14
08:59, 8 September 2025Unicode
မနက်ခင်းတစ်ခု။ ရိပေါ် ရေချိုးပြီးတာနဲ့ ထုံးစံအတိုင်းရှောင်းကျန့်က ရေချိုးခန်းဝင်တယ်။ အခန်းထဲမှာကျန်နေခဲ့တဲ့ ရိပေါ်ကအဝတ်စားဘာညာဝတ်နေရင်း ခုံပေါ်တင်ထားတဲ့ရှောင်းကျန့်ရဲ့ဖုန်းလေးက ထမြည်လာတယ်။ သွားကြည့်လိုက်တော့ ခေါ်ဆိုသူက ဖန်သိုသို။
ဒါကြောင့် သူ့မျက်ခုံးတန်းတန်းတို့က ပင့်တက်လာရင်း
"ရှောင်းကျန့် ခင်ဗျားရဲ့ဖုန်းလာနေတယ်"
ရှောင်းကျန့်က ပြန်မထူးပဲ ရှိနေသလို ဖုန်းကလည်းလာနေတာအဆက်မပြတ်။ ခဏကြာမှ ရေချိုးပြီးပြီဖြစ်တဲ့ ရှောင်းကျန့်ကထွက်လာတော့ ဖုန်းက ဆက်မမြည်တော့။
"ဖုန်းလာနေတယ်လို့ ပြောနေတဲ့ဟာ"
"ကိုင်ထားလိုက် ပြီးရော!!
ရိပေါ်က သူများကိုယ်ရေးကိုယ်တာထဲကို ဝင်စွက်ဖက်တတ်သူမဟုတ်ဘူးရယ်။ အခုကလည်း ကျန်းချန်ဆက်သွယ်တာထင်လို့ကြည့်မိရုံပဲ...
"ဖန်သိုသိုခေါ်တာ"
"ဪ.. အဲ့ကလေးက ဘာလို့ဆက်သွယ်တယ်မသိဘူး"
"ဒါမှမဟုတ် ခင်ဗျား ပြန်ဆက်သွယ်ကြည့်ပါ့လား သူခင်ဗျားကိုတစ်ခုခုပြောချင်လို့လည်း ဖြစ်မှာပေါ့"
"မဖြစ်နိုင်တာ.."
ဖန်သိုသို သူ့ကို ဆက်သွယ်လာရင်တောင် နှစ်ယောက်ကြားမှာအရေးကြီး ပြောစရာရယ်လို့ မယ်မယ်ရရမရှိ။ ကုမ္ပဏီသွားဖို့အတွက် ဝတ်စုံအပြည့် ဝတ်ပြီးတဲ့နောက်မှာတော့ နက်ခ်တိုင်ကြိုးချည်ဖို့ပဲ လိုတော့တယ်။
"ရော့!! နက်ခ်တိုင် ချည်ပေးအုံး"
ရိပေါ်ကလည်း ငြင်းရင်အပိုစကားပြောရမှာစိုးတာနဲ့ နက်ခ်တိုင်ကြိုးကို ဆတ်ခနဲ ဆွဲယူပြီး ချည်ပေးလိုက်တယ်။ ပြီးနောက်ရှောင်းကျန့်က ဖုန်းကိုကောက်ယူလိုက်တယ်...
"ဖန်သိုသို ဘာကိစ္စဆက်တာလဲ မင်းသိလား"
ရိပေါ်မှာ မျက်မှောင်ကြုတ်လျက် ပေါ့ပေါ့ပါးပါးပဲ ခေါင်းခါကာ
"မသိဘူးလေ ဘယ်သူက စိတ်ဝင်စားလို့လဲ"
ရှောင်းကျန့်နှုတ်ခမ်းတွေ တွန့်ရုံပြုံးသွားသည်။ ရိပေါ်စိတ်မဝင်စားဘူးဆိုတာ လိမ်နေခြင်းမဟုတ်။
"ငါတို့ကြားမှာ ဘာမှမရှိဘူး.. နောက်ပြီး နည်းနည်းပါးပါးဟန်ဆောင်စမ်းပါအုံး မျက်နှာပေါ်မှာ ဒီကိစ္စကိုစိတ်မဝင်စားဘူးဆိုတာ အထင်းသားပေါ်မနေစေနဲ့လေ.."
"ဒါပေမယ့် ကျွန်တော်က မှန်တာ ပြောခဲ့တာနော်!!!
"ဒါဆို ငါမင်းကိုလှန်ပြမယ်လေ"
ဆိုပြီး ဖန်သိုသိုနဲ့ ပြောသမျှ မက်ဆေ့ခ်ျတွေအကုန် ရိပေါ်ရှေ့မှာပြလိုက်သော်လည်း ရိပေါ်အမူအယာက မပြောင်းလဲ။
"ဘယ်သူက စိတ်ဝင်စားလို့လဲ.."
"တကယ် မသိချင်ဘူးပေါ့"
"မသိချင်ဘူး"
"ဒါဆို မင်းနဲ့လင်းပေါင်ကရော?
ရိပေါ် ထိုလူကြီးကို ကျောပေးထားရာက အနောက်ကိုချာခနဲလှည့်ကြည့်တော့ ပြီတီတီအပြုံးကြီးနဲ့ကြုံတယ်။
"ရှောင်းပေါ်နဲ့ ကျွန်တော်ကို ခင်ဗျား မုန်းလား!!!
ရှောင်းကျန့်ပြန်မဖြေတော့။ မျက်ခုံးပင့်၊ ပုခုံးနှစ်ဖက်ကိုလည်းအသာပင့်ပြရင်း
"ဗိုက်ဆာပြီ Breakfast သွားစားရအောင်"
ဒီတော့ စကားဝိုင်းလေးက ထိုနေရာမှာ ရပ်တန့်သွားခဲ့ပြီးထမင်းစားခန်းဆီ လျှောက်လာလိုက်တယ်..။ ထမင်းစားခန်းမှာရှောင်းပေါ်က ကြိုရောက်နှင့်နေပြီး အသင့်ပြင်ထားပြီးသားထမင်းဟင်းတွေရှေ့မှာ သူတို့အလာကို စောင့်နေတဲ့ပုံရတယ်။
"Morning သား!!
"Morning !!
Breakfast စားစဉ် ခဏကြာတော့ရှောင်းပေါ်နဲ့ ရိပေါ်ကို သူလှမ်းကြည့်လိုက်တယ်။နှစ်ယောက်လုံး စားစရာရှိတာကို ခေါင်းမဖော်တမ်း စားနေကြသည်။ တစ်ယောက်မှ သူ့ကိုမကြည့်ကြ။
ထို့နောက် ချောင်းတစ်ချက်ဟမ့်ပြီး စကားစရတယ်...။
"ရိပေါ်!!
ရိပေါ်က မျက်လုံးပင့်ကြည့်ပြီး ဘာလဲဆိုတဲ့သဘောနဲ့မေးဆတ်ပြတယ်။
"ဘန်ကောက်ကို အလုပ်ခရီး ထွက်ရမယ် မင်းရောလိုက်ခဲ့!!
ဘန်ကောက်ခရီးစဉ်ဆိုတော့ ရိပေါ်မျက်လုံးတွေ အရောင်တောက်လာတယ်။ အမှန်တိုင်းပြောရရင် သူဘန်ကောက်ကိုမရောက်ဖူးဘူး ရှောင်းကျန့်က သူ့ကိုပါ ခေါ်မယ်ဆိုတော့ သူကလည်း အတိုးချပြီးကဲရုံသာ။
ဒါပေမယ့် သိပ်မကြာခင်ရောက်လာတော့မယ့် ရှောင်းပေါ်မွေးနေ့အတွက် တွေးမိသွားတော့ မပျော်နိုင်တော့ပါဘူး။ရောက်ဖို့က ရက်သိပ်မလိုတော့ဘူးလေ..။
"ဘယ်လောက်ကြာမှာလဲ သားရဲ့မွေးနေ့လည်းရှိတော့အကြာကြီးနေလို့ရမယ်မထင်ဘူး"
"တစ်ပတ်ပဲဟာ မကြာပါဘူး ငါအကုန် တွက်ချက်ပြီးပြီရှောင်းပေါ်မွေးနေ့ကို အမှီပြန်လာလို့ရတယ် နောက်ပြီးမင်းကိုလည်း ဘာအလုပ်မှခိုင်းဖို့မဟုတ်ဘူး ငါ့အမျိုးသားတစ်ယောက်အနေနဲ့ပဲ မင်းကိုလိုက်ဖို့ခေါ်တာ"
ရိပေါ် သားကိုကြည့်လိုက်တယ်။ သားက သူ့အကြောင်းပြောနေတာတောင် ဂရုမစိုက်သလို ပုံဖမ်းရင်း သူတို့ကိုတောင်ကြည့်မနေပဲ စားစရာရှိတာကို ငုံ့စားနေလေရဲ့။
"ဒါဆိုလည်း ပြီးရော!!
"ရှောင်းပေါ်ကို မားဆီခဏအပ်ခဲ့လိုက်မယ် အိမ်မှာဆိုတစ်ယောက်ထဲ ဖြစ်နေလိမ့်မယ်"
ဒီအကြံကို ရိပေါ်လည်း လက်ခံတာမို့ သဘောတူလိုက်တယ်။ရှောင်းပေါ်က နှစ်ဖက်မိဘ အချစ်တော်လေးမို့ ဘယ်သူ့ဆီထားခဲ့ပါစေ သူတို့က ခေါ်ထားကြမှာပင်။ တွေးနေရင်းနဲ့ ရိပေါ်အကြံတစ်ခု ဖြတ်ပြေးသွားတာမို့ မျက်လုံးအရောင်တွေတောက်ပလာရင်း
"ကျွန်တော် လင်းပေါင်ကို ခေါ်ခဲ့လို့ ရမလား.."
ရှောင်းကျန့်ကလည်း ခဏစဉ်းစားပြီးမှ
"အင်း ခေါ်ခဲ့လေ မင်းသဘောပါပဲ ..."
လင်းပေါင်ကိုလည်း လိုက်ခွင့်ပြုတဲ့အတွက် ရိပေါ် အတိုင်းမသိဝမ်းသာသွားခဲ့တာတော့အမှန်။
"ဒါနဲ့ ဘယ်တော့လောက် သွားကြမှာလဲ.."
"သန်ဘက်ခါ!!
"အင်း.."
ထိုအချိန်မှာပဲ ရှောင်းပေါ်က စားပြီးပြီဖြစ်ရာ ပန်းကန်ကိုရှေ့ကိုသာတွန်းပို့ရင်း ထရပ်လိုက်တယ်။ ဘယ်သူ့ကိုမှ မကြည့်သလိုဘယ်သူ့ကိုမှလည်း မနှုတ်ဆက်...
"စားပြီးပြီလား"
ရိပေါ်မေးတော့မှ ရှောင်းပေါ် လှည့်ကြည့်လာပြီး ပေါ့ပျက်ပျက်နဲ့ခေါင်းညိတ်ပြတယ်။ ရှောင်းပေါ်က ဒရိုက်ဘာနဲ့ သွားမှာမို့သူတို့တွေ အေးဆေးနေရခြင်း ဖြစ်သည်။ ထို့နောက်မှာတော့ရှောင်းကျန့် ဖုန်းကိုထုတ်ပြီး မားဆီကို ဆက်သွယ်လိုက်တယ်။
ဖုန်းဝင်သွားပြီးနောက် မားက တန်းကိုင်လာသည်..။
"ဟယ်လို...မား"
"ဘာကိစ္စလဲ"
"မားကို အကူညီတစ်ခုတောင်းချင်လို့ပါ"
"အင်း "
"သန်ဘက်ခါကျရင် ကျွန်တော်တို့ ဘန်ကောက်ကို အလုပ်ခရီးသွားရမှာ အဲ့ဒါအိမ်မှာ ရှောင်းပေါ်က တစ်ယောက်ထဲကျန်ခဲ့လိမ့်မယ် စိတ်မရှိရင် မားသူ့ကိုခေါ်ထားပေးလို့ ရမလား.."
စကားအဆုံး မားရဲ့အသံဆူးဆူးက ထွက်ပေါ်လာပြီး
"ဘာ!! အလုပ်ခရီးသွားမှာဟုတ်လား ဘယ်လောက်ကြာမှာလဲ'
"သိပ်မကြာပါဘူး တစ်ပတ်ပဲ အဲ့ထက်မပိုဘူး စိတ်သာချ"
"ငါသိရသလောက် ရှောင်းပေါ် မွေးနေ့ နီးနေပြီနော် "
"တစ်ပတ်ထက်တော့ ပိုမကြာပါဘူး မားရဲ့ ပြန်လာရင်အေးဆေး ရှောင်းပေါ်ရဲ့ မွေးနေ့ကို သေချာပေါက်မှီတယ်လုံခြုံရေးအပြည့်နဲ့ ထားခဲ့လို့ရပေမယ့် မားနဲ့ထားခဲ့တာပိုကောင်းမယ် ထင်မိလို့"
"ဟုတ်ပြီလေ ရတယ် မြေးကို ငါပဲခေါ်ထားလိုက်မယ်"
"ဟုတ်ကဲ့!!!
ဖုန်းချပြီးနောက် Breakfast စားတာကို အဆုံးသတ်လိုက်ပြီးထရပ်လိုက်တယ်။
"ကျန်းချန်ရော လိုက်ခဲ့မှာလား"
"ဟင့်အင်း သူလိုက်လို့မရဘူး ဒီမှာက သူလုပ်ရမယ့်အလုပ်တွေအများကြီးပဲ"
အစက ကျန်းချန်လိုက်မယ်ထင်လို့ပိုပျော်နေခဲ့တာ အခုတော့ရိပေါ် နှုတ်ခမ်းစူသွားရတယ်။ ဒီအရွယ်ရောက်မှ သူငယ်ချင်းနဲ့ဘယ်မှ မသွားရတာကို တွေးမိတော့ အရင်ချိန်တွေပဲပြန်လွမ်းလာသလိုလို။
ရှောင်းပေါ်က ကျောင်းကို ထွက်သွားပြီမို့ သူတို့လည်း ကုမ္ပဏီကိုထွက်လာကြတယ်..။
....................
ဒီညမှာတော့ ရိပေါ် လင်းပေါင်နဲ့ ဘားကိုသွားတာ ရှောင်းကျန့်လည်း ပါလာတယ်။ အစက ရိပေါ်က အင်တင်တင်နဲ့ သူရောလိုက်မယ်ဆိုတော့ လက်မခံချင်။ ပြီးမှ တစ်ခုခုကိုစဉ်းစားမိပုံရကာ လက်ခံတော့သည်။
ထိုအခိုက် သူတို့ဝိုင်းကို လျှောက်ဝင်လာတဲ့ ဖန်သိုသိုကိုမြင်လိုက်ရတယ်။ ဒီကလေး သူ့ကို နောက်ယောင်ခံလိုက်နေတာလားလို့တောင် သူထင်မိတယ်။ ဖန်သိုသိုက အနားရောက်တာနဲ့သူ့ပေါင်ပေါ် တက်ခွထိုင်တော့ ခါးလေးကို အလိုက်သင့်ပြန်ပြီးဖက်ထားလိုက်သည်။
ထိုချာတိတ်ကလည်း ရောက်တာနဲ့ လင်းပေါင်တို့ရှေ့မှာမရှောင်သူ့ပါးနှစ်ဖက်ကို တစ်လှည့်စီ အနမ်းပေးလာသလို သူကလည်းအနမ်းခံနေလိုက်သည်။
"သိုသို ဖုန်းခေါ်နေတာ ဘာလို့မကိုင်ရတာလဲ"
လည်ပင်းကို လက်နဲ့သိုင်းဖက်ပြီး ခပ်ချွဲချွဲစကားသံက စတင်ထွက်ပေါ်လာတော့ ရှောင်းကျန့်လှစ်ခနဲ ပြုံးလိုက်တယ်။
"ဖုန်းက Silent လုပ်ထားလို့"
"အာ..."
ထို့နောက် သိုသိုက သူ့ပေါင်ပေါ်ကနေ ဖယ်လိုက်ပြီး သူ့ဘေးကနေရာလွတ်မှာပြောင်းထိုင်တယ်။ ပြီးမှ ရှေ့က ရိပေါ်နဲ့လင်းပေါင်ကို စေ့စေ့ကြည့်ကာ မျက်ခုံးပင့်သည်။ ရိပေါ်ကလည်း သူတို့ကိုအာရုံမရပဲ လင်းပေါင်ဘက်ကို လှည့်ပြီး
"ငါတို့ ဘန်ကောက်ကို အလုပ်ခရီးသွားစရာရှိတယ် လင်းပေါင်!!
လင်းပေါင်က အလန့်တကြားနဲ့ ဆတ်ခနဲ တုန်တက်သွားတယ်။ရိပေါ် ဘန်ကောက်သွားမှာဆိုတော့ သူနဲ့ရိပေါ် ခဏလောက်မတွေ့ရဘူး ထင်ရပေမယ့်...
"ငါနဲ့ရှောင်းကျန့် နှစ်ယောက်ထဲဆိုတော့ မင်းလိုက်ခဲ့မလား"
စကားအဆုံး လင်းပေါင်က အူမြူးသွားသလိုလို...
"လိုက်မယ်လေ!! ဘယ်တော့လဲ"
"သန်ဘက်ခါ"
"အိုခေ မင်းနဲ့လိုက်ခဲ့မယ်"
ထို့နောက် ရိပေါ်က လင်းပေါင်ကို' မင်းလိုက်မယ်လို့ ထင်သားပဲ'ဆိုတဲ့ သဘောနဲ့ ကြည့်လိုက်သည်။ ဖန်သိုသိုမှာ မကျေမနပ်ပိစိတော့ဖြစ်မိသွားတယ် ဦးက သူ့ကိုလိုက်ခဲ့မလားလို့တစ်ခွန်းမှမမေးသည့်အတွက်ပါပဲ။
"ဦး!! သိုသိုလည်း ဘန်ကောက်ကို လိုက်ချင်တယ်"
လက်မောင်းကို အတင်းမှီပြုပြီး ချွဲတဲတဲပြောလာတော့ လင်းပေါင်က သတိအနေထားဖြင့် ထိုကောင်လေးအား စေ့စပ်စွာကြည့်နေလိုက်သည်။
"ဘာလို့ လိုက်မှာလဲ မင်းက!!
ထွက်ပေါ်လာသည့် အသံက လင်းပေါင်ထံက.... ဖန်သိုသို နှုတ်ခမ်းက ပိုလို့တောင် စူသွားသေးတယ်။
"ဘာဖြစ်လဲ ခင်ဗျားတောင် လိုက်သေးတာပဲ ကျွန်တော်လိုက်တာဘာဖြစ်သလဲ"
ဖန်သိုသိုက မျက်ဖြူလန်ပြကာ ထပ်မံပြီး ပြောလာပြန်သည်။
"ဘာလဲ ကျွန်တော်လိုက်မယ်ဆိုတော့ တစ်စုံနှစ်ယောက်အတွက်စိတ်အနှောက်ဖြစ်သွားလို့လား အဟွန်း!! မရည်ရွယ်ပါဘူးနော် "
"ဘာပြောတယ်.. မင်း!!!
လင်းပေါင် ပါးစပ်ဟဖို့ပြင်တော့ ရိပေါ်က အလျင်အမြန်လှမ်းတားရင်း ဆက်မပြောဖို့ ခေါင်းခါပြတယ်။ ပြီးမှ နှုတ်ခမ်းထောင့်စွန်းလေးကို အသာတွန့်ကွေးလိုက်ကာ..
"မင်းလိုက်ချင်ရင် ရှောင်းကျန့်ကိုပြောရမှာ ငါတို့ကိုမဟုတ်ဘူးနောက်ပြီး မင်းလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေဘယ်သူ့အတွက်မှ အနှောက်ယှက်မဖြစ်ပါဘူး.."
ထိုအခါမှ ဖန်သိုသို ဦးရဲ့အနားကို ဆက်တိုးသွားလိုက်သည်..။ ရှောင်းကျန့်ကတော့ သူ့လက်မောင်းကို တင်းနေအောင်ဖက်ထားသည့် ချာတိတ်အား ခါးသိမ်သိမ်အား ဆွဲဖက်ထားလိုက်ပါသည်။
"ဦး!! နော်လို့ သိုသို လိုက်ပါရစေ"
"လျှောက်မလုပ်နဲ့ ဒီမှာ နေခဲ့!!
"ဟာ မရပါဘူး သိုသို သူငယ်ချင်းတွေဆို ဘန်ကောက်မှာခဏခဏ Shopping ထွက်နေကြတာ သိုသိုလည်းShopping ထွက်ချင်တယ်!!!
ရှောင်းကျန့် ထိုကောင်လေးကိုငြင်းဖို့ လုပ်ပြီးခါမှ တစ်စုံတစ်ခုကိုတွေးမိရင်း လက်ခံဖို့ဆုံးဖြတ်လိုက်တယ်။
"အိုခေ လိုက်ခဲ့!!!
"ဟီးဟီး!! ကျေးဇူးပါနော် ဦး"
ပြောရင်း ပါးနှစ်ဖက်ကို နမ်းပြန်သည်..။
"ဒါပေမယ့် ကိုယ်ပြောတာကို နားထောင်ပြီး လိမ်မာရမယ်နော်ဘာမှ လျှောက်မလုပ်ရဘူး အဲ့ဒါကိုလက်ခံမှ လိုက်ခဲ့"
"ဟုတ်ကဲ့ သိုသို ဦးပြောသမျှ နားထောင်ပါ့မယ်"
ဖန်သိုသိုက ဝိုင်တစ်ခွက်ကို ဆွဲယူလိုက်ပြီး ဦးဆီကမ်းပေးလိုက်သည်။ ရှောင်းကျန့်ကလည်း အလိုက်သင့်လေး ကမ်းပေးတဲ့ဝိုင်ခွက်ကိုယူပြီး တစ်ချိုက်တည်းမော့ပစ်လိုက်တယ်။ ရိပေါ်ကိုကြည့်လိုက်တော့ ရိပေါ်က လင်းပေါင်နဲ့ စကားဖောင်ဖွဲ့နေပြီး သူတို့ကို အာရုံစိုက်ပုံမရ။
ထပ်မံပြီး ဖန်သိုသိုက သူ့ကို စပျစ်သီးလေး အခွံခွာပြီးကျွေးတော့ မငြင်းပဲ လှမ်းစားလိုက်တယ်...။
......................
ရှောင်းကျန့် နာရီကိုကြည့်လိုက်တော့ လေယာဉ်ထွက်ချိန်ရောက်တော့မယ်။ ရိပေါ်ကလည်း ခရီးဆောင်အိတ်ထဲကိုတစ်ပတ်စာ ဝတ်မယ့် အဝတ်စားတွေ ထည့်လို့ပင်မပြီးသေးပါ။ ဒီနေ့ကလည်း တိုက်ဆိုင်စွာ ရှောင်းပေါ် ကျောင်းပိတ်ရက်ဖြစ်သည်။
"ရိပေါ် မပြီးသေးဘူးလား"
'ပြီးပါပြီ"
ခရီးဆောင်အိတ်ကြီးကို ဆွဲလာတဲ့ ရိပေါ်က မသိရင် တစ်နေရာကိုအပြီးအပိုင် အခြေသွားချတော့မယ့်အတိုင်း။ ရှောင်းကျန့် ခါးကြီးထောက်ပြီး ခေါင်းခါလိုက်တယ်။
"ငါ့အတွက် အဝတ်စားတွေ ပါရဲ့လား"
"ပါတယ် စိတ်ချပါ ကျွန်တော်က ခင်ဗျားအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရဘူး"
"အင်း!!
အိမ်အပေါ်ထပ်ကနေ အမျိုးသားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ဆင်းလာတာကိုမြင်တော့ ရှောင်းပေါ် မတ်တပ်ထရပ်လိုက်တယ်။ခဏနေ ဖွားဖွားလည်း အိမ်ကို လာမှာဖြစ်သည့်အတွက် သူကလည်း ဖွားဖွားကိုစောင့်နေရုံ။
"ပါးပါးတို့ သွားတော့မယ်နော် သား!!
"ဟုတ်!!
"လိမ်လိမ်မာမာနေ ရှောင်းပေါ် ဖွားဖွားကို ဝန်ထုတ်ဝန်ပိုးမဖြစ်ပါစေနဲ့ ဒယ်ဒီ ဘာသတင်းဆိုးမှ မကြားချင်ဘူး"
ရှောင်းပေါ် ခေါင်းကိုအသာညိတ်ပြပြီး ဒယ်ဒီနဲ့ ပါးပါးကို ကားနားအထိ လိုက်ပို့ပေးရတယ်။
ကျန်းချန်က ကားဘေးမှာ ရပ်စောင့်နေကာ ထိုအမျိုးသားနှစ်ယောက်ကိုမြင်တော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါသည်။ ဘန်ကောက်ကို သူမလိုက်ပေမယ့် လေဆိပ်ထိတော့ ကားနဲ့လိုက်ပို့ဖို့က သူ့တာဝန်။
လင်းပေါင်နဲ့ ဖန်သိုသိုက လေဆိပ်မှာ ကြိုစောင့်နေမှာမို့သူနဲ့ရိပေါ်က အတူတူ သွားဖို့ ဖြစ်လာတယ်..။ ရိပေါ်က ဘန်ကောက်ကို လိုက်ရမှာမို့လား ဒါမှမဟုတ်။ ဘန်ကောက်ကိုလင်းပေါင်နဲ့အတူ လိုက်ရမှာမို့လားတော့မသိ။ ချစ်စရာကောင်းတဲ့မျက်နှာထက်မှာ အူမြူးရိပ်တွေသမ်းနေခဲ့သည်။
"CEO!!
"အင်း ကျန်းချန် ကုမ္ပဏီကိစ္စတွေကို မင်းပဲတာဝန်ယူရမှာကိုယ် မင်းကိုယုံတယ် အလွဲသုံးစားလုပ်တာတို့ဆို လုပ်နေကျအတိုင်း လုပ်ပစ်လိုက် လုံးဝမညှာနဲ့"
"စိတ်ချပါ လုပ်ရိုးလုပ်စဉ်အတိုင်း ကျွန်တော်လုပ်မှာပါ"
ပြီးမှ ငြိမ်သက်စွာ ရပ်နေတဲ့ ရှောင်းပေါ်ဆီ အကြည့်တွေကစုပြုံကျသွားတယ်။
"ရှောင်းပေါ်!!
ရှောင်းပေါ်က သူ့အသံကြားတော့မော့ကြည့်တယ်။ မျက်နှာပေါ်မှာဘာအရိပ်ယောင်မှ မတွေ့ရတော့ ကျန်းချန်လည်း အင်တင်တင်ဖြစ်သွားရတယ်။
"မင်းက ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားကောင်းလိုက်တာကွာဦးဦး မင်းကိုတွေ့တုန်းက ဒီလောက်လောက် ပိစိလေးလေ"
လက်မနဲ့ လက်ညိုးကို အနည်းငယ်ကွေးပြရင်း ကျန်းချန်အပြုံးတွေက လက်ဆတ်နေသယောင်။ ထိုကလေးမျက်နှာကCEOနဲ့ တစ်ပုံစံတည်းရှိနေပြီး အရွယ်နဲ့မလိုက်တဲ့ တည်ကြည်လေးနက်မှုတွေရှိနေသည်။ ဒါကြောင့် အန်တီက DNAစစ်ဖို့သဘောမတူပဲ ရိပေါ်နဲ့ တန်းပြီးလက်ထပ်ပေးခဲ့တာဖြစ်မယ်။
ဘာလို့ဆို ကလေးက ကော်ပီကူးထားသလို တစ်ပုံစံတည်းတူနေလို့လေ။
"ကျွန်တော်က မထွားပါဘူး"
"ထွားတာပေါ့ကွာ စက်ဘီးမစီးနဲ့ နောက်ထပ်နှစ်နည်းနည်းကြာရင် ရှောင်းပေါ်က ဆိုင်ကယ်စီးလို့ ရနေလောက်ပြီ"
"ဟုတ်!!!
"ဦးဦး သွားပြီနော် ရှောင်းပေါ်က အရမ်းလိမ်မာတာပဲ"
ခေါင်းလေး ခပ်ဖွဖွ ပုတ်ပေးခဲ့ပြီး ကားမောင်းသူနေရာမှာဝင်ထိုင်လိုက်တယ်။ ကားက တစ်ရွေ့ရွေ့မောင်းထွက်တော့ရှောင်းပေါ်ရဲ့ အဲ့ဒီအတိုင်း မလှုပ်မယှက် ရပ်နေတဲ့ ပုံစံလေးကိုကားဘတ်မှန်မှတဆင့် ကျန်းချန်တွေ့လိုက်ရသည်။
လေဆိပ်ကိုရောက်တော့ လင်းပေါင်နဲ့ ဖန်သိုသိုက ရောက်နေကြပြီ။ လင်းပေါင်က ရိပေါ်ကိုမြင်တော့ နေကာမျက်မှန်ကို ဆွဲချွတ်ပြီးအလျင်အမြန် ရိပေါ်လက်ထဲက ခရီးဆောင်အိတ်ကြီးကို ဆွဲယူလိုက်သည်။ ဖန်သိုသိုကလည်း ဘောင်းဘီအိတ်ထောင်ထဲကိုလက်နှစ်ဖက် ထိုးထည့်ပြီး စတိုင်ကျကျ လျှောက်လာတဲ့ရှောင်းကျန့်ရှိရာကို လှစ်ခနဲပြေးသွားလိုက်တယ်။
ရှောင်းကျန့်က သူ့ရင်ခွင်ထဲပစ်ဝင်လာတဲ့ ချာတိတ်ကို အသာထိန်းလိုက်ပြီးသည်နှင့် ပုခုံးလေးကို အသာဖက်ကာ ရိပေါ်တို့ဆီချဉ်းကပ်လာလိုက်သည်။
"သွားကြရအောင်!!!
"အင်း!!
လင်းပေါင်က ရိပေါ်လက်ထဲက ခရီးဆောင်အိတ်နဲ့ သူ့ဟာနဲ့နှစ်ခုဆွဲယူပြီး ရှေ့ကနေ ဦးဆောင်သွားတယ်။ ဖန်သိုသိုကလည်းသူလိုတာတွေ အများကြီးထည့်လာပြီး သူ့အိတ်ကို ရှောင်းကျန့်ကိုကူဆွဲစေချင်သည်။ သို့ပေမယ့် သူကလည်း တစ်ခွန်းမှမဟရဲသလိုရှောင်းကျန့်ကလည်း မသိချင်ယောင်ဆောင်ထားလေရဲ့။
နောက်ဆုံးမှာတော့ သူနေခဲ့ရမှာ စိုးသည့်အတွက် ခရီးဆောင်အိတ်ကြီးကို မနိုင်တနိုင် ဆွဲခဲ့ပြီး အထဲဝင်သွားပြီဖြစ်တဲ့ ဦးကိုအမှီလိုက်ရသည်။
🌴🌴🌴
နောက်အပိုင်းကျ ရှည်ရှည်လေး ရေးပေးမယ်နော် 😁
Zawgyi
ဒွါေကာင့် သူ့မျက်ခုံးတန်းတန်းတို့က ပင့်တက်လာရင်း
"ဖန်သိုသိုခေါ်တာ"
"ဒါမှမဟုတ် ခင်ဗျား ပြန်ဆက်သွယ်ွကည့်ပါ့လား သူခင်ဗျားကိုတစ်ခုခုပြောချင်လို့လည်ွးဖစ်မှာပေါ့"
"မွဖစ်နိုင်တာ.."
ဖန်သိုသို သူ့ကို ဆက်သွယ်လာရင်တောင် နှစ်ယောက်ွကားမှာအရေွးကီး ပြောစရာရယ်လို့ မယ်မယ်ရရမရှိ။ ကုမ်ပဏီသွားဖို့အတွက် ဝတ်စုံအပြည့် ဝတ်ပြီးတဲ့နောက်မှာတော့ နက်ခ်တိုင်ွကိုးချည်ဖို့ပဲ လိုတော့တယ်။
"ဖန်သိုသို ဘာကိစ်စဆက်တာလဲ မင်းသိလား"
ရိပေါ်မှာ မျက်မှောင်ွကုတ်လျက် ပေါ့ပေါ့ပါးပါးပဲ ခေါင်းခါကာ
"ငါတိွု့ကားမှာ ဘာမှမရှိဘူး.. နောက်ပြီး နည်းနည်းပါးပါးဟန်ဆောင်စမ်းပါအုံး မျက်နှာပေါ်မှာ ဒီကိစ်စကိုစိတ်မဝင်စားဘူးဆိုတာ အထင်းသားပေါ်မနေစေနဲ့လေ.."
"တကယ် မသိချင်ဘူးပေါ့"
"မသိချင်ဘူး"
ရိပေါ် ထိုလွူကီးကို ကျောပေးထားရာက အနောက်ကိုချာခနဲလှည့်ွကည့်တော့ ပြီတီတီအပြုံွးကီးနွဲ့ကုံတယ်။
"Morning သား!!
"Morning !!
Breakfast စားစဉ် ခဏွကာတော့ရှောင်းပေါ်နဲ့ ရိပေါ်ကို သူလှမ်ွးကည့်လိုက်တယ်။နှစ်ယောက်လုံး စားစရာရှိတာကို ခေါင်းမဖော်တမ်း စားနွေကသည်။ တစ်ယောက်မှ သူ့ကိုမွကည့်ွက။
"ရိပေါ်!!
ရိပေါ်က မျက်လုံးပင့်ွကည့်ပြီး ဘာလဲဆိုတဲ့သဘောနဲ့မေးဆတ်ပြတယ်။
"ဘယ်လောက်ွကာမှာလဲ သားရဲ့မွေးနေ့လည်းရှိတော့အွကွာကီးနေလို့ရမယ်မထင်ဘူး"
"တစ်ပတ်ပဲဟာ မွကာပါဘူး ငါအကုန် တွက်ချက်ပြီးပြီရှောင်းပေါ်မွေးနေ့ကို အမှီပြန်လာလို့ရတယ် နောက်ပြီးမင်းကိုလည်း ဘာအလုပ်မှခိုင်းဖို့မဟုတ်ဘူး ငါ့အမျိုးသားတစ်ယောက်အနေနဲ့ပဲ မင်းကိုလိုက်ဖို့ခေါ်တာ"
ရိပေါ် သားကွိုကည့်လိုက်တယ်။ သားက သူ့အွေကာင်းပြောနေတာတောင် ဂရုမစိုက်သလို ပုံဖမ်းရင်း သူတို့ကိုတောင်ွကည့်မနေပဲ စားစရာရှိတာကို ငုံ့စားနေလေရဲ့။
"ဒါဆိုလည်း ပြီးရော!!
"ရှောင်းပေါ်ကို မားဆီခဏအပ်ခဲ့လိုက်မယ် အိမ်မှာဆိုတစ်ယောက်ထွဲဖစ်နေလိမ့်မယ်"
ဒီအွကံကို ရိပေါ်လည်း လက်ခံတာမို့ သဘောတူလိုက်တယ်။ရှောင်းပေါ်က နှစ်ဖက်မိဘ အချစ်တော်လေးမို့ ဘယ်သူ့ဆီထားခဲ့ပါစေ သူတို့က ခေါ်ထာွးကမှာပင်။ တွေးနေရင်းနဲ့ ရိပေါ်အွကံတစ်ခွုဖတ်ပြေးသွားတာမို့ မျက်လုံးအရောင်တွေတောက်ပလာရင်း
"ဒါနဲ့ ဘယ်တော့လောက် သွာွးကမှာလဲ.."
"သန်ဘက်ခါ!!
"အင်း.."
ထိုအချိန်မှာပဲ ရှောင်းပေါ်က စားပြီးပြွီဖစ်ရာ ပန်းကန်ကိုရှေ့ကိုသာတွန်းပို့ရင်း ထရပ်လိုက်တယ်။ ဘယ်သူ့ကိုမှ မွကည့်သလိုဘယ်သူ့ကိုမှလည်း မနှုတ်ဆက်...
"စားပြီးပြီလား"
"ဟယ်လို...မား"
"ဘာကိစ်စလဲ"
"အင်း "
"ဘာ!! အလုပ်ခရီးသွားမှာဟုတ်လား ဘယ်လောက်ွကာမှာလဲ'
"သိပ်မွကာပါဘူး တစ်ပတ်ပဲ အဲ့ထက်မပိုဘူး စိတ်သာချ"
"တစ်ပတ်ထက်တော့ ပိုမွကာပါဘူး မားရဲ့ ပြန်လာရင်အေးဆေး ရှောင်းပေါ်ရဲ့ မွေးနေ့ကို သေချာပေါက်မှီတယ်လွုံခုံရေးအပြည့်နဲ့ ထားခဲ့လို့ရပေမယ့် မားနဲ့ထားခဲ့တာပိုကောင်းမယ် ထင်မိလို့"
"ဟုတ်ကဲ့!!!
"ဟင့်အင်း သူလိုက်လို့မရဘူး ဒီမှာက သူလုပ်ရမယ့်အလုပ်တွေအမျာွးကီးပဲ"
ရှောင်းပေါ်က ကျောင်းကို ထွက်သွားပြီမို့ သူတို့လည်း ကုမ်ပဏီကိုထွက်လွာကတယ်..။
....................
"အာ..."
"လိုက်မယ်လေ!! ဘယ်တော့လဲ"
"သန်ဘက်ခါ"
ထို့နောက် ရိပေါ်က လင်းပေါင်ကို' မင်းလိုက်မယ်လို့ ထင်သားပဲ'ဆိုတဲ့ သဘောနွဲ့ကည့်လိုက်သည်။ ဖန်သိုသိုမှာ မကျေမနပ်ပိစိတေွာ့ဖစ်မိသွားတယ် ဦးက သူ့ကိုလိုက်ခဲ့မလားလို့တစ်ခွန်းမှမမေးသည့်အတွက်ပါပဲ။
လက်မောင်းကို အတင်းမှီပြုပြီး ချွဲတဲတဲပြောလာတော့ လင်းပေါင်က သတိအနေထာွးဖင့် ထိုကောင်လေးအား စေ့စပ်စွာကည့်နေလိုက်သည်။
"ဘွာဖစ်လဲ ခင်ဗျားတောင် လိုက်သေးတာပဲ ကျွန်တော်လိုက်တာဘွာဖစ်သလဲ"
ဖန်သိုသိုက မျက်ွဖူလန်ပြကာ ထပ်မံပြီး ပြောလာပြန်သည်။
"ဘာလဲ ကျွန်တော်လိုက်မယ်ဆိုတော့ တစ်စုံနှစ်ယောက်အတွက်စိတ်အနှောက်ွဖစ်သွားလို့လား အဟွန်း!! မရည်ရွယ်ပါဘူးနော် "
"ဘာပြောတယ်.. မင်း!!!
"မင်းလိုက်ချင်ရင် ရှောင်းကျန့်ကိုပြောရမှာ ငါတို့ကိုမဟုတ်ဘူးနောက်ပြီး မင်းလိုက်သည်ွဖစ်စေ မလိုက်သည်ွဖစ်စေဘယ်သူ့အတွက်မှ အနှောက်ယှက်မွဖစ်ပါဘူး.."
"ဟာ မရပါဘူး သိုသို သူငယ်ချင်းတွေဆို ဘန်ကောက်မှာခဏခဏ Shopping ထွက်နွေကတာ သိုသိုလည်းShopping ထွက်ချင်တယ်!!!
ရှောင်းကျန့် ထိုကောင်လေးကိုငြင်းဖို့ လုပ်ပြီးခါမှ တစ်စုံတစ်ခုကိုတွေးမိရင်း လက်ခံဖို့ဆုံွးဖတ်လိုက်တယ်။
"အိုခေ လိုက်ခဲ့!!!
......................
'ပြီးပါပြီ"
ခရီးဆောင်အိတ်ွကီးကို ဆွဲလာတဲ့ ရိပေါ်က မသိရင် တစ်နေရာကိုအပြီးအပိုင် အွေခသွားချတော့မယ့်အတိုင်း။ ရှောင်းကျန့် ခါွးကီးထောက်ပြီး ခေါင်းခါလိုက်တယ်။
"ပါတယ် စိတ်ချပါ ကျွန်တော်က ခင်ဗျားအတွက် ဝန်ထုတ်ဝန်ပိုးမွဖစ်စေရဘူး"
"အင်း!!
"ဟုတ်!!
"လိမ်လိမ်မာမာနေ ရှောင်းပေါ် ဖွားဖွားကို ဝန်ထုတ်ဝန်ပိုးမွဖစ်ပါစေနဲ့ ဒယ်ဒီ ဘာသတင်းဆိုးမှ မွကားချင်ဘူး"
"CEO!!
"အင်း ကျန်းချန် ကုမ်ပဏီကိစ်စတွေကို မင်းပဲတာဝန်ယူရမှာကိုယ် မင်းကိုယုံတယ် အလွဲသုံးစားလုပ်တာတို့ဆို လုပ်နေကျအတိုင်း လုပ်ပစ်လိုက် လုံးဝမညှာနဲ့"
ပြီးမှ ငြိမ်သက်စွာ ရပ်နေတဲ့ ရှောင်းပေါ်ဆီ အွကည့်တွေကစုပြုံကျသွားတယ်။
"ရှောင်းပေါ်!!
ရှောင်းပေါ်က သူ့အသွံကားတော့မေွာ့ကည့်တယ်။ မျက်နှာပေါ်မှာဘာအရိပ်ယောင်မှ မတွေ့ရတော့ ကျန်းချန်လည်း အင်တင်တင်ွဖစ်သွားရတယ်။
"မင်းက ခန်ဓာကိုယ်ဖွံွ့ဖိုးမှု အားကောင်းလိုက်တာကွာဦးဦး မင်းကိုတွေ့တုန်းက ဒီလောက်လောက် ပိစိလေးလေ"
"ထွားတာပေါ့ကွာ စက်ဘီးမစီးနဲ့ နောက်ထပ်နှစ်နည်းနည်ွးကာရင် ရှောင်းပေါ်က ဆိုင်ကယ်စီးလို့ ရနေလောက်ပြီ"
"ဟုတ်!!!
"သွာွးကရအောင်!!!
"အင်း!!
နောက်ဆုံးမှာတော့ သူနေခဲ့ရမှာ စိုးသည့်အတွက် ခရီးဆောင်အိတ်ွကီးကို မနိုင်တနိုင် ဆွဲခဲ့ပြီး အထဲဝင်သွားပြွီဖစ်တဲ့ ဦးကိုအမှီလိုက်ရသည်။
🌴🌴🌴
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)