23
17:47, 29 August 2025Archen နဲ့ လမ်းခွဲပြီးပေမယ့် သူဟာ Pond ကို မဆက်သွယ်ဖြစ်။ဝင်လာတဲ့ စာတွေကိုလဲ မပြန်ဖြစ်သလို စာပြန်ချင်တဲ့ စိတ်တွေကိုလဲ ချိုးနှိမ်၍သာ သူဟာ သူ့ဟာသူ တိတ်တိတ်လေးနေဖြစ်သည်။
သူ့စိတ်ထဲမှာ Pond ကို အချိန်ခဏအတွင်း နက်နက်ရှိုင်းရှိုင်းသဘောကျသွားကို မယုံတာရော ဆက်သွယ်သင့် မသင့် လွန်ဆွဲနေတဲ့ စိတ်ရောကြောင့် သူဟာ ဆက်သွယ်ရန် တွန့်ဆုတ်နေမိသည်။
"Phi Phuwin !!!!! Phi Phuwin!!!!"
Tinရဲ့ အသံ ခပ်ကျယ်ကျယ်က အိမ်ထဲမှာ ထိုင်နေတဲ့ သူ့ကြောင်မလေးနဲ့ သူနဲ့ကို အလန့်တကြားဖြစ်စေသည်။
Hanaက Tin တို့အိမ်က ကြောင်မကြီးပေါက်တဲ့ထဲက တစ်ကောင်သူခေါ်လာတာကာေမွးဖြစ်သည်။။သူ့ရဲ့ စိတ်ရှုပ်မှုတွေဟာ Hanaနဲ့ဆို ပြေပျောက်ရသည်။
Tin အသံကြောင့် Hanaဟာ ဆိုဖာခုံအောက်သို့ ဝင်ပြေးကာ သွားတော့သည်။ဒီကောင်ဘာတွေစားလို့ ဒီလောက် အသံပြဲလဲဟု တွေးမိသွားသည်။
စိတ်တိုတိုနဲ့ အပြင်ရောက်မှ ဟောက်မယ်ဆိုကာ အိမ်ရှေ့သို့ ထွက်လာလိုက်သည်။
"အို ဟိုး Tin ဘာလို့ ဒီလောက်အော် မင်းအသံကြောင့် Hana လန့်နေပြီသိလား"
ခြံစည်းရိုးတံခါးဖွင့်ကာ အပြင်ကို ထွက်၍ ရန်ဖြစ်လိုက်သည်။တံခါးကိုလဲ ချက်ချင်းသတိမလွတ်အောင်ပြန်ပိတ်ရသည်။မဟုတ်ရင် Tin ရဲ့ သူငယ်ချင်း Gunက အိမ်ထဲဝင်ပြီး သူ့သကြားလုံးတွေခိုးတော့မှာကို။
"Phi Phuwin က ဧည့်သည်လာနေတာမှာမသိတာ"
"ဧည့်သည်?? "
သူ့ဆီသို့ လာလည်စရာ ဧည့်သည်ဟူ၍ မရှိတာမို့ သူအံ့ဩမိသွားသည်။
သူရန်ဖြစ်နေလို့ သတိမထားမိပေမယ့် သူလှည့်ကြည့်တော့ သူ့နောက်မှာ ရပ်နေတဲ့ အုပ်သိုးသိုးလူ။ဘာလို့ ဒီလူကိုရင်းနှီးနေတယ်လို့ ခံစားရတာလဲ။
"Pond??"
သူ့စိတ်ထဲ ပေါ်လာတဲ့ တစ်ဦးတည်းသော လူတစ်ယောက်ရဲ့ နာမည်ကို ရေရွတ်မိသည်။
"Phu - - - "
သူ့အထင်နဲ့ တထပ်တည်းကျသွားတာမို့ သူ့မှာ အံ့အားသင့်ရသည်။မတွေ့တာကြာတဲ့ အတောအတွင်း လူတစ်ယောက်က တကယ် တခြားတစ်ယောက်ပုံစံ ပြောင်းလဲသွားသည်။
"Tin ပတ်ဆော့မနေနဲ့ အိမ်ပြန်တော့ "
စပ်စပ်စုစု ကလေးမို့ အိမ်ပြန်လွှတ်ရသည်။မဟုတ်ရင် မေးခွန်းတွေလာမေးနေအုံးမှာ။
"သကြားလုံးလေးတော့ကျွေးလိုက် မပြန်ခင်"
သူ့သူငယ်ချင်းအတွက်တောင်းပေးမှန်းသိပေမယ့် အမြင်ကပ်လို့ ထုတ်မပေး။
"သွားကျိုးနေရင် ကြီးလာရင်မချောတော့ဘူး"
"Phi Phuwin က မကောင်းဘူး"
ဒီလူလည်လေးတွေနဲ့တော့ ခက်ပါသည်။
"ရော့ မုန့်ဖိုးယူသွား "
Pond က Tin သဘောအကျဆုံး လက်ဆောင်ပေးလိုက်တာမို့ Tinတစ်ယောက်ပျော်ပြီးပြန်သွားသည်။
"Phu စကားပြောလို့ရမလား"
ညှိုးညှိုးငယ်ငယ်မျက်နာနဲ့ မေးလာတဲ့လူ။
ဒီလိုမျက်နာငယ်ကို ဘယ်သူကများ ငြင်းဆန်နိုင်ပါ့မလဲ။
"Pond အိမ်ထဲလာလေ မောလာရောပေါ့ တစ်ခုခုသောက်ဖို့ ယူပေးမယ်"
အိမ်ထဲကို လိုက်ခဲ့ဖို့ ခေါ်ကာ ဒီ ဝမ်းနည်းနေတဲ့ မျက်နာငယ်ကို ရှောင်လွဲ ဖို့ အကြည့်တွေကို ရှောင်မိသည်။
ရှောင်ထွက်သွားဖို့ အလုပ်မှာပဲ သူကို ဆွဲ၍ ရင်ခွင့်ထဲ ထည့်ကာ တင်းနေအောင် ဖက်ထားတော့သည်။
သူ့ကို တင်းနေအောင် ဖက်ထားတဲ့ လူကို မောကြည့်တော့ မျက်နှာမှာ မျက်ရည်တွေနဲ့။နဂိုက လူကြီးလူကောင်းတန်တဲ့သူဟာ အခုတော့ မျက်နှာမှာ မုတ်ဆိတ်မွှေးများက နေရာယူနေသည် ။
တခြားလူဆို ကြည့်မကောင်းပေမယ့် Pond နဲ့တော့ ကြည့်လို့ကောင်းနေသည်။
"Pond -"
မျက်နာပေါ်က မျက်ရည်စတွေကို လက်နဲ့တယုတယ သုတ်ပေးမိသည်။
"မငိုနဲ့"
သ့မျက်နှာပေါ်က မျက်ရည်တွေကို မြင်တဲ့ အခါ ကိုယ်တိုင်တော့ မျက်ရည်တွေရွှဲနေပေမယ့် သူ့ကို မငိုဖို့ ပြောရန်တော့ မမေ့ခဲ့ပါ။
"Pond ပိန်သွားတယ်နော် ဆံပင်တွေလဲရှည်လို့ မုတ်ဆိတ်တောင် မရိတ်နိုင်ဘူးလား"
"မသိဘူး ဘာမှမလုပ်ချင်ဘူး ကိုယ်က Phuကို တကယ် သတိရနေတာ"
လွမ်းကြောင်းကို ကလေးတစ်ယောက်လို ညည်းညူနေတဲ့ Pond.
"Pond "
"ဘာလဲ ထပ်ပြီး တွန်းထုတ်အုံးမလို့လား ကိုယ့်ကို မင်းအနားမှာပဲ နေခွင့်ပေးလို့မရဘူးလား ကိုယ့်ကို မယုံရင် ကိုယ်သတ်သေပြနိုင်ပါတယ် တစ်ခုပဲ ထားမသွားပါနဲ့ မင်းကို မမြင်ရရင်ကို မနေနိုင်တာမို့ ထပ်ပြီး အဝေးမှာ မထားပါနဲ့နော်"
"- - - "
"Phu ကိုယ် မင်းကို အရမ်းချစ်တယ် မင်းကိုမတွေ့ရ မမြင်ရတဲ့ အတွင်း ကိုယ်သိသွားတာက ကိုယ့်ဘဝမှာ မင်းမရှိရင် မဖြစ်တော့ဘူး ဆိုတာပဲ Phu မင်းကိုယ့်ကို ပြန်မချစ်နိုင်သေးလဲ - - - "
သူ့အဖြေကို မစောင့်ပဲ တစ်ယောက်တည်းပြောချင်ရာ ပြောနေတဲ့ လူကို အနားတိုးကာ သူ့ဘက်ကစ၍ အနမ်းပေးမိသည်။
သူ့အနမ်းတွေကို ပြန်လည်တုံ့ပြန်လာတာမို့ အနမ်းတွေဟာ ရှည်သွားခဲ့သည်။
အနမ်းတွေ ရပ်တန့်တဲ့အခါ
"Phu"
"ရှူး စကားတွေပြောနေရတာ မမောဘူးလား Pond နားအုံး"
"ကိုယ့်ကို အဖြေလေးပေးပါကွာ ကိုယ် "
"အင်း ကျွန်တော်ကလဲ Pond ကို သဘောကျနေမိပြီထင်တယ်"
"တကယ်?? Phu ကိုယ်ပျော်လိုက်တာ"
နှုတ်ခမ်းပါးပါးကို အနမ်းထပ်ခြွေရန် ကပ်တဲ့အခါ သူ့နှုတ်ခမ်းလေးကို လက်နဲ့ကာမိသည်။အခုပဲနမ်းပြီးတာကို ထပ်ပြီး နမ်းဖို့ ကြိုးစားနေသေးတာလား။
"တစ်ခုခုစားဖို့ လုပ်လိုက်အုံးမယ် ရေချိုးအုံး လှေကားကနေ တတ်ရင် တစ်ခန်းထဲသော အခန်းတွေ့လား အဲ့ဒီအခန်း - - - "
"Phu နဲ့ တစ်ခန်းထဲနေမှာနော် Phu ကိုယ်ငွေ့လေးကို ခံစားပြီး အိပ်ချင်တာ"
"ပြောတာ ဆုံးအောင်နားထောင်ပါအုံး အဲ့အခန်းက ကျွန်တော့်အခန်း အဲ့မှာပဲ အိပ်ရမှာ ပစ္စည်းတွေထည့်ခဲ့ ရေချိုးပြီးလာခဲ့ ထမင်းစားမယ်"
တစ်ခန်းတည်းနေရမယ်ဆိုတော့ ပျော်သွားတဲ့မျက်နှာဟာ ချက်ချင်းသိသာလှသည်။ဒီအိမ်မှာ အခန်း၂ခန်းသာရှိပြီး နောက်တစ်ခန်းက မေမေဆုံးပြီးထဲက သူအသုံးမပြုတော့တာ ကြာလှပြီ။
- - - - - - - - - -
တစ်ခုစားရန် ပြင်ဆင်နေတုံးမှာ သူ့ခါးပေါ်ရောက်လာတဲ့ လက်နှစ်စုံ။သူ့ပုခုံးပေါ်မေးတင်ထားကာ လည်ပင်းကို နှုတ်ခမ်းက ကပ်ထားတာမို့ ဝင်သက်ထွက်သက်များအား ခံစားနေရသည်။
လည်ပင်းကို နမ်းလိုက်တိုင်း လာထိတဲ့ နှုတ်ခမ်းမွှေးများကြောင့် သူဟာ ယားကျိကျိဖြစ်လာရသည်မို့
"Pond မုတ်ဆိတ်ရိတ်မလာဘူးလား"
"မရိတ်ချင်ဘူး"
ကလေးတစ်ယောက်လို အကြောက်အကန် ငြင်းနေတဲ့ လူဟာ ချစ်စရာ ကောင်းလွန်းလှသည်။
"ရိတ်ပေးရမလား"
"အင်း ရိတ်ပေး မလုပ်တတ်ဘူး ဘာမှ"
ညည်းညူနေပုံဟာလဲ သူ့မျက်လုံးထဲတော့ အလွန်ကြည့်ကောင်းလှသည်။
"ဒါဆို ထမင်းစားပြီးရင် မုတ်ဆိတ်မွှေးရိတ်ပေးမယ်"
"Phu ကိုယ်က မုတ်ဆိတ်မွှေးနဲ့ ကြည့်မကောင်းလို့လား"
"မဟုတ် - - - မဟုတ်ပါဘူး"
"ဒါဆိုဘာလို့လဲ ဟမ်"
"ယားလို့"
"ကိုယ်တောင်မယားတာ"
"ခင်ဗျားက ဘယ်ယားမလဲ အခုလို ခင်ဗျားနမ်းတာခံနေရတဲ့ လူက ပဲ ယားတာပေါ့"
မီးဖိုကို လက်စသတ်ကာ လှည့်လိုက်တာနဲ့ အသင့်စောင့်နေတဲ့ ရင်ခွင်ထဲသို့ ကွပ်တိရောက်သွားရသည်။
သူ့ကို ပွေ့ကာ ထိုင်ခုံဆီလျှောက်သွားတဲ့လူ ပွေ့ရက်ပဲ ထိုင်ခုံပေါ်ထိုင်ချကာသူ့နှုတ်ခမ်းတွေကို ကျူးကျော်လာတဲ့ နှုတ်ခမ်းများ။
သူကိုယ်တိုင်လဲ သဘောကျတဲ့ အနမ်းများမို့ တွန်းထုတ်မနေပဲ ဒီလူ့ ပခုံးပေါ် သူ့လက်တွေတွယ်ကာ အနမ်းတွေကို တုံ့ပြန်မိသည်။
ဒီအချိန်မှာ သူခံစားမိတဲ့ ကြည်နူးမှု စိတ်ကျေနပ်မှု ပျော်ရွှင်မှု ရင်ခုန်လှိုက်မောမှု စသည်တို့သည် အချစ်ဆိုတဲ့ ခံစားချက်ပင် ဖြစ်လိမ့်မည်။
TBC...............
ဖတ်စေချင်ဇောတစ်ခုနဲ့ အမြန်ရေးတာမို့ အမှားတွေပါနိုင်ပါတယ် (ب_ب)
ဒါလေးက vote 1k ပြည့်သွားပါပြီ။တစ်ပိုင်းချင်းဆီမှာ vote ပေးကြတဲ့ တစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်နော် 🥺😘
There are no comments yet. Log in to be the first to leave a review!





