Fanfics
Extra | 5|
17:02, 1 March 2026
Unicode
"ဒီနေ့လည်း မင်းအတွက် ပန်းတွေထပ်ပို့လာပြန်ပြီ!!
အဖြူရောင် လီလီပန်းစည်းကို လှည့်ကြည့်ပြီး နောက် လက်ထဲကသွားယူကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ သူ့လုပ်ရပ်ကြောင့်ပိုင်ကျီဟွားမှာ အလန့်တကြား ထအော်တယ်။
"ဝေ့.. မင်းရူးနေလား ဒါက တကူးတက သွားမှာမှ ရတာဈေးကြီးတယ်ကွ ဒီပန်းစည်းရဲ့ တန်ကြေးက ငါ့တစ်လစာလောက်ရှိတယ်"
ပြောလည်းပြော ကျီဟွားက ပန်းစည်းကို ကောက်ယူပြီး ပန်းစည်းမှာ ချိတ်ထားတဲ့ စာလုံးလှလှစာလေးတွေကို သေချာကြည့်နေလိုက်တယ်။
"လူကြီးမင်းစုန့်ကို ခဏခဏ ငြင်းဆန်နေတာ မကောင်းဘူးနော်သူမင်းအတွက် အကုန်လုပ်နိုင်တယ် မနေ့ကလည်း မင်းကို စိန်နားကပ်လေးတစ်စုံ လက်ဆောင်ပေးတယ်ဆို ဘာလို့ပြန်ပေးလိုက်ရတာလဲ.."
သူက ဘာမှမပြောပဲ စီးကရက်တစ်လိပ်ကို မီးညှိပြီးဖွာလိုက်တယ်။ သူ့မုဝါဒက တစ်ခြားသူတွေနဲ့တော့မတူပါ။ အထူးသဖြင့်အဲ့လိုနည်းတွေနဲ့ ချဉ်းကပ်ဖို့ မလွယ်ကူတာပဲ။
"သူက မင်းနဲ့ ထမင်းတစ်နပ်လောက် စားချင်ရုံပဲလေသူပေးတဲ့လက်ဆောင်ကို လက်ခံပြီး ထမင်းစားပေးတော့ဘာဖြစ်မှာမလို့လဲ"
"သူငါ့ကို အဲ့ဒီလိုခွင့်တောင်းမယ့်အစား အိမ်ပြန်ပြီးသူ့မိန်းမနဲ့ ကလေးတွေ အနားမှာပဲ ရှိနေသင့်တာ.."
စုန့်ချင်းချိုးက အိမ်ထောင်သည်ဆိုတာ ပိုင်ကျီဟွား သိပေမယ့် အဲ့ဘဲအိုကြီးက အရမ်းအမ်းနိုင်တာလေ။ အထူးသဖြင့် သူတို့လိုလူတွေကို ပေးရမှာ မနှမြောတတ်တာပဲ။
"အဲ့တော့ ဘာဖြစ်လဲ!!!
"ဘာဖြစ်ရမှာလဲ ဟုတ်လား? ကျီဟွား မင်းလည်း ငါ့အကြောင်းသိတာပဲ ငါက ငါ့ရဲ့အချိန်ကိုပဲရောင်းတာ ငါ့ခန္ဓာကိုယ်ကိုရောင်းတာ မဟုတ်ဘူး !!
လက်ကျန် စီးကရက်ကို သောက်ပြီး ခြေထောက်နဲ့ နင်းခြေပစ်လိုက်တယ်။ အခကြေးငွေယူပြီး အငှားရည်းစား လုပ်ရတဲ့ဘဝက သိပ်တော့မလွယ်ကူဘူး။ အထူးသဖြင့် သူ့ကိုယ်သူကာကွယ်ရတာ ပိုပြီး မလွယ်ကူဘူး။ ထို့နောက် ဖုန်းကို ဖွင့်လိုက်တော့ Screen ပေါ်မှာ ထင်ရှားစွာ ရှိနေတဲ့ အသက်၉နှစ်အရွယ်ကလေးတစ်ယောက်။
စုကြုတ်ထားတဲ့ မျက်ခုံးနှစ်ခုက ပြေလျော့သွားပြီး သူ့နှုတ်ခမ်းတွေက ပြုံးသွားသည်။
"ရား!! ဝမ်ချီမင် ဘာလို့ အရူးလို လုပ်နေရတာလဲမင်း အခုထိ သူ့အကြောင်းတွေးနေတုန်းလား ဟိုကဖြင့်နိုင်ငံခြားမှာ မင်းကိုမေ့ပြီး ပျော်နေလောက်ပြီ"
ကျီဟွားရဲ့စကားကြောင့် သူ့အပြုံးတွေ တောင့်ခဲသွားပြီးဖုန်းကိုပိတ်လိုက်တယ်။ ဟုတ်ပါရဲ့ မမြင်ရတဲ့ တစ်ဖက်မှာမင်းဘာတွေဖြစ်နေပြီလည်းဆိုတာ ငါဘယ်လိုလုပ် သိနိုင်မှာလဲ။
"မပြောတော့ဘူး ငါသွားပြီ!!
"အယ်!! ငါအခု လူကြီးမင်းစုန့်အကြောင်း ပြောနေတာလေ ငါပြောမယ် သူ့မှာ ပိုက်ဆံရှိတယ် အချစ်က အရေးမပါဘူးပိုက်ဆံတစ်ခုထဲကသာ ငါတို့ကို ကယ်နိုင်မှာ.."
"ဟုတ်ပါပြီ ဒါဆိုရင် ဒီလောက်ကောင်းတဲ့ အခွင့်ရေးကို မင်းပဲယူလိုက် ငါကတော့ တော်ပြီ"
Ring...
Ringtone အသံကြောင့် သူ Screen ပေါ်ကို ကြည့်တော့မြင်လိုက်ရတဲ့ နံပါတ်ကြောင့် ပြုံးလိုက်တယ်။ သူ့လက်တွေကမြှားစိမ်းလေးကို ဆွဲလိုက်တယ်ဆိုရင်ပဲ....
'ကိုကို !! မလာသေးဘူးလား ဒီမှာ သူငယ်ချင်းတွေတောင်ဆုံနေကြပြီ ကိုကို တစ်စက္ကန့်နောက်ကျလို့ကတော့ ရှောင်မန်စိတ်ဆိုးမှာနော်'
"ကိုကိုအခုလာနေပါပြီ ရှောင်မန်ရယ်!!!
'ဟွန့် ပြီးရော!!
ရှောင်မန် အလောတကြီး ဖုန်းချသွားတော့ သူ ကျီဟွားကိုပြန်ကြည့်လိုက်ပြီး
"ကျီဟွား!! ငါသွားတော့မယ် ငါ့ညီမလေးက ဖုန်းဆက်ခေါ်နေပြီ"
"မင်းရဲ့ ဂေဟာက ညီမလေး မဟုတ်လား"
"အင်း.. ရှောင်မန်က ကံကောင်းလို့ သူဌေးမိသားစုရဲ့မွေးစားတာကို ခံရတာ.. ဘာပဲဖြစ်ဖြစ် သူက ငါ့ညီမလေးပဲ"
ဝမ်ချီမင်က မိဘမဲ့ ဂေဟာမှာ နေဖူးတယ်လို့ ကျီဟွားကအကြမ်းဖျင်း  သိထားပါတယ်။ တကယ်တော့ ဂေဟာကကလေးတွေနဲ့ သိပ်ပြီး အဆက်အသွယ် သိပ်မရ။ အဆက်သွယ်ရတာကလည်း ခပ်ရှားရှားပဲ။ နောက်ပြီး ချီမင် ညီမလေးလို့ခေါ်တဲ့ တစ်ယောက်ကိုလည်း တွေ့ဖူးတယ်။ တကယ့်ကိုပျက်စီးပြီး ပျော်တတ်တဲ့ အသက်၁၇နှစ်အရွယ် ကလေးမလေးပဲ။
အဲ့ဒီကလေးမရဲ့ အကြည့်တွေ ဝမ်ချီမင်အပေါ်ထားတဲ့သဘောထားအမှန်ကို သူ့လို သူစိမ်းတောင် မြင်နိုင်နေတာကိုအဲ့ဒီကောင်က 'အ'နေတာလားပဲ။
"အယ်.. ဝမ်ချီမင် ဒီပန်းစည်းကို ငါဘယ်လိုလုပ်ရမှာလဲ"
"မင်းသဘောပဲ ကြိုက်တာလုပ်!!
ကျီဟွားကို လှည့်မကြည့်ပဲ ဝမ်ချီမင် တစ်ယောက်ထဲထွက်လာလိုက်တယ်။ လူသွားလူလာနည်းတဲ့ ကားပါကင်မှာစုန့်ချင်းချိုးဆိုတဲ့ မြေခွေးအိုကြီးက စောင့်နေမယ်လို့ တကယ်မထင်ထား။
"ချီချီ.. ကိုယ်မင်းကို စောင့်နေတာ "
"လူကြီးမင်းစုန့် ကျွန်တော် ခင်ဗျားကို ပြန်ပြီလို့ ထင်ထားတာ!!
စုန့်ချင်းချိုးက ပြုံးလျက်
"မင်းမျက်နှာလေးကို မမြင်ရပဲ ကိုယ်အိမ်ပြန်ပြီး ဘယ်လိုလုပ်အိပ်ပျော်နိုင်ပါ့မလဲ"
ဝမ်ချီမင် မျက်ခုံးပင့်မိသွားတယ်။
"လူကြီးမင်းစုန့် ခင်ဗျား စည်းကျော်နေပြီ!!!
"ချီချီ.. ကိုယ်က မင်းနဲ့ ထမင်းတစ်နပ်လောက် စားချင်ရုံပါပဲ"
"အကယ်၍ ခင်ဗျားရဲ့ ဇနီးကသာ ခင်ဗျားက ယောက်ျားတစ်ယောက်ကို လက်ဆွဲပြီး ပရောပရည် လုပ်နေမှန်းသာ သိရင် သူ ဘယ်လောက်ထိ ဝမ်းနည်းလိုက်မလဲ!!
စုန့်ချင်းချိုးရဲ့ မျက်နှာ ပျက်ထွက်သွားတယ်။ အလှလေးတွေကကိုင်တွယ်ရ မလွယ်ဘူးပဲ။
"ကျွန်တော့်လမ်းကို မပိတ်နဲ့!!
ကားရှေ့က အတင်းဆွဲဖယ်ဖို့ ကြိုးစားပေမယ့် ထိုလူကမျက်နှာပြောင်တိုက်စွာ မဖယ်ပေးပါချေ။
"ဆောရီး ကိုယ်မင်းနဲ့ ထမင်းမစားရမချင်း တစ်လှမ်းမှမရွေ့နိုင်ဘူး.."
"ခင်ဗျားလည်း ကျွန်တော့်စည်းမျဉ်းတွေကို သိတယ်မဟုတ်လားကျွန်တော်က ပိုင်ရှင်ရှိရင် လက်မခံဘူး အဲ့ဒါက ကျွန်တော့်ရဲ့မုဝါဒပဲ.."
ထို့နောက် စုန့်ချင်းချိုးအနောက်ကနေ ထွက်လာတဲ့ လူရွယ်နှစ်ယောက်။ ဝမ်ချီမင် အံ့ဩမှင်သက်လျက် စုန့်ချင်းချိုးကိုခပ်ငေးငေးလေး ကြည့်လိုက်မိတယ်။
"ဘာစည်းမျဉ်းပဲဖြစ်နေနေ အဲ့ဒါတွေက ကိုယ့်အပေါ်မှာအလုပ်မလုပ်ဘူး ကိုယ်က လိုချင်တာကို ရအောင်ယူတယ် ချီချီဒီနေ့ မင်းမပါရင် မပြန်ဘူးဆုံးဖြတ်ထားတာ ခက်တာပဲကွာအနုနည်းပဲ သုံးပြီး ရအောင်ခေါ်ချင်တာကို အခုတော့အကြမ်းနည်း သုံးပြီးခေါ်ရတော့မှာပဲ အဟွန်း.. တစ်ခုခု ထိခိုက်မိသွားရင်ကိုကို့ကို မမုန်းနဲ့ဦးနော်"
တုန့်ပြန်ချက်က အခြေနေ မဟန်တာကြောင့် သူအနောက်ကိုသာတစ်ဖြည်းဖြည်းဆုတ်သွားလိုက်မိတယ်။ စုန့်ချင်းချိုးမှာ ဒီကောင်လေး သူ့လက်က မလွတ်တော့ဘူးလို့ တွေးနေချိန်မှာပဲ လှစ်ခနဲထွက်ပြေးသွားသည်မို့ ကြောင်အမ်းလျက်
"ဘာလုပ်နေကြတာလဲ လိုက်လေ!!!!
ဝမ်ချီမင် ဘယ်ကနေ ဘယ်လိုပြေးမိမှန်းတောင်မသိ။ သူသတိထား မိတာက သတိဝင်လာသည့်အခါ ကားတစ်စီးရဲ့အနောက်ခုံမှာ ရှိနေပြီဆိုတာပဲ။ စုန့်ချင်းချိုးနဲ့အတူ သူ့လူတွေကိုတွေ့နေရသည်မို့ ပုန်းရှောင်နေတုန်း ကားပေါ်ကို လူတစ်ယောက်တက်လာသည်။
"မင်း ဘယ်သူလဲ!!!
တစ်ဖက်လူမှာ ကားမှန်ထဲကနေ သူ့ကိုကြည့်ပြီးးမေးလာခြင်းပင်။သို့သော် နောက်တစ်ခွန်းထပ်ပြောချိန်မရ။ ခလုတ်ဓားအသေးလေးကို ထုတ်လိုက်ပြီး လည်ပင်းမှာ ထောက်ထားလိုက်တယ်။
"မသေချင်ရင် မလှုပ်နဲ့ ငြိမ်ငြိမ်နေ!!!
တစ်ဖက်လူမှာ ကြောက်သွားပုံမရပဲ မျက်လုံးခပ်သာသာပင့်တယ်။ထို့နောက် ငွေမျှင်ရောင် ဆံပင်တွေကို တစ်ချက်ဖွလိုက်တယ်။
"မောင်းတော့!!
"ဘယ်ကိုလဲ"
"ကြိုက်တဲ့ဆီမောင်း ဒီနေရာကနေ ဝေးရင် ပြီးရော"
ထို့နောက် ကားစက်နှိူးပြီး ကားကို ထိုနေရာနဲ့ ဝေးရာဆီချီတက်လာခဲ့တယ်။ ဝမ်ချီမင်အတွက်က အခုမှ အသက်ရှူချောင်သွားသလိုပါပဲ။ ခပ်လှမ်းလှမ်းကို ရောက်တော့ ကားကထိုးရပ်သွားပြီး ကားပိုင်ရှင်က သူထိုင်နေတဲ့ အနောက်ခုံဘက်ကတံခါးကို ဆွဲဖွင့်တယ်။
"ဆင်း!!!!
အသာယာ ဆင်းလိုက်ပေမယ့် မကျေမနပ် စိတ်လေးကတော့ဖြစ်မိသား။
"ဒီမှာ... ခင်ဗျား!!!
ထိန်နေတဲ့ မီးရောင်အောက်မှာ ရှင်းလင်းစွာ တွေ့လိုက်ရသည့်မျက်နှာတစ်ခုအား သူကြောင်အမ်းစွာ ကြည့်နေမိတယ်။ တစ်ဖက်လူကလည်း သူ့ကို အသေးစိတ် ကြည့်နေတာမို့ ရှက်ရှက်နဲ့ပဲ အရင်ဆုံးမျက်နှာလွှဲလိုက်တယ်။
"ခင်ဗျား!!!!
‌ထပ်မံအသံထွက်လာသည့်အချိန်မှ သူ့ကိုပြန်ကြည့်လိုက်တော့ရင်က ဒိန်းခနဲဆောင့်ခုန်တယ်။ ငွေမျှင်ရောင် ဆံချည်မျှင်တွေနဲ့ အညိုရောင် မျက်ဝန်းတစ်စုံ။ နောက်ပြီး ရင်းနှီးကျွမ်းဝင်ပါသောရုပ်အသွင်။ အန်ကယ်ရှောင်းနဲ့ တူပေမယ့် အန်ကယ်ရှောင်းမဟုတ်တာ သေချာသည်။
"ရှောင်းပေါ်ပေါ်!!!!
အလန့်တကြား ရေရွတ်တော့ နားစွန်နားဖျား ကြားသွားပုံရတဲ့ကောင်လေးက မျက်ခုံးခပ်သာသာ ပင့်တယ်။ အဲ့ဒီအကြည့်တွေကို သူမှားနိုင်စရာ အကြောင်းမရှိ။ တကယ်ပဲ သူဆိုတာ သေချာပါရဲ့။
"ခင်ဗျား!!!!
"..........."
ကြည့်စမ်း ကောင်စုတ်လေးက သူ့ကိုတွေ့တာတောင်မမှတ်မိပါလား။ အဟင်း ထားပါတော့ အဲ့ဒီအချိန်‌တုန်းကကောင်လေးက ၉နှစ်ပဲရှိသေးတာ။ ဘယ်အရာကိုမှ အလေးနက်ထားတတ်သေးတာ မဟုတ်ဘူး။ နိုင်ငံခြားရောက်တော့ သူငယ်ချင်း အသစ်တွေ့တာနဲ့သူ့ကို မေ့သွားမယ်ဆိုတာထင်သားပဲ။
"ဝမ်ချီ....'
"မင်းလူမှားနေပြီထင်တယ် ငါ့ကိုသွားခွင့်ပြုပါဦး"
တစ်ဖက်လူ ဘာစကားမှ မပြောနိုင်ခင်မှာ လှစ်ခနဲပြေးးထွက်ခဲ့လိုက်တယ်။ ရှောင်းပေါ်ကလည်း သူ့နောက်ကို ရုပ်ရှင်တွေထဲကလို တစ်ဟုန်ထိုး လိုက်မလာဘူးဆိုတာ သူပြောရဲတယ်...။ အကွယ်ကနေ ချောင်းကြည့်တော့မှ ရှောင်းပေါ်မှာ ရပ်လျက်သားကျန်ရစ်ခဲ့ကြောင်း တွေ့ရသည်။
အဖြစ်ပျက်ကို ပြန်တွေးရင်း နှဖူးကို ပတ်ခနဲ ရိုက်ချလိုက်တယ်။ဘာလို့ ပြေးလာမိတာပါလိမ့်။ ငါဒီနေ့ကို အကြာကြီးစောင့်နေခဲ့တာ မဟုတ်ဘူးလား။ ဒါပေမယ့် ဒီလိုလည်း ကောင်းပါတယ်။ ရှောင်းပေါ် ငါ့ကို မေ့သွားတာလည်း ဖြစ်နိုင်တာပဲ။
ဝမ်ချီမင်...ဝမ်ချီမင် .... မင်းတော်တော်လေးကိုမတန်မရာ မှန်းတာပါပဲလား။
ရှောင်းပေါ် မင်းအများကြီး ပြောင်းလဲသွားတယ် သိလား...။ အရပ်လည်း ရှည်လာပြီး အများကြီး ပိုကြည့်ကောင်းလာတယ်။ ဒီလောက်ထိ မိမိုက်နေတာကို ရည်းစားမရှိတာကမှ ထူးဆန်းဦးမယ်။
............................
"မိန်းကလေး ကျီယွီ စောင့်နေတာ ကြာပြီလား မသိဘူး!!
ခုံမှာ ဝင်ထိုင်တော့ တစ်ဖက်မိန်းကလေးက တက်ကြွစွာပြုံးလေတယ်။ သူမရဲ့ အကြည့်တွေက အူမြူးနေပြီး အပြုံးတွေကမနက် နေရောင်ခြည်ဖြာကျသကဲ့သို့ လက်ဆတ်နေပေမယ့်သူ နေရခက်မိတာတော့အမှန်ပ။
"ဘယ်ကသာ!! မကြာပါဘူး ရှင် အချိန်ကိုက်ရောက်လာတာ"
"အင်း!!!
"ရှင်  တစ်ခုခု မှာလိုက်ပါ့လား ဘာစားမလည်းဟင် ပုံမှန်ဆိုရှင် ဘာတွေစားနေကျလဲ.."
သူ အင်တင်တင်ဖြစ်သွားပြီး ‌ကျိုးကျီယွီ မှာထားတဲ့ မုန့်တွေကိုကြည့်ပြီး ကြောင်အမ်းသွားတယ်။ ဒီလောက် ပြည့်စုံနေတဲ့ဟာသူ ထပ်မှာဖို့ မလိုလောက်တော့ဘူးထင်တယ်။
"ရပါတယ် မမှာတော့ဘူး.."
"သောက်စရာတစ်ခုခု မှာလေ"
"ရပါတယ် ကိုယ်မုန့်ပဲစားမယ်"
ပြောရင်းဆိုရင်း တြိဂံပုံစံ စတော်ဘယ်ရီ ကိတ်ကို ဇွန်းနဲ့ဖဲ့ယူပြီးစားလိုက်တော့ ချိုရဲနေတဲ့ အရသာက ခံတွင်းထဲမှာပျော်ဝင်သွားတယ်။
"ဒါ... ဒါမှမဟုတ် ရှင် ပိုက်ဆံမပါလို့လား.. ပြဿနာမရှိပါဘူးရှင်စားချင်သလောက်စားလို့ရတယ် ကျသလောက်ငွေကိုကျွန်မ ရှင်းနိုင်တယ်"
"ကိုယ့်မှာ ငွေရှိတယ်.. စားချင်စိတ် မရှိရုံပါပဲ အကယ်၍မိန်းကလေး ကျီယွီ စားချင်စိတ်ရှိရင် ထပ်မှာလို့ ရတယ်နော်ကိုယ်ရှင်းမယ်"
စကားအဆုံး ကျီယွီရဲ့ မျက်လုံးအရောင်တွေက သလင်းကျောက်တွေလိုမျိုး တစ်လက်လက် တောက်ပသွားပြီး သူ့ကိုမေးထောက်ကြည့်လာတယ်။
"ဒါပေါ့ ပထမဆုံးဒိတ်မှာ မိန်းကလေး စားတာမှန်သမျှကိုယောက်ျားလေးတစ်ယောက်အနေနဲ့ တာဝန်ယူပြီး ရှင်းပေးမှမှန်တာ လူကြီးမင်းရှောင်း ဒါဆို ကျွန်မ အားမနာတော့ဘူးနော်"
"အင်း!!!
ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ဖူးတာမို့ နေရခက်မိတယ်။ အခုမှ ထပြန်ရင်လည်း ပါးပါးတို့ကိုအရှက်ခွဲသလို ဖြစ်သွားမလားပဲ။ ရုတ်တရက် အာရုံထဲမှာ ထင်းခနဲ ပေါ်လာတာက လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ တွေ့ခဲ့ဖူးသည့်အဲ့ဒီလူပဲ။
နေစမ်းပါဦး သူကဘာလို့ ငါ့ကိုတွေ့တာနဲ့ ပြေးသွားရတာလဲ။ငါ့ကို မတွေ့ချင်လို့လား။ ဒါမှမဟုတ် ငါက ကြောက်စရာကောင်းလို့လား။ မဟုတ်သေးပါဘူး ငါဒီလောက် ကြည့်ကောင်းတာ။ ဒါမှမဟုတ် ငါ့ရဲ့ အရှိန်အဝါကြောင့် သူသိမ်ငယ်သွားတာများလား။
တွေးရင်း သူ့ဟာသူ တစ်ယောက်ထဲ ပြုံးနေတော့ ကျီယွီကသတိထားမိသွားရင်း သူ့ကို တစိမ့်စိမ့်ငေးနေတယ်။
"လူကြီးမင်းရှောင်း!!!
"ဟမ်"
"ရှင်ပြုံးတာ အရမ်းးကိုကြည့်လို့ကောင်းတာပဲ"
"ကျေးဇူး!!!
"ရှင် တိရိစ္ဆာန်လေးတွေကို ချစ်တတ်သလားဟင်"
"မချစ်တတ်ဘူး သူတို့က စိတ်ရှုပ်ဖို့ကောင်းလို့!!!
"ဟင် ဘာကိုစိတ်ရှုပ်ဖို့ကောင်းတာလဲ ဒီလောက်ထိချစ်ဖို့ကောင်းတဲ့ဟာ.."
"................"
"ထားလိုက်တော့!! ရှင် ယုန်လေးတွေ ချစ်တတ်လား!!
"ဟိုဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်လေးတွေကို ပြောတာလား"
"ဟုတ်တယ်!!
ကျီယွီမျက်နှာမှာ တက်ကြွမှုတွေက အထင်းသား...သူကလည်း မလိမ်ချင်တာနဲ့..
"ဒီလောက်ချစ်စရာကောင်းတဲ့ ကောင်လေးတွေ စားလိုက်ရင် အရမ်းအရသာ ရှိမှာ!!!!
စကားအဆုံး ကျီယွီမှာ အသံထွက်ငိုမတတ်တောင်ဖြစ်သွားတယ်။ခေါင်းမဖော်တမ်း စားစရာရှိတာ စားနေတုန်း သူ ကျီယွီကိုကြည့်ရင်း
"ကိုယ့်ကို သန့်စင်ခန်း သွားခွင့်ပြုပါ!!
"ဟုတ်!! သွားလေ"
တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ သန့်စင်ခန်းထဲ သုတ်ခြေတင်ပြေးလာလိုက်တယ်။ ထို့နောက် မှန်ထဲက သူ့ကိုယ်သူကြည့်လျက်သက်ပြင်းချမိတာ အကြိမ်ကြိမ်။ အစကတည်းက ငြင်းသင့်မှန်းသိပေမယ့် သူ့အပေါ်ထားတဲ့ ဒယ်ဒီမျှော်လင့်ချက်တွေကပေါ့သေးသေးမဟုတ်။
ထို့နောက် မှန်ထဲက သူ့ကိုယ်သူကြည့်ရင်း အားပေးသလိုပြုံးလိုက်တယ်။
"မင်းက အမြဲတမ်း သားလိမ်မာလေး ဖြစ်ချင်တာမဟုတ်လားကြိုးစားထား ရှောင်းပေါ် မင်းလုပ်နိုင်ပါတယ်"
ထိုအခိုက် တိုက်ဆိုင်စွာ မြည်လာတဲ့ဖုန်းက ပါးပါးဆီက....ဖုန်းကို ကိုင်ရင်း နားနားကပ်တယ် ဆိုရင်ပဲ
"သား! ဒိတ်က ဘယ်လိုလဲ အဆင်ပြေရဲ့လား!!
ကျိန်းသေ ဘယ်ပြေပါ့မလဲ။ အထူးသဖြင့် သူတွေ့နေရတာမိန်းကလေး ဖြစ်နေတာ ခက်တာပဲ။
"ပြေပါတယ် ပါးပါး စိတ်မပူနဲ့နော်.."
'ဘာပြေတာလဲ သူများကိုသာ လိမ်လို့ရမယ် ပါးပါးကိုလိမ်လို့မရဘူး အကယ်၍ သားမကြိုက်ဘူးဆို ငြင်းလို့ရတယ်နော်ပါးပါးက သားဘက်မှာ အမြဲရှိတယ်..'
"ဒါပေမယ့် ဒယ်ဒီက!!!
'သားဒယ်ဒီကို ခေါင်းထဲထည့်စရာမလိုဘူး ပါးပါးသူ့ကိုပြောမယ်စိတ်မပါတာကို အတင်းလုပ်မယူနဲ့ ပါးပါးပြောတာ နားလည်လား'
ပါးပါးစကားကြောင့် သူအားတက်သွားတာတော့ အမှန်ပဲ။ ဒယ်ဒီ စီစဉ်ပေးတဲ့ ဒိတ်ကို သူငြင်းပိုင်ခွင့်ရှိတယ်။
'ပါးပါးကိုပြော မိန်းကလေးက ဘယ်လိုနေလဲ လှရဲ့လား"
"လှတယ်!! အရမ်းလည်း ချစ်စရာကောင်းပြီး တက်ကြွတယ်!!
'ဟင်.. ဒါတောင် သားကို ရင်ခုန်အောင် မလုပ်နိုင်ဘူးလား'
"အဲ့သဘောပါပဲ!! နောက်ပြီး ကျွန်တော်နေရခက်တယ် ပါးပါး အဲ့မိန်းကလေးနဲ့သာ လက်ထပ်လိုက်ရင် သူက သားကိုပဲတစ်ချိန်လုံး ထိုင်ကြည့်နေတော့မှာ.."
စကားအဆုံး ပါးပါးရဲ့ ရယ်သံက ဟက်ဟက်ပက်ပက်ပဲ။
"ပါးပါး.. သား ငြင်းလို့ တကယ်ရတာလားဟင်!!!
'ရတာပေါ့.. စိတ်ကြိုင်လုပ် မင်းဒယ်ဒီ မင်းကို ဆူရဲရင်ပါးပါးသူ့ကို ဘယ်လိုပညာပေးမလည်း ကြည့်နေ!!
"ပါးပါး ဒီလိုပြောတော့ သား စိတ်ချသွားပြီ"
ရှောင်းပေါ် ဖုန်းချပြီး ပိုလို့တောင် ယုံကြည်မှုရှိလာတယ်။နောက်ဆုံးမှာတော့ သူက မိန်းကလေးကို ငြင်းပိုင်ခွင့် ရှိပြီး ပါးပါးကလည်း သူ့ဘက်က ဖြစ်နေတာပဲ။ ထို့နောက် ယုံကြည်ချက် ရှိရှိ သူ့နေရာကို ပြန်လာလိုက်တယ်။
"ကျီယွီ!!
"ဟုတ်ကဲ့ လူကြီးမင်းရှောင်း!!
"တကယ်တော့ မင်းက အရမ်းကောင်းတယ် လှလည်းလှတယ်"
ကျီယွီမျက်နှာက ပန်းရောင်ပြေးလျက်
"ကိုယ်မဟုတ်တဲ့ တစ်ခြား ဘယ်သူကမဆို မင်းကိုအရမ်းချစ်မှာ သေချာတယ်.."
"ဘာ!! ခဏ.. ရှင်ပြောတာက!!
"ဒိတ်ကို ဒယ်ဒီ စီစဉ်တာပါ ကိုယ်စိတ်မပါဘူး "
ပြောလည်းပြော ထရပ်လိုက်တဲ့ ရှောင်းပေါ်ကို သူမ အနေနဲ့ကြောင်အမ်းစွာ ငေးရတယ်။
"ကိုယ် ပိုက်ဆံရှင်းခဲ့မယ်နော်!!!
လှစ်ခနဲ ထွက်လာသည့် ရှောင်းပေါ်မှာ သူမကို တစ်ချက်မှလှည့်မကြည့်။ သူ့အပြုံးတွေက အပြင်ထွက်လာသည်အထိမရပ်တန့်သေး။ တစ်လက်စတည်း ကိုယ့်ကို မြင်တာနဲ့ထွက်ပြေးသွားသည့် လူကြီးကိုလည်း တွေးရင်း မပြုံးပဲမနေနိုင်။
အေးဆေးပေါ့.. မလောပါဘူး ခင်ဗျားနဲ့ ကျုပ်က တစ်မြို့တည်းမှာရှိနေတာပဲ ခင်ဗျား ကျုပ်လက်က လွတ်စရာလား။
.......................
"ပြောပါဦး!! ငါ့ကိုပါ တကူးတက ဖိတ်တဲ့ ကိစ္စက ဘာများလဲ!!
ပုံမှန်မဟုတ်တဲ့ ဖိတ်ခေါ်မှုကြောင့် ကျင်းကျင်းက အမေးပြုရတယ်။ မိန်းကလေး၅ယောက်သာ ရှိတဲ့ ဝိုင်းက တစ်ယောက်မှ အောက်ခြေလူတန်းစား မပါဝင်ပါ။ ဒီမှာရှိသမျှ မိန်းကလေးတွေက တစ်ယောက်မှ သူမရဲ့ သူငယ်ချင်း မပါဝင်ပေ။
"မလောပါနဲ့ ငါပြောမှာပါ စကားမစပ် နင့်ဒယ်ဒီက နင့်ကိုအိမ်ထောင်ပြုခိုင်းတော့မှာဆို.. ဟင်းဟင်း ငယ်ရွယ်နုပျိုနေတဲ့အရွယ်မှာ အိမ်ထောင်အစောကြီး ပြုရမှာ နှမျောစရာ!!!
ကျင်းကျင်း မျက်နှာ ကွက်ခနဲပျက်သွားပေမယ့် ချက်ချင်းပြန်ထိန်းလိုက်နိုင်တယ်။
"သတင်းရတာ မြန်လိုက်တာ ဟုတ်တယ် ဒယ်ဒီကငါ့အတွက်တကယ်ကို ပြီးပြည့်စုံတဲ့ ယောက်ျားတစ်ယောက် ရှာပေးတယ်သူဘယ်လောက်ချောလဲ နင်သိလား ငါတွဲဖူးတဲ့ ငတုံးတွေလိုအူတူတူ အတတ မဟုတ်ဘူး"
"နင်ဘာလို့ ဟန်ဆောင်နေတာလဲ ငါကြားတာတော့နင်သူ့ကို လုံးဝ သဘောမကျဘူးဆို.."
"အဲ့ဒါ နင်နဲ့ဘာဆိုင်လို့လဲ... ချင်ရှောင်မန် ငါ့ကို ဒီလိုတွေပြောချင်လို့ ဖိတ်တယ်လို့ မပြောနဲ့နော်..."
"ဘယ်ကသာ.. ငါတို့ရှောင်မန်က သူ့ရည်းစား အသစ်လေးနဲ့နင့်ကို မိတ်ဆက်ပေးချင်လို့ ခေါ်လိုက်တာ"
"ရည်းစား?
ကျင်းကျင်း ရေရွတ်လိုက်တော့ ရှောင်မန်က ပြုံးသွားတယ်။ ကြားသာကြားရပေမယ့် သိပ်တော့မယုံချင်ပါ ဘာလို့ဆိုချင်ရှောင်မန်က အရူးတစ်ယောက်ဆိုတာထက် ကပ်ပါးကောင်ဖြစ်နေလို့ပဲ။ ဘယ်သူနဲ့တွဲတွဲ နှစ်ပတ်ထက်ပိူပြီး ဘယ်သူကများရှောင်မန်အနား နေနိုင်လို့လဲ။
တစ်ခုခု မှားနေပြီမှန်း သူသိသော်လည်း။
"ဟော... ငါ့ကိုကိုလာပြီ!!!
ပြောလည်းပြော လှစ်ခနဲပြေးထွက်သွားသူက ပြန်လာတော့အမျိုးသားတစ်ယောက်နဲ့။ မြင်လိုက်ရတဲ့ အမျိုးသားကြောင့်သူ ကြောင်စီစီဖြစ်သွားမိတာတော့ အမှန်။ ပြီးမှ ချက်ချင်းပဲသူပြုံးစိစိ ဖြစ်ရင်း ကိုကိုရှောင်းပေါ်ကို အခုချက်ချင်း လာကြိုဖို့မက်ဆေ့ခ်ျပို့လိုက်တယ်။
"ဒီမှာလေ ငါ့ကိုကို ဝမ်ချီမင်တဲ့!!
ရှောင်မန်ရဲ့ အရပ်က ကိုကိုချီမင်ရဲ့ ရင်ညွှန့်လောက်တောင်မရှိ။ ဒါကို လက်မောင်းတစ်ဖက်အား ဇွတ်ဆွဲယူကာ မှီပြုနေသည်။
"အားလုံးကို မိတ်ဆက်ပေးရဦးမယ် ဒါ ငါ့ချစ်သူ ဝမ်ချီမင်တဲ့!!!
အားလုံးရဲ့ အားကျသလို အကြည့်တွေထဲမှာ ကျင်းကျင်းတော့မပါဝင်ပါ။ ဝမ်ချီမင်ကလည်း ရုတ်တရက် သူ့ရဲ့ညီမလေးရဲ့စကားကြောင့် ဘဝမကျ ဖြစ်သွားရတယ်။
"ရှောင်မန် ဒါက ဘာလဲ..."
ရှောင်မန်က မျက်စိပျက် မျက်နှာပျက်ဖြင့် သူ့အနားကိုကပ်ကာခပ်တိုးတိုးလေး ပြောရှာတယ်။
"ညီမလေးကို အရှက်မခွဲပါနဲ့ ကိုကိုရယ် ကျေးဇူးပြုပြီးပူးပေါင်းပေးပါနော်..."
သနားစဖွယ် ရုပ်အသွင်နဲ့ အသနား ခံနေပေမယ့် မကျေမနပ်ဖြစ်သွားတဲ့စိတ်ကတော့ ပျောက်မသွား။
"ကိုကိုချီမင် မတွေ့တာကြာပြီနော်!!
ကျင်းကျင်းဆီက ပထမဆုံးထွက်လာတဲ့ စကား
"ဘာ!! ကိုကိုနဲ့ ရှောင်းကျင်းကျင်းက သိတာလား"
"သိတာထက်တောင် ပိုသေးတယ် ကိုကိုချီမင်နဲ့ထမင်းလက်ဆုံတောင် စားဖူးသေး.."
ရှောင်မန်နှုတ်ခမ်းစူရင်း ဘုံဆောင့်ကာ လက်ကို အတင်းဆွဲထားသည့် လက်တစ်ဖက်က အားလျော့သွားတယ်။
"အာ... ငါ့ကိုကိုလည်း ရောက်လာပြီ!!
ဆိုင်ထဲ ဝင်လာပြီး သူ့ကိုရှာနေပုံရတဲ့ ခပ်ချောချောအမျိုးသားကိုကျင်းကျင်း လက်ပြလိုက်တယ်။
"ကိုကို.. ကျင်းကျင်းက ဒီမှာနော်!!!
အနားကို လျှောက်လာတဲ့ ခြေသံသဲ့သဲ့မှာ ဝမ်ချီမင်တစ်ယောက်ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တယ်။
"ကိုကို.."
ကျင်းကျင်းက အလျင်အမြန် ကိုကို့အနား ပြေးသွားလိုက်ပြီး လက်တစ်ဖက်ကို အတင်းဆွဲယူပြီး မှီပြုတယ်။
"ကိုကိုရောက်လာတာ နောက်ကျသွားလား မင်းသမီးလေး!!
"နောက်မကျပါဘူး ကိုကိုရဲ့ အချိန်ကိုက်ကို ရောက်လာတာဪ.. မန်မန် နင့်ကိုငါ မိတ်ဆက်ပေးရဦးမယ် ဒါကငါ့ရဲ့ အစ်ကိုကြီး ရှောင်းပေါ်ပေါ်တဲ့ .."
"............"
"ကိုကို သူက ရှောင်မန်လို့ ခေါ်တယ် ဒီဘက်က ကိုကိုချီမင်ကတော့ သူ့ရဲ့ရည်းစားလို့ ပြောတာပဲ.."
ရယ်သံတစ်ဝက်နဲ့ပြောတော့ တစ်ဖက်လူကို မျက်မှောင်ကြုတ်၍စူးစိုက်ကြည့်ပစ်လိုက်တယ်။ ဒါကို နားလည်တဲ့ လူကြီးကလည်းခပ်ရို့ရို့ပြုံးရင်း
"မတွေ့တာကြာပြီနော် ရှောင်းပေါ်!!!!
"ဟုတ်ပါရဲ့!!
ဆန့်ထုတ်လာတဲ့ လက်ကို ဆုပ်ကိုင် နှုတ်ဆက်လိုက်ပြီး ရှောင်းပေါ် နားမလည်နိုင်ဖြစ်ရတယ်။ ဒါက ပေကျင်းကိုရောက်မှဒီလူ့ကို ဒုတိယအကြိမ်တွေ့တာပဲ။
"ကိုကို... ကျင်းကျင်းရဲ့ အစ်ကိုနဲ့ သိလို့လား"
"အင်း!! ငယ်... သူငယ်ချင်းတွေပါ ရှောင်မန် မသိလို့ ကျောင်းတုန်းက သူက ကိုယ့်အပေါ် အရမ်းကောင်းခဲ့တာ နောက်.. လမ်းမှာတွေ့ရင် ရိုရိုသေသေ နှုတ်ဆက်ရမယ်နော်မရိုင်းရဘူး!!
"ဟုတ်"
"မင်းသမီးလေး.. ကိုကိုတို့ပြန်ကြမလား အရမ်းနောက်ကျနေပြီရှောင်ချီတောင် မင်းလောက် လမ်းမများဘူး.."
"ဟုတ်ကဲ့ ကိုကို.. အယ် ဒါနဲ့ ဒယ်ဒီစီစဉ်ပေးတဲ့ ကြင်ဖက်ကိုကိုကိုသဘောကျရဲ့လားဟင်"
ကျင်းကျင်းက ပြန်တော့မယ့်အချိန် ကိုကို့လက်ကို ချိတ်တွယ်ရင်းတမင်အသံမြှင့်ပြီး ပြောခဲ့လိုက်တယ်။
"ဟင်း!! ဘာလို့ သိချင်ရတာလဲ"
"ကောင်မလေးက လှလားဟင်.."
ကျင်းကျင်းရဲ့ ပါးတစ်ဖက်ကို ဆွဲဖဲ့ပြီးမှ
"မင်းသမီးလေးထက်တော့ မလှပါဘူး.."
"ဟွန်း!! ကိုကိုချီမင်နဲ့ရော ဘာလို့ မသိသလိုမျိုးလုပ်ရတာလဲ"
သူ သက်ပြင်းချလျက်
"မင်းလေးရဲ့ ကိုကိုချီမင်က သူများကို စကားမှမပြောချင်တာဟွန်း!! ဘေးမှာလည်း အလှလေး တစ်ယောက် ရှိသေးတယ်!!
ကျင်းကျင်းကတော့ အသံထွက်ပြီးသာ ရယ်လိုက်တော့တယ်။
"ကားပေါ်တက်တော့.."
"ဟုတ်"
ကျင်းကျင်း ကားပေါ်တက်သွားတော့ သူလည်း ကားတံခါးကိုဖွင့်ပြီး ကားပေါ်တက်မည်အပြု အနောက်ကနေ လက်ကိုဆတ်ခနဲဆွဲလာသည့် လက်တစ်စုံ။
အံ့ဩမှင်သက်စွာ ပြန်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းထိုလူကြီးပါပင်။ စီးကရက်တစ်လိပ်ကို ခဲထားပြီး သူ့ကိုပြုံးစစကြည့်လာ၏ ။ ပြီးနောက် စီးကရက်အငွေ့တွေကို သူ့မျက်နှာပေါ်ဖူးခနဲ မှုတ်ထုတ်ပစ်သည်။
"ခင်ဗျားပါလား!!
"ဟုတ်တယ် ... ကိုယ်.. ဝမ်ချီမင်ပါ သူစိမ်းမဟုတ်ပါဘူး"
ပထမဆုံးအကြိမ်တွေ့တော့ သူ့ရှေ့ကနေ ထွက်ပြေးသွားတာရယ်ဒုတိယအကြိမ်မှာ အလှလေးနဲ့ တွဲတွေ့လိုက်ရတာရယ်ကြောင့်သူ ဝမ်ချီမင်ကို သိပ်တော့ကျေနပ်မနေပါဘူး။
"စကားပြောရအောင် ရှောင်းပေါ်!!!
ရှောင်းပေါ် ချက်ချင်းပြန်မဖြေပါ။ ကားပေါ်မှာရှိနေတဲ့ကျင်းကျင်းကို ကြည့်လိုက်တော့ ညီမဖြစ်သူက သွားလေဆိုတဲ့သဘောနဲ့ပြုံးစိစိ အချက်ပြတော့ ဘာရယ်မဟုတ် ထိုလူဆွဲခေါ်ရာနောက်ပါလာခဲ့ပြန်တယ်။
တစ်နေရာ အရောက် ဘာစကားမှမပြောရသေးခင် သူ့အားရုတ်တရက် ထဖက်လိုက်တာကြောင့် ကြောင်စီစီဖြစ်သွားတယ်။
"မင်းကို လွမ်းနေတာ ရှောင်းပေါ်!!!
မိနစ်အနည်းငယ်ကြာတဲ့အထိ ဝမ်ချီမင်က သူ့ကို ဒီအတိုင်းကြီးဖက်ထားဆဲပဲ
"အဲ့အချိန်တုန်းက ခင်ဗျားဘာလို့ ထွက်ပြေးရတာလဲ!!
"ကိုယ်... ကိုယ်လန့်သွားလို့ပါ"
"ဘာကိုလန့်တာလဲ.."
"မင်းကို ရုတ်တရက်တွေ့လိုက်ရတော့ ဘယ်လိုမျိုးရင်ဆိုင်ရမလည်း မသိခဲ့ဘူး အဲ့ဒါကြောင့် နောက်တစ်ကြိမ်ပြန်တွေ့ဖို့အတွက် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ရတာတွေရှိတယ် ရှောင်းပေါ်!!!
ဝမ်ချီမင် မျက်နှာက ရှုပ်ထွေးနေပေမယ့် စကားအသွားအလာကလိမ်နေပုံတော့မရ။
"ကြည့်ပါဦး မင်းက အရပ်လည်း ပိုရှည်လာပြီး အရမ်းကိုကြည့်လို့ကောင်းလာတာပဲ ဩစတေးလျမှာ ရည်းစားတွေကျန်နေခဲ့သေးလား"
"ရှိစရာလား!!! ကျွန်တော့်မှာ အစကတည်းက ဘာရည်းစားမှမရှိဖူးဘူး"
ကပြာကယာ ပြန်ဖြေလာတဲ့ စကားသံကြောင့် ဝမ်ချီမင်နှုတ်ခမ်းတွေ အလိုအလျောက် ကွေးသွားတယ်။
"ခင်ဗျားကသာ ရည်းစားရနေတာ မဟုတ်ဘူးလား!!!
ဝမ်ချီမင် ခဏလောက် တွေခနဲ ဖြစ်သွားပြီးမှ
"အဟက်... ရည်းစားမဟုတ်ပါဘူး ရှောင်းပေါ်ပေါ်ရယ်အဲ့ဒါက ကိုယ်ဂေဟာမှာရှိနေတုန်းက ခင်ခဲ့တဲ့ ညီမလေးပါကလေးတွေက အရွယ်ရောက်လာပြီဆိုတော့ လူရှိန်အောင်စကြ နောက်ကြတဲ့သဘောပါ.."
ထိုအခါမှ ရှောင်းပေါ် ကြိတ်ပြီး ဝမ်းသာသွားတယ်။ ဒီလူ့မှာဘာရည်းစားမှ မရှိဘူးဆိုတာ သိလိုက်ရပြီလေ။
"ရား!! အဲ့လိုပြောရကြေးဆို မင်းလည်း အန်ကယ်ရှောင်းစီစဉ်ပေးတဲ့ ဘလိုင်းဒိတ်ကို လက်ခံခဲ့တာပဲမလား"
"ဟင်!! ခင်ဗျား ဒါကို ဘယ်လိုသိတာလဲ"
"ခုနက မင်းနဲ့ကျင်းကျင်းပြောတာကို ကြားလိုက်တာပါပြောပါဦး ဘလိုင်းဒိတ်က အဆင်ပြေခဲ့ရဲ့လား အဟွန်းအန်ကယ်ရှောင်း ရွေးတာ အလှလေးဆိုတာတော့ ကိုယ်ရဲရဲကြီးပြောရဲတယ်ကွာ"
ဝမ်ချီမင်ရဲ့ အပြုံးကို သူနားမလည်။ သို့သော် ရှောင်းပေါ်ရဲ့မျက်နှာတစ်ခုလုံး ရဲပတောင်းခတ်လာလေတော့သည်။ ပြီးမှ
"ကော... ဒါမှမဟုတ် ကျွန်တော့်ကို သဝန်တိုလို့လားဟင်!!!
ဝမ်ချီမင်ခင်ဗျာ ပြောစရာ စကားပျောက်ရှသွားရသလို ခါးလေးမတ်ခနဲပင်။ ပြီးမှ ဟက်ဟက်ပက်ပက်ရယ်ရင်း
"ပြောပါဦး မင်းတွေ့ခဲ့တဲ့ ကောင်မလေးက လှရဲ့လား!!!
"လှတယ်!!!
"ကိုယ်နဲ့ယှဉ်ရင်ရော.."
ရှောင်းပေါ်မျက်နှာရဲခနဲဖြစ်သွားသည်။ ယောက်ျားတစ်ယောက်ကဘယ်လောက်ပဲကြည့်ကောင်းပါစေဦး ဘယ်လိုလုပ် မိန်းကလေးတွေထက် လှနိုင်မှာတဲ့လဲ။
"လှတာတော့ သူက ပိုလှတယ် ဒါပေမယ့် စွဲဆောင်မှုရှိတဲ့အပိုင်းမှာတော့..."
ရှောင်းပေါ်ရဲ့ မဝံ့မရဲအကြည့်တွေကို နားလည်သလိုသဘောလည်းကျမိတာမို့ ပြုံးစိစိ ဖြစ်သွားတယ်။ တကယ့်ကိုရိုးသားလွန်းတဲ့ ကောင်လေးပါလား။ ဘယ်တစ်ယောက်ကံကောင်းမလည်း မသိဘူး။
ထိုအခိုက် ကျင်းကျင်းမှာ ကားဟွန်းကို ၂ခါတိတိ တီးလာသဖြင့်နှစ်ယောက်လုံး ထိုနေရာကိုအကြည့်ပို့လိုက်မိတယ်။
"ကျွန်တော်ပြန်ရတော့မယ် ကော!!
"ပြန်လေ ဒါပေမယ့် မင်းကိုဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ချန်ခဲ့ပေးဦး"
ပြောလည်းပြော ဖုန်းထုတ်ပြီးပေးလာတော့ ရှောင်းပေါ်ကလည်းခပ်မြန်မြန် သူ့ဖုန်းနံပါတ်ကို တည်ငြိမ်စွာ ရိုက်ထည့်ပေးလိုက်တယ် ။
"ဂရုစိုက်သွား ရှောင်းပေါ်!!
ရှောင်းပေါ်က ဘာမှ ပြန်မပြောသလို ခြေလှမ်းတွန့်သွားတာမျိုးရပ်တန့်သွားတာမျိုး မရှိပဲ လက်ပြနှုတ်ဆက်ခဲ့လေရဲ့။သူသည်လည်း လက်ထဲက စီးကရက်တိုကို နင်းခြေလိုက်ပြီးထိုကားလေး မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတဲ့အထိ မျက်တောင်မခတ်တမ်း ကြည့်နေလိုက်မိတယ်။
သူ အချိန်အကြာကြီး မျှော်နေခဲ့ရသူက အခု ပြန်လာလေပြီ...။ ရှောင်းပေါ်က တစ်ချိန်တုန်းက မိဘ အရိပ်အောက်မှာရှိနေတဲ့မင်းသားလေး မဟုတ်တော့။ အရာရာကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်ပြီးကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နေနိုင်တဲ့ လူ ဖြစ်နေပြီ။
မင်းကိုမှီဖို့ ကိုယ့်ရဲ့ ဆယ်ဘဝစာလောက် ပေါင်းရင်တောင်ရမယ်မထင်ဘူး။ ကြာလေ ကိုယ့်ကိုယ်ကိုယ် မင်းနဲ့ မတန်ဘူးထင်လာလေ..။
အဟင်း.. ရှောင်းပေါ်..ရှောင်းပေါ် ငါဘယ်လို လုပ်ရတော့မှာလဲ။
🌴🌴🌴
ဒါက နောက်ဆုံး အချပ်ပို ၃ပိုင်းအတိပါ ❤️❤️
Zawgyi
အွဖူရောင် လီလီပန်းစည်းကို လှည့်ွကည့်ပြီး နောက် လက်ထဲကသွားယူကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ သူ့လုပ်ရပ်ွေကာင့်ပိုင်ကျီဟွားမှာ အလန့်တွကား ထအော်တယ်။
"ဝေ့.. မင်းရူးနေလား ဒါက တကူးတက သွားမှာမှ ရတာဈေွးကီးတယ်ကွ ဒီပန်းစည်းရဲ့ တန်ွေကးက ငါ့တစ်လစာလောက်ရှိတယ်"
ပြောလည်းပြော ကျီဟွားက ပန်းစည်းကို ကောက်ယူပြီး ပန်းစည်းမှာ ချိတ်ထားတဲ့ စာလုံးလှလှစာလေးတွေကို သေချွာကည့်နေလိုက်တယ်။
"လွူကီးမင်းစုန့်ကို ခဏခဏ ငြင်းဆန်နေတာ မကောင်းဘူးနော်သူမင်းအတွက် အကုန်လုပ်နိုင်တယ် မနေ့ကလည်း မင်းကို စိန်နားကပ်လေးတစ်စုံ လက်ဆောင်ပေးတယ်ဆို ဘာလို့ပြန်ပေးလိုက်ရတာလဲ.."
"သူက မင်းနဲ့ ထမင်းတစ်နပ်လောက် စားချင်ရုံပဲလေသူပေးတဲ့လက်ဆောင်ကို လက်ခံပြီး ထမင်းစားပေးတော့ဘွာဖစ်မှာမလို့လဲ"
စုန့်ချင်းချိုးက အိမ်ထောင်သည်ဆိုတာ ပိုင်ကျီဟွား သိပေမယ့် အဲ့ဘဲအွိုကီးက အရမ်းအမ်းနိုင်တာလေ။ အထူးသွဖင့် သူတို့လိုလူတွေကို ပေးရမှာ မနှမြောတတ်တာပဲ။
"အဲ့တော့ ဘွာဖစ်လဲ!!!
"ဘွာဖစ်ရမှာလဲ ဟုတ်လား? ကျီဟွား မင်းလည်း ငါ့အွေကာင်းသိတာပဲ ငါက ငါ့ရဲ့အချိန်ကိုပဲရောင်းတာ ငါ့ခန်ဓာကိုယ်ကိုရောင်းတာ မဟုတ်ဘူး !!
စွုကုတ်ထားတဲ့ မျက်ခုံးနှစ်ခုက ပြေလျော့သွားပြီး သူ့နှုတ်ခမ်းတွေက ပြုံးသွားသည်။
"ရား!! ဝမ်ချီမင် ဘာလို့ အရူးလို လုပ်နေရတာလဲမင်း အခုထိ သူ့အွေကာင်းတွေးနေတုန်းလား ဟိုကွဖင့်နိုင်ငွံခားမှာ မင်းကိုမေ့ပြီး ပျော်နေလောက်ပြီ"
ကျီဟွားရဲ့စကာွးေကာင့် သူ့အပြုံးတွေ တောင့်ခဲသွားပြီးဖုန်းကိုပိတ်လိုက်တယ်။ ဟုတ်ပါရဲ့ မမြင်ရတဲ့ တစ်ဖက်မှာမင်းဘာတွေဖစ်နေပြီလည်းဆိုတာ ငါဘယ်လိုလုပ် သိနိုင်မှာလဲ။
"အယ်!! ငါအခု လွူကီးမင်းစုန့်အွေကာင်း ပြောနေတာလေ ငါပြောမယ် သူ့မှာ ပိုက်ဆံရှိတယ် အချစ်က အရေးမပါဘူးပိုက်ဆံတစ်ခုထဲကသာ ငါတို့ကို ကယ်နိုင်မှာ.."
Ring...
'ကိုကို !! မလာသေးဘူးလား ဒီမှာ သူငယ်ချင်းတွေတောင်ဆုံနွေကပြီ ကိုကို တစ်စက်ကန့်နောက်ကျလို့ကတော့ ရှောင်မန်စိတ်ဆိုးမှာနော်'
'ဟွန့် ပြီးရော!!
ရှောင်မန် အလောတွကီး ဖုန်းချသွားတော့ သူ ကျီဟွားကိုပြန်ွကည့်လိုက်ပြီး
"အင်း.. ရှောင်မန်က ကံကောင်းလို့ သူဌေးမိသားစုရဲ့မွေးစားတာကို ခံရတာ.. ဘာပွဲဖစ်ွဖစ် သူက ငါ့ညီမလေးပဲ"
အဲ့ဒီကလေးမရဲ့ အွကည့်တွေ ဝမ်ချီမင်အပေါ်ထားတဲ့သဘောထားအမှန်ကို သူ့လို သူစိမ်းတောင် မြင်နိုင်နေတာကိုအဲ့ဒီကောင်က 'အ'နေတာလားပဲ။
"မင်းသဘောပွဲကိုက်တာလုပ်!!
ကျီဟွားကို လှည့်မွကည့်ပဲ ဝမ်ချီမင် တစ်ယောက်ထဲထွက်လာလိုက်တယ်။ လူသွားလူလာနည်းတဲ့ ကားပါကင်မှာစုန့်ချင်းချိုးဆိုတဲ့ မြေခွေးအွိုကီးက စောင့်နေမယ်လို့ တကယ်မထင်ထား။
"လွူကီးမင်းစုန့် ကျွန်တော် ခင်ဗျားကို ပြန်ပြီလို့ ထင်ထားတာ!!
"လွူကီးမင်းစုန့် ခင်ဗျား စည်းကျော်နေပြီ!!!
ကားရှေ့က အတင်းဆွဲဖယ်ဖိွု့ကိုးစားပေမယ့် ထိုလူကမျက်နှာပြောင်တိုက်စွာ မဖယ်ပေးပါချေ။
"ဘာစည်းမျဉ်းပွဲဖစ်နေနေ အဲ့ဒါတွေက ကိုယ့်အပေါ်မှာအလုပ်မလုပ်ဘူး ကိုယ်က လိုချင်တာကို ရအောင်ယူတယ် ချီချီဒီနေ့ မင်းမပါရင် မပြန်ဘူးဆုံွးဖတ်ထားတာ ခက်တာပဲကွာအနုနည်းပဲ သုံးပြီး ရအောင်ခေါ်ချင်တာကို အခုတော့အွကမ်းနည်း သုံးပြီးခေါ်ရတော့မှာပဲ အဟွန်း.. တစ်ခုခု ထိခိုက်မိသွားရင်ကိုကို့ကို မမုန်းနဲ့ဦးနော်"
တုန့်ပြန်ချက်က အွေခနေ မဟန်တွာေကာင့် သူအနောက်ကိုသာတစ်ွဖည်ွးဖည်းဆုတ်သွားလိုက်မိတယ်။ စုန့်ချင်းချိုးမှာ ဒီကောင်လေး သူ့လက်က မလွတ်တော့ဘူးလို့ တွေးနေချိန်မှာပဲ လှစ်ခနဲထွက်ပြေးသွားသည်မို့ွေကာင်အမ်းလျက်
"ဘာလုပ်နွေကတာလဲ လိုက်လေ!!!!
"မင်း ဘယ်သူလဲ!!!
"မောင်းတော့!!
"ဘယ်ကိုလဲ"
"ွကိုက်တဲ့ဆီမောင်း ဒီနေရာကနေ ဝေးရင် ပြီးရော"
"ဆင်း!!!!
အသာယာ ဆင်းလိုက်ပေမယ့် မကျေမနပ် စိတ်လေးကတေွာ့ဖစ်မိသား။
"ဒီမှာ... ခင်ဗျား!!!
ထိန်နေတဲ့ မီးရောင်အောက်မှာ ရှင်းလင်းစွာ တွေ့လိုက်ရသည့်မျက်နှာတစ်ခုအား သွူေကာင်အမ်းစွာကည့်နေမိတယ်။ တစ်ဖက်လူကလည်း သူ့ကို အသေးစိတ်ွကည့်နေတာမို့ ရှက်ရှက်နဲ့ပဲ အရင်ဆုံးမျက်နှာလွှဲလိုက်တယ်။
"ခင်ဗျား!!!!
"ရှောင်းပေါ်ပေါ်!!!!
"ခင်ဗျား!!!!
"..........."
"ဝမ်ချီ....'
............................
"မိန်းကလေး ကျီယွီ စောင့်နေတွာကာပြီလား မသိဘူး!!
ခုံမှာ ဝင်ထိုင်တော့ တစ်ဖက်မိန်းကလေးက တက်ွကွစွာပြုံးလေတယ်။ သူမရဲ့ အွကည့်တွေက အူမြူးနေပြီး အပြုံးတွေကမနက် နေရောင်ွခည်ွဖာကျသကဲ့သို့ လက်ဆတ်နေပေမယ့်သူ နေရခက်မိတာတော့အမှန်ပ။
"ဘယ်ကသာ!! မွကာပါဘူး ရှင် အချိန်ကိုက်ရောက်လာတာ"
"အင်း!!!
"ရပါတယ် မမှာတော့ဘူး.."
စကားအဆုံး ကျီယွီရဲ့ မျက်လုံးအရောင်တွေက သလင်းကျောက်တွေလိုမျိုး တစ်လက်လက် တောက်ပသွားပြီး သူ့ကိုမေးထောက်ွကည့်လာတယ်။
"ဒါပေါ့ ပထမဆုံးဒိတ်မှာ မိန်းကလေး စားတာမှန်သမျှကိုယောက်ျားလေးတစ်ယောက်အနေနဲ့ တာဝန်ယူပြီး ရှင်းပေးမှမှန်တာ လွူကီးမင်းရှောင်း ဒါဆို ကျွန်မ အားမနာတော့ဘူးနော်"
"အင်း!!!
"လွူကီးမင်းရှောင်း!!!
"ဟမ်"
"ရှင်ပြုံးတာ အရမ်းးကွိုကည့်လို့ကောင်းတာပဲ"
"ကျေးဇူး!!!
"ရှင် တိရိစ်ဆာန်လေးတွေကို ချစ်တတ်သလားဟင်"
"................"
"ဟွိုဖွူဖူဖွေးဖွေးနဲ့ ချစ်စရာကောင်လေးတွေကို ပြောတာလား"
"ဟုတ်တယ်!!
ကျီယွီမျက်နှာမှာ တက်ွကွမှုတွေက အထင်းသား...သူကလည်း မလိမ်ချင်တာနဲ့..
စကားအဆုံး ကျီယွီမှာ အသံထွက်ငိုမတတ်တောင်ွဖစ်သွားတယ်။ခေါင်းမဖော်တမ်း စားစရာရှိတာ စားနေတုန်း သူ ကျီယွီကွိုကည့်ရင်း
"ဟုတ်!! သွားလေ"
ထို့နောက် မှန်ထဲက သူ့ကိုယ်သွူကည့်ရင်း အားပေးသလိုပြုံးလိုက်တယ်။
"မင်းက အမြဲတမ်း သားလိမ်မာလေွးဖစ်ချင်တာမဟုတ်လာွးကိုးစားထား ရှောင်းပေါ် မင်းလုပ်နိုင်ပါတယ်"
'ဘာပြေတာလဲ သူများကိုသာ လိမ်လို့ရမယ် ပါးပါးကိုလိမ်လို့မရဘူး အကယ်၍ သားမွကိုက်ဘူးဆို ငြင်းလို့ရတယ်နော်ပါးပါးက သားဘက်မှာ အမြဲရှိတယ်..'
"ဒါပေမယ့် ဒယ်ဒီက!!!
"လှတယ်!! အရမ်းလည်း ချစ်စရာကောင်းပြီး တက်ွကွတယ်!!
"အဲ့သဘောပါပဲ!! နောက်ပြီး ကျွန်တော်နေရခက်တယ် ပါးပါး အဲ့မိန်းကလေးနဲ့သာ လက်ထပ်လိုက်ရင် သူက သားကိုပဲတစ်ချိန်လုံး ထိုင်ွကည့်နေတော့မှာ.."
'ရတာပေါ့.. စိတ်ွကိုင်လုပ် မင်းဒယ်ဒီ မင်းကို ဆူရဲရင်ပါးပါးသူ့ကို ဘယ်လိုပညာပေးမလည်ွးကည့်နေ!!
ရှောင်းပေါ် ဖုန်းချပြီး ပိုလို့တောင် ယွုံကည်မှုရှိလာတယ်။နောက်ဆုံးမှာတော့ သူက မိန်းကလေးကို ငြင်းပိုင်ခွင့် ရှိပြီး ပါးပါးကလည်း သူ့ဘက်ကွဖစ်နေတာပဲ။ ထို့နောက် ယွုံကည်ချက် ရှိရှိ သူ့နေရာကို ပြန်လာလိုက်တယ်။
"ကျီယွီ!!
"ဟုတ်ကဲ့ လွူကီးမင်းရှောင်း!!
"ကိုယ်မဟုတ်တဲ့ တစ်ွခား ဘယ်သူကမဆို မင်းကိုအရမ်းချစ်မှာ သေချာတယ်.."
"ဘာ!! ခဏ.. ရှင်ပြောတာက!!
ပြောလည်းပြော ထရပ်လိုက်တဲ့ ရှောင်းပေါ်ကို သူမ အနေနဲ့ွေကာင်အမ်းစွာ ငေးရတယ်။
.......................
"ပြောပါဦး!! ငါ့ကိုပါ တကူးတက ဖိတ်တဲ့ ကိစ်စက ဘာများလဲ!!
"မလောပါနဲ့ ငါပြောမှာပါ စကားမစပ် နင့်ဒယ်ဒီက နင့်ကိုအိမ်ထောင်ပြုခိုင်းတော့မှာဆို.. ဟင်းဟင်း ငယ်ရွယ်နုပျိုနေတဲ့အရွယ်မှာ အိမ်ထောင်အစွောကီး ပြုရမှာ နှမျောစရာ!!!
"နင်ဘာလို့ ဟန်ဆောင်နေတာလဲ ငွါကားတာတော့နင်သူ့ကို လုံးဝ သဘောမကျဘူးဆို.."
"ရည်းစား?
"ဟော... ငါ့ကိုကိုလာပြီ!!!
အားလုံးရဲ့ အားကျသလို အွကည့်တွေထဲမှာ ကျင်းကျင်းတော့မပါဝင်ပါ။ ဝမ်ချီမင်ကလည်း ရုတ်တရက် သူ့ရဲ့ညီမလေးရဲ့စကာွးေကာင့် ဘဝမကျွဖစ်သွားရတယ်။
"ရှောင်မန် ဒါက ဘာလဲ..."
ရှောင်မန်က မျက်စိပျက် မျက်နှာပျက်ွဖင့် သူ့အနားကိုကပ်ကာခပ်တိုးတိုးလေး ပြောရှာတယ်။
သနားစဖွယ် ရုပ်အသွင်နဲ့ အသနား ခံနေပေမယ့် မကျေမနပ်ွဖစ်သွားတဲ့စိတ်ကတော့ ပျောက်မသွား။
"ကိုကိုချီမင် မတွေ့တွာကာပြီနော်!!
အနားကို လျှောက်လာတဲ့ွေခသံသဲ့သဲ့မှာ ဝမ်ချီမင်တစ်ယောက်ွဖည်ွးဖည်းချင်း လှည့်ွကည့်လိုက်တယ်။
"ကိုကို.."
"နောက်မကျပါဘူး ကိုကိုရဲ့ အချိန်ကိုက်ကို ရောက်လာတာဪ.. မန်မန် နင့်ကိုငါ မိတ်ဆက်ပေးရဦးမယ် ဒါကငါ့ရဲ့ အစ်ကွိုကီး ရှောင်းပေါ်ပေါ်တဲ့ .."
"............"
ရယ်သံတစ်ဝက်နဲ့ပြောတော့ တစ်ဖက်လူကို မျက်မှောင်ွကုတ်၍စူးစိုက်ွကည့်ပစ်လိုက်တယ်။ ဒါကို နားလည်တဲ့ လွူကီးကလည်းခပ်ရို့ရို့ပြုံးရင်း
"မတွေ့တွာကာပြီနော် ရှောင်းပေါ်!!!!
"ဟုတ်ပါရဲ့!!
ဆန့်ထုတ်လာတဲ့ လက်ကို ဆုပ်ကိုင် နှုတ်ဆက်လိုက်ပြီး ရှောင်းပေါ် နားမလည်နိုင်ွဖစ်ရတယ်။ ဒါက ပေကျင်းကိုရောက်မှဒီလူ့ကို ဒုတိယအွကိမ်တွေ့တာပဲ။
"ဟုတ်"
"မင်းသမီးလေး.. ကိုကိုတို့ပြန်ွကမလား အရမ်းနောက်ကျနေပြီရှောင်ချီတောင် မင်းလောက် လမ်းမများဘူး.."
"ဟုတ်ကဲ့ ကိုကို.. အယ် ဒါနဲ့ ဒယ်ဒီစီစဉ်ပေးတွဲ့ကင်ဖက်ကိုကိုကိုသဘောကျရဲ့လားဟင်"
"ကောင်မလေးက လှလားဟင်.."
သူ သက်ပြင်းချလျက်
"ကားပေါ်တက်တော့.."
"ဟုတ်"
"ခင်ဗျားပါလား!!
ပထမဆုံးအွကိမ်တွေ့တော့ သူ့ရှေ့ကနေ ထွက်ပြေးသွားတာရယ်ဒုတိယအွကိမ်မှာ အလှလေးနဲ့ တွဲတွေ့လိုက်ရတာရယ်ွေကာင့်သူ ဝမ်ချီမင်ကို သိပ်တော့ကျေနပ်မနေပါဘူး။
ရှောင်းပေါ် ချက်ချင်းပြန်မွေဖပါ။ ကားပေါ်မှာရှိနေတဲ့ကျင်းကျင်းကွိုကည့်လိုက်တော့ ညီမွဖစ်သူက သွားလေဆိုတဲ့သဘောနဲ့ပြုံးစိစိ အချက်ပြတော့ ဘာရယ်မဟုတ် ထိုလူဆွဲခေါ်ရာနောက်ပါလာခဲ့ပြန်တယ်။
တစ်နေရာ အရောက် ဘာစကားမှမပြောရသေးခင် သူ့အားရုတ်တရက် ထဖက်လိုက်တွာေကာင့်ွေကာင်စီစွီဖစ်သွားတယ်။
မိနစ်အနည်းငယ်ွကာတဲ့အထိ ဝမ်ချီမင်က သူ့ကို ဒီအတိုင်ွးကီးဖက်ထားဆဲပဲ
"ဘာကိုလန့်တာလဲ.."
"မင်းကို ရုတ်တရက်တွေ့လိုက်ရတော့ ဘယ်လိုမျိုးရင်ဆိုင်ရမလည်း မသိခဲ့ဘူး အဲ့ဒွါေကာင့် နောက်တစ်ွကိမ်ပြန်တွေ့ဖို့အတွက် ကိုယ့်ဘက်ကွကိုတင်ပြင်ဆင်ရတာတွေရှိတယ် ရှောင်းပေါ်!!!
"ွကည့်ပါဦး မင်းက အရပ်လည်း ပိုရှည်လာပြီး အရမ်းကွိုကည့်လို့ကောင်းလာတာပဲ ဩစတေးလျမှာ ရည်းစားတွေကျန်နေခဲ့သေးလား"
ကပြာကယာ ပြန်ွေဖလာတဲ့ စကားသံွေကာင့် ဝမ်ချီမင်နှုတ်ခမ်းတွေ အလိုအလျောက် ကွေးသွားတယ်။
ဝမ်ချီမင် ခဏလောက် တွေခနွဲဖစ်သွားပြီးမှ
"အဟက်... ရည်းစားမဟုတ်ပါဘူး ရှောင်းပေါ်ပေါ်ရယ်အဲ့ဒါက ကိုယ်ဂေဟာမှာရှိနေတုန်းက ခင်ခဲ့တဲ့ ညီမလေးပါကလေးတွေက အရွယ်ရောက်လာပြီဆိုတော့ လူရှိန်အောင်စွက နောက်ွကတဲ့သဘောပါ.."
"ရား!! အဲ့လိုပြောရွေကးဆို မင်းလည်း အန်ကယ်ရှောင်းစီစဉ်ပေးတဲ့ ဘလိုင်းဒိတ်ကို လက်ခံခဲ့တာပဲမလား"
"ခုနက မင်းနဲ့ကျင်းကျင်းပြောတာကွိုကားလိုက်တာပါပြောပါဦး ဘလိုင်းဒိတ်က အဆင်ပြေခဲ့ရဲ့လား အဟွန်းအန်ကယ်ရှောင်း ရွေးတာ အလှလေးဆိုတာတော့ ကိုယ်ရဲရွဲကီးပြောရဲတယ်ကွာ"
"လှတယ်!!!
"ကိုယ်နဲ့ယှဉ်ရင်ရော.."
ရှောင်းပေါ်မျက်နှာရဲခနွဲဖစ်သွားသည်။ ယောက်ျားတစ်ယောက်ကဘယ်လောက်ပွဲကည့်ကောင်းပါစေဦး ဘယ်လိုလုပ် မိန်းကလေးတွေထက် လှနိုင်မှာတဲ့လဲ။
ထိုအခိုက် ကျင်းကျင်းမှာ ကားဟွန်းကို ၂ခါတိတိ တီးလာသွဖင့်နှစ်ယောက်လုံး ထိုနေရာကိုအွကည့်ပို့လိုက်မိတယ်။
ရှောင်းပေါ်က ဘာမှ ပြန်မပြောသလိုွေခလှမ်းတွန့်သွားတာမျိုးရပ်တန့်သွားတာမျိုး မရှိပဲ လက်ပြနှုတ်ဆက်ခဲ့လေရဲ့။သူသည်လည်း လက်ထဲက စီးကရက်တိုကို နင်ွးေခလိုက်ပြီးထိုကားလေး မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတဲ့အထိ မျက်တောင်မခတ်တမ်ွးကည့်နေလိုက်မိတယ်။
🌴🌴🌴
There are no comments yet. Log in to be the first to leave a review!
Similar stories