဲ မသိသေးဘူး.. ဒီအတိုင်းပဲ ပေါ့ပေါ့ပါးပါး သာမန်ကိစ္စလို ကျော်ဖြတ်လိုက်ရမလား..ဒါမှမဟုတ် သူအသေအချာဆုံးဖြတ်ဖို့ လိုသေးလား..

လောလောဆယ်တော့ ဆက်မတွေးတော့ဘဲ အတွေးတွေရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဆေးကြောဖို့ပြင်လိုက်သည်။ သူ့အဝတ်အစားတွေ အကုန်ချွတ်လိုက်ပြီး ရေပန်းအောက်ဝင်လာခဲ့သည်။

_________TBC

🌚❔❌👀🧐😝 အိုင်လည်းမသိပါ။ ဦးကိုမေးကြည့်လိုက်အုံးမယ်ညော် 😝

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories