ep20
17:26, 27 February 2024သူ့ရင်ခွင်ထဲ ငြိမ်ရင်း အိပ်ပျော်သွားတဲ့ ဂျောင်ဂုကို ကြည့်ရင်း ဖြည်းဖြည်းချင်း ခွာလိုက်သည်။ ငိုရင်းအိပ်ပျော်သွားတာပဲ ကလေးလားမင်းက ဟမ်... ဒါပေမဲ့လည်း အသက်က သူနဲ့ဆိုရင်တော့ အတော်ကို ကွာလွန်းသည်။သူက သူ့မေမေလေးဆိုသူနဲ့မှ မတိမ်းမယိမ်းပင်။ဂျောင်ဂုက သူ့ဟာသူဆိုရင်တော့ အရွယ်ရောက်နေတဲ့ လူပျိုပေါက်လေးပေါ့ သူနဲ့ယှဉ်ရင်တော့ ကလေးပဲရှိသေးတယ် အိပ်နေတာလည်း ကြည့်အုံး သူ့ရဲ့ယုန်သွားကြီးကြီးတွေပေါ်လို့.. ဆော့ဂျင်သွားကြီးကြီးကို လက်ညိုးနဲ့ ဖွဖွထိကြည့်မိသည်။ကလေးပဲရှိသေးတယ် မင်းက...
အိပ်ပျော်သွားပြီဖြစ်တဲ့ ဂျောင်ဂုကို စောင်သေချာခြုံပေးလိုက်ပြီး သူအိပ်ရာက ထလိုက်သည်။စားပွဲပေါ်ကနာရီဆီ အကြည့်ရောက်တော့ အွန်းလေးအိပ်ချိန်ရောက်နေပြီ။ သူအိပ်ရာက မြန်မြန်ထလိုက်သည်။ ပြန်ရောက်ကတည်းက ဂျောင်ဂုနဲ့အခြေအတင်ဖြစ်ပြီး အကုန်မေ့ထားမိတာ အွန်းလေးကို သူဘာမှမလုပ်ပေးရသေးဘူး... သူမြန်မြန်ပဲ အခန်းထဲက ထွက်လာလိုက်ပြီး အွန်းလေးအခန်းဘက် ရောက်ခဲ့သည်။ အခန်းရှေ့ရောက်တော့ အခန်းထဲကထွက်လာတဲ့ နိုအွန်းနဲ့တွေ့သည်။
" ရှင်.. "
နိုအွန်းက သူ့ကိုသေချာအကဲခတ်ကြည့်သည်။သူ့ပုံစံက ပြန်လာတုန်းကအတိုင်းကိုမှ အောက်ခံအဖြူတစ်ထည်ပဲ ရှိတော့သည်။ ပြီးတော့ နှုတ်ခမ်းတွင်လည်း ဂျောင်ဂုကြောင့် သွေးစို့ချင်နေတော့ သူထိုနေရာကို မသိလိုက်ပါဘဲ လက်ဖမိုးနဲ့ ကာလိုက်သည်။
" ကလေးအိပ်သွားပြီလား "
" အင်း ကျွန်မသိပ်လိုက်ပြီ "
" ထမင်းရော ကျွေးပြီးပြီလား "
" အင်း ကောင်းကောင်းစားတယ် စားပြီး သွားလည်း တိုက်တယ် "
" ညအိပ်ဝတ်အင်္ကျီရော.. "
" ကျွန်မကောင်းကောင်းလုပ်ပေးလိုက်ပါတယ် ကျွန်မလည်းသူ့အမေပါ သူဘာလိုချင်လည်း ကောင်းကောင်းနားလည်ပါတယ် "
" ဆောရီး ကိုယ်အဲသဘောနဲ့ပြောတာမဟုတ်ပါဘူး သေချာချင်လို့... ကျေးဇူးပဲ ကိုယ်- "
သူအိပ်ပျော်သွားတယ်ပြောရင်ကောင်းမလား မေ့သွားတယ်ပြောရင်ကောင်းမလား စကားမထွက်တတ်တော့..
" ကလေးက ရှင့်ဆီလာပါသေးတယ် ရှင်အိပ်နေတာတွေ့လို့ မနှောင့်ယှက်ချင်လို့ထင်တယ် ကျွန်မလုပ်ပေးတာလည်း သူသဘောတွေ့ပါတယ် ရှင်လည်းပင်ပန်းလာတယ်ထင်တယ် တန်းအိပ်ပျော်သွားတယ်ဆိုတော့.. ဒါဆို ရှင်အနားယူလိုက်အုံး နောက်ကျရင်လည်း ကလေးရဲ့ဝေယျာဝစ္စတွေကို ကျွန်မခွဲယူလိုက်ပါ့မယ် "
" အင်း.. ကျေးဇူး.. "
အရင်ထွက်သွားတဲ့ နိုအွန်းကိုကြည့်ရင်း သူထိုနားက မခွာမိသေး။ သူတခုခုကို ရိပ်မိသွားသေးလား.. အခန်းထဲဝင်ခဲ့သေးတယ်ဆိုရင် သေချာပေါက် ဂျောင်ဂုနဲ့သူ့ကို မြင်သွားမှာပဲ။ သူစိုးရိမ်တာမျိုးမရှိပေမဲ့ သူ့ဘက်ကအဆင်သင့်ဖြစ်မနေသေးတော့ အတတ်နိုင်ဆုံး ဂျောင်ဂုနဲ့ဆက်ဆံရေးကို ကွယ်ဝှက်နေသင့်သည်။နိုအွန်းကတော့ သူသိမှာလည်း မကြောက်နေခဲ့ပေမဲ့ သူကတော့ အဲလိုမလုပ်ချင်။ ပြီးတော့ ဂျောင်ဂုက နိုအွန်းတွဲနေကြ အပျော်ကောင်လေးတွေမျိုးလည်း မဟုတ်။ တခုခုဆိုရင် သူ့သိက္ခာအပြင် ဂျောင်ဂုသိက္ခာလည်း ရှိသေးသည်။ အထူးသဖြင့် ဂျောင်ဂုကို အိမ်ထောင်ရှိလူတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်တွေ အပြောမခံစေချင်။ နိုအွန်းသူ့ဘက်ကို နားလည်ပေးဖို့ သူမျှော်လင့်တယ်။
နိုအွန်းက အရင်ထွက်လာခဲ့လိုက်သည်။ သူအခန်းထဲဝင်ရင်း ကင်မ်ဆော့ဂျင်ကို တစ်ချက်ကြည့်လိုက်တော့ သူကထိုနားတွင် ရှိနေသေးသည်။ သူမ တံခါးကိုပိတ်လိုက်ရင်း မှီချလိုက်သည်။ သူအရမ်းသိသာနေပြီလား တစ်ချိန်လုံးစိတ်ဝင်စားမှုမရှိဘဲ အခုမှတာဝန်တွေသိတတ်နေလို့ တစ်မျိုးထင်ကုန်လေမလား...
သူတွေ့ခဲ့တယ် အွန်းလေးအခန်းမှာ.. အွန်းလေးက သူဆွဲတဲ့ပုံတွေထဲမှာ သူ့ပုံတောင်မပါခဲ့ဘူး အဲဒီအစား နောက်ထပ်ယောကျာ်းတစ်ယောက်ပုံဖြစ်နေတော့ သူအွန်းလေးကို မေးကြည့်လိုက်သည်။ အဲဒီနောက်ထပ်တစ်ယောက်က ဂျူအွန်းသူငယ်ချင်းကောင်လေး ဖြစ်နေတယ်။ အွန်းလေးဘာရည်ရွယ်ချက်နဲ့ဆွဲခဲ့တာလဲက သူ့ကိုအတွေးများစေတယ် သူ့ပုံမပါခဲ့ရင်တောင် အဲလောက်စဉ်းစားနေမိမှာမဟုတ်ဘဲ သူ့နေရာမှာ တခြားတစ်ယောက် အစားထိုးရောက်နေသည်က ခံပြင်းစရာပဲ။ ကျွန်မ ကျွန်မနေရာကို မဖယ်ပေးနိုင်ဘူးကင်မ်ဆော့ဂျင် ကျွန်မ ကျွန်မနေရာကို ပြန်ယူမယ်။
..................................
သူလွန်ခဲ့တဲ့လေးနှစ်လောက်က ထိုသူနဲ့စသိတယ်။ အချစ်က ကိုယ့်အနီးတစ်ဝှိုက်နားတွင်ပဲ ရှိနေပေမဲ့ မေ့မေ့ပျောက်ပျောက်ပဲ.. သူပထမဆုံးအကြိမ် ထိုသူ့အပေါ် ရင်ခုန်မိတော့ ထိုသူက အိမ်ထောင်ရက်သားနဲ့ ဖြစ်နေခဲ့ပြီ။ ဒါပေမဲ့ သူကံကောင်းနေပါသေးတယ် ထိုသူက အိမ်ထောင်ရေးတော့ ကံမကောင်းဘူး သူတို့အချင်းချင်း သဘောမကျဘဲ ကံတရားတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ်။ သူ့အတွက်ကံမကောင်းတာကတော့ ထိုသူကသူ့ကို ဘယ်လိုမှတောင် သဘောမထားဘဲ ဒီအတိုင်း ဖြတ်သွားဖြတ်လာကောင်လေးတစ်ယောက်အပြင် ပိုမမြင်ခဲ့။ သူကိုယ်တိုင်လည်း မာနရှိတဲ့သူမလို့ အတင်းအကြပ် လိုက်မကပ်ခဲ့။ သူ့မှာ ဘာအားနည်းချက်မှ မရှိဘူး ဒါကြောင့် သူ့ကိုခါးခါးသီးသီးဖြစ်နေတဲ့သူအပေါ် အတင်းကြီးဝင်မရောနိုင်ဘူး။
ဒါပေမဲ့ ထိုလူက မျိုးကောင်းတဲ့ပန်းလှလှလေးလေ သူကထိုပန်းလှလှလေးကို ဝတ်ရည်စုပ်ယူချင်နေတဲ့ပျားလေး ထိုသူအနားမှာလည်း သူ့လိုဝဲနေတဲ့ပျားတွေရှိတယ် ဒါကြောင့် သူအကြာကြီးမနေနိုင်ခဲ့ဘဲ အနားတွင် တဝဲလည်လည်လုပ်နေမိတယ် ပန်းကောင်းလေးမလို့ တစ်ခါလောက်ဖြစ်ဖြစ် ချိုးယူကြည့်ချင်လာရာကနေ လောဘကြီးပြီး ပိုင်ဆိုင်ချင်လာမိသည်။ ရိုးလွယ်တတ်တဲ့သူ့အကျင့်ကြောင့် ထိုသူကို ခဏတာပဲလိုချင်မိလား သူမသိပေမဲ့ နှလုံးသားက ထိုသူမှထိုသူ ဖြစ်နေတာတော့ သေချာသည်။ ထိုပန်းလှလှနဲ့ ဘာမှမသက်ဆိုင်သေးတဲ့ပျားလေးအဖို့ တခြားပျားတွေ ဦးသွားမှာ၊ တခြားပျားတွေနဲ့ မယှဉ်နိုင်မှာ စိုးလာခဲ့တယ်။ ဒါက ပထမဦးဆုံး သူ့ကိုယ်သူ ယုံကြည်မှုပျောက်ဆုံးခဲ့ဖူးတာပဲ။ တကယ်ပဲ သူအဲတုန်းက ဦးကိုတခြားသူပိုင်ဆိုင်သွားရင်ဆိုတဲ့အတွေးက ထိတ်လန့်ခဲ့ဖူးသည်။
မနေ့ကပဲ အပြောင်းလဲကြီးတစ်ခုဖြစ်ခဲ့ပြီး ထိုသူဆီမှ သူအခွင့်အရေးတစ်ခုရခဲ့သည်။သူက သူ့ကိုအခွင့်အရေးတစ်ခုပေးခဲ့တယ် သူမယုံကြည်နိုင်လောက်အောင် စိတ်တွေရှုပ်ထွေးပြီး ငိုသာငိုနေခဲ့သည်။ အဲတုန်းက သူပျော်ခဲ့လားတောင် သူမသိဘူး သူ့ခံစားချက်တွေ ရောထွေးနေပြီး စိတ်လှုပ်ရှားနေခဲ့သည်။ သူအိပ်မက်ဖြစ်နေမှာစိုးပေမဲ့ သူခေါင်းငုံ့လိုက်ရင်ပဲ သူ့ရင်ခွင်ထဲရောက်နေတဲ့သူကြောင့် ဒါဟာ တကယ်ဖြစ်ပျက်သွားတယ်ဆိုတာ လက်ခံနိုင်ခဲ့သည်။ သူဦးကို တင်းတင်းကြပ်ကြပ်ကို ဖက်တွယ်ထားတာ..ဦးသူ့လက်မောင်းတွေကြား အသက်ရှူတောင် ကြပ်နေတော့မည်။ သူ့လက်တွေကို နည်းနည်းပြေလျှော့လိုက်ပြီး အိပ်ပျော်နေတဲ့ဦးမျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။ နောက်ဆုံးတော့ ဒီအမျိုးကောင်းပန်းလှလှလေးက သူ့အတွက်ဖြစ်လာခဲ့ပြီ။ ဒီပန်းလှလှကို တခြားပျားတွေမလာအောင် ကာကွယ်ပေးဖို့ သူ့မှာတာဝန်အပြည့်ရှိလာပြီ။ အပြည့်အဝ သူကာကွယ်ခွင့်ရခဲ့ပြီ။
" ဦး "
" အင်း...လွှတ်ပေးအုံး.. "
ဆော့ဂျင် တင်းကြပ်ကြပ်အထိအတွေ့ကြောင့် ဂျောင်ဂုကို လွှတ်ပေးဖို့ပြောလိုက်သည်။ ဂျောင်ဂုသူ့ကိုငုံ့ကြည့်နေတာသိတော့ သူမော့မကြည့်လိုက်။အိပ်တုန်းကတော့ ဂျောင်ဂုက သူ့ရင်ခွင်ထဲဝင်တိုးပြီး အိပ်ခဲ့တာပဲ မနက်ရောက်တော့ သူကဘယ်လို ဂျောင်ဂုရင်ခွင်ထဲရောက်နေမှန်းမသိဘူး။ အနေအထားက အနည်းငယ်ရှက်ရွံ့ဖို့ကောင်းတာမလို့ သူမော့မကြည့်ဘဲပြောလိုက်သည်။
" ထရတော့မယ် "
" ဦး .... တကယ်မလား "
" ... "
" မနေ့ကတကယ်မလား ဦးကျွန်တော့်ကို.. ကျွန်တော်နဲ့.. "
" ဂျောင်ဂု "
" ကိုယ်အလေးအနက် ပြောစရာရှိတယ် "
" ဦး! "
ဂျောင်ဂုက သူတခုခုပြောင်းလဲတော့မည့်အတိုင်း သူ့ကိုအလန့်တကြားခေါ်လာသည်။ မျက်လုံးဝိုင်းဝိုင်းတွေက ကြောက်လန့်မှုအထင်းသား..
" ကိုယ်ပြောချင်တာက အခုကိုယ်တို့ဆက်ဆံရေးကို ကိုယ်တို့နှစ်ယောက်ကလွဲရင် မသိစေချင်သေးဘူး ကိုယ်ဘာကိုပြောချင်လဲ မင်းသိတယ်မလား ကိုယ့်ဘက်က အဆင်သင့်မဖြစ်သေးတာမလို့ ကိုယ်တို့ဒီအတိုင်းလေးပဲ အချိန်တစ်ခုထိနေရမယ် အဲဒါနှစ်ဦးနှစ်ဖက်လုံးအတွက် ကိုယ်ပြောတာ "
" ဦး ကျွန်တော်က မနေ့ကဦးပြောခဲ့တာတွေကို မေ့လိုက်တော့လို့ ပြောမယ်ထင်သွားတာ "
" မေ့ချင်လည်း မေ့လိုက်လေ "
" ဟာ ဦးကလည်း "
" ထတော့လေ ကိုယ်ပြောတာနားလည်တယ်မလား "
" ဟုတ် ဦးပြောတာက အနေအထိုင်ဆင်ခြင်ဖို့ နှစ်ယောက်တည်းရှိနေရင်တော့ ဖုံးကွယ်စရာမလိုဘူးမလား "
" ကွယ်ချင်လည်း ကွယ်လို့ရတယ်လေ "
" ဟာ ဦးကလည်း "
အိပ်ရာနိုးစ စုတ်ဖွားလေးဖြစ်နေတဲ့ဂျောင်ဂုက ခွေးပေါက်စလေးလိုပဲ... ဖိအိပ်ထားတော့ ဆံပင်တွေက ထောင်တဲ့နေရာထောင်နဲ့...ဆော့ဂျင်အနားတိုးသွားလိုက်ပြီး မျက်နှာနားကပ်သွားတော့ ဂျောင်ဂုက ပြူးကြောင်ကြောင်လေးလုပ်နေသည်။ သူခေါင်းပေါ်လက်လှမ်းပြီး ထောင်နေတဲ့ဆံပင်တွေဆီ လက်ရောက်တော့ ဂျောင်ဂုက မျက်လုံးတွေမှိတ်သွားသည်။ သူ့ကိုဘာလုပ်မယ်များထင်နေလည်းမသိ မျက်လုံးတွေမှေးမှိတ်သွားတဲ့ဂျောင်ဂုကို စချင်လာတာနဲ့ မျက်နှာကို လေနဲ့မှုတ်လိုက်သည်။ထိုအခါမှ မျက်လုံးတွေဖြည်းဖြည်းချင်း ပြန်ဖွင့်လာသည်။ ထောင်နေတဲ့ဆံပင်စုတွေကို ပြားပေးနေတော့ မျက်တောင်ပုတ်ကလက်နဲ့ငြိမ်ခံနေသည်။
" ဦးဒီနေ့ထူးခြားတယ် ကျွန်တော့်ကို စနောက်နေတယ် "
" မင်းလည်းထူးထူးခြားခြား ဒီနေ့မှရှက်နေတယ် "
" ဟီး ဟုတ်တယ် ကျွန်တော်စိတ်လှုပ်ရှားနေလို့ "
" ဘာစိတ်လှုပ်ရှားစရာရှိလို့လဲ "
" ဟီး အဲဒါက ဦးနဲ့အကြောင်းတွေးမိသွားလို့ပါ ဦးနဲ့ကျွန်တော်နဲ့ ချစ်သူတွေဖြစ်သွားပြီလေ အဲဒါကြိုတွေးပြီး ရင်ခုန်နေလို့ "
ဆော့ဂျင်ခေါင်းခါယမ်းလိုက်ပြီး အိပ်ရာကထလိုက်သည်။ လူငယ်တွေကို သူလိုက်မမီဘူး သူတို့နဲ့လည်း အမြင်တွေကွာခြားလွန်းတယ် သူခုတင်ပေါ်ကဆင်းမယ်လုပ်တော့ ဂျောင်ဂုက လက်ကိုလာဆွဲသည်။
" ဦး ခဏ "
" ဘာလဲ "
" ကျွန်တော်တို့နမ်းရအောင်လေ "
" ... "
" ကျွန်တော်တို့ အဆင့်တက်သွားပြီလေ အမှန်ဆို မနေ့ကတည်းက နမ်းရမှာပေမဲ့ အဲတုန်းက ကျွန်တော်ငိုပဲငိုချင်နေတာမလို့ အဲတုန်းက စိတ်တွေလည်း မငြိမ်ဖြစ်နေတာ အခုမဖြစ်တော့ဘူး "
ဆော့ဂျင် ဆွဲထားတဲ့လက်ကို လွှတ်လိုက်သည်။ဘာများလဲလို့...
" ဦး နမ်းပါမယ်ဆို "
" သွား ခုတင်ပါ်ကဆင်းတော့ ကိုယ့်အခန်းကိုယ်ပြန်ပြီး ရုံးသွားဖို့ပြင်ဆင်တော့ "
" နမ်းပါမယ်ဆို ရည်စားဖြစ်ပြီးရင် နမ်းရတယ် "
" ကိုယ်အချိန်မရဘူး ကိုယ်ဒီနေ့အိပ်ရာထ နောက်ကျတယ် အမြန်လုပ်ရမှာ ပြီးတော့ အွန်းလေးရှိသေးတယ် "
" နမ်းတာခဏလေးကို ခဏလေးပဲ "
ပြောရင်လည်း ဂျစ်တိုက်နေမှာပဲ ရှိတာမလို့သူဘာမှထပ်မပြောတော့ဘဲ အိပ်ရာသိမ်းဖို့ပြင်လိုက်သည်။ သူစောင်ခေါက်နေတုန်း ဂျောင်ဂုက သူ့ကိုဆွဲလှည့်ရင်း နှုတ်ခမ်းတွေကို လာနမ်းသည်။တကယ်ဆို သူတို့ မျက်နှာတောင်မသစ်ရသေးဘူး။ဒီအတိုင်း ဖွဖွပဲနမ်းမယ်ထင်ထားပေမဲ့ လျှာကနှုတ်ခမ်းကိုလာထိတော့ သူနှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ဒါကို ဂျောင်ဂုက မရအရဖြင့် နှုတ်ခမ်းတွေကြား အတင်းတိုးဝင်လာတော့ သူအရှုံးပေးလိုက်ရသည်။ တိုးဝင်လာတဲ့လျှာဖျားတွေကို လက်ခံလိုက်ပြီး အလိုက်သင့်စီးမျောလိုက်ရသည်။ ဂျောင်ဂုက ထိုနှင့်မရပ်သွား လက်တွေကလည်း သူ့ညဝတ်အင်္ကျီထဲရောက်လာတော့ သူဆွဲဖယ်နေရသည်။
" အွန်း.. "
လက်တွေက သူ့ခါးကို ထိတွေ့ပွတ်ဆွဲနေတာကို သေချာခံစားလိုက်ရသည်။
" ဟင်း.. ဂျောင်- တော်-.. "
ငြင်းဆန်တဲ့စကားတွေက တစ်ဝက်တစ်ပျက်သာ ထွက်သွားပြီး ညည်းညူသံအဖြစ် ပြောင်းလဲကုန်သည်။ သူဂျောင်ဂုရင်ဘတ်နားက အင်္ကျီစကိုသာ ဆုပ်ကိုင်ထားရင်း အသက်ကို မျှင်းမျှင်းရှူနေရသည်။ ဂျောင်ဂုက သူကိုယ်တိုင်လည်းပျော်ဝင်နေသည်သိတော့ နှုတ်ခမ်းတွေကို အဆက်အသွယ်မပြတ်စေဘဲ ခြေလှမ်းတွေကို တဖြည်းဖြည်းရွှေ့ကာ နှစ်ယောက်စလုံးကို ခုတင်ပေါ်လှဲချစေသည်။ သူခုတင်ပေါ်ရောက်သွားတော့ ဂျောင်ဂုကလည်း သူ့အပေါ်ထပ်လျက် ပါလာသည်။ ထပ်လျက်အနေအထားနဲ့အတူ မထိသင့်တာတွေပါ ထိကုန်တော့ သူရောဂျောင်ဂုပါ ပြိုင်တူညည်းမိသွားသည်။
" ဦး.. "
ဂျောင်ဂုက အနမ်းတွေကို ရပ်လိုက်ပြီး သူ့ကိုဖွဖွခေါ်သည်။ ဂျောင်ဂုအခေါ်ကို သဘောပေါက်တဲ့သူက ဂျောင်ဂုဘာဖြစ်ချင်နေမှန်း သိနေသည်။ သို့သော် သူတို့တွင် အဲလောက်အချိန်မရှိတော့ဘူး။ ပုံမှန်ထက်လည်း အိပ်ရာထနောက်ကျနေတော့ အချိန်လွန်ကုန်တော့မည်။ဂျောင်ဂုက မထိန်းချုပ်နိုင်သလို သူ့ကိုမျက်လုံးရဲရဲလေးနဲ့ တောင်းဆိုနေသည်။ သူကိုယ်တိုင်လည်း ဖြေလျှော့ဖို့လိုအပ်နေပြီဖြစ်သည်။
" ဦး.. "
ညည်းသံလား ဖွဖွခေါ်သံလား မသဲကွဲသည့်နောက်မှ သူအကြည့်လွဲလိုက်ရင်း တိုးတိုးပြောလိုက်သည်။
" နောက်ကျလိမ့်မယ် "
" အတူ ဖြေလျှော့ရုံပဲလေ "
နှစ်ယောက်စလုံးလည်း ဆန္ဒရှိနေပြီမလို့ သူခေါင်းညိတ်ဖို့သာ ပြင်လိုက်သည်။
" ပါး "
ယောကျာ်းနှစ်ယောက်ရဲ့ အသက်ရှူသံပြင်းပြင်းကြားမှ မတိုးမကျယ်အသံလေး ထွက်ပေါ်လာတော့ သူခေါင်းထောင်လိုက်ပြီး သူ့အပေါ်တက်ဖိထားတဲ့ ဂျောင်ဂုကိုလည်း တွန်းဖယ်လိုက်သည်။
အွန်းလေးက အိပ်ရာနဲ့မနီးမဝေးနားတွင် ရပ်ရင်း သူတို့ဆီကို ကြည့်နေသည်။
" သမီး "
" ပါးပါးအိပ်နေတုန်းလား "
သူနဲ့ဂျောင်ဂုက ခုတင်ခြေရင်းနားတွင် ကန့်လန့်ဖြတ်အနေအထားနဲ့ရှိနေတော့ အွန်းလေးက ဇဝေဇဝါမေးပြီး အနားလျှောက်လာသည်။ သူအွန်းလေးကို လက်ကမ်းလိုက်ပြီး သူနိုးနေပြီဖြစ်ကြောင်း ပြောလိုက်သည်။အွန်းလေးက သူ့လက်ကြားထဲဝင်လာပြီး သူ့ဘေးကဂျောင်ဂုကို ကြည့်နေသည်။ ဂျောင်ဂုကလည်း စူပုတ်ပုတ်နဲ့ပြန်ကြည့်နေသည်။
" သမီးနိုးနေတာကြာပြီလား "
" အခုမှ.. ပါးပါးမလာသေးလို့ လာခဲ့တာ "
" ပါးပါးနောက်ကျသွားတယ် သမီးအိပ်ပျော်ရဲ့လား "
အွန်းလေးက သူနဲ့အပြန်အလှန်စကားပြောနေပေမဲ့ အကြည့်တွေကိုတော့ ဂျောင်ဂုဆီမှာသာ ပေးထားသည်။ဂျောင်ဂုက အခုထိမျက်နှာထားက မကျေမနပ်ဖြစ်နေတုန်း။ ဒါကနောက်ထပ်ကလေးတစ်ယောက်
" ဂျောင်ဂု ကလေးကို အဲလိုကြည့်နေရင် သူငိုတော့မှာ "
" အကျင့်ပုတ် "
ဂျောင်ဂုအချိန်ကောင်းမှ ဝင်လာတဲ့ပေါက်စကို ဂျိုကြည့်ရင်း ပြောလိုက်သည်။ အချိန်ကောင်းကိုမှ အလိုက်မသိတဲ့ပေါက်စ။
" ကိုကိုကစနေတာ.... သမီးမနေ့က မေမေနဲ့အိပ်ရာဝင်တယ်ဆို မေမေကဘာတွေလုပ်ပေးသေးလဲ "
မေမေဆိုတော့ ဂျောင်ဂုသတိပြန်ကပ်သွားပြီး အသာအကဲခတ်နေလိုက်သည်။
" ပါးပါးကအိပ်နေတာနဲ့ တိတ်တိတ်လေးပြန်ထွက်ခဲ့တာမေမေကို ပါးပါးအိပ်ပျော်နေတယ်လို့ပြောတော့ မေမေက မေမေလုပ်ပေးမယ် ပါးပါးအိပ်နေရင်တဲ့ "
ဂျောင်ဂုမနေ့က အစောကြီးအိပ်ပျော်သွားတော့ အဲဒါတွေမသိလိုက်တော့။ ကြည့်ရတာ ဦးပါ သူနဲ့အတူအိပ်ပျော်သွားတယ်ထင်တယ်။
" အဲတော့ မေမေလုပ်ပေးတာကြိုက်ရဲ့လား "
ပေါက်စကပြန်မဖြေ။
" တကယ်လို့ သမီးမကြိုက်ရင် ပါးပါးကို လာနိုးလိုက်လို့ရတယ် ပြီးမှပြန်အိပ်လည်း ပါးပါးကရတယ် မနေ့ကသမီးအိပ်တော့ မေမေကပြောတယ် မေမေကလည်း သမီးကိုလုပ်ပေးချင်တယ်လို့ ပါးပါးကိုပြောတယ် သမီးလက်ခံလား "
" အရမ်းကြီးစဉ်းစားစရာမလိုဘူး သမီးကြိုက်ရင် လက်ခံလိုက်နော် မကြိုက်ဘူးဆို မေမေ့ကို ပွင့်ပွင့်လင်းလင်းပြောလိုက် ကြားလား အဆင်ပြေတယ် "
" ဒါဆို ပါးပါးအရင်ရေချိုးလိုက်အုံးမယ် သမီးခဏစောင့်မလား ပါးပါးမြန်မြန်လုပ်လိုက်မယ် "
ပေါက်စက ခေါင်းညိတ်ပြတော့ ဦးကခုတင်ပေါ်မှ ဆင်းသွားသည်။ ဦးရေချိုးခန်းထဲဝင်သွားသည်ကို တစ်ဆုံးကြည့်ရင်း သူပေါက်စဘက် ပြန်လှည့်လိုက်သည်။ပေါက်စက သူ့ကိုမသုန်မမှိတ်ကြည့်နေသည်။
" ဘာကြည့်တာလဲမင်း မင်းအကျင့်ပုတ်သိလား မင်းပါးပါးအိပ်နေတာကို ဘာလို့ဝင်လာတာလဲ "
" ပါးပါးမအိပ်ဘူး "
" အိပ်တယ် ငါချော့သိပ်နေတာ မင်းဝင်လာခဲ့လို့နိုးသွားတာ "
သူပြောတာကို အဟုတ်ထင်မှတ်သွားတဲ့ပေါက်စ။မျက်ဆံလေးတွေငြိမ်ရင်း စဉ်းစားနေသည်။
" နောက်တစ်ခါ အဲလိုမျိုးမြင်ရင် တိတ်တိတ်လေးပြန်လှည့်သွား ကြားလား တံခါးကို သေချာပိတ်သွား နားလည်လား "
သူပြောတော့ မျက်တောင်လေးပုတ်ရင်း အတွန့်ပြန်တက်သည်။
" ပါးပါးကိုဖိထားတာ "
" မဟုတ်ဘူး အဲဒါမဟုတ်ဘူး ငါတို့အိပ်ခါနီး အာဘွားပေးနေတာ မင်းအိပ်ရင်ရော မင်းပါးပါးကမပေးဘူးလား "
ထိုအခါ ပေါက်စက ထောက်ခံသည့်အနေနဲ့ ဘာမှထပ်မပြောခဲ့တော့။ မင်းပဲမင်းပါးပါးကို တစ်ယောက်တည်းချစ်ချင်နေလို့ရမလား... ဟွင်း ဟွင်း
" ဒါနဲ့ မင်းညနေက အခန်းထဲလာခဲ့သေးတယ်ဆို ဘာလာလုပ်တာလဲ "
" ပါးပါးမသိပ်သေးလို့.. "
" မင်းမေမေရောပါလား "
" မေမေကမဝင်ဘူး ... "
ပေါက်စက မပြောသေးဘဲ သူ့ကိုမျက်လုံးလှန်ကြည့်နေသေးတော့ သူမျက်ခုံးပင့်ပြလိုက်သည်။
" ပါးပါးက ဖက်အိပ်နေတာ ကိုကို့ကို...ပါးပါးက အွန်းလေးကိုမသိပ်ချင်တော့ဘူးထင်တယ် မေမေနဲ့ဆိုလည်း ကောင်းပေမဲ့ ပါးပါးနဲ့ပဲပိုပြီး.. "
ဟားဟား ဦးနဲ့သူအတူအိပ်နေတာကို ပေါက်စကမြင်ပြီး မနာလိုနေပြီမလို့ သူအော်ရယ်ပစ်ချင်သည်။ မင်းပါးပါးက မင်းကိုမချစ်တော့ဘဲ ငါ့ကိုပဲပိုချစ်တော့မှာလို့ ပြောလိုက်ရင် ငိုသွားတော့မယ်..
" မင်းပါးပါးက မင်းကိုနေ့တိုင်းသိပ်ပြီးပြီပဲ အခုမင်းမေမေဆီက ချော့သိပ်တာခံလိုက်ပေါ့ "
" ဟင့်အင်း ပါးပါးနဲ့ပဲ "
" မရဘူး ပါးပါးက ငါ့ကိုပဲချော့သိပ်တော့မှာ "
" မဟုတ်ဘူး "
" ဟုတ်တယ် မင်းပါးပါးက ငါနဲ့ပဲအိပ်ချင်တာ ငါက ကောင်းကောင်းချော့သိပ်တတ်တယ် "
" အွန်းလေးလည်း.. အွန်းလေးလည်း.. "
" ငါက မင်းထက်လည်းပုံဆွဲတော်တယ် မင်းပါးပါးက နောက်ဆို ငါ့ကိုပဲ ပိုချစ်တော့မှာ "
" မဟုတ်ဘူး အီးဟီး ပါးပါး.. "
" အဲလိုငိုနေလည်း မင်းကငါမဟုတ်ဘူး ငါငိုရင် ဦးကအသည်းယားတယ်တဲ့ "
" အီးဟီး ပါးပါး.. "
သူ့ပါးပါးကို တွန့်တိုပြီး အော်ငိုနေတဲ့ပေါက်စကို သူလှောင်ပြောင်နေလိုက်သည်။ နောက်ဆို ငါကဦးရဲ့ကလေးဖြစ်လာတော့မှာ ဟွင်း ဟွင်း။
" ဘာဖြစ်နေတာလဲ ဂျောင်ဂု.. ကလေးကိုဘာလုပ်လိုက်တာလဲ ဘာဖြစ်လို့လဲသမီး "
ဆော့ဂျင် ရေချိုးခန်းထဲကထွက်လာတော့ ခုတင်ပေါ်တွင် အွန်းလေးနဲ့ဂျောင်ဂုက ဘေးချင်းကပ်ထိုင်နေကြပြီး အွန်းလေးက စူးစူးဝါးဝါးအော်ငိုနေသည်။သူ့ကိုလည်းမြင်ရော လက်ဆန့်တန်းကာ ခေါ်နေသည်။သူအွန်းလေးကို ပွေ့ချီလိုက်ရင်း ဂျောင်ဂုကိုလည်း မေးလိုက်သည်။
" ဂျောင်ဂု.. "
ဂျောင်ဂုအကြည့်တွေက သူ့ခန္ဓာကိုယ်တွင်သာရှိနေသည်။ သူ့ရေချိုးဝတ်က အွန်းလေးကိုပွေ့ချီလိုက်တော့ ပခုံးတစ်ဖက်က လျှောကျနေပြီဖြစ်သည်။ သူအမြန်ပင် လျှောကျနေတဲ့အစကို ပြန်ဆွဲယူလိုက်ပေမဲ့ ရင်ဘတ်ကတော့ ဟနေတုန်း...
" ဦး.. "
" ကလေးကဘာလို့ငိုနေတာလဲ "
" သူ့ကိုနည်းနည်းလေးပဲ ပြောရသေးတာကို.. "
ဂျောင်ဂုက သူ့ကိုပြောဖို့အစီအစဉ်မရှိဘဲ သူ့ရေချိုးဝတ်ကိုသာ စိတ်ဝင်စားမှုရှိနေသည်။ သူသူ့ပခုံးတစ်ဖက်မှာရှိနေတဲ့ ဂျောင်ဂုလက်တွေကိုသာ ပုတ်ချလိုက်ပြီး အွန်းလေးကိုချော့လိုက်သည်။
" ဦး သူကမနာလိုနေတာ ကျွန်တော်ဦးကိုနမ်းလို့တဲ့ "
ဆော့ဂျင်အွန်းလေးကို ကြည့်လိုက်သည်။အွန်းလေးက ဂျောင်ဂုကိုကြည့်နေသည်။ ဆော့ဂျင်ဂျောင်ဂုကိုပြန်ကြည့်လိုက်တော့ ဂျောင်ဂုကလည်း အွန်းလေးကို ကြည့်နေသည်။ ဂျောင်ဂုက အွန်းလေးကို တမင်ပင် ရန်စနေသည်။ သူ့ပခုံးတစ်ဖက်ကိုလည်း အွန်းလေးနည်းတူ ဖက်ထားသည်။ နေပါအုံး သူ့ကိုဘယ်သူမှမသိစေဖို့ ပြောထားတာကို...
" ဟုတ်လားသမီး သမီးကအဲဒါကြောင့် ငိုသွားတယ်ပေါ့ ဟင် ပါးအချစ်ဆုံးလေး "
" ဦး "
" ပါးပါးအချစ်ဆုံးလား "
" အွန်းပေါ့သမီးရဲ့ ပါးကလေးလေး "
" ဦး "
ဆော့ဂျင် ဂျောင်ဂုခေါ်နေတာသိပေမဲ့ သူတမင်လှည့်မကြည့်ဘဲ အွန်းလေးကိုသာ မွှေးကြူနေသည်။
" ဦးဆို! "
" တော်ပြီ! "
ဆော့ဂျင်ဂရုမစိုက်ဘဲလုပ်နေတော့ ဂျွန်ဂျောင်ဂုခြေဆောင့်ပြီး ထွက်သွားတော့လေသည်။ ကလေးနဲ့လိုက်ပြိုင်ချင်နေတဲ့ကလေးကြီး။
" ကိုကိုစိတ်ကောက်သွားပြီ "
ဂျောင်ဂုစိတ်ကောက်သွားပြီဆိုတော့ အွန်းလေးက တခစ်ခစ်နဲ့ရယ်သည်။ သူလည်း အွန်းလေးနဲ့အတူ လိုက်ရယ်လိုက်သည်။ စိတ်ကောက်သွားတဲ့ ကလေးကြီးက ချစ်စရာကောင်းသားပဲ။
_________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



