Fanfics

24

17:47, 29 August 2025

"မြောင်"

Hanaရဲ့ အော်သံသေးသေးလေးကြားမှ သူတို့ နှစ်ယောက်ရဲ့ အနမ်းများဟာ ရပ်တန့်တော့သည်။မုတ်ဆိတ်မွှေးတွေနဲ့ မျက်နာကို သေချာလေးကြည့်ကာ တွေးမိသည်က ကြည့်ကောင်းလွန်းသည်ဆိုတာပဲ။

"မြောင်"

ပထမအော်သံထပ် နည်းနည်းလေးကျယ်လာတာမို့ သူဟာ ပေါင်ပေါ်က အတင်းဆင်းကာ အစာထည့်ပေးရန် လုပ်ရသည်။

"သူက Hana လား"

Hanaဘေးတွင် ဝင်ထိုင်ကာ မေးလာသည့်လူ။Hanaကလဲ ဒီလူစိမ်းက ဘယ်သူလဲဆိုတဲ့ အထာနဲ့ ကြည့်နေသည်။

"ဟုတ်တယ် ချစ်စရာမကောင်းဘူးလားဟင်"

"အင်း ပိုင်ရှင်နဲ့တူတော့ ချစ်ဖို့ကောင်းတာပေါ့"

အစာပန်းကန်လေးထဲ အစာထည့်ကျွေးပြီး ထဖို့အလုပ် သူ့နောက်ကလူကာ သူ့ကို ဆွဲချလိုက်တာမို့ သူဟာ ဒီလူ့‌ပေါင်ပေါ်သို့ ထိုင်လျက် ကျသွားရသည်။

"ကိုယ်တို့ အလိုအလျောက် အစာကျစက်လေး ဝယ်ပေးထားကြမလား"

"ဝယ်မပေးချင်ဘူး အစာကျတဲ့အချိန် အပြေးအလွှားသွားစားနေတာ မကြိုက်ဘူး သူ့အချိန်လေးနဲ့ သူပဲ ကျွေးချင်တာ အစာလာတောင်းတဲ့ အသံလေးကို ချစ်လို့လေ"

အစာစားပြီးတဲ့ Hanaကို ပေါင်ပေါ်တင်ကာ ပွတ်‌ပေးနေရင်းနဲ့ ဒီလူ ပေါင်ပေါ်မှာထိုင်ရင်း နှစ်ယောက်သား စကားပြောဖြစ်ကြသည်။

"Phu "

"ဘာလို့လဲ Nara"

"ဘယ်လို ခေါ်လိုက်တယ် "

"Naraလို့လေ"

မျက်နာနောက်ကို လှည့်၍ သဘောတကျဖြေတဲ့အခါ ကျေနပ်သွားတဲ့ မျက်နာနဲ့ လူ။

လှည့်လာတဲ့ သူ့ပါးကို နှုတ်ခမ်းနစ်ဝင်အောင် နမ်းလာသည်။မုတ်ဆိတ်မွှေးတွေ နှုတ်ခမ်းမွှေးတွေဟာ ပါးထဲ ဝင်လာတာမို့ သူ့မှာ ယားကျိကျိဖြစ်လာသည်။

"ယားတယ် Nara"

ပါးပေါ်က နှုတ်ခမ်းကို ပြန်မဖယ်ပဲ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး‌တွေကို ပွတ်လာပြန်သည်။

"Nara ယားတယ်လို့"

"Phu ငြိမ်ငြိမ်လေးထိုင်ပေး ပြီးမှ ကိုယ့်ကို အဆိုးမဆိုနဲ့"

"ဘာလို့ O_o"

သူတင်ပါးလေးလှုပ်လိုက်လို့ ဖြစ်လာတဲ့ အောက်က တုံ့ပြန်မှုကြောင့် သူတကယ် လန့်သွားရတာမို့ သူ့တစ်ကိုယ်လုံး ပူထူလာသည်။

"Phu"

"Omm Nara"

"ကိုယ့်ကို နမ်းပါ"

ဒီလူ့ရဲ့ တောင်းဆို မှုအား မငြင်းနိုင်။သူ့လက်တွေဟာ ထိုလူ့လည်ပင်းကိုသိုင်းလျက် ‌သူမှ စတင်တဲ့ အနမ်းတစ်ခုကို ဖန်တီးဖြစ်ကြသည်။

Naraလက်တွေဟာ သူ့ရဲ့ အင်္ကျီထဲကို ကျူးကျော် ဝင်ရောက်လာကာ သူ့‌ကျောပြင်တစ်ခုလုံးကို ပွတ်သပ်နေတော့သည်။

အနမ်းတွေဟာ စွဲလမ်းစရာကောင်းလောက်အောင် ချိုတာမို့ နှစ်ယောက်လုံး ဘယ်သူကမှ မရပ်မိကြ။

အောက်ဆီဂျင်ပြတ်တောက်တဲ့အထိ နမ်းပြီးတဲ့နောက် သူတို့ဟာ အနမ်းများကို ခွာကာ တစ်ယောက်နဲ့ တစ်ယောက် အကြာကြီး စိုက်ကြည့်နေမိကြသည်။

Naraရဲ့ ဖုန်းသံမြည်းလာမှ အကြည့်တွေကို ရှောင်မိကာ ပေါင်ပေါ်က ထဖို့ လုပ်မိသည်။

"ဘယ်သွားမလို့လဲ"

"ဖုန်းပြောလေ"

"မပြောချင်ဘူး"

"ပြောလိုက်ပါ Naraရယ်"

"မပြောချင်ဘူး"

"အရေးကြီးရင်ဘယ်လိုလုပ်မလဲ Naraရယ်"

"မင်းက ကိုယ့်ဘဝမှာ အ‌ရေးကြီးဆုံး အရေးပါဆုံးပဲ အဲ့တော့ ဖုန်းဆက်တဲ့လူက မင်းမဟုတ်ရင် အရေးကြီးနေလဲ မကိုင်ဘူး"

"စကားတတ်လိုက်တာ Naraက ကိုင်လိုက်ပါ အမေဖြစ်နေရင်ရော "

"သူဆို ဘန်ကောက်ပြန်ခေါ်နေမှာမို့ ပိုတောင် မကိုင်သင့်သေး"

ဖုန်းကိုင်ဖို့ အတွက် အချိန်အတော်ကြာ ဖြောင်းဖျပြီးနောက် ဖုန်းကို ကောက်ပိတ်လိုက်တဲ့လူ။

ဖုန်းပိတ်ပြီး သူ့ကို ထပ်မံနမ်းဖို့ ကြိုးစားလာတာမို့

"ထမင်းစားမယ် ဟင်းတွေအေးကုန်မယ်"

သူတို့ နှစ်ယောက်လုံး ထမင်းကို  တို့ကနဲဆိတ်ကနဲပဲ စားဖြစ်ကာ နောက်ဆုံးမှာတော့ ထမင်းဝိုင်းသိမ်းလိုက်ကြသည်။

သူဌေးသားလေးက ပန်းကန်ဆေးမယ်ဆိုလို့ သူ့မှာ မီးဖိုခန်းလေး ဇောက်ထိုး မဖြစ်သွားစေရန် ထိုင်ကြည့်နေမိသည်။

"ပြီးပြီ"

ပန်းကန်ဆေးပြီးနောက် သူ့ကိုယ်သူ ဂုဏ်ယူတဲ့ အပြုံးနဲ့ လှည့်လာတဲ့ လူကို လက်မထောင်ပြမိသည်။

"ရေချိုးတာလား ပန်းကန်ဆေးတာလား Nara တစ်ကိုယ်လုံးရွှဲနေပြီ"

"အင်္ကျီသွားလဲလိုက်အုံးမယ်"

ခေါင်းညှိတ်ပြကာ သွားလဲခိုင်းပေမယ့် အင်္ကျီချွတ်ကာ သူ့နားကိုလာ၍ သူ့ကို ပွေ့ချီတော့သည်။

"အား Nara ချပေး ခါးနာမယ်"

"မနာပါဘူး Phuက ပေါ့ပေါ့လေး"

သူ့မျက်နာက Naraရဲ့ အဝတ်ဗလာ အပေါ်ပိုင်းနဲ့ ထိတွေ့နေ‌တာမို့ သူအလွန်ရှက်လာတာ သူသာလျှင်သိလိမ့်မည်။

အပေါ်ထပ်က အခန်းကို ဦးတည်၍ သွားကာ သူ့ကို ကုတင်ပေါ်တင်၍ အုပ်မိုးလာတဲ့လူ။

"Nara မုတ်ဆိတ် ရိတ်ပေးမယ်လေ"

"မရိတ်ချင်ဘူး တခြားဟာ လုပ်ချင်တာ"

"ဘာ - - -ဘာ - - - ဘာလုပ်ချင်တာလဲ"

"ဒီဟာ"

သူ့နှုတ်ခမ်းပေါ်ကျလာတဲ့ အနမ်းများ။ဒီနေ့ရဲ့ ဘယ်နှကြိမ်မြောက်မှန်း မသိတဲ့ အနမ်း‌ကို ငြင်းဆန်ဖို့ အားတောင်မရှိတော့တဲ့ သူဟာ ဒီအနမ်းတွေကို ပြန်လည်တုံ့ပြန်ရင်း။

- - - - - - -

Joong ရဲ့ ဘဝကတော့ အရင်လို အေးဆေးလေးမနေရပဲ Pond ရဲ့ ပစ်သွားတဲ့ အလုပ်တွေကို လိုက်ကောက်ကာ လုပ်ပေးနေရတော့သည်။

အလုပ်တွေကို အာရုံစိုက်နေတုန်း ဝင်လာတဲ့ ဖုန်းကြောင့် ကောက်ယူကာ screen ကို ကြည့်မိတော့ Dr Dunk....

"ဟယ်လို Dr Dunk"

"ဟယ်လို Joong မနက်ဖြန် အန်တီ ဆေးရုံမှာ ဆေးလာစစ်ရမယ့်နေ့နော်"

"အာ ဟုတ်သားပဲ ဘယ်နှနာရီလောက်လာရမလဲ ကျွန်တော် အချိန်ဇယားတစ်ချက်ကြည့်လိုက်အုံးမယ်"

"မအားဘူးလား Joong "

"ဆိုပါတော့ဗျာ ကျွန်တော့်တူက အလုပ်တွေပစ်သွားပြီး အရူးတစ်ယောက်လို ချင်းမိုင်ကို လိုက်သွားတာမို့ ကျွန်တော်အလုပ်ချည်းပဲ ဆိုပါတော့"

"ဒါဆို ဒီလိုလုပ် မနက်ဖြန် ကျွန်တော်နားရက် အန်တီ့ကို ကျွန်တော် လာခေါ်ပြီး ဆေးခန်းပို့ပေးလိုက်မယ် ပြန်လဲ လိုက်ပို့ပေးမယ်"

"မဟုတ်တာ နားရက်ပဲ နားပါဗျာ"

"ရပါတယ် အန်တီနဲ့လည်း တွေ့ချင်နေတာမို့"

"ဒါဆို ညနေကျ မပြန်နဲ့နော် အိမ်မှာ ထမင်းစား ကျွန်တော် ထိုင်းတစ်နိုင်ငံလုံးမှာ အကောင်းဆုံးကိတ်ဆိုင်က ကိတိဝယ်ကျွေးမယ်"

"ဟုတ်ကဲ့ပါ ဒါဆို အိမ်လိပ်စာပို့ထားပေး အန်တီကိုလဲ ကျွန်တော်လာကြိုမှာပြောထားပေး"

"ဟုတ်ကဲ့ပါ ဗျာ ကျေးဇူးပါနော် Dr Dunk"

"Dunkပဲ ခေါ်ပါ bye bye "

ချသွားတဲ့ ဖုန်းလေးကို ကြည့်ကာ Dunkကို ကျေးဇူးတင်မိသည်။သူတကယ် စိတ်ရော လူရော ပင်ပန်းနေတာ။

"Pond ရေ ပြန်လာပါတော့"

ဒါတွေကို တကယ်လဲ တစ်ယောက်တည်း နိုင်နိုင်နင်းနင်းလုပ်ခဲ့သည့် Pond ကို လေးစားမိသည်။

"မင်းနဲ့ Phuwin ကြား ဘာတွေဖြစ်ခဲ့လဲ မသိပေမယ့် အခု မင်းတို့ အဆင်ပြေပါစေ ဆုတောင်းပေးတယ်"

ဒါဟာ သူ့ရင်ထဲက အမှန်တိုင်းလာသော ဆုတောင်းများသာ။

Pond က အရွယ်လေးနဲ့မလိုက်အောင် တာဝန်ယူမှု၊တာဝန်ခံမှု များလွန်းခဲ့တာမို့ သူ့စိတ်အေးချမ်းရာလေး ရစေချင်သည်။

Phuwin လေးကိုတော့ ဒီထပ်ပျော်ရွှင်ရကာ စိတ်လုံခြုံမှုအပြည့်ရမယ့် နားခိုရာလေး ပိုင်ဆိုင်စေချင်သည်။

သူ့အတွက်ရော သူကတော့ ဘဝမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့သာ ဖြတ်သန်းချင်သည်။အမုန်းတရား ဟူသည် မရှိပဲနဲ့ပေါ့။

TBC.........

There are no comments yet. Log in to be the first to leave a review!

Similar stories