Fanfics

ep23

16:21, 3 March 2024

ဂျောင်ဂု ရေချိုးခန်းထဲတွင် နာရီဝက်လောက် ကြာသွားသည်။ပုံမှန်အဲလောက်မကြာပေမဲ့ သူ့မှာရေချိုးရင် လုပ်စရာတွေက များသား။ အဓိကကတော့ ဦးအကြောင်းတွေးနေရတာချည်းပဲ။ အမှန်ဆို သူဦးကို စနမ်းကတည်းက စိတ်ပါနေပေမဲ့ ဦးအတွက်ပဲကြည့်ပြီး ဦးကိုပဲ ပြီးမြောက်အောင်လုပ်ပေးလိုက်တာ။ သူ့ကြောင့်နဲ့ဖြစ်ပေါ်လာတဲ့ ဦးရဲ့မချိမဆန့် ညည်းညူသံတွေက သူ့ကိုလည်း ထိန်းချုပ်ရခက်စေသည်။ ဒါပေမဲ့ သူနှစ်ယောက်အတူဆို သူ့အတွက်က ဦးကိုတော်တော်နဲ့ လွှတ်ပေးချင်မှာမဟုတ်ဘူး။ ဦးနဲ့အချိန်အကြာကြီး ရှိနေချင်သေးပေမဲ့ သမ္မတထက်တောင် အလုပ်များတဲ့ဦးကြောင့် သူဦးကိုပဲ အမြန်ပြီးမြောက်စေလိုက်သည်။ သူ့အတွက်က ဦးကိုခဏခဏမှန်းပြီး ဖြေလျှော့နေကြမလို့ ပုံမှန်ကိစ္စဖြစ်ပေမဲ့ ဦးကတော့ မတူဘူးလေ.. ဦးက သူ့ကိုမှန်းပြီး ဖြေလျှော့တယ်ဆိုရင်တောင် ပြီးမြောက်ဖို့ကြာနေလိမ့်မည်။

သူဦးအတွက်ကြည့်ပြီး ကူညီခဲ့တာပါ ဒါပေမဲ့ လူမိသွားလိမ့်မယ်လို့ ဘယ်ထင်ပါ့မလဲ သူကတော့ ကိစ္စမရှိပေမဲ့ ဦးကတော့ ရှက်စရာလို့ တွေးနေလိမ့်မယ် လူကြီးတစ်ယောက်အနေနဲ့ သေချာပေါက်ရှက်သွားမှာသိလို့ သူဦးသန့်စင်ခန်းဝင်သွားချိန် အတွင်းရေးမှူးမမတွေဆီ သူအရင်စကားသွားပြောခဲ့သည်။ တခြားတော့မဟုတ်ဘဲ ဦးရှေ့ ဘာမှမဖြစ်သလို နေပေးဖို့ပင်။ ထိုမမတွေကလည်း အလွယ်တကူသဘောပေါက်သည်။

နောက်ထပ် သူလုပ်ခဲ့တာက ဦးအံ့ဩနေလောက်မလားမသိပေမဲ့ သူထွက်စာတင်ခဲ့သည်။ ဦးနဲ့လည်း တွဲနေပြီဆိုတော့ ထပ်ပြီးအလုပ်လုပ်နေစရာမလိုတော့ဘူး။ ပြီးတော့ သူသာအဲမှာရှိနေသေးရင် တချိန်ချိန်ကြရင် ဦးအတွက်ထိခိုက်လာနိုင်တယ် ဒီနေ့လိုကိစ္စတွေဖြစ်လာရင် ဦးကိုထိခိုက်ပြောဆိုလာကြမှာ သူအိမ်ကထွက်လာတာလည်း အဲဒါကြောင့်ပဲ ဦးကိုသူနဲ့တစ်အိမ်တည်းနေလို့ ဖောက်ပြန်သွားတယ်တွေ အထင်မခံစေချင်ဘူး။ အကုန်လုံးက သူ့ဘက်ကစခဲ့တဲ့ ဇာတ်လမ်းတွေမလို့ ဦးဘက်ကို မထိခိုက်စေချင်ဘူး။သူအခု ဦးကိုလည်းရပြီမလို့ သူဇာတ်သူ ပြန်သိမ်းရတော့မည်။ ဒါတွေက ဦးကိုလိုက်ဖို့ သုံးခဲ့တဲ့အကွက်တွေမှန်း လူတွေကသိမည်မဟုတ်ဘဲ ဦးကိုပဲ လက်ညိုးထိုးကြမှာစိုးသည်။

သူ့အလုပ်ထွက်စာအပေါ် ဦးဘယ်လိုတုံ့ပြန်မလဲ.. တကယ်ဆို သူက တရားဝင်ဝန်ထမ်းတောင်မဟုတ်ဘဲနဲ့ ထွက်စာတောင် တင်ခဲ့လိုက်သေးသည်။ ဦးတော့သူ့ကိုဆူအုံးလေမလား...

တီ တီ တီ တီ

ဦးပဲ.. အစည်းအဝေးပြီးသွားပြီထင်တယ်။

" ဟယ်လို "

" ဂျောင်ဂု "

" ဟုတ်ဦး "

ဦးရဲ့ ပုံမှန်ထက်တည်ငြိမ်နေတဲ့အသံကြောင့် သူလန့်သွားပြီး ပြန်ထူးလိုက်သည်။ သူဘာအမှားလုပ်ထားလဲလည်း အမြန်တွေးလိုက်သည်။

" ထွက်စာက ဘာသဘောလဲ "

" အာ.. ထွက်စာက "

" အခုဘယ်မှာလဲ "

" ကျွန်တော် အိမ်မှာ ကျွန်တော့်တိုက်ခန်းမှာဦး.. ဦး ထွက်စာကလေ.. "

ဦးက ဖုန်းချသွားသည်။ သူဘာမှတောင် မပြောရသေးဘဲနဲ့.. ဦးစိတ်မကြည်တဲ့အချိန် သူအမှားလုပ်မိပြီထင်တယ်

" ငါလေ ထွက်စာမတင်ခဲ့ရင် ကောင်းသားကို "

" မင်းကဘာရာထူးရှိလို့ကို စီအီးအိုအထိ ထွက်စာသွားတင်ရတာလဲ ရူးသွားပြီ "

အိပ်တာပဲကောင်းတယ် အင်္ကျီလည်းမဝတ်နိုင်တော့ဘူး။ဦးကိုဘယ်လိုပြန်ခေါ်ရင်ကောင်းမလဲ... သူအိပ်ရာပေါ်ဝမ်းလျားမှောက်နေရင်း မက်ဆေ့တစ်စောင်ရိုက်လိုက်သည်။

💬 " ဦး ထွက်စာက ကျွန်တော်နောက်ပြီးလုပ်လိုက်တာ ဦးအစည်းအဝေးအဆင်ပြေရဲ့လား "

မကောင်းဘူး မကောင်းဘူး နောက်စရာလားဆိုပြီး ပိုဒေါသထွက်သွားမှ....မဖြစ်ဘူး။

ဒါမှမဟုတ် သူ့ရဲ့ချစ်စရာပုံလေးတွေရိုက်ပြီး ပို့လိုက်ရမလား အဲဒါဆို ဦးစိတ်ကြည်သွားလောက်မလား...

တင်းန်တောင် တင်းန်တောင်

ဘယ်သူပါလိမ့်...ဂျောင်ဂုအိပ်ရာကနေ ထလိုက်ပြီး တံခါးဆီ ထသွားလိုက်သည်။ နေ့ခင်းကြောင်တောင်ကြီး သူရှိနေမှန်း ဘယ်လိုသိလို့လာတာလဲ .. သူကဒီတိုက်ခန်းတွင် အမြဲနေလေ့မရှိသလို သူ့ဘော်ဒါတွေလည်း နေ့လယ်ခင်းဆို သူမရှိနေမှန်းသိထားပြီးသား..

" ဦး.. "

ဦးက အနည်းငယ်စိတ်ရှုပ်ထွေးနေတဲ့မျက်နှာနဲ့ သူ့အခန်းရှေ့မှာ ရပ်နေသည်။ ဦးဆိုတာ သူဘယ်လိုမှမထင်ထားမိတော့ အံ့အားသင့်မိသည်။ ဦးက ဘာလို့ သူ့ဆီလာရတာလဲ...

" ဦး ကျွန်တော့်ဆီ.. "

" ကိုယ်အထဲဝင်လို့ရလား "

သူယောင်နနနဲ့ ခေါင်းကိုအကြိမ်ကြိမ် ညိတ်ပြလိုက်သည်။ရတာပေါ့ ဘာလို့မရရမှာလဲ။ ဦးက သူ့ကိုဂရုမစိုက်ဘဲ အထဲဝင်လာသည်။ သူလည်းတံခါးပြန်ပိတ်ပြီး ဦးအနောက်ကနေ ကပ်လိုက်လိုက်သည်။ ဦးကဘာဖြစ်နေလဲ သူမသိဘူး။သူ့ကိုတခုခုပြောစရာရှိလို့လား.. ဒါမှမဟုတ် ထွက်စာကိစ္စလား.. 

" ဦး ထွက်စာကလေ "

" ကိုယ်သဘောမတူဘူးဂျောင်ဂု ဘာလို့ထွက်မှာလဲ ဘယ်သူနဲ့အဆင်မပြေဖြစ်လို့လဲ ဒါမှမဟုတ် ကိုယ့်ကြောင့်လား "

ဦးက အထင်လွဲနေတာပဲ။ ဂျောင်ဂုဦးကို နောက်ကနေသိုင်းဖက်လိုက်သည်။ သူဦးဆီက ပထမဆုံးအကြိမ်အဖြစ် အာရုံစူးစိုက်မှုရယူနိုင်လိုက်ပြီ။

" ဦး အဲဒါကြောင့်လာခဲ့တာလား ထွက်စာကြောင့်လေ "

" ဘာလို့ထွက်ချင်ရတာလဲ ကိုယ့်ကိုပြောပေးနိုင်မလား "

ဦးက ခါးပေါ်ကသူ့လက်တွေကို ဖယ်ချရင်း သူနဲ့မျက်နှာချင်းဆိုင်သည်။ မျက်နှာတွင်လည်း ထိုကိစ္စအတွက် လေးလေးနက်နက်ရှိနေကြောင်း ဖော်ပြနေသည်။

" ထိုင်ရအောင်ဦး "

ဦးက ထိုကိစ္စအတွက် သူ့တိုက်ခန်းထိ ရောက်လာခဲ့တယ်ဆိုတာ သူမယုံနိုင်သေးဘူး။ သူကလေးဆန်ဆန်လုပ်လိုက်ပေမဲ့ ဦးက အလေးအနက်တွေးနေသည်။

" ဦး အလုပ်ထွက်စာကလေ.. ဟုတ်တယ် "

" ဘာလို့လဲ ဘာလို့လဲ ကိုယ့်အတွင်းရေးမှူးမြင်သွားတာကြောင့်လား "

" အင်း အဲဒါကြောင့်လည်းပါပေမဲ့ ကျွန်တော်အလုပ်ထွက်လိုက်တာက ပိုကောင်းတယ်ထင်လို့ပါ အနည်းဆုံးကျွန်တော်က ဦးလက်အောက်ကမဟုတ်ခဲ့ရင် ဦးနဲ့တစ်ရုံးတည်းမဟုတ်တော့ရင် ပိုကောင်းမယ်ထင်လို့ပါ ကျွန်တော်က ဦးနဲ့နီးအောင်လို့ အလုပ်ဝင်ခဲ့တာလေ အခု ဦးနဲ့နီးပြီမလို့ ထွက်ဖို့ဆုံးဖြတ်လိုက်တာ ရုံးမှာဆို ကြာရင် လူအများကြီးရိပ်မိကုန်ရင် ဦးအတွက်အဆင်မပြေဘူးမလား "

" ဒါဆို ကိုယ့်အိမ်ကထွက်သွားတာကရော "

" အဲဒါတွေအကုန်လုံးက ကျွန်တော်ဦးကိုချဉ်းကပ်ဖို့  ဆွဲခဲ့တဲ့အစီအစဉ်တွေလေ ကျွန်တော်အခု ဦးကိုရပြီမလို့ မလိုတော့ဘူး အရင်ကကျွန်တော်က ကျွန်တော့်အတွက်ပဲ ကြည့်ခဲ့တယ်လေ ကျွန်တော်သာ ဦးအိမ်မှာဆက်ရှိနေသေးရင် တချိန်ချိန်ကြရင် အဲဒါက ပြောစရာတစ်ခုဖြစ်သွားမှာစိုးတယ် ကျွန်တော်အခု တဖြည်းဖြည်းစဉ်းစားတတ်လာပါပြီ ဦးအခက်တွေ့အောင် မလုပ်ချင်တော့ဘူး "

" မင်းက ရင့်ကျက်လာတာပဲ.. "

" ဦးမကြိုက်ဘူးလား "

အမှန်အတိုင်းပြောရရင် ဂျောင်ဂုအခုလိုစဉ်းစားတတ်လာတာကောင်းပေမဲ့ ဂျစ်ကန်ကန်ကလေးဆန်ဆန်လေးကိုလည်း သဘောကျသည်။ ဂျောင်ဂုက ရင့်ကျက်လာတော့ သူတို့အရင်လို တကျက်ကျက်ဖြစ်စရာမလိုတော့ဘူးထင်ပါရဲ့။

" မင်းအိမ်ကို ပြောပြီးသွားပြီလား "

" ဟင့်အင်း "

" ငါ့ဆီကထွက်ပြီး ဘာလုပ်မှာလဲ "

" ဦးရဲ့ကလေးလေးလုပ်မှာ "

ဂျောင်ဂုက နှုတ်ခမ်းစူပြောရင်း သူ့ရင်ဘတ်ပေါ်မှီလာသည်။ ဂျောင်ဂုအဲလိုပြောတိုင်း မနေတတ်ဖြစ်ရတဲ့သူက သူပဲ။ ဂျောင်ဂုက ဒီလိုစကားတွေကို ထမင်းစားရေသောက်လို အလွယ်တကူပြောတတ်သည်။ သူအတွက်တော့ အကျင့်မဖြစ်သေးသည်အပြင် အမြဲရှက်ရွံ့သလို ခံစားရသည်။

" အရင်လို ကလပ်တက်၊အလေလိုက် လုပ်ချင်လို့မဟုတ်ဘူးလား "

" မဟုတ်ပါဘူးဆို ဦးနဲ့လွတ်လွတ်လပ်လပ်နေချင်လို့ ထွက်လိုက်တာ ဦးက အလေလိုက်မှာစိုးရင်လည်း အဖေ့ဆီမှာဝင်လုပ်လိုက်မယ် "

" ဘာလို့ဒီနေ့ကျမှ နားလည်လွယ်နေရတာလဲ.. ဟင် "

" အဲတော့ဦးမချစ်ဘူးလား "

သူဂျောင်ဂုနားရွက်‌ကို ဆွဲလိုက်ရင်းပြောတော့ ဂျောင်ဂုကသူ့နားရွက်ပေါ်ကလက်ကို အုပ်ကိုင်ရင်း ချစ်စဖွယ်ပြန်ပြောသည်။ သူပြောဖို့တောင် လိုသေးရဲ့လား...ဂျောင်ဂုထွက်စာကိုမြင်ပြီး သူဒီလောက်ပျာယာခပ်သွားမှန်း မသိလိုက်ဘူး။ မသိရင်သူက ကုမ္မဏီရဲ့ အရေးကြီးတဲ့လူတစ်ယောက် ဆုံးရှုံးသွားမည်စိုးသည့်နှယ်... ဒီအတိုင်း အလုပ်သင်တစ်ယောက်ကိုလေ..အဲတုန်းက သူ့ရဲ့အထင်တွေက ဂျောင်ဂုကိုမယုံကြည်ရဲဘဲ အတွေးလွန်သွားတယ် သူမသိလိုက်ခင်မှာပဲ ဒီကလေးက အရမ်းရင့်ကျက်လွန်းနေပြီမဟုတ်ဘူးလား..

" ဦး ဘာတွေးနေတာလဲ "

" ကိုယ်ပြန်ရတော့မလား တွေးနေတာ "

" ဟာ ဘာလို့ပြန်မှာလဲ မပြန်ရဘူး ဦးမှာအရေးကြီးအလုပ်ဘာမှမရှိဘူးဆိုတာ ကျွန်တော်သိထားပြီးပြီ "

" ဒါပေမဲ့ ကိုယ်ဂျယ်ယောင်းနဲ့ချိန်းထားသေးတယ် သွားရတော့မှာ "

" ဘယ်လဲ ကျွန်တော်လည်းလိုက်မှာ အခုပဲအင်္ကျီသွားဝတ်လိုက်မယ်.. ခဏလေး "

" ဘယ်လိုက်မှာလဲလို့ မင်းက "

" ဦးကို အဲလူကြီးနဲ့ နှစ်ယောက်တည်း ပေးလွှတ်ရမှာလား ..မဖြစ်ဘူး ကျွန်တော်အလုပ်မှာမရှိတော့ရင်လည်း ဦးပြောပြရမယ် ဘာလုပ်မယ် ဘယ်သွားမယ်ဆိုတာ  ဦးမပြောပြရင်လည်း ကျွန်တော့်ဟာကျွန်တော်သိအောင်လုပ်မှာ ကျွန်တော်တို့နှစ်ယောက်အကြောင်းကို ဦးအတွင်းရေးမှူးမမသိထားတယ် ဦးအတွက်အချိန်ဇယားကို ကျွန်တော့်ကိုလည်း ပို့ခိုင်းထားမယ် "

" နေပါအုံး ခုနကတော့ ရင့်ကျက်နေပါပြီဆို "

ခုနကတော့ သူ့မှာ ဒီကောင်လေးရင့်ကျက်လှပါပြီရဲ့ဆိုပြီး အထင်ကြီးနေရတာ...

" အဲလိုကိစ္စတွေမှာမပါဘူး ကျွန်တော်ဦးကို ကျွန်တော်ကလွဲရင် ဘယ်သူနဲ့မှစိတ်မချဘူး "

" ကိုယ်ရော မင်းကိုစိတ်ချလို့ရလား "

တကယ်ဆို သူ့ဘက်ကသာ စိတ်မချဖြစ်ရမှာမဟုတ်ဘူးလား.. သူကအခုမှ ဆယ်ကျော်သက်အရွယ်ကိုမှ ပလေးဘွိုင်းလိုနေလာတဲ့သူ..ရုပ်ရည်အရရော၊‌မိဘနောက်ခံအသိုင်းအဝိုင်းကပါ အပြစ်ပြောစရာမရှိ။ ရွယ်တူလူငယ်တွေမပြောနဲ့ သူ့လိုလူကြီးတစ်ယောက်ကတောင် မငြင်းဆန်နိုင်ခဲ့တာ။သူသူ့ဘာသာ အထပ်ထပ်စည်းတွေကာချနေရင်းနဲ့ကိုမှ ဂျောင်ဂုဘက်ကို ပါသွားခဲ့တာ...

" ကိုယ်က မင်းကိုတောင် ခက်ခက်ခဲခဲ လက်ခံဖို့ ဆုံးဖြတ်ခဲ့ရတာ ကိုယ်ကဘာလို့ တခြားသူတွေနဲ့ ဇာတ်လမ်းရှုပ်မယ်လို့တွေးရတာလဲ ကိုယ်ကတောင် မင်းကိုပိုပြီး စိတ်ပူရအုံးမှာမဟုတ်ဘူးလား "

" ကျွန်တော်က တစ်ချိန်လုံးဦးအနားမှာလေ စိတ်ပူရင် ကျွန်တော်နဲ့လာနေလိုက် ဟွန့် "

သူ့ကိုပြောရင်တော့ မျက်နှာကစူပုတ်နေပြီ။ ကိုယ်က သူစိတ်မချရလောက်အောင် ဘာတွေများလုပ်နေတာကျလို့။ ကိုယ်လုပ်နေတဲ့ကိစ္စ၊ ဘယ်နေရာနေနေ သူမသိတာလည်းမရှိဘဲနဲ့။

" ပြီးတော့ ဂျယ်ယောင်းက ကိုယ့်သူငယ်ချင်း သူနဲ့ပတ်သက်ပြီး မင်းနည်းနည်းအထင်မှားနေတာ ငါတို့ခင်လာတာ ဆယ်နှစ်ကျော်ပြီမလို့ အရမ်းရင်းနှီးရင် ရင်းနှီးနေမယ် ဒါပေမဲ့ ငါတို့ကသူငယ်ချင်းတွေပဲ ဒါကြောင့် မင်းသက်သက်မဲ့အာရုံမများပါနဲ့ သူအရင်က မင်းကိုတမင်စနောက်ခဲ့တာ မင်းအတည်ထင်မနေနဲ့ "

" ဘယ်တတ်နိုင်မှာလဲလို့ ဘာမှမဟုတ်တာသိနေရင်လည်း စိတ်ကလက်မှမခံတာ ချစ်လို့ပါဆို ဦးကဆူဖို့ပဲ "

" ကိုယ်မင်းကိုဆူနေတာမဟုတ်ဘူး ဒါပေမဲ့ ကိုယ့်ကိုတခြားသူတွေကြားမှာ အနေခက်အောင်မလုပ်နဲ့ ကိုယ်နဲ့နှစ်ယောက်တည်းရှိတဲ့အချိန်ထိ မျိုသိပ်ပေးထား ကြားလား "

" ... "

" ပြောတော့ရင့်ကျက်ပါပြီဆို.. "

" သိပါပြီ သိပါပြီ ချစ်နေတာသိတော့လည်း နိုင်စားတယ် "

ဂျောင်ဂုက နှုတ်ခမ်းထော်ထော်နဲ့ မကြားတကြားတွေပြောကာ အခန်းထဲဝင်သွားသည်။ ဂျောင်ဂုရဲ့ ကလေးဆန်ဆန်သဝန်တိုမှုတွေကို သဘောကျပါသည်။ တစ်ဖက်သိက္ခာမထိခိုက်အောင်ကိုတော့ ဂရုစိုက်ရမည်။ဂျောင်ဂုက စိတ်မြန်လက်မြန်ရှိတော့ မစဉ်းစားမဆင်ခြင်တော့ပဲ ဇွတ်ပြောတတ်သည်။ ကောင်းကောင်းစွပ်စွဲတတ်သည်။ ပြီးရင် သူဦးအောင်ငိုတော့မည်။ချစ်လို့ပါဆို သဝန်တိုပါတယ်ဆိုပြီး ငိုပြတော့ ဘယ်သူကကြာကြာစိတ်ဆိုးနိုင်မှာလဲ။ သူဒေါသဖြစ်တုန်းခဏတော့ ထိန်းရခက်သည်။ အဲခဏတွင်းကို ဘာမှမဖြစ်အောင် မှာနေရတာ ပြီးရင်တော့ သူမှားခဲ့သမျှ ပြန်ပြန်တောင်းပန်တတ်သည်။

" ရင်ဘတ်က ဟပြဲကြီးလုပ်ခဲ့ပြန်ပြီ သေချာတပ်ကြယ်သီး လက်ကဟာတွေရော "

" ဦးတပ်ပေး "

" ကလေးလားမင်းက "

သူပါးစပ်ကသာ အကန်ပြောလိုက်ပေမဲ့ လူကတော့ ဂျောင်ဂုအနားရောက်နှင့်နေပြီ။ ရင်ဘတ်ကအင်္ကျီတစ်ဖက်စီကို ဆွဲယူတော့ တောင်တင်းတဲ့ရင်အုပ်၊ကြွက်သားတွေက အထင်းသား။ ကလေးလားလို့ ပါးစပ်ကမပြောခဲ့ရင်ကောင်းမယ်.. မဟုတ်ရင် ဒီကြွက်သားတွေက သူ့ကိုလှောင်နေလိမ့်မယ်

" ဦး ကျွန်တော်ကလေးမဟုတ်ဘူး ကိုင်ကြည့်မလား "

" ဘာ! "

" ကိုင်ကြည့်ချင်ကိုင်ကြည့်လို့ရတယ်နော် ကြိုက်တဲ့နေရာကိုင် "

ဆော့ဂျင်သူ့ကိုရိသဲ့သဲ့တွေလာပြောနေတာကြောင့် ရှိန်စေလို့ငှာ မျက်မှောင်ကုတ်ကြည့်လိုက်ပေမဲ့ ဂျောင်ဂုမျက်နှာပေါ်က အပြုံးတွေက ပျောက်မသွား။ကြာတော့ သူကသာ အနေရခက်လာတာကြောင့် ထပ်မကြည့်တော့ဘဲ ကြယ်သီးကိုသာ အာရုံစိုက်တပ်လိုက်သည်။ ထိုအချိန် အင်္ကျီအဟထဲက မြင်နေရတဲ့အဖုသီးတွေကြောင့် ဆော့ဂျင်နှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံးလိုက်သည်။

" အ! "

" ဘာလုပ်တာလဲ ဦးက.. "

" ကိုင်ကြည့်ဆို ကိုင်ကြည့်တာလေ "

" ဦးကဆိတ်လိုက်ပြီးတော့ "

" မင်းကအရမ်းကြီးနေတော့ အဲလိုကိုင်ရမယ်ထင်လို့ "

" ဦးနော် တမင်လုပ်ပြီး ပြုံးနေတာ အုံဖွပြန်လုပ်ပေး အာဘွားနဲ့ ဒါမှမဟုတ် စုပ်ပေး…လျက်ပေးရင်ရော နှုတ်ခမ်းနဲ့ဖိပြီး ငုံပေးပြီးတော့ အ! "

ဆော့ဂျင်ထပ်ပြီး ဆွဲဆိတ်ပေးလိုက်သည်။ ထိုအခါ ဂျောင်ဂုက မျက်ရည်အဝဲသားနဲ့ သူ့ကိုသနားကမားကြည့်နေသည်။ ဆော့ဂျင်သူ့လက်ဆသူသိသည်။ သူက လက်ချောင်းတွေသွယ်ပြီး အားနည်းသည်။ သို့သော် သူ့လက်ဆစ်တွေနဲ့ ဆွဲဆိတ်တာတို့ ခေါင်းခေါက်တာတို့ဆို သေလောက်အောက် လက်ဆိပ်တက်သည်။

" နာတယ် "

" နာလား နာရင်ပါးစပ်ပိတ်နေတော့ ပေးလက် "

ဆော့ဂျင် လက်ကကြယ်သီးတပ်ဖို့ လက်တစ်ဖက်ဆွဲယူတော့ ခန္ဓာကိုယ်တစ်ခုလုံးကပါ အနားကပ်လာသည်။သူမော့ပြီး ရန်တွေ့မယ်ပြင်လိုက်ပေမဲ့  ဂျောင်ဂုမျက်နှာက သူနဲ့နီးနီးကပ်ကပ်တွင် ရှိနေသည်။ အနားထပ်ကပ်လာပြီး သူ့နှုတ်ခမ်းတွေဆီ ဦးတည်နေမှန်းသိတော့ သူမျက်လုံးတွေ မှိတ်လိုက်မိသည်။ သို့သော် အချိန်တစ်ခုကြာသည်အထိ ဘာမှမထိတွေ့လာတာကြောင့် သူ့မျက်လုံးတွေ ပြန်ဖွင့်လိုက်မိသည်။

" မင်း! "

ဂျွန်ဂျောင်ဂုသူ့ကို လှည့်စားသွားမှန်းလည်းသိတော့ သူ့မျက်နှာရဲတက်သွားသည်။ ဆော့ဂျင် အဲလိုစနောက်တာမျိုး မုန်းပါသည်။ ဒါကြောင့် သူ့ဘက်ကအရင်‌ ဆွဲနမ်းလိုက်သည်။သူနမ်းမည်မထင်မှတ်ထားသည့်ဂျောင်ဂုတစ်ယောက် ကြောင်အ,နေပြီးမှ  ပြန်နမ်းဖို့ပြင်လာတဲ့အခါ သူခွာပစ်လိုက်သည်။ပြီးတော့ သူအရင်လှည့်ထွက်လာလိုက်သည်။

" ဘယ်လဲဦး နေအုံးလေ ကျွန်တော်ကြယ်သီးတောင် တပ်လို့မပြီးသေးတာကို "

" ဦးဆို "

ဆော့ဂျင်တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ အခန်းထဲကထွက်ခဲ့သည်။ ဒါတောင် ဂျောင်ဂုရဲ့ရယ်သံကို ကြားလိုက်ရသေးသည်။

.....................................

" ဟေ့ရောင် မင်းငါ့ကျေးဇူးကြောင့် မင်းဦးကိုရတာမမေ့နဲ့ "

" အဲဒါ‌ပဲပြောနေတယ် ဘာဆိုင်တာကြလို့ "

" ဆိုင်တယ်ကွာ သွား ကော်ဖီသွားဖျော်ခဲ့ "

" ဦး ဒီမှာခိုင်းနေပြီ "

" မင်းဦးအလုပ်လုပ်နေတာ သွားမနှောင့်ယှက်နဲ့ ဒီမှာဟေ့ရောင် ငါမင်းလျှိုဝှက်ချက်တချို့လည်း သိထားတယ် "

" ဦး ဒီမှာအကြပ်ပါကိုင်နေတာ "

" ဂျွန်ဂျောင်ဂု ငါမင်းအသံမကြားချင်ဘူး "

ဦးက ခုနတည်းက သူစလိုက်လို့ စိတ်ကောက်သွားတာ တစ်လမ်းလုံးလည်း စကားမပြောဘူး။ စိတ်ကောက်သွားတာမဟုတ်ဘဲ ရှက်သွားတာလည်း ဖြစ်နိုင်တယ် လူကြီးတွေက အဲလိုစနောက်တာမျိုး မကြိုက်တာသိပေမဲ့ သူကိုက တမင်စလိုက်မိတာ။ သူ့သက်တမ်းတစ်လျှောက်မှာ စိတ်ဆိုးစိတ်ကောက်တာမျိုးတွေ အများကြီးကြုံ‌ဖူးပေမဲ့ ဦးလိုအနားမကပ်ခံဘဲ အဖတ်မလုပ်ကောက်နေတာမျိုးတော့ သူအခုမှကြုံဖူးသည်။

" မင်းကိုစိတ်ဆိုးနေတာပဲ ဟားဟား "

" စိတ်ဆိုးတာမဟုတ်ဘူး စိတ်ကောက်တာ ကျွန်တော်မနမ်းဘဲစလိုက်လို့ "

" ဘယ်လို ဘယ်လို "

" ဂျန်‌ဂျယ်ယောင်း ကိုယ့်အလုပ်ကိုယ်လာလုပ် "

" အေး လာမယ် လာမယ် ငါကော်ဖီဖျော်မလို့ မင်းရောသောက်ချင်လား "

ဂျောင်ဂု ဦးသောက်မယ်လို့ပြောရင် ပြေးဖျော်ဖို့အသင့်ပြင်ထားပေမဲ့ ဦးက အဖတ်တောင်မလုပ်ဘူး။

" တော်တော်ကြီးကို စိတ်ဆိုးနေတာပဲ အခုလိုစိတ်ဆိုးနေတဲ့အချိန်မှာ ငါသာမင်းအရင်က ကိစ္စကြီးတစ်ခုကို ဖောက်သည်ချလိုက်ရင် ပွဲလှပြီ "

" ခင်ဗျားအကျင့်မယုတ်နဲ့ ခင်‌ဗျားအဲလိုလုပ်လို့လဲ ဦးကခင်ဗျားကိုမကြိုက်ဘူး "

" မင်းဦးကို ငါမကြိုက်ချင်လို့ မင်းရတာပါ ကောင်လေးရာ "

" ခင်ဗျားနော် ရန်မစနဲ့ ခင်ဗျားလိုလူကိုလည်း ဦးက စိတ်တောင်ကူးမှာမဟုတ်ဘူး ကျွန်တော်နဲ့ခင်ဗျားက ဆယ့်နှစ်ခြား "

" ဒီမှာ မင်းမသိလို့ ငါတို့ကျောင်းတက်တုန်းက အလိုက်ဖက်ဆုံးအတွဲဖြစ်ခဲ့တာကွ မင်းကတော့ဘယ်သိမလဲ အဲတုန်းကမင်းက နို့ဘူးနဲ့ပဲရှိအုံးမှာ "

" ဘယ်လိုလိုက်ဖက်တာလဲ အပိုမပြောနဲ့ "

" ပြောစရာလားကွ ကျောင်းမှာ ကင်‌မ်ဆော့ဂျင်နဲ့ ဂျန်ဂျယ်ယောင်းဆို မသိသူမရှိဘူး အဲတုန်းက ငါတို့နှစ်ယောက် ပိုပိုရိုဂိမ်းနဲ့ နာမည်ကြီးသွားတာ အဲဗီဒီယိုကလစ်က ကြည့်ရှုသူ သန်းကျော်သွားတာ အဲတုန်းက ငါတို့ကိုဘယ်လိုခေါ်ကြတာ..! ဂျယ်ဂျင် ဆော့ဂျယ်.. "

" ယောင်းဂျင် "

" ဟုတ်တယ် ယောင်းဂျင် ဝါး.. ဆော့ဂျင်မင်းမှတ်မိသေးတယ်ပေါ့ ငါ့ကိုအဲကတည်းက အ့! "

ဦးက ထိုလူကြီးကို ဘောပင်နဲ့လှမ်းပေါက်ပြီး ပါးစပ်ပိတ်လိုက်ဖို့ အချက်ပြသည်။ ဘာလဲ တကယ်ကြီးပေါ့ .. ဦးကထိုအကြောင်း သူ့ကိုနည်းနည်းလေးတောင် မပြောဘဲလျှိုဝှက်ထားတယ်!

" ဟေး ယုံပြီမလား မင်းဦးဆို အခုထိတောင် မှတ်မိသေးတယ် "

ထိုလူကြီးက ဆရာကြီးစတိုင်နဲ့ လက်ပိုက်ထားသည်။အမြင်ကတ်စရာ! သူထိုဗီဒီယိုကို ရှာကြည်အုံးမယ်ဟု  တေးမှတ်ထားလိုက်သည်။

" အတိတ်ကအတိတ်ပဲ ဘာလုပ်ရမှာလဲ ကျွန်တော်ဆို ကျောင်းတုန်းကအကြောင်းတွေမပြောတော့ဘူး လောလောလတ်လတ် မကြာသေးခင်ကဘဲ အလုပ်လေးနှစ်လလောက်လုပ်လိုက်ပါတယ် ဖုန်းနံပါတ်မှတ်ရတာ ရာကျော်ပဲ "

" မင်းကလိုက်တောင်းတာမှတ်လား "

" ခင်ဗျားလိုမဟုတ်ဘူး ခင်ဗျားသာအခုထိအဖြစ်မရှိတာ "

" ဟုတ်လား ဒါဆို မင်းက မင်းဦးလည်းရှိနေပြီမလို့အဲဖုန်းနံပါတ်တွေ မလိုတော့ဘူးမလား ငါ့ကိုပေးပါလား "

" ဘာလို့ပေးရမှာလဲ ကိုယ့်ဟာကိုယ်ရအောင်လုပ်ပါလား အလကားခင်ဗျားကိုပေးစရာလား "

" ဆော့ဂျင်တွေ့လား ဒီကောင်အခုထက်ထိ တခြား‌မိန်းကလေးဖုန်းနံပါတ်‌တွေ ရှိသေးတယ်တဲ့ ပြောလို့မရဘူး သူအခုအိမ်ပြန်အိပ်တာဆိုတော့ ညညဆို တခြားသူတွေနဲ့ အီနေလောက်တယ် "

" မဟုတ်ဘူး ဦး မဟုတ်ဘူး လျှောက်ပြောနေတာ မလုပ်ဘူးအဲလိုမျိုး "

ဦးသူ့ကို မျက်လုံးလှန်ကြည့်‌နေတော့ သူအမြန်ငြင်းလိုက်ရသည်။ ဝါး.. ထိုဘိုးတော်က တကယ်မလွယ်ဘူးဘဲ ဦးပြောတုန်းက သူမယုံခဲ့ဘူးဒီဘိုးတော် တကယ်ပြဿနာကို မီးမွေးတတ်တာပဲ 

" ဟုတ်ပါ့မလား ခုနကတော့ တစ်မျိုးပြောပြီးနော် "

" မဟုတ်ပါဘူးဆို.. ဦး သူလျှောက်ပြောနေတာ မယုံရင် ကျွန်တော့်ဖုန်းကို စစ်ကြည့်လို့ရတယ် အရင်တုန်းကဟာတွေပဲရှိမှာ ဦး ဦး "

" ပေး ငါစစ်ကြည့်မယ် ဆော့ဂျင် ငါစစ်လိုက်မယ် ငါကမင်းဘက်က အမှန်တရားကိုပဲပြမယ် "

ထိုဘိုးတော်က သူ့ဖုန်းကိုဆွဲယူသွားသည်။ သူနဲ့ထိုသူကသာ လှုပ်လှုပ်ရှားရှားပြောနေပေမဲ့ ဦးက သူ့တို့ကို တစ်ချက်သာစိုက်ကြည့်ပြီး အလုပ်ကိုသာ ပြန်အာရုံစိုက်သွားသည်။ ဦးသူ့ကို တစ်ခုတောင် စိတ်ဆိုးမပြေသေးပါဘူးဆို နောက်တစ်ခုကို ထပ်ဖန်တီးတယ်။‌သူဦးအနား အသာအယာတိုးကပ်သွားလိုက်သည်။ဦးအာရုံတွေက တစ်နေရာတည်းမှာသာ.. လက်တစ်ဖက်က ကွန်ပြူတာခလုတ်တွေမှာရှိနေပြီး နောက်လက်တစ်ဖက်က စာရွက်ဖြူအနားတွေကို လုံးချေနေတော့ သူထိုလက်လေးကို အုပ်ကိုင်လိုက်သည်။

" ဦး အဲလိုမဟုတ်ဘူး ကျွန်တော်အဲလိုမလုပ်ထားဘူး "

ဦးက ခုနကလို အနားမကပ်ခံတာမျိုးမဟုတ်ဘဲ သူ့စကား‌နားထောင်နေတာမျိုးလည်းမဟုတ်ဘဲ သူကိုင်ထားတဲ့လက်တွေကိုလည်း မရုန်းနဲ့.. လက်တစ်ဖက်ကတော့ ခလုတ်တွေပေါ် ကျွမ်းကျွမ်းကျင်ကျင်ပြေးနေသည်။

" ဦး အထင်မလွဲဘူးမလား ကျွန်တော်ကျိန်ဆိုကျိန်လို့ရတယ် "

ဦးက ဘယ်လိုမှမနေသေးဘူး။ သူ့စကားနားထောင်နေလားလည်းမသိသလို သူ့ကိုလည်း စကားပြန်မပြောသေး။ လက်တွေကိုလည်း မရုန်းဖယ်တဲ့အပြင် နောက်လက်တစ်ဖက်ကလည်း အလုပ်လုပ်မပြတ်။ လျစ်လျှူရှုခံရတာဆိုးလိုက်တာ...

" ဟေ့ ခင်ဗျား မပြီးသေးဘူးလား ဘာတွေ့လဲ ဘာမှမရှိဘူးမလား "

" ပြီးပြီ ပြီးပြီ ဘာမှမရှိဘူးဆော့ဂျင် ...အမယ် မင်းကရိုးသားသားပဲ ဖုန်းနံပါတ်တွေသာရှိတာ ဘာမှမပြောထားဘူးဘဲ ဘာမှမပြောမဲ့အတူ ဖျက်ပစ်လိုက်တာကောင်းတယ် ငါဖျက်ပေးမယ် "

တကယ်လည်း သူဘာမှမရှုပ်ထားပေမဲ့ ထိုလူကြီးပြောတော့ သူစိတ်သက်သာရာရသွားရတာတော့အမှန်ပင်။ သူထိုလူကြီးကို လွှတ်ထားလိုက်ပြီး ဦးအနားကိုသာ ရဲရဲတိုးကာ လက်တွေကို တင်းတင်းပြန်ကိုင်လိုက်သည်။

" ယုံပြီမလား ဘာမှမရှိဘူး အခုလည်း ဦးသူငယ်ချင်းဖျက်နေပြီ ဖျက်ချင်တာဖျက်လို့ရတယ် ဘာမှမရှိဘူး ဘာမှမဖြစ်ဘူး "

" လွှတ်တော့ ငါ့အတွက် ကော်ဖီသွားဖျော်ခဲ့ သကြားမထည့်နဲ့ "

" ဟုတ် ဟုတ်ကဲ့ "

ပြေးထွက်သွားတဲ့ဂျောင်ဂုကိုကြည့်ရင်း သူ့လက်တွေကို ပြန်ကြည့်လိုက်သည်။ဂျောင်ဂုလွှတ်သွားတဲ့လက်တွေက ချွေးစေးတွေပင်  ထွက်နေသည်။ ရင်မောလိုက်တာ ကောင်လေးရဲ့.. မင်းကိုမယုံတာတော့မဟုတ်ပေမဲ့ ကိုယ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာ။ ကိုယ်က ဘာမှမဟုတ်တဲ့ ပျင်းစရာလူတစ်ယောက်မလို့ ကိုယ့်ကွယ်ရာမှာ အပျော်ရှာနေမလားကိုယ်နည်းနည်းတော့ စိုးရိမ်သွားတယ်။ ‌ဂျယ်ယောင်းက ဘာမှမရှိဘူးလို့ပြောတဲ့အချိန်မှ ကိုယ်အသိစိတ်ပြန်ကပ်တယ်ဆိုတာ သိရဲ့လား။

" ဘာမှမရှိရင် ချထားလိုက်တော့ မင်းဘာဇယားရှာချင်လဲ ငါမသိဘူးများထင်နေလား "

" မင်းကလည်း... သိရင်အသာနေကွာ ငါကမင်းအတွက်လည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် တစ်ခါတည်းစစ်ဆေးပေးလိုက်တာ ငါကိုယ်တိုင်လည်း သူခြေငြိမ်လားသိချင်လို့ မဆိုးပါဘူး တစ်မှတ်ပေးလိုက်မယ် "

" တကယ်ဘာမှမရှိဘူးလား "

" အင်း တကယ်မရှိဘူး "

ဂျယ်ယောင်းရဲ့ တိကျတဲ့အဖြေက သူ့နှုတ်ခမ်းတွေကို  လှိုက်လှိုက်လဲလဲပြုံးဖို့ စေခိုင်းလာသည်။ သူတကယ်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ခုနကအထိ ဂျောင်ဂုနဲ့ဂျယ်ယောင်း ထိုကိစ္စအတွက် ငြင်းခုံနေကြချိန်တုန်းက သူဝန်ထုတ်ပိထားသလို အကြောတွေ တုံ့ဆိုင်းနေသည်။

" ဟိုကောင်လေး.. ငါ့အတွက်လည်း ကော်ဖီတစ်ခွက် ငါကနို့နှစ်ဆနဲ့ ချိုချိုလေး "

" ခင်ဗျားပါးစပ်ပိတ်ထား ခင်ဗျားအတွက် ရေတောင်မသဒ္ဓါဘူး "

" ဟိတ် ဒါငါ့အိမ်နော် မောင်းထုတ်လိုက်ရ "

" ကြည့်စမ်း ဆော့ဂျင် မင်းဟာလေးကိုကြည့်စမ်း ငါ့ကိုရိုရိုသေသေဆက်ဆံဖို့ သင်ပေးလိုက်အုံး "

" ချစ်စရာလေးပါ "

" ဘာ!! ‌"

" ဟေ့ရောင် မင်းကပါသူ့ဘက်က ကြည့်စမ်း ပြုံးတောင်ပြုံးနေသေးတယ် "

ဆော့ဂျင်ခေါင်းခါယမ်းလိုက်သည်။ ပြီးတော့ သူတို့ရန်ပွဲကို ဝင်မပါဖို့ဆုံးဖြတ်လိုက်သည်။သူ့ကွန်ပြူတာပေါ်က ခုနကစိတ်နဲ့မကပ်ခင်ရေးမှတ်ထားတဲ့ စာတန်းတွေ အကုန်ဖျက်လိုက်ပြီး အသစ်ပြန်ရေးဖို့ အစီအစဉ်ချလိုက်သည်။ဂျောင်ဂုနဲ့ဂျယ်ယောင်းကတော့ ကော်ဖီအတွက် ထပ်ငြင်းခုံနေကြတုန်း...

_________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories