Fanfics

ep25

16:22, 3 March 2024

" ဂျောင်ဂု ကိုယ်ပြောတာနားထောင်အုံး "

" ဘာပဲပြောပြော ဦးကသွားမှာပဲမလား ဘာလို့လာပြောနေအုံးမှာလဲ ဦးဆုံးဖြတ်ချက်ကို ပြင်မှာမလို့လား "

" ဒါက ကိုယ့်ဆုံးဖြတ်ချက်မဟုတ်ဘူးလေကွာ ကိုယ်တို့ဒါကို အလုပ်တစ်ခုလိုပဲ သတ်မှတ်ပြီးလုပ်လာတာ အရင်ကလည်း အဲလိုတွေရှိခဲ့ဖူးတာပဲ ဘာလို့ကိုယ့်ကို နားမလည်ပေးနိုင်ရတာလဲ "

ဂျောင်ဂု ဆွဲလက်စပုံကို ရပ်လိုက်သည်။ သူကနားမလည်ပေးနိုင်ဘူး ဟုတ်တယ်။သူတို့ထယ်ဆန်းနှစ်ပတ်လည်အတွက် ဦးသွားရမဲ့အကြောင်း ပြောနေကြတာဖြစ်သည်။ဦးဟာဦးက ဘာပြဿနာမှမရှိဘူး။ အခုက သူ့မိန်းမနဲ့အတူ တက်ရမည်တဲ့။ ဘယ်ချိန်ကတည်းက သူတို့စီစဉ်ထားကြသည်လဲမသိ။ သူသိသလောက်တော့ အရင်ကပွဲတွေတက်လည်း ဦးတစ်ယောက်တည်းပင်။အခုမှဘာလို့ လင်မယားအလိုက်တက်ရလဲဆိုတော့ ဖိတ်လို့တဲ့။ သူဒေါသထွက်နေတာမဟုတ်ဘူး နားလည်မပေးနိုင်တာလည်း မဟုတ်ဘူး ဒီအတိုင်းဝမ်းနည်းနေမိလား မသိတော့ဘူး။ သူမနာလိုနေတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ် သူဦးမိန်းမနေရာကို မနာလိုနေတာလေ..ဦးဘက်က လင်မယားအတူတက်ရုံနဲ့ မိန်းမဘက်ပြန်မကြိုက်သွားမှန်းသိတယ် သူ့ကိုအလေးထားမှန်းလည်း သိပါတယ် ဒါပေမဲ့ ဦးက သူ့ကိုတစ်မျိုးပဲ ထင်နေတယ် နားမလည်ပေးတဲ့ချစ်သူ၊ ကလေးဆန်တဲ့ချစ်သူပေါ့ သူက ဦးဆီက နည်းနည်းအရေးပေးတာကို လိုချင်ရုံပါ စကားတွေအများကြီးပြောပြီး စိတ်လိုလက်ရ ချော့ပြောတာမျိုးပေါ့ ဒါပေမဲ့ ဦးက စပြောကတည်းက 'ငါထယ်ဆန်းနှစ်ပတ်လည်ပွဲတက်ရမယ်' 'နိုအွန်းရောပါမယ်' 'အတူ' ဆိုပြီး အဲသုံးခွန်းပဲစပြောပြီး သူကကောက်တော့နားမလည်ပေးနိုင်တဲ့သူဖြစ်သွားပြီ။

" ဟုတ်တယ် ကျွန်တော်ကနားမလည်ပေးနိုင်ဘူး တစ်ကိုယ်ကောင်းလည်း အရမ်းဆန်တယ် ဦးဟာဦး သွားရမဲ့ဟာသွားလိုက် လုပ်စရာရှိတာလုပ်လိုက် ကျွန်တော်က သိပ်‌အရေးမပါဘူးမလား "

" ကျစ်! မင်းကပြောလေကဲလေ မင်းကိုယ့်ကိုဘယ်လိုဖြစ်စေချင်နေတာလဲ ကိုယ်မသွားဘဲ နေလို့မရလို့လေ ကိုယ်မင်းကို အလေးထားလို့ပဲ မင်းကိုပြောပြနေတာလေ ကိုယ်မဖြစ်မနေသွားရမှာသိပေမဲ့ မင်းကိုကိုယ်ပြောပြတယ်လေ ကိုယ့်ကိုဘယ်လိုဖြစ်စေချင်‌တာလဲမင်းက "

" ပြောပြလည်း ဘာလုပ်လို့ရမှာလဲ ဘာမှလုပ်ပိုင်ခွင့်မှမရှိတာ "

" မင်းကဘာလုပ်ချင်တာလဲ ကိုယ့်ကိုပြော ဘာလုပ်ချင်တာလဲ လိုက်ချင်လို့လား "

" လိုက်စေချင်ရင် အစတည်းကခေါ်မှာပေါ့ "

" မင်းကလိုက်ချင်လို့လား "

ပြောတာတောင်မသိတာ သူထပ်မပြောတော့။ရိုးရိုးတန်းတန်းနေရာတွေတောင် သူတကောက်ကောက်လိုက်နေတာကို သူ့မိန်းမနဲ့သွားမဲ့ပွဲကို သူကမလိုက်ချင်ဘဲရှိပါ့မလား။ လူကြီးတွေအရမ်းကောင်းတယ်ဆို! အရိပ်တကြည့်ကြည့်နဲ့ အလိုက်လည်းသိတယ်ဆို! ဘာကိုပြောတာလဲ ကင်မ်ဆော့ဂျင်တော့ အဲလိုထဲမပါတာသေချာတယ်။ သူ့ကို‌စပြောကတည်းက သူသွားဖို့အကြောင်းသာပြောပြီး သူ့ကိုလိုက်ချင်လား တစ်ခွန်းတောင်မမေး။

" မင်းလိုက်တော့ ကိုယ်တို့အနေခက်ရုံအပြင် ဘာဖြစ်သွားမှာမလို့လဲ ကိုယ်တို့ထိန်းထိန်းသိမ်းသိမ်းနေသင့်တယ်လို့ ပြောထားတယ်မဟုတ်လား ဘာလို့လိုက်ချင်ရတာလဲ ကိုယ်က အဲလိုပွဲအတူတက်ရုံနဲ့ တစ်ဖက်ကိုယိမ်းသွားမဲ့သူမျိုးလား ဘာလို့ကိုယ့်ကိုမယုံရတာလဲ ကိုယ်အရမ်းပင်ပန်းလာ‌တာတောင် မင်းနဲ့ငြင်းခုံနေရသေးတယ် ဘာလို့ဒီပြဿနာသေးသေးကအစ ကိုယ်တို့ဒီလိုဖြစ်နေရမှာလဲ "

" နောက်ဆုံးတော့ ကျွန်တော့်အမှားပဲမလား ကျွန်တော်နားမလည်ပေးနိုင်တာက ပြဿနာမဟုတ်ဘဲ ဦးကျွန်တော့်ကိုငြိုငြင်ချင်တာက ပြဿနာမဟုတ်ဘူးလား ကျွန်တော့်ဘက်ကို နည်းနည်းမှ ဝင်မကြည့်ဖူးဘူးမလား ကျွန်တော်က ချစ်ရသူမလို့ ခံစားချက်ကို မထိန်းချုပ်နိုင်ဘူး ကျွန်တော်ထပ်ပြီးမပြောတော့ဘူး ဦးပင်ပန်းလာတယ်မလား နားမှာလား ဒါမှမဟုတ်ပြန်မှာလား "

" ကျစ်! ဒါကဘာဖြစ်ပြန်ပြီလဲ "

" ဦးပဲပင်ပန်းနေပြီဆို အနားမယူဘူးလား "

" မင်းကဒီလိုဖြစ်‌နေတာ ကိုယ်ကဘယ်လိုအနားယူရမှာလဲ "

" ဒါဆိုကျွန်တော်က ဘယ်လိုလုပ်ပေးရမှာလဲ "

" အနားလာခဲ့ "

ဂျောင်ဂုက သူ့အနားကို စူပုတ်ပုတ်နဲ့ ရောက်လာသည်။ဂျောင်ဂုသူ့ကိုသဝန်တိုတတ်မှန်း သိလျက်နဲ့ သူပေါ့ပေါ့တန်တန် ပြောလိုက်မိတယ်။ ပုံမှန်ဆိုရင်လည်း အလုပ်ကိစ္စအတွက်၊ရှင်းအတွက်အရေးကြီးတဲ့ကိစ္စတွေဆို နိုအွန်းနဲ့အတူတက်နေကြပဲမလို့ သူပုံမှန်အတိုင်းပြောလိုက်မိတာ ဂျောင်ဂုသဝန်တိုတတ်တာတွေမေ့ပြီးပေါ့ ဂျောင်ဂုအမြဲပြောနေကြစကားလေး 'ဦးကိုယုံပေမဲ့ စိတ်ကသူ့ဟာသူဖြစ်နေတာပါဆို' ဆိုတာလေး... အခုထိကလေးပဲရှိသေးတယ်

" ကိုယ့်ကိုစိတ်မချဘူးလား "

" မနာလိုတယ် ဦးမိန်းမကို "

" ဂျောင်ဂု.. "

" ဦးဘေးမှာ ဦးနဲ့အတူလက်ချင်းချိတ်တက်ရမဲ့ ဦးမိန်းမကို မနာလိုတယ် "

" ကိုယ်.. "

" ဦးအမှားမဟုတ်ဘူး ဒီအတိုင်း.. ကျွန်တော်ကမကောင်းတာ ကျွန်တော့်စိတ်က သေးသိမ်နေတာ ကျွန်တော်က သူ့ဆီကလုထားပြီး သူနဲ့တွဲမြင်ရမှာကို ပူလောင်နေတာ ဦးတို့အတွက်က ဘာမှမဟုတ်တာသိပေမဲ့ ကျွန်တော့်ဟာကျွန်တော်ဖြစ်နေတာပါ "

" မဟုတ်ဘူး မဟုတ်ဘူး ကိုယ်မှားသွားတယ် ကိုယ်မင်းဘက်ကို ဝင်ကြည့်လိုက်မိဘူး ကိုယ်မင်းအပေါ် မတရားသလိုဖြစ်သွားတယ် "

" မဟုတ်ပါဘူးဆို! မဟုတ်ဘူး ဦးနဲ့ဘာမှမဆိုင်ဘူး ဦးဟာဦးနေတဲ့ဘဝထဲကို ကျွန်တော်ဝင်နှောင့်ယှက်မိတာ ဦးအမှားမဟုတ်ဘူး ဦးကအဆင်သင့်မဖြစ်သေးပါဘူး၊စောင့်ပေးပါအုံးဆိုတာကို ကျွန်တော်က ကျွန်တော်ကအတင်းဖြစ်ခဲ့တာ ဦးအမှားမဟုတ်ဘူး ဦးအပြစ်မဟုတ်ဘူး။ ကျွန်တော်နည်းနည်းစိတ်ဆတ်သွားတာ အခုအဆင်ပြေသွားပြီ ကျွန်တော့်ခံစားချက်ကို ဦးသိရင်ပဲရပြီ ဦး ကျွန်တော့်ကိုချစ်တယ်မလား ကျွန်တော်က ဦးအတွက်အရေးပါနေရင်ရပြီ "

ရင်ခွင်ထဲတိုးဝင်လာတဲ့ဂျောင်ဂုကို သူတင်းတင်းကြပ်ကြပ် ပြန်ဖက်တွယ်ထားလိုက်သည်။ သူဂျောင်ဂုကို သူ့ကိုယ်သူအပြစ်ရှ်ိတယ်လို့ မခံစားစေချင်ဘူး။ သူက သူ့ဘဝထဲကို တဇွတ်ထိုးတိုးဝင်ခဲ့တယ်ဆိုရင်တောင် သူကိုယ်တိုင်လည်း စိတ်ရှိနေခဲ့တာ။ သူ့ဘက်ကတောင် ပိုပြီးအားနာနေရအုံးမှာ။ သူများသားသမီးကို သူဘယ်ဘဝရောက်အောင်လုပ်ထားတာလဲ ဂျောင်ဂုကို တခြားသူတွေတမျိုးထင်မှာ သူစိုးရိမ်လွန်းလို့ သူတို့ပတ်သက်မှုကို သိုသိုသိပ်သိပ်နဲ့ ဘယ်သူမှမရိပ်မိအောင် နေချင်ခဲ့တာ။ ဂျောင်ဂုအဲလိုခံစားနေရမှန်းသူမသိဘူး..

" ဦး.. "

" ဒီည ကျွန်တော်နဲ့အတူရှိပေးမယ်မလားဟင် "

" ကိုယ်.. "

" ပေါက်စလည်း သူအမေနဲ့နေတတ်နေပြီပဲ ကျွန်တော်နဲ့မနေချင်ဘူးလား "

" မဟုတ်ပါဘူး ကိုယ်သမီးကို အသိမပေးထားပဲမဖြစ်လို့ပါ ကလေးက ကိုယ်ပြန်လာမယ်ထင်ပြီး ကိုယ့်ကိုမျှော်နေမှာ "

" ဟွန့်.. ဦးက အမြဲကလေး၊ကလေးနဲ့ သူ့ကိုပဲဦးစားပေးတယ် ကျွန်တော့်ကို သူ့တစ်ဝက်လောက်တောင်မချစ်ဘူး သွား ပြန်ချင်လည်းပြန် "

" မဟုတ်ဘူး ကိုယ်က- "

သူဘာပြောပြော ဂျောင်ဂုက လှည့်မကြည့်တော့ဘဲ သူနားကထသွားပြီး ဆွဲလက်စပုံကို ဆက်ဆွဲဖို့တောင် ပြင်နေပြီ။ သူသက်ပြင်းချလိုက်သည်။ ဂျောင်ဂုစိတ်က အမျိုးမျိုးရယ်။ အခုတစ်မျိုး တော်ကြာတစ်မျိုးပြောင်းနေသည်။ သူဂျောင်ဂုဆန္ဒကို တကယ်လိုက်လျောချင်ပေမဲ့ အွန်းလေးက သူလက်လွှတ်ထားရအောင်ထိ မရသေးဘူး။ သူက လက်ရှိမှာ အိမ်ထောင်သည်တစ်ယောက်ဖြစ်နေတုန်းဆိုတာ မေ့လိုက်လို့မရသေးဘူး။

" ဂျောင်ဂု ကိုယ်ပြန်တော့မယ် မိုးမချုပ်ခင် "

" ပြန်ချင်ပြန်ပေါ့ ပြန်သင့်နေတာကြာပြီ "

" ကိုယ်မင်းနဲ့မနေချင်လို့မဟုတ်ပါဘူး နောက်ခါ ကိုယ့်ကိုကြိုပြောပေး ကိုယ်အွန်းလေးကို ကြိုမှာထားရအောင်လို့ နော် ကလေး "

" ဟွင့် ပြီးတာပဲ အဲပေါက်စမြန်မြန်ကြီးမှပဲ သူများဒါလင်ကို လိုက်ကပ်နေတာ အမြင်ကတ်စရာ "

" ဟုတ်ပါပြီ ကိုယ့်ကိုစိတ်မဆိုးတော့ဘူးမလား "

" ဦးကိုဘယ်လိုစိတ်ဆိုးရက်မှာလဲ ဦးမှာရွေးချယ်ခွင့်မှမရှိတာ.. ပင်ပန်းနေတယ်ထင်လို့ ကျွန်တော်ကဒီမှာနားခိုင်းတာကို ဇွတ်ပြန်ချင်နေတဲ့ဦးကသာ ဟွန့် "

" အင်းပါ ကိုယ့်ကလေးအလိမ်မာဆုံး ပုံကို ခဏပဲထပ်ဆွဲပြီး ရေမြန်မြန်ချိုး အနားယူတော့နော် အိပ်ရာဝင်နောက်မကျစေနဲ့ "

" ဦးရောပဲ ရောက်တာနဲ့စာပို့ "

" အင်း ကိုယ်သွားပြီ "

" နမ်းအုံးလေ ဦးကဒီအတိုင်းသွားတော့မလို့လား "

ဦးပြန်မယ်မှန်းသိတော့ စိတ်ကောက်ချင်လျက်နဲ့တောင် စကားပြောလိုက်ရတာ သူ့ဆီကအနမ်းလိုချင်လို့ကို..ဦးရဲ့ ဖွဖွထိတွေ့လာတဲ့အနမ်းလေးကြောင့် ကျွန်တော်စိတ်ကောက်ပြေလိုက်ပါမယ်နော် ဒါပေမဲ့ ဒါက ဒီတစ်ခုအတွက်ပဲ... ဦးပြန်သွားတဲ့နေရာထိ တာ့တာပြရင်း ‌သူ့မြင်ကွင်းထဲကပျောက်ကွယ်သွားမှ သူနှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။

ဦး ကျွန်တော်က ဒီလောက်နဲ့ အလျှော့ပေးမဲ့သူမဟုတ်ဘူး။

................................

ဆော့ဂျင်အိမ်ပြန်ရောက်တော့ သူ့အခန်းထဲတွင် အပေါ်ဝတ်တွေချွတ်ခဲ့လိုက်ပြီး အွန်းလေးအခန်းဘက်လာခဲ့သည်။ အခန်းတံခါးဟနေတာကို အသာတွန်းဖွင့်ပြီးဝင်ခဲ့တော့ အခန်းထဲတွင် အွန်းလေးက သူ့အမေနဲ့ရှိနေသည်။ အွန်းလေးပုံဆွဲနေတာကို နိုအွန်းကစောင့်ပေးနေပုံရသည်။ အွန်းလေးက စကားသိပ်မပြောဘဲ တစ်ခုဆိုတစ်ခုပဲ အာရုံရတဲ့သူမလို့ နိုအွန်းပျင်းနေပုံရသည်။ တခုခုကိုတွေးတောနေပုံလည်းရသည် သူဝင်လာတာတောင် သိပုံမရဘူး။နှစ်ယောက်စလုံးက သူ့အာရုံနဲ့သူ ရှိနေကြသည်။

" မေမေ ပြီးပြီ အိပ်တော့မယ် "

" သမီးပါးပါးကို မစောင့်တော့ဘူးလား "

အွန်းလေးက မျက်နှာအနည်းငယ်မှိုင်းသွားသည်။အိပ်ကလည်း အိပ်ချင်နေပြီး သူ့အလာကိုလည်း စောင့်နေချင်သေးသည်ထင်တယ်။ ဒါကြောင့် သူအွန်းလေးကို ကြိုမပြောထားဘဲ အပြင်မှာမနေချင်တာ။ သူ့ကိုစောင့်ရင်း အိပ်ငိုက်နေမဲ့ကလေးကို သနားတာမလို့.. သူအလုပ်ကိစ္စနဲ့ဆိုရင်တောင် အပြင်မှာအကြာကြီးနေလေ့မရှိ။လိုအပ်ရင် ကလေးကိုသိပ်ပြီးမှ ပြန်ထွက်သည်။

" ပါးပါး "‌နောက်ဆုံးတော့ အွန်းလေးသူ့ကိုမြင်သွားခဲ့သည်။အရောင်တောက်နေတဲ့မျက်ဝန်းတွေနဲ့ သူ့ကိုအံ့အားတသင့် ခေါ်လာသည်။ အွန်းလေးခေါ်မှ နိုအွန်းကလည်း လှည့်ကြည့်လာသည်။

" ရှင်.. "

" အိပ်တော့မလို့လား သမီးက ပါးပါးကိုစောင့်နေတာလား "

" အင်း ပါးပါးနောက်ကျနေတာ "

" မဟုတ်တာ ပါးပါးရောက်နေတာကြာပြီ ဒီနားကနေ ရပ်‌ကြည့်နေတာ သမီးကောင်းကောင်းရှိနေလားလို့ "

" တကယ်လားပါးပါး "

" အင်းပေါ့ "

" ရှင်ရောက်နေတာကြာပြီပေါ့ "

" နည်းနည်းပါ ကလေးကျေနပ်အောင်ပြောလိုက်တာ ဒါဆို သမီးအိပ်တော့မလား မေမေလည်း သမီးကိုစောင့်နေရတာ ပင်ပန်းလောက်ရောပေါ့ သမီးက ပုံဆွဲရင် ပတ်ဝန်းကျင်ကိုမေ့နေပြီ "

သူပြောတော့အွန်းလေးက သူ့မေမေကိုကြည့်လိုက်သည်။ထိုနောက် ဘာမှမပြောဘဲ နိုအွန်းကို သွားဖက်တော့ နိုအွန်းမျက်လုံးတွေ ဝိုင်းသွားသည်။ မထင်မှတ်ထားဘူးထင်တယ် သူ့ကိုအူလည်လည်လေး ကြည့်လာသည်။သူခေါင်းညိတ်ပြီး ပြုံးပြလိုက်တော့မှ နားလည်သွားသည်ထင် မျက်ရည်တွေဝိုင်းလာသည်။ သမီးက သူ့မေမေကို တဖြည်းဖြည်းနဲ့ အသိအမှတ်ပြုလာပြီဖြစ်သည်။ အွန်းလေးက သူ့အမေကိုဖက်ထားရာမှ ပြန်ခွာတော့ မျက်ရည်ရစ်သိုင်းပြီး ခိုးသုတ်နေတဲ့နိုအွန်းကိုမြင်တော့ သူ့ကိုပြန်ကြည့်လာသည်။ ဘာလို့ငိုသွားလည်း နားမလည်သည့်ပုံမလို့ သူကပင် အဆင်ပြေကြောင်း ပြုံးပြလိုက်သည်။

" ဒါဆို သမီးအိပ်တော့မှာမလား မေမေ့ကိုလည်း အိပ်ခိုင်းလိုက်တော့ နှုတ်ဆက်လိုက်အုံး မေမေ့ကို "

" မေမေတာ့တာ "

" အင်း တာ့တာ ကောင်းကောင်းအိပ်မေမေ့သမီးလေး "

" ဒါဆို ကိုယ်သမီးကိုသိပ်လိုက်အုံးမယ် မင်းလည်းပင်ပန်းသွားပြီ "

" အင်း.. ရှင်လည်းကောင်းကောင်းအနားယူအုံး "

သူခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲကထွက်သွားတဲ့နိုအွန်းကို တစ်ဆုံးကြည့်ရင်း အွန်းလေးကိုကြည့်လိုက်တော့ အွန်းလေးကလည်း သူ့မေမေကိုကြည့်နေသည်။

" မေမေနဲ့အိပ်ချင်လို့လား "

သူစ,ပြီးမေးလိုက်တော့ ခေါင်းယမ်းပြသည်။

" ပါးပါးရော "

" ဟမ် ပါးပါးကဘာလို့အိပ်ရမှာလဲ "

" ... ကိုကိုနဲ့ကြတော့ အိပ်တယ်လေ "

" ဟမ် "

" ကိုကို့ကိုကြတော့ ဖက်သိပ်တယ် အာဘွားလည်းပေးတယ် ပါးပါးကိုကို့ကိုချစ်လို့လား "

နှုတ်ခမ်းစူပြီးပြောနေပုံက အသည်းယားစရာ သူပါးအိအိလေးတွေကို နစ်ဝင်အောင် မွှေးလိုက်သည်။ဂျောင်ဂုလေကြောမှာမိပြီး တကယ်ကြီးသဝန်‌တိုနေပုံရသည်။ သူက အွန်းလေးကိုကြိုပြီးတိုင်း ဂျောင်ဂုတိုက်ခန်းကို ဝင်လေ့ရှိသည်။ အဲဒီအခါကြရင် အွန်းလေးလည်းပါလာပြီး ဂျောင်ဂုနဲ့ပုံဆွဲလေ့ရှိသည်။ထိုအခါ ဂျောင်ဂုက ဟုတ်သော်ရှိ မဟုတ်သော်ရှိ စကားအနိုင်ပိုင်းပြီး လျှောက်ပြောတတ်ရှိသည်။သူ့ကြောင့် အွန်းလေးခဏခဏငိုရသည်။ နိုင်စားတာမျိုးမဟုတ်ဘဲ ငိုအောင်လိုက်စနေတာဖြစ်သည်။

" သမီးကသဝန်တိုလို့လား "

" ပါးပါးက ကိုကို့ကိုအချစ်ဆုံးတဲ့ "

" ကိုကိုပြောတာလား "

အွန်းလေးက ခေါင်းညိတ်ပြသည်။ အဲလိုဂျောင်ဂုကပြောလွန်းလို့ အွန်းလေးကငိုငိုသွားတာ။

" အဲဒီကိုကိုကို ပါးပါးဆူလိုက်အုံးမယ် လျှောက်ပြောနေတယ် ကဲပါးပါးတို့အိပ်ကြမယ် မနက်ကြရင် ကိုကို့ဆီဝင်ပြီး ဆူရအုံးမယ် "

ဂျောင်ဂုကိုဆူမယ်ဆိုတော့ အွန်းလေးက သဘောတွေကျနေသည်။ ဂျောင်ဂုနဲ့အွန်းလေးက တကျက်ကျက်ပဲ စကားနည်းတဲ့အွန်းလေးက ဂျောင်ဂုနဲ့တွေ့ရင် စကားတွေအများကြီးပြောတတ်သည်။အများဆုံးလည်းငိုဖြစ်သည်။ အိမ်မှာဆို အလိုလိုက်ခံထားရတဲ့ကလေးက ဂျောင်ဂုနဲ့တွေ့ရင် ခံလာရသည်။ဂျွန်ဂျောင်ဂုက ကလေးထက်တောင် ကလေးဆန်ပြီးတော့ အွန်းလေးကို နည်းနည်းမှအလျှော့မပေး။ဒါလည်းအွန်းလေးက ကျောင်းဆင်းတိုင်း ကိုကိုဆီဝင်ရအုံးမှာဆိုပြီး ပျော်နေတတ်သည်။ ဂျောင်ဂုနဲ့ပုံဆွဲရတာကိုလည်း သဘောကျနေသည်။ သူ့ကိုကိုကို ကွယ်ရာမှာ အရမ်းအထင်ကြီးနေတာ.. ကိုကိုပုံဆွဲတာ အရမ်းတော်တယ်ဆိုပြီး အမြဲချီးကျူးလေ့ရှိသည်။

သူ့အတွက်ကတော့ ဂျောင်ဂုက ပုံဆွဲတတ်လွန်းလို့ ခက်နေတာ သူ့အခန်းထဲတွင် သူ့ပုံအများအပြားရှိသည်။ ဂျောင်ဂုစိတ်ကူးထဲကပုံတွေဆိုပေမဲ့ သူတောင်သူ့ပုံတွေ သူပြန်မကြည့်ရဲလောက်အောင် ရှက်ရွံ့စရာကောင်းတဲ့ပုံတွေ အများကြီးဆွဲချိတ်ထားသည်။ သူ့ပုံစံအစစ်အမှန်မဟုတ်ဘဲ ဂျောင်ဂုစိတ်ကူးယဉ်ပုံလက်ရာတွေဖြစ်တာတောင်မှ မြင်လိုက်တာနဲ့ သူဆိုသာသိသာစေသည့်အထိ လက်‌ရာမြောက်လွန်းလို့ ထပ်မဆွဲဖို့တောင် တားထားရသည်။ ဒါတောင်သူက သူ့ကိုမော်ဒယ်ထိုင်ပြီး ဆွဲချင်သေးတာ။ သူအလုပ်မအားလို့သာ မတောင်းဆိုသေးတာ...

ဆော့ဂျင်ခေါင်းခါယမ်းလိုက်သည်။ အခုမှ သူ့ဆီကပြန်ခဲ့တာတောင် သူ့အကြောင်းပဲ ခေါင်းထဲရောက်လာခဲ့သေးသည်။ ဂျောင်ဂုက သူ့အတွေးတွေထဲ တော်တော်စိုးမိုးနိုင်သည်။

သူအွန်းလေးအခန်းထဲကထွက်ခဲ့ပြီး ရေချိုးဖို့အင်္ကျီတွေချွတ်လိုက်ရင်း ရေချိုးခန်းထဲဝင်ခဲ့သည်။အာ... သူဂျောင်ဂုကို ပြန်ရောက်ရင်စာပို့မယ်လို့ ပြောထားသေးတာပဲ။ သူမေ့နေတာ အခုလောက်ဆို ဂျောင်ဂုအိပ်တောင်ပျော်နေတော့မယ်... သူရေချိုးခြင်းအမှုကို မြန်မြန်အဆုံးသတ်လိုက်ပြီး အပြင်ထွက်ခဲ့သည်။အပြင်ရောက်တာနဲ့ အင်္ကျီအရင်မဝတ်ဘဲ ဖုန်းအရင်ကိုင်လိုက်သည်။ ထိုအခါ ဂျောင်ဂုဆီက နီရဲရဲဖုန်းခေါ်ထားတာတွေတွေ့တော့ ဂျောင်ဂုစိတ်ကောက်နေလောက်ပြီလို့ တွေးနေမိသည်။

" ဟယ်လို ဂျောင်ဂု- "

" ဦး..အင့်ဟင့် "

ဖုန်းကဝင်သွားပြီး အကြာကြီးနေမှ ကိုင်လာသည်။သူအသံပြုရုံရှိသေး တစ်ဖက်က တရှုပ်ရှုပ်နဲ့ရှိုက်သံသဲ့သဲ့ကြောင့် သူစိုးရိမ်စိတ်ကြီးသွားသည်။

" ဘာလို့လဲ ဘာလို့လဲကလေး ကိုယ်ဖုန်းခေါ်ဖို့မေ့သွားတာ.. စိတ်ဆိုးလို့လား "

" ဦး.... ကျွန်တော်.. အင့်.. ကျွန်တော် "

" ဘာဖြစ်တာလဲကလေး ဘာဖြစ်လို့လဲကိုယ့်ကိုပြော ဖြည်းဖြည်းချင်းပြော "

" နာတယ်.... ဦး ဟင့် "

" နာတယ် ဘယ်နားကလဲ ဘယ်နားကလဲ ကိုယ့်ကိုသေချာပြော "

" အပူလောင်သွားတာ လက်တစ်ခုလုံး လက်တစ်ဖက်က ဘာမှကိုင်လို့မရတော့ဘူး ဦးကိုတွေ့ချင်တယ် "

" အပူလောင်တာ! အများကြီးလား ခဏလေးကိုယ်လာခဲ့မယ် ကိုယ်လာခဲ့မယ် "

ဆော့ဂျင်ဖုန်းချလိုက်ပြီး အဝတ်အစားအမြန်ကောက်ဝတ်လိုက်သည်။ အပူလောင်တာ ဘယ်အချိန်ကတည်းကလဲ သူမသိဘူး ဒါပေမဲ့ ဖြစ်ဖြစ်ချင်းသူ့ကို အားကိုးတကြီးဖုန်းဆက်နေမဲ့ဂျောင်ဂုပုံကို မြင်ယောင်ပြီး သူဖုန်းကို အနားကပစ်ထားမိတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်မိသည်။

အဝတ်အစားကို ဖြစ်သလိုဝတ်လိုက်ပြီး ကြယ်သီးလည်း စုံစေ့မတပ်နိုင်တော့ဘဲ ကားသော့ယူကာ အခန်းပြင်အမြန်ထွက်လိုက်သည်။ဂျောင်ဂုကို ထပ်ပြီးမစောင့်စေချင်တော့ဘူး။

" ရှင်ဘယ်လဲ အလောတကြီး "

သူအခန်းထဲက ထွက်ထွက်ချင်း လှေကားထိပ်တွင် နိုအွန်းနဲ့တွေ့သည်။

" ကိုယ် ကိုယ်အရေးကြီးလို့ အိမ်ပြန်မအိပ်ဖြစ်လောက်ဘူး မနက်ကျရင်တော့ ကလေးကိုကိုယ်လာခေါ်ပါ့မယ်။ နိုအွန်း အွန်းလေးမေးရင် သေချာပြောပေးအုံး သူမေးနေရင် ကိုယ့်ကိုဖုန်းခေါ်ပေး ကိုယ်အရေးကြီးလို့ "

" နေအုံး ရှင်ဘယ်သွားမှာလဲပြောအုံးလေ "

သူလှေကားအကွေ့တွေဆီ လျင်မြန်စွာရောက်သွားတော့ နိုအွန်းအသံကို သူမကြားနိုင်လိုက်တော့။ နာကျင်လွန်းလို့ တစ်ယောက်တည်းကူကယ်ရာမဲ့ဖြစ်နေတဲ့ ဂျောင်ဂုကို မြင်ယောင်ပြီး ခြေလှမ်းတွေကို အပြေးတစ်ပိုင်းပြောင်းလိုက်သည်။ အခုချိန်မှာ ဂျောင်ဂုက သူ့အတွက်အရေးကြီးဆုံးမလို့...

________TBC

မျက်မှန်နောက်ကွယ်က မျက်ဝန်းများအပိုင်း2 :3

နောက်ဆို အပ်ဒိပ်မသေချာတော့ပါ။အိုင် ချည်ထိုးသင်တန်း joinထားတယ်စစခြင်းဆိုတော့ တအားတွေစိတ်အားထက်သန်နေတယ် 😂ထိုးချင်နေပြီအခုတောင် 😁(ပစ်ထားပြီအခုတော့ ဖုန်တက်နေပြီ)

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories