ep26
15:41, 4 March 2024ဦးပြန်သွားပြီးတော့ သူလည်း ပုံဆွဲတာကိုလက်စသတ်လိုက်ပြီး ပေပွနေတဲ့ဆေးရည်တွေကြောင့် ရေချိုးခန်းထဲ ဝင်လာခဲ့သည်။ တစ်နေ့တာဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးရင်း သက်ပြင်းချမိသည်။ မနက်ဖြန် ထယ်ဆန်းနှစ်ပတ်လည်ကို ဦးကသူ့မိန်းမနဲ့သွားတော့မှာ... သူသဝန်မတိုချင်ပေမဲ့ အစ်မနိုအွန်းက တဖြည်းဖြည်းပြောင်းလဲလာသလို သူခံစားရသည်။ ခါတိုင်းလည်း သူကရှင်းအိမ်ကို ဝင်ထွက်နေတဲ့သူမလို့ အစ်မနိုအွန်းအရင်လိုမဟုတ်တော့တာ ကောင်းကောင်းသိသည်။
အရင်က အစ်မနိုအွန်းက ဦးအပေါ်မှာရော ပေါက်စအပေါ်မှာရော ဘာမှဂရုမစိုက်ဘူး။ သူလုပ်ချင်ရာသူလုပ်ပြီး ပေါ့ပျက်ပျက်နေတာ။ အခုလိုမဟုတ်ဘူး အခုဆို ပေါက်စအပေါ်မှာရော ဦးအပေါ်မှာရော အရင်လိုမဟုတ်ဘူးတော့ဘူး။ အရင်တုန်းကဆို ပေါက်စကိုရော ဦးကိုရော ရှိတယ်လို့ကိုမထင်တာ အခုလို ဦးနဲ့အတွဲလိုက်ပွဲတက်တယ်ဆိုတာ မရှိတဲ့ကိစ္စ။ ရှင်းအတွက် မဖြစ်မနေတက်ရတာကလွဲရင် ဘယ်နေရာမှအတူမသွားဘူး။ မဖြစ်မနေသွားရတာတောင် တစ်ယောက်တစ်လမ်းစီသွားပြီးမှ ဆုံကြတာ...
ကလေးအပေါ်မှာလည်း ပြောင်းလဲလာတာ ကိုယ်တွေ့ပဲ တစ်ခါတလေဆို ဦးကျောင်းကြိုစရာတောင်မလိုဘူး။ သူ့ဆီလာလို့ အွန်းလေးမပါခဲ့ရင် အစ်မနိုအွန်းကြိုသွားလို့ဆိုတာ သိလိုက်ရသည်။ ဦးကဘာမှမသိဘူး သူပြောရင်တောင် သူ့ကိုသဝန်တိုလို့ပြောတယ်ပဲထင်နေတာ သူ့မိန်းမပြောင်းလဲမှုတွေကြောင့် သူစိုးရိမ်တာကိုတော့ ဦးမသိဘူး။ တစ်ဖက်ကပြောင်းလဲတိုင်း ဦးမပါဘူးဆိုတာသိပေမဲ့ သူဘက်ကတော့ နားလည်သည်။ဦးကိုသူ့ဘက်က နည်းလမ်းပေါင်းစုံနဲ့သုံးပြီး ရလာတာမလို့ သူမဘက်က ပြန်တိုက်ခိုက်ခံရမှာ သူလန့်နေတာဖြစ်သည်။သူ့ဘက်ကတော့ မတရားနည်းလမ်းနဲ့ ဦးကိုရခဲ့ပေမဲ့ သူမမှုဘူး အဲဒီအစား ဦးကိုသူ့ဘက်ပါလာအောင် ဒီထက်ဆိုးတဲ့နည်းလမ်းတွေဆိုရင်လည်း သူထုတ်သုံးအုံးမှာပဲ။
သူရေချိုးပြီးထွက်ခဲ့တော့ ဦးဆီကစာရောက်ထားလေမလား ဖုန်းစစ်ကြည့်လိုက်သော်လည်း စာတစ်စောင်မှရှိမနေ။ သူဦးကို ဖုန်းခေါ်ဖို့ နှိပ်လိုက်သည်။ ဦးဘက်က ဖုန်းမကိုင်လာသေးတာကြောင့် ဖုန်းခေါ်နေရင်း မီးဖိုချောင်ဘက်ထွက်ခဲ့သည်။ သူဘာမှမစားရသေးတာကြောင့် တခုခုစားမယ်ကြံရင်း ရေနွေးအိုးအရင်တည်လိုက်သည်။ ဖုန်းက ဆယ်ကြိမ်မကခေါ်ပြီးတာတောင် မကိုင်လာသေး..
" ကျစ်! ပြန်ရောက်ရင် စာပို့လို့ပြောလိုက်တာကို.. "
နာရီဝက်တောင်ကျော်သွားပြီမလို့ ပြန်ရောက်နေရမှာကို ဖုန်းကဘာလို့မကိုင်ရတာလဲ။ သူ့ဘက်က ခံစားချက်ကမကောင်းပါဘူးဆို ဖုန်းကမကိုင်တော့ စိတ်ကနည်းနည်းဆတ်လာသည်။အိမ်မှာသူ့မိန်းမနဲ့ ကလေးနဲ့တွေ့ပြီး သူ့ကိုမေ့ထားမှာ သူစိုးရိမ်သည်။ ဦးက သူ့မိန်းမကိုမကြိုက်ပေမဲ့ စာနာတတ်နဲ့စိတ်ကြောင့် ပျော့သွားမှာ အရမ်းစိုးသည်။ဦးက အရမ်းသနားတတ်တာ သူသိထားသည်။ သူ့ကိုလည်း ဦးကအဲဒါကြောင့် လက်ခံလိုက်တာပဲမလား သူစိုးရိမ်သင့်တာဖြစ်သင့်တာပဲမလား ဦးသူ့ကိုဘယ်လောက်ပဲချစ်တယ်ဆိုရင်တောင် ဦးသူ့မိန်းမကို အရမ်းကြီးပစ်ပစ်ခါခါထားမှာမဟုတ်ဘူး။ အစ်မနိုအွန်းက ဦးအပေါ်ပျော့ပြောင်းလာတာကို ဦးမလွန်ဆန်နိုင်မှာစိုးသည်။ သူ့မာယာကြားမှာတောင် ဦးပါလာသေးတာပဲ မိန်းမတစ်ယောက်ရဲ့ဖြားယောင်းမှုကြား ဦးမရုန်းထွက်နိုင်မှာစိုးသည်။
ကျစ်!
လက်တစ်ဖက်နဲ့မလို့ ဆူလာတဲ့ရေနွေးအိုးကို မ,ရာကနေ ဖုန်းနှိပ်နေတဲ့လက်တစ်ဖက်က ချော်ပြီး တခြားနေရာကို နှိပ်မိသွားသည်။ ဖုန်းကိုင်ထားတာ ဘယ်လက်လည်းဖြစ်တော့ နှိပ်ချင်တာနှိပ်လို့မရဖြစ်နေတာနဲ့ စိတ်မရှည်တော့ဘဲ ရေနွေးအိုးကို ပစ်ချမိသည်။ အခုချိန်ထိ ဦးကိုဖုန်းခေါ်လို့မရသေး.. ဘာကြောင့်ဖုန်းမကိုင်နိုင်တာလဲတော့ သူမသိ ဒါပေမဲ့...
ဂျောင်ဂု အဝင်သာရှိပြီး ကိုင်မဲ့သူမရှိသေးတဲ့ဖုန်းကို စိုက်ကြည့်နေမိသည်။ ဘေးနားက သူပစ်ချလိုက်လို့ ဖိတ်စင်ကုန်ပြီး အဖုံးဟနေတော့ အငွေ့တထောင်းထောင်းဖြစ်နေတဲ့ ရေနွေးအိုးကိုလည်း ကြည့်လိုက်သည်။ သူဖုန်းကိုချလိုက်ပြီး ရေနွေးအိုးကို ပြန်ကောက်ကိုင်လိုက်သည်။ ပြီးတော့ ဖုန်းခေါ်လို့မရတဲ့ သူ့လက်တွေပေါ် ဖြည်းဖြည်းချင်း..
တီ တီ တီ တီ
အား!!!... ဖုန်းမြည်သံကြားတော့မှ သူသတိဝင်လာပြီး ရေနွေးအိုးကိုလည်း လွှတ်ချလိုက်မိသည်။ သူသတိဝင်လာတဲ့အချိန် သူ့ဘယ်လက်က မခံမရပ်နိုင်လောက်အောင် ပူကျက်လာတာမလို့ လက်ကိုအရင် ရေဆေးချလိုက်သည်။ ရေချိုးပြီးခါစ သူ့အရေပြားတွေ နီရဲပြီး အရေပြားတွေလန်လာသည်။ အရမ်းလည်းပူနေပြီး ရေအောက်ကလည်းခွာလို့မရတော့။ ဒါပေမဲ့ ဦးဖုန်းကိုင်ရအုံးမှာမလို့ သူမျက်ရည်ဝဲဝဲနဲ့ ဖုန်းကိုအမြန်ပြေးယူပြီး ရေပန်းအောက်ပြန်လာခဲ့သည်။
သူဖုန်းကိုင်လိုက်ပြီးတော့ ဦးကိုတန်းတိုင်လိုက်သည်။ဦးရဲ့ စိုးရိမ်တဲ့အသံကြောင့် သူနာနေလျက်ကြားက ပျော်လိုက်သေးသည်။ သူ့ဘက်က အကဲပိုပြီး ခေါ်စရာမလိုလောက်အောင် ဦးဘက်က အရမ်းစိုးရိမ်လွန်းနေတော့ သူငိုသာငိုချလိုက်တော့သည်။နဂိုကတည်းက ခံစားချက်မကောင်းဖြစ်နေတာမလို့ ဦးကိုတိုင်တန်းပြီး ငိုချလိုက်သည်။
သူ့အခန်းတံခါး လျှိုဝှက်နံပါတ်ရိုက်သံကြားတော့ ရေပန်းအောက်က လက်ကိုထုတ်လိုက်ပြီး ဦးဆီအပြေးသွားမိသည်။
" ဦး... "
" ဂျောင်ဂု ဘာဖြစ်တာလဲ.. ကိုယ့်ကိုပြ စိတ်အေးအေးထား ကိုယ့်ကိုပြ "
" အဟင့် ဦး... အရမ်းနာတယ် "
" အင်း ကိုယ်လာပြီ ကိုယ်ရှိတယ် ကိုယ့်ကိုပြ ကိုယ်ဆေးထည့်ပေးမယ် လာ နော် "
ဆော့ဂျင်သူ့ကိုမြင်မြင်ချင်း ပြေးဖက်ငိုနေတဲ့ဂျောင်ဂုကို နှစ်သိမ့်ပေးလိုက်ပြီး အထဲခေါ်လာခဲ့သည်။အပူလောင်သွားတဲ့ ဘယ်လက်လေးကို အသာယူကြည့်တော့ ရေစိမ်ထားလို့ထင်တယ် ဖြူဖတ်လို့နေပြီ။ ဆေးသေတ္တာရှာပြီး အသာလိမ်းပေးတော့ မျက်ရည်စမ်းစမ်းနဲ့ ငြိမ်ခံနေသည်။
" ဘာတွေလုပ်လို့ အပူလောင်သွားရတာလဲ "
" ဗိုက်ဆာလို့ ရေနွေးတည်ရင်း.. ရွတ် "
" ရေနွေးတည်ပြီး ဘာစားမှာလဲ ဘာလို့မလုပ်တတ်ဘဲ လျှောက်လုပ်လဲ မီးဖိုချောင်က မဝင်တတ်ရင် အန္တရာယ်များတာသိရဲ့လား "
" မဆူပါနဲ့ နာပါတယ်ဆို.. ဦးအပြစ်လေ ဦးကိုဖုန်းခေါ်ရင်းဖြစ်သွားတာ ဘာလို့ဖုန်းကမကိုင်ရတာလဲ "
သူထင်တယ် ဒီကောင်လေးအဲလိုစိတ်မရှည်ရင်မရှည်သလို လျှောက်လျှောက်လုပ်လို့ဖြစ်ရတာ တော်သေးတာပေါ့ ဒီလောက်ပဲဖြစ်လို့..
" မင်းနော် မင်းတော့.. ကိုယ်ဖုန်းမကိုင်တာ တခြားအကြောင်းရှိလို့လို့ မင်းမတွေးဘူးလား ကိုယ်က အချိန်ပြည့်ဖုန်းနားမှာ ရှိနေမှာမှမဟုတ်တာ "
" ဦးပြောတယ်လေ ပြန်ရောက်ရင် စာပို့မယ်ဆို ဦးသာပို့ထားလိုက်ရင် ကျွန်တော်က ဖုန်းကို မရမကခေါ်မလား ဘာလုပ်နေတာလဲ ဖုန်းမကိုင်နိုင်ဘဲဦးက "
" ကိုယ်ကလေးသိပ်နေတာလေ ဖုန်းက အခန်းထဲကအင်္ကျီထဲကျန်ခဲ့တာပေါ့ ကိုယ်မင်းဆီကပြန်လာတာ နောက်ကျတော့ အွန်းလေးဆီအရင်သွားကြည့်တာ ကလေးက ကိုယ့်ကိုစောင့်နေရှာတာ ဒါကြောင့် ကိုယ်မပြန်လို့မရတာ တော်သေးတယ် အခုနောက်ပိုင်း နိုအွန်းကကြည့်ပေးနေလို့ ကိုယ်စိတ်ချထားလို့ရတာ ဒါတောင် အွန်းလေးက ကိုယ်မှကိုယ်ဖြစ်နေတုန်း.. "
" ကျွန်တော်လည်း ဦးမှဦးဖြစ်နေတာပဲလေ သူပဲဦးကိုလိုချင်နေလို့ရမလား သူ့မှာသူ့အမေလည်း ရှိနေပြီရော ဦးကသူ့ကိုဆို... "
ဂျောင်ဂုလက်ကိုဆေးလိမ်းပေးနေရင်းမှ မော့ကြည်လိုက်သည်။ ကလေးနဲ့အပြိုင်ကို သူက.. အခုလည်း နှုတ်ခမ်းကစူနေပြီ
" ကလေးနဲ့ဘာလို့လိုက်ပြိုင်နေတာလဲ ကလေးလားမင်းက "
" ကလေးပဲ.. ဦးပဲပြောတယ်လေကလေးပဲရှိသေးတယ်ဆို ကလေးပဲကျွန်တော်က "
ဆော့ဂျင် ခေါင်းသာယမ်းလိုက်သည်။ ဂျောင်ဂုကို ဘယ်လိုမှပြောလို့နိုင်မှာမဟုတ်ဘူး။
" ရပြီ ချက်ချင်းကြီးတော့ သက်သာအုံးမှာမဟုတ်ဘူး ဆေးလိမ်းထားတာခြောက်ရင် အိပ်လို့ရပြီ အိပ်ချင်ပြီလား .. နေအုံး ခုနက ဗိုက်ဆာလို့လို့ပြောတယ်နော် ဘာစားပြီးပြီလဲ "
ဂျောင်ဂုက မျက်နှာငယ်လေးနဲ့ခေါင်းယမ်းပြသည်။အရမ်းကိုမှ သနားစရာကောင်းနေပြီ။ တစ်ယောက်တည်းမနေတတ်ဘဲနဲ့ တစ်ယောက်တည်းနေချင်တာကိုး..
" ကိုယ်ကြည့်ပေးမယ် ဘာစားလို့ရမလဲ မင်းဘာစားချင်လဲ "
" ဦး ဦးကပြန်မှာလား "
သူမေးတာနဲ့တခြား သူ့ကိုပြန်မေးသည်။ ထိုင်ရာမှမထသေးဘဲ သူ့ဘက်ကို မျက်နှာငယ်လေးနဲ့ ကြည့်နေသည်။ သူသာ ပြန်မှာပြောလိုက်ရင် စားတော့မှာမဟုတ်ဘဲ ပြန်ပြန်ဆိုပြီး စိတ်ကောက်သွားတော့မှာ။
" ကိုယ်မပြန်ဘူး မင်းဘာစားမှာလဲ "
သူမပြန်ဘူးပြောမှ မျက်နှာကတစ်မျိုးပြောင်းသွားပြီး ထိုနားကလည်း ထလာသည်။
" ဘာဖြစ်ဖြစ်.. ဦး ဦး ဒါဆိုကျွန်တော်နဲ့အတူအိပ်ရမှာနော် "
သူကဘာဖြစ်ဖြစ်ဆိုတော့ ဆော့ဂျင်ရေခဲသေတ္တာထဲက သင့်လျှော်မဲ့ဟာတွေ ထုတ်လိုက်ရင်း တံခါးပြန်ပိတ်ကာ မီးဖိုချောင်ဘက်ထွက်ခဲ့သည်။
" အိပ်လို့မဖြစ်ဘူး မင်းလက်ထိလိမ့်မယ် ''
" မထိဘူး အတူအိပ်မယ် "
ဂျောင်ဂုက သူနောက်တကောက်ကောက်ပါလာရင်း အငြိမ်မနေ။ ခုနကတော့ နာလှပါချည်ရဲ့ဆိုပြီး အော်ငိုနေတာ သူမဟုတ်တဲ့အတိုင်း။ မီးဖိုချောင်ထဲတွင် ဂျောင်ဂုလက်ရာ ရေနွေးအိုးတွေပြုတ်ကျနေလျက် ကြမ်းပြင်တွေလည်း စိုရွှဲနေသည်။ သူစားဖို့အရင်မချက်သေးဘဲ ထိုအရာတွေကို အရင်ရှင်းရသည်။
" ဦး သတိထားအုံးနော် ပူနေအုံးမယ် "
ဆော့ဂျင်ရေနွေးအုံးအဖုံးကို အဖွင့်ပိတ်လုပ်ကြည့်သည်။ချောင်လည်းမချောင်နေပါဘဲ ဂျောင်ဂုဘယ်လိုများအပူလောင်ပါလိမ့်။ ဂျောင်ဂုကစိတ်မြန်ပြီး စိတ်ဆတ်တတ်သည်။ သူလုပ်ချင်ရာအတွက်ဆို ကြောက်လန့်ခြင်းမရှိ၊တွေးလည်းမပူတတ်။ လုပ်ချင်ရာကို တဇွတ်ထိုးလုပ်တတ်သည်။ အခုလည်း သေချာပေါက်မတော်တဆဆိုတာထက် သူဖုန်းမကိုင်လို့ စိတ်မရှည်ဖြစ်ပြီး ဇိုးဇိုးဇက်ဇက် လျှောက်လုပ်ပစ်တာပဲနေမှာ။ သူလှမ်းကြည့်လိုက်တော့ ဂျောင်ဂုက သူ့လက်ကို ပါးစပ်နဲ့လေမှုတ်ရင်း သူ့ကိုလှမ်းကြည့်နေသည်။ ဆော့ဂျင် ထိုအရာတွေကိုသိမ်းလိုက်ပြီး ခေါက်ဆွဲချက်ပေးဖို့လုပ်လိုက်သည်။ဘယ်လိုနေနေ ဂျောင်ဂုကိုအပြစ်တင်နေမည်တော့မဟုတ်။
သူလုပ်ပေးတဲ့ခေါက်ဆွဲကို နှစ်ယောက်အတူစားလိုက်ရသည်။ ဂျောင်ဂုက ဘယ်လက်ထိပေမဲ့ သူကခွံကျွေးရသေးသည်။
" လက်ထိသွားတာကောင်းလိုက်တာ ဦးနဲ့အတူနေရပြီ "
" အရူးမထနဲ့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်စမ်းပါ ငါအရင်က မင်းကိုပစ်ထားလို့လား အခုအပူလောင်တာကလေ ဖြစ်စရာအကြောင်းကိုမရှိတာ ဂျောင်ဂု.. တခုခုလုပ်မယ်ဆို တစ်ဆုံးထိအရင်တွေးစမ်း "
" ဦးဘာလို့ဖုန်းမကိုင်လဲ ဦးကအိမ်ရောက်သွားရင် ကျွန်တော့်ကိုမေ့ထားတယ်ဆိုတာ ကျွန်တော်သိတယ် အစ်မနိုအွန်းနဲ့လည်းဦးက အရင်လိုမဟုတ်တော့ဘူး ဦးတို့မိသားစုတွေ့ရင် ကျွန်တော့်ကိုမေ့ထားပြီ "
" မင်းအတွေးသက်သက်ပဲဂျောင်ဂု ငါအိမ်ရောက်တာနဲ့ ငါတို့မိသားစုပျော်နေတယ်ဆိုတာက ဘာသဘောလဲ ငါတို့အဆင်ပြေနေရင် ငါမင်းကိုတောင် လာတွေ့မှာမဟုတ်ဘူး ... ကိုယ်အိမ်ပြန်သွားတာ နာရီဝက်မရှိသေးဘူး မင်းကပေါက်တတ်ကရတွေတွေးနေပြီ အဲလိုတွေးနေတာ ကောင်းတယ်များထင်နေလား ကိုယ်မင်းကို အငယ်အနှောင်းနေရာက ထားနေတာမဟုတ်ဘူး မင်းအဲလိုတွေးလိုက်ရင် မင်းကဘယ်နေရာရောက်သွားပြီလဲ သိရဲ့လား ကိုယ်အိမ်ပြန်သွားတာ ကိုယ်သူနဲ့အဆင်ပြေပြေနေဖို့လည်းမဟုတ်ဘူး ကိုယ်ဘာကြောင့်ပြန်သွားလဲ မင်းရှင်းရှင်းလင်းလင်းသိပါတယ် "
" အငယ်အနှောင်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဦးချစ်နေရင်ရပြီ ဦးအိမ်ထောင်ရေးအဆင်ပြေသွားပြီး ကျွန်တော့်ကိုမေ့သွားမှာ အရမ်းကြောက်တာပဲ ဦးက ကလေးအတွက်ကြည့်ပြီး အဲမိန်းမကို မကွာရှင်းနိုင်မှာအရမ်းကြောက်တယ် "
" ဒါကမင်းအတွေးသက်သက်ပဲလေ ကိုယ်မင်းကို ကိုယ့်အိမ်ထောင်ရေးအဆင်မပြေတုန်းခဏ တွဲခဲ့တာမဟုတ်ဘူး ကိုယ်နိုအွန်းကိုမချစ်တာ အရင်ကတည်းက အဲဒါကို ကိုယ်က ဘာအကြောင်းကြောင့် အခုမှ သူ့ကိုထချစ်ရမှာလဲ ကိုယ်မင်းကို ခက်ခက်ခဲခဲရွေးချယ်ခဲ့ရတာ.. ကိုယ်မင်းကို လွယ်လွယ်နဲ့ချစ်ခဲ့တာမဟုတ်ဘူး ကိုယ်မင်းကိုချစ်တယ်မပြောနိုင်တာနဲ့ မင်းကိုမချစ်ဘူးလို့ ဘာကြောင့်ထင်ရတာလဲ ကိုယ်အဆင်သင့်ဖြစ်တဲ့အထိ ဘာလို့မစောင့်ပေးနိုင်ရတာလဲ ကိုယ့်ကိုရော မင်းကိုရော ဖောက်လွဲဖောက်ပြန်ဖြစ်နေကြတဲ့သူတွေဆိုပြီး ဝိုင်းပြောခံချင်လို့လား "
" ဘယ်သူကမစောင့်နိုင်ဘူးလို့ ပြောနေလို့လဲ .. ဒီအတိုင်း ဒီအတိုင်းပဲ ခံစားရတာကိုပြောပြတာကို ကျွန်တော့်ရင်ထဲဘာတွေဖြစ်နေလဲ ဦးမသိဘူးမလား မသိလို့ဘဲ အဲလိုအပြစ်တင်နေတာ ဘယ်သူကမစောင့်နိုင်တာလဲ မစောင့်နိုင်ဘူးလို့လည်း တစ်ခါမှမပြောဖူးတာကို ဦးပဲစိတ်မရှည်တာမလား "
" ကိုယ်မင်းခံစားရတာ မသိဘူးလို့လည်း မပြောမိပါဘူး မင်းအတွေးသက်သက်တွေချည်းကို ကိုယ်ပြောပြနေတာ မင်းကိုမဟုတ်တာတွေ မတွေးစေချင်တာ ကိုယ်က.. ကိုယ့်ရဲ့ကိစ္စတိုင်းကို လိုက်ပူမနေနဲ့ ကိုယ်မင်းကိုလွယ်လွယ်နဲ့ လက်လွှတ်မှာမဟုတ်ဘူး.. ကိုယ်မင်းကိုလက်ခံဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတာ ကိုယ်လွယ်လွယ်နဲ့လက်မလွှတ်ချင်လို့ဘဲ ကိုယ်မင်းကိုလက်ခံလိုက်ကတည်းက ဘယ်လိုအကြောင်းအရာတွေ ရှိခဲ့ရှိခဲ့ လက်လွှတ်ဖို့ စိတ်ကူးလည်းမရှိတော့ဘူး ကိုယ်ပြောတာကို မင်းနားလည်လား "
" နားလည်ပြီ ဟင့် ဒါပေမဲ့လည်း ကျွန်တော့်ခံစားချက်တွေကိုလည်း နားထောင်ပေး အဲဒါတွေအားလုံး ဦးကိုချစ်လို့ဖြစ်လာတာတွေပဲ "
" ကိုယ်မင်းကိုအပြစ်မမြင်ပါဘူး ဒါပေမဲ့ မင်းအဲလိုလျှောက်လုပ်တာမျိုး ကိုယ်မကြိုက်ဘူး အဲဒါမျိုးစဉ်းစားတာကိုက အဓိပ္ပာယ်ကိုမရှိဘူး ချစ်လို့ဆိုပြီး မစဉ်းစားမဆင်ခြင်ဘဲ လျှောက်လုပ်ရင် မင်းအချစ်တွေက အဆိပ်အတောက်ဖြစ်ကုန်လိမ့်မယ် "
" ဟွန့် အဲဒါဦးက ကျွန်တော့်လောက်မချစ်တတ်သေးလို့ "
" ဘာပြောတယ် "
" အိပ်မယ်လို့ အိပ်ရအောင် အိပ်ချင်နေပြီ တရားဟောဆရာလုပ်ပါလား တရားချတာ အရမ်းတော်လို့ "
" ဆိုးလိုက်တာ အွန်းလေးနဲ့များတခြားစီ "
" ဦးနော်! "
" သွားမယ် အိပ်မယ် မင်းအိပ်မှကိုယ်ပြန်မယ် "
" မရဘူး "
" အိပ်ပျော်နေရင် မင်းသိမှာမှမဟုတ်တာ "
" မရဘူး "
သူအိပ်မှပြန်မယ်ပြောထားလို့ သူ့ကိုတင်းတင်းကြပ်ကြပ် ဖက်အိပ်သည်။ လက်အနာထိမယ်လို့ ပြောလည်းမရ တကယ်တဇွတ်ထိုးလေး မင်းက ကလေးထက်တောင် ပြောရခက်သေးတာကို.....
..................................
" လိုက်ခဲ့ချင်လား "
" ဘာလို့လိုက်ရမှာလဲ ဦးကအပျော်သွားမှာမှမဟုတ်တာ "
" လောလောဆယ်တော့ ပုံမဆွဲပါနဲ့အုံးလားဆို လက်တစ်ဖက်တည်းနဲ့... ပြီးကြရင် ဒီလက်က ဆေးတွေစွန်းလို့မဖြစ်တာကို အိမ်ပြန်နေပါဆိုလည်း မနေဘူး "
" အိမ်မှာနေရင် ဦးနဲ့တွေ့ဖို့ခက်တယ် ပြီးတော့ လက်ကဖြစ်နေတာသိရင် အပြင်ထွက်ခိုင်းတော့မှာမဟုတ်ဘူး "
" သိတယ်မလား မင်းအဲလိုတွေဖြစ်ရင် အိမ်ကဘယ်လောက်စိတ်ပူလဲသိတယ်မလား သိရဲ့သားနဲ့လူကြီးတွေကို အမြဲစိတ်ပူရအောင်လုပ်တာ ဘာလို့ဆိုးနေရတာလဲ သိသိလျက်နဲ့ "
" နှုတ်ခမ်းမစူနဲ့ ပြောလိုက်ရင် မျက်နှာကစူပုတ်နေပြီ စကားလည်း တစ်ခုမှနားမထောင်ဘူး လုပ်ချင်ရာအမြဲလုပ်တယ် အဲဒါကောင်းတဲ့အကျင့်တွေများထင်နေလား "
" သွားစရာရှိတာသွားပါတော့ အဘိုးကြီးကြနေတာပဲ ဦးကျွန်တော့်အဖေနဲ့တူနေပြီ ကျွန်တော်တို့က ချစ်သူရည်စားတွေပါနော် တွေ့တိုင်း တီတီတာတာမပြောရဘူး အမြဲဆုံးမစကားပဲပြောနေတာ ကျွန်တော်ကမကောင်းလို့လား ဦးအမြင်မှာ "
" ကိုယ်ကကောင်းစေချင်လို့လေ ကိုယ်ချစ်တဲ့သူ၊တန်ဖိုးထားရတဲ့သူမလို့ ကောင်းစေချင်တာလေ တခြားသူဆို ကိုယ်ကပြောမလား "
" ကျွန်တော်ကအခု မကောင်းတဲ့သူလား "
" အဲလိုတော့မဟုတ်ဘူးလေ ကိုယ်ပြောတာက-.. "
" တော်ပြီ အဲသဘောပဲမလား ကျွန်တော်က မကောင်းတဲ့သူမလို့ နောင်တရနေပြီမလား "
ဆော့ဂျင်မနိုင်တော့ဘူး။ ဂျောင်ဂုက သူ့ကိုနှစ်ပတ်လည်ပွဲသွားဖို့ကို မကျေမနပ်မပြောတော့ပေမဲ့ တစ်ခုပြီးတစ်ခု အကန်တွေချည်းပြောနေသည်။မကြာခဏဆိုသလို သူကပဲ ထိုစကားဝိုင်းကို ဖြတ်ဖြတ်လိုက်ရသည်။ သူစိတ်မရှည်လို့တော့မဟုတ် ဂျောင်ဂုနဲ့ဒီလိုငြင်းခုံရတာကို တကယ်နှစ်သက်သည်။သူထင်တယ် ဂျောင်ဂုလည်း သေချာပေါက်သဘောကျလိမ့်မယ်လို့ အားလုံးက ဂျောင်ဂုကပဲ တမင်အကြောင်းရှာပြီး စပြောလေ့ရှိသည်။ သူက တိတ်ဆိတ်နေတတ်သူမလို့ အဲလိုမှမဟုတ်ရင် သူတို့နှစ်ယောက်ကြား အမြဲအေးစက်နေတော့မည်။
" စိတ်ရှုပ်နေပြီလား "
သူငြိမ်သွားရင် ဂျောင်ဂုက ချက်ချင်းအခြေအနေကို အကဲဖမ်းတတ်သည်။ အသက်ကွာတဲ့ဆက်ဆံရေးမလို့ တစ်ယောက်နဲ့တစ်ယောက်က တော်တော်တော့ ညှိယူရသည်။ဂျောင်ဂုက သက်သက်ဆိုးတာကလွဲရင် သူထိန်းချုပ်လို့ရနေတုန်းပဲ။
" ကိုယ့်ကိုစိတ်ရှုပ်အောင်ပဲ လုပ်နေတာမဟုတ်ဘူးလား "
" ဟုတ်တယ် စိတ်ရှုပ်ပြီး အိပ်ပျော်သွားစေချင်တာ "
" ကလေးမဆန်နဲ့ ကိုယ်ပြီးရင် မင်းနဲ့အချိန်ဖြုန်းပေးမယ် "
" အွန်း.. "
" လိမ်မာတယ် "
" ဦးမြန်မြန်ပြန်လာမယ်မလား ကျွန်တော်ညစာမစားဘဲ စောင့်နေမယ် ဦးနဲ့မှအတူစားမယ် "
" ကိုယ်ကိစ္စပြီးတာနဲ့ အမြန်ဆုံးပြန်လာမယ် ဒါပေမဲ့ ညစာစားထားနှင့် အချိန်က ကိုယ်ပြောလို့ရတာမဟုတ်ဘူး စားထားနှင့် ကိုယ့်ကိုမစောင့်နဲ့ ကိုယ်သေချာပြင်ပေးသွားမယ် "
" ဟင့်အင်း မြန်မြန်ပြန်လာရင်ရတယ် စောင့်နိုင်တယ် "
ခေါင်းမာလိုက်တာ.. သူသိတာပေါ့ သူမြန်မြန်ပြန်လာအောင်လို့ ထမင်းမစားဘဲ စောင့်နေမယ်ပြောတာ။ တနည်းနည်းနဲ့ဖြစ်ဖြစ် သူ့ကိုအမြန်ပြန်လာအောင်လုပ်နေတာ။ ဂျောင်ဂုကို သူအပြစ်မမြင်ရက်.. အဲအစား ဘယ်လိုလုပ်ပေးရင် ဂျောင်ဂုစိတ်သက်သာရာရမလဲ တွေးနေမိသည်။ဒီကလေး သူ့အတွေးနဲ့သူကို ပူလောင်နေတာ...သူဘယ်လောက်စိတ်ချနေရအောင်ပြောပြော ဘယ်လိုနေပြပြ သူ့အတွေးနဲ့သူကို အာရုံတွေပျံ့ပြီး အမျိုးမျိုးပြောင်းလဲနေတာ။ စိတ်ပြောင်းအောင်နေလည်း ခဏပဲ အဲဒီအကြောင်းကပဲ သူ့ကိုစိုးမိုးနေတော့ သူလည်းဘာလုပ်ပေးရမလဲမသိတော့..
" ဂျောင်ဂု... "
" ကျွန်တော်သိတယ် ကျွန်တော်သိပြီ ကျွန်တော်အတွေးများသွားတာ တကယ်လည်းမဆာသေးလို့ စောင့်နိုင်တယ်.. ကျွန်တော်က ပုံဆွဲနေရရင် အချိန်တွေမေ့သွားတတ်တယ် ကျွန်တော်ပုံတောင် အပြီးသတ်လိုက်ရမှာမဟုတ်ဘူး ဦးပြန်လာခဲ့မှာ "
" ဂျောင်ဂု.. "
" ဟင်.. "
" ကိုယ့်ကိုယုံ ကိုယ့်ကိုယုံတယ်မလား "
" ဦးကိုယုံပေမဲ့.. "
ဆော့ဂျင် ဆက်မပြောစေတော့ဘဲ စကားကိုဖြတ်လိုက်ပြီး ဂျောင်ဂုကို ဆွဲဖက်လိုက်သည်။
" ရပြီ ကိုယ့်ကိုယုံရင်ရပြီ ကိုယ်စောစောပြန်ခဲ့မယ် မင်းကိုမစောင့်စေရအောင် "
အမြဲ ယုံကြည်မှုရှိရှိနေတတ်တဲ့ကလေးက သူ့ကြောင့်ယုံကြည်မှုတွေပျောက်ပြီး အားငယ်နေတာမြင်ရတော့ သူသူ့ကိုယ်သူ အပြစ်ရှိသလိုခံစားလိုက်ရသည်။ သူဂျောင်ဂုအပေါ် မတရားလုပ်မိပြီလား.. သူနဲ့နိုအွန်းကိုတွဲမြင်ရမှာ ဘယ်လောက်တောင်များ ကြောက်ရွံ့နေလဲဆို သူဘယ်သွားသွား နောက်ကတကောက်ကောက်လိုက်နေတဲ့ကလေးက သူနဲ့နိုအွန်း တွဲလျက်ကို မမြင်ရက်လို့ လိုက်ဖို့တစ်ခွန်းမဟခဲ့ဘူး။ သူ့ကြောင့် စိတ်မထိန်းချုပ်နိုင်ဘဲ ကိုယ့်ကိုယ်ကိုယ်လည်း နာကျင်စေပြီးပြီ။ထပ်ပြီး နှလုံးသားကလည်း နာကျင်ရအုံးမည်။သူဒီညကို မြန်မြန်ကုန်ဆုံးချင်မိပြီ။ ဂျောင်ဂုစိတ်သက်သာလိုသက်သာငြား သူကုစားပေးချင်မိသည်။ဂျောင်ဂုသူ့ကြောင့်ခံစားနေရတာ မြင်ရတိုင်း သူ့လုပ်ရက်တွေ မှားနေတယ်လို့ကို ခံစားလာရသည်။သူဒီကိစ္စကြီးကို မြန်မြန်အဆုံးသတ်ဖို့လိုနေပြီ။ဂျောင်ဂုအတွက်ပဲဖြစ်ဖြစ် သူရှင်းက မြန်မြန်ထွက်လာခဲ့ချင်ပြီ။
__________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



