Fanfics

ep4

15:33, 16 February 2024

သူအိမ်ပြန်ရောက်တော့ အွန်းလေးအခန်းထဲ အရင်ဝင်လိုက်သည်။ ထင်တဲ့အတိုင်း ကလေးက ညအိပ်ဝတ်စုံလေးတောင် မလဲပေးထားဘဲ ပုံဆွဲစာအုပ်လေး ကိုင်ထားလျက် အိပ်ပျော်နေသည်။ကလေးက သူတို့သွေးသားမဟုတ်တဲ့အတိုင်းပင် ပစ်ထားရက်တယ်။ သူ့ကိုဘယ်လိုသဘောထားထား ဘယ်လိုဆက်ဆံဆက်ဆံ သူဘယ်‌လိုမှမနေပေ။သို့သော် ဘာမှမသိနားမလည်တဲ့ကလေးကိုတော့  သူတို့ဆက်ဆံတာ လွန်မနေဘူးလား ဒီပုံစံအတိုင်းဆို  ကလေးက ညစာလည်း စားထားရမှာမဟုတ်ပါဘူး။

ဆော့ဂျင် ရှင်းဂျူအွန်းအပေါ် ဒေါသထွက်နေရာကနေ  အွန်းလေးကိုဒီလိုပစ်ထားလို့ ဒေါသက ပိုတိုးလာရသည်။ ကလေးက သူ့ကိုပိုတွယ်တာတာ သိပေမဲ့ အွန်းလေးကိုဆို ဘယ်တော့မှ အလေးမထားကြဘူး။ သူတို့သွေးသားမဟုတ်သလိုဘဲ ပစ်ထားကြတယ်။ သူကလေးကို မျက်နှာတွေ ရေစိုတဘက်ဖြင့် အသာသုတ်ရင်း ညဝတ်အင်္ကျီတစ်စုံ ထုတ်လဲပေးလိုက်သည်။ ထိုအခါ အွန်းလေးက မျက်လုံးတွေပွတ်ရင်း နိုးလာသည်။

" ပါးပါး "

" အွန်း ပါးပါး.. တစ်ရေးနိုးလာတာလား "

" မဟုတ်ဘူး ပါးပါးလာမှအိပ်မလို့ကို မအိပ်ပျော်ဘူး "

ကလေးက သူချော့သိပ်အိပ်နေကြဆိုတော့ သူမချော့သိပ်ရင် အိပ်မပျော်ဘူးဘဲ ထင်နေပြီး တရေးနိုးတာကို မအိပ်ရသေးဘူး လုပ်နေတယ်။မျက်လုံးတွေပွတ်သပ်နေတဲ့ အွန်းလေးလက်တွေကို ရပ်စေလိုက်ပြီး ပါးဖောင်းဖောင်းလေးကို အသည်းယားယား ဆွဲညစ်မိသည်။

" ထမင်းရောစားပြီးပြီလား "

ထင်တဲ့အတိုင်း ကလေးက ခေါင်းယမ်းပြသည်။

" စားချင်သေးလား ပါးပါးလည်းမစားရသေးဘူးမလို့ အတူစားကြမလား "

" အွန်း "

အွန်းလေးက ခေါင်းထပ်တလဲလဲ ညိတ်ပြတော့ သူတို့ညစာစားဖို့ အောက်ဆင်းခဲ့ကြသည်။ အွန်းလေးက အိပ်ချင်စိတ်မပြေသေးတော့ သူပွေ့ထားရသည်။ လက်ကနာရီကိုကြည့်တော့ ကိုးနာရီကျော်နေပြီ။ မီးဖိုချောင်ထဲရောက်တော့ ထမင်းပင် မကျန်တော့တာကြောင့် ခေါက်ဆွဲဖြစ်ဖြစ် တခုခုလုပ်စားဖို့ပြင်ရသည်။

" အွန်းလေး ဘာလို့ညစာမစားထားနှင့်တာလဲ "

" ပါးပါးမှမရှိတာ ပါးပါးနဲ့မှအတူ "

" နောက်တစ်ခါ ပါးနောက်ကျလို့ရှိရင်လည်း စားထားနှင့်နော် ညဥ့်နက်မှစားတာ မကောင်းဘူး ကြားလား "

သူပြောတော့ ခေါင်းတညိတ်ညိတ်လုပ်နေသည်။ သူပြောရင်တော့ နားထောင်ပါရဲ့ ဒါပေမဲ့ ပြီးကျရင် မေ့ပြီး ပါးပါးလာမှ ပါးပါးနဲ့မှ ဖြစ်ကုန်ရော။ အစားကို တမြုံ့မြုံ့ဝါးနေတဲ့အွန်းလေးကို သဘောတကျကြည့်ပြီး သူလည်း သူ့ရှေ့ကခေါက်ဆွဲပန်းကန်လေးကို ယူစားလိုက်သည်။

.................................

သူဒီနေ့တော့ ရုံးပိတ်သလို အွန်းလေးလည်း ကျောင်းပိတ်သည်မလို့ မနက်စာစားဖို့အတွက် နောက်ကျမှ ဆင်းဖြစ်ခဲ့ကြသည်။ အောက်ရောက်တော့ မနက်စာစားဝိုင်းတွင် ရှင်းဂျူအွန်းကို တွေ့လိုက်ရသည်။ သူဝင်မထိုင်သေးဘဲ ထိုကောင်လေးကို ခပ်စိမ်းစိမ်းကြည့်နေမိသည်။ ထိုကောင်လေးက သူ့ကိုသွားဖြဲပြနေပေမဲ့ သူမတုံ့ပြန်လိုက်။

" ဘာဖြစ်နေတာလဲ.. "

ထိုကောင်လေးက သူလုပ်ထားတာသူသိတော့ သူ့ကိုမျက်နှာချိုသွေးပြီး ဖားနေသည်။ သူမတုံ့ပြန်တော့ ရှင်းနိုအွန်းကလည်း သူ့ကိုလှည့်ကြည့်လာသည်။ မိသားစုတွေစုံနေတာတောင် သူတို့သားအဖကို တစ်ချက်လာမခေါ်ကြဘူး။ သူအွန်းလေးကို နေရာချပေးလိုက်ပြီး မနက်စာပါ ကလေးအတွက် သူ့ဘာသာသူ လုပ်ပေးလိုက်သည်။နှုတ်လည်းမဆက်သလို စကားပြောချင်စိတ်လည်းမရှိ။

" ဟဲဟဲ ယောက်ဖ "

သူကလေးကိုသာ ဖိတ်ကျနေတဲ့နို့တွေကို တစ်ရှူးနဲ့အသာအယာသုတ်ပေးရင်း ပြန်မထူးမိ။

" ယောက်ဖ မနေ့ကကျွန်တော်.. "

" ဘာဖြစ်လို့လဲ "

သူက စကားဝင်မထောက်သလို အကြည့်လည်းမပေးသည်မလို့ ရှင်းနိုအွန်းကပဲ အသံထွက်လာသည်။

" မနေ့က ယောက်ဖကျွန်တော့်ကို လာရှာတယ်လေ ကလပ်ရောက်မှ ကျွန်တော်ကမရှိတော့တာ နောက်တော့ အိမ်ပြန်ရောက်လာတာပဲလေ အဲဒါ ယောက်ဖအကြာကြီးစောင့်လိုက်ရတယ်ထင်တယ် ဒါပေမဲ့ အဖော်အဖြစ် ကျွန်တော့်သူငယ်ချင်းကို ထားခဲ့ပါတယ် သူဘာမှမလုပ်ဘူးလား "

အဲတော့ သူတို့တမင်လုပ်သည်ပေါ့။ အကူအညီလိုတယ်၊ အမြန်လာပါလို့ပြောတာတွေက  ဘာအတွက်လဲ။

" မင်းရောက်ပြီဆိုတာကို ဖုန်းဆက်ပြောလို့မရဘူးလား ငါမင်းကို ဖုန်းအကြိမ်ကြိမ်ခေါ်ထားသေးတယ်ထင်တာပဲ ''

" အဲဒါကို ရှင်ကစိတ်ဆိုးနေတယ်ပေါ့ ဘာပဲဖြစ်ဖြစ် ရှင်သူ့ကိုသွားရှာတာ သူအိမ်ပြန်လာဖို့အတွက်ပဲလေ အခုသူအိမ်ပြန်ရောက်နေပြီပဲ "

" ငါစိတ်ဆိုးတယ် ဟုတ်တယ် စောက်ရေးမပါတဲ့ ကိစ္စတစ်ခုနဲ့ ငါအချိန်ကုန်သွားတယ် အိမ်ရောက်တော့ရော ကလေးအတွက် ဘာတစ်ခုလုပ်ထားပေးလဲ ညစာတောင်မကျွေးဘဲ ကလေးကိုသိပ်ထားတယ် ငါအဲလိုသွားရှာလိုက်တာထက် ကလေးနားနေပေးလိုက်တာ ပိုပြီးအကျိုးရှိတယ် "

" ခဲအို အွန်းလေးကဖြင့် သူ့ဟာသူမစားတာကို ညီမကျွေးပါသေးတယ် သူကပါးပါးနဲ့ပဲဖြစ်နေလို့ "

" ဟုတ်တယ် သမက်ကင်မ် မြေးကမစားတာပါ "

" ဒီမှာ အဲတော့ရှင်ကဘာဖြစ်ချင်တာလဲ ကျွန်မမောင်က ရှင့်အချိန်တွေဖြုန်းပစ်လိုက်လို့ ရှင်ကဒေါသထွက်ချင်တယ်ပေါ့ ကလေးက ရှင်ကလွဲရင်တခြားသူဆို မရတာ ရှင်လည်းသိရဲ့သားနဲ့လေ "

" ကလေးက ငါရှိမှဖြစ်မှာသိလျက်နဲ့ မင်းမောင်လုပ်တာကရော အချိုးပြေလား ဖုန်းတစ်ခါဆက်ရုံတောင် မလုပ်တတ်ဘူးလား "

" ယောက်ဖ အဲအချိန် ဖုန်းအားကုန်နေလို့ပါ ပြီးတော့ ကျွန်တော့်ကိစ္စတွေလည်း အကုန်အဆင်ပြေသွားပါပြီ ယောက်ဖအလုပ်ရှုပ်သွားလို့ တောင်းပန်ပါတယ် "

" လူတိုင်းမှားတတ်တာပဲ အကျယ်ချဲ့မနေနဲ့ ရှင်ကမောင်လေးကို အပြစ်တင်ချင်နေရအောင် ကိုယ်နေရာကိုယ်သိပါအုံး ကျွန်မမောင်ကို ရှင့်ဝန်ထမ်းများမှတ်နေလား ရှင်ဘယ်လောက်စိတ်ဆိုးဆိုး ကျွန်မတို့မိသားစုအပေါ် ဘာမှပေါက်ကွဲလို့မရဘူး ရှင့်ကိုယ်ရှင် ဒီမိသားစုမှာ ရှင်ရှိမှဖြစ်မှာဆိုတဲ့အချိုးမျိုး ချိုးမနေနဲ့ အချိန်မရွေး ရှင့်ကိုဖြုတ်ချပစ်လိုက်လို့ရတယ် "

" နိုအွန်းတော်တော့ သမက်ကင်မ်လည်း ဘာမှပြန်မပြောနဲ့တော့ မနက်စောစောစီးစီး ကျက်သရေယုတ်တယ် စား စားစရာရှိတာစားကြ "

ဆော့ဂျင်လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ဟက်... စိတ်ပျက်စရာကောင်းလာပြီ။ တဖြည်းဖြည်းနဲ့သူလွှတ်ချမိတော့မှာ။ ကျေးဇူးတရား၊ ထောက်ထားရမဲ့မျက်နှာတွေ အကုန်လျစ်လျှူရှုပြီး သူကျောခိုင်းမိတော့မှာ။ လေးနှစ်၊‌ လေးနှစ်လုံး သူ့ဘဝကိုဒီမိသားစုပေါ်မှာပဲ နစ်မြှုပ်ထားခဲ့တာ။ သူကိုယ်ပိုင်ဘဝဆိုတာ မရှိတော့တာ လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်းကပဲ။ တစ်ခါတလေ အားလုံးကိုလျစ်လျှူရှုပြီး လုပ်ချင်ရာလုပ်ပစ်ချင်ပေမဲ့ ကင်မ်နာအွန်းဆိုတဲ့ ဘာမသိနားမလည်သေးတဲ့ ကလေးလေးကြောင့် သူ့အတွေးတွေ ဖျောက်ဖျက်ပစ်လိုက်ရတာ အကြိမ်ကြိမ်။ ဒါမှမဟုတ် သူစိတ်ကုန်နိုင်တဲ့ အတိုင်းအတာ မရောက်သေးလို့များလား။

.................................

" အဲတော့ မင်းတို့ဘာမှမဖြစ်လိုက်ဘူးပေါ့ "

ချီး မူးနေတဲ့လူကို အိမ်တောင်လိုက်မပို့တာ ဘာဖြစ်သွားရအုံးမှာလဲ တကယ်ကြီးအသည်းမာတာ။မူးပြီးလုပ်မိသွားပါတယ်တောင် သူမှာပြောခွင့်မရလိုက်။

" ဟားဟား ဂျွန်ဂျောင်ဂု ငါအူတက်တော့မယ် ဘယ်မလဲ ပလေးဘွိုင်းဆိုတာ အကွက်ကျကျ နှစ်ယောက်တည်းချန်ထားခဲ့တာတောင် ဘာမှဖြစ်အောင်မလုပ်နိုင်ဘူး ဟားဟား "

" သေလိုက်ပါလား မင်းယောက်ဖအကြောင်းလည်း သိလျက်နဲ့ "

" ရယ်ချင်လို့ပါကွ ဟုတ်တော့ဟုတ်တယ် မနက်ကလည်း ငါ့ကိုတွေ့တော့ ကြည့်နေတာ ကြောက်စရာကြီး ဒါပေမဲ့ ငါအဲတုန်းက မင်းများတခုခုလုပ်လိုက်လို့ စိတ်တိုသွားတယ်ထင်နေတာ "

" မင်းကိုရန်လာတွေ့သေးတာလား "

" ငါနဲ့ပေမဲ့ နောက်တော့ သူ့မိန်းမနဲ့ပဲ ချကြတာကွ ဒီမနက်အကြီးအကျယ်ပဲ နောက်နေ့ ငါဘယ်လို သူ့နောက်လိုက်ရမလဲ တော်ကြာ ငါ့ကိုအမြင်ကတ်ကတ်နဲ့ ပညာတွေပြနေရင် ဒုက္ခ "

" ဘာလဲ မင်းအလုပ်ဝင်ဖို့ သဘောတူလိုက်ပြီလား "

" အင်း.. ရှင်းအုပ်စုကို ငါကပဲဆက်ခံရမှာဆိုတော့ အခုတည်းက ငါလေ့လာထားမှဖြစ်တော့မှာ အရင်ကလို အဖေရုတ်တရက်ထွက်သွားသလိုမျိုး ထပ်ကြုံလာရင်ငါတို့ပဲ ဒုက္ခထပ်ရောက်မှာ ယောက်ဖက ငါတို့နဲ့ ဘာမှမတော်တဲ့သူစိမ်းကိုး.. လူ‌ဆိုတာ ပြောလို့မရ၊ယုံလို့မရကို သူစိတ်ဖောက်ပြီး ပိုင်ဆိုင်မှုတွေကို လောဘတက်လာရင်ရော.. ပြီးတော့ သူတို့အိမ်ထောင်ရေးကလည်း သိတဲ့အတိုင်း.. ယောက်ဖက မမကြီးကို တစ်စက်လေးမှ စိတ်ဝင်စားမနေဘူး သူငါတို့တစ်အိမ်လုံးကိုလည်း သံယောဇဉ်လည်းမရှိဘူး သိတယ်မလား သူကိုယ်တိုင်ကလည်း တစ်ကောင်ကြွက်ဆိုတော့ တစ်ကိုယ်ကောင်းဆန်တယ် ငါတို့ကြောင့်ဒီနေရာမှာ ဒီလိုနေနေရတာကို သူကတစ်ချက်တစ်ချက် ငြိုငြင်ချင်သေးတာ။ "

" ဒါပေမဲ့ ဟိုကလေးမကိုတော့ ချစ်သားကို "

" အင်း အွန်းလေးကိုတော့ ဘာလို့လဲမပြောတတ် တော်တော်သည်းတာ မနေ့ကလည်း သူမရှိတုန်း အွန်းလေးကို ညစာမကျွေးဘဲ သိပ်ထားလို့ဆိုပြီး ဒေါသပုံထနေတာ မမကြီးပြန်ပြောနိုင်လို့ပဲ "

" မင်းတို့လည်းမင်းတို့ပဲ မသိရင် ကလေးက သူ့ဘက်ကပါလာတဲ့ ကလေးလိုလို "

" မဟုတ်ပါဘူးဟ အဲကလေးမက သူပါးပါးမှ သူ့ပါးပါး ငါတို့ဆို အဖတ်မလုပ်ဘူး မမငယ်က ကျွေးတာတောင် မရပါဘူးဆို "

" ဘာပဲဖြစ်ဖြစ် ဦးမှန်တယ်ကွာ ငါဦးနဲ့တွေ့ချင်တယ် လုပ်အုံး "

" မနက်တည်းက စိတ်ဆိုးပြီး အောက်တောင် ပြန်မဆင်းလာတော့ဘူး တွေ့ချင်တက်သွားပေါ့ "

ဂျောင်ဂု အပေါ်ထပ်ကိုလှမ်းကြည့်ပြီး မတက်သွားရဲ။ဒါပေမဲ့ တွေ့တော့တွေ့ချင်တယ်လေ။ မနေ့က သူနဲ့နှစ်ယောက်တည်း တွေ့ခွင့်ရအောင် ရှင်းဂျူအွန်းကို အများကြီးလာဘ်ထိုးထားတာတောင် ဘာမှမဖြစ်လိုက်ရ။ အနည်းဆုံး လက်လေးတောင် ကိုင်ခွင့်မရလိုက်။ဘယ်လောက်အသည်းမာလည်းဆို မူးပြီးမှောက်နေတဲ့သူကိုတောင် လိုက်ပို့ရမလား တစ်ချက်မမေးဘဲ ထထွက်သွားတာ လှည့်ပင်မကြည့်။ အဲလိုအကြောတင်းမျိုး ဒီကောင်ကလည်း ကြိုက်ပါတယ်လို့ ... လောလောဆယ်တော့ ဦးကိုအရမ်းတွေ့ချင်နေပြီ။

ထို့ကြောင့် သူအရဲစွန့်ပြီး အပေါ်ထပ်ကို တက်ခဲ့သည်။အပေါ်ထပ်တွင် ကင်မ်ဆော့ဂျင်တို့သားအဖရယ်  အစ်မနိုအွန်းရယ်သာ နေသည်တဲ့။အစ်မနိုအွန်းကလည်း ဘယ်တော့မှအိမ်မကပ်သည်မလို့ သူရယ်ဦးရယ်နဲ့ ဟိုပေါက်စပဲ ရှိနေမှာ ကျိန်းသေသည်။

" ဟိတ် ပေါက်စ "

သူအပေါ်ရောက်တာတော့ လက်သီးဆုပ်လောက်ရောင်စုံဘောလုံးလေးနဲ့ ဆော့နေတဲ့ပေါက်စလေးကို  အရင်မြင်လိုက်ရသည်။ သူတိုးတိုးခေါ်လိုက်တော့ လှည့်ကြည့်လာပြီး ပြူးကြောင်ကြောင်ကြည့်နေသည်။

" ပါးပါးရော မင်းပါးပါး "

" ဟိတ် မေးနေတယ်လေ "

" အူးဝါး.. "

သူ့အသံနည်းနည်းမာသွားတာနဲ့ လန့်ပြီး စူးစူးဝါးဝါး စငိုပါတော့သည်။ ထိုအခါ သူဘာလုပ်ရမလဲမသိတော့။အိမ်မှာဆို သူကသာကလေးလုပ်ပြီး ဆိုးနေတာ ကလေးတွေဆို ဘယ်လိုဆက်ဆံရမလဲမသိ။ ထိုကလေးက အဆက်မပြတ်အော်နေတော့ ဦးကြားသွားမှ သူလုပ်တယ်ထင်နေပြန်အုံးမယ်။သူကဖြင့် ဘာမှတောင်မလုပ်ရသေးဘဲနဲ့။

" ဟေ့ ငါဘာလုပ်ရသေးလို့လဲ "

" အူးဝါး... ပါး ပါး "

" ဟျောင့် တိတ် ငိုရင် ဒီမှာတွေ့လား "

သူလက်သီးထောင်ပြလိုက်တော့ ကလေးကလန့်ပြီး  တိတ်သွားသည်။ တော်သေးတာပေါ့ သူကလေးကို ခြောက်နိုင်လိုက်လို့...

" ဘာလုပ်နေတာလဲ "

" ဦး.. "

သူလက်သီးဆုပ်ကို ချက်ချင်းဖြန့်လိုက်ပြီး နောက်ပို့လိုက်သည်။ ဦးကသူ့ကို စိမ်းစိမ်းကြီး ထပ်ကြည့်နေပြန်သည်။

" ဘာမှမလုပ်ဘူး ဦး.. ဟေ့ ပြောလိုက်လေငါမင်းကိုဘာလုပ်သေးလို့လဲ "

" အွန်းလေး လန့်သွားတာလား ဘာဖြစ်သွားသေးလဲ "

ဦးက သူ့ကိုမျက်စောင်းထိုးပြီး ထိုပေါက်စရှေ့ ဒူးတစ်ဖက်ထောက်ထိုင်ကာ ပါးကိုဖွဖွညစ်ရင်း နူးနူးညံ့ညံ့မေးသည်။ ပေါက်စက သူ့ကိုသာ မဝံ့မရဲကြည့်နေသည်။ မသိရင် သူကအနိုင်ကျင့်ထားပြီးလူကြီးတွေနဲ့တိုင်ရင် နာမယ်လို့ ကြိမ်းထားသလို။ ထိုအခါ ဦးကလည်း သူ့ဘက်ပြန်ကြည့်သည်။

" ကျွန်တော်ဘာမှမလုပ်ပါဘူးဆို "

" သိတယ် ကလေးက အကျင့်မကောင်းတဲ့သူတွေဆို  အလိုလိုကြောက်တတ်တယ် "

" ဦး! "

" ဘာမှမဖြစ်ဘူးနော် အဲဒါ ဦးလေးငယ် သူငယ်ချင်း ပါးပါးနဲ့အခန်းထဲမှာ ပုံပြင်ဖတ်မလား "

ထိုကလေးမက သူ့ကိုမဝံ့မရဲကြည့်နေရင်းမှ ခေါင်းညိတ်ပြတော့ ဦးကလက်ဆွဲကာ အခန်းထဲခေါ်သွားသည်။ ဒါဆိုသူကရော ...

သူအောက်ပြန်ဆင်းသွားလိုက်ပြီး အခန်းထဲဝင်ခွင့်ရဖို့ အကြံဉာဏ်တွေ ဆက်တိုက်စဉ်းစားပေမဲ့ ထွက်မလာ။

" အား.. ခေါင်းတွေပေါက်ထွက်တော့မယ် လုပ်အုံးဟျောင့် "

" နေစမ်းပါသားရီးရာ ငါသေတော့မယ် "

ခွေးကောင်ကလည်း တစ်စက်မှသုံးစားမရဘူး။သူဆက်တိုက်ဘေးနားကနေ ညည်းတွားနေတာတောင် အဖတ်မလုပ် ဂိမ်းဆော့မပြတ်။ သူထိုကောင်ကို ခြေဆောင့်ကန်လိုက်ပြီး အိပ်ရာပေါ်လှဲချလိုက်သည်။ဘယ်လိုလုပ်ရမလဲ အကြံထွက်စမ်း..

ခုနက ခဏလေးတွေ့လိုက်ရတဲ့ဦးက အိမ်နေရင်းနဲ့တောင်တီရှပ်အဖြူသန့်သန့်နဲ့ အင်္ကျီကပုံမှန်ထက်တော့ ကြီးနေ၍ မြင်လိုက်ရသူအဖို့ ပေါ့ပေါ့ပါးပါး။ပေါက်စရှေ့ထိုင်ချတော့ နောက်ကျောက တော်တော်ကြည့်လို့ကောင်းသည်။ ခြေဖဝါးတစ်ဖက်က တင်ပါးထောက်ထားတော့ ထိုင်လိုက်တာနဲ့အညီ ဘောင်းဘီက တင်းကြပ်သွားသည်။ အင်္ကျီအဖြူပါးပါးက အောက်ခံမပါဘဲဝတ်ထားတော့အကုန်ထိုးဖောက်မြင်နေရသည်။ အိမ်မှာနေရင်းသာ အဲလိုအမြဲဝတ်ရင် သူဦးရဲ့အိမ်သူသာ လုပ်လိုက်ချင်တော့သည်။

" အား... သေပြီ ချီးတယ်မှ "

သူ့အတွေးတွေကို လာရောက်ဖျက်ဆီးတဲ့ ကျက်သရေတုံးကောင်ကို  တစ်ချက်ဆောင့်ကန်ပစ်သည်။ဘာမှသုံးစားမရဘူး။

" ကူစဉ်းစားဆို ဂိမ်းပဲဆော့နေတယ် "

" မင်းဟာမင်း အရင်ကလိုက်နည်းတွေ သုံးပါလားကွာ ပလေးဘွိုင်းဆို "

" မရလို့ပေါ့ "

တကယ်လည်း သူလုပ်နေကြနည်းလမ်းတွေက ကင်မ်ဆော့ဂျင်နဲ့တွေ့မှ အသုံးမဝင်တော့တာ။သူနဲ့တွဲဖူးတဲ့သူတော်တော်များများ ဝန်ခံဖူးတယ်သူ့အကြည့်တွေကို ကြာကြာမခံနိုင်ဘူးတဲ့ သူဘဲလိုက်စော်လိုက်ရင် အကြည့်ချင်းဆုံပြီး ထိုနည်းသာသုံးသည်။ လူတစ်ယောက်ကို မျက်လုံးချင်းဆုံပြီး အကြာကြီးစိုက်ကြည့်လိုက်သည်။အကြည့်အပေါ်မှာမူတည်ပြီး ထိုသူသူ့ကိုကျရှုံးနိုင်လား သူခန့်မှန်းသည်။ ဦးကတော့.. ဦးကတော့ဖြင့် သူ့ကိုကြည့်ကို မကြည့်တာ။ သူ့ကိုချောတဲ့အကြောင်းပြောတာတောင် မျက်နှာက မှုန်ကုတ်ထားတာ။ ကင်မ်ဆော့ဂျင် ကင်မ်ဆော့ဂျင်ခင်ဗျားကျုပ်ကိုရင်မခုန်ဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ခင်‌ဗျားကြီးအရည်ပျော်ဖို့ နည်းလမ်းတွေတစ်ခုပြီးတစ်ခု ထုတ်သုံးရလိမ့်မယ်။ ခင်ဗျားကြီးရင်ခုန်ဖို့ စောင့်နေပေးပါ။

...............................

ဒေါက် ဒေါက်

" ဦးဂျင် ဦး ‌ကျွန်တော်ဝင်လာပြီနော် "

ဂျောင်ဂုအသံကို အဖြစ်သာပေးပြီး တစ်ကိုယ်လုံးက  ဦးအခန်းထဲ ခြေလှမ်းနေပြီးပြီ။ သူအခန်းထဲဝင်သွားတော့ အခန်းထဲ မျက်စိဝေ့ကစားကြည့်မိသည်။ ဦးကိုမတွေ့ဘဲ စားပွဲတွင်နောက်ကျောပေးထိုင်လျက်နှင့် သူ့ဘက်ခေါင်းလှည့်ကြည့်နေတဲ့ ပေါက်စမလေးကိုသာ တွေ့ရသည်။

" ဟိတ် မင်းပါးပါးရော "

ထိုကလေးက သူ့ကိုကြောက်နေပေမဲ့ သူ့လက်ထဲကမုန့်ဗန်းလေးကို ငေးနေလျက်။ ဒီလိုလား.. သူ့လက်ထဲတွင်အစာပြေမုန့်တွေနဲ့ ဦးသောက်တတ်တဲ့ ကော်ဖီအမျိုးအစား၊ ပေါက်စမအတွက် ရေခဲမုန့်။ နောက်ဆုံး သူအကြံထွက်သလောက် အကုန်ပြင်ခဲ့ပြီး ဦးအခန်းထဲ အရဲစွန့်ဝင်ဖို့‌ ဆုံးဖြတ်ထားသည်။

" မင်းအတွက် မုန့်လာပေးတာ မအော်နဲ့ ပါးပါးရော "

ကလေးကမုန့်တွေဆီက အကြည့်လွဲသွားပြီး တစ်ဖက်ခဏလှည့်သွားကာ ပြန်လှည့်လာပြန်သည်။ သူယူလာတဲ့မုန့်တွေကို စားပွဲပေါ်ချလိုက်ပြီး ကလေးကိုယူစားဖို့ အချက်ပြလိုက်သည်။ ထိုကလေးက လန့်နေတော့ သူကပင် ယူပေးလိုက်ရသည်။ သူပေးတော့ ယူသည်။ သို့ပေမဲ့ မျက်လုံးတွေက စုံချည်ဆန်ချည်နဲ့ သူ့ဆီကအကြည့်မခွာ။

" ငါဘာလုပ်လို့ အဲလောက်ကြောက်နေရတာလဲ "

" စိတ်ချ ငါမင်းကိုဘာမှမလုပ်ဘူး မင်းပါးပါးကိုပဲလုပ်မှာ "

" အွန်း.. "

" ဟေ့ ဟေ့ မငိုရဘူး.. စတာ ဒီမှာရေခဲမုန့် မင်းအတွက် ဒါက မင်းပါးပါးအတွက် "

သူ့ကိုခြိမ်းခြောက်နေတယ်များ ထင်နေလားမသိဘူး ဂျပါးလေး။

" ပြစမ်း မင်းဘာတွေလုပ်နေတာလဲ "

သူရှေ့ကရောင်စုံစာရွက်တွေကို ယူကြည့်တော့ ပုံဆွဲနေသည်ပဲ။ ခက်တာက ဘာပုံတွေမှန်းမသိ။

ထိုစဉ် သူတို့အနားက တံခါးဖွင့်သံကြောင့် နှစ်ယောက်သား ခေါင်းထောင်ကြည့်လိုက်သည်။အောက်ပိုင်းတဘက်ပတ်ထားပြီး အပေါ်ပိုင်းဗလာကျင်းနဲ့ ရေစိုနေတဲ့ခေါင်းကို ငုံသုတ်ရင်း အခန်းတံခါးဖွင့်လိုက်တဲ့ ဦး။ သူမှင်သက်သွားမိသည်။လက်ထဲက ရောင်စုံစက္ကူလေးကလည်း မြေခလျက်။ဦးရေချိုးနေလိမ့်မယ်လို့ သူမထင်ထားမိ။

" မင်းဘာလုပ်နေတာလဲ "

မှင်သက်နေတဲ့သူက ဦးရဲ့ခပ်မာမာအသံကြောင့် သတိပြန်ဝင်လာခဲ့ပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။

" ပါးပါး "

သူတို့နှစ်ယောက် အကြည့်ချင်းပြိုင်နေတုန်း ပေါက်စလေးရဲ့အသံကြောင့် နှစ်ယောက်သား ပြန်ငုံ့ကြည့်လိုက်သည်။ ပေါက်စလေးကသူခုနက ဦးအတွက်လို့ပြောထားတဲ့ ကော်ဖီဘူးကို သူ့ပါးပါးကို ထိုးပေးနေသည်။

" နာအွန်း ရေခဲမုန့်တွေမစားရဘူးလို့ မှာထားတယ်မလား "

ကလေးက သူ့ပါးပါးစကားကြောင့် အခုမှသတိရသလို စားလက်ကမုန့်လေးကို တိခနဲပြန်ချသွားသည်။ ဘာလား ဒီလူကြီး တော်တော်စည်းကမ်းကြီးပါလား။

" မင်းယူလာတဲ့မုန့်တွေပြန်ယူပြီး သွားတော့ "

ဦးက ပေါက်စမလေးရဲ့ ရေခဲမုန့်တွေပေကျန်နေတဲ့ နှုတ်ခမ်းတွေ သုတ်နေရင်း သူ့ကိုမကြည့်ဘဲ ပြောသည်။သူကတော့ ဦးရဲ့နောက်ကျောပြင်ကိုသာ ငေးကြည့်နေမိသည်။အဲဒါက အင်္ဂလိပ်အက္ခရာ ဗွီပုံစံပင် ကျယ်ပြန့်သောပခုံးနှင့် သေးသွယ်တဲ့ခါး ပြီးတော့ ပြန်စွန့်ကားသွားတဲ့တင်ပါးတစ်စုံ။ ထိုခါးနေရာက သိသိသာသာ ချိုင့်ဝင်နေသည်။ဒီလိုခန္ဓာကိုယ်မျိုးက ရှားပါးထဲကပင်။ ပြောရရင် ဂေးတွေအကြိုက်ခန္တာကိုယ်၊ အိပ်ရာပေါ်တွင် ဆွဲဆောင်လို့အကောင်းဆုံး ခန္ဓာကိုယ်ပင်။ သူပထမဆုံးအကြိမ်တုန်းကလိုပင် ငေးမောနေလျက်။  သူ့ကိုရင်ခုန်အောင်လုပ်နိုင်တဲ့ ကျောပြင်ကြီး။ သူ့ကိုကျောခိုင်းထားတဲ့ကျောပြင်အလွတ်ကြီးကို ဘာမှမစဉ်းစားဘဲ ဖက်တွယ်ပစ်ချင်လာသည်။ ဒါပေမဲ့ အဲလိုသာလုပ်လိုက်ရင် မောင်းထုတ်ခံရမည်ကို သူသိနေသည်။ ရိုးရိုးတောင်မောင်းထုတ်မယ်မထင်ဘူး။

" မင်းကိုပြော မင်း- "

နောက်ဆုံး သူ့ဘက်ကအသံတိတ်နေတော့ ဦးက စိတ်မရှည်သလို လှည့်ကြည့်လာပြီး သူအကြည့်တွေကိုရိပ်မိသွားတော့ ပြောလက်စရပ်တန့်သွားသည်။ရှေ့လှည့်လာတော့လည်း အတော်ဖြစ်သွားပြီး ရင်ဘတ်နေရာကို ခပ်စူးစူးကြည့်လိုက်သည်။ ထိုအခါ ဦးတစ်ကိုယ်လုံး နီတက်လာတာကို သတိထားမိသည်။

" ဂျွန်ဂျောင်ဂု!! "

" ဦး.. အရမ်းလှတယ် "

" ထွက်သွား!!! "

" တကယ်ပြောနေတာ "

" ငါ့အခန်းထဲထိ လာပြီး ငါ့ကိုတည့်တည့်လာစော်ကားနေတယ်ပေါ့ မင်းကို ဘယ်သူကအဲလောက်အခွင့်အရေး ပေးထားလို့လဲ ထွက်သွား! "

" ကျွန်တော်ဘယ်နားစော်ကားရသေးလိုလဲ လှတယ်လို့ပဲ အမှန်အတိုင်းပြောမိတာပါ ဦးကကျွန်တော့်ကိုဆို မကောင်းဘဲမြင်နေတယ် "

" ငါကအိမ်ထောင်ရှိယောကျာ်းတစ်ယောက်ကွ ငါ့မှာသမီးလည်းရှိတယ် မင်းအဲလိုရိသဲ့သဲ့လာလုပ်တာတွေက ငါ့ကိုစော်ကားနေတာမဟုတ်ဘူးလား မင်းအဲလိုလာပြောတိုင်း ငါကပျော်နေတယ်များထင်နေလား ငါ့သိက္ခာဘယ်လောက်ကျလဲသိလား "

" ဦး "

" မင်းတို့‌လိုကောင်တွေက ဘယ်သိမလဲ မင်းတို့အတွက်ပဲ မင်းတို့ကြည့်တတ်တာ ထွက်သွား မင်းယူခဲ့တာတွေ အကုန်ပြန်ယူသွား မဟုတ်ရင် ငါလွှင့်ပစ်မှာ "

" ကျွန်တော်ဦးကိုသဘောကျတယ် "

" အဲတော့ငါကဘာလုပ်ပေးရမှာလဲ အိမ်ထောင်ရှိမှန်းသိလျက်နဲ့ ငါ့ကိုအဲ့လိုတွေလာပြောနေကတည်းက မင်းကအထင်သေးနေတာပဲ  မင်းတို့အထင်သေး၊အထင်ကြီးမှာတွေ ငါစိတ်မဝင်စားဘူးမင်းကိုလည်းခေါင်းထဲမှာကို မရှိတာ ထပ်ပြီးငါ့ကိုဒီလိုတွေလာလုပ်နေမယ်‌ဆိုရင် ငါအားနာနေတော့မှာမဟုတ်ဘူး ထွက်သွား "

" ကျွန်တော်ကလည်း ဦးသိအောင် သေချာပြောပြရုံတင်ပါအရင်က ဖြတ်သွားဖြတ်လာလောက်ပဲ စိတ်ဝင်စားမိတယ်ထင်နေတာ အခုတော့ တစ်ခေါက်လောက် အပိုင်ရအောင်ကြိုးစားကြည့်ချင်လာပြီ "

" ကျွန်တော်ဦးကိုသဘောကျတယ် "

" ဒီနေ့ကစပြီး ဦးကိုတရားဝင်လိုက်တော့မှာ "

__________TBC

ပျင်းလို့ xDတကယ်ပျင်းနေတာ အဲဒါကြောင့် နှစ်ပုဒ်တည်းရေးဖို့  စဉ်းစားထားတာ အခုတော့ ထင်တဲ့အတိုင်း ပျင်းနေပြီ 😖

တစ်နေ့တစ်နေ့ noteထဲဝင်ဖို့ကို ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနှိုးဆော်နေရတာ 😣

( ဪ နှစ်ပုဒ်တည်းရေးချင်လို့ပါပဲ )

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories