ep13
17:15, 23 February 2024အသည်းမာတဲ့ဦး သူ့အပေါ်ခံစားချက်တချို့ကို မြင်နေရသားနဲ့ ဘူးခံငြင်းတယ် နည်းနည်းလေးမှတောင် သူ့ကိုမချစ်ဘူးတဲ့ ပြီးတော့ ချစ်လာမှာလည်း မဟုတ်ဘူးတဲ့ ချစ်ဖို့လည်း စိတ်ကူးရှိလာမှာမဟုတ်ဘူးတဲ့ အရမ်းအပြောကြီးနေတာ မဟုတ်ဘူးလား အပြောကြီးပြီး အလုပ်လည်းညီနေတယ် သူ့မှာထုတ်သုံးစရာလက်နက်တွေလည်း ကုန်နေပြီ ငိုလည်းငိုပြတယ် ကြမ်းလည်းကြမ်းပြတယ်သနားလည်းခံပြတယ် ချစ်စရာကောင်းအောင်လည်း လုပ်ပြတယ် အချစ်တွေလည်း ထုတ်ပြတယ် ဘာပြစေချင်သေးတာလဲ ကင်မ်ဆော့ဂျင်လူဆိုးကြီးရဲ့..အသည်းက တော်ရုံမာရင်ကောင်းမယ် မဟုတ်ရင်ကားတင်ပြေးလိုက်ရမလား ဆေးခပ်အပိုင်ချုပ်လိုက်ရမလား စဉ်းစားမိတော့မယ် သတိထားနေတော့ဆိုတာ..
" အ့! "
" -ီးလုပ်တာလားလို့ ခွေး "
" ဘယ်လိုဖြစ်နေတာလဲ ဆယ်ဘီးကား တက်ကြိတ်ခံရထားသလို ပျော့ခွေလို့ ဘာလဲ ညကမပျော်လိုက်ရဘူးလား "
" နားစမ်းပါကွာ ကိုယ့်ဟာကိုယ်နေ "
ဒီကောင်က မနေ့ကသူနဲ့ပါလာပြီး ခဏပင် စော်လေးနောက် ကောက်ကောက်ပါအောင် လိုက်သွားပြီး ပြန်မလာတော့။မနက်ရောက်တော့ ရုံးမှာတွေ့တော့ တက်ကြွလို့...ကောင်းကောင်းစားလာခဲ့ရပုံပဲ။ ဂျောင်ဂုအမြင်ကတ်လွန်းလို့ မျက်နှာကို တစ်ဖက်စောင်းလိုက်သည်။
" ညကစော်လေးက အရမ်းလှတယ်ကွာ နောက်နေ့လည်း ထပ်ချိန်းထားသေးတယ် အဟိ "
" နားငြီးတယ် ကိုယ့်စောက်လုပ်ကိုယ်လုပ် "
" ဟက် ဟက် မနာလိုတိုရှည်သံကြီးနဲ့ မင်းလည်း မင်းကိုကိုနဲ့ ဘာမှမဘာဘူးလား "
" ချီးကိုဘာ ငါအိမ်ကနေလာတာကွ မင်းလို စော်တကာပတ်ကြောင်တာတွေ ငါမလုပ်ဘူးငါတို့က တစ်ယောက်ဆိုတစ်ယောက်ကိုပဲ အတည် မင်းလိုပတ်စားနေတာမျိုး ရွံတယ် "
" ဟက် ဟက် ကြည့်ရတာ ယောက်ဖက ဘယ်လိုတွေပြောပြီး ငြင်းလိုက်ပြန်ပြီလဲ အဟက်ဟက် ညီလေးရေ စိတ်တော့မကောင်းဘူး ဒီအစ်ကိုကြီးက အကုန်အိုခေနေတော့ စိတ်မကောင်းဘူး အူး ဟူး ဟူး "
" ငါ-ိုးမသား ကလေးအမေ၊တစ်ခုလပ်၊နှစ်လင်ကွာ အစ်မကြီးနဲ့တွေ့ပြီး ညားပါစေ သွားစမ်း "
" ဟားဟား ညီလေးကြည့်ရတာ အစ်ကိုကိုမနာလိုနေပုံပဲနော် အစ်ကိုသောက်နေကြဆေးလေး သောက်ကြည့်မလား ညီလေးလည်း အစ်ကိုလိုစော်ကြည်သွားအောင် "
အနားမှာလာပြောင်နေတဲ့ထိုကောင်ကို သူလျစ်လျှူရှုထားလိုက်တော့သည်။ သူများတွေပြောလည်း ပြောပါစေတော့ သူကိုက ကင်မ်ဆော့ဂျင်မှကင်မ်ဆော့ဂျင် ဖြစ်နေတာ။ မနေ့က အစ်ကိုက သူနဲ့နေဖို့ စိတ်ပါနေသော်လည်း သူမသိချင်ယောင် ဆောင်ခဲ့သည်။သူတကယ် အသစ်လည်းမလိုချင်သေးသလို ဘယ်သူနဲ့မှလည်း အတူနေချင်စိတ်ရှိမနေ။ အစ်ကိုဆိုဟွန်းသူ့ကိုအိမ်ခေါ်သွားမယ်လုပ်တုန်းကတော့ သူမငြင်းခဲ့။သို့သော် အဲဒါက သူအစ်ကို့အပေါ်စိတ်ရှိနေတာမျိုး ဟုတ်မနေ။ ပြန်မယ်လုပ်တော့ သူဦးနဲ့တွေ့သည်။ဦးဒီမှာရှိနေမယ်ကို မထင်ထား၍ ဦးကိုမြင်တော့ သူအံ့အားသင့်မိသည်။ သူအဲတုန်းက သောက်တာများနေ၍ ကိစ္စတချို့ကိုတော့ သူအခုချိန် အသေးစိတ်မမှတ်မိတော့။ သူဦးကိုလိုက်ကပ်နေတာသိလိုက်ပြီး ဦးကိုသူ့ဝန်ထမ်းတွေရှေ့ တခုခုမဖွယ်မရာလုပ်မိထားလား သူမမှတ်မိတော့။ သူဦးကို ကားပေါ်မှာနမ်းခဲ့သေးသည်။ ပြီးတော့ ငိုပြီးဖွင့်ပြောခဲ့သည်။ပြီးတော့ အဖန်တစ်ရာသေနေတဲ့စကားတွေနဲ့ ထပ်ငြင်းခံခဲ့ရသည်။ အိမ်ပြန်ရောက်တော့ သူ့ကိုကားထဲမှာပင် ပစ်ထားခဲ့ပြီး လမ်းတစ်လျှောက်လုံးလည်း စကားမပြောခဲ့။ နောက်တစ်နေ့မနက်လင်းတော့လည်း မခေါ်မပြောနဲ့ အရင်ကလည်း အဲလိုတွေလုပ်ဖူးတာကို ဒီတစ်ခေါက်မှ ထူးပြီး ပိုပြင်းထန်နေသလို။ ဘာလဲ ခံစားချက်တွေပေါ်မှာ ကြောက်နေတာလား အဟွန်း။
အဲဒါတွေကထားပါအုံး သူအခုထိ ဦးဆီသွားဖို့ အကြောင်းပြချက်မရသေးဘူး။ မနက်တည်းက ဦးဆီတစ်ခေါက်မှ သွားမတွေ့ရသေးဘူး ㅠㅠ
" တွေ့ချင်တယ်ကွာ "
" တွေ့ချင် သွားတွေ့ပေါ့ ငါတောင် ခုနကမှ ပြန်ခဲ့တာ "
" ဘယ်လိုနေလဲ စူပုတ်နေတာပဲမလား "
" အင်း... မင်းကြောင့်မလား ငါတောင်ရှိန်တယ် သူပြောတာပဲ နားထောင်ပြီး အတွန့်မတက်ဘဲ ပြန်လာခဲ့ရတာ မင်းဘာတွေသွားလုပ်ထားပြန်ပြီလဲ မင်းကြောင့်နဲ့ ငါကကြားညပ်ညပ်နေပြီ "
" သေလိုက်လေ ချီးကွာ.. မနေ့ကပြန်ကြတော့ သူကလည်း အဲဘားမှာရှိနေတာ အဲဒါနဲ့ ငါသူနဲ့ပဲ အတူပြန်ခဲ့တာ အပြန်ကားပေါ်မှာ သူ့ကိုထပ်ဖွင့်ပြောတာ ထပ်ငြင်းခံရတယ် ဘယ်လိုလူကြီးလဲကွာ ချော့မရခြောက်မရနဲ့ နည်းလမ်းတွေလည်း ကုန်နေပြီ "
" အဲတော့ လက်လျှော့လိုက်တော့လေ စိတ်ညစ်ခံမနေနဲ့ပေါ့ မဟုတ်ဘူးလား "
" မဟုတ်ဘူး လျှော့စရာလား သွားစမ်းကွာ မင်းနဲ့ပြောရတာ အာရုံနှောက်လိုက်တာ ဦးဆီမနက်တည်းက အခုထိမသွားရသေးဘူး တစ်ယောက်မှလည်း ခိုင်းစရာမရှိကြဘူးလားမသိဘူး "
သူဂျူအွန်းကို ပစ်ထားလိုက်ပြီး မတ်တတ်ရပ်ပြီး အားလုံးကို ထမေးလိုက်သည်။ သူပြောတော့ အားလုံးက သူ့ကိုကြောင်စီစီကြည့်နေကြသည်။
" တောင်းပန်ပါတယ် ဘာမှမဟုတ်ဘူး ခိုင်းစရာအလုပ်ရှိလား မေးကြည့်တာပါ "
" အာ ဂျောင်ဂု ခိုင်းစရာရှိရင် ခေါ်လိုက်ပါ့မယ် ကြည့်စမ်းမင်းတို့ ဂျောင်ဂုလို အလုပ်သင်ကတောင် အလုပ်မရှိရင် မေးတတ်နေပြီ သင်ယူကြစမ်း "
" ဟုတ် ရှိရင်ခေါ်လိုက်နော် "
မန်နေဂျာကြီးက အဟုတ်တွေထင်ပြီး ချီးကျူးနေ၍ သူသွားဖြဲပြရင်း ပြန်ထိုင်လိုက်ရသည်။
" စောက်ရူး "
" -ီးဖြစ်လား "
သူဂျူအွန်းကို အသံတိတ်ဆဲရေးလိုက်ပြီး စားပွဲပေါ်ကစာရွက်တွေ တွန်းဖယ်ကာ ပြန်အိပ်ဖို့ပြင်လိုက်သည်။ ဂျူအွန်းကိုတော့ ကင်မ်ဆော့ဂျင်အလုပ်တွေပေးလိုက်တယ်ထင်ပါရဲ့ သူနဲ့တောင် ရန်ဖက်မဖြစ်နိုင်တော့ဘဲ အလုပ်တွေကုန်းလုပ်နေသည်။သူလည်းအလုပ်လုပ်ချင်ပေမဲ့ ဦးကိုမတွေ့ရသေးလို့ အားတွေပြတ်နေတယ်လို့... ဦးကိုတွေ့ချင်တယ်လို့..
ဘာပဲဖြစ်ဖြစ်ကွာ .....သူထရပ်လိုက်သည်။ ဦးဆီသွားမယ် အကြောင်းပြချက်ကတော.. ဟွန်း ဟွန်း
......................................
" ဆော့ဂျင် ကော်ဖီသောက်မယ်မလား "
ဆော့ဂျင် ဂျယ်ယောင်းအမေးကို မော့မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူဂျောင်ဂုကို ကော်ဖီမပို့ခိုင်းတော့တာကြာပြီ။ ဂျောင်ဂုက အိမ်ပေါ်ကဆင်းပြီး ကိုယ့်ဟာကိုယ်ရပ်တည်ချင်တယ် ပြောပြီးကတည်းကပေါ့။ ဒါပေမဲ့ အဲတုန်းက ဂျောင်ဂုက ကော်ဖီဖိုးတော့ တတ်နိုင်သည်၊အလုံအလောက်ရှိသည်ပြောပေမဲ့ သူကပင် လာမပို့နဲ့ အပြတ်ပြောလိုက်သည်။ဒါပေမဲ့လည်း ဂျောင်ဂုက သူ့စကားနားမထောင်ပါဘူး သူနဲ့ကားလိုက်စီးရလို့တစ်ဖုံ အလုပ်သင်ပေးလို့ ကျေးဇူးတင်လို့တစ်မျိုး အမျိုးမျိုးနဲ့ ဝယ်ကျွေးသည်။အမြဲတမ်းတော့မဟုတ်ပေမဲ့ တစ်နေ့တစ်နေ့ မရိုးရအောင်တော့ တစ်မျိုးပြီးတစ်မျိုး မတူရအောင် သူ့ဆီယူလာပေးသည်။ အဲဒါကို မနေ့ကလို လစာရရက်မှာတောင် ဒီနေ့မှာသူ့အတွက် ဘာမှလာမပေးသေး။ပြောတော့ဖြင့် ဦးအတွက်သုံးချင်တယ် ကျေးဇူးတင်လို့လက်ဆောင်ဝယ်ပေးချင်တယ်လေး ဘာလေးနဲ့ ကော်ဖီတစ်ခွက်တောင် ပေါ်မလာသေးဘူးအခုထိ။
အလကားကောင် ညကဖြုန်းလို့ ကုန်ပြီနေမှာပေါ့။အိမ်ပြန်မယ်လေး ဘာလေးနဲ့ လူကိုမလိမ့်တပတ် လိမ်သွားသေးတယ်။ သူပြန်မသိနိုင်ဘူးအထင်နဲ့ သူ့ကိုပြောသွားတာ တိုက်တိုက်ဆိုင်ဆိုင် သူတို့ တစ်ဆိုင်တည်းမှာ လာဆုံကြတယ်။ သူကတော့ မူးပြဲလို့... ပြီးတော့ နောက်တစ်ခုသူ့ကိုလိမ်သေးတယ် သူ့မှာလက်ရှိတွဲနေတဲ့သူ ရှိတယ်ဆိုတာပဲ ဌာနခွဲသုံးက သူ့ဝန်ထမ်းဟန်ဆိုဟွန်းဆိုတဲ့ကောင်လေးနဲ့ တွဲနေတာကို သူဒီမနက် သိလိုက်ရသည်။ မနေ့ညကတည်းက သူတို့က အတူပြန်ဖို့လုပ်ထားတာကို ဂျောင်ဂုက သူ့ကိုမြင်တော့ အစီအစဉ်ကို တစ်မျိုးပြောင်းပစ်သည်။ သူလူတွေကို ဘယ်လောက်ထိကစားနေချင်သေးတာလဲ။ လက်ရှိကောင်လေးအရှေ့မှာပင် သူလုပ်သွားတာ။ ဘာတွေလဲ သူလိုက်မမီတော့။ သူ့မှာအဲလိုဇာတ်လမ်းတွေရှိလျက်နဲ့ သူ့ကိုလာစရဲတာတော့ သူလေးစားသည်။ သူ့အကြောင်းတွေ သူသိသွားသည်မလို့လားမသိ ဒီမနက်တော့ တစ်ခေါက်မှ သူ့ရှေ့ပေါ်မလာသေး။
" ပီဇာ ပီဇာစားမလား "
" မင်းစားချင်ရင်မှာ "
" ကြက်ကြော်ကအစပ်လား အချိုလား "
" မစားဘူး "
" ဟာ ငါတစ်ယောက်တည်းမကုန်ဘူး အစပ်တစ်ဝက် အချိုတစ်ဝက် မှာလိုက်မယ် နောက်ပြီး "
ဒီဂျန်ဂျယ်ယောင်းကတစ်မျိုး.. မနက်တည်းက သူ့ဆီရောက်နေပြီး နေရာဦးထားတာ ထိုင်ရာကမထတော့။ သူ့အခန်းထဲလည်း သူမှာစားထားတဲ့အဆီ၊အနံ့၊အမွှေးအကြိုင်တွေချည်းပဲ။ သူ့တိုက်ခန်းထဲမှာနေရတာ အထီးကျန်တယ်ပြောလို့ သနားလို့ခေါ်ထားမိတာကို သူ့ရုံးခန်းတစ်ခန်းလုံး သိမ်းမနိုင်လောက်အောင် ပွနေပြီ။ မနက်တည်းက တစ်ခုပြီးတစ်ခု မှာစားနေတာ ဂိမ်းစက်တွေလည်း အွန်လိုင်းကမှာပြီး ဝယ်ဆော့ပြီး ပစ်ထားသည်။အခုလည်း ဗိုက်ဆာတယ်ဆိုပြီး တစ်ခုပြီးတစ်ခု မှာစားနေသည်။ တစ်ယောက်တည်းစားဆိုလည်း မစားဘူး မင်းရောစား ငါမကုန်ဘူး၊တစ်ယောက်တည်းစားမဝင်ဘူး ဆိုတာချည်း။ သူကိုက အာချောင်ပြီး ခေါ်ထားမိတာ။
" တော့ပိုကီ ပွဲကြီးလားပွဲသေးလား "
ဆော့ဂျင်ဘောပင်ကိုချလိုက်ပြီး ဆိုဖာပေါ်ဖြစ်ကတတ်ဆန်းထိုင်နေတဲ့ ဂျယ်ယောင်းကို ကြည့်လိုက်သည်။ လွန်လွန်းနေပြီမဟုတ်ဘူးလားပျော်ပွဲစားထွက်လာတယ်များ ထင်နေလား။
" မင်းကလည်း အဲလိုမကြည့်ပါနဲ့ ငါကမင်းကြိုးစားလုပ်နေလို့ မင်းဗိုက်ဆာတာနဲ့ အဆင်သင့်စားလို့ရအောင် ငါလုပ်ပေးနေတာ "
" မင်းကို ငါစားမယ်လို့ပြောလို့လား မင်းမှာနေတာ ဘယ်နှခုရှိနေပြီလဲ မနက်တည်းက မင်းမှာထားတာတွေ ရောက်နေတာ ငါ့ရုံးခန်းတံခါးတောင် ပျက်တော့မယ် မင်းကိုယ်မင်း ကလေးများမှတ်နေလား ကလေးကလားတွေလာလုပ်နေရအောင် ဒါပျော်ပွဲစားထွက်လာတာမဟုတ်ဘူးနော် မင်းသိဖို့ "
" မင်းကပြောပြီပေါ့ ငြိုငြင်ပြီပေါ့လေ ရပါတယ် ငါဒါတွေအကုန်လုံး ပြန်ပယ်လိုက်တော့ပါမယ် မင်းအနှောင့်အယှက်ဖြစ်သွားမှန်း မသိလိုက်ဘူး တကယ်က ငါအရမ်းအထီးကျန်နေလို့ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေးဆီလာပြီး ကုစားတာပါ ငါလည်းမင်းကို အနှောင့်အယှက်မပေးချင်လို့ ငါ့ဟာငါပဲ နေမလို့ကို မင်းကခေါ်တော့ ငါအရမ်းပျော်ပြီး ဝမ်းသာသွားရတာပါ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ငါ့ကိုပစ်မထားဘူးလို့ ထင်ခဲ့တာ မင်းကငါ့ကို မကောင်းတတ်လို့ခေါ်မှန်း ငါမသိခဲ့ဘူး ရတယ်ဟျောင့် ငါမင်းကိုအနှောင့်အယှက်မပေးတော့ဘူး "
" ဘယ်လဲအဲဒါ "
ဒရမ်မာတွေချိုး ဇာတ်လမ်းတွေရိုက်နေတဲ့ ဂျယ်ယောင်းက ဖုန်းတွေ ကားသော့တွေ ကောက်ကိုင်ပြီး ထွက်သွားတော့ဟန်ပြင်နေတော့ သူခါးထောက်ပြီး မေးလိုက်သည်။
" ဘယ်ရမှာလဲ မင်းအတွက်ငါက အနှောင့်အယှက်ဆိုမှတော့ ငါထွက်သွားရတော့မှာပေါ့ "
" ငါ့ကိုတစ်ယောက်တည်းထားသွားမလို့လား "
" သူငယ်ချင်း မင်းကအကောင်းဆုံးပဲ ငါသိတယ် မင်းငါ့ကိုပြန်မလွှတ်ဘူးဆိုတာ "
" ငါပြောတာဆုံးအောင်နားထောင် မင်းဖွထားတာတွေ ရှင်းပြီးမှသွားလို့.. သွား သွားရှင်းပြီးမှ မင်းဟာမင်းအထီးကျန်လို့ပါ့သေသေ "
" ဒီခွေး ကင်မ်ဆော့ဂျင် အလကားအစုတ်အပြတ် မင်းလုပ်ထားအုံးပေါ့ မင်းအလှည့်ဆိုတော့လည်း လုပ်လေ အလှည့်ကျမနွှဲစတမ်းဘဲ "
ဆော့ဂျင်အလုပ်နေရာတွင် ပြန်ထိုင်လိုက်သည်။ဂျယ်ယောင်းပွစိပွစိနဲ့ သူ့ကိုကြိမ်းဝါးပြီး စားပွဲပေါ်ကဖွထားတာတွေ ရှင်းနေသည်။ သူ့ကို အရင်လိုများ ထင်နေလားမသိဘူး မျက်ရည်ခံထိုးပြီး လှည့်စားချင်နေတာ။ ကင်မ်ဆော့ဂျင်ကို ဒါမျိုးလာလုပ်လို့ မရတော့ဘူး။
" သေချာလှဲ ဆီတွေလည်း ပြောင်အောင်သုတ် "
ဒေါက် ဒေါက်
" ဟော မင်းမှာထားတာတွေထင်တယ် တံခါးအရင်သွားဖွင့်လိုက်အုံး ပြီးမှလှဲ "
" မင်းနော် အေး တွေ့မယ် "
ဂျယ်ယောင်းသူ့ကိုကြိမ်းဝါးရင်း တံခါးဘက်လျှောက်သွားသည်။ သူသဘောကျရယ်နေရင်း သူ့နေရာတွင် ပြန်ထိုင်လိုက်သည်။
" ဘယ်သူလဲ ဘာမှမပါဘူးလား "
" ဘာပါရမှာလဲ "
ဂျောင်ဂု ဦးအခန်းတံခါးခေါက်တော့ အရင်လိုဝင်ခဲ့ဆိုတဲ့ အသံမကြားရဘဲ အကြာကြီးစောင့်နေရသည်။လာဖွင့်ပေးတော့လည်း ကင်မ်ဆော့ဂျင်ရဲ့ ဘိုးတော်ကြီးပင်။ဘာလို့ဒီကိုရောက်နေတာလဲ! ဘယ်တုန်းကလဲ! ပုံစံကလည်းအိမ်နေရင်းပုံစံ ဖရိုဖရဲနဲ့။ သူ့ကိုမြင်တော့ ကြောင်တောင်တောင်နဲ့ ဘာပါလဲ အရင်မေးသည်။ ဘာပါရမှာလဲသူက..သူစိတ်ကမကြည်တာနဲ့ ဘုတောတောပေးလိုက်သည်။ ထိုအခါ ထိုဘိုးတော်က သူ့ကိုခေါင်းအစခြေအဆုံး စုန်ဆန်ကြည့်သည်။ သူလည်းပြန်ကြည့်ပေးလိုက်သည်။
" ဒါဆိုဘာလဲ "
" ခင်ဗျားကရောဘာလဲ "
'' ဩ ငါကငါမှာထားတဲ့ ပစ္စည်းလာပို့တဲ့သူ ထင်နေတာမင်းကို.. ဆောရီး ဒီကဝန်ထမ်းလား ဒါဆိုဝင်လေ ငါကစီအီးအိုမိတ်ဆွေပါ သူရှိတယ် "
ထိုလူကြီးက သူ့ကိုတံခါးဖွင့်ပေးပြီး ဝင်စေသည်။သူထိုလူကြီးကို ပြန်မဖြေဘဲ အထဲဝင်ခဲ့သည်။
" ငါ့အတွက် ကော်ဖီပဲလာပေး ကျန်တာကိုယ့်ဟာကိုယ်မြိုနော် ထပ်ဖွရင် မင်းပဲရှင်းရမှာ "
ဂျောင်ဂုဦးဆီလျှောက်လာတော့ ဦးက သူ့ကိုမော့မကြည့်ဘဲ စကားတွေပြောနေသည်။ တကယ်ပဲ ဦးနဲ့ဟိုဘိုးတော် ဘာတွေလုပ်နေကြတာလဲ။ နှစ်ယောက်လုံးက သူ့ကိုလာအထင်မှားနေကြတယ်။ သူပြန်မဖြေဘဲ ရပ်နေတော့မှ မော့ကြည့်လာသည်။ သူမျက်နှာကို စူပုတ်ထားလိုက်မိသည်။
" မင်းက ဘာကိစ္စလဲ "
" ဘာလုပ်နေကြတာလဲ ဦးတို့ "
သူသူ့နောက်နားက ဘိုးတော်ကို လှမ်းကြည့်မေးလိုက်သည်။ပြီးတော့ အခန်းထဲကို ဝေ့ဝှိုက်ကြည့်လိုက်သည်။ ဦးရဲ့ဧည့်တွေ့စားပွဲသည် ရှုပ်ပွတက်နေသည်။ အဲဒါဘာဖြစ်နေကြတာလဲ ခါတိုင်း ဖုန်တစ်စက်မှမရှိတဲ့အခန်းက.. ဂျောင်ဂု ကင်မ်ဆော့ဂျင်ကို စူးစူးကြည့်လိုက်သည်။
" ဘာလုပ်နေလို့လဲ... ငါကမင်းကို ငါတို့မှာထားတာတွေ လာပို့တဲ့သူထင်နေတာ ဘာလာလုပ်တာလဲအခုက "
" ဟွန့် "
သူမေးတာကိုမဖြေဘူးဘဲ.. သူထပ်ပြီး ဟိုအဘိုးကြီးကို ကြည့်လိုက်တော့ ထိုဘိုးတော် ကစားပွဲပေါ်ကဟာတွေကို ရှင်းနေသည်။ ရုံးမှာ သန့်ရှင်းရေးဝန်ထမ်းတွေရှိတာကို ဘာသဘောလဲ အဝင်မခံချင်လို့လား။ သူထိုအကြောင်းကို နက်နက်နဲနဲ တွေးနေမိသည်။ သူဦးကို သူစိမ်းနဲ့နှစ်ယောက်ထဲ အခန်းထဲမှာ မမြင်ချင်ဘူး။ ဘယ်လောက်ပဲရင်းနှီးတယ်ဆိုဆို သူသဝန်တိုပါသည်။
" ဘာကိစ္စလဲမေးနေတာ မင်းကို "
ဂျောင်ဂုက သူ့မေးတာကိုမဖြေသေးဘဲ နှုတ်ခမ်းစူနေသည်။ ဝင်လာတည်းက သူ့ကအထက်လူကြီးလိုလိုမျက်နှာက မာတင်းနေသည်။ အခုလည်း ဘာလာလုပ်တာလဲမေးနေတာကို မဖြေဘဲ နှာတစ်ချက်သာမှုတ်သည်။အလုပ်ကိစ္စပြောရအောင်လည်း လက်ထဲဗလာချည်းပါလာတာမလို့ မေးနေရတာ အာပေါက်တော့မည်။
" အလုပ်မရှိလို့ "
" ဘာ "
" အလုပ်မရှိလို့ပါဆို အဲဒါကြောင့် ဦးဆီအလုပ်လာတောင်းတာ "
" မင်းဌာနက စီနီယာဆီမှာ တောင်းရမှာမဟုတ်ဘူးလား ငါကမင်းကို ဘာအလုပ်ပေးရမှာလဲ "
" မရဘူး ဂျူအွန်းကိုတောင် ပေးလိုက်သေးတာပဲ ကျွန်တော်ကဘာဖြစ်နေလို့လဲ "
" အဲဒါနဲ့.. "
အဲဒါနဲ့ပဲ သူ့ဆီလာတယ်ပေါ့။ ထိုကောင်လေးက အတည်ပေါက်ခေါင်းညိတ်ပြနေသည်။ သူဂျူအွန်းကိုက သူ့နေရာကို တဖြည်းဖြည်းနဲ့လွဲပေးတော့မည်မလို့ သိထားသင့်တာတွေကို ပေးသင်ပေးနေသည်။ ဒါကြောင့် သူ့ဆီကို အလုပ်လာတောင်းတယ်!.. သူ့လိုအလုပ်သင်က စီအီးအိုဆီမှာ ဘာအလုပ်ရနိုင်မှာလဲ။ ဂျောင်ဂုက အတည်ပေါက်နဲ့ မရမချင်း ပြန်မှာမဟုတ်တော့ဘူး။သူ့ဘာအလုပ်ခိုင်းရမလဲ အပြေးအလွှားစဉ်းစားနေမိသည်။
" စီအီးအို ပစ္စည်းရောက်ပါတယ် "
အပြင်ကအတွင်းရေးမှူးမလေးအသံက သူတို့အခန်းထဲ ဖြတ်ဝင်လာခဲ့တော့ အခန်းထဲကသုံးယောက်လုံး တံခါးဘက်ကြည့်မိကြသည်။အမှိုက်ရှင်းနေတဲ့ဂျယ်ယောင်းက မြန်မြန်ပင် ထသွားသည်။ သူနဲ့ဂျောင်ဂု တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေမိသည်။
" ဦးတို့ဘာတွေလုပ်နေကြတာလဲ "
ဂျောင်ဂုက မှုန်ကုတ်ကုတ််နဲ့ ထပ်မေးပြန်ပြီ။ ဘာလုပ်နေတယ်များထင်နေတာလဲ။
" အဲလူကြီးက ဘယ်ကတည်းက ရောက်နေတာလဲ အခန်းထဲလည်းပွနေတာပဲ ဒါစီအီးအိုအခန်းလား မေးယူရအောင်ကို.. ခါတိုင်း ကျွန်တော့်ကိုကြတော့ အခန်းထဲအကြောင်းမရှိရင် မလာနဲ့တွေ ငါ့အခန်းထဲအလုပ်ကိစ္စကလွဲရင် လာမပြောနဲ့တွေက ဘာလဲ ခွဲခြားခွဲခြားနဲ့ သူ့ကိုကျတော့ ဒီလိုတွေလုပ်ဖို့ ခွင့်ပြုထားတယ်ပေါ့ "
" ငါ့သူငယ်ချင်းလေသူက တစ်ခါတလေလာတာမလို့ လွှတ်ထားတာ ပြဿနာရှိလို့လား "
" ရှိတယ် "
ရှိတယ်ဆိုတော့ ဘာလဲဆိုပြီး မျက်ခုံးပင့်မေးလိုက်သည်။ထိုအခါ ပါးစပ်တပြင်ပြင်နဲ့ ဘာမှပြန်မဖြေလာခဲ့။
" ရား အလုပ်ကနောက်ထား လာစားလာကြအုံး "
" ဘာမှမရှိတော့ဘူးဆို သွားလို့ရပြီ အလုပ်ကိစ္စကို မင်းတို့ဌာနမှူးဆီက ငါတောင်းပေးလိုက်မယ် "
ဆော့ဂျင် ဂျောင်ဂုကိုပစ်ထားခဲ့ပြီး နေရာမှထလာခဲ့သည်။ဂျယ်ယောင်းကစားပွဲပေါ် ထပ်ပြီးဖွထားပြန်ပြီ။ သူအော်ချင်ပေမဲ့ လောလောဆယ် မြိုသိပ်ထားလိုက်သေးသည်။ဂျောင်ဂုသွားမှပဲ...
" ဟိုကောင်လေးရော လာလေ နေ့လယ်စာစားချိန်လည်း နီးနေပြီ တစ်ခါတည်းလာစား ..... သူက ဂျူအွန်းနဲ့ အလုပ်သင်လာလုပ်တဲ့ ကောင်လေးမလား "
" အင်း.. ဘာလို့ခေါ်နေတာလဲ သူလာမှမဟုတ်ဘူး "
ဆော့ဂျင်ထိုင်လိုက်ပြီး ဂျောင်ဂုဘက်ကြည့်လိုက်သည်။ထိုအခါ ဂျောင်ဂုက သူ့ဘက်လျှောက်လာသည်။
" မင်းပြောတော့ မလာဘူးဆို နေရာဖယ်ပေးလိုက် ဟိုဘက်တိုး... လာညီလေး အစ်ကိုအများကြီး မှာထားတာ "
သူနေရာရွှေ့ပေးလိုက်ရပြီး ဂျောင်ဂုက သူ့နားတွင် လာထိုင်သည်။ သူများက အားနာပါးနာခေါ်တာကို တကယ်ကြီးလာထိုင်ပြီး မျက်နှာက အလိုမကျသလို မျက်မှောင်ကြီးကို ကျုံ့ထားသည်။ မသိရင် သူ့မုန့်တွေကိုပဲ သူတို့က ခွင့်မတောင်းဘဲစားနေသလို။
" စားညီ နေ့လယ်စာစားချိန်လည်း ကျော်နေပြီ ဖျော်ရည်တော့ ညီ့အတွက်မပါတော့ဘူး သောက်ချင်ရင် မှာပေးရမလား "
" တော်ပြီ ဦးနဲ့ပေါင်းသောက်မှာ "
" မသောက်ဘူးမင်းနဲ့ သတ်သတ်မှာ ငါသူများနဲ့ပေါင်းသောက်ရတာ မကြိုက်ဘူး "
" မှာလိုက်မလားညီ ဘာသောက်မလဲ "
" မသောက်ဘူး "
ဂျောင်ဂုခေါင်းမာတာက ရိုက်ခွဲချင်စရာလေး သူများဟာတွေလည်း စားသေးတယ် မျက်နှာကြောက တစ်စက်မှမလျှော့။ မှာထားသမျှ တစ်ခုပြီးတစ်ခု ယူစားနေတာ ဂျယ်ယောင်းတောင် လက်လျှော့လိုက်ရတဲ့အထိ။
" ဘယ်လိုဖြစ်နေတာလဲမင်း "
ဆော့ဂျင်စိတ်တိုတိုနဲ့ စားလက်စတူကို ဆောင့်ချရင်း မေးလိုက်သည်။ ဟုတ်တယ်လေ သူက သူတို့စားမဲ့ဟာတွေကချည်း ဦးအောင်နှိုက်နှိုက်သွားတာ။ လူကြီးတွေကြားမှာ သူ့အပြုအမှုကဘယ်လိုလဲ!
" ဘယ်လိုဖြစ်နေလို့လဲ "
" မင်းဘာလို့အစားစားရင်း လိုက်နှောင့်ယှက်နေတာလဲ "
" လုပ်မိလို့လား အနှောင့်အယှက်ဖြစ်သွားရင် ဆောရီး ဗိုက်ဆာနေလို့ မြန်မြန်စားမိသွားတာ "
သူကဘာမှမဖြစ်သလိုပင် အစားမပျက်ပြန်ပြောတော့သူတို့ကပဲ လက်လျှော့ပေးလိုက်ရသည်။ နောက်ဆုံး သူချည်းစားဖို့ ဂျယ်ယောင်းက အစားအသောက်တွေ ရှေ့တိုးပေးသည်။
" ညီလေး အစ်ကိုနဲ့ရန်ငြိုးရှိလို့လား "
" မရှိပါဘူး ဘာလို့လဲ "
" မသိပါဘူး ရန်ငြိုးရှိတယ်ဆိုလည်း ရှောင်ရအောင်လို့ အခုညီက ကိုယ်တို့ကို အမြင်ကတ်ကတ်နဲ့ ပညာပေးနေသလိုပဲ ဥက္ကဌဂျွန်များ သူ့ဆီမလာလို့ သူ့သားကို အစားပညာပြခိုင်းထားတာလား တွေးမိသွားတယ် "
" မဟုတ်တာ ကျွန်တော်ဗိုက်ဆာလို့ "
သူဗြောင်ပင် လိမ်ပြောလိုက်သည်။ ထိုအခါ ကင်မ်ဆော့ဂျင်က တစ်ချက်ရယ်သည်။ သူ့ကိုရယ်သည်တော့မဟုတ်။
" မင်းကိုခေါ်သေးတာလား ဥက္ကဌဂျွန်က "
" ဒါပေါ့ ဒါကြောင့်ပြောတာ ငါ့ကိုလိုချင်နေတဲ့သူတွေ အများကြီးလို့ အဲဒါကြောင့် ငါ့ကိုကောင်းကောင်းဆက်ဆံ မဟုတ်ရင် ငါမင်းကိုပစ်ထားမှာ "
ဘာစကားလဲ! ဦးကိုဖွန်ကြောင်နေတာလား ဒါပေမဲ့ ဦးကဘယ်လိုမှမနေ ရယ်တောင်ရယ်နေသေးတယ် မဟုတ်သေးပါဘူး ကင်မ်ဆော့ဂျင်က သူ့ကိုကြတော့ အဲလိုမဟုတ်ပါဘူး သူအဲလိုပြောရင်တော့ မျက်နှာကြီးက မှုံတင်းနေပြီ။
" ဘယ်တုန်းကတွေ့ကြတာလဲ "
" ဘယ်ဟုတ်မလဲ ငါဟိုမှာကတည်းက တွေ့ဖြစ်သေးတယ်အဲကတည်းကခေါ်နေတာ အခုတော့ မတွေ့သေးပါဘူး ငါပြန်ရောက်ပြီဆိုတာတော့ သိတယ် မတွေ့ဖြစ်သေးဘူး "
" သွားတွေ့အုံးလေ ငါ့ကိုလည်း ခေါ်ထားတယ် ငါကမအားတာ "
ဂျောင်ဂုတူကို ပစ်ချလိုက်သည်။ သူတို့က သူ့ကိုလျစ်လျှူရှုထားပြီး နှစ်ယောက်တည်းပြောနေကြတာ။အထူးသဖြင့် ကင်မ်ဆော့ဂျင် အရင်လိုမဟုတ်ဘူး စကားတွေကို ရေပက်မဝင်ပြောနေတာ။ သူအမြင်ကတ်ကတ်နဲ့သူ့ရဲ့သောက်လက်စကော်ဖီခွက်ကို ယူမော့လိုက်သည်။
" ဟေ့ ငါ့ဟာ ဘာလုပ်တာလဲ ''
ဦးက သူယူလိုက်တဲ့အချိန် အချိန်မီတားပေမဲ့ သူရအောင်သောက်ပစ်လိုက်သည်။ ပိုက်ကို နှုတ်ခမ်းဖြင့် သေချာပင် အသံမြည်အောင် စုပ်သောက်ပစ်လိုက်သည်။
" ဘာလုပ်တာလဲ ငါ့ဟာကို "
" အွန့် ကျန်သေးတယ် "
" ဘာလို့ယူရမှာလဲ ကိုယ့်ဟာကိုယ်သောက် ငါသူများနဲ့ပေါင်းမသောက်ဘူး "
" ဟုတ်တယ်ကလေးရဲ့ ဒီကောင်က သူများနဲ့ပေါင်းသောက်တာ မကြိုက်ဘူး ကိုယ်ပြောတယ်မလား အသစ်မှာမလားလို့ "
" ဘာမှမဖြစ်ပါဘူး အခုလည်း ဦးကမသောက်တော့ဘူးဆိုတော့ အတော်ဖြစ်သွားတာပေါ့ ဖြုန်းတီးရာမကျတော့ဘူးလေ "
" ဘာကွ မင်းလာသောက်လို့လေ ငါ့ဟာကို "
" ဦးက အစားတစ်လုပ်တောင် မသဒ္ဓါတော့ဘူးပေါ့ တခြားသူလည်းမဟုတ်ဘဲနဲ့ ကိုယ့်ဝန်ထမ်း၊ ကိုယ်ကြည့်ပေးနေရတဲ့ကလေးကိုလေ "
" မသဒ္ဓါဘူးလို့ ကိုယ်တို့မပြောမိပါဘူး ကိုယ်တို့မင်းကိုသတ်သတ်မှာဖို့တောင် ပြောခဲ့ကြသေးတာပဲ "
" တစ်လုတ်လေးသောက်တာတောင် ပြောနေတာ တစ်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ ပြီးတော့ဒီဘက်ကဦးလေးကြီးကို မပြောပါဘူး ဦးကိုပဲပြောတာ ဒီဦးက အရင်တည်းက ကျွန်တော့်ကိုဆို ပြောချင်ပြီး အမြဲမကောင်းမြင်နေတာ ခုနကတည်းက ဦးဂျင်က ကျွန်တော်လာစားတာကို မကြိုက်ဘူး ဦးတို့အချိန်ကောင်းကို နှောင့်ယှက်မိသွားပြီ "
" ဟေ့ ဟေ့ "
" ထားလိုက် "
ဂျောင်ဂုက စကားတွေတရစပ်ပြောပြီး ထပြန်သွားသည်။သူကပဲ ပြောရတယ်ရှိသေး။ သူကတစ်ဖန် စိတ်တိုပြန်ရသေးတယ်။ မခေါ်ဘဲ အတင်းတွေ ဝင်စားသွားပြီးမှ ကော်ဖီမတိုက်တော့ သူ့ကိုမသဒ္ဓါဘူးဖြစ်ကုန်ရော။ဒီကောင်လေး တခုခုကို မကြည်ဖြစ်နေတာ ဝင်လာကတည်းက သူသတိထားမိသည်။ သို့သော် ဘာကိုမကြည်လည်း သူမသိ။ သိလည်းမသိချင် သိဖို့လည်းမလို။ သူ့ဟာသူ သူ့စိတ်နဲ့သူ ဘယ်လိုနေနေ လိုက်လျောပေးချင်စိတ်လည်း မရှိတော့။ လိုက်လျောလွန်းလို့ အကမ်းတက်ပေါင်းလည်း များနေပြီ။ နေစမ်းပါစေ။အကြောင်းမသိသေးသည့် ဂျယ်ယောင်းကတော့ ပြန်ခေါ်ဖို့လုပ်နေသည်။ သူ့ကတော့ ဒါတွေရိုးနေပြီ။တဆ်ိတ်ရှိ စိတ်လေးလုပ်ချင် ကောက်ချင်နဲ့ လူကို သူ့အဖေများမှတ်နေလားမသိဘူး။
" ကောင်လေးက တခုခုပဲ ငါ့ကိုကြည်ပုံမရဘူး ငါလည်းသူ့ကို ဒီနေ့မှပဲ ကောင်းကောင်းမြင်ဖူးတာပါ "
ခေါင်းတယမ်းယမ်းနဲ့စဉ်းစားနေတဲ့ဂျယ်ယောင်းကို သူဝင်မပြောမိ။ သူ့စိတ်ထဲထင်မိတာ ရှိပေမဲ့ သူနှုတ်ဆိတ်သာ နေလိုက်တော့သည်။
__________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



