Fanfics

ep8

15:32, 20 February 2024

" ဦး ဦးနဲ့လမ်းကြုံလိုက်ချင်လို့ "

" မင်းကားကရော "

" မပါဘူး ဦး "

" ဂျူအွန်းကရော "

" သူက သွားစရာရှိလို့ အရင်ပြန်သွားပြီ ဦး "

ဆော့ဂျင်သက်ပြင်းချမိလိုက်သည်။ သူငြင်းဆန်ဖို့ စကားရှာမရသေး။ ဒီကောင်က ကြာလေဆိုးလာလေ။တစ်ခါ သူ့ကြောင့်ငိုသွားပြီးကတည်းက သူက လာလာငိုပြနေတာ။ နေ့လယ်စာအတူလိုက်မစားနိုင်ရင် မျက်နှာငယ်သွားပြီးမျက်ရည်တစမ်းစမ်း ဖြစ်လာသည်။ ကော်ဖီဆိုပြီးလည်း မနက်တစ်ခေါက်နေ့လယ်တစ်ခေါက် လာလာပို့သည်။ လာမပို့နဲ့ တစ်ခါဆိုရပြီပြောတော့လည်း ချက်ချင်းမျက်နှာပြောင်းသွားပြီး ရှိုက်မတတ်ပင် သူက သူ့ကိုမုန်းနေသည်ဆိုပြီး ငိုပြောသည်။ အဲတုန်းကလည်း သူကပင် ချော့မော့ပြောပြီး ပြန်လွှတ်လိုက်ရသည်။ ကြာရင် လူတွေမြင်တော့မယ် အလုပ်သင်ကောင်လေးက စီအီးအိုအခန်းထဲက ငိုငိုပြီး ပြန်ထွက်လာတယ်ဆိုပြီး။ဒါတောင် သူ့အတွင်းရေးမှူးနှစ်ယောက်က ရိပ်မိနေပြီလား မပြောတတ်။

" ဦး လိုက်လို့မရလို့လား "

" အမ် အဟမ်း... ဟုတ်တယ် ငါကအိမ်တန်းပြန်မှာမဟုတ်သေးဘူး အဲဒါကြောင့် "

" ဦးကဘယ်သွားစရာရှိလို့လဲဟင် ဒါမှမဟုတ် ကျွန်တော့်ကိုငြင်းချင်လို့လား "

အေး ဟုတ်တယ်လို့ သူပြောလိုက်ချင်ပေမဲ့ ချက်ချင်းအိုကျသွားတဲ့ မျက်နှာထားကြောင့် သူမြိုသိပ်ထားလိုက်ရသည်။

" ရပါတယ် ကျွန်တော်ဘတ်စ်ကားပဲ စီးကြည့်လိုက်ပါတော့မယ် တစ်ခါမှတော့ မစီးဖူးပေမဲ့လည်း ဦးကိုစိတ်အနှောက်အယှက် မပေးချင်ပါဘူး "

" နေပါအုံး မင်းကားကဘာဖြစ်လို့လဲ ကားမရှိတော့ရော အငှားကားတစ်ခုခုစီးလို့မရဘူးလား ခါတိုင်းမင်းဘော်ဒါတွေကရော တစ်ယောက်ယောက်ကို အကူအ‌ညီတောင်းလို့မရလို့လား "

" ဟူး.. မဟုတ်ပါဘူး ကျွန်တော်ဒီရက်ပိုင်း ဆုံးဖြတ်ချက်တစ်ခုချထားလို့ပါ အဲဒါက အိမ်ကအကူအညီတွေမယူဘဲ ကိုယ့်ဟာကိုယ်နေကြည့်ချင်လို့ပါ အဲဒါကြောင့် ကားလည်းမယူဘဲ  သူငယ်ချင်းအကူအညီတွေလည်း မယူဘဲ နေကြည့်တာပါ ဦးနဲ့က လမ်းကြုံလို့ပြောမိတာပါ ပုံမှန်ဆို ဂျူအွန်းနဲ့အတူပြန်ပေမဲ့ သူကဒီနေ့ကိစ္စရှိနေတာနဲ့ "

အဲလိုများလား... ဒီကောင်လေးဘယ်ဆိုးလို့လဲ။ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြုပြင်ပြောင်းလဲရမလဲ သိသေးတယ်ရော။ ဒါဆိုသူက ထင်သလောက်ကြီး မဆိုးသေးဘူးဘဲ။ ဒီလိုဆိုမှတော့ သူလမ်းကြုံခေါ်ခဲ့ရုံအပြင် မရှိတော့ဘူး‌ပေါ့။

" အဟမ်း ငါက အွန်းလေးကိုကြိုဖို့ရှိနေသေးလို့ မင်းအဆင်ပြေတယ်ဆိုရင်လည်း လိုက်ခဲ့လေ အွန်းလေးကျောင်းကြိုပြီးရင် မင်းကိုလိုက်ပို့လို့ရတယ် "

" တကယ်လား ဦး ကျွန်တော်လိုက်ခဲ့လို့ရလား "

" အင်း "

သူခေါင်းညိတ်လိုက်ပြီး ကားတံခါးဖွင့်လိုက်သည်။ထိုကောင်လေးကလည်း ခပ်မြန်မြန်ပင် တစ်ဖက်နေရာ ရောက်သွားသည်။ သူတို့တိတ်ဆိတ်လျက်ပင် ကားမောင်းထွက်ခဲ့ကြသည်။ ဂျောင်ဂုကလည်း ပုံမှန်ထက်တိတ်ဆိတ်လျက် ကားထဲပါလာသည်။ထိုကောင်လေး ဘာကြောင့်များ အဲလိုလုပ်ဖို့ရွေးချယ်ခဲ့လဲ သူစဉ်းစားနေမိသည်။ အမှန်ဆို အခုလည်းသူက သူ့ဆီမှာ အလုပ်ကောင်းကောင်း သင်ယူနေပြီပဲ။နည်းနည်းတော့ ရုံးမှာ ဇယားရှုပ်ထား‌တာတွေရှိကြပေမဲ့ ဂျူအွန်းရော ဂျောင်ဂုရော အလုပ်တော့ကြိုးစားကြသည်။အကျင့်တွေကတော့ မပြောင်းလဲပေမဲ့ အလုပ်ကြိုးစားရင်ပဲ တော်လှပါပြီ။

" ဦး စိတ်အနှောက်အယှက်ဖြစ်လို့လား "

" ဟင် "

" ဦးကငြိမ်နေလို့လေ.. ကျွန်တော်ပါလာတာ မကြိုက်လို့လား "

" မဟုတ်တာ ငါတွေးစရာရှိနေလို့ပါ အဟမ်း ဒါနဲ့မင်းဘာလို့ ဒီလိုလုပ်ရတာလဲ ငါပြောချင်တာက မင်းအခုလည်း အလုပ်လုပ်တာကောင်းနေပြီပဲ မင်းအိမ်က ဖိအားပေးလို့လား "

" အဲလိုလဲမရှိပါဘူး ကျွန်တော့်ဟာကျွန်တော် နေကြည့်ချင်လို့ပါ... ဒါနဲ့ ဦး ခုနက ကျွန်တော့်ကိုချီးကျူးလိုက်တာလား "

" အဟမ်း.. မင်းတို့အရင်ကထက်စာရင် ကောင်းလာပြီပဲ သေချာတစိုက်မတ်မတ်ကြိုးစားရင် ဒီထက်ပိုတိုးတက်လာမှာပါ ဖြည်းဖြည်းချင်းပေါ့ "

" ဟုတ် ကြိုးစားမှာပါ ဦးကြိုက်တယ်မဟုတ်လား "

" ... "

" ဦးကလူကြီးဆိုတော့ ပိုသိမှာပါ ဦးတို့လူကြီးတွေက ဒီလိုပုံစံကို ကြိုက်ကြတာမလား "

" ကြိုးစားတာကို လူတိုင်းကကြိုက်ကြတာပဲ လူကြီးတွေမှမဟုတ်ဘူး "

" ဟုတ်ကဲ့ပါ ကျွန်တော်ကတော့ တစ်ယောက်သောသူကြိုက်ရင်ပဲ ရပါပြီ "

ကောင်လေးက အပြုံးသေးသေးလေးဖြင့် သူ့ကိုကြည့်လာပြီး ခပ်တိုးတိုးဆိုသည်။ ရုတ်တရက် အနေရခက်လာသည်။ သူကအတည်ကြီးတွေ လာပြောနေသည်။ အရင်တုန်းကလို လုပ်‌နေကြ ဇိုးခနဲဆတ်ခနဲတွေမဟုတ်ဘဲ အပြုအမူတွေကမသိမသာ မပွင့်တပွင့်ဖြစ်နေတော့ သူ့ကိုပဲ တိုက်ရိုက်ပြောသလား တစ်စုံတစ်ယောက်ကိုပဲ သွယ်ဝှိုက်ညွှန်းဆိုသလားမသိတော့ သူဘာတုံ့ပြန်ရမလဲ မပြောတတ်။ သူ့ကိုတိုက်ရိုက်ပြောတယ်ဆိုရင်တော့ သူအားနာမနေဘဲ ပြောပစ်လိုက်နိုင်ပေမဲ့ အခုက သူဟာသူပဲပြောနေသလား အတိအကျမသိတော့ သူတခြားအကြောင်းအရာသာ ပြောင်းစဉ်းစားလိုက်သည်။

" အွန်းလေးမူကြိုက ဒီနားတင်လေ မင်းကားထဲစောင့်နေမလား မကြာပါဘူး "

သူတမင် ကလေးအကြောင်းကို ရွေးပြောလိုက်သည်။အကယ်၍ သူ့ကိုရည်ညွှန်းချင်တယ်ဆိုရင် သူ့တွင်ကလေးရှိကြောင်း တစ်ခါတည်းသတိကပ်ပြီး ဖြစ်သွားလိမ့်မည်။ သူပြောတော့ ကောင်လေးက တက်တက်ကြွကြွပင်။ ထူးထူးခြားခြား မပြောင်းလဲသွား။

" အွန်းလေးကို ကျွန်တော်မုန့်ဝယ်ကျွေးချင်လို့ သူဘာကြိုက်တတ်လဲ ဦး "

" မင်းပြောတော့ မင်းမှာပိုက်ဆံသိပ်မရှိဘူးဆို "

သူမျက်မှောင်ကြုတ်ကြည့်တော့ ချက်ချင်းရယ်ပြလာသည်။

" ကျွန်တော်လည်း အခုလို့ မပြောပါဘူး လစာရရင်ပေါ့ "

" ကလေးအတွက်မလိုဘူး ကလေးကို အပြင်စာတွေမကျွေးဘူး မင်းအတွက်အကျိုးရှ်ိတာကို သုံးသင့်တယ် အဲဒါ မင်းလုပ်အားနဲ့ရတဲ့ ပထမဆုံးလစာမလို့လေ "

" ဒါဆို ဦးရော ဦးရောဘာကြိုက်တတ်လဲ "

" ငါ့ကိုဘာလို့လဲ ငါထင်တာ မင်းပထမဆုံးလစာကို မင်းမိဘတွေအတွက်‌ သုံးသင့်တယ်မဟုတ်ဘူးလား "

" ဟုတ်ပါတယ် ဒါပေမဲ့ ဦးကလည်း အရေးကြီးတယ်လေ ဦးကြောင့်မဟုတ်ဘူးလား အာ ... ဟို ဦးကြောင့်ပဲ အလုပ်ကရသွားတာကို ဦးကျေးဇူးတွေ အများကြီးပါတယ်လေ အဲ့ဒါကြောင့်ပါ "

" အဟမ်း ထားတော့ ငါလည်းဘာမှမလိုဘူး မင်းအတွက်မင်းသာ သုံးလိုက်ပါ "

သူစကားကို ဘယ်လို‌လမ်းကြောင်းပြောင်းပြောင်း သူက သူ့ကိုပဲ ရည်ညွှန်းပြောနေသလို ခံစားလာရသည်။ထို့ကြောင့် စကားကိုမြန်မြန်ဖြတ်ပြီး သူ့ကိုမောင်းချပစ်ချင်လာသည်။ ကောင်လေးက အရင်လိုမဟုတ်ဘဲ  အရင်လိုမဆိုးဘဲ ပိုဆိုးလာသလို ဖြစ်နေသည်။ အရင်ကလို ရဲရဲတင်းတင်းပြောလာရင် သူကလည်းပြတ်ပြတ်သာသား ပြောလို့ရသေးသည်။ အခုက ဘယ်ဟာကိုရည်ရွယ်တာလိုလိုနှင့် ပိုစိတ်ရှုပ်ရသည်။ဆော့ဂျင်စိတ်ရှုပ်ရှုပ်နဲ့ ကားမောင်းတာကိုပဲ  အာရုံထားလိုက်သည်။ ဒီရက်ပိုင်း ဒီကောင်လေးကို လိုက်လျောတာတွေများလို့ သူ့ကိုပေါ့သွားသည်လား တွေးမိတော့ မျက်နှာက အလိုလိုတည်သွားသည်။ ဖြစ်ရင်လည်းဖြစ်နိုင်သည်ပဲ သူကသူ့အပေါ် ပျော့ပျောင်းနေတော့ သူလည်းမာတင်းလို့က မရ။ ဘာကြောင့်ပဲဖြစ်ဖြစ် သူမူလအတိုင်းပဲ ပြန်နေသင့်သည်။ သူ့ဘက်ကပျော့ပျော့မာမာပေါ့...

" ဦး အထဲလိုက်အုံးမလား "

" မလိုက်ဘူး "

အဆောက်အဦးရှေ့ ကားရပ်သွားတော့ ဂျောင်ဂုကသူ့ကိုခါးပတ်ဖြုတ်ရင်း မေးသည်။ သူအသံမာမာနဲ့ပဲ ပြန်ဖြေလိုက်သည်။ ဟုတ်တယ်မလား ဘာကိစ္စသူကအထဲလိုက်ရမှာလဲ! သူတို့ဆက်ဆံရေးက အဲလောက်ထိလည်းမဟုတ်ဘဲနဲ့လေ။ သူ့လေသံကို ဂျောင်ဂုက ချက်ချင်းရိပ်မိသည်။ ခါးပတ်ကြိုးကိုကိုင်ရင်း သူ့ဘက်ကိုကြည့်လာသည်။ သူဂရုမစိုက်ဘဲ ဂျောင်ဂုဆင်းရင်ပဲ ကားကိုချက်ချင်းမောင်းထွက်တော့မလို အသင့်ပြင်ထားသည်။

" ဦး ဒေါသထွက်နေတာလား "

" မင်းဆင်းမှာဖြင့်ရင် ဆင်းလို့ရပြီ မင်းလုပ်တာနဲ့ ကလေးညစာစားချိန် နောက်ကျတော့မယ် "

" ဟုတ်ကဲ့ပါ တောင်းပန်ပါတယ် ဦးကိုအလုပ်ရှုပ်စေမိလို့ "

တွေ့လား‌ တွေ့လား သူကအမြဲ အဲလိုတွေပြောပြီး ပြောမိတဲ့သူအားနာရအောင် အမြဲလုပ်လုပ်နေတာ။ မဟုတ်ဘူး တကယ်စိတ်မကောင်းဖြစ်သွားတာလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ သူပြောပြီး သူကချက်ချင်းတောင်းပန်သွားပြီး ကားပေါ်ကဆင်းပေးသွားသည်။သူဆင်းတာနဲ့ ချက်ချင်းမောင်းထွက်မယ်ပြင်ထားတဲ့သူကပဲ သူ့နောက်ကျောပြင်ကိုကြည့်ရင်း ချက်ချင်းမောင်းမထွက်နိုင်ခဲ့။ ဒီတစ်ခါရော သူလွန်သွားပြန်ပြီလား။ဟူး...ဂျွန်ဂျောင်ဂုတစ်ယောက်နဲ့တင် စိတ်ရှုပ်ဖို့ကောင်းလိုက်တာနော်။

..................................

အိမ်ပြန်ရောက်တာနဲ့ သူလုပ်နေကြတွေလုပ်ရင်း ထိုကိစ္စတွေကို မေ့ဖျောက်ထားလိုက်သည်။ အဲလိုဖြစ်သွား‌တော့လည်း တစ်မျိုးကောင်းတာပဲ မဟုတ်ရင် အားနာရ အားနာရနဲ့ ပတ်သက်နေမိအုံးမှာ။ဆော့ဂျင်ရေချိုးညစာစားပြီး အွန်းလေးအိပ်တော့ သူအလုပ်စားပွဲရှေ့ ထိုင်လိုက်သည်။ ကော်ဖီတစ်ခွက်တစ်ခါတည်းဖျော်ခဲ့ပြီး ရုံးကပါလာတဲ့အလုပ်တွေ တန်းစီလုပ်ဖို့ပြင်လိုက်သည်။

အလုပ်ထဲစိတ်ရောက်သွားတော့ ဖျော်လာတဲ့ကော်ဖီကပင် အေးစက်ကုန်သည်။ လုပ်ရမဲ့အလုပ်က ကျန်နေသေးတော့ ကော်ဖီထပ်ဖျော်ရန်စဉ်းစားလိုက်သည်။

တီ တီ

ကော်ဖီခွက်ယူရင်း ကော်ဖီခွက်ဘေးက ဖုန်းမက်ဆေ့ဂ်ျအချက်ပြအသံက ဆက်တိုက်ဆိုသလိုမြည်လာတော့ သူပြန်ထိုင်လိုက်ပြီး ဖုန်းယူကြည့်မိသည်။ဖုန်းနံပါတ်အစိမ်းတစ်ခုကဖြစ်ပြီး ဓာတ်ပုံနှစ်ပုံ ပို့ထားသည်။သူဝင်ကြည့်လိုက်တော့ မျက်နှာမပါဘဲ ခန္ဓာကိုယ်အသာပေးရိုက်ထားတဲ့ ကျန်းမာသန်စွမ်းတဲ့ ယောကျာ်းတစ်ယောက်ပုံပင်။ ဘာရည်ရွယ်ချက်နဲ့သူ့ကိုလာပို့လဲ သူမသိ။ ထိုသူခန္ဓာကိုယ်က ရင်အုပ်ကြွက်သားတွေက တောင်တင်းပြီးဝမ်းဗိုက်ကြွက်သားတွေလည်း တင်းတင်းရိရိ။သူကမှန်ရှေ့ကရိုက်ထားသည်မလို့ ခန္ဓာကိုယ်က ရှင်းရှင်းလင်းလင်းပင် ဖော်ပြလို့ရသည်။ သူဘာရယ်မဟုတ် နောက်တစ်ပုံကို ဘေးဘက်ဆွဲရင်း ကြည့်လိုက်တော့သူ့ဖုန်းပင် လွတ်ကျလုမတတ်။ ဘာရည်ရွယ်ချက်နဲ့ သူ့ကိုဒီလိုပုံတွေလာပို့နေလဲ သူနားမလည်။ ထိုပုံတွေက အရမ်းကိုမှ လွန်ကြူးလွန်းနေသည်။ နည်းနည်းအောက်လျှောလိုက်ရင်ဘဲ မမြင်သင့်တာတွေ မြင်ရတော့မည်။ ယခုပင် ဆီးခုံမွေးရေးရေးကို သူမြင်နေရပြီ။ သူဆက်မကြည့်ချင်တာနဲ့ အမြန်ကျော်လိုက်တော့သည်။

တီ

သူကြည့်နေတုန်း နောက်တစ်ပုံထပ်ရောက်လာချိန်မှာတော့ သူဒေါသထောင်းခနဲပင် ထွက်သွားရသည်။

ဂျွန်ဂျောင်ဂု!

ပုံပိုင်ရှင်က ဂျွန်ဂျောင်ဂုပင်။ နောက်ဆုံးတစ်ပုံသည် သူ့မျက်နှာနှင့်။ ရေချိုးပြီးခါစ ဆံပင်မခြောက်တခြောက်ကို အသာပင့်တင်ထားတဲ့အခါ လက်မောင်းကကြွက်သားတွေက အထင်းသား။ နောက်လက်တစ်ဖက်က တစ်ဆုံးထိမမြင်ရပေမဲ့ သူ့ကိုယ်ပိုင်ပစ္စည်းရှေ့မှာ ရှိနေသည်ဆိုတာ တစ်စွန်းတစ်စမြင်နေရသေးသည်။ ဓာတ်ပုံမြင်လိုက်တာနဲ့ မကောင်းတဲ့ရှုထောင့်ကတွေနဲ့ ဖော်ပြထားသည်။သူထိုပုံတွေထဲက ထွက်လိုက်ပြီး အကုန်ဖျက်ပစ်လိုက်သည်။သူကဘာရည်ရွယ်ချက်နဲ့သူ့ကို ဒီလိုပုံတွေလာပို့လဲမသိပေမဲ့ လာပို့ရဲတယ်ပေါ့လေ။ သူကသာအလကားအားနာနေမိသာ ဒီလိုကောင်က ဒီအတိုင်းပဲ  မပြောင်းလဲတာကို။

" ဘယ်လိုနေလဲ.. "

တစ်ဖက်တွင် ဂျောင်ဂု ပုံပို့ပြီး ဒူးနှံ့နေသည်။သူရေချိုးပြီးတော့ အဝတ်အစားမဝတ်ခင် ရေချိုးခန်းထဲကပတ်လာတဲ့ ရေချိုးဝတ်ကို ချွတ်ချပြီး မှန်ရှေ့ရပ်လိုက်သည်။ သူအနေနဲ့ သူ့ခန္ဓာကိုယ်ကို အလွန်သဘောကျသည်။ အိုး..သူမှမဟုတ်ပါဘူးလေ သူနဲ့တွဲအိပ်ဖူးတဲ့ပါတနာတိုင်းက သူ့ခန္ဓာကိုယ်ကို ကြိုက်နှစ်သက်ကြောင်း ပြကြသည်။ဒီလိုတွေတော့ မွေးကတည်းက ဘယ်ဖြစ်မလဲ အချိန်ပေးပင်ပန်းခံပြီး ကြိုးစားယူထားရတာပေါ့ ဒါပေမဲ့ တစ်ယောက်သောသူခန္ဓာကိုယ်ကိုတော့ အားကျမိသည်။ သူ့ကြည့်ရတာ အားကစားပင် စိတ်ဝင်စားပုံမပေါ်ဘဲနဲ့ ပခုံးပြင်ကျယ်ကြီးနဲ့။သူစွဲလမ်းရတဲ့ ပခုံးပြင်ကျယ်ကြီးနဲ့။ ထိုပခုံးပြင်ကျယ်ကြီးကို နောက်ကနေ.. ဟ့! ... သူဆက်တွေးလို့မဖြစ်တော့ဘူးဘဲ။ မှန်ထဲမှာမြင်နေရတဲ့ သူ့ခန္ဓာကိုယ်နဲ့အတူ အောက်ပိုင်းကတော့  သိသိသာသာပင် တက်ကြွနေပြီ။ သူ့အကြောင်းပုံဖော်မိရုံနဲ့တင်လေ..!

ကင်မ်ဆော့ဂျင်.....ဘာလို့ အဲလောက်ထိ ချဉ်းကပ်ဖို့ ခက်ခဲနေရတာလဲ!ဒီအတိုင်း ကျုပ်ကိုတစ်ကြိမ်လောက် လက်ခံပေးလိုက်လို့ မရဘူးလား။ သူ့ဘယ်လိုပုံစံကို ထုတ်ပြစေချင်တာလဲ..

ဂျောင်ဂုမှန်ရှေ့က သူ့ရဲ့မိမိုက်နေတဲ့ပုံကို ဖမ်းယူထားဖို့ဖုန်းယူလိုက်ပြီး ကင်မရာကို ဖွင့်လိုက်သည်။ မှန်ထဲကသူ့ပုံရိပ်ကိုပဲ မျက်နှာမပါစေကာ ခန္ဓာကိုယ်ချည်းအသာပေး သုံးလေးပုံလောက် ရိုက်လိုက်သည်။ တော်တော်ပင် ပြည့်စုံသည့်ပုံမလို့ ဦးကြိုက်လောက်မယ်မလား... သူပုံတွေကိုတော့ သေချာပြင်လိုက်ပါသေးသည်။ သူ့အဓိကအရာမပါအောင်ပေါ့.. မဟုတ်ရင် သူ့ဦး လန့်သွားအောင်သူလုပ်မိလိမ့်မယ် ဟက်

သူမျက်နှာမပါတဲ့ပုံနှစ်ပုံနဲ့ မျက်နှာပါတဲ့တစ်ပုံ ဦးဆီပို့လိုက်ပြီး ဦးရဲ့တုံ့ပြန်မှုကို ဒူးနှံ့စောင့်နေမိသည်။မိနစ်အနည်းငယ်ကြာပြီးတော့မှ သူကီးဘုတ်ထံ လက်တွေပြေးလွှားလိုက်သည်။ ဒီလောက်ဆို ဦးသေချာကြည့်ပြီးသွားလောက်ရောပေါ့...

" မင်း ဂျွန်ဂျောင်ဂု ဘာစောက်ရူးထတာလဲ!!! "

ဦးဆီကပြန်စာရောက်လာသည်။ အခုလောက်ဆို ဦးတို့ မျက်နှာတွေနီနေလောက်ပြီ ရှက်တာရော ဒေါသရော ပေါင်းပြီးပေါ့... ဦးဆီကပြန်စာရလာပြီဆိုတော့ သူလည်းတုံ့ဆိုင်းမနေတော့ဘဲ ကီးဘုတ်ပေါ် လက်တွေရွှေ့လိုက်သည်။

" ဟင်! မင်းပဲပြောတယ်မလား ငါ့ခန္ဓာကိုယ်မြင်ရမှ အဆင်ပြေမယ်ဆို??? "

သူဦးကို အရူးကွက်နင်းလိုက်ပြီး ဦးဆီကနောက်စာတစ်စောင်ကို ထပ်မျှော်နေလိုက်သည်။ဦးတော့သူ့ကို တော်တော်ကြီး ဒေါသထွက်နေတော့မှာ..

" ဂျွန်ဂျောင်ဂု! မင်းငါ့ကိုဘာစောက်ချိုးတွေ ချိုးနေတာလဲ မင်းစောက်ပုံတွေက ဘာရည်ရွယ်ချက်နဲ့ ငါ့ကိုလာပို့နေတာလဲလို့!! "

ဦးပို့လာတဲ့စာဖတ်လိုက်ကတည်းက ဒေါသကြောင့် တည်တင်းနေမဲ့ ဦးမျက်နှာလေးကိုပါ တစ်စပ်တည်းမြင်ယောင်မိသည်။ ဟက် ဟက်

" နေပါအုံး ခင်ဗျားက ဘလိုင်းကြီးပါလား ခင်ဗျားပဲပုံမြင်မှ အဆင်ပြေမှာဆို! ကျုပ်ပုံပို့တယ်လေ ဘာများမှားနေလို့လဲ "

ဟိဟိ ဦးကိုစရတာ တော်တော်ပျော်စရာကောင်းပါလား မျက်နှာလေးပါမြင်ရရင် ပိုပျော်စရာကောင်းမှာ အသေအချာပင်။

" ဂျွန်ဂျောင်ဂု မင်းငါ့ကိုဒီလိုဆက်ဆံရဲရင် ငါလည်းဘယ်သူ့ကိုမှ မထောက်ထားတော့ဘူး မင်းနဲ့မနက်မှ စာရင်းရှင်းကြတာပေါ့ "

ဦးတော့ တော်တော်စိတ်ဆိုးသွားပုံရသည်။ကိစ္စတွေပါ ရှင်းမယ်ဆိုပဲ... သူပြန်ရှင်းမှရတော့မည်။ ဒီတစ်ခါတွင်တော့ စာဖြင့်မပို့တော့ဘဲ ဦးဖုန်းနံပါတ်နှိပ်လိုက်ပြီး ဦးဆီဖုန်းခေါ်လိုက်သည်။ဦးက သူ့ဖုန်းကို စက္ကန့်မခြားဘဲ ကိုင်လာသည်။ဦးဖုန်းကိုင်ကိုင်လာခြင်းပင် သူဦးမပြောခင် ဦးအောင် အရင်ဖြေရှင်းလိုက်သည်။

" ဟေ့လူ ခင်ဗျားပဲအရင် ပုံလိုတယ်ပြောပြီး အခုခင်‌ဗျားကပဲ ခင်ဗျားပို့ခိုင်းတာမဟုတ်သလို ကျုပ်ကိုဘလိုင်းကြီး လာပြောနေတယ် အင်နိုးစန့်လုပ်မနေနဲ့ ခင်ဗျားဒီလိုပုံတွေ မမြင်ဖူးတာလည်း မဟုတ်ဘဲနဲ့ "

" ဂျွန်ဂျောင်ဂု!!! "

" ဦး ဦးလား.. "

" မင်းဘာအချိုးချိုးတာလဲ မင်းပုံတွေ ငါကတောင်းတယ်ပဲ ဖြစ်ရသေးတယ် ဟမ် ‌မင်းအရှက်ရောရှိသေးရဲ့လား "

" ဟို ဦး ဦး ကျွန်တော်တောင်းပန်ပါတယ် အထင်လွဲနေပြီ ဦးနဲ့ကျွန်တော်ကြား ကျွန်တော်ရှင်းပြမယ် "

" ရှင်းစမ်းပါအုံး ဟမ် ငါကပဲ မင်းပုံတွေတောင်းတယ်ဖြစ်ရသေး.. "

" ဒီလိုပါဦးရဲ့ ကျွန်တော်တက်တူးထိုးချင်လို့ ဘော်ဒါတစ်ယောက်ဆီက သူထိုး‌နေကြ တက်တူးဆရာရဲ့ ဖုန်းနံပါတ်တောင်းခဲ့တာ အဲဒါ သူနဲ့ဖုန်းပြောအပြီး  သူကပုံလိုတယ်ပြောလို့ ကျွန်တော်လည်းထိုးမဲ့နေရာတွေ ရိုက်ပို့တာပါ အဲဒါ ဦးနံပါတ်နဲ့ ရောသွားတာဖြစ်မယ် ဦးအထင်မလွဲနဲ့နော် "

သူရှင်းပြသံကြီးအဆုံးတွင်တော့ ဦးသက်ပြင်းချသံယဲ့ယဲ့ ကြားလိုက်ရသည်။ ဟီး ကြည့်ရတာ ယုံသွားတဲ့ပုံပင်။ အမှန်ဆို မှားစရာအကြောင်းကိုမရှိတာ ဘာလို့ဆို သူဖုန်းနံပါတ်ဇယားတွင် ဦးကို ယောကျာ်းလို့မှတ်ထားသည်ပင်။

" နေစမ်းပါအုံး မင်းကတက်တူးကို ဘယ်နေရာတွေမှာထိုးမှာမလို့ အဲလိုပုံတွေ ဖြစ်နေရတာလဲ "

" အဲဒါက... ကျွန်တော်က ထိုးချင်တဲ့နေရာတွေများလို့ သူ့အဓိပ္ပာယ်နဲ့သူလည်းရှိ‌လို့ ကျွန်တော်နဲ့တက်တူးဆရာ တိုင်ပင်လို့ရအောင် ပုံပို့ပြီး ဆွေးနွေးကြမလို့ပါ "

" အဲဒါလည်း ပုံပို့ပြောစရာလိုကြလို့လား ဆိုင်မသွားဘူးလားမင်းက "

" ဆိုင်သွားဖို့မအားသေးလို့ပါဦးရယ် ပြီးတော့ တက်တူးကိုလည်း အခုချက်ချင်းထိုးဖို့မဟုတ်ပါဘူး ဒီအတိုင်း တိုင်ပင်တုန်းရှိသေးတာပါ "

" အဲလိုဆိုတော့လည်း ပြီးရောလေ မင်းတမင်မလုပ်ရင်‌ ပြီးတာပဲ "

" ဦးကမကြိုက်ဘူးလား အဲလိုမျိုးတွေ.. "

" ဂျွန်ဂျောင်ဂု! "

" ကျွန်တော်ကမေးကြည့်ရုံပါ ဒါပေမဲ့ အဲဒါယောကျာ်းလေးတစ်ယောက် ပုံမလို့မလား အခုနေရာမှာ မိန်းကလေးပုံဆို ဦးဆေ့ပြီးလောက်ပြီမလား ပြောမရဘူး ဦးတို့ဟိုတယ်တခုခုတောင် ချိန်းပြီးလောက်ရောမလား "

" မင်းငါ့ကို ဘယ်လိုအတန်းစားမျိုးထင်နေတာလဲ!!!သေချာတာတော့ အဲဒါမင်းလိုအတန်းစားပဲနေမှာ "

" ဦး.. စိတ်ဆိုးသွားတာလား ကျွန်တော်က ဒီအတိုင်းအဖြစ်ပြောတာပါ ယောကျာ်းလေးဆိုတော့ ဆန့်ကျင်ဘက်လိင်ကို ဘယ်ယောကျာ်းလေးမှ မလွန်ဆန်နိုင်ဘူးဆိုတာ တွေးမိသွားလို့ပါ ဦးမကြိုက်ရင် အဲလိုမပြောတော့ဘူးနော် နော် ဦး ဦးလို့ "

" အင်း မပြောနဲ့ ငါအဲလိုမျိုးတွေ အရမ်းအထိမခံနိုင်ဖြစ်တယ် ဂျောင်ဂု ငါကအိမ်ထောင်ရှိတဲ့ယောကျာ်းတစ်ယောက်ပါ ငါ့မှာအိမ်ထောင်ရှိလျက်နဲ့ တခြားယောကျာ်း၊မိန်းမ ဘယ်သူ့ကိုမှ ငါပစ်မှားမှာမဟုတ်ဘူး ငါ့အိမ်ထောင်ဖက်အပေါ် ဘယ်တော့မှ သစ္စာဖောက်ဖို့ ငါမတွေးထားဘူး ငါတို့အိမ်ထောင်ရေး ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေပေါ့.. နောက်တစ်ခါ မင်းအဲလိုထပ်မမှားဖို့ ငါမျှော်လင့်တယ် "

တကယ်တော့ ထိုမေးခွန်းနဲ့ ဦးရဲ့လိင်စိတ်အနေအထားကို စမ်းသပ်မေးချင်းဖြစ်သည်။ ဦးက ထိုကိစ္စတွင် လုံးဝအထိမခံနိုင်ဘူးဘဲ။ သေချာတာတော့ အခုချိန်ထိ‌ ဦးက ယောကျာ်းရော မိန်းမရော စိတ်မဝင်စားဖူးသေးဘူး။ ပြီးတော့ သူ့ကိုလည်း ကြိုပိတ်သွားသည်.. ဦးကသူ့ကိုညနေကတည်းက သူ့အိမ်ထောင်ရှိကြောင်းကို သိသိသာသာထည့်ပြောသည်။ အမြဲပါပဲလေ သူ့အပြုအမှုတွေ လွန်ကဲလာတာမျိုးဆို တစ်ဖက်လှည့်နှင့် သူ့ဘက်ကအခြေအနေကို ထုတ်ပြောတတ်သည်။အဲတော့ရော ဘာလုပ်ရမှာလဲ သူအိမ်ထောင်ရှိနေတာသိနေတာနဲ့ပဲ လက်လျှော့ဖို့စိတ်ကူး တစ်စက်လေးတောင် ရှိမနေဘူး။ ခင်ဗျားအိမ်ထောင်ရှိနေတာကို မသိတာမျိုးလည်းမဟုတ်ဘူး မေ့နေတာမျိုးလည်း မဟုတ်ဘူး ဒီကောင်က ဂရုကိုမစိုက်တာ။

___________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories