Fanfics

ep7

15:27, 19 February 2024

ပုံမှန်ထနေကြ မနက်ရှစ်နာရီဆိုတာနဲ့ သူနိုးနေပြီး ရုံးသွားဖို့ အွန်းလေးကျောင်းသွားဖို့ ထပြင်ဆင်ရသည်။အွန်းလေးက နှေးကွေးသည်မလို့ သူပင် အချိန်ပိုရအောင် မြန်မြန်ပြင်ဆင်ပေးရသည်။ သူနိုးတာနဲ့ မျက်နှာသစ် သွားတိုက်ရင်း ရေတစ်ခါတည်း ချိုးလိုက်သည်။ သူပြီးတော့မှ အွန်းလေးကိုနှိုးစေပြီး အွန်းလေးအတွက် မျက်နှာသစ်ဖို့ ရေချိုးဖို့ လုပ်ပေးရသည်။ သူတို့သားအဖနှစ်ယောက်စလုံးပြီးတော့ အချိန်ပိုနေသေး၍ အရင်မနက်စာစားဖို့ ဆင်းလာကြသည်။

မနက်စာစားဝိုင်းရောက်တော့ စောနေသေး၍ထင် သူတို့သားအဖနဲ့အဒေါ်ချယ်ရင်းရယ် အိမ်အကူမလေးနှစ်ယောက်ရယ်သာ မနက်စာပြင်နေတာ တွေ့လိုက်ရသည်။

" ဟော နာအွန်းနီးလေး စောစောစီးစီးပါလား အိပ်ရေးဝရဲ့လား.. "

" အွန်းလေး ဘွားဘွားမေးနေတယ်လေ "

" ဟုတ်ကဲ့ မင်္ဂလာပါဘွားဘွား "

အွန်းလေးက သူပြောလို့သာ သူ့ဘွားဘွားကိုပြန်‌ပြောနေတာ အကြည့်တွေက စားပွဲပေါ်ကမုန့်တွေတွင်သာ။ သူကအစားအသောက်ကို အရမ်းကန့်သတ်ပေးထားတာမလို့ အွန်းလေးကအစားအသောက်တွေမြင်ရင် မျက်လုံးအရောင်တောက်သည်။ သူကမကျွေးသည်မဟုတ် အွန်းလေးကသာမန်လူတွေထက် ချို့တဲ့သည်မလို့ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်မဲ့၊ဦးနှောက်ဖွံ့ဖြိုးစေမဲ့၊အရိုးအဆစ်သန်မာစေမဲ့ဟာတွေကို အဓိကထား ရွေးချယ်ကျွေးသည်။ ပုံမှန်လျှာအရသာတွေ့စေမဲ့ အစားအသောက်တွေလောက်ဆို သူကမစားခိုင်းပေ။ အွန်းလေးကတော့ သူ့ကြောင့်လား ပင်ကိုယ်ဗီဇကြောင့်ပင်လားမသိ အစားအသောက်မြင်တာနဲ့ မျက်လုံးအရောင်တောက်လာသည်။

အိမ်ကူမလေးတွေပြင်နေတဲ့မုန့်တွေကို ငေးမောနေတဲ့အွန်းလေးကို နေရာချပေးလိုက်ပြီး အွန်းလေးစားဖို့ မုန့်တွေကို သူရွေးချယ်လိုက်ရင်း နို့တစ်ခွက်ဖျော်လိုက်သည်။

" ကြည့်စမ်း မုန့်‌တွေကိုကြည့်နေလိုက်တာ ...ဟမ် စားစား ငါ့မြေးဖို့ "

" ဟူး...အိပ်ချင်လို့သေတော့မယ် အလုပ်မသွားရရင် ကောင်းမှာပဲ "

သူတို့မနက်စာစားနေတုန်း ဂျူအွန်းက မအီမသာနဲ့ ဝင်လာပြီး စားပွဲတွင်ဝင်ထိုင်လိုက်သည်။ ထို‌ကလေးတွေ ညက မူးပြီးပြန်လာကြသည်။သူ့သူငယ်ချင်းဟိုကောင်ပါပါလားပြီး ညတွင်းချင်းအိမ်ထဲ ဆူညံသွားသေးသည်။ နှစ်ယောက်သားသောက်လာကြပြီး မနက်လင်းတော့ အလုပ်သွားဖို့ညည်းနေကြသည်။

" မင်းတို့ မင်းတို့ အလုပ်သွားရမှာ သိသိလျက်လေ ဘာလို့အဲလောက်သောက်လာကြလဲ "

" အမေ အမူးပြေလေးလုပ်ပေးပါအုံးခေါင်းတွေမူးနှောက်နေလို့ "

" လုပ်ထားတယ် ဟေးမီကိုယူလာခိုင်းလိုက် ဒါနဲ့ သားသူငယ်ချင်းရော မနိုးသေးဘူးလား အလုပ်သွားရအုံးမှာကို "

ဆော့ဂျင် လက်ကနာရီကို မသိမသာကြည့်တော့ ကိုးနာရီပင် ထိုးတော့မည်။ သို့သော် အွန်းလေးကအခုထိ စားလို့မပြီးသေး ရှိသေးသည်။ ထို့ကြောင့် သူအရင်အပေါ်တက်ပြီး အွန်းလေးနဲ့သူ့အတွက် လွယ်အိတ်အရင်ပြင်ထားနှင့်ဖို့ ထရပ်လိုက်သည်။

" အွန်းလေး စားပြီးရင်အပေါ်တက်ခဲ့တော့နော် ပါးအရင်တက်နှင့်မယ် စားပြီးလက်တွေ ပါးစပ်တွေ သေချာဆေးခဲ့နော် "

" ဟုတ် ပါပါး "

" ယောက်ဖ ဂျောင်ဂုကိုရော ဝင်နှိုးပေးခဲ့အုံး ယောက်ဖတို့အပေါ်ထပ်ဧည့်ခန်းမှာ သူ့ကိုသိပ်ထားတယ် ကျွန်တော်စားပြီးမှသွားနှိုးရင် နောက်ကျကုန်တော့မှာ "

" ဒါနဲ့ အဲကောင်လေးလည်း သားနဲ့အတူ အလုပ်လိုက်ဆင်းတယ်ဆို "

" ဟုတ်တယ် သားတို့အတူတူပဲ "

" ကောင်းတယ် သားတို့အဖော်ရတာပေါ့ သူ့ကိုသူတို့အိမ်က သူတို့အလုပ်ထဲမှာပဲ  လေ့လာခိုင်းမယ်ထင်နေတာ "

" အင်း သူအကြောင်းနဲ့သူရှိမှာပေါ့ အမေရဲ့ သားကိုဟင်းရည်ထပ်ပေးအုံး "

ရှင်းဂျူအွန်းအပြောကို သူဘာမှပြန်မပြောနိုင်လိုက် သူကသူ့ကိုမှာပြီး သူ့အမေနဲ့သာ ရောက်တတ်ရာရာ ပြောနေသည်။ သူမီးဖိုချောင်မှ ထွက်လာလိုက်ပြီး အပေါ်သာ တက်ခဲ့လိုက်တော့သည်။ အပေါ်တက်ပြီး သူ့အခန်းရှေ့ရောက်တော့ ဝင်ခါနီးတွင် ရပ်လိုက်ပြီးသူ့အခန်းရှေ့ကို ကျော်ကြည့်မိသည်။ မနှိုးရင်လည်း  တကယ်ပဲအလုပ်နောက်ကျတော့မည်။ အမှန်ဆိုရင် သူတို့ဟာသူတို့ အရည်မရအဖတ်မရတွေသောက်ပြီး မူးရူးနေ၍ နောက်ကျသည်ကို သူဂရုမစိုက်ချင်။ ဒါပေမဲ့လည်း သူကသူ့ရုံးကဝန်ထမ်းလည်း ဖြစ်နေပြီ ဥက္ကဌဂျွန်ကလည်း သူ့ကိုစိတ်ချလက်ချ လာအပ်ထားသည်မလို့ မကြည့်ပေးလို့မရတော့။

သူတံခါးလက်ကိုင်ဘုပေါ်ရောက်နေပြီဖြစ်တဲ့ လက်ကို အသာချလိုက်ပြီး ခြေလှမ်းတွေကို ရှေ့ဆက်သွားလိုက်သည်။ ဧည့်သည်တွေသာသိပ်တဲ့အခန်းရှေ့တွင် ရပ်လိုက်ပြီးတံခါးကို ဆင့်ခေါက်လိုက်သည်။ သူခေါက်ပြီးသည့်တိုင် အထဲက အသံတစ်စုံတစ်ရာမှပေးမလာ။ သူဆက်ခေါက်နေလည်း လက်သာနာလာမည်ဖြစ်၍ တံခါးလက်ကိုင်ကို အသာ‌လှည့်ကာ အခန်းထဲဝင်လိုက်သည်။ အခန်းထဲရောက်တော့ ခုတင်ခြေရင်းတွင် အဝတ်အစားတွေကတွဲလျား...ထိုကောင်ကတော့ စောင်ပတ်လျက်အိပ်မောကျနေသေးသည်။ ဒါကိုမြင်တော့ သူတံခါးခေါက်လည်း မကြားတာမအံ့ဩတော့။

သူခုတင်နားရောက်တာနဲ့ အရက်နံ့က စူးခနဲပင်။စောင်ကို ခန္ဓာကိုယ်အလယ်တွင်သာ ရစ်ပတ်ထားပြီး ခြေထောက်တွေလက်တွေကတော့ လစ်ဟနေပြီးခြေပစ်လက်ပစ်ပင် အိပ်နေသည်။ သူလက်တွေကို အသာယမ်းခါပြီးလှုပ်နှိုးပေမဲ့ ထိုကောင်က တုတ်တုတ်မလှုပ်ပေ။ သူဒေါသတွေကို လျှော့ထားရပြီး နှိုးရတာအချိန်ကြာတော့မည်ဖြစ်၍ ခန္ဓာကိုယ်တွင် ရစ်ခြုံထားတဲ့စောင်စကို ဆွဲဖယ်လိုက်သည်။ စောင်စဖယ်လိုက်တော့ ထိုကောင်ရဲ့ဗလာကျင်းနေတဲ့ကိုယ်လုံးနဲ့ အတွင်းခံတစ်ထည်တည်း ခန္ဓာကိုယ်က  ပေါ်လာသည်။

" ကျစ် အဝတ်မပါဘဲ.. ဂျွန်ဂျောင်ဂု ထစမ်း!! "

စောင်ကိုဖြစ်သလို သူ့ကိုယ်ပေါ်ပြန်တင်ပေးလိုက်ပြီး  ထပ်လှုပ်နှိုးလိုက်သည်။ ဒီအခါတွင်တော့ သူ့ဒေါသသံနှင့်ပါ မာကြောနေသည်။

" မင်း ထမှာလား မထဘူးလား သူများအိမ်လာပြီး ဘာလို့ဒီလောက်အိပ်နေရတာလဲ! "

" နားငြီးတယ်ဗျာ ငါအိပ်နေရင် လာမနှောင့်ယှက်နဲ့လို့  မင်းကိုမေမေလေးနဲ့တိုင်ပြီး အလုပ်ထုတ်ခိုင်းလိုက်မယ် "

" ဂျွန်ဂျောင်ဂု "

ဂျောင်ဂု အိပ်နေတုန်း ဆူဆူညံညံလာလုပ်တာ အမုန်းဆုံးပင်။ သူအိပ်နေတုန်း လာနှိုးရင် တွေ့ရာနဲ့ပေါက်ထုပြီး ဆက်အိပ်သည်။ ထို့ကြောင့် သူ့ကိုလာနှိုးလျှင် အဝေးကနေပင် သတိပေးပြီး ပြန်ထွက်သွားကြသည်။ ဒါပေမဲ့ ဒီတစ်ခါတော့အဲလိုမဟုတ်ဘဲ သူ့အသားကိုပင် လှုပ်ယမ်းကာအကြမ်းအတမ်း လုပ်ဆောင်နေသည်။ သူအရမ်းအနှောင့်အယှက်ဖြစ်လာပြီး ထိုသူကိုအော်ငေါက်ကာ ခြိမ်းခြောက်လိုက်သည်။ ထိုအခါ ပြန်ရလိုက်သည်က ဒေါသသံနက်နက်ပင်။ ထိုအသံကြောင့် သူအသိစိတ်ကပ်သွားပြီး အကြောင်းအရာတွေ အလုံးအရင်းဝင်လာသည်။

သူအိမ်မှာမဟုတ်ဘူးဘဲ... သူညကသောက်ပြီး ဂျူအွန်းအိမ်လိုက်အိပ်တာပဲ။ ဒါဆို အခုသူ့ကိုလာနှိုးနေသည်က...

" ဂျွန်ဂျောင်ဂု! မင်းထမှာလား မထဘူးလား ဒီတစ်ကြိမ်ပါးစပ်နဲ့နှိုးတာ နောက်ဆုံးပဲ ထစမ်း-အ့! "

ဆော့ဂျင်ဒေါသထွက်လာပြီ။ ဒီတစ်ခါမှမရရင် သူရေယူပြီး လောင်းချတော့မှာ.. နောက်ဆုံးဆိုပြီး သူလက်နဲ့လှုပ်ယမ်းနှိုးတော့ ထိုကောင်က သူ့လက်ကို ဆွဲဆောင့်ယူတော့ သူမှောက်လျက်အိပ်ရာပေါ်က သူ့အပေါ်ကျသွားသည်။ ထိုအကောင်က အစတည်းကကိုယ်ဗလာနဲ့ဖြစ်နေပြီး စောင်ကလည်း တချို့တစ်ဝက်သာ ဖုံးထား၍ ဆော့ဂျင် သူ့ရင်သားတောင့်တောင့်ကို ခံစားလိုက်ရသည်။

" ဦး... "

" မင်း! လွှတ်စမ်းငါ့ကို!! "

" ဦးကိုယ်လေးက မွှေးနေတာပဲ  ကျွန်တော်အိပ်ချင်စိတ်တောင် ပြေသွားပြီ "

သူပြောတာကို ဂရုမစိုက်ဘဲထိုကောင်က သူ့ကိုတောင်ပိုတိုးဖက်လာပြီး နှာခေါင်းတွေက သူ့‌ခေါင်းနားတွင်  အနံ့ခံသလို တိုးဝှေ့လာသည်။ သူဒေါသထွက်လာပြီး သူ့ရဲ့လွတ်နေသေးတဲ့ဘယ်လက်ဖြင့် ထိတဲ့နေရာရိုက်ပစ်သည်။ လက်မောင်းတွေကိုတော့ ချုပ်ထားသေးသည်မလို့ ရိုက်ချက်တွေက အားမပါလှ။ ဆော့ဂျင်စိတ်တွေတိုပြီး အတင်းရုန်းနေမိသည်။ ဒီကောင်က သူများအိမ်လာပြီးတော့တောင် ရဲတင်းလွန်းသည်။

" ဦး ငြိမ်ငြိမ်နေ ဟ့ "

ဂျောင်ဂုသူ့ကိုလှုပ်နှိုးနေတဲ့လက်တွေကို ဆွဲယူပြီးသူ့ကိုယ်ပေါ်တင်ကာ ချုပ်ထားလိုက်သည်။ ထိုအခါ ဦးရဲ့ကိုယ်သင်းနံ့ချိုအီအီက ချက်ချင်းပြန့်နှံ့သွားပြီး သူ့နှာခေါင်းထဲ အသာအယာ တိုးဝင်လာသည်။ ဦးရဲ့ကိုယ်သင်းနံ့တွေက သူ့ကိုစိတ်ကြည်စေသည်။ တစ်စပ်တည်းမှာပဲ ဦးကအငြိမ်မနေလှုပ်ရွလာတော့ မနက်ခင်းတွင် ပုံမှန်နိုးကြားနေတဲ့သူ့အရာက ပိုလို့ပင် အသက်ဝင်လာသည်။ထို့ကြောင့် ဦးကိုသတိပေးတဲ့အနေနဲ့ ငြိမ်နေဖို့ပြောလိုက်ပြီး ဦးကိုလည်း ပိုတင်းတင်းဖက်ထားလိုက်သည်။

သူပြောတော့ ဦးက ပိုဆိုးလာပြီး ပို‌လို့တောင် အတင်းထိုးကန်လာသည်။

" အ့ ဟ့ "

" မင်း! "

သူ့အရာနဲ့ ဦးပေါင်တံတို့ ရုန်းကန်ရင်း ထိမိသွားတော့  သူပင့်သက်ရှိုက်လိုက်မိသည်။ ဦးလည်း သတိထားမိသွားသည်ထင် သူ့ကိုဒေါသစူးစူးနဲ့ကြည့်နေပြီး မျက်နှာတွေလည်း နီလာသည်။

" ဦးကိုပြောသားပဲ ငြိမ်ငြိမ်နေပါလို့ "

" မင်း လွှတ်လိုက်စမ်း! ငါ့ကိုလွှတ်!!! "

" ဦးကိုလွှတ်မှာပါ ဒါပေမဲ့ခဏလေး ခဏလေး ဒီအတိုင်းနေပါရစေ ကျွန်တော်အရမ်းတင်းနေလို့ "

သူအရမ်းနေရခက်နေပြီး ဖြေလျှော့ချင်နေ၍ စိတ်ခဏငြိမ်အောင် ဦးကိုဖက်ထားပြီး ငြိမ်နေချင်မိတာ။သို့သော် ဦးကလက်မခံဘဲ အတင်းတွေသာ ရုန်းကန်နေတော့ သူပိုဆိုးလာရသည်။ သူ့ကိုပါရသလို ဆွဲဆိတ်လာပြီး တွန်းထိုးနေတော့ သူမနိုင်တော့ဘဲ သူ့ကိုယ်ပေါ်ကဦးကို ဘေးစောင်းချလိုက်ပြီး အိပ်ရာပေါ်ချသိပ်ကာ သူအလျှင်အမြန် ဦးပေါ်တက်အုပ်လိုက်သည်။ သူ ဦးအပေါ်တက်လိုက်ပြီး သူ့အောက်တွင်ပက်လက်ဖြစ်သွားတဲ့ ဦးကို ငုံ့မိုးကြည့်လိုက်သည်။ ဦးမျက်နှာရဲရဲက မြန်ဆန်လွန်းတဲ့အဖြစ်အပျက်ကို လိုက်မမီဟန်။

" ဦး "

" ဖယ်! "

" ဦး "

" ဂျွန်ဂျောင်ဂု!! "

" ဦးရင်တွေအရမ်းခုန်နေတယ် အဲဒါကျွန်တော့်ကြောင့်လား "

ရင်ဘတ်ချင်းနီးကပ်နေတာမလို့ တစ်ယောက်ရင်ခုန်သံတစ်ယောက် အတိုင်းသားကြားနေရသည်။သူရော ဦးရော ရင်ခုန်သံမြန်နေကြသည်။ ထိုအခါ ဦးကမျက်နှာက နီသထက်နီလာပြီး သူပြောတာကိုမထောက်ခံ။ မျက်လုံးတွေက ဝေ့ဝှိုက်ကြည့်နေပြီး တစ်ခုခုကိုရှာနေသည်။ ကြည့်ရတာ သူ့ကိုထုဖို့ တစ်ခုခုရှာနေပုံပင်။ ကံဆိုးချင်တော့ ဒါကဧည့်သည်အတွက်သာဖြစ်၍ ဘာပစ္စည်းမှရှိမနေဘဲ ရှင်းလင်းနေသည်။ သူကံကောင်းသည်ပေါ့။

" ဂျွန်ဂျောင်ဂု! မင်းငါ့ကိုမလွှတ်သေးဘူးလား!! "

" ဦးကိုလွှတ်ပေးမယ်လို့ ကျွန်တော်မပြောဘူးလား ဒါကို ဦးကအငြိမ်မနေဘူးလေ ကျွန်တော့်ကိုလာဆွနေတယ် "

" မင်း!! "

သူ့ရဲ့မာကြောနေတဲ့အရာက ဦးပေါင်တွင် ထောက်နေသည်။ဒါကိုဦးလည်းခံစားမိတော့ သူ့ကိုအံကြိတ်ပြီး ဒေါသမျက်လုံးစူးစူးရဲရဲဖြင့် ကြည့်နေသည်။ လှုပ်လျှင်ပိုဆိုးလာသည်သိတော့ ငြိမ်နေသေးသည်။ မျက်နှာရဲရဲနဲ့မာန်တင်းနေတဲ့ ဦးမျက်နှာရဲရဲကို သူမေးကနေ ပင့်မ,လိုက်သည်။ ဒီလိုဒေါသငယ်ထိပ်ရောက်နေတဲ့မျက်နှာနဲ့တောင် သူ့ကိုစိတ်လှုပ်ရှားစေတယ်ဆိုတော့ ကင်မ်ဆော့ဂျင်ကဘာလေးလဲ။

သူခေါင်းကိုငုံ့ကိုင်းလိုက်ပြီး ဦးရဲ့နှုတ်ခမ်းဖူးဖူးဆီ အကြည့်ရောက်သွားသည်။ ဒီနှုတ်ခမ်းကို မြည်းစမ်းဖို့ သူမစောင့်နိုင်တော့ဘူး။

" မင်းထပ်ကပ်ခဲ့ကြည့်စမ်း! "

ဦးကစိန်ခေါ်တော့လည်း သူလက်ခံပေးရတာပေါ့ ဂျောင်ဂုဂရုမစိုက်ဘဲ ဦးရဲ့နှုတ်ခမ်းရဲရဲနဲ့ထိကပ်ဖို့ သူ့ခေါင်းကို အဆုံးထိငုံ့ကိုင်းပစ်သည်။

" အ့! "

" သေလိုက် မင်းငါ့ကိုဘာထင်နေတာလဲ! နောက်ခါငါ့ကိုအဲလိုလာလုပ်ရင် ဒီထက်ဆိုးမယ် "

ဆော့ဂျင်ငုံ့ကိုင်းလာတဲ့ခေါင်းကို သူ့ခေါင်းနဲ့ခေါင်းချင်းတိုက်လိုက်ပြီး သူ့ကိုယ်ပေါ်တက်ဖိထားတဲ့ ကိုယ်လုံးကြီးကို တွန်းဖယ်လိုက်သည်။ အငိုက်မိသွားတဲ့ထို‌ကောင် ဘာမှမတုံ့ပြန်နိုင်သေးခင် တစ်ချက်ပစ်ထိုးလိုက်သည်။ ထိုအခါ ထိုကောင်က အိပ်ရာပေါ်ဖရိုဖရဲ လဲကျသွားပေမဲ့ သူ့ကိုမဖြုံသလိုပင် ကြည့်ရင်း နှုတ်ခမ်းနားက သွေးစတွေကို လျှာနဲ့သပ်နေသေးသည်။ ဒီလိုမခန့်လေးစားအမှုအရာမျိုးကို သူသေလောက်အောင် မုန်းပါသည်။ ဒါပေမဲ့ အတွင်းခံတစ်ထည်နဲ့အိပ်ရာပေါ်တွင် ပစ်စလက်ခတ်ဖြစ်နေတဲ့ ထိုကောင်ကြောင့် သူမတုံ့ပြန်တော့ဘဲ အခန်းထဲက ထွက်ခဲ့လိုက်သည်။

....................................

" ဦး ကော်ဖီ.. "

" မင်းတံခါးမခေါက်တတ်ဘူးလား ဟမ် ဒါမင်းသွားနေကြ ဘားများမှတ်နေလား "

" ဦးကလည်း... "

" ထွက်သွား ဘာကော်ဖီမှလည်း လာမပေးနဲ့ နောက်ခါအလုပ်ကိစ္စမဟုတ်ဘဲ ငါ့ဆီမလာခဲ့နဲ့ "

" ဦး.. "

ဆော့ဂျင်မနက်တည်းက အမြင်မကြည်တာမလို့ အခုတံခါးမခေါက်ဘဲဝင်လာ၍ ကွက်တိ အပြစ်ရှာပြီး အော်ငေါက်ပစ်သည်။ ထိုအခါ ထိုကောင်လေးကမျက်နှာပျက်ယွင်းသွားပြီး လက်ထဲကကော်ဖီခွက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူဂရုမစိုက်ဘဲ သူ့လုပ်လက်စအလုပ်တွေဆီ ပြန်အာရုံပို့ထားလိုက်သည်။ ဒီလိုကောင်မျိုးကို အဲလိုပစ်ထားအုံးမှလည်း တော်ရုံကျမှာ။ရောင့်တက်လွန်းလို့ သေတော့မယ်။ မနက်ကကိစ္စဆို  သူသည်းမခံနိုင်လောက်အောင် ဒေါသထွက်မိသည်။ကိုယ့်အိမ်ထဲလာပြီး ကိုယ့်ကိုလာစော်ကားတာလောက် ဒေါသမထွက်ရင် ဘယ်ဟာကိုဒေါသထွက်ရတော့မှာလဲ။

" ဦး... တောင်းပန်ပါတယ်.. "

ဆော့ဂျင်တိုးညင်းတဲ့အသံလေးကြောင့် မယုံနိုင်စွာ မော့ကြည့်မိသည်။ ကောင်လေးက ငိုနေသည်။မျက်လုံးဝိုင်းဝိုင်းတွေက မျက်ရည်တွေရစ်သိုင်းနေပြီး သူ့ကို‌ငေးကြည့်နေသည်။ မျက်တောင်တွေကို ခဏခြားပုတ်ခတ်ရင်း လက်ထဲကကော်ဖီဘူးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။အရမ်းသနားကမားဖြစ်နေတော့ သူငေါက်မိတာမှားသွားပြီလား စဉ်းစားမိသည်။

" ဦး ဦးကို ကော်ဖီသောက်စေချင်လို့ ယူလာပေးတာပါ တံခါးခေါက်ဖို့မေ့သွားတာ ကျွန်တော့်အမှားပါ တောင်းပန်ပါတယ်ဦး.. ဦးမကြိုက်ဘူးဆိုရင် နောက်မလုပ်တော့ပါဘူး.. ဆင် ဆင်ခြင်ပါ့မယ် ကော်ဖီလေးတော့.. အီးဟီး.. "

" ဟေး ဟေး "

ရုတ်တရက်ကြီး ထငိုတော့ ဆော့ဂျင်ထိုင်ရာကထပြီး  အနားသွားလိုက်သည်။ သူအော်လိုက်တာ အဲလောက်ထိတောင် ဆိုးဆိုးဝါးဝါးထိခိုက်သွားစေလား သူမသိ။ တစ်စုံတစ်ယောက်ရဲ့မျက်ရည်တွေက သူ့အားနည်းချက်ပင်။သူရှေ့မှာ တစ်စုံတစ်ယောက်ငိုကြွေးနေသည်ကို ဘယ်လိုမှမကြည့်နိုင်။ သူခြေမကိုင်မိလက်မကိုင်မိ  ဖြစ်သွားပြီး ဂျောင်ဂုပခုံးကို ဖွဖွပုတ်ပေးမိသည်။သူအဲလိုလုပ်ပေးလိုက်တော့ ပိုလိုပင် ဆိုးရွားသွားပြီး သူ့ရင်ဘတ်ထဲ ခေါင်းတိုးလာကာ ပိုလို့ ငိုရှိုက်လာသည်။ဆော့ဂျင်အယောင်ယောင်အမှားမှားနဲ့ သူ့ရင်ဘတ်ထဲမှီသွဲ့ထားတဲ့‌ ကျောပြင်ကို ဖွဖွပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

" ငါမင်းကိုအော်တာမဟုတ်ဘူး ဆောရီးပါ ငါ့တခြားကိစ္စကြောင့် စိတ်ရှုပ်နေလို့ မငိုနဲ့တော့ "

" မဟုတ်ဘူး တံခါးမခေါက်မိတာ ကျွန်တော့်အမှားပါ တောင်းပန်ပါတယ်နော်ဦး နောက်မဖြစ်စေရဘူး "

" ဟုတ်ပါပြီ ဟုတ်ပါပြီ ပေး မင်းကော်ဖီငါသောက်လိုက်မယ် မင်းထပ်မငိုနဲ့တော့ "

" ဟုတ် ထပ်ပြီး တောင်းပန်ပါတယ်နော်ဦး "

" အင်း.. သွားတော့ "

ဆော့ဂျင်ပြောတော့ ရှောရှောရှုရှုပင် လက်ခံပြီး အခန်းထဲကထွက်သွားသည်။ ပုံမှန်ဆို သူလာပြီးရင် ပြန်ထွက်ဖို့ မနည်းမောင်းထုတ်ယူရသည်။ တကယ်ခံစားသွားရသည်ထင်သည်။ ဟူး...ဆော့ဂျင်သက်ပြင်းတစ်ချက်မှုတ်လိုက်ပြီး နောက်ခါရမ်းသမ်းမအော်ဖို့ တွေးလိုက်သည်။

.................................

" ဟိ ဟီ ဟီးဟီး "

" အမယ် ဘာဖြစ်လာတာလဲ မျက်ခွက်က "

ဂျောင်ဂုဦးအခန်းထဲကထွက်ခဲ့ပြီး မျက်နှာပိုးသတ်မရပျော်နေတုန်း ဂျူအွန်းနဲ့တန်းတိုးသည်။ဂျူအွန်းက နို့ဘူးစုပ်ရင်း သူ့နားက ကပ်လျှောက်လာသည်။

" ဘာဖြစ်လာတာလဲလို့ နေပါအုံး... ဒီလမ်းက စီအီးအိုအခန်းပါ ယောက်ဖနဲ့ဘာဖြစ်လာတာလဲ မနက်ကထိုးခံရတာ မမှတ်သေးလို့ ထပ်အထိုးခံရအောင် မျက်နှာသွားထိုးပေးတာလား "

" ဟားဟား အဲဒါတွေခေါက်ထားလိုက်စမ်းပါ ငါ့အကြံနဲ့ငါ အေးဆေးဖြစ်သွားပြီ ဟျောင့် မင်းယောက်ဖဆိုတာ ငါ့လက်ထဲမကြာခင်ပါလာတော့မှာ မှတ်လိုက်တော့ "

" ချီး မနက်တည်းက အထိုးခံလိုက်ရပြီး လွတ်သွားပြီထင်တယ် "

" ထိုးခံလိုက်ရလည်း ဘယ်လိုမှမနေတာ လုပ်ရဲရင်ခံရဲရတယ်ဟျောင့်ရဲ့ ရှေ့လျှောက်လည်း သတ္တိရှိရှိလုပ်ရမဲ့ကိစ္စတွေ အများကြီးရှိသေးတယ် ဒါပေမဲ့ အကွက်ရှိဖို့တော့လိုတယ် အခုငါအဲအကွက်ကို သိသွားပြီ အေးဆေး "

" အေးဆေးဆိုလည်း အေးဆေးပေါ့ကွာပြီးကျရင် ငါ့ကိုသောက်ဖို့ခေါ်လိုက်ပေါ့နော့ ကင်မ်ဆော့ဂျင်-ီးပဲလို့ဆိုပြီး အော်မငိုနဲ့နော် ဟက် ဟက် "

" ငိုရင်တောင်မင်းရှေ့မငိုဘူး ငါ့ဦးရှေ့ပဲ ငါငိုမှာအဲကျရင်ဦးက ရင်ခွင်ထဲထည့်ပြီးချော့ ဟိဟိ အား...ဂျွန်ဂျောင်ဂုတို့ အဆင်ကိုချောလို့.. "

ဂျောင်ဂုအကြောဆန့်လိုက်ပြီး ရှေ့ဆက်လုပ်ရမဲ့အရာတွေတွေးရင်း အစီအစဉ်ချလိုက်သည်။ ဦးရဲ့အားနည်းချက်ကို သူတွေ့သွားပြီ အဟား.. သူငိုတော့ ဦးက တကယ်အလျော့ပေးသွားတာပဲ သူအစက အစီအစဉ်မရှိဖြစ်သွားပေမဲ့ ဦးအော်တော့ သူတကယ်ဝမ်းနည်းသွားတာ ဖြစ်သည်။ သူ့အိမ်ကအဖေဖြစ်ဖြစ်၊ဘွားဘွားဖြစ်ဖြစ်တောင် အဲလိုသူ့ကိုမအော်ဖူးဘူး။ အော်ဖို့နေနေသာသာ လေသံမာမာနဲ့တောင် သူ့ကိုမပြော။ သူ ဘယ် သူစိမ်းတစ်ယောက်ဆီကမှလည်း အအော်မခံရဘူးတော့ ဝမ်းနည်းပြီးချွဲမိသွားတာ ဦးကမထင်မှတ်ဘဲ သူ့ကိုနှစ်သိမ့်လာပေးတော့ အစီအစဉ်မရှိ အော်ငိုပစ်လိုက်တာ။ သူ့ကိုဆို ဝေးဝေးကနေတောင် ကြည့်မရတဲ့ဦးက ရင်ခွင်ထဲထိတောင်ထည့်ပြီး နှစ်သိမ့်ပေးတာ....

အား.. ဦးကိုကျွန်တော်ချစ်လိုက်တာဦး ကျွန်တော်လာပြီ ဦးကိုခြွေယူဖို့ နည်းလမ်းအသစ်တွေနဲ့ ကျွန်တော်လာပြီလို့...

__________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories