ep6
15:27, 19 February 2024ဆော့ဂျင်အလုပ်များနေပေမဲ့ ဗိုက်က ဟာလာတာကြောင့်လုပ်လက်စအလုပ်တွေ ခဏရပ်လိုက်ပြီး လက်ကနာရီကို တစ်ချက်ကြည့်လိုက်သည်။ ထမင်းစားချိန်တောင် ကျော်သွားပြီပဲ။ သူအတွင်းရေးမှူးကို အထဲလာဖို့ ပြောလိုက်သည်။
" ဟိုနှစ်ယောက်ရော အခြေအနေဘယ်လိုရှိလဲ "
ရှင်းဂျူအွန်းနဲ့ဂျွန်ဂျောင်ဂုကို ဒီလိုလွှတ်ထားလို့ ဘယ်ရမလဲ။ အကုန်ပြောင်းဆန်ကုန်လိမ့်မယ်။ထို့ကြောင့် သက်ဆိုင်ရာဌာနက အားထားရတဲ့သူတွေကို စောင့်ကြည့်ပေးဖို့ မှာထားရသည်။ စောင့်ကြည့်သင်ပြပေးရုံပင်ဖြစ်ပြီး တခုခုဆိုရင် သူ့အတွင်းရေးမှူးကတဆင့် မှာကြားပေးဖို့ တောင်းဆိုထားရသည်။
အတွင်းရေးမှူးမင်က သိထားကြားထားသမျှ အကုန်ပြန်တင်ပြသည်။ ထင်သည့်အတိုင်း အချိုးမပြေမှုတွေက စနေပြီ။
ဒေါက် ဒေါက် ဒေါက်
" ဝင်ခဲ့ "
သူနေ့လယ်စာသွားစားဖို့ အပေါ်ကုတ်တစ်ထပ်ပြန်ဝတ်နေတုန်း တံခါးခေါက်သံ ကြားလိုက်ရသည်။သူအသံပြုပြီးမကြာ အခန်းတံခါးဖွင့်သံနဲ့အတူ ဝင်လာတဲ့ လူရိပ်ကို ကြည့်လိုက်သည်။
" ဦးအတွက် ကော်ဖီလာပေးတာ "
" ထားထားလိုက် "
" ဦးဘယ်သွားမလို့လဲ "
" ငါစီအီးအို ငါဘယ်သွားမယ်ဆိုတာ မင်းကိုပြောပြနေရအုံးမှာလား "
" ဒီအတိုင်းလေးမေးတာကို.. "
" ကော်ဖီလာပေးတာမလား ပေးပြီးသွားတော့ ပြီးတော့ မင်း ငါ့ကုမ္မဏီမှာအရှုပ်ထုတ်တွေ သယ်မလာဖို့မျှော်လင့်တယ် ကုမ္ပဏီက မင်းအပျော်ရှာရမဲ့နေရာမဟုတ်ဘူး "
" အခုမှ တစ်ပိုင်းတည်းလုပ်ရသေးတယ် ဦးကဘာတွေလာပြောနေတာလဲ ကျွန်တော်စီနီယာတွေနဲ့လည်း ရင်းရင်းနှီးနှီး နေနေပါတယ် သူတို့လည်း ကျွန်တော့်ကိုသဘောကျကြတယ် ကျွန်တော့်ကို မြင်သူတိုင်းက သဘောကျကြတယ် ဦးသာ ဦးသာကျွန်တော့်ကိုဆို ခွဲခြားမြင်နေတာ မျက်လုံးမကောင်းတော့ဘူးထင်တယ် "
" ငါ့ကိုကလေးကလားစကားတွေ လာမပြောနဲ့ မင်းကို သူများသဘောကျနေဖို့ ငါမပြောဘူး သင်ယူရမဲ့အလုပ်ကို ကောင်းကောင်းသင်ပေးရင် ရပြီ ရုံးတွင်းအရှုပ်ထုတ်ဇာတ်ခင်းမယ်ဆို နေရာကောင်းမဟုတ်ဘူးလို့ မင်းကိုအသိပေးနေတာ မင်းတို့အကြောင်းသိလို့ "
သူတို့အကျင့်အရဆို ရုံးကဝန်ထမ်းမလေးတွေနဲ့ ဟီလာတိုက်နေမှာသိသည်။ ထို့ကြောင့် မဖြစ်စေရအောင် သတိပေးနေတာ တခုခုဆို သူ့ခေါင်းပေါ်ပဲ လာအုံးမည်။ စီအီးအိုယောက်ဖကလေ၊ စီအီးအိုအပ်ထားတဲ့ကောင်လေးကလေဆိုတာ.. အဲဒါမျိုးတွေကြုံလာရင် ဘက်မလိုက်ဘဲက ဖြေရှင်းရအုံးမည်။
" ဘာတွေသိတာကြလို့... ဒါဆိုဂျူအွန်းကိုလည်းပြောလေ ကျွန်တော့်ချည်းပဲ ပြောနေတယ် သူပိုဆိုးသေးတယ် စာရင်းစစ်ဌာနက မမတွေဆီကတောင် သူကဖုန်းနံပါတ်ရနေပြီ "
ကျွတ်စ်။ သူခေါင်းတွေတောင်ကိုက်တယ်။တကယ်အဲလိုဆိုတာ မမြင်ရလည်း သူသိနေသည်။နှစ်ယောက်သား အဲလိုဇာတ်ခင်းမယ်ဆိုတာ သူသိနှင့်နေပြီးသား။
" သွားတော့ ငါသတိပေးလိုက်မယ် မင်းလည်းအဲလိုမလုပ်ဖို့ မျှော်လင့်တယ်နော် တစ်ယောက်နဲ့တစ်ယောက် ထိန်းထိန်းသိမ်းသိမ်းနေကြ "
" ကျွန်တော်မလုပ်ဘူးစိတ်ချ ခုနကဟာလည်းကျွန်တော်ပြောတာလို့ မပြောနဲ့နော် "
" သွားတော့ဆို ငါအပြင်ထွက်တော့မှာ "
" အတူသွားလို့မရဘူးလား ဒါမှမဟုတ် ဘယ်သွားမလို့လဲ ပြောပြပါလား "
" မင်းတော်တော်စကားများပါလား သွားတော့ ငါနေ့လယ်စာသွားစားမလို့ "
" ကျွန်တော်ရော ကျွန်တော်ရောလိုက်ခဲ့မယ် ကျွန်တော်လည်းမစားရသေးဘူး နော်ဦး အတူသွားမယ် "
" ကျစ် .. ဒါဆိုဂျူအွန်းကိုရောသွားခေါ်ခဲ့ "
" ခဏလေး ကျွန်တော်ဖုန်းဆက်လိုက်မယ် "
ဆော့ဂျင် သူနဲ့နှစ်ယောက်တည်း အတူမသွားချင်၍ ဂျူအွန်းကို ခေါ်ခိုင်းလိုက်သည်။ ထိုအခါ ထိုကောင်လေးကရှောရှောရှုရှုပင်လက်ခံပြီး ဖုန်းထုတ်ကာ ဆက်နေပြီ။သူကအဲလိုပြောလိုက်ရင် ငြင်းရအုံးမယ်ထင်နေတာ လွယ်လွယ်လက်ခံသား။
" ဟျောင့် ဦးကမင်းကို နေ့လယ်စာစားပြီးပြီလားတဲ့ စားဖို့ခေါ်နေတယ် "
" ဘာ.. အေအေ အေး ပြီးရော ဒါပဲနော် ငါ့ကိုတောင်မစောင့်ဘူး ဒါပဲ ဒါပဲ "
ဂျောင်ဂုက သူ့ရှေ့တွင်သာ ဖုန်းပြောပြီးနောက် ဖုန်းချကာ သူ့ကိုကြည့်လာသည်။
" စားပြီးသွားပြီတဲ့ ဒီကောင်သူငယ်ချင်းမဟုတ်ဘူးကျွန်တော့်ကိုတောင် သတိမရဘူး... ဟီး ဦးဒါဆိုကျွန်တော်တို့သွားစို့လေ "
ဆော့ဂျင်ခေါင်းကိုခါယမ်းလိုက်ပြီး အခန်းထဲကထွက်ခဲ့လိုက်သည်။ ဂျွန်ဂျောင်ဂုက တစ်ခါတလေ ကလေးလိုလိုနဲ့ တစ်ခါတလေကျပြန်တော့လည်း သူမဟုတ်သလို။
" ဦး အပြင်မှာသွားမစားဘူးလား "
" မစားဘူး ငါနေ့လယ်စာကို ဒီမှာပဲစားတာ "
ဂျောင်ဂု ဦးနဲ့အတူ နေ့လယ်စာဒိတ်လေးထွက်ရမှာမလို့ ပျော်နေရုံရှိသေးတယ် ဦးကရုံးပြင်တောင်မထွက် ကန်တင်းန်မှာတင်။ ဒါပေမဲ့လည်း ဦးနဲ့ဆိုတော့လည်း ဒိတ်ဟာဒိတ်ပဲပေါ့။
ဦးကသူကိုယ်တိုင်ပင် ထမင်းနဲ့ဟင်းတွေကို ဝန်ထမ်းတွေလိုပင် သွားယူလာသည်။ သူယူပေးမယ်ပြောတော့လည်းမရ။ သူလည်းဦးလိုပင် ယူလာလိုက်ပြီး ဦးနဲ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူရယ်ပြနေပေမဲ့ ဦးကတစ်ချက်သာကြည့်ပြီး ပြန်ငုံ့သွားသည်။ ပြီးတော့ ထပ်မကြည့်လာတော့ဘဲ ထမင်းကိုသာ အာရုံထားပြီး ငုံ့စားနေသည်။ သူကတော့ ယူသာယူခဲ့ရတာ ဟင်းတွေကိုမကြိုက်ပေ။ ဦးက ပင်လယ်စာမီနူးထဲက ယူလာတာဖြစ်သည်။ သူလည်း ကြိုက်တော့ကြိုက်ပေမဲ့ ဟင်းအဆီတွေ မကိုင်ချင်ပေ။ ထို့ကြောင့် ပုစွန်တွေကဏန်းတွေ သတ်သတ်ဖယ်ထားလိုက်ပြီး အနှစ်တွေဖြင့်သာ နည်းနည်းချင်း စားနေလိုက်သည်။ ဦးမျက်နှာလည်းကြည့်ရင်းပေါ့။ ဦးကတော့ ဘယ်ကတည်းကယူလာလည်းမသိတဲ့ လက်အိတ်အကြည်လေးကို စွပ်ပြီး ပုစွန်တွေကို သေချာခွာနေသည်။ ပြီးတော့ ကောင်းကောင်းပင်စားနေသည်။ ကြည့်ရတာ ဗိုက်တော်တော်ဆာနေပုံပင်။ သူမှာတော့ ဦးနဲ့ဒိတ်ဆိုလို့ အပျော်ကြီးပျော်ပြီး ဂျူအွန်းကိုတောင် ပိတ်ထားလိုက်ရတာ။ ဘယ်သိမလဲ စီအီးအိုကြီးဆိုတော့ စားသောက်ဆိုင်ကြီးကြီးမှာ စားမည်ထင်လိုက်တာပေါ့။
" မင်းမစားဘူးလား "
" အမ် ဟို ဦးကပြီးပြီလား "
ဦးက ပန်းကန်ကိုင်ပြီးတောင် ထရပ်နေပြီမလို့ သူလည်းယောင်ယောင်မှားမှား ထရပ်လိုက်မိသည်။သူ့ထမင်းပန်ကန်ကဖြင့် အရာတောင်မယွင်းသေး။ထိုအခါ ဦးက သူ့ပန်းကန်ဆီ ကြည့်နေသည်။
" မင်းမဆာဘဲနဲ့ ဘာလို့လိုက်လာတာလဲ "
" မဟုတ်ဘူး ကျွန်တော်က- "
" အဖြုန်းတီးကောင်း.. ဒီထမင်းဟင်းတွေကို ဘယ်လိုချက်ထားရတဲ့ အောက်ခြေက ဝန်ထမ်းတွေကို အားနာပါအုံး မဆာဘဲနဲ့ဘာလို့ယူခဲ့လဲ "
" မဟုတ်ဘူး ကျွန်တော်- "
" သွားတော့ အလုပ်ကိုသေချာလုပ် နေရာတကာ ပေါ့ပေါ့တန်တန်နဲ့ "
သူက ပုစွန်မခွာတတ်လို့လို့ ပြောမလို့ကို ဦးကဖြတ်ပြောသွားပြီး သူ့ကိုဆူပူကြိမ်းမောင်းသွားသည်။ ဒီရုံးကထမင်းက ဘယ်လောက်တန်မှာမလို့ အဲလောက်ထိလာပြောသွားရတာလဲ။ တစ်ခါတလေ ကင်မ်ဆော့ဂျင်ကို သူကစွဲလမ်းမဲ့သာ စွဲလမ်းနေတာ အဲလိုတွေလာပြောရင် အမြင်ကတ်တာနှစ်ယောက်မရှိ။မကြိုက်တာတွေကိုဘဲ ရွေးလုပ်ပစ်ချင်တာ။ အလကား ဘဝင်မြင့်နေတဲ့အဘိုးကြီး။ လူတွေကို အပြစ်ဘယ်လိုရှာရမလဲ၊ ဘယ်လိုမကောင်းမြင်ရမလဲဘဲ လိုက်ကြည့်နေတာ။
ဂျောင်ဂုစိတ်တိုတိုနဲ့ပြန်လာခဲ့ပြီး သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ တစ်လမ်းလုံးလည်း မြင်မြင်သမျှ ကင်မ်ဆော့ဂျင်အမှတ်နဲ့ ဆက်ဆံခဲ့သည်။
" ချီးပဲ ကင်မ်ဆော့ဂျင် "
" ဟ "
" အလကားအဖိုးကြီး အသက်ကဖြင့်ကြီးနေပြီ -ီးတောင်မကြိုက်တော့ဘူး ငါသူ့ကို "
" ဟ ဘယ်ဖြစ်လာတာလဲဟ နေပါအုံးမင်း ဦးနဲ့ဒိတ်ဆို ဘာလဲ ဘာပြောခဲ့လို့လဲ "
" ချီး ဒိတ် သူ့လိုသေခါနီးအဘိုးကြီးက ဘာဒိတ်သိမှာလဲ တရားစခန်းပဲပို့ရမှာ "
" ဟားဟား.. ဘာတွေဖြစ်ခဲ့လို့လဲ ဖြည်းဖြည်း.. ဖြည်းဖြည်းချင်း ပြောပြ ငါအားရပါးရရယ်ချင်လို့ "
" ချီးကိုရယ် ငါ-ိုး မင်းတို့တစ်မျိုးလုံး-ီးပဲ ဟျောင့် "
" ဟားဟားဟား ဂျွန်ဂျောင်ဂု တော်တော်ကြီးခံလာလိုက်ရတာပဲ ဦးနဲ့ဒိတ်လေး ပျော်ခဲ့ရတယ်ပေါ့ကွာ ဒိတ်ဆိုပြီး ငါ့ကိုလိုက်ခွင့်မပေးဘဲ သူချည်းပိတ်ပြောသွားတာလေ ခံပေါ့ ဟားဟားဟားဟား ဟား ဟား ဟား ဟား "
သူ့ကိုဘေးကနေ ရယ်နည်းမျိုးလုံးနဲ့လာရယ်နေတဲ့ ကျက်သတုံးလေးကြောင့် ဒေါသက ပိုထွက်လာရသည်။သူစိတ်တိုလေ ထိုကောင်က ပိုရယ်လေပင်။ ကင်မ်ဆော့ဂျင်က သူ့ကိုဂျွန်ဂျောင်ဂုမဟုတ်တော့သလိုဖြစ်အောင် လုပ်နိုင်လွန်းတယ်။ သူစဉ်းစားမိတယ် သူခြေရှုပ်မတတ် တွဲခဲ့တဲ့သူတွေနဲ့တုန်းကဆို သူအလွန်ပျော်ရသည်။သူတို့ကိုလိုက်တုန်းကလည်း ပျော်ရသည်။ အီစီကလီလုပ်နေတုန်းလည်း ပျော်ရသည်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စကားပြော အပေးအယူတည့်လာတော့လည်း ပျော်ပျော်ပဲ။ နောက်ဆုံးအဆင့် အိပ်ရာပေါ်ရောက်တော့လည်း ပျော်ပျော်ပဲရယ်။ ပျော်လွန်းလို့ နတ်ပြည်ရောက်နေသလားတောင် ထင်ရလွန်းတဲ့အထိ ပျော်ပျော်ပဲ။ ဒီကင်မ်ဆော့ဂျင်က မဟုတ်သေးပါဘူး။ မြင်လိုက်တာနဲ့ မကြည်ကြည့်၊မနှစ်မြို့သလိုအကြည့်တွေနဲ့ ဘယ်နားပျော်စရာကောင်းလို့လဲ။ တစ်ခါတလေ လူကိုနှစ်ပြားမတန်အောင်ပြောပြီး အထင်သေးပြမယ် လူကိုသူ့ပထွေးလို အနားကပ်ရင်တောင် အကြည့်ဆိုးကြီးနဲ့ကြည့်ပြီး ဝေးဝေးကရှောင်သွားတယ်။ တကယ် သူ့ကိုလိုက်ရတာဘယ်နားမှ ပျော်စရာရှိမနေဘူး။
" ငါသူ့ကိုဆက်မလိုက်တော့ဘူး "
" ဘာကို.. "
" အဲအဘိုးကြီးက ငါနဲ့မတန်ဘူးလို့ ဒါကြောင့် စိတ်ထဲကထုတ်ပစ်လိုက်ပြီ ညနေပဲ အလန်းဇယားသွားရှာမယ် လှိမ့်မယ် "
" ဟေး တကယ်ကြီးပေါ့လေ "
" လှိမ့်တာထူးဆန်းလို့လား ဘိုးအေရဲ့ "
" ဟ လှိမ့်တာကဆန်းမလား မင်း ဦးကို ဆက်မလိုက်တော့ဘူးလားမေးတာ "
" ဟုတ်တယ် ဆုံးဖြတ်လိုက်ပြီ "
" ရုတ်တရက်ကြီး.. မင်းသူ့ဆီက ကြမ်းကြမ်းတွေအပြောခံရတာ ပထမဆုံးလည်းမဟုတ် "
" ပထမဆုံးမဟုတ်လို့လေ ငါကအားအားယားယား သူပြောတာခံရမှာလား သူပြောရလောက်အောင်ထိလည်း ငါ့မှာသူ့ကိုဘာမှမလုပ်လိုက်ရသေး အလကားဘဝင်ကိုင်နေတာသိလား သူ့လိုအဘိုးကြီးကို ငယ်ငယ်ချောချောကောင်လေးက လိုက်ကပ်နေတယ်ဆိုပြီး ငါကသူ့ကို ကျောရရုံကြံနေတာသူမသိဘူး "
" ကျောရရုံကြံလည်း ဘာမှမရသေးတာ မင်းကိုယ်မင်းသိ "
" မင်းခွေး!! ဖြတ်ဖြတ်မပြောနဲ့ ဒီမှာ အဲအဘိုးကြီး ငါ့ဆီကကျရှုံးသွားရင် ငါမှငါဖြစ်သွားလိမ့်မယ် ငါမလုပ်ချင်သေးလို့ "
" ပြောင်းပြန်တွေမဟုတ်ဘူးလား အခု ဘယ်သူက သူမှသူဖြစ်နေတာလဲ "
" အခုငါဆက်မလိုက်တော့ဘူးလို့ ပြောလိုက်တယ်လေ ငါကသူ့ကိုအပျင်းပြေပါနော်.. အဟွင်း.. ငါ့ရုပ်ငါ့ရည် ငါ့အဖေအလုပ်နဲ့ ဒီလိုလူမျိုး ဆယ်ယောက်လောက်ငါ့နောက်တကောက်ကောက်လိုက်တယ် သိလား မင်းယောက်ဖအဘိုးကြီးကိုပြောလိုက် "
" အော် ဟုတ်လား တကယ်ပြောပေးရမလား "
" မင်း!!... အဟမ်း မင်းပြောရဲရင်ပြောလိုက်လေ ငါကအမှန်တွေပဲပြောတာ "
" ဪ ဪ "
" မရွဲ့နဲ့ ဒီတစ်ခေါက်ငါအတည် "
" မင်းအဲလိုပြောနေတာ ဘယ်နှကြိမ်မကဘူး တကယ်လည်းနေနိုင်တာမဟုတ်ဘဲနဲ့ "
" နေနိုင်တယ်ဟျောင့် ... ငါသူ့ကိုတစ်ကြိမ်လောက် အိပ်ရာပေါ်တင်ပြီးရင် "
သူသေချာသည်။ သူတစ်ခါလေးတောင် မြည်းစမ်းခွင့်မရသေးလို့ သူကဲသည်းနေတာဖြစ်သည်။ တစ်ကြိမ်လောက်အိပ်ဖူးသွားရင် ခင်ဗျားလည်း အရင်လူတွေအတိုင်းပဲ ဘာမှကွာမည်မဟုတ်။ ခင်ဗျားကိုယ်ခင်ဗျား အဖိုးတန်ကြီးလို နေမနေစမ်းနဲ့လို့ ပြောပစ်လိုက်ချင်တယ်။ တစ်ခါလောက်လုပ်ပြီးသွားရင် ထပ်မလိုတော့ဘူးဆိုတာ သူလောင်းရဲသည်။
" အဘိုးကြီးတွေက အလကားပါကွာ ငါ့စိတ်ကိုအိုစေတယ် ဒီတစ်ခါ ငယ်ငယ်ချောချောပဲ ထားတော့မယ် ငါ့ထက်တော့မငယ်စေဘူးပေါ့ "
.................................
" ကင်မ်ဆော့ဂျင်!!!! အလကားအဘိုးကြီး လာကြည့်စမ်း ကျုပ်ဘေးမှာ ခင်ဗျားထက်သာတဲ့ ငယ်ငယ်ချောချောလေးတွေချည်း ခင်ဗျားလိုအဘိုးကြီးကို လွမ်းနေစရာအကြောင်းမရှိဘူး "
လွမ်းနေလို့ လာညည်းနေတာမဟုတ်ဘူးလားဆိုပြီး နောက်စေ့ကို ဖြတ်ရိုက်ချင်စိတ်ကို မနည်းထိန်းထားရတယ်။မဟုတ်ဘူး ဒါတောင် သူရှေ့မှာရိုက်ခဲ့သေးတယ်။ ဘယ့်နှယ် နေ့ခင်းတုန်းကတော့ သောက်ဖို့၊စားဖို့ပျော်ပါးရအောင်ဆိုပြီး ထွက်ခဲ့တာပဲ ဒီရောက်တော့မှသကောင့်သားက အလွမ်းဇာတ်ထုတ်ရှည်ကြီးဖြင့် မပြီးနိုင်မစီးနိုင်။ ပြောတော့ဖြင့် လေကြီးမိုးကြီး မကြိုက်တော့ဘူး၊ မလိုက်တော့ဘူးဖြင့် ကျောရရုံကြံသည်လေး ဘာလေးနဲ့။
ပြောလို့ပြောတာမဟုတ်ဘူး သူ့သူငယ်ချင်းက တကယ်ကြီး သူ့ယောက်ဖကို ကြွေနေတာရယ် သူတို့နှစ်ယောက်စလုံးက ခြေရှုပ်ကြသည်မလို့ ရည်စားသညာကိစ္စတွေဆို နှစ်ယောက်စလုံးက အတိုင်အဖောက်ညီသည်။ သူဘာလို့ သူ့ယောက်ဖနဲ့ သူ့သူငယ်ချင်းကိစ္စကို ဒီအတိုင်းကြည့်နေလဲဆိုတော့ ယောက်ဖနဲ့မမကြီးတို့က ဘာမှမှမဟုတ်ကြသည်ပင်။မမကြီးကဆို ယောက်ဖထက်ပင် ခြေရှုပ်သေးသည်။မဟုတ်ဘူး ယောက်ဖကလွဲရင် တလောကလုံးကယောကျာ်းတွေနဲ့ ဇာတ်လမ်းရှုပ်သည်။ ယောက်ဖနဲ့သူတို့ဆက်ဆံရေးက ကြာလေသူစိမ်းဆန်လာလေပဲ။ထို့ကြောင့် ဂျောင်ဂုနဲ့သူ့ယောက်ဖ အကြောင်းပါသွားရင်ပဲ သူ့ယောက်ဖအတွက် စိတ်အေးရသည်ပေါ့။ ယောက်ဖသူတို့စီးပွားရေးကို လက်ဝါးကြီးအုပ်ချင်ရင်တောင် ဂျောင်ဂုတို့ဘက်က သူတို့ထက် အများကြီးအခြေအနေတောင့်သည်။ ထို့ကြောင့် ဂျောင်ဂုနဲ့ယောက်ဖနီးစပ်သွားရင်လည်း ကောင်းသည်ဟု သူတွေးမိသည်။မဟုတ်လည်း ယောက်ဖနဲ့မမကြီးက အဆင်မပြေဖြစ်နေပြီး ဂျောင်ဂုကလည်းသူ့ဦးမှဦး အသည်းအသန်ဖြစ်နေသည်ပဲ အဆင်ပြေသွားတော့လည်း ကောင်းတာပေါ့။
သကောင့်သားက လေကြီးမိုးကြီးနဲ့ ကျောရရုံကြံသည်သာပြောနေတာ သူ့ကိုယ်သူတကယ်ကြီးဖြစ်နေသည်တော့ သူမသိ။ ယောက်ဖက သူ့ရည်စားဦးလို ဖြစ်နေတာ။ သူအသက်ကြီးကြီးဘဲကြီးတွေ ကြိုက်ရတဲ့အကြောင်းအရင်းက ယောက်ဖကြောင့်လေ။သူတစ်ခါအိမ်လိုက်ခဲ့တုန်းက ယောက်ဖရဲ့အပေါ်ပိုင်းအဝတ်ဗလာနဲ့ ဟင်းချက်နေသည်ကို မတော်တဆမြင်ပြီးကတည်းကပဲ။ အဲဒီတုန်းက သကောင့်သား ငေးလျက်သားရပ်ကြည့်နေမိတာကို သူမြင်ယောင်မိသေးသည်။ အဲလိုမြင်ပြီးကတည်းက တစ်ပတ်လောက်ထိ သူကအဲအကြောင်း ပါးစပ်ကမချဘူး။သူ့စိတ်ထဲက ထုတ်မရဘူးလို့တောင် ဝန်ခံခဲ့တယ်။အဲကစပြီး သူ့လိင်စိတ်တိမ်းညွှတ်မှုကို သူဘာသာသူ သတိထားမိသွားတာ။ နောက်များမှာတော့ အိမ်ကိုချောင်းပေါက်မတတ်လာတော့သည်ပဲ။ သူနဲ့လည်း ညီအစ်ကိုတဖွယ် ရင်းနှီးလာသည်။
" ကင်မ်ဆော့ဂျင်ဆီသွားချင်တယ်ကွာ "
ရုတ်တရက်အသံဗြဲကြီးက ထပေါ်လာပြန်တော့ သူစိတ်ပျက်လက်ပျက် ညည်းတွားမိသည်။ပျော်မယ်ပါးမယ်ဆိုပြီးခေါ်ထားတဲ့ ကောင်လေးတွေပင် မျက်နှာငယ်လေးတွေဖြင့်။ သူထိုကောင်လေးတွေကို သွားခိုင်းလိုက်ပြီး သူတို့လည်း ပြန်ဖို့လုပ်တော့သည်။ ဒီကောင်ကြီးဒီလိုဖြစ်နေမှတော့ ပျော်လို့ပါးလို့လည်းရတော့မည်မထင်။
" ထ ဟျောင့် ပြန်မယ် "
သူဆိုဖာပေါ်တွင် ပစ်စလက်ခတ်ဖြစ်နေတဲ့သူကို တစ်ချက်ကန်ပြီး ပြောလိုက်သည်။ ဒီကောင်ရောသူရောက အရက်ဂျိုးတွေမလို့ လူမှန်းမသိသူမှန်းမသိအောင်ထိ မဖြစ်ဘူး။ ဒါကြောင့် အသာအယာသာပင် ခြေထောက်နဲ့ကန်ပေးလိုက်သည်။
" ခွေးမလို့လာကန်နေတာလား မင်းတို့တစ်မျိုးလုံးကို-ီးပဲထင်တယ် ဟျောင့် ကြားလား ကင်မ်ဆော့ဂျင်လည်း-ီးပဲလို့ "
" မင်းမထဘူးလား ငါပြန်ပြီနော် "
" ဘယ်မှမပြန်ဘူး ဒီမှာပဲငါအိပ်မှာ "
" အဲဒါဆိုလည်းနေလေ မဟုတ်တောင် ငါကမင်းကို ငါ့အိမ်ခေါ်သွားမလို့ "
" တကယ်လား "
ပြောတယ်မလား.. ဒီကောင်က ချက်ချင်းတောင်ကုန်းထလာခဲ့တာ.. ဒါလား သူစိတ်ကုန်သွားတာ။
" သွားမယ်ဆို ပြန်မယ်လေ "
" သူတောင်းစား မူးတာလည်းမဟုတ်ဘဲ နားငြီးအောင်... သွားမယ် အိမ်ရောက်မှ မင်းအသံဗြဲကြီးနဲ့ကျိန်ဆဲနေတဲ့ဟာ ယောက်ဖကိုဖွင့်ပြအုံးမယ် ငါအသံသွင်းထားတယ် "
" ဟာဟေ့ရောင် မင်းအဲလိုတော့မလုပ်နဲ့လေကွာ "
" လုပ်မှာပဲ မင်းကျက်သရေတုံးတာအရမ်း ပျော်ဖို့ပါးဖို့ ချီးပျော် ချီးပြတ်ပြီ ချီး စောက်ရမ်းအမြင်ကတ်နေပြီ မင်းကိုအလကားသူတောင်းစား "
" ဟဲဟဲ မင်းကလည်း.. ငါကလေ့ကျင့်နေတာ ငါအဲလိုလုပ်လိုက်ရင်ကောင်းမလား လေ့ကျင့်ကြည့်တာ နေ့လယ်က ငါနည်းနည်းတင်းသွားလို့ ဆုံးဖြတ်ချက်လောသွားတာ တကယ်က ငါဆိုတာ လက်လျှော့တတ်တဲ့သူမျိုးမဟုတ်တာမင်းသိပါတယ် ငါခုနကခဏအနားယူလိုက်တာ အလကား "
" သွားစမ်းပါ မင်းကိုအစတည်းကကို မယုံတာ လေကြီးလေကျယ်နဲ့ သွားပြန်မယ် "
" ဂျူအွန်း "
သွားမဲ့ဟာကို မသွားရသေးဘဲ အရစ်ရှည်ပြီးရပ်နေသေးတဲ့ သကောင့်သားကို ရပ်စောင့်နေရပြန်သည်။တကယ်ဆို ဒီလိုအရစ်တွေရှည်ပြီး စောက်စကားများနေမဲ့အစား မထနိုင်လောက်အောင်ဘဲ မူးနေစေချင်တော့တယ်။ အရက်လေးဝင်ပြီဆိုစောက်စကားတွေ အရမ်းများလာတယ်။ အခုလည်း ပြောစရာရှိတာမပြောသေးဘဲ အိုက်တင်ခံနေသည်။
" ဘာလဲကွာ မြန်မြန်မပြောဘဲ "
" ငါစဉ်းစားမိတာတစ်ခုရှိတယ် အခုပြန်သွားရင် ငါမထနိုင်မထိုင်နိုင် အရမ်းမူးနေတယ်ဆိုပြီး ဦးအခန်းထဲထည့်ပေးလိုက်ပါလား အပြင်ကလော့ပါချသွား ဘာပဲဖြစ်ဖြစ် မဖွင့်ပေးဘဲနေလိုက် "
" ဒီခွေး!! သွားမယ်.. အဲဒါမှ အကုန်နားကားကုန်မှာ မင်းတင်မကဘဲ ငါပါလွတ်မှာမဟုတ်ဘူး ...သုံးစားမရတဲ့အကြံဉာဏ်နဲ့.. မင်းတော့ ချိုင်းထောက်နဲ့နေချင်နေပြီထင်တယ် "
" ငါတော့အဲလိုမထင်ဘူး ဦးငါ့ကို ကြိုက်ချင်ကြိုက်သွားမှာပေါ့ ပြောလို့ရမလား "
" မင်းမုဒိမ်းတက်ကျင့်မှာကို ဟိုကကြိုက်သွားရမှာလား အလိုလိုနေရင်းတောင် ဟိုကမင်းကိုမကြည်တာ မင်းနဲ့ပေါင်းလို့လားမသိဘူး ယောက်ဖက ငါ့ကိုလည်းမကြည်ဘူး "
" သူကဘယ်သူ့ကိုမှမကြည်တာ အလကားအဘိုးကြီး .. လာ သွားစို့ကွာ ပြောရင်းတောင် တွေ့ချင်လာပြီ "
သူ့ကိုပြောတော့ကျ မသိချင်ယောင်ဆောင်ပြီး ရှေ့ကအရင် ထထွက်သွားသည်။ ပြောတယ်မလားဒီကောင်က,လေပါဆို ကွယ်ရာကျရင် ဆင်လိုလိုကျားလိုလိုနဲ့ ရှေ့ရောက်ရင် ယုန်သူငယ်။ သူအရှေ့ကနေသွားနေတဲ့ သကောင့်သားကို အမီလိုက်ပြီး ဖင်ပိတ်ကန်ပစ်လိုက်သည်။ အလကားကောင်!
__________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



