Fanfics

ep24

16:22, 3 March 2024

" ဂျောင်ဂု ကိုယ့်နောက်ကို တကောက်ကောက်လိုက်မနေနဲ့တော့လို့ ကိုယ်အလုပ်များနေတယ် ညနေမှ ကိုယ်ကလေးကြိုရင်း ဝင်လာခဲ့မယ် "

" ဦးတို့က နှုတ်ခမ်းချင်းတောင် ထိသွားသေးတယ် "

ဆော့ဂျင်လက်ထဲကဘောပင်ကို ချလိုက်သည်။သူဘာပြောပြော ဂျောင်ဂုက ထိုအကြောင်းကိုပဲ ပြောနေသည်။ ဂျယ်ယောင်းပြောလိုက်တဲ့ ကျောင်းတုန်းက သူတို့နှစ်ယောက် ပိုပိုရိုဂိမ်းကစားတဲ့ဗီဒီယိုကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး နောက်ကနေ တကောက်ကောက်လိုက်နေတာဖြစ်သည်။ပြောတော့ဖြင့် အလုပ်ကလူတွေနဲ့ သူအနေရမခက်အောင်ဆိုပြီး ထွက်လိုက်တယ်ပြောပြီး သူကအခုတော့ လူတကာမြင်အောင် နောက်ကနေ တကောက်ကောက်ဖြင့်..

" မင်းအဲဖုန်းကို ချထားတော့ ကိုယ်တို့နှုတ်ခမ်းချင်းမထိဘူးလို့ ဘယ်နှခါပြောရမှာလဲ "

" ထိသွားတယ် အဲဒါ ဦးပထမဆုံးအနမ်းမလား "

" မထိဘူးလို့ပြောပြီးပြီလေ "

" ထိသွားပါတယ်ဆို ကျွန်တော်အကြိမ်တစ်ရာမက အတည်ပြုပြီးပြီ ထိသွားတယ် "

" ထိသွားရင်လာပြ လာပြ ငါကြည့်မယ် ငါကြည့်လို့ မထိရင် မင်းကိုဘာလုပ်ရမလဲ ယူခဲ့စမ်းအဲဗီဒီယို "

ကာယကံရှင်ကိုယ်တိုင်က အမှန်ပြောနေတာတောင် လက်မခံဘဲငြင်းနေတော့ သူဖုန်းတောင်းလိုက်ပြီး လက်တွေ့ပြဖို့ပဲ ရှိတော့မည်။ ဂျောင်ဂုက သူ့ဖုန်းကိုယူပြီး အနားရောက်လာသည်။

" ဦးကိုယ်တိုင်ကြည့် ထိလားမထိလား "

ဆော့ဂျင် ထိုဗီဒီယိုနာမည်ကြီးမှန်းတော့သိသည်။ကိုယ်တိုင်က တစ်ခေါက်လားကြည့်ပြီး နောက်ထပ်မကြည့်ဖူးတော့။ ဒါပေမဲ့ ဂျောင်ဂုပြတဲ့ဗီဒီယိုထဲမှာတော့ ထိသလိုအနေအထားဖြစ်နေသည်။ဒါပေမဲ့ သူသေချာသည် သူတို့အလွတ်ကြီးပင်။

" မြင်ပြီမလား ထိတယ်ပါဆို ထိတယ်လို့‌ဝန်ခံလိုက်ရင် ပြီးရောဟာကို ဘာလို့အတင်းငြင်းနေတာလဲ ဦးတို့အရင်ကဟာတွေကို ကျွန်တာ်ကဘာပြဿနာရှာမှာကြလို့ "

" ကိုယ်ကိုယ်တိုင်က ကာယံကံရှင်မလို့ သိလို့မထိဘူးပြောနေတာလေ မင်းပဲအတင်းငြင်းနေတာ ဒါက ကင်မရာရှုထောင့်ကြောင့် တစ်မျိုးဖြစ်သွားတာ "

" ကျွန်တော်ရှုထောင့်မျိုးစုံက ကြည့်ပြီးသွားပြီ ထိသွားတယ် ဝန်ခံလိုက်တော့ ကျွန်တော်ဦးကို အပြစ်မပြောပါဘူး "

ဆော့ဂျင်သက်ပြင်းသာချပြီး ဂျောင်ဂုကို ဝေးဝေးသွားဖို့ လက်ခါပြလိုက်သည်။ သူသူ့နဲ့ ထပ်ပြီးမငြင်းခုံနိုင်တော့ဘူး။ အဖြူဆိုတာကို ဇွတ်အမည်းဖြစ်အောင်ပြောနေတာ။

" ဦးက အမှန်ကိုဝန်မခံချင်ဖြစ်နေတာ ကျွန်တော်ဟိုဘိုးတော်ကိုလည်း မေးပြီးသွားပြီ သူကလည်းလက်ခံတယ် နည်းနည်းထိသွားတယ်တဲ့ "

" မင်း သူလှည့်စားတာ ဘယ်နှစ်ကြိမ်မြောက် ခံပြီးပြီလဲ.. သွားသွား ဟုတ်တယ် အမှန်ပဲ နမ်းမိသွားကြတယ် လက်ခံလိုက်ပြီ မင်းသွားတော့ "

" ဦး! အရွဲ့မတိုက်နဲ့! ကောင်းကောင်းပြောလည်း ရတာကို ဘာလို့စိတ်မရှည်သလို ကျွန်တော့်ကိုပြောတာလဲ ကျွန်တော်က နည်းနည်းလေးမနာလိုဖြစ်လို့ကို.. ထိလိုက်လား မထိလိုက်ဘူးလားဆိုတာ ကျွန်တော့်မှာ ရင်အနာခံပြီး အကြိမ်ပေါင်းများစွာကြည့်လိုက်ရတာ ဦးသာ ယုံအောင်ကောင်းကောင်းမွန်မွန်ပြောလိုက်ရင် ကျွန်တော်ရင်အနာခံပြီး ဘယ်ကြည့်မလဲ ကျွန်တော်ကဝမ်းနည်းနေတာကို... "

‌ဩ...အခုကျတော့လည်း သူ့အမှားပဲဖြစ်သွားရပြီ။သူအကြိမ်များစွာ ရှင်းပြနေတုန်းကကျ ဇွတ်ငြင်းနေပြီးတော့ အခုသူလည်း စိတ်မရှည်ဖြစ်သွားရော သူ့အမှားဖြစ်သွားပြီ။

" ဦး... ဟုတ်ပြီ ကျွန်တော့်ဘက်ကပဲ အလျှော့ပေးလိုက်ပါ့မယ် ကျွန်တော်အဲအကြောင်း ထပ်မပြောတော့ဘူး ရပြီမလား ကျွန်တော့်ဘက်က သဝန်တိုမိတာကို ဦးကတော့ တကယ်စိတ်ဆိုးရက်တယ် ကျွန်တော်က ဦးကိုချစ်လို့ပါ မချစ်ဘဲနဲ့ အရင်ကကိစ္စတွေထိ လိုက်ပြောနေပါ့မလား ကျွန်တော်က အတိတ်နေနေ အနာဂတ်မှာနေနေ ကျွန်တော်မပါတဲ့ ဦးရဲ့ပုံရိပ်တွေကို မလိုချင်တာကို.. အမြဲတမ်းဦးရဲ့အနားမှာရှိချင်တာ "

" မင်းကိုယ့်နားမှာရှိချင်တာသိပါတယ် ဒါပေမဲ့ ဒီလိုကြီးတကောက်ကောက်လိုက်နေရင် ပိုလို့သိသာသွားမှာမဟုတ်ဘူးလား.. ပြောတော့ အဖေ့အလုပ်မှာ ဝင်လုပ်မှာဆို "

" လုပ်မှာပေါ့လို့ အခုမှအလုပ်ထွက်လာတာ အဖေတောင်မ‌သိသေးဘူး ဦးက မောင်းထုတ်နေတာလားကျွန်တော့်ကို.. အနားမှာရှိနေတာ မကြိုက်ဘူးလား "

" အခုထိ‌မပြောရသေးဘူးလား "

" ပြောမှာပါဆို ဒီနေ့ပြောမှာ "

" ပြောလိုက်တာကောင်းတယ် အဲဒါမှ ဥက္ကဌဂျွန်က မင်းအတွက်သင့်တော်တဲ့အလုပ်ကို ပေးလို့ရမှာ "

" ဟွန့် "

" နှုတ်ခမ်းစူမနေနဲ့ ပြောတော့ရင့်ကျက်ပါပြီဆို ရင့်ကျက်တဲ့ယောကျာ်းက အလုပ်တစ်ခုတော့ရှိရမယ်မဟုတ်ဘူးလား ကိုယ်အခုတလော အလုပ်များတာသိတယ်မလား ကိုယ်မင်းကိုအချိန်မပေးနိုင်သေးလို့ မင်းကကိုယ့်ကို မနှောင့်ယှက်ပါဘူး ကိုယ်က အချိန်မှမပေးနိုင်သေးတာ ဟုတ်ပြီလား ကိုယ်လွတ်လပ်သွားရင် မင်းအတွက်သီးသန့်အချိန် ဖယ်ပေးမယ် ဟုတ်ပြီလား "

" သိပါပြီ ဦးကိုချစ်လို့သဝန်တိုတာ ဦးကအပြစ်မမြင်နဲ့လို့ "

" အင်းပါ ကိုယ်အခုလည်း အပြစ်မြင်‌လို့လား "

" စိတ်မရှည်သလို ကြည့်တယ်လေ "

" ကိုယ်ကြည့်မိလို့လား "

" ကြည့်မိတယ် "

" ကြည့်မိလို့လား "

" ကြည့်မိပါတယ်ဆို "

" အင်းပါ နောက်ဆိုကိုယ်မကြည့်တော့ဘူး "

" ကျွန်တော်လည်း အများကြီးမရစ်တော့ဘူး "

" လိမ်မာတယ် "

ဂျောင်ဂုနဲ့ရှိနေတဲ့အချိန်သူက တခြားလူတစ်ယောက်လို ခံစားရလာသည်။ သက်သောင့်သက်သာရှိပြီး ပေါ့ပါးလွတ်လပ်သည်။ သူ့မှာသာ အရေးကြီးတဲ့အလုပ်တွေရှိမနေဘူးဆိုရင် ‌သူဂျောင်ဂုနဲ့ တစ်နေ့လုံးတောင် စနောက်ငြင်းခုံနေချင်‌သည်။

..................................

" ပထမ ကိုယ့်သဘောနဲ့ကိုယ် အလုပ်ထွက်ခဲ့တယ်ပြီးတော့ ဒီအဖေဆီမှာ အလုပ်ဝင်ဖို့တောင်းတယ် အခုတလောလည်း အိမ်ကပ်နေတယ် ငါမသင်္ကာတော့ဘူးဂျောင်ဂု "

" အဖေကလည်း ဘာကိုမသင်္ကာတာလဲအလုပ်လုပ်ချင်ပါတယ်ဆို ကျွန်တော်ရည်စားရနေပြီ ကျွန်တော့်ချစ်သူက အဲလိုအလေလိုက်နေတာ မကြိုက်ဘူးတဲ့ အလုပ်လုပ်ချင်တယ် မနက်ဖြန်ပဲ အလုပ်ဝင်တော့မယ် ဂျူအွန်းဆို ရာထူးကြီးကြီးတောင်ရနေပြီ "

" အင်းလေ အစ်ကို ကလေးကို အဲလောက်ထိ သံသယဝင်နေစရာမလိုပါဘူး ကူးကူးပြောတာလည်း  အကျိုးအကြောင်းဆီလျော်ပါတယ်.. ဒါနဲ့ ကူး ရည်စားနဲ့မိတ်ဆက်ပေးတော့မှာလား "

" အခုထိတော့.. "

အခုထိတော့ ပြောလို့မရသေးပေမဲ့ ဦးလွတ်လွတ်လပ်လပ်ဖြစ်သွားတဲ့ အချိန်ကြရင်တော့..

" လုပ်တာကလုပ်လို့ရတယ် ငါမင်းကိုမယုံနိုင်သေးဘူး ..ပြောစမ်း ဘယ်ကအဘိုးကြီးတွေနဲ့ တွဲနေပြန်ပြီလဲ "

" အဘိုးကြီးမဟုတ်ပါဘူးဆို "

" ကူးပေါက် ဒီတစ်ခေါက်တော့ အမြင်ပွင့်ပြီး အသက်ငယ်တဲ့သူကို ပြောင်းကြိုက်သွားပြီလား "

" ငယ်တော့မငယ်ဘူး "

ငယ်တော့မငယ်ပေမဲ့ မေမေလေးနဲ့ရွယ်တူပဲလို့ တိတ်တဆိတ်ဝန်ခံလိုက်သည်။ ဦးပြောဖူးသည် ဦးနဲ့မေမေလေးက စီနီယာဂျူနီယာပဲတဲ့။ သူသာဦးနဲ့တွဲနေတာ မေမေလေးသိရင် မင်းမေမေလေး အရင်ဆုံးကန့်ကွက်လိမ့်မယ်တဲ့။

" ပြောစမ်းပါ.. ဘယ်ကလဲ ဘာအလုပ်လုပ်လဲ ဘာလို့သူက မင်းကိုအတင်းအလုပ်လုပ်ခိုင်းနေတာလဲ "

" ဟုတ်တယ် ကူးပေါက် ဘာလို့သူက အလုပ်ကိုအတင်းလုပ်ခိုင်းနေရတာလဲ သားသားအိမ်ကအခြေအနေရော သူသိလား သိလျက်နဲ့လား ဒါဆိုရင်တော့ သားသားကို နေရာတစ်ခုယူခိုင်းပြီး ချုပ်ကိုင်စေချင်တာများလား "

" မေမေလေးတော်ပါ ပေါက်ကရတွေ မေမေလေးကြည့်နေကြ ဒရမ်မာများမှတ်နေလား ကျွန်တော့်ဦးက အို့စ်! "

" ဦး! "

" ဦးက! "

ဂျောင်ဂု ယောင်ပြီးထွက်သွားလို့ အမြန်ဘရိတ်အုပ်လိုက်ပေမဲ့ ပီပီပြင်ပြင် ကြားသွားကြသည်။

" ထပ်ပြီးအဘိုးကြီးတွေနဲ့ တွဲပြန်ပြီလား "

" အဘိုကြီးမဟုတ်ပါဘူးဆို! "

" အသက်ဘယ်လောက်လဲ "

" အသက်ကအရေးကြီးလို့လား ကျွန်တော်တကယ်သဘောကျတဲ့သူပါဆို .. ကျွန်တော်အခု အများကြီးလျှောက်မတွဲတော့ဘူး ဒီတစ်ယောက်က အတည်ဖြစ်သွားပြီလို့ ကျွန်တော့်ကိုယုံလို့ရတယ် သူကလူကောင်းတစ်ယောက်ဆိုတာ သေချာတယ် ကျွန်တော့်ထပ်တောင် ကောင်းသေးတယ် ပြည့်လည်းပြည့်စုံတယ်အဖေသဘောကျတဲ့ပုံစံမျိုး "

" ငါသဘောကျတဲ့ပုံစံ!... ဆော့ဂျင်လိုလူမျိုးလား "

" အိုး!... "

ဂျောင်ဂု အဖေ့ရဲ့ခန့်မှန်းချက်ကြောင့် လန့်ဖျတ်သွားမိပြီး မျက်နှာအမူအရာကို သေချာထိန်းလိုက်ရသည်။

" အဲနီးနီးပဲ ... အဖေက ဦးဂျင်ကိုသဘောကျတာလား "

" ဟုတ်တယ် ငါ့ဘဝမှာ ဆော့ဂျင်လောက်ကြိုးစားတဲ့သူ မတွေ့ဖူးသေးဘူး သူ့ကိုငါ့ကုမ္ပဏီကို ခေါ်ဖို့ထိကို ကြိုးစားခဲ့သေးတယ် ဒါပေမဲ့ သူက ဂျယ်ဝမ်မှဂျယ်ဝမ်လေ အရမ်းသိတတ်တဲ့ကောင်လေး ... သူ့သူငယ်ချင်းဂျယ်ယောင်းကို ခေါ်ပြန်တော့လည်း ငါ့ကိုပတ်ပြေးနေတယ် နှစ်ယောက်စလုံးကို ငါ့ကုမ္ပဏီမှာခေါ်ထားချင်တာ နှစ်ယောက်စလုံးက ငါ့ဆီထမင်းတစ်နပ်ဖိတ်ကျွေးဖို့တောင် ကိုယ်ယောင်ဖျောက်နေကြတယ် "

" အဖေတွေ့ချင်တယ်ဆို ကျွန်တော်ပြောကြည့်မယ်လေ "

" အင်း.. ဒါနဲ့ အလုပ်ထွက်မဲ့အကြောင်း ဆော့ဂျင်ကိုသေချာပြောပြခဲ့လား ငါမျက်နှာမပျက်ချင်ဘူးနော် ဟေ့ကောင် မင်းကလုပ်ချင်တုန်းက အသည်းအသန် ထွက်ခဲ့တော့လည်း ငါ့တောင်အသိမပေးနဲ့.. အလုပ်ကို မင်းလုပ်ချင်တဲ့နေရာ လုပ်လို့ရမယ်များ တွေးထားတာလား "

" အစ်ကိုကလည်း ကိုယ့်အလုပ်မှာကိုယ်ဝင်တော့ ပိုမကောင်းဘူးလား "

" မကောင်းဘူးမပြောပါဘူး ဒီကောင်ကိုက ဖင်မငြိမ်တာ အပျော်တမ်းမျက်နှာရပါစေဆိုပြီး လာမလုပ်နဲ့နော် တည်တည်တံ့တံ့လုပ် "

" သိပါတယ်ဆို ဦးကလည်း ကပြက်ကချော်လုပ်တာတွေမကြိုက်ဘူး သေချာလုပ်မှာပါ "

" တအားကြီးလည်း ကိုယ့်ကိုယ်ကိုယ်ဖိအားမပေးနဲ့ကြားလား ကိုယ်လုပ်နိုင်သလောက်ပဲ သေချာလုပ်.. ပြီးတော့ ဘယ်အချိန်မှတွေ့ပေးမှာလဲသားသားကောင်လေးနဲ့ "

" အဲဒါက.. "

မေမေလေးမှာသမျှ ခေါင်းတညိတ်ညိတ်လုပ်နေပြီးမှ  နောက်ဆုံးစကားအတွက် သူစဉ်းစားရချေပြီ။ ဦးနဲ့ အိမ်ကိုအချိန်မရွေး တွေ့ပေးလို့ရပေမဲ့ လတ်တလောဦးဘက်က ကိစ္စတွေကြောင့် မည်သူ့ကိုမှ ပေးသိလို့မရသေးတော့ ထိုအကြောင်းမေးရင် ရှောင်လွဲရအုံးမည်။

" ဘာလို့လဲ ဘာလို့လဲကူးကူး သူကမတွေ့ချင်သေးတာလား "

" အင်း အဲလို.. အဲလိုသဘောပါပဲ "

" ဘယ်လိုကြီးလဲကူးပေါက် သားသားကိုကျတော့ ဟိုအလုပ်နဲ့မှ အလေမလိုက်နဲ့ဘာညာ ချုပ်ချယ်နေပြီး သူ့ဘက်ကကျတော့ အိမ်တောင် လိုက်မတွေ့နိုင်တော့ဘူးလား သားသားသူ့အကြောင်းတွေရော ကောင်းကောင်းသိရဲ့လား.. အစ်ကို ကလေးကိုလှည့်စားနေမှာစိုးလိုက်တာ အစ်ကိုနောက်ကြောင်းနည်းနည်းစုံစမ်းပေးပါလား "

" ဟမ်.. "

" ဟာ အဲလိုမလုပ်နဲ့ ဦးမကြိုက်ဘူး သားသိပါတယ် သားကောင်းကောင်းသိတယ်မေမေလေးရဲ့.. စိတ်မပူနဲ့ ဦးကို အဖေလည်းသဘောကျမှာ ဦးအလုပ်အကိုင်လည်း ကျွန်တော်ကောင်းကောင်းသိတယ် ဒီအတိုင်း အဆင်သင့်မဖြစ်သေးလို့ ခဏလေးစောင့်ပေးဖို့လည်း ပြောထားတယ် "

" သူ့ကိုစိတ်ပူမနေနဲ့ရာရာ လှည့်စားနေရင်လည်း ခံရပါစေ သူကရော ကောင်းတဲ့သူမလို့လား "

" အစ်ကိုကလည်း သားသားကိုအဲလိုမပြောနဲ့ သားသား.. စောင့်ဆိုလည်း မေမေလေးတို့ကစောင့်လိုက်လို့ရတယ် ဒါပေမဲ့ မေမေလေးတို့လည်း လေ့လာကြည့်ရမှာပဲ မေမေလေးတို့အမြင်ကိုလည်း နားထောင်ရမယ် မကောင်းတဲ့သူဖြစ်နေမလားနောက်ကြောင်းစုံစမ်းတာကိုလည်း လက်ခံရမယ် "

" အဲဒါက မိတ်ဆက်ပေးပြီးမှမလား "

" အင်း အိမ်ခေါ်လာတဲ့အခါ လေ့လာကြည့်မယ် "

" ဟုတ် ဦးက လူကောင်းတစ်ယောက်ဆိုတာ အာမခံတယ် "

" ဘယ်လူကောင်းမှ မင်းကိုကြိုက်မှာမဟုတ်ဘူး ဆော့ဂျင်လိုမျိုးလူဆို ပိုမဖြစ်နိုင်သေး ကလေးအဖေပဲဖြစ်ရမယ် "

" ... "

" အစ်ကိုနော်! မဦးမချွတ်နဲ့! ဖွဟဲ့လွဲပါစေ ဖယ်ပါစေ သားသားက အဲလောက်အမြင်ကျဉ်းတဲ့သူမဟုတ်ဘူး သူက ရင့်ကျက်တဲ့သူမျိုးကို သဘောကျရုံပဲ "

အဖေ့စကားကြောင့် သူမျက်လုံးပြူးသွားသည်။အဖေဘယ်လိုတောင် ရှေ့ဖြစ်ဟောတတ်နေရတာလဲ။ဒါပေမဲ့ အဖေက တပ်အပ်သိနေသလို ပြောတာမဟုတ်ဘဲ သဘောတရားတစ်ခုကို ခိုင်းနှိုင်းပြောရုံပဲ သူကသာ သူဟာသူမလုံမလဲဖြစ်သွားသည်။

" မင်းသားသားကိုလည်း ကြည့်လိုက်အုံး ငါပြောတာမှန်နေပြီမလား "

" မဟုတ် မဟုတ်ပါဘူး "

လိမ်ပြောတာတော့မဟုတ်ပေမဲ့ ဦးက ကလေးအဖေလို့မခေါ်ထိုက်ပါဘူး။ ပေါက်စက ဦးကလေးမဟုတ်ဘူး။သူကမှ ဦးကလေးအစစ်။

" တစ်ခုလပ်လား "

" အစ်ကိုနော် "

" အိမ်ထောင်သည်လား "

" အစ်ကို! ကလေးကိုမဦးမချွတ်တွေမပြောပါနဲ့ဆို "

" ငါထင်တာပြောတာလေ.. ရာရာ မင်းသားကို ဖြူဖြူစင်စင်ကလေးပေါက်စများ ထင်နေလား သူကလေးအဖေနဲ့ကြိုက်နေရင်တောင် ဟိုကတစ်ယောက်တည်းယူပြီး တစ်ခါတည်းအိမ်ထောင်ကျဖူးမှာ မင်းသားကိုကြည့် ဘယ်နှနှစ်တည်းက ထိန်းလို့မနိုင်တော့တာလဲ "

အဖေပြောတာလည်း တကယ်အမှန်တွေမလို့ သူဘာမှပြန်မပြောနိုင်။ ဒါကြောင့်ပြောတာ ဦးကသူ့ထက်ကို ဖြူစင်ပြီး သူနဲ့ဆိုရင် ဦးဘက်ကတောင် ပိုနစ်နာချင်နစ်နာအုံးမည်။ ဒါပေမဲ့ တကယ်တမ်းလက်ညိုးထိုးအပြစ်တင်ခံရရင် ဦးကိုပဲ ကွက်ထိုးကြမှာ။ ဒါကြောင့် ဦးအဆင့်သင့်ဖြစ်တဲ့အချိန်ထိ သူစောင့်နေတာပေါ့။

" ရာရာ့သားက ဘယ်အချိန်ကြည့်ကြည့် ရာရာ့မျက်လုံးထဲမှာဆို ကလေးပဲ ကလေးက အဲလောက်လည်း ထိန်းမ‌နိုင်ခဲ့တဲ့သူမဟုတ်ပါဘူး သူက အချစ်စစ်ကိုရှာရင်း လူများအမြင်မှာ ပွေရှုပ်တဲ့သူဖြစ်ခဲ့ရတာ မေမေလေးကောင်းကောင်းနားလည်တယ်။ သားငယ်  သားငယ်က တစ်‌ယောက်တွဲတိုင်း ဒီတစ်ယောက်က အချစ်စစ်ဆိုပြီး ပျော်ပျော်ကြီးတွဲခဲ့ပေမဲ့ ထင်သလိုအချစ်စစ်ဖြစ်မလာတော့ နောက်တစ်ယောက်ပြောင်းပစ်တာအပြစ်လားလေ အစ်ကိုတောင် အစကရာရာ့ကို အပျော်တွဲပြီးမှ မခွဲနိုင်ဖြစ်လာတာမလား ထင်သလိုဖြစ်မနေတတ်တာ လူ့သဘာဝပဲလေ.. ပြောစမ်းပါအုံး အခုရော ရာရာက အစ်ကို့အချစ်စစ်ဟုတ်သေးရဲ့လား "

" ဟုတ်လို့ပဲကိုယ်တို့လက်ထပ်ထားကြတာလေ အခုပြောနေတာ မင်းသားအကြောင်းကနေ ဘယ်ကဘယ်လို ကိုယ်တို့အကြောင်းရောက်လာရတာလဲ အခုသားက အရေးကြီးတာမလို့ သားအကြောင်းပဲ အရင်ပြောကြမယ်နော် "

" ကောင်းပြီလေ သားသားငယ် "

" ဟုတ် "

ဂျောင်ဂုမတ်မတ်ထိုင်ပြီး မြန်မြန်ထူးလိုက်သည်။အမြဲအဖေတို့က သူ့အကြောင်းပြောနေရာကနေ သူတို့အကြောင်း ရောက်ရောက်သွားတတ်တော့ ရိုးနေပြီ။ အဖေတို့တုန်းကအကြောင်း နားထောင်ရတာမရိုးပါဘူး။ သူလည်း သူ့အိမ်ထောင်ရေးကို အဖေတို့လိုပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တာ မေမေလေးက သူ့လိုပဲ ကလေးဆန်ပြီး အဖေ့ကိုနိုင်စားတတ်တယ်ဆိုပေမဲ့ အဆိုးကြီးတော့မဟုတ်သေး။အဖေကလည်း မေမေလေးကိုဆို အသက်လည်းကွာတော့ ကလေးတစ်ယောက်လိုပင် ဂရုစိုက်ပေးပြီး နားလည်ပေးတတ်သည်။ နှစ်ယောက်လုံးက နားလည်မှုတော့ တော်တော်ရှိကြ၍ ရန်ဖြစ်တယ်ဆိုတာတောင် ရှားသည်။ တစ်ယောက်နဲ့တစ်ယောက် မခေါ်ဘဲမနေနိုင်ကြ၍ စကားများပြီး တစ်ယောက်စခေါ်ရင် တစ်ယောက်ကလည်း အလိုက်သင့် ပြန်ခေါ်ပြောကြပြီး ပြေလည်သွားကြသည်။ သူအားကျရတဲ့ဆက်ဆံရေးမျိုးမလို့ အဖေနဲ့မေမေလေးစကားများတာက သူ့အတွက် ဘယ်တော့မှရိုးမသွား။

" သားသားငယ်ကောင်လေးကို အိမ်ကိုခေါ်ခဲ့ဖို့ မေမေလေးတို့မျှော်နေမယ်နော် အဲကြရင် မေမေလေးတို့ကို သေချာအကဲခတ်ခွင့်ပေးရမယ် မေမေလေးတို့မှာ သားသားလေးတစ်ယောက်တည်းရှိလို့ သားသားကိုစိတ်မချတာ မှတ်ထားပါ သားသားကို လွတ်လွတ်လပ်လပ် လွှတ်ထားတယ်ဆိုပေမဲ့ အိမ်ထောင်ရေးကိစ္စကိုတော့ မေမေလေးတို့ဝင်ပါရမှာပဲ မင်းဖွားဖွားလည်းရှိသေးတယ် အရင်ဆုံး သားသားအိမ်ခေါ်လာတဲ့အထိစောင့်မယ် မေမေလေးတို့ လက်မခံနိုင်တဲ့ပုံစံမျိုးလားဆိုတာ အကဲခတ်မယ် "

" ဟုတ်ကဲ့ "

ဦးက မေမေလေးတို့လက်မခံနိုင်တဲ့ပုံစံ လုံးဝမဟုတ်လို့ သူရဲရဲကြီး အာမခံချက်ပေးလိုက်သည်။ ဦးဆိုတာသိရင် ရှော့ခ်ရသွားမှာအပြင် မေမေလေးတို့ မှန်းထားတာတွေထက် အကုန်သာပြီးသား။ လိုအပ်တဲ့အရည်အချင်းတွေ အကုန်ရှိပြီးသား။ အဖေဆို ကောင်းကောင်းသိပြီးသား ဦးအကြောင်း။ဦးက သူဂုဏ်ယူဝံ့ကြွားမိတ်ဆက်ပေးလို့ရတဲ့ အိမ်ထောင်ဖက်မျိုးလေး။

" ကြည့်ရတာ ယုံကြည်မှုရှိနေသလိုပဲ ကူးငယ် မေမေလေးအရမ်းတွေ့ချင်နေပြီ မျှော်လင့်ထားပြီ "

" ငါလည်းအတူတူပဲ အပြောမကြီးထားဖို့ မျှော်လင့်တယ် "

" စိတ်ချလို့ရတယ် မေမေလေးတော့မသိပေမဲ့ အဖေကတော့ သဘောကျမှာ "

" ငါလား "

သူခေါင်းညိတ်ပြလိုက်သည်။ ကျွန်တော်အဖေ့အတွက် ဦးကို ကုမ္ပဏီမခေါ်လာနိုင်ပေမဲ့ အိမ်ကိုတော့ ခေါ်လာနိုင်တော့မှာလို့... သူဂုဏ်ယူတဲ့အပြုံးမျိုးပေးလိုက်တော့  အဖေက ခေါင်းတယမ်းယမ်းနဲ့...

" ဒါပေမဲ့ တစ်ခုတော့ရှိတယ် ကျွန်တော့်ကောင်လေးကို အိမ်ကိုမခေါ်လာမချင်း မေမေလေးတို့မသိချင်ပါနဲ့ တိတ်တိတ်လေးစုံစမ်းတာမျိုးလည်း မလုပ်ရဘူးနော် ကြိုပြောထားတာ အဲလိုလုပ်ရင် ကျွန်တော်အသိမပေးဘဲ လက်ထပ်ပစ်လိုက်မှာ "

" ဒီကောင်လေး လူကြီးတွေက အဲလိုလုပ်မလား "

သူမေမေလေးကို အဓိကထားပြောလိုက်တော့ မေမေလေးမျက်နှာမဲ့သွားသည်။ မေမေလေးနဲ့ဖွားအကြောင်းသူအသိဆုံး။ သူတွဲတဲ့လူမှန်သမျှ ဖွားနဲ့မေမေလေးက နောက်ကြောင်းရှေ့ကြောင်း အကုန်စုံစမ်းတတ်သည်။ အခုလည်း သူ့ကိုကတိတွေတောင်းပြီး ပြောနေပေမဲ့ သူတို့အကွက်တွေ စရွှေ့တော့မှာ ကြိုသိနေသည်။ ဒါကြောင့် သူအရင်ခြိမ်းခြောက်ထားရသည်။ မေမေလေးနဲ့ ဖွားရဲ့ရည်မှန်းချက်က သူ့မင်္ဂလာပွဲကို ဦးစီးဦးဆောင် ကျင်းပဖို့ပင်။ သူအခုလို ခြိမ်းခြောက်ထားမှ ဦးအကြောင်းကို စုံစမ်းဖို့ မကြိုးစားကြတော့မှာ....

__________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories