15
17:45, 29 August 2025Thank you for flying with us and hope to see you again soon. Have a wonderful day!
လေယာဉ်ပေါ်က အမျိုးသမီးရဲ့ အသံက လေယာဉ်ဆိုက်ခါနီးမှာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။သူ့အတွေးတွေကတော့ မေမေရဲ့ ကျန်းမာရေးဆီမှာသာ။
"Joong မေမေတောင်းပန်ပါတယ် ကလေးရယ်"
"မေမေ့ကြောင့်နှောင့်နှေးရတာ"
"အာ မဟုတ်တာ မေမေကလဲ မေမေနေမကောင်းပဲ လုပ်ရတဲ့ပွဲက ဘယ်ပျော်ဖို့ကောင်းမလဲ"
"မေမေ့ကို ဂရုစိုက်သိတတ်တဲ့သားလေး အစစအရာရာ အဆင်ပြေပါစေ"
"ဘာမှမတွေးနဲ့ မေမေ အခုကျန်းမာအောင်ကုပေးမှာမို့ မေမေ အမြန်ကျန်းမာအောင်လုပ်ပြီး ကျွန်တော့်မင်္ဂလာပွဲလဲတတ်၊Pond မင်္ဂလာပွဲလဲတတ် နော်"
ခေါင်းညှိတ်ပြကာ ပြုံးပြတဲ့ မေမေဟာ သေချာကြည့်မှ ဒီနှစ်တွေအတွင်း တော်တော်လေး အသက်ကြီးလာတာပဲ။ဆေးရုံမှာ မေမေ့ကို ခဏထားခဲ့ကာ တည်းဖို့လုပ်ထားတဲ့ Hotel ကို ပစ္စည်းတွေပိုဖို့လုပ်ရသည်။
___________
Hotel ရောက်တာနဲ့ တန်းလုပ်တဲ့ အလုပ်က Phuwin ကို ဖုန်းခေါ်ရတာပါပဲ။ပုံမှန်လဲ တီတီတူးကာ ပြောလေ့မရှိတဲ့ သူတို့အဖို့ ပြောသမျှစကားတွေက သူငယ်ချင်းသာသာ။
"ဂရုစိုက်နော် Archen အစာစားချိန်မှန်အောင်လုပ်အုံး"
"ဟုတ်ပါပြီ ဗျာ ဂရုစိုက်အုံးနော်"
"အင်းပါ"
"ဒါဆို နားလိုက်အုံး ကိုယ်လဲ နားအုံးမယ် ချစ်တယ်နော်"
"အင်းပါ နားလိုက်အုံး"
ထုံးစံတိုင်းပါပဲ သူချစ်တယ်ပြောတိုင်း ကောင်လေးက ချစ်တယ်လို့ ပြန်မဖြေသွားခဲ့ဘူး။
တစ်ခါတစ်လေကျ ဒီဆက်ဆံရေးက သူသာလွှတ်လိုက်ရင် လေပြေလိုလွင့်ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာဘူးလို့ ခံစားရစေသည်။
___________
"Khun စကားခဏပြောလို့ရမလား"
"ဟုတ်ကဲ့"
ဆေးရုံမှာ စိတ်တွေလွင့်နေတဲ့ သူ့ကို ဆရာဝန်လေးက လာခေါ်မှ သတိပြန်ကပ်တော့သည်။
"အာ ထိုင်းလူမျိုးပဲလား"
"ဟုတ်တယ် Khun "
"Joong Joong Archen ပါ ဒေါက်တာ"
"Dunk Natachai "
မေမေ့ကို ဆေးကုပေးရမယ့် ဆရာဝန်က ထိုင်းလူမျိုးဖြစ်ပြီး သူနှင့်ရွယ်တူဖြစ်ပုံရသည်။mask အုပ်ထားလို့ မျက်နာတစ်ခုလုံးကို မမြင်ရပေမယ့် မျက်လုံးလှလှတွေကတော့ အထင်းသားမြင်နေရသည်။
မျက်လုံးချင်းဆုံပြီးတဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာတင် သူ့စိတ်ထဲ လှုပ်ရှားလာရသည်။သူရင်ခုန်သွားတာလား။မဖြစ်နိုင်ပါ။သူခရီးပန်းနေလို့ စိတ်ဂယောင်ခြောက်ခြားဖြစ်တာနေမှာပါ။
_________
မေမေ့ကျန်းမာရေး အခြေအနေက တင်ထားတာထပ်ဆိုးနေခဲ့တာမို့ ကုသမှုကို တွေးထားတာထပ် အချိန်ကြာကြာခံယူရနိုင်သည်ဟု ဒေါက်တာကရှင်းပြသွားသည်။
ငယ်ရွယ်ပေမယ့် ထက်မြက်တဲ့ ဒေါက်တာဟာ Madkကိုချွတ်လိုက်မှ တွေးထားတာထပ် ပိုချောမှန်း မြင်ရသည်။
"အန်တီက စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု လိုတာဖို့ အနားမှာ အမြဲ အားပေးဖို့ လိုမယ်နော်"
"ဟုတ်ကဲ့ ဒေါက်တာ "
"Dunk လို့ ခေါ်ပါ ကျွန်တော်တို့ ထပ်တွေ့နေရအုံးမှာလေ Joong "
"ဟုတ်ကဲ့"
ဆေးကုသမှု အတွက် ဆွေးနွေးမှု အချို့ပြုလုပ်ပြီးတဲ့နောက် သူမေမေ့အခန်းကို ပြန်လာခဲ့လိုက်သည်။
"Joong သား ညစာစားပြီးပြီလား"
"စားတော့မှာ ခဏနေ မေမေစားပြီးပြီလား"
"ပြီးပြီ ဆေးရုံက ကျွေးတာပဲစားရတယ် ပြန်လာရင် အသီးလေးဝယ်ခဲ့ပေးနော် "
"ဟုတ်"
ညစာစားဖို့ ဆေးရုံက ထွက်လာကာ စားသောက်ဆိုင်ထဲဝင်ခါနီး စားသောက်ဆိုင်ရှေ့ဆွဲလားရမ်းလားလုပ်နေတာတွေ့တော့ ကျော်သွားရန်လုပ်ပေမယ့် လက်ကို အဆွဲခံနေရတာ ဒေါက်တာမို့
"ပြောစရာရှိ လက်လွှတ်ပြောပါ"
"အိုး Dunkမင်းက ငါ့ကို ငြင်းနေတာ တကယ်တော့ မင်းရည်းစားသစ်ရထားလို့ပဲ"
"မဟုတ်"
တစ်ဖက်လူရဲ့ အပြောကို ငြင်းပယ်ဖို့ လုပ်နေတဲ့ ဒေါက်တာ့စကားတွေကို ဖျက်ကာဝင်ပြောမိသည်။
"သူရည်စားရထားတော့ ဘာဖြစ်လဲ လာရာလမ်းတိုင်း ပြန်လှည့်လိုက် ထပ်နှောင့်ယှက်ရင်ရဲခေါ်ရလိမ့်မယ် U.S က ရဲတွေက ခဏလေးနဲ့ အမြန်ရောက်နိုင်တာ သိမှာပါ"
တောက် တစ်ချက်ခေါက်ကာ လှည့်ထွက်သွားတဲ့လူကို အာရုံမထားတော့ပဲ။ဒေါက်တာကို ကြည့်မိမှ တုန်ယင်နေတာ သတိထားမိသည်။
"စားသောက်ဆိုင်ထဲ ဝင်ရအောင်"
တွဲခေါ်ကာ စားသောက်ဆိုင်ထဲ တူတူထိုင်ကာ ညစာစားမိကြသည်။
"ကျေးဇူးပါ "
"မလိုပါဘူး ဒေါက်တာရယ် ဒေါက်တာက ကျွန်တော့်အမေကို ကယ်ပေးမှာလေ"
"ကျွန်တော့်အလုပ်လေ အခုကိစ္စက Joong အလုပ်မှ မဟုတ်တာ"
"ဘာဖြစ်ဖြစ်ပါ ရေလေးသောက်လိုက်ပြီး စိတ်လျှော့လိုက်အုံး အခုထိ လန့်နေတုံးပဲ"
ထက်မြက်တဲ့ ဒေါက်တာက ပြုံးကာ ခေါင်းညှိတ်ပြသည်။ဒေါက်တာပြုံးပြတော့ သူ့စိတ်ထဲ ရင်းနှီးတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ဘာကြောင့် ဒီလို ခံစားရသလဲ အဖြေမထုတ်မိ။
__________
စကားပြောကြည့်မှ သူတို့နှစ်ယောက်ဟာ ဝါသနာတူ၊အကြိုက်တူတွေများမှန်း သတိထားမိသည်။အသက်အရွယ်မတိမ်းမယိမ်းမို့ စကားပြောရလွယ်ကာ ခဏလေးအတွင်း ခင်မင်မှုက ထင်ထားတာထပ် မြန်စေသည်။
"တစ်ခုခုစားချင်တာ၊ သိချင်တာ၊အကူအညီ လိုတာမျိုးရှိရင် ကျွန်တော့်ကိုပြောလို့ရတယ် Joong "
"တူတူပဲနော် ခုဏလို ကိစ္စတွေ ထပ်ဖြစ်လာရင် အကူအညီတောင်းဖို့ မမေ့နဲ့နော် ဒေါက်တာ"
"Okay okay "
မျက်လုံးဝိုင်းဝိုင်း၊မျက်တောင်ရှည်ရှည်နဲ့ နှုတ်ခမ်းဖူးဖူးတွေဟာ ပြုံးလိုက်တိုင်း သတိမထားမိပဲ မနေနိုင်။
"ဒါဆို ကျွန်တော် ပြန်တော့မယ်"
"Okay Joong see you tomorrow"
စကားတပြောပြောနဲ့ လမ်းခွဲချိန်ရောက်လာလို့ လမ်းခွဲတဲ့အခါ ရင်ထဲမှာ ဟာတာတာ ဖြစ်ကျန်ခဲ့ရသည်။
ဒါဟာ သူပထမဆုံး ခဏလေးနဲ့ လူတစ်ယောက်ကို ခင်တွယ်မိတာပဲ။
TBC......
အမှားပါရင်လဲ သည်းခံပေးပါ။တိုသွားပါတယ်နောက်ရက်တော့ အရှည်ကြီးရေးပေးပါ့မယ် 🫶🏻
There are no comments yet. Log in to be the first to leave a review!





