Fanfics

ep5

15:34, 16 February 2024

" စီအီးအို အထဲမှာ ဥက္ကဌဂျွန်ရောက်နေပါတယ် "

သူရုံးရောက်တော့ သူ့လက်ထောက်အတွင်းရေးမှူးမလေးက ဆီးကြိုပြောသည်။ ဥက္ကဌဂျွန်က ဂျွန်အုပ်စုကပင်။ ဂျွန်အုပ်စုက စီးပွားရေးလောကတွင် မသိသူမရှိ အရှိန်အဝါကောင်းကောင်းနှင့် စီးပွားရေးဈေးကွက်တွေကို လက်ဝါးကြီးအုပ်ယူထားသည်။

" ကြိုမချိန်းထားဘဲ.. "

" ဟုတ်ပါတယ် "

သူခေါင်းညိတ်ပြလိုက်ပြီး သူ့အခန်းတံခါးကို ဖွင့်လိုက်သည်။ ဥက္ကဌဂျွန်နဲ့ သူနဲ့ဆက်ဆံရေးကလည်း ကောင်းသည်မလို့ ဘာမှသိပ်မစဉ်းစားမိ။ ဘာများအရေးကြီးနေလို့ပါလဲ။

သူအထဲဝင်သွားတာနဲ့ ဧည့်တွေ့ဆိုဖာပေါ်တွင် ယုန်သွားနဲ့ သူ့ကိုလှမ်းပြုံးပြနေတဲ့ကောင်လေးကို အရင် မျက်နှာချင်းဆိုင်လှမ်းတွေ့လိုက်ရတော့ သူ့မျက်နှာတင်းလိုက်မိသည်။

" ဦးဂျင် "

" မင်းကဘယ်လို.. "

ထိုကလေးက သူ့ကိုတွေ့တာနဲ့ သွားကြီးကြီးနှစ်ချောင်းကို လှစ်ဟပြထားပြီး လက်ကို ဝှေ့ယမ်းပြနေသည်။

" ဆော့ဂျင် "

" အာ.. ဥက္ကဌဂျွန် "

သူကဝင်ဝင်ချင်း ထိုကောင်လေးကိုသာ တန်းမြင်လိုက်ရလို့ နောက်ကျောပေးထိုင်နေတဲ့ ဥက္ကဌဂျွန်ကို သတိမထားမိဖြစ်သွားသည်။ ပြီးတော့  ထိုကောင်လေးအဖေက ဥက္ကဌဂျွန်ဆိုတာ သူခဏမေ့သွားတယ်။ ဆိုတော့ သူ့ဆီဘာလာလုပ်ကြတာလဲ!

သူအနားလျှောက်သွားလိုက်ပြီး ဥက္ကဌဂျွန်ကို လက်ပေးနှုတ်ဆက်လိုက်သည်။ သူတို့နှုတ်ဆက်နေတုန်း သူ့သားကပါ လက်ပေးနေတော့ သူဥက္ကဌဂျွန်မျက်နှာကြောင့် ပြန်နှုတ်ဆက်လိုက်ရသည်။ ထိုအခါ ထိုအကောင်မျက်နှာက ကျေနပ်ပြုံး ပြုံးနေပြီး လက်ကို တော်တော်နဲ့မလွှတ်ပေးဘဲ ဖျစ်ညစ်ထားသည်။ သူမျက်နှာသေနဲ့ စိုက်ကြည့်လိုက်တော့မှ ပြုံးစိစိလုပ်ပြီး လက်ကိုလွှတ်သွားသည်။

သူတို့ပြန်ထိုင်ကြမည်ပြင်တော့ ဂျွန်ဂျောင်ဂုက သူ့ကို သူ့ဘေးတွင် နေရာဖယ်ပေးသည်။ သူနေရာတွေကို တစ်ချက်ကြည့်လိုက်ရင်း ရာထူးအရရော၊အသက်အရရောကြောင့် ထိပ်ဆုံးခုံတွင် မထိုင်ချင်တာမလို့ ဂျွန်ဂျောင်ဂုဘေးတွင်သာ ဝင်ထိုင်လိုက်သည်။

" ဥက္ကဌဂျွန် ကျွန်တော့်ကို ရုတ်တရက်ကြီးလာတွေ့တယ်ဆိုတော့ ကျွန်တော်နည်းနည်းတော့ အံ့ဩသွားတယ် အရေးကြီးကိစ္စများရှိလို့လား "

" အရေးကြီးကိစ္စတော့ မဟုတ်ဘူးပေါ့ ဒါပေမဲ့ မင်းကို အပူကပ်စရာလေးနည်းနည်းရှိတယ်ကွာ "

" ပြောပါ ဥက္ကဌဂျွန် ကျွန်တော်ကူညီနိုင်တယ်ထင်လို့ဥက္ကဌဂျွန်က ကျွန်တော့်ကိုအမှတ်ရလိုက်တာပဲ ကျွန်တော်ကူညီနိုင်မှာ ကျိန်းသေပါတယ် "

" ဒီလိုဆော့ဂျင်ရဲ့ မင်းဘေးကငါ့သားအတွက် မင်းကိုအပူကပ်ချင်လို့.. သူက ရုတ်တရက်ကွာ အလုပ်လုပ်ချင်ပါတယ် လုပ်ငန်းခွင်လေ့လာချင်ပါတယ်လာပြောနေတယ် သူအလုပ်လုပ်ချင်တာ ငါဝမ်းသာပေမဲ့ ငါ့အလုပ်မဟုတ်ဘဲ မင်းလက်အောက်မှာ လုပ်ချင်လို့တဲ့ကွာ "

ဥက္ကဌဂျွန်စကားတွေ အသေအချာနားထောင်နေရင်းနဲ့မှ နောက်ဆုံးစကားတွင် သူမျက်လုံးပြူးသွားရင်း ဘေးကကောင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုကောင်လေးကသူ့ကိုသာပြုံးရင်း စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ဘယ်အချိန်တည်းက ကြည့်နေမှန်းသူမသိ။

" သူ့သူငယ်ချင်း မင်းယောက်ဖကလည်း အလုပ်ဝင်မှာဆို အဲဒါအားကျပြီးလား မပြောတတ်ဘူး ငါ့ကိုတစ်ချိန်လုံးအပူကပ်နေတာနဲ့ နောက်ဆုံး မင်းဆီလာတွေ့ရတာပဲ "

" ဟုတ်ကဲ့ "

" ငါကသူအပူကပ်လို့ဆိုတာထက် ဆော့ဂျင် ငါမင်းကိုယုံလို့လေ ဂျယ်ဝမ်လက်ထက်ကတည်းက ငါမင်းကိုလေးစားလာတာ မင်းသိပါတယ် မင်းသူ့ကိုသေချာသင်ပြပေးနိုင်တယ်ဆိုတာ ငါယုံနေလို့ မင်းဆီရောက်လာခဲ့လိုက်တာ "

ဆော့ဂျင်ဘေးကကောင်ကို ကြည့်လိုက်ရင်းငြင်းပစ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ သူက စကားလည်းကျွံပြီးတဲ့အပြင် ဥက္ကဌဂျွန်ကလည်း သူ့ဆီအကူအညီတောင်းတယ်ဆိုတာ ခပ်ရှားရှားရယ်။ဟုတ်တာပေါ့ ဂျွန်အုပ်စုက သူ့ဆီက ဘာအကူအညီများလိုအပ်နိုင်မှာမလို့လဲ။ ဂျွန်အုပ်စုကတော့ ဦးလေးဂျယ်ဝမ်ရှိစဉ်ကတည်းက ရင်းနှီးသည်မလို့ ဦးလေးဆုံးသွားပြီးနောက်ပိုင်းလည်း ရှင်းကိုပစ်မထားဘဲ ကြည့်ပေးရှာသည်။အခုအကူအညီကလည်း မခက်ခဲပေမဲ့ ဂျွန်ဂျောင်ဂုမလို့ သူငြင်းချင်မိတာ။ ထိုကောင်လေးမှာ ကောင်းတဲ့ရည်ရွယ်ချက် ရှိမည်မဟုတ်ပေ။ တစ်နေ့ကပင် အခန်းထဲထိဝင်ပြီးသူ့ကိုဘယ်လိုတွေ စော်ကားသွားလဲ။ လူကို သူတို့လိုရွယ်တူများ မှတ်နေကြလားမသိဘူး။

ဆော့ဂျင်သက်ပြင်းသာသာချလိုက်ပြီး ရလိုရငြား ဖျောင်းဖျကြည့်လိုက်သည်။

" ကျွန်တော်က တန်ခိုးရှင်တော့မဟုတ်ဘူး။ကျွန်တော့်ကို ဥက္ကဌဂျွန်အပြင် တခြားသူတွေပါ လေးစားတယ်ဆိုတာ ကျွန်တော့်ကြိုးစားမှုကြောင့်ပါ ကျွန်တော်ကသင်ပြပေးနိုင်တယ်ဆိုအုံးတော့ နောက်ကလိုက်မလုပ်နိုင်ရင် ကျွန်တော်လည်းဘာမှတတ်နိုင်မှာမဟုတ်ဘူး ကျွန်တော်တတ်သလောက် ကျွန်တော်ကပြန်သင်ပေးနိုင်ပါတယ် ကျန်တာသူတို့အပိုင်းပေါ့ "

" ဆော့ဂျင် ငါမင်းကိုလေးစားတာ အဲလိုအချက်တွေကြောင့်ပဲ နောက်လည်းမင်းနဲ့ငါတို့ လက်တွဲရအုံးမှာပါ သူ့ကိုမင်းညီ၊ မင်းတူလို ဆုံးမပေးလို့ရပါတယ် ငါမင်းလက်ထဲအပ်တယ် "

" ဦးကျွန်တော့်ကိုလက်ခံပြီပေါ့ "

အားရဝမ်းသာ သူ့အနားပိုတိုးကပ်လာတဲ့ ကောင်လေးကိုသူစောင်းငဲ့လိုက်ပြီး မျက်လုံးချင်းဆုံကာ ခပ်တင်းတင်းကြည့်လိုက်သည်။

" ငါပြောသလိုပဲ ငါကလုပ်ငန်းနဲ့ပတ်သက်ပြီး အကုန်သင်ပြပေးနိုင်တယ် တစ်ခုပဲ ငါ့လက်အောက်မှာ ရှိနေတဲ့အချိန်တော့ ငါ့စည်းကမ်း၊ ငါ့စကားကို လေးစားပေးပါ "

သူထိုစကား‌ကို ဂျွန်ဂျောင်ဂုမျက်နှာစေ့စေ့ကြည့်ရင်း ပြောလိုက်သည်။ သူက ဘာရည်ရွယ်ချက်ကြောင့် သူ့ဆီဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့မှန်းမသိပေမဲ့ သူကြိုစည်းတားထားလိုက်သည်။

" အဲဒါတစ်ခုတော့ ကျွန်တော်အလေးအနက်တောင်းဆိုတာပါ "

" ငါလည်းစည်းနဲ့ကမ်းနဲ့ နေရတာမျိုး သဘောကျတဲ့သူပါ သူ့ကိုလည်းသေချာပေါက် အဲလိုပဲဖြစ်စေချင်တာပေါ့ ကဲ ဆော့ဂျင် ငါမင်းအချိန်တွေ အများကြီးဖြုန်းမိပြီ တစ်ရက်လောက်တော့ ထမင်းဖိတ်ကျွေးအုံးမယ် "

" မျှော်နေပါ့မယ် ဥက္ကဌဂျွန် "

" ကဲ သားငယ် မင်းလုပ်ချင်တဲ့နေရာကလုပ်ရပြီ လိမ္မာမယ်မလား ဘယ်နှရက်ခံမလဲ ငါစောင့်ကြည့်မယ် "

" သားအခုပဲ အလုပ်စလုပ်တော့မှာပါ အဖေကောင်းကောင်းပြန် "

နေအုံး! ဘာ! အခုပဲ.. သူ့အဖေကို လက်ပြနှုတ်ဆက်နေတဲ့ဂျွန်ဂျောင်ဂုကို သူကြည့်လိုက်သည်။ သူ့ကိုဒီနေ့ပါလို့  ဘယ်သူပြောလို့လဲ။

" ဦး "

" ဒီနေ့လာစရာမလိုသေးဘူး ပြန်ချင်ပြန်လို့ရတယ် အလုပ်စမဲ့နေ့ မင်းကိုအကြောင်းကြားမယ် "

" တော်ပြီ အခုပဲစမှာ ဂျူအွန်းရောရောက်ပြီလား "

ဆော့ဂျင်သက်ပြင်းချလိုက်သည်။ နှစ်ယောက်ပေါင်းရင် သူနိုင်တော့မှာတောင်မဟုတ်ဘူး။ အခုတောင် သူ့စကားနားမထောင်တော့ဘူး။ ဆော့ဂျင် အပြင်ကအတွင်းရေးမှူးကိုမခေါ်ခင် ဂျွန်ဂျောင်ဂုကို သတိပေးစရာရှိတာ ပေးရအုံးမည်။

" မင်းအလုပ်လုပ်ချင်လို့ပဲ ဖြစ်ပါစေ ငါ့ကိုနှောင့်ယှက်ဖို့ တခုခုလုပ်ခဲ့ရင် ငါဥက္ကဌဂျွန်မျက်နှာလည်း ထောက်နေမှာမဟုတ်ဘူး။ ပြီးတော့ ငါ့စည်းကမ်း၊ငါ့စကားကိုအလေးထားပါ အလုပ်ချိန်မှာ ငါနဲ့ရင်းနှီးသလို အပြုအမှုတွေလည်း ရှောင်ပေးပါ အလုပ်ကိစ္စသိချင်ရင် အချိန်မရွေးမေးနိုင်တယ် .... သွားလို့ရပြီ။ အတွင်းရေးမှူးဆီသွားလိုက် ငါသူ့ကိုပြောထားလိုက်မယ် မင်းအလုပ်ကို စိတ်ဝင်တစားလုပ်ဖို့ မျှော်လင့်ပါတယ် "

" အဲနေ့က သေချာပြောခဲ့တယ်မလား "

" ဘာကို.. "

" သဘောကျတယ်ဆိုတာ "

" ... "

" အဲဒါကြောင့်မလို့.. ဦးနဲ့နီးစပ်ချင်လို့ "

သူဒီလောက်ပြောနေတာတောင် မျက်နှာပြောင်နဲ့အဓိပ္ပာယ်မရှိတဲ့စကားကို ထုတ်ပြောနေသေးသည်။

" ဒါပေမဲ့ စိတ်ချပါ။ ဦးအလုပ်ကိုအထိခိုက်စေရဘူး ပြီးတော့ ဦးလည်းကြိုပြင်ဆင်ထားပါ အခုကစပြီးဦးနှလုံးသားကို တိုက်ခိုက်တော့မှာမလို့ "

" မင်း..! ငါစိတ်မဝင်စားဘူး မင်းသာ အလုပ်ကိုစိတ်မဝင်စားဘဲ လျှောက်လုပ်နေမယ်ဆိုရင် မင်းကိုမောင်းထုတ်ပစ်ဖို့ ဝန်မလေးဘူး "

" ဦးကြောက်နေတာမလား "

" ... ''

" ကျွန်တော့်အပေါ် ဦးပြိုလဲလာတော့မှာကိုလေ "

" ကျွန်တော်နဲ့အတူရှိနေတာကြာရင် စိတ်မထိန်းနိုင်ဘဲ ဖက်နမ်းမိတော့မှာဆိုးလို့မလား မောင်းထုတ်ချင်နေတာ "

" မင်းကိုဆွဲမထုတ်ခင် အမြန်ထွက်သွားလိုက်တော့ "

ဂျွန်ဂျောင်ဂုသူ့ကိုတစ်စက်လေးမှ မခန့်ဘူး။ထွက်သွားခါနီးတောင် သူ့ကိုပမာမခန့်လုပ်သွားဖို့ မမေ့ဘူး။ ဒီလိုကောင်မျိုးနဲ့ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားရမည်နည်း။

....................................

" ဟေး မောင်လေး မင်းက "

" နူးနားတို့ "

" ဟုတ်နေတာပဲ ဒီကိုဘာကိတ်.. အာ မင်းတို့အဆင့်တက်သွားပြီကြားတယ် အဲဒီအတွက် တစ်ဝိုင်းလောက်မကျွေးချင်ဘူးလား ဆိုဟွန်းကိုကျွေးဖို့ပြောနေတာ တုတ်တုတ်မလှုပ်ဘူး မင်းမအားသေးလို့ဆို ဒါနဲ့မင်းက.. "

ဂျောင်ဂုကော်ဖီဝယ်ထွက်မလို့ အပြင်ထွက်ခဲ့တော့ အစ်ကိုဆိုဟွန်းရဲ့သူငယ်ချင်းအစ်မနဲ့ တန်းတိုးသည်။ထိုအစ်မက သူကလပ်မှာတွေ့ဖူးတဲ့အစ်မပင်။ စကားများပုံရတဲ့ထိုအစ်မက သူတို့နှင့်တစ်ရုံးတည်းတဲ့လား။ သူကဖြင့် ဒီရက်ပိုင်းထဲ အစ်ကိုဆိုဟွန်းနဲ့တောင် အဆက်အသွယ်မရှိဘူး။ အစ်ကိုဆိုဟွန်းက တစ်ခါတလေဖုန်းဆက်လာပေမဲ့ သူမကိုင်ဖြစ်။ ထိုအချိန်တုန်းက ကင်မ်ဆော့ဂျင်ကို ဘယ်လိုကိုင်ရမလဲဘဲ အတွေးများနေ၍ တခြားအရှုပ်တွေအကုန် လျစ်လျှူရှုထားမိသည်။ဒီရက်ပိုင်းသူတွေးမိတာက ကင်မ်ဆော့ဂျင်တစ်ယောက်ကိုပဲ အသေအချာလိုက်ကြည့်မလို့ပင်။

" အခုရော ဘယ်သွားမလို့လဲ "

" အာ.. ကျွန်တော်.. ကော်ဖီ.. ကော်ဖီသွားဝယ်မလို့ သိလား ကျွန်တော်က ဒီမှာအလုပ်သင်ဖြစ်နေပြီ လုပ်ငန်းလေ့လာချင်လို့ အဲဒါ ဒီနေ့ပထမဆုံးနေ့လေ အသစ်လေးလည်းဖြစ်တော့ ဌာနကစီနီယာတွေကို ကော်ဖီတိုက်ချင်လို့ အခုထွက်ဝယ်တာ "

" အာ.. မင်းလေးကအတတ်လေးပဲ နေပါအုံး သူဌေးသားက သူများကုမ္ပဏီမှာအလုပ်သင်ပေါ့ မဟုတ်မှ- အိုးဟိုးဟိုး မောင်လေးတွေမှ တကယ်ချစ်တတ်တယ်ဆိုတာ အမှန်ပဲကိုး ဆိုဟွန်းတို့ကတော့ ကံကောင်းလိုက်တာ "

" ဟင်းဟင်း မကတော့ဗျာ.. ကျွန်တော်မအတွက်လည်း ကော်ဖီဝယ်တိုက်ပါ့မယ် မဘာသောက်မလဲ "

" ကော်ဖီပဲလား မင်းတို့နှစ်ယောက်လုံး တစ်ဝိုင်းကျွေးဖို့ အစီအစဉ်မရှိကြဘူးပေါ့လေ "

" မဟုတ်တာ ကျွန်တော်ဒီရက်ပိုင်း အလုပ်လုပ်ဖို့ အားသန်နေတာနဲ့ အိမ်နဲ့နည်းနည်း စကားလည်းပြောနေရတော့ အစ်ကိုနဲ့တောင် မတွေ့ဖြစ်ဘူးအစ်ကိုတော့ ကျွန်တော့်ကို စိတ်ကောက်နေတော့မှာပဲ "

" စိတ်ချ တို့တစ်ယောက်လုံးရှိသေးတယ် မင်းကသူနဲ့အတူလုပ်ချင်လို့ အိမ်ကကုမ္ပဏီကိုကျော်ပြီး မင်းကိုကိုဆီရောက်လာရတာပဲ ဘယ်သူကစိတ်ဆိုးရက်ပါ့မလဲ "

" ဟင်းဟင်း ကျေးဇူးပဲမ မ,စားချင်တာပြောလိုက် ကျွန်တော်ဝယ်ကျွေးမယ် မ,ဌာနကို လာပို့ပေးမယ် ကိုကို့ကို မလက်ထဲအပ်လိုက်ပြီနော် "

" စိတ်ချစမ်းပါ သူအဲလောက်လည်း စိတ်ဆိုးနေမယ်မထင်ဘူး "

" ဒါဆိုသွားပြီနော် ခဏနေတွေ့မယ် "

" ဘိုင့်ဘိုင် "

ဂျောင်ဂုအစ်မနဲ့လမ်းခွဲခဲ့ပြီး ကော်ဖီဆိုင်ဘက် ထွက်ခဲ့သည်။ စီနီယာတွေအတွက် ကော်ဖီအရေအတွက် သေချာမှာလိုက်ပြီး ဦးအတွက်လည်း ဝယ်ဖို့ စဉ်းစားမိသည်။ ပြီးတော့ အစ်ကိုဆိုဟွန်းအတွက်ရောပဲ။အစ်ကိုနဲ့သူနဲ့က အပေးအယူမျှတဲ့သူတွေမလို့ တစ်ညသာဆက်ဆံရေးမဟုတ်ဘဲ ချစ်သူရည်စားလို  တွဲဖြစ်လုတွဲဖြစ်ခင်ပဲ။ တရားဝင်တွဲထားခြင်းတော့ မရှိသေး။ သို့ထိတိုင် သူနဲ့အစ်ကို့ကြားတွင် ဘာအဖုအထစ်မှမရှိသေးဘဲ အဆင်ပြေပြေ ရှိနေကြသေးသည်။ အဲဒါကြောင့် အစ်ကိုဟာ သူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမှာ ရှိနေသေးတယ်ဆိုတာကိုတော့ မေ့ထားလိုက်လို့မရ။ ခက်တာက သူအစ်ကို့အကြိုက်မသိသေး.. ဆိုတော့  သူလည်းကင်မ်ဆော့ဂျင်နဲ့ တစ်စိတ်တစ်ပိုင်းတူပြီးသားမလို့ ဦးအကြိုက်အတိုင်းပဲ ဝယ်လိုက်သည်။

သူကော်ဖီခြင်းတွေ မနိုင်တနိုင်နဲ့ လက်အပြည့်သယ်ခဲ့ပြီး ဌာနထဲဝင်ခဲ့သည်။ ရောက်တာတစ်ပိုင်းပဲရှိသေးပေမဲ့ သူအကုန်လုံးနဲ့ ရင်းနှီးနေပြီးပြီ။စီနီယာတွေအကုန်လုံးက ဖော်ရွေကြသည်။ သူကော်ဖီတွေကို အလုပ်ရှုပ်နေတဲ့ လူတစ်ဦးချင်းစီကို နေရာတကျလိုက်ပို့ဆောင်လိုက်ပြီး အမှတ်ယူလိုက်သည်။

" ဟျောင့် ငါ့အတွက်ရော "

" မပါဘူး မင်းကဘာမလို့လဲ "

" ပေး မရဘူး မင်းလက်ထဲကဟာတွေကဘာလဲ! "

" ဒါ ဟိုဘက်ဌာနက မမကိုပေးရမှာ မရဘူး ကိုယ့်ဟာကိုယ်သွားဆင်းသောက် "

" မင်းက တခြားဌာနကသူတွေနဲ့ပါ ဖွန်ကြောင်နေပြီပေါ့လေ ရောက်တာတစ်ရက်မပြည့်သေးဘူး "

" ချီးကိုဖွန်ကြောင် မင်းလိုများမှတ်နေလား အစ်ကိုဆိုဟွန်းရဲ့ သူငယ်ချင်းမမကွ ခုနက ကော်ဖီသွားအဝယ် လမ်းမှာတွေ့လို့ ဝယ်ခဲ့တာ သွားပေးရအုံးမှာ ဒါကတော့ အစ်ကို့အတွက် မရဘူး မင်းကဟိုစက်ကဟာပဲ သောက်လိုက်တော့ "

" မင်းကသောက်ကျိုးနည်းသူငယ်ချင်းကြီးနော်တခြားသူတွေအတွက်တော့ အကုန်ပါပြီး ငါ့ကျချန်ထားတယ် ဒါကရောဘာလဲ မင်းမမ၊အစ်ကို စုံပြီလေ ဒါပိုနေတာမဟုတ်ဘူးလား လာစနေသေးတယ် "

" မဟုတ်ဘူး မထိနဲ့ ဒါကဦးအတွက်ကွ ငါသွားပေးလိုက်အုံးမယ် သွားပြီ မင်းကိုညကျမှ အဝတိုက်မယ် "

" အေး မင်းစကားမင်းတည်နော် ငါမှတ်ထားမှာ "

" သွားပြီ "

နောက်ကဂျူအွန်းရဲ့ဆဲရေးသံတွေ လျစ်လျှူရှုခဲ့ပြီး အမြန်ထွက်လာခဲ့သည်။ သူကလည်းသူပင် ဂျူအွန်းကိုတစ်စက်မှသတိမရ။ သတိမရဆို သူတို့က ကော်ဖီ၊အအေးသောက်တတ်တဲ့အမျိုးတွေမှမဟုတ်တာ။ နှစ်ယောက်စလုံးက ယမကာဂျိုးတွေ။ သူကိုယ်တိုင်လည်း သူများအတွက်သာဝယ်လာပြီး သူ့အတွက်မပါ။

အစ်ကိုဆိုဟွန်းတို့သူငယ်ချင်းနှစ်ယောက်က တစ်ဌာနတည်းပင်။ သူရောက်သွားတော့ အစ်မဂျယ်အီးကပြောပြထားပြီးပြီထင် သိပ်မအံ့ဩသွား။

" မင်းငါ့ဆီမှာအလုပ်လာလုပ်မှာကို နည်းနည်းလေးမှတောင် အရိပ်အမြွက်မပြောပါလား ငါဘယ်လောက်အံ့ဩသွားရလဲ ဂျယ်အီးပြောပြတော့ ငါတော်တော်အံ့ဩသွားရတယ် အခုမင်းကိုမြင်လိုက်ရမှ ယုံတော့တယ် "

" ကျွန်တော်ဒီမှာလုပ်ရဖို့ အိမ်နဲ့ရုန်းကန်နေလို့ပါ တမင်မပြောပြတာမဟုတ်ဘူး အစ်ကိုရဲ့ အစ်ကို့အတွက်ကော်ဖီ "

" ဒီကြားထဲ ငါ့ဖုန်းတွေလည်းမကိုင်ဘူး "

" တမင်မကိုင်တာမဟုတ်ဘူး ခုနကပြောတဲ့အတိုင်းပါဆို အစ်မဂျယ်အီးကိုလည်း ပြောပြလိုက်တယ်လေ အစ်ကိုကလည်း.. "

" သိတယ်လေ ငါကမင်းကိုယ်တိုင်ပြောတာကြားချင်လို့ကို.. မင်းကငါ့ကိုအကြောင်းအရင်းမရှိ အဆက်အသွယ်ဖြတ်သွားတော့ ငါဘယ်လောက်တွေးလိုက်ရလဲ ငါများတခုခုမှားလို့လားလို့ အတွေးများလိုက်ရတာ မင်းကအကျိုးအကြောင်းလေးတောင်မပြောဘူး အနည်းဆုံး ဖုန်းလေးဖြစ်ဖြစ်ကိုင်သင့်တာကို "

" ဟုတ်ပါပြီ ကျွန်တော့်အမှားတွေချည်းပါ အခုဆို ကျွန်တော်တို့တစ်ရုံးတည်းဖြစ်သွားပြီပဲ နောက် အဲလိုဖြစ်တော့မှာမဟုတ်ဘူး ဒါဆိုကျွန်တော်သွားတော့မယ်နော် အလုပ်ကြိုးစားလိုက်အုံး ကိုကို "

" အင်း မင်းလည်းကြိုးစားနော် ဒါနဲ့ ဒါကဘယ်သူ့အတွက်လဲ စီနီယာတွေအတွက်ပေးခဲ့ပြီမလား "

သူသွားခါနီး အစ်ကိုက သူ့လက်ထဲကိုင်ထားတဲ့ကော်ဖီလက်ကျန်တစ်ဘူးကို ကြည့်ရင်းမေးသည်။သူထိုဘူးလေးကို မြှောက်ကြည့်ရင်း ပြုံးလိုက်သည်။

" စီအီးအိုအတွက် "

" စီအီးအို..! အိုး.. မင်းကသိတတ်တဲ့ကလေးပဲ စီအီးအိုတော့ မင်းကိုသဘောကျတော့မှာပဲ "

" အင်း ကျွန်တော်လည်းအဲလိုပဲထင်တယ် ကျွန်တော်သွားပြီနော် "

သူအမြန်သွားချင်လှပြီ။ ကင်မ်ဆော့ဂျင်အတွက်ကော်ဖီတွေ မအေးခင်ပေါ့။ အာလုံးထဲကနေ နောက်ဆုံးမှ ဦးအတွက်ရောက်မည်မလို့ ကြားချိန်တွေကြာပြီး အေးကုန်တော့မည်။ နဂိုတည်းက ဇီဇာကြောင်တဲ့ဦးလေးကြီးပါဆို သူ့ဆီကမလို့ ပိုတောင်ငြင်းကောင်းအုံးမည်။

" နေအုံး ခဏ "

အစ်ကိုကခဏဆိုတော့ သူ့ခြေလှမ်းတွေ ရပ်လိုက်ရပြန်သည်။သူအလျင်လိုနေတာတွေ အစ်ကိုကဘာမှမသိဘူး။ ခပ်ပြုံးပြုံးနဲ့ သူ့မျက်နှာနားတိုးလာပြီး ပါးကိုဖွဖွလာနမ်းသည်။သူကြောင်လျက် အနမ်းခံလိုက်ရတဲ့ပါးကို ကိုင်ကာ ရပ်နေမိသည်။

" သွားလို့ရပြီ "

အစ်ကိုက သူ့ဟာသူလာနမ်းပြီး သူကြောင်ရပ်နေတော့ ရှက်သွားကာ သူ့ကို အခန်းထဲက တွန်းထုတ်သွားသည်။ အမှန်က အဲလိုမျိုးတွေက သူကစလုပ်နေကြပေမဲ့ အခုတော့ သူကပင် အလျင်လိုနေ၍ သတိမရသည်မလို့ အစ်ကိုက စလုပ်လိုက်ချင်းဖြစ်သည်။ သူခေါင်းကိုခါယမ်းလိုက်ပြီး စီအီးအိုရုံးခန်းဘက်ထွက်လာခဲ့သည်။

__________TBC

ဒါလည်းပျင်းလို့ပဲ 😛

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories