ep3
09:08, 16 February 2024" ကဲ ကိုယ်တော်ချောကြွပါ ကြွချီလာပြီလား "
" ဟာ ဖွား.. သားကိုစောင့်နေတာလား "
ဂျောင်ဂုအိမ်ထဲဝင်ဝင်ချင်း ဖွားက ဧည့်ခန်းကနေ မိန့်မိန့်ကြီး ထိုင်ပြီးစောင့်နေသည်။ သူဒီရက်ပိုင်း အိမ်မပြန်လာတာများတာ ဖွားသိသွားပြီထင်ပါရဲ့။ထို့ကြောင့် သူအနားသွားလိုက်ပြီး အမြန်ချွဲလိုက်သည်။
" ဘယ်လိုပြောပြော မင်းကိုတင်းကြပ်မှကို ရတော့မယ် အဲတော့ ချွဲနေလည်းအပိုပဲ ပြောစမ်း အခုတလော ဘာတွေလုပ်နေလဲ "
" ဖွားကလည်း... ဒီလိုပဲပေါ့ လူငယ်ပါဆို "
" လူငယ် လူငယ်နဲ့ ငယ်တာပဲအကြောင်းပြနေတာ ကျောင်းလည်းဆက်မတက်ဘဲနဲ့ မရတော့ဘူး မင်း မင်းဖေဖေနဲ့ အလုပ်ဝင်ရမယ် "
" ဖွား..."
" ကူးကူးပေါက် ဖွားနားမှာ ဘာတွေကပ်ချွဲ "
" မေမေလေး လုပ်ပါအုံး ဖွားကသားကို အလုပ်လုပ်ခိုင်းနေပြီ ဖေဖေလည်း အလတ်ကြီးရှိသေးတာကို "
" ဒီကောင်လေး ကိုယ့်အဖေကို ဘယ်လိုဖြစ်ခိုင်းချင်နေတာလဲ မင်းဖေဖေအရွယ်ဘယ်လောက်ရှိရှိ မင်းအလေလိုက်နေလို့လေကျောင်းထားတော့ရော နေလား ကြာရင် မင်းဒီထက်ဆိုးဖို့ပဲရှိတော့မယ် မေမေလေးလည်း စစ်ကူမဝင်ရဘူး ညည်းကြောင့်လည်းပါတယ် ဒီကလေးဆိုးနေတာ ကြပ်ကြပ်အလိုလိုက် "
" ဖွား... သားကတကယ်ဆိုးနေလို့လား သားသူများသားသမီးကို ဖျက်ဆီးနေလို့လား သားကြောင့် ဘယ်သူတွေ ဒုက္ခရောက်ဖူးလို့လဲ သားက ကိုယ့်မိဘရှာတဲ့ပိုက်ဆံကို အေးအေးဆေးဆေးသုံးနေသူတစ်ယောက်ပါ သားအလေလိုက်နေတာလည်း မဟုတ်ဘူး သားဘဝကိုသား ပျော်အောင်နေနေတာပါ တကယ်လို့ ဖွားတို့ကဆိုးတယ်ထင်ရင်လည်း သားပြင်ပါ့မယ် ဖွားတို့စိတ်တိုင်းကျ "
" ဟင့် ကူးငယ် မေမေလေးစိတ်မကောင်းလိုက်တာ သားကမဆိုးဘူးနော် မဆိုးဘူး ဖွားကသားကို ဆုံးမနေတာပါ သားကို ဒီထက်ပိုကောင်းစေချင်လို့ "
" ဟင့် သားသိပါပြီ သားဒီထက်ပိုကောင်းအောင် ကြိုးစားပါ့မယ် အခုတော့ သားရင်ထဲမကောင်းလွန်းလို့ နားပါရစေ "
" အင်းပါ သားသားနားလိုက်နော် ခဏလောက်အိပ်လိုက် နိုးလာတာနဲ့ စိတ်အပန်းပြေအောင် အပြင်တွေထွက်ပစ် သားကဒ်ထဲ မေမေလေးမုန့်ဖိုး ထပ်ထည့်ပေးထားမယ် သားအရမ်းခံစားမနေနဲ့နော် "
" ဟုတ်ကဲ့ပါ "
ထိုနှင့်သူ အပေါ်လစ်ထွက်ခဲ့သည်။ ဖွားနှင့်မေမေလေးက ထိုနေရာတွင် မျက်ရည်တစမ်းစမ်းနဲ့ ကျန်ခဲ့သည်။ မေမေလေးက သူ့အဖေရဲ့နောက်မိန်းမပေမဲ့ သူ့ကိုသားအရင်းလိုပင် ချစ်သည်။ သူလည်း မေမေလေးကိုအမေအရင်းတစ်ယောက်လိုပင် တွယ်တာသည်။ ဘာအပြစ်လုပ်ထားလုပ်ထား မေမေလေးရှိနေရင် သူဘယ်တော့မှ အဆူမခံရ။ အဲဒါ သူငယ်ငယ်လေးတည်းက အခုထိပင်။
သူအခန်းထဲရောက်တာနဲ့ အဝတ်တွေအကုန်ချွတ်လိုက်ပြီး ဝမ်းလျားမှောက်လျက် ခုတင်ပေါ်တက်အိပ်လိုက်သည်။ မနက်ခင်းတစ်ခင်းလုံး ကင်မ်ဆော့ဂျင်နဲ့မတွေ့ခင်အထိတော့ သူ့ဘဝကြီးက သာသာယာယာပင်။
*" မင်းနဲ့ဘယ်လောက်ရင်းနှီးနေလို့ မဖွယ်မရာတွေလာလုပ်နေတာလဲ! "* တဲ့။
ရင်းနှီးအောင်အဆင့်တက်ဖို့ကလည်း လက်မခံဘဲနဲ့။အလကားအဖိုးကြီးပါကွာ ပုံတုံးကြီး ငါ့ခေါင်းထဲကထုတ်လိုက်မယ်။ အစ်ကိုဟန်ဆိုဟွန်းလည်း သူ့လိုကြည့်ကောင်းတာပဲ သူကိုက ဘဝင်ကိုင်နေတာ ကလေးတစ်ယောက်အဖေ၊ အသက်သုံးဆယ်ကျော်ကများ.. အား... သူဓာတ်လှေကားထဲက အခြေအနေကို ပြန်တွေးကြည့်ရင်း အားမလိုအားမရ ဖြစ်နေမိသည်။ပထမတုန်းကလည်း နီးနီးကပ်ကပ်ပေမဲ့ လူအများကြီးကြောင့် မသိသာပေ။ နှစ်ယောက်တည်းကျန်ခဲ့တော့ သူ့ကိုယ်သင်းနံ့က အရမ်းမွှေးတာပဲ ချိုအီနေတာ။ သူ့အိမ်မှာ ခဏခဏတွေ့ဖူးပေမဲ့ ဒီလောက်ထိအနီးကပ် တစ်ခါမှကပ်ခွင့်မရခဲ့။ လူကိုတွေ့တိုင်း အကြွေးရှင်ကိုတွေ့သလို ရှောင်ရှောင်ပုန်းနေတာ။ မနှစ်မြို့သလို ကြည့်ဖို့ကလည်း မမေ့။ သူကဘာမလို့ သူ့ကိုအဲလိုဆက်ဆံနေရတာလဲ သူကဘယ်လောက်မြင့်မြတ်နေလို့လဲ။ အား... စိတ်တိုလိုက်တာ!
ဝမ်းလျားမှောက်လျက် အားမရလာ၍ ပက်လက်ပြန်လှန်လိုက်သည်။
" ဂျွန်ဂျောင်ဂုတဲ့ ငါ့နာမည်သိလျက်နဲ့ "
သူဓာတ်လှေကားထဲကတွေ့ဆုံမှုကို ပြန်မတွေးဘဲမနေနိုင်ခဲ့။ စကားတောင် ဆယ်ခွန်းပြည့်အောင် မပြောခဲ့ရပေမဲ့ ထိုအခြေအနေကို ဘာရယ်မဟုတ်ဘဲ ကျေနပ်နေခဲ့သည်။
" သူငါ့ကိုနည်းနည်းလေးမှတောင် ရင်မခုန်ဘူးလား "
သူနဲ့အနီးကပ်အခြေအနေမှာမလို့ သူ့ဆီက သူ့အပေါ် ခံစားချက်လိုမျိုး ထူးထူးခြားခြားပြောင်းလဲမှုများ ရှိမလား မှတ်ဉာဏ်တွေကို အကြိမ်ကြိမ်ပုံဖော်ကြည့်ပေမဲ့ မနှစ်မြို့တဲ့အမှုအရာကလွဲရင် ဘာမှရှာမတွေ့ခဲ့။ သူ့မနက်ကပုံစံအတိုင်းဆို ဖရိုဖရဲနဲ့ ဆက်ဆီကျချင်စရာပါ အစ်ကိုဆိုဟွန်းအပြင် ရုံးကအစ်မတွေကတောင် သူ့ကိုတကြည့်ကြည့်နဲ့ အထာပေးနေကြတာ။ ထိုသူက ဘာသားနဲ့ထုထားလိုလဲ။ ဒါမှမဟုတ် ယောကျာ်းလေးဆိုလုံးဝစိတ်မဝင်စားသူမလို့လား... အဖြောင့်ဆိုရင်လည်း သူ့မိန်းမကို ဘာလို့မထိတာလဲ။ သူတို့အိမ်ထောင်ရေးကဖြင့် သူစိမ်းထက်တောင် ဆိုးသေးတာသိသည်။ ဒါကြောင့်မလို့လည်း သူပိုရဲတင်းချင်တာဖြစ်သည်။ ထိုသူကတော့ သူကိုမြင်တာနဲ့ ပထွေးမုန်းကို မုန်းနေတာ။သူကတော့ သူ့ဆီကအဖတ်မလုပ်ခံရလေ ပိုလို့တောင် တိုးဆွချင်လေဖြစ်လာမိသည်။
တစ်ခါတလေ သူ့အကြိုက်တွေ့လို့ တွဲဖြစ်၊အိပ်ဖြစ်လိုက်ပေမဲ့ အချိန်အနည်းငယ်ကုန်သွားလျှင် သူ့စိတ်က ထိုသူဆီသာ ပြန်ရောက်လာသည်။ ထိုသူနဲ့ဝေးကွာနေတုန်းဆိုရင်တော့ သူစိတ်ကတခြားတစ်ယောက်ဆီ အပြည့်အဝရောက်နေပြီး မေ့နေတတ်ပေမဲ့ အဲဒါကခဏပဲ။ အချိန်တစ်ခုကုန်သွားတာနဲ့ မတင်းတိမ်နိုင်တဲ့သူလို သူထိုသူကို လိုအပ်လာပြန်သည်။ တစ်ခါတလေ သူလက်လျှော့လိုက်ပြီထင်ရပေမဲ့ သူမနေနိုင်ခဲ့ဘူး။ သူ့ကိုအဖတ်မလုပ်တဲ့သူဆီပဲ သူအားသန်နေခဲ့တာ။ တစ်ခါတလေ တွေးမိပါတယ် သူကြားထဲမှာ လျှောက်တွဲနေတဲ့သူတွေက ကင်မ်ဆော့ဂျင်ကိုမရလို့များ တွေ့ရာလျှောက်တွဲလိုက်သလားလို့။ သူမသိဘူး ဒါပေမဲ့ တခြားသူတွေနဲ့တွဲခဲ့တုန်းကလည်း သူပျော်ပါတယ်သူ့အပျော်တွေ မကြာရှည်တာဘဲရှိတယ်အချိန်တစ်ခုထိတော့ သူပျော်ပါတယ်။
သူတကယ် တစ်ခါတလေ ထိုသူ့ကိုပဲ ပြင်းပြင်းပြပြလိုချင်နေမိတဲ့အချိန်တွေရှိတယ်။ ထိုသူ့အကြောင်းတွေးမိရုံနဲ့ မာလာတဲ့အချိန်တွေ၊ ထိုသူ့ပုံရိပ်တွေပုံဖော်မှ ပြီးမြောက်သွားတဲ့အချိန်တွေ။ ကင်မ်ဆော့ဂျင်က သူ့တစ်နေ့တာအချိန်တွေကို အနှောင့်ယှက်ဆုံးသူ။
...................…...........
" သမက်ကင်မ် ဂျူအွန်းဆက်သွယ်လာသေးလားဒီနေ့နဲ့ဆို တစ်ပတ်ပြည့်တော့မယ် အိမ်ပြန်မလာတာ "
" မလာဘူးအဒေါ် "
" ကျွတ်... ဆယ်အွန်း နင့်ကိုရော.. "
" ဟင့်အင်း "
" ဒီလိုပဲ နေကြတော့မှာလား အဲဒါနင်တို့မောင်နော် ကလေးအိမ်ပြန်မလာတာ တစ်ပတ်လောက်ရှိနေပြီကို ပိုက်ဆံလည်း လာမတောင်းနဲ့ ဘယ်လိုစားနေမလဲ နင်တို့စိတ်မပူကြဘူးလား "
" အမေ့သားက ကလေးမဟုတ်တော့ဘူး သူ့ဟာသူအချိန်တန် ပြန်လာလိမ့်မယ် "
" နင့်ကိုတော့ ငါမပြောဘူးနိုအွန်း နင်က နင့်ကလေးအပေါ်မှာတောင် သံယောဇဉ်မရှိတာ အွန်းလေးအပေါ်မှာတောင် နင်ဒီလောက်သွေးအေးတာ နင့်မောင်လောက်တော့ နင်ထည့်မမြင်ဘူးမလား အေး ငါကတော့ ငါ့ဝမ်းနဲ့လွယ်ထားလို့ သားသမီးသုံးယောက်လုံးကို စိတ်ပူတယ် ဂျူအွန်းကို နင်တို့မရရအောင် ပြန်ခေါ်လာပေးကြ နင်တို့ဒီလောက်လေးတောင် အားကိုးမရတော့ဘူးလား "
ထမင်းစားဝိုင်းက ဆူညံသွားပြီး သူလေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ အဆန်းတော့မဟုတ်တော့ပါဘူးလေ။အိမ်မှာ တစ်နေ့ပြဿနာတစ်မျိုးလောက် ပေါ်မလာရင် အိမ်ကိုမဟုတ်တော့ဘူး။ အေးအေးဆေးဆေးနေရတာကြိုက်လို့ အိမ်ရောက်ရင် အခန်းထဲကအခန်းပြင် မထွက်တဲ့သူကလည်း ရှောင်လွဲလို့မရအောင် ထမင်းစားချိန်မှာ ကြုံရသည်။ ထထွက်သွားချင်ပေမဲ့ အွန်းလေးက အစားနှေးတာကြောင့် ဗိုက်မဝမှာစိုး၍ ငြိမ်ထိုင်နေရသည်။ ရလဒ်အနေနဲ့ ပါးစပ်ပိတ်သွားအောင်သူသာလျှင် တာဝန်ယူလိုက်ရသည်။ ထိုမှ အနည်းငယ်ငြိမ်ကြသွားတော့သည်။
" သမက်ကင်မ်ရှိနေလို့ပါပဲ အားကိုးရနေတာ နင်တို့ဘာအသုံးကျလဲ "
" ဒီအိမ်မှာနေနေတာပဲ ဒီလောက်တော့လုပ်ပေးရမှာပေါ့သုံညဘဝကနေစလာပြီး ဒီအိမ်ကကျေးဇူးတွေကြောင့် စီအီးအိုဘဝထိ ရောက်လာခဲ့တာပဲ လုပ်ပေးစရာရှိတာ အလိုက်သိလုပ်ပေးသင့်တာပေါ့ မဟုတ်ဘူးလား စီအီးအိုကင်မ် "
ထိုစကားကို သူအပြုံးလေးတစ်ချက်သာ ပေးလိုက်သည်။နားခါးစရာဆိုပေမဲ့လည်း အမှန်တရားပဲ။ ထို့နောက် သူအွန်းလေးကို ပါးစပ်တွေသုတ်ပေးပြီး ထိုနေရာမှထလာခဲ့သည်။
" နိုအွန်း နင်ကြပ်ကြပ်လုပ်နေ သမက်ကင်မ်နင့်ကို ဘယ်အချိန်စိတ်ကုန်သွားမလဲ နင်သိလား "
" အေးလေ မမ မမလူက အလတ်ကြီးရှိသေးတာမမလုပ်ပုံနဲ့ဆို စိတ်ကုန်ချင်စရာကြီး သူတခြားခြေရှုပ်ထားတာမရှိဘူးလို့ မပြောနိုင်ဘူး "
" ဟက် ငါတောင်ဒီလောက်စိတ်ကုန်နေတာ ဘယ်သူကရော သူ့ကိုလိုချင်မှာလဲ ပြီးတော့ ခြေရှုပ်ကြည့်လေ ငါ့အိမ်မှာကပ်နေရပြီး လာလုပ်ချင်ရင် အကြောင်းသိသွားမယ် သူပိုင်တာဘာတစ်ခုရှိလို့လဲ "
" ဘာပဲပြောပြော သမက်ကင်မ်က ညည်းအပေါ်ရော ငါတို့အပေါ်ရော တာဝန်ကျေတယ်နိုအွန်း ဘာမှမဆိုင်တဲ့အွန်းလေးအပေါ်မှာတောင် သူကနင့်ထက်တာဝန်ကျေတယ် "
" အဲလောက်တော့ သူတာဝန်ကျေရမှာပေါ့ ခုနကပြောသလိုပဲလေ သူပိုင်တာဘာတစ်ခုရှိလို့လဲ အကုန်လုံး ရှင်းကအပိုင်တွေနဲ့ စခဲ့တာလေ သူကသာကံကောင်းနေတာမဟုတ်ဘူးလား သမီးတို့နဲ့တွေ့လို့ သူဘဝက စီအီးအိုထိ ရောက်လာတာလေ အဲလိုကောင်ကို အောက်ခြေမလွှတ်အောင် နာနာဖိထားမှတော်ရာကျမှာ "
" မမပြောတာလည်း ဟုတ်တယ်မေမေ သူဦးစီးဦးကိုင်လုပ်နေရတယ်ဆိုတိုင်း သွားမြှောက်စားနေလို့လည်း မဖြစ်သေးဘူး တစ်ခါတလေလည်း ဘယ်သူကဘာဆိုတာ သိအောင်ပြထားအုံးမှ "
" ငါပြောချင်တာအဲဒါ ကြာရင် ကိုယ့်အပိုင်ကနေ သူ့အပိုင်ဖြစ်လာလိမ့်မယ် တော်သေးတာပေါ့ လုပ်ငန်းတွေက ကိုယ့်နာမည်ပေါက်တွေချည်းမလို့ အဲဒါကြောင့် အမေ့သားငယ်ကိုပြောတာ မြန်မြန်လုပ်ငန်းအကြောင်းသင်ပါဆို အလေပဲလိုက်နေတယ် ပြီးတော့ ပိုင်ဆိုင်မှုတွေကိုလည်း မြန်မြန်ခွဲထားတာကောင်းမယ်ထင်တယ် စိတ်ချရတာမဟုတ်ဘူး "
ဒေါ်ချယ်ရင်းတစ်ယောက် ခေါင်းတညိတ်ညိတ်နဲ့ အလေးအနက်စဉ်းစားနေမိသည်။ သမက်ကင်မ်က လူကောင်းတစ်ယောက်ဆိုပေမဲ့ အိမ်ကသမီးနဲ့က ယူတာယူထားကြတာ ဆက်ဆံရေးမကောင်း။တချိန်ချိန် စိတ်မဖောက်ဘူးလို့ မပြောနိုင်ဘူး။
................................
မီးရောင်စုံကလပ်အတွင်း သူခြေချလိုက်တာနဲ့ မနှစ်မြို့စရာတွေ စတင်ကြုံလိုက်ရသည်။ ရှင်းဂျူအွန်းပြောတဲ့ အထူးအခန်းနံပါတ်အတိုင်း သူရောက်လာခဲ့သည်။ အလုပ်ကိစ္စများနှင့် ဒီလိုနေရာတွေ ရောက်ဖူးပေမဲ့ သူကတော့ တစ်ခါမှမနှစ်သက်ခဲ့။ အခန်းရှေ့ရောက်တော့ သူတံခါးမခေါက်တော့ဘဲ တန်းဖွင့်လိုက်သည်။အခန်းထဲတွင် လူဆယ်ယောက်ထက်မနည်း ရှိနေသည်။သူဝင်လာတော့ အားလုံးရဲ့အကြည့်တွေက သူ့ဘက်ရောက်လာသည်။ သူကတော့ ရှင်းဂျူအွန်းဘယ်မလဲသာ ဝေ့ဝိုက်ကြည့်လိုက်သည်။
" ဦး.. "
" ရှင်းဂျူအွန်းဘယ်မလဲ "
ရှင်းဂျူအွန်းကိုမတွေ့ဘဲ သူ့သူငယ်ချင်းဖြစ်တဲ့ ဂျွန်ဂျောင်ဂုကသာ ထလာတော့ သူမေးလိုက်သည်။သေချာပေါက် ဒီမှာရှိနေမှာလို့ ပြောထားလျက်နဲ့။
" ဦး လာထိုင်အုံး ဂျူအွန်းက.. "
သူဖုန်းဆက်တော့ မိန်းကလေးတစ်ယောက်ကသူ့ကိုငွေညစ်နေလို့ ခွာရခက်ပြီး အိမ်ပြန်မလာရဲတာဆိုဘဲ။ သက်သေတွေလည်းရှိနေလို့ အိမ်ပို့မည်ကြောက်ပြီးဘာမှမလုပ်ရဲဘဲ သူ့ကိုဖုန်းဆက်ပြီး လာတိုင်သည်။ထုံးစံအတိုင်း အလိုရှိရင် သူ့ကိုသတိရပြီ။ ဒီလိုကိစ္စတွေ သူလိုက်လုပ်ပေးခဲ့တာ မနည်း။ အခုလည်း သူဖြေရှင်းပေးဖို့ သဘောတူလိုက်ပြီးတော့ ဒီနေရာကိုသူကချိန်းလိုက်ပြီး အခုသူကရှိမနေ။ သူကကုမ္ပဏီကနေတောင် တန်းလာခဲ့ရတာ။
" ဘယ်မှာလဲသူ ငါ့ကိုလိမ်တာလား "
" မဟုတ်ဘူး ဒါပေမဲ့ "
" ဘယ်မှာလဲလို့!!! "
သူမေးနေလည်း အလိုသူအလိုပါတွေမလို့ သူအော်လိုက်ပြီးဖုန်းထုတ်ကာ ပြဿနာကောင်လေးကို ဖုန်းခေါ်လိုက်သည်။
" ဦး "
" တောက်ခ်! "
ဖုန်းကဝင်လျက်နဲ့ မကိုင်၍ သူတောက်ခေါက်မိသည်။လာနောက်နေတာလားအခုက။ တစ်မိသားစုလုံးက ဒုက္ခဘယ်လိုပေးရမလဲ ကောင်းကောင်းသိနေတာပဲ။
" ဦး ခဏထိုင်စောင့်ပါလား သူခဏကတင် အရေးကြီးလို့ဆိုပြီး ထွက်သွားတာ "
ဆော့ဂျင်အခန်းထဲဝေ့ကြည့်တော့ စိတ်ပျက်စရာမလို့ ထိုင်စောင့်ဖို့ဆိုတာ မဖြစ်နိုင်။ သူပြန်ထွက်ပြီး အပြင်တစ်နေရာမှာသာ စောင့်နေဖို့ စဉ်းစားလိုက်သည်။သူလှည့်ထွက်မည်ပြင်တော့ သူ့ရှေ့ကကောင်လေးက လက်ကို အလျင်အမြန်ဆွဲတားသည်။
" လွှတ်စမ်း! "
" မဟုတ်ဘူး စောင့်နေဖို့.. "
" ငါအပြင်မှာပဲစောင့်မယ် သူရောက်လာရင် ငါ့ဆီအကြောင်းကြားခိုင်းလိုက်! "
" မဟုတ်ဘူးဦး လွဲ လွဲသွားမှာစိုးလို့.. ဒီမှာပဲ.. သူတို့ကပြန်တော့မှာရယ် "
သူမယုံသလိုကြည့်တော့ ထိုလူတွေက ထရပ်နေပြီ ထိုအခါကြတော့မှ သူ နေရာလွတ်တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။ သူဝင်ထိုင်တော့ ထိုကောင်လေးက သူနှင့်နီးနီးကပ်ကပ်တွင် ဝင်ထိုင်လာသည်။
" ဦး "
စားပွဲပေါ်ကအရက်ခွက်ကိုယူပြီး သူ့အတွက်လာပေးတော့ သူအကြည့်နဲ့တင် ငြင်းပစ်လိုက်သည်။
" ဦး ဦးအလုပ်ကတန်းလာခဲ့တာမလား ဗိုက်ဆာနေမှာပေါ့ ဘာမှာလိုက်ရမလဲ "
" မစားဘူး "
" တခုခုတော့စားလေ ဦးကလည်း ဘာပဲဖြစ်ဖြစ်ပြောပါ ကျွန်တော်မှာပေးမယ် "
သူတစ်ခါပြောပြီးသားကို ဆက်မပြောချင်။ထိုကြောင့် နောက်မှီထိုင်လိုက်ပြီး မျက်လုံးတွေကို ခဏအနားပေးလိုက်သည်။ သူဒေါသတွေထွက်နေပြီး ဘယ်အရာကိုမှ မမြင်ချင်မိ။
သူ့စကားတွေကို တစ်ချက်မှအဖတ်မလုပ်ဘဲ မျက်လုံးတွေကို မှေးမှိတ်သွားတဲ့ဦး။ ဦးဘယ်လောက်ထိ လျစ်လျှူရှုနိုင်မလဲ ကြည့်ကြသေးတာပေါ့။
သူအရက်တစ်ခွက်ကို တစ်ကျိုက်တည်းမော့ပစ်လိုက်ပြီး ဦးမျက်နှာနား တိုးကပ်ကာ တစိမ့်စိမ့်ကြည့်ပစ်လိုက်သည်။ အနီးကပ်မြင်ရခဲတဲ့ ဦးမျက်နှာကို အသေးစိတ် စိပ်ဖြာရင်း ချိုအီအီကိုယ်သင်းနံ့တွေကို တဝကြီးရှူပစ်လိုက်သည်။ မူးရစ်ဖွယ်ကောင်းတဲ့အခြေအနေမှာ အရက်ခွက်ကို ဇိမ်ခံလှုပ်သောက်လိုက်သည်။ လူကြီးဆန်ဆန် ကျက်သရေရှိတဲ့အလှ၊ ခက်ထန်ချင်နေတဲ့မျက်လုံးများကတော့ မှေးမှိတ်ထားသည်။ နှုတ်ခမ်းဖူးဖူးက တင်းတင်းစေ့လျက်။ နမ်းချင်တယ်ဦးရယ် ဦးကိုမြင်တိုင်း အိပ်ရာထဲပို့ချင်နေတဲ့ ကျွန်တော်က အခုလည်း ကျွန်တော်အခုဦးကို ဘာလုပ်ချင်နေလဲသိလား။ သေချာပေါက်လျှို့ဝှက်ချက်ပေါ့ ဦးကိုဘယ်ပြောပြလို့ဖြစ်မလဲ ဦးသိသွားလို့မဖြစ်ဘူး ဦးသိလို့မဖြစ်ဘူး နိုး နိုး နိုး။
" ဦး "
သူခပ်တိုးတိုးခေါ်ရင်း ဦးမျက်နှာနားဆီ တိုးကပ်သွားလိုက်သည်။ သတိရှိတဲ့ဦးက အခုတော့ကျွန်တော်အနားကပ်လာတာတောင် မသိတော့ဘူးမလားတကယ်လို့ ကျွန်တော့်နေရာမှာ တခြားတစ်ယောက်ဆိုဘယ်လိုလုပ်မလဲ ဘာလို့သတိလက်လွတ် လာအိပ်နေရတာလဲ။
" ဘာလုပ်နေတာလဲ "
ဆော့ဂျင်နှာခေါင်းထဲ ချဉ်တူးနေတဲ့အရက်နံ့ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုအခါ အရက်ခိုးဝေနေတဲ့မျက်နှာတစ်ခုက သူ့မျက်နှာနားတွင် ကပ်လျက်ရောက်နေသည်။
" ဦး အရမ်းချောတယ် "
ရီဝေဝေနဲ့သူ့ကိုကြည့်ပြီး တစ်လုံးချင်းပြောသည်။အရက်နံ့က မသောက်ထားတဲ့သူတောင် မူးတော့မည်။
" ဖယ်စမ်း "
" ဦး "
သူကအသိစိတ်လွတ်နေသူလို သူ့ကိုဖွဖွခေါ်ရင်း ထပ်ကပ်လာပြန်သည်။ ပြောစရာရှိတဲ့ပုံလို နှုတ်ခမ်းတွေက လှုပ်ရွနေသည်။ သူ့မျက်နှာနားထိကပ်ခါနီး အမြန်ပင် သူတွန်းထုတ်ပစ်လိုက်သည်။ထိုအခါ ထိုကောင်လေးက သူ့ကိုယ်သူမထိန်းနိုင်ဘဲ ဆိုဖာပေါ် ပက်လက်လန် ကျသွားသည်။
" ဦးကအရမ်းဆိုးတယ် ချောလို့အနီးကပ်ကြည့်နေတာကို တွန်းရက်တယ် "
" မျက်နှာလေးလှသလောက် စိတ်ပုတ် "
" ကင်မ်ဆော့ဂျင်ဆိုတဲ့လူကြီးက အကျင့်မကောင်းပါဘူးနော် အားလုံးပဲ မကြိုက်မိကြစေနဲ့ ... "
" ဟဲဟဲ အဲဒါဆို ကြိုက်မဲ့သူမရှိတော့ရင် ဂျွန်ဂျောင်ဂုဆီရောက်လာလိမ့်မယ် "
" ဦး ဦး အဲဒါဆို ကျွန်တော့်ကိုပြန်ကြိုက်မှာလား "
ပစ်စလက်ခတ်ကျရာနေရာကနေ စကားတွေကပေါက်ချာပြောနေပြီး နောက်ဆုံးတွင် သူ့ကိုမော့ကြည့်နေသည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေက အရည်လဲ့နေပြီး သနားကမားပုံ ပေါက်နေသည်။ သူစိတ်ပျက်လက်ပျက် ခေါင်းကိုခါယမ်းလိုက်ပြီး ထရပ်လိုက်သည်။အကျိုးမရှိဘူး ပြန်တာပဲကောင်းတယ်။ရှင်းဂျူအွန်း သူ့ကိုထပ်လှည့်စားပြန်တယ်!
" ဦးမသွားရဘူး... အန္တရာယ်ရှိတယ် "
ဆော့ဂျင်လှည့်ထွက်နေရာမှ နောက်လှည့်ကြည့်မိသည်။ ဘာကိုဆိုလိုချင်တာမှန်း သူမသိ။
" ဒီကနေပြန်တာနဲ့ ကျွန်တော်နဲ့ညားမှာ "
သူသက်ပြင်းတစ်ချက်သာချပြီး ထိုအမူးသမားကို ကျောခိုင်းပစ်သည်။ သူကိုကမှားတာ ရှင်းဂျူအွန်းစကားယုံစားပြီး ဒီကိုရောက်လာကတည်းက စမှားတာ။
__________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



