11
18:00, 29 August 2025Unicode
ရောင်စုံမီးတွေအောက်မှာ ပျော်ကြ 'က'ခုန်ကြ လုပ်နေသည့်လူကုံများထံသို့ အာရုံစိုက်ရင်းဖြင့် ဝိုင်တစ်ငုံကို အရသာခံပြီးစိမ်ပြေနပြေ သောက်သည်။ ဒီရက်တွေမှာ အလုပ်တွေပိပြီး မအားမလပ် ဖြစ်နေတာမို့ ဒီလိုနေရာကို တကူးတက မရောက်ဖြစ်တာတောင် နည်းနည်းကြာပြီပြောလို့ရတယ်။ အကယ်၍သူ့ကိုသာ ချာတိတ်က မခေါ်ခဲ့ရင် လာဖြစ်မယ်လို့တောင်မထင်ပါဘူး။
ရှေ့က မြင်ကွင်းကိုအာရုံစိုက်နေတုန်း ချာတိတ်က ရင်ခွင်ထဲကိုလှုပ်စိ လှုပ်စိဖြင့် အတင်းတိုးဝင်လာသည့်အခါ သူကလည်းအလိုက်သင့်ပြန်ဖက်ထားလိုက်သည်။ သူ့ရင်ဘက်ပေါ် ပြေးလွှားနေတဲ့ ချာတိတ်ရဲ့ လက်ချောင်းတွေ။ ရှောင်းကျန့် သဘောကျသလို ပြုံးလိုက်မိတယ်။
"ဦး... ဟိုဟာက ဦးရဲ့အမျိုးသားမဟုတ်လား သူ့ဘေးကကောင်က ဘယ်သူကြီးတုန်း"
ဖန်သိုသိုက ရင်ခွင်ထဲကနေ ရုန်းထွက်ပြီး ပြောလာခြင်းမို့ဘာရယ်မဟုတ် ညွှန်ပြရာနေရာကို ကြည့်လိုက်တော့ တကယ်ကြီး နှစ်ယောက်မရှိ ဝမ်ရိပေါ်ပါပဲ။ သူ့ဘေးမှာလည်း လင်းပေါင်က ပြုံးရွှင်လို့။ ခဏကြာတဲ့အခါ လင်းပေါင်က ရိပေါ်နားနားကိုကပ်ပြီး ဘာပြောလိုက်တယ်မသိ။ ရိပေါ်မျက်နှာက ပြုံးယောင်သမ်းသွားခဲ့သည်။
ပေကျင်းမှာ ကလပ်က တစ်ခုထဲရှိတာမဟုတ်ပေမယ့် ဝမ်ရိပေါ်နဲ့နေရာ တစ်ခုထဲမှာ တွေ့ရခြင်းက ဘယ်လိုရေစက်ဆိုးပါလိမ့်..။
ရှောင်းကျန့် မတ်တပ် ရပ်ပြီး ရိပေါ်ရှိရာနေရာကိုထထွက်သွားတော့ ဖန်သိုသိုကပါ အနောက်ကနေ ထပ်ကြပ်မခွာပဲ လိုက်ရတော့တယ်။ လင်းပေါင်နဲ့ ကွေးနေအောင် 'က'ခုန် ပျော်ပါးနေတဲ့ဝမ်ရိပေါ်က သူ့ကိုမမြင်။ စိုးရိမ်တကြီး အနားမှာကော်လိုလာကပ်တဲ့ ချာတိတ်ကိုလည်း ရင်ခွင်ထဲထည့်ရင်း ...
"ဝမ်ရိပေါ်!!!
ပုခုံးကနေ ကိုင်ပြီး ဆွဲလှည့်လိုက်တဲ့အခါ ရိပေါ်က သူ့ကိုတွေ့တော့အတော်လေး အံ့အားသင့်သွားပုံပင်။
"ခင်ဗျား ဘယ်လိုလုပ် ဒီမှာရှိနေတာလဲ"
"ငါ ဒီမှာရှိနေတာကြာပြီ မင်းကသာ ငါ့ကိုမမြင်တာ.."
"ကျွန်တော်တို့က အခုမှ ရောက်တာ .."
"တိုက်ဆိုင်လိုက်တာ မစ္စတာရှောင်းကို ဒီမှာတွေ့ရမယ်လို့မထင်ထားဘူး.."
သူ လင်းပေါင်ဘက်ကြည့်ပြီး ခေါင်းပဲညိတ်ပြလိုက်တယ်..။ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ သားဖြစ်သူပြန်ပေးဆွဲခံရမှုကို ကူညီရင်း ရခဲ့တဲ့ လင်းပေါင်မျက်နှာပေါ်က ဒဏ်ရာတွေက အခုတော့ ပျောက်ကင်းသလောက်ရှိနေလေပြီ။
"မစ္စတာရှောင်းက အဖော်ပါတာပဲ.."
လင်းပေါင်က ပြုံးစစ ပြောတော့ သူကမျက်ခုံးပင့်မိသွားပေမယ့်ဖန်သိုသိုကတော့ သဘောတကျဖြင့် သူ့လက်မောင်းကိုအတင်းဖက်တွယ်လာခဲ့ပါသည်။
"ရိပေါ် 'က'မယ်လေ မင်းပြောတော့ 'က'ချင်တယ်ဆို"
လင်းပေါင်ပြောမှ ရိပေါ်လည်း လင်းပေါင်ရှိရာဘက်ကိုကူးသွားရင်း ရှောင်းကျန့်ကို လစ်လျူရှုထားလိုက်တယ်..။ သားကို ကယ်တုန်းက တကူးတက လိုက်ပို့ခဲ့တဲ့ လင်းပေါင်ကိုသူမျက်နှာချင်းဆိုင်ပြီး ကျေးဇူးတင်ချင်ခဲ့တာ။ အခုက ကျေးဇူးတင်ဖို့ အချိန်ကောင်းပဲ။
"လင်းပေါင်!!
"ဟင်!!
"ငါ့သား ပြန်ပေးဆွဲခံရတုန်းက ငါ့ကိုကူညီတဲ့အတွက် မင်းကိုကျေးဇူးတင်ပါတယ်"
လင်းပေါင်က အစတုန်းကတော့ ကြောင်အမ်းအမ်းဖြစ်သွားပြီးခဏလောက်နေတော့ ပြုံးလိုက်တယ်။ ပြီးမှ ရိပေါ်ခါးလေးကိုလက်တစ်ဖက်နဲ့ ဆွဲဖက်ရင်း သူ့နဲ့အနီးဆုံးဖြစ်သွားအောင်ဆွဲကပ်လိုက်တယ်။
"ကိုယ်တို့ကြားမှာ ကျေးဇူးတင်စကားပြောဖို့ မလိုအပ်ပါဘူးတကယ်လို့ ကိုယ့်လုပ်ရပ်တစ်ခုက မင်းကိုသာ အကူညီဖြစ်စေမယ်ဆို ကိုယ်တကယ်ဝမ်းသာပြီး ကျေနပ်ပါတယ်.."
ရိပေါ် ခေါင်းကို ခပ်သွက်သွက်ညိတ်ပြလိုက်သည်...။ လင်းပေါင်ရဲ့ လက်ချောင်းတွေက သူ့မျက်နှာ အစိတ်ပိုင်းတစ်ခုချင်းဆီမှာ ပြေးလွှားနေကြ၏။ ရိပေါ် ကြောင်အမ်းအမ်းဖြစ်သွားရင်း ရှက်ရယ် ရယ်လိုက်သည်။
"ငါ့မျက်နှာမှာ ဘာပေနေလို့လဲ.."
"ဟင့်အင်း!!! မင်းကိုယ့်ကို တကယ်ကျေးဇူးတင်တယ်ဆိုရင်ဆုပေးဖို့ အစီစဉ်ရှိလား"
ရိပေါ် ဒါကို တကယ်မစဉ်းစားထားတာမို့ ကြောင်အမ်းအမ်းဖြစ်သွားရတယ်။ ဒါပေမယ့် သူ့ဘက်က လင်းပေါင်ကို တကယ်ကျေးဇူးတင်တာမို့ စိတ်ကိုအတတ်နိုင်ဆုံး လျှော့ချလိုက်ရင်း
"မင်းက ဘာဆု လိုချင်လို့လဲ..'
"မင်း ကိုယ့်ကိုနမ်းလေ ဒီနေရာကို!!!!
သူ့ပါးတစ်ဖက်ကို ထိုးပေးရင်း လင်းပေါင်က ပြုံးစိစိပြောတော့သူကြောင်စီစီဖြစ်သွားရတယ်။
"ဒါက သိပ်မကောင်းဘူးလားလို့!!
"ဘာလို့ မကောင်းရမှာလဲ ပုံမှန်သူငယ်ချင်းတွေလည်း လက်ကိုင်ပါးနမ်းနေကျလေ ကိုယ်က အရမ်းကိုပုံမှန်ဆန်ပါတယ် ရိပေါ်ရာ!!
လင်းပေါင်ပြောတာလည်း မမှားတာမို့ ခြေဖျားထောက်ပြီး ပါးကိုနှုတ်ခမ်းနဲ့ ထိရုံပဲ နမ်းလိုက်တယ်။ ခဏဆိုမှ တကယ်ခဏလေးဖြစ်ပေမယ့် လင်းပေါင်ရဲ့ မျက်နှာက ကျေနပ်သွားသလို အပြုံးခပ်ကြီးကြီး ပေါ်လာကာ ဘေးမှာရှိတဲ့ ရှောင်းကျန့်ကို မတော်တဆပုံစံမျိုးနဲ့ ခေါင်းစောင်းကြည့်သည်။
တည်တင်းနေသော ရှောင်းကျန့်နဲ့ စပ်ဖြီးဖြီးဖြစ်နေသောလင်းပေါင် နဲ့ အကြည့်ချင်းဆုံသွားခဲ့၏။ ဘယ်လောက်ပဲ ထိုလူနှစ်ယောက် မချစ်ကြဘူးဆိုပါစေ သူ့အမျိုးသားက မိမိကိုနမ်းလိုက်တဲ့ကိစ္စက တကယ်ပဲသူ့ကို မလေးစားရာ ကျရောက်နေတုန်းပဲ။ ရိပေါ်လည်း သူကြည့်ရာကို လိုက်ကြည့်တော့ လွတ်လပ်ရေး ကျောက်တိုင်ကြီးပမာ ရပ်နေတဲ့ ရှောင်းကျန့်ကိုသွားတွေ့တယ်။ ထိုအခါမှ သူတို့နဲ့အတူ ရှောင်းကျန့်ပါ အတူတူရှိနေခြင်းကို ရိပေါ် သတိရသွား၏။
သူငေးနေတုန်းမှာပဲ လင်းပေါင်ရဲ့ အနမ်းတစ်ပွင့်က သူ့ပါးတစ်ဖက်ပေါ် နွေးခနဲ ကျရောက်လာလျက်။ ရိပေါ် ထပ်မံပြီးကြောင်အရင်း အနမ်းခံလိုက်ရတဲ့ ပါးကို လက်နဲ့အုပ်ကိုင်ကာလင်းပေါင်ကို မယုံကြည်နိုင်သလို ပြန်ကြည့်လိုက်သည်..။
အဟင်း!! အခုတော့ ပါးနမ်းရုံပဲပေါ့ နောက်တော့မှ အဆင့်တက်ပြီး မင်းရဲ့နှုတ်ခမ်းကိုနမ်းပြီး မင်းကိုပါအပိုင်သိမ်းပစ်မှာ ရိပေါ်။
ရှောင်းကျန့်မှာ ရှေ့ကမြင်ကွင်းကြောင့် အမှန်တကယ်စိတ်မသက်သာ ဖြစ်သွားရပေမယ့် တကယ်တမ်းမှာတော့ ရိပေါ်နဲ့သူကတစ်ယောက်ကိုတစ်ယောက် တားခွင့်ရော အပြစ်တင်ခွင့်ရောရှိမှ မရှိကြပဲ။
သို့နှင့် ပင့်သက်တစ်ချက်ရှိုက်ရင်း သူ့လက်မောင်းပေါ် တွဲခိုနေတဲ့ဖန်သိုသိုကို ခါးကနေ သိမ်းဖက်ကာ နှုတ်ခမ်းသားတို့အား ပူလောင် ပြင်းရှသည့် အနမ်းတို့ဖြင့် စတင်ပြီး ခပ်ကြမ်းကြမ်းနမ်းပစ်လိုက်သည်။
"ဦး!! အွန့်.."
တကယ်အသက်ရှူရခက်သောကြောင့် ဖန်သိုသို စတင်ရုန်းကန်လာသော်လည်း သူ့ကိုထုရိုက်နေတဲ့ လက်တွေကို ရှောင်းကျန့်မှာဖမ်းချုပ်ပစ်လိုက်၏။ အရင်တုန်းက နူးညံ့ငြင်သာသလောက် အခုတော့ ပြင်းပြင်းထန်ထန် နမ်းလာတဲ့ ဦးကို သူအံ့ဩမိသည်။ နောက်တော့ ဘယ်လောက်ရုန်းကန်ပါစေ မလွှတ်ပေးတဲ့ဦးကြောင့် ငြိမ်ငြိမ်လေးပဲအနမ်းခံလိုက်တော့တယ်။ ဒါပေမယ့်ဦးဘက်က လွှတ်ပေးတဲ့ အချိန်မှာတော့ နှုတ်ခမ်းတစ်ခုလုံးထူပူပြီး နှုတ်ခမ်းသားက ပေါက်ပြဲလို့ သွေးတောင်စို့သွားသည်အထိ။
"အာ့... ဦး.. ဘာလို့ တအားနမ်းရတာလဲ နှုတ်ခမ်းပေါက်သွားပြီ"
"ကျွတ်!! ဟုတ်လား ပြစမ်း!!
စိုးရိမ်တကြီး ပြောလာတော့လည်း သူက ကျေနပ်ရပါတယ်။
"ဆောရီးပါ ချာတိတ်ရယ် ကိုယ်သတိလက်လွတ်ဖြစ်သွားတာ"
"ရပါတယ် ဦးရဲ့ ဦးက သိုသိုကို ချစ်လို့ တအားနမ်းလိုက်တာ မဟုတ်ဘူးလား"
ဦးက သူ့အမျိုးသားရှေ့မှာတောင်မရှောင်ပဲ မိမိကို နှုတ်ခမ်းပေါက်တဲ့အထိ ဆွဲနမ်းတာဆိုတာက ချစ်လို့လို့ သိုသိုက မှတ်ယူလိုက်ပါတယ်။
ရှောင်းကျန့် ဘယ်လိုကြောင့် ဤကလေးကို နှုတ်ခမ်းပေါက်တဲ့အထိ နမ်းလိုက်မိလည်း ကိုယ့်ကိုယ်ကိုယ် မတွေးတတ်။ ရိပေါ်ထံကို အကြည့်တွေ ပို့လိုက်တော့ ရိပေါ်က လင်းပေါင်နဲ့အတူတွဲပြီး'က'နေသည်။ သူ့ကိုတောင် တစ်ချက်မကြည့်..။
"ရိပေါ် ဒါသောက်လိုက် 'က'တယ်ဆိုတာ မူးနေမှ ပိုပျော်ဖို့ကောင်းတာ"
"ကျေးဇူး!!
ရိပေါ် ၊ လင်းပေါင်ကမ်းပေးတဲ့ခွက်ကို တစ်ချိုက်ထဲမော့ပစ်တော့ပူပြင်းသည့် အရည်တစ်ချို့က လည်ချောင်းတစ်လျှောက်စီးဆင်းသွားပါသည်။ ရှောင်းကျန့်နဲ့ သူနဲ့ယှဉ်ပါက ရှောင်းကျန့်က ပိုပြီးအရက်ကြမ်းကြေသူဖြစ်ကာ တော်ရုံမမူးတတ်ပေမယ့် သူကတော့ထိုသို့မဟုတ်ပါပဲ သောက်တိုင်းမူးတတ်သူပင်။
နောက်တော့ လင်းပေါင်တိုက်တဲ့အရာကြောင့် တစ်ခွက်တည်းနဲ့မူးသွားပြီး လူတွေကြားထဲ တိုးဝင်သွားကာ လင်းပေါင်နဲ့အတူစီးချက်ကျကျ 'က'ကြတော့တယ်။ ထိုအခါ ရှောင်းကျန့်ကလည်းသိုသိုလက်ကိုဆွဲပြီး ရိပေါ်တို့ဘေးမှာပဲ ရပ်လိုက်ကာ အချင်းချင်းလှုပ်ရှား က ခုန်ကြ၏။
သို့နှင့် လင်းပေါင်နဲ့ ရိပေါ် က'နေရင်းက ရှောင်းကျန့်ကဘယ်လိုမျက်လှည့်ပြလိုက်တယ်မသိ။ သူနဲ့လက်ချင်းတွဲထားတဲ့ ရိပေါ်မှာရှောင်းကျန့်လက်ထဲ ပြန်ပါသွားပြီး ရှောင်းကျန့်နဲ့အတူ က နေတဲ့ဖန်သိုသိုမှာ ကြောင်အမ်းအမ်းဖြင့် သူ့လက်ထဲ အသာလေးပါလာခဲ့သည်။
သူနဲ့ ဖန်သိုသို မကျေမနပ်ဖြစ်သွားပြီး ရှောင်းကျန့်ဆီ လှည့်ကြည့်လာကြတယ်။ ရိပေါ်က မူးနေတဲ့ အနေထားဖြစ်နေပေမယ့်သူ လင်းပေါင်နဲ့အတူရှိနေတာမဟုတ်ဘူးဆိုတာကို သိပုံရတယ်..။ ချက်ချင်း 'က'နေတာကို ရပ်ပစ်လိုက်ပေမယ့် ယိမ်းယိုင်နေတဲ့ခြေလှမ်းတွေကြောင့် လဲကျမလိုဖြစ်သွားတဲ့သူ့ကို အလျင်အမြန်ပဲရှောင်းကျန့်က ထိန်းထားပေးလိုက်တယ်။
အရှိန်ပါတာမို့ သူ့မျက်နှာက ရှောင်းကျန့်ရင်ဘက်နဲ့ ပြေးအပ်တယ်။ ထိုအခါ သူကြားရသည်က တဒုံးဒုံးခုန်နေတဲ့ ရင်ခုန်သံတစ်ခု။ ထိုအရာတို့က Club မှာ ဖွင့်ထားတဲ့ သီချင်းသံတွေထပ်တောင် ပိုပြီးကျယ်သေးတယ်လို့ ရိပေါ် ထင်မိပါသည်။
သူ ရှောင်းကျန့်မျက်နှာကို ရင်ခွင်ထဲကနေ ခွာပြီးမော့ကြည့်လိုက်တယ်။ တင်းမာနေတဲ့ အကြည့်တွေက ဖြည်းဖြည်းချင်း နူးညံ့လာတာကို ရိပေါ် တွေ့ရပေမယ့် နားမလည်ပါ။
"ခင်ဗျား ရင်ခုန်နေတာလား ဘရို!!
မေးခွန်းကြောင့် ရှောင်းကျန့်မှာ ဟက်ခနဲ တစ်ချက်ရယ်ပြီး
"ဟုတ်တယ် ရင်မခုန်ရင် သေသွားမှာပေါ့"
"ရိပေါ် မင်းအဆင်ပြေလား.."
ရိပေါ်ခါးကို ဆွဲဖက်ပြီး သူနဲ့ကပ်လိုက်တော့ ရှောင်းကျန့်နဲ့ ရိပေါ်ခပ်ခွာခွာဖြစ်သွားတယ်။
"ငါ အဆင်ပြေပါတယ်"
"ထပ်သောက်ချင်လား!!
"အင်း သောက်မယ်လေ.."
ရိပေါ်က တက်ကြွစွာပဲ သူနဲ့အတူ ပါလာပြီး ရှောင်းကျန့်ကိုအဲ့ဒီနေရာမှာပဲ ထားပစ်ခဲ့လိုက်တယ်။ လင်းပေါင် ရိပေါ်ကိုခေါ်ပြီးသောက်ဖို့ လျှောက်လာရင်း အနောက်မှာ ကျန်ရစ်ခဲ့တဲ့ရှောင်းကျန့်ကို ချာခနဲတစ်ချက်လှည့်ကြည့်တယ်။ ရှောင်းကျန့် သူ့ကိုပြန်ကြည့်တဲ့ အကြည့်တွေထဲမှာလည်း 'မင်းငယ်ပါသေးတယ်'ဆိုတဲ့ အငွေ့သက်တွေက ထင်ဟပ်လို့။
......................
ဇိမ်ခံကားတစ်စီးက ခမ်းနားသည့် အိမ်ရှေ့မှာထိုးရပ်သွားခြင်းနဲ့အတူ ထိုကားပေါ်မှ ဆင်းလာသူက အသက်၅၀အရွယ် ယောက်ျားတစ်ယောက်။ မြင့်မားသောအရပ် သန်မာဆဲဖြစ်တဲ့ခန္ဓာကိုယ်။ ဗိုက်ကြွက်သားတွေကလည်း အဆီအပိုမရှိ။သူ့ဟာနဲ့သူ ကြည့်လို့ကောင်းနေသေးသည်။ ဂုတ်ထိရှည်လျားတဲ့ဆံပင်တစ်ချို့ကို အနောက်မှာ စည်းနှောင်ထားခဲ့ပြီးမျက်နှာကလည်း အသက်၅၀အရွယ်လို့ မထင်ရလေအောင်နုပျိုနေခဲ့ပါ၏။
သူအထဲကို ဝင်ရန်ပြုတော့ တံခါးဝမှာ ရပ်နေကြသော ကိုယ်ရံတော်တွေက အရိုသေပြုကြသည်..။ ၎င်းတို့အား လစ်လျူရှုပြီးသည့်နောက် သူ့ဦးတည်ရာက အပေါ်ထပ်က အလုပ်ခန်းထဲသို့။
"သူ အထဲမှာလား.."
"ဟုတ်ကဲ့!!
ထို့နောက် တံခါးကို အသာဖွင့်ရင်း အထဲကို ကျော့ကျော့မော့မော့လျှောက်ဝင်လာသည့်အခါ သူ့ဘက်ကို ချာခနဲလှည့်ကြည့်လာတဲ့ယောက်ျားဆန်တဲ့ မျက်နှာလေး။ သူ့ကိုတွေ့တွေ့ချင်း အံ့ဩသွားပုံ မရပါပဲ မျက်ခုံးပင့်ပြီးမှ မျက်နှာပြန်လွှဲသွားတော့ အကျေမနပ် ဖြစ်သွားသူက ကိုယ်တိုင်သာ။
ဘေးဘီကို တစ်ချက်ဝေ့ကြည့်တော့ ကြမ်းပြင်မှာ ဘီယာဗူးခွံနှစ်ဗူးသုံးဗူးနဲ့တကွ သောက်လို့ကုန်သွားလို့ ပစ်ထားသည့်စီးကရက် အတိုတွေက မွစာကြဲနေလေရဲ့..။ နည်းနည်းလောက်စိတ်ပျက်သွားသလို တစ်ဖက်လူကလည်း သူ့ကိုကြိုဆိုချင်ပုံသိပ်မရ။
"ဘာလို့ ဖုန်းမကိုင်တာလဲ.."
မထီမဲ့မြင် အကြည့်တစ်ချက်က ဒိုင်းခနဲ ကျရောက်လာတဲ့အခါထိုကောင်လေးကို သူပထမဆုံး တွေ့ခဲ့တုန်းက အချိန်ကိုသွားပြီးသတိရမိသည်..။ စတွေ့ကတည်းက သားအရင်းတစ်ယောက်လိုချစ်ခဲ့ သဘောထားခဲ့ပေမယ့် ပြန်ရတဲ့ တုန့်ပြန်မှုကတော့ သူလုံးဝမလိုချင်တဲ့ တုန့်ပြန်မှုမျိုးပါပဲ။
လစ်လျူရှုခြင်းနဲ့ ဥပေက္ခာပြုခြင်းက ထိုကောင်လေး မွေးတည်းကပါလာသည့် အရာလားလို့တောင် ထင်မိသည်အထိ...။
"မင်းရဲ့ မားကတောင် ဖုန်းမကိုင်လို့ စိတ်ပူနေခဲ့တာ သိလား!!
နောက်ဆုံးမှာတော့ သူကပဲအလျှော့ပေးပြီး နူးညံ့စွာ ပြောရသည်သာ။
"ဘာလို့ လိုက်လာတာလဲ.."
ပထမဆုံး ထွက်ပေါ်လာသည့် စကားသံက သူကြားချင်သည့်စကားမျိုးတော့မဟုတ်။ သို့ပေမယ့် ထိုတုန့်ပြန်မှုသေးသေးလေးကတောင် သူ့ကို လူကူရာမဲ့စွာ ပြုံးပျော်စေပါသည်....။
"မင်းဖုန်းမကိုင်လို့ ရှန်းအာက ငါ့ကို လိုက်လာခိုင်းတာပဲ"
"ဖုန်းမကိုင်ရုံနဲ့ ဒီအထိ လိုက်လာခဲ့တာလား လူကိုယုံချင်အောင်ပြောအုံး"
"တကယ်ပြောတာ ဘာလို့လိမ်တယ်ထင်တာတုန်း သားရဲ့.."
သား လို့ ခေါ်လိုက်တဲ့အခါ တင်းမာသွားတဲ့ မျက်နှာအနေထားကအရင်တုန်းကအတိုင်း ဘာမှပြောင်းလဲမှုမရှိ။ ထိုကောင်လေးကသူ့သား မဖြစ်ချင်သလို့ သူ့ရဲ့မားမားနဲ့လည်း မိမိအား သဘောမတူပေ။
"ကျုပ်ကို သားလို့မခေါ်ဖို့ ခင်ဗျားကို ဘယ်နှစ်ကြိမ်လောက်ပြောခဲ့ပြီးပြီလဲ ကျိုးယဲ့ချန်!!
"မင်းရဲ့မားနဲ့ လက်ထပ်ထားမှတော့ မင်းက ငါ့သားပေါ့!!
ထိုကဲ့သို့ ဖြစ်တည်မှုမျိုးကို လင်းပေါင်အတော်မုန်းလှသည်..။ လူမှန်းသိတတ်စ အရွယ်ကတည်းက မားက သူများအိမ်ထောင်ရေးကို ဖြိုခွဲပြီး သူ့ကို ရလာခဲ့သည် ဆိုတာကို နားလည်ခဲ့ရ၏။သူ့အဖေဆိုတဲ့လူကြီးမှာ ဘာမှ လက်ကြောမတင်း။ လက်ရှိတောက်တောက်ပြောင်ပြောင် နေနိုင်တာတောင်မှ သူ့တရားဝင်ဇနီးကြောင့် နေနိုင်ခဲ့တာ။
သူ့တည်ရှိမှုကို မုန်းတီးခဲ့သည့်နေ့က မားကို မယားငယ်လို့ သိသွားတဲ့အချိန်က စရမှာပဲ။ ဒီလောက်ထိ ပုတ်ခတ်ပြောဆိုကြပြီး တစ်ခါတစ်လေ ခဲနဲ့အထုခံရသည့်ဘဝကို မားက ပျော်နေခဲ့သလားမသိ။ တစ်နေ့ကျ လမ်းမှာ ကြက်ဥတွေ ခဲတွေနဲ့ အထုခံ အပေါက်ခံရတဲ့ မားကို သူတွေ့တော့ ရင်နာပေမယ့် မမြင်ချင်ယောင် ဆောင်ခဲ့လေခြင်း။ မားက သူများရဲ့ အငယ်အနှောင်းတဲ့။နောက်ပြီး သူကလည်း အဲ့ဒီလူနဲ့ မား ဖောက်ပြန်လို့ ရထားတဲ့ကလေးတစ်ယောက်။
နောက်ဆုံး သူတို့ကို မထောက်ပံ့နိုင်တော့တဲ့ လူကြီးက သူတို့သားအမိကို ထားရစ်ခဲ့ပြီး အချိန်တန်တော့ သူ့ရဲ့ချည်တိုင်ပဲပြန်သွားခဲ့သည်။ မားဘက်က သူ့ကိုချစ်၊ မချစ်တော့ မသိ။ သူကတော့ ထိုဘဝကိုစိတ်နာခဲ့ပြီး မားကိုလည်း စိတ်နာခဲ့သည်။တကယ်ဆို မားက သူ့ကိုမမွေးခဲ့သင့်ဟု သူထင်မိ၏..။
အဲ့ဒီနေ့ကို သူအခုထိ ကောင်းကောင်းမှတ်မိနေတုန်းပါပဲ..။တစ်နေ့တော့ သူက မုန့်ဆိုင်ရှေ့ကနေ မားနဲ့အတူဖြတ်လျှောက်တုန်း ကောင်တာထဲမှာ အရသာရှိပြီး ဈေးကြီးတဲ့ ကိတ်မုန့်တစ်ခုကို စားချင်ခဲ့သည်။ အိမ်ပေါ်က နှင်ချခံလိုက်ရတာမို့ ပိုက်ဆံကတစ်ပြားမှမရှိ။ အဲ့ဒါနဲ့ မားက သူ့အတွက် ဆိုင်ရှင်နဲ့ သွားအိပ်ပြီးပြန်လာတော့ သူစားချင်တဲ့ ကိတ်မုန့်လေး လက်ထဲ ထည့်ပေးလာတော့ အရသာရှိရှိ စားခဲ့ရပါ၏။
ပေကျင်းမှာ သူ့အသက်၁၅နှစ်ကျော်သည်အထိ တောင့်ခံခဲ့ရတယ်။ မားမား နောက်အိမ်ထောင် မပြုခင်မှာ သူ ရိပေါ်နဲ့တွေ့ခဲ့တယ်။ သူ့ကိုပထမဆုံး ရင်ခုန်စိတ်လှုပ်ရှားအောင် လုပ်နိုင်ခဲ့သူဖြစ်ပြီး သူ့အသက်ကိုတောင် အဲ့ဒီကောင်လေး အတွက်လိုလိုလားလား ပေးဖို့ အဆင်သင့်ဖြစ်သည်အထိ သူဟာအဲ့ဒီကောင်လေးကို ချစ်မိသွားတယ်။
သူ့ကို အချစ်က ဘာလဲဆိုတာ သိစေခဲ့တဲ့သူဆိုလည်းမမှား..။ ကံကြမ္မာအရ ရိပေါ်နဲ့သူ ဝေးကွာပြီး ပြန်တွေ့တော့ ရိပေါ်ကအိမ်ထောင်ကျသွားတဲ့အပြင် ကလေးတစ်ယောက်ပါ ရနေပြီတဲ့။ဒါကို ရိပေါ်နှုတ်ကနေ ကြားကြားချင်း ရူးမတတ်ပါပဲ..။
အဝေးကို ရောက်နေပေမယ့် ဒီနှစ်တွေမှာ ရိပေါ်ကိုသတိမရတဲ့နေ့ဆိုတာ တစ်နေ့မှမရှိ။ သတိရမိတဲ့ တစ်စက္ကန့်ကတောင် သူ့ကိုတစ်ကမ္ဘာလို့ ထင်မိတဲ့အထိ ရိပေါ် အပေါ်ထားရှိတဲ့ သူ့အချစ်တွေရူးသွပ် စွဲလမ်းမှုတွေက ဘယ်ပေတံနဲ့မှ တိုင်းတာလို့မရပါဘူး..။
ရိပေါ်နဲ့အရင်တွေ့ပြီး ချစ်တဲ့သူဟာ သူပဲမို့ ပိုင်သင့်တဲ့လူဟာလည်း သူတစ်ယောက်ထဲလို့သာ ခံယူထားပါတယ်..။ ကာယကံရှင်နှစ်ဦးက အချင်းချင်း မချစ်ကြတာမို့ ဒါဟာ သူများအိမ်ထောင်ရေးကို ဖြိုခွဲတယ်လို့ ဘယ်ပြောလို့ရပါ့မလဲ..။
'သားကြောင့်သာမဟုတ်ရင် ငါသူနဲ့မပေါင်းဘူး'တဲ့။ ရိပေါ်ရဲ့ ထိုစကားက သူ့ကိုတက်ကြွစေခဲ့တာပါပဲ..။ သူ့ရှေ့မှာရှိနေတဲ့ အဲ့ဒီကောင်လေးက ဘယ်အချိန်မဆို သူ့ကို ရင်ခုန်အောင် ပြုစားနိုင်နေဆဲပဲ။
စိတ်မကောင်းပေမယ့် ရိပေါ်ရဲ့ နှောင်ကြိုးက အဲ့ဒီကလေးဆိုရင်သူက ဘာဖြစ်လို့ မဖြတ်တောက်ပစ်နိုင်ရမှာလဲ..။ ပထမခြေလှမ်းဖြစ်တဲ့ ပြန်ပေးဆွဲပြီး လုပ်ကြံခိုင်းတော့လည်း မအောင်မြင်..,.။ခွေးသားတွေက အဲ့ကလေးက ချမ်းသာတာလည်းသိရော လုပ်ခိုင်းတာကိုပြီးအောင် မလုပ်ပဲ ပိုက်ဆံညစ်ကြတယ်လေ။ဒါနဲ့ သူလည်းမတတ်သာစွာ ခွေးသားတွေကို ရှင်းပစ်လိုက်ရတာပေါ့။
ဘာမှမရလိုက်ဘူးလို့လည်း ပြောလို့မရပြန်ဘူး..။ ရိပေါ်ကသူ့ကို ကျေးဇူးတင်ပြီး ဆုပေးတဲ့အနေနဲ့ နမ်းတောင် နမ်းသွားသေး။ တန်ပြန်အနေနဲ့ သူ့ဘက်ကလည်း ပြန်နမ်းခဲ့လိုက်တယ်။ခိုးလုပ်တာမဟုတ်တဲ့ တရားဝင်အနမ်းလို့ ဆိုရမှာပေါ့လေ..။
ရှောင်းပေါ်.. စိတ်ချပါ ဦးဦး မင်းကိုမနာကျင်ရပဲ ဘဝကူးကောင်းအောင် ကူညီပေးမှာပါ။
မင်းအပြစ်လည်း မဟုတ်ပါဘူး မင်းမှာ ဘာအပြစ်မှမရှိပါဘူးကွာ..ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ရဲ့သား ဖြစ်နေတာကသာ မင်းရဲ့တစ်ခုတည်းသော အပြစ်ပါ။
"မင်းရဲ့ မားကို ဖုန်းပြန်ဆက်လိုက်အုံး!!
ကျိုးယဲ့ချန် နောက်တစ်ကြိမ် အခန်းထဲပြန်ရောက်လာမှအတွေးစတွေ ပြတ်တောက်သွားပြီး ထိုလူ့အား အနှောက်ယှက်တစ်ခုလိုပြန်ကြည့်လိုက်တယ်။
"ဒါနဲ့ မင်းကောင်လေးတစ်ယောက်ကို လိုက်နေတယ်ဆို?
ဒီတစ်ခါမှာတော့ လင်းပေါင်မျက်နှာ တင်းမာလျက် သူ့ကိုဒိုင်းခနဲကြည့်လာသည်။
"ဘယ်သူပြောတာလဲ လော့ပေလား!!
"ငါ အစ်မေးလိုက်တာပါ မင်းရဲ့အတွင်းရေးမှူးက မင်းအပေါ်သစ္စာရှိပါတယ်.."
"ဘာပဲဖြစ်ဖြစ် အဲ့ဒါ ခင်ဗျားနဲ့မဆိုင်ဘူး"
"ဆိုင်တာပေါ့ မင်းက ငါ့သားလေ မင်းရဲ့ဆန္ဒက ငါ့ဆန္ဒပဲပေါ့!!
"ကျွန်တော် ခင်ဗျားကို အဖေတစ်ယောက်လို့ သတ်မှတ်ဖူးတာမဟုတ်ဘူး ကျိုးယဲ့ချန်!!
"အဲ့ဒီကောင်လေးက အိမ်ထောင်ရှိတယ်ဆို? ကလေးလည်းရှိတယ်တဲ့ သူ့ကိုယူမယ့်အစား နောက်တစ်ယောက် ပြောင်းကြိုက်ကြည့်ပါ့လား"
"ခင်ဗျားပါးစပ်ကို ပိတ်ထားလို့ ရမလား!! ဘာမှမသိပဲနဲ့လာဝေဖန် မနေနဲ့"
"ဟင်း!! ထားပါတော့.. မင်းကို ငါကူညီပေးရမလား"
"မလိုဘူး ခင်ဗျားဘေးထွက်နေရင် ရပြီ.. မားကို တိုင်ပြောပြီးချွန်လို့ကတော့ ခင်ဗျားသေပြီသာမှတ်"
စကားအဆုံး သူခပ်ဟဟရယ်၏။ ပြီးမှ
"ဘာဖြစ်လဲ နှစ်ယောက်ပေါင်းကြံတော့ ကိစ္စက မြန်မြန်ပြီးမြောက်တာပေါ့ မဟုတ်ဘူးလား အဲ့ကလေးကို မင်းအစား ငါရှင်းမယ်ဘာလို့လည်းဆိုတော့ အဲ့အပိုင်းမှာ မင်းထက် ငါပိုကျွမ်းတယ်!!
လင်းပေါင် စိတ်ကိုလျှော့ချလိုက်တယ်။ ဒီလူပြောတာလည်းမမှားဘူး သူတို့ပူးပေါင်းလိုက်လို့လည်း နစ်နာသွားမယ့်လူကသူရော ကျိုးယဲ့ချန်ရော တစ်ယောက်မှမဟုတ်ဘူး..။ နောက်ပြီးသူ့ပထွေးက ယုံရတယ်လေ..။ ပြီးတာနဲ့ ဖုန်းထဲမှာ သိမ်းထားတဲ့ကလေးတစ်ယောက်ရဲ့ပုံကို ထုတ်ပြလိုက်တယ်။
"သူ့နာမည်က ရှောင်းပေါ်ပေါ် အကယ်၍ လုပ်ကြံချင်ရင်ကျောင်းကနေ အိမ်ပြန်တဲ့ အချိန်ပဲ ရှိလိမ့်မယ်.."
ဖုန်းထဲမှာ ရှိတဲ့ ကလေးတစ်ယောက်နဲ့ သူ အကြည့်ချင်းဆုံသွား၏။ ပြီးနောက် နှုတ်ခမ်းတစ်ဖက်ကို မဲ့ပစ်သည်..။
မင်းက ဘယ်သူလည်းတော့ ငါမသိပါဘူး ကလေးလေး..။ဒါပေမယ့် ငါ့သားရဲ့လမ်းမှာ ဆူးညှောင့်ခလုတ်ဖြစ်နေရင်တော့ဘယ်လောက်ပဲ သေးငယ်ပါစေ ငါက ရှင်းထုတ်ပစ်ရမှာပဲ။
🌴🌴🌴တစ်ထေရာတည်း တူအောင် ပြန်ရေးပေးလိုက်တယ်နော် ရိပေါ်ကာရိုက်တာကလည်း လုံးဝမပြောင်းထားပါဘူး
Zawgyi 🌴
ရောင်စုံမီးတွေအောက်မှာ ပျော်ွက 'က'ခုန်ွက လုပ်နေသည့်လူကုံများထံသို့ အာရုံစိုက်ရင်ွးဖင့် ဝိုင်တစ်ငုံကို အရသာခံပြီးစိမ်ပြေနပြေ သောက်သည်။ ဒီရက်တွေမှာ အလုပ်တွေပိပြီး မအားမလပ်ွဖစ်နေတာမို့ ဒီလိုနေရာကို တကူးတက မရောက်ွဖစ်တာတောင် နည်းနည်ွးကာပြီပြောလို့ရတယ်။ အကယ်၍သူ့ကိုသာ ချာတိတ်က မခေါ်ခဲ့ရင် လွာဖစ်မယ်လို့တောင်မထင်ပါဘူး။
"ဦး... ဟိုဟာက ဦးရဲ့အမျိုးသားမဟုတ်လား သူ့ဘေးကကောင်က ဘယ်သွူကီးတုန်း"
ပေကျင်းမှာ ကလပ်က တစ်ခုထဲရှိတာမဟုတ်ပေမယ့် ဝမ်ရိပေါ်နဲ့နေရာ တစ်ခုထဲမှာ တွေ့ရွခင်းက ဘယ်လိုရေစက်ဆိုးပါလိမ့်..။
"ဝမ်ရိပေါ်!!!
"ငါ ဒီမှာရှိနေတွာကာပြီ မင်းကသာ ငါ့ကိုမမြင်တာ.."
"တိုက်ဆိုင်လိုက်တာ မစ်စတာရှောင်းကို ဒီမှာတွေ့ရမယ်လို့မထင်ထားဘူး.."
သူ လင်းပေါင်ဘက်ွကည့်ပြီး ခေါင်းပဲညိတ်ပြလိုက်တယ်..။ရက်အနည်းငယ်ွကာပြီးနောက်မှာတော့ သာွးဖစ်သူပြန်ပေးဆွဲခံရမှုကို ကူညီရင်း ရခဲ့တဲ့ လင်းပေါင်မျက်နှာပေါ်က ဒဏ်ရာတွေက အခုတော့ ပျောက်ကင်းသလောက်ရှိနေလေပြီ။
"မစ်စတာရှောင်းက အဖော်ပါတာပဲ.."
လင်းပေါင်က ပြုံးစစ ပြောတော့ သူကမျက်ခုံးပင့်မိသွားပေမယ့်ဖန်သိုသိုကတော့ သဘောတကျွဖင့် သူ့လက်မောင်းကိုအတင်းဖက်တွယ်လာခဲ့ပါသည်။
"လင်းပေါင်!!
"ဟင်!!
လင်းပေါင်က အစတုန်းကတော့ွေကာင်အမ်းအမ်ွးဖစ်သွားပြီးခဏလောက်နေတော့ ပြုံးလိုက်တယ်။ ပြီးမှ ရိပေါ်ခါးလေးကိုလက်တစ်ဖက်နဲ့ ဆွဲဖက်ရင်း သူ့နဲ့အနီးဆုံွးဖစ်သွားအောင်ဆွဲကပ်လိုက်တယ်။
"ကိုယ်တိွု့ကားမှာ ကျေးဇူးတင်စကားပြောဖို့ မလိုအပ်ပါဘူးတကယ်လို့ ကိုယ့်လုပ်ရပ်တစ်ခုက မင်းကိုသာ အကူညွီဖစ်စေမယ်ဆို ကိုယ်တကယ်ဝမ်းသာပြီး ကျေနပ်ပါတယ်.."
သူ့ပါးတစ်ဖက်ကို ထိုးပေးရင်း လင်းပေါင်က ပြုံးစိစိပြောတော့သွူေကာင်စီစွီဖစ်သွားရတယ်။
လင်းပေါင်ပြောတာလည်း မမှားတာမို့ွေခဖျားထောက်ပြီး ပါးကိုနှုတ်ခမ်းနဲ့ ထိရုံပဲ နမ်းလိုက်တယ်။ ခဏဆိုမှ တကယ်ခဏလေွးဖစ်ပေမယ့် လင်းပေါင်ရဲ့ မျက်နှာက ကျေနပ်သွားသလို အပြုံးခပ်ွကီွးကီး ပေါ်လာကာ ဘေးမှာရှိတဲ့ ရှောင်းကျန့်ကို မတော်တဆပုံစံမျိုးနဲ့ ခေါင်းစောင်ွးကည့်သည်။
တည်တင်းနေသော ရှောင်းကျန့်နဲ့ စပ်ွဖီွးဖီွးဖစ်နေသောလင်းပေါင် နဲ့ အွကည့်ချင်းဆုံသွားခဲ့၏။ ဘယ်လောက်ပဲ ထိုလူနှစ်ယောက် မချစ်ွကဘူးဆိုပါစေ သူ့အမျိုးသားက မိမိကိုနမ်းလိုက်တဲ့ကိစ်စက တကယ်ပဲသူ့ကို မလေးစားရာ ကျရောက်နေတုန်းပဲ။ ရိပေါ်လည်း သွူကည့်ရာကို လိုက်ွကည့်တော့ လွတ်လပ်ရေး ကျောက်တိုင်ွကီးပမာ ရပ်နေတဲ့ ရှောင်းကျန့်ကိုသွားတွေ့တယ်။ ထိုအခါမှ သူတို့နဲ့အတူ ရှောင်းကျန့်ပါ အတူတူရှိနွေခင်းကို ရိပေါ် သတိရသွား၏။
ရှောင်းကျန့်မှာ ရှေ့ကမြင်ကွင်ွးေကာင့် အမှန်တကယ်စိတ်မသက်သွာဖစ်သွားရပေမယ့် တကယ်တမ်းမှာတော့ ရိပေါ်နဲ့သူကတစ်ယောက်ကိုတစ်ယောက် တားခွင့်ရော အပြစ်တင်ခွင့်ရောရှိမှ မရွှိကပဲ။
သို့နှင့် ပင့်သက်တစ်ချက်ရှိုက်ရင်း သူ့လက်မောင်းပေါ် တွဲခိုနေတဲ့ဖန်သိုသိုကို ခါးကနေ သိမ်းဖက်ကာ နှုတ်ခမ်းသားတို့အား ပူလောင် ပြင်းရှသည့် အနမ်းတိွု့ဖင့် စတင်ပြီး ခပ်ွကမ်ွးကမ်းနမ်းပစ်လိုက်သည်။
"ဦး!! အွန့်.."
"ကျွတ်!! ဟုတ်လား ပြစမ်း!!
စိုးရိမ်တွကီး ပြောလာတော့လည်း သူက ကျေနပ်ရပါတယ်။
"ဆောရီးပါ ချာတိတ်ရယ် ကိုယ်သတိလက်လွတ်ွဖစ်သွားတာ"
ရှောင်းကျန့် ဘယ်လိွုေကာင့် ဤကလေးကို နှုတ်ခမ်းပေါက်တဲ့အထိ နမ်းလိုက်မိလည်း ကိုယ့်ကိုယ်ကိုယ် မတွေးတတ်။ ရိပေါ်ထံကို အွကည့်တွေ ပို့လိုက်တော့ ရိပေါ်က လင်းပေါင်နဲ့အတူတွဲပြီး'က'နေသည်။ သူ့ကိုတောင် တစ်ချက်မွကည့်..။
"ကျေးဇူး!!
နောက်တော့ လင်းပေါင်တိုက်တဲ့အရွာေကာင့် တစ်ခွက်တည်းနဲ့မူးသွားပြီး လူတွေကားထဲ တိုးဝင်သွားကာ လင်းပေါင်နဲ့အတူစီးချက်ကျကျ 'က'ွကတော့တယ်။ ထိုအခါ ရှောင်းကျန့်ကလည်းသိုသိုလက်ကိုဆွဲပြီး ရိပေါ်တို့ဘေးမှာပဲ ရပ်လိုက်ကာ အချင်းချင်းလှုပ်ရှား က ခုန်ွက၏။
သူနဲ့ ဖန်သိုသို မကျေမနပ်ွဖစ်သွားပြီး ရှောင်းကျန့်ဆီ လှည့်ွကည့်လွာကတယ်။ ရိပေါ်က မူးနေတဲ့ အနေထာွးဖစ်နေပေမယ့်သူ လင်းပေါင်နဲ့အတူရှိနေတာမဟုတ်ဘူးဆိုတာကို သိပုံရတယ်..။ ချက်ချင်း 'က'နေတာကို ရပ်ပစ်လိုက်ပေမယ့် ယိမ်းယိုင်နေတဲ့ွေခလှမ်းတွေေကာင့် လဲကျမလွိုဖစ်သွားတဲ့သူ့ကို အလျင်အမြန်ပဲရှောင်းကျန့်က ထိန်းထားပေးလိုက်တယ်။
သူ ရှောင်းကျန့်မျက်နှာကို ရင်ခွင်ထဲကနေ ခွာပြီးမေွာ့ကည့်လိုက်တယ်။ တင်းမာနေတဲ့ အွကည့်တွေကွဖည်ွးဖည်းချင်း နူးညံ့လာတာကို ရိပေါ် တွေ့ရပေမယ့် နားမလည်ပါ။
မေးခွန်ွးေကာင့် ရှောင်းကျန့်မှာ ဟက်ခနဲ တစ်ချက်ရယ်ပြီး
ရိပေါ်ခါးကို ဆွဲဖက်ပြီး သူနဲ့ကပ်လိုက်တော့ ရှောင်းကျန့်နဲ့ ရိပေါ်ခပ်ခွာခွာဖစ်သွားတယ်။
"ငါ အဆင်ပြေပါတယ်"
"ထပ်သောက်ချင်လား!!
"အင်း သောက်မယ်လေ.."
ရိပေါ်က တက်ွကွစွာပဲ သူနဲ့အတူ ပါလာပြီး ရှောင်းကျန့်ကိုအဲ့ဒီနေရာမှာပဲ ထားပစ်ခဲ့လိုက်တယ်။ လင်းပေါင် ရိပေါ်ကိုခေါ်ပြီးသောက်ဖို့ လျှောက်လာရင်း အနောက်မှာ ကျန်ရစ်ခဲ့တဲ့ရှောင်းကျန့်ကို ချာခနဲတစ်ချက်လှည့်ွကည့်တယ်။ ရှောင်းကျန့် သူ့ကိုပြန်ွကည့်တဲ့ အွကည့်တွေထဲမှာလည်း 'မင်းငယ်ပါသေးတယ်'ဆိုတဲ့ အငွေ့သက်တွေက ထင်ဟပ်လို့။
......................
သူအထဲကို ဝင်ရန်ပြုတော့ တံခါးဝမှာ ရပ်နွေကသော ကိုယ်ရံတော်တွေက အရိုသေပြွုကသည်..။ ၎င်းင်းတို့အား လစ်လျူရှုပြီးသည့်နောက် သူ့ဦးတည်ရာက အပေါ်ထပ်က အလုပ်ခန်းထဲသို့။
"သူ အထဲမှာလား.."
"ဟုတ်ကဲ့!!
ထို့နောက် တံခါးကို အသာဖွင့်ရင်း အထဲကို ကျော့ကျော့မော့မော့လျှောက်ဝင်လာသည့်အခါ သူ့ဘက်ကို ချာခနဲလှည့်ွကည့်လာတဲ့ယောက်ျားဆန်တဲ့ မျက်နှာလေး။ သူ့ကိုတွေ့တွေ့ချင်း အံ့ဩသွားပုံ မရပါပဲ မျက်ခုံးပင့်ပြီးမှ မျက်နှာပြန်လွှဲသွားတော့ အကျေမနပ်ွဖစ်သွားသူက ကိုယ်တိုင်သာ။
ဘေးဘီကို တစ်ချက်ဝွေ့ကည့်တေွာ့ကမ်းပြင်မှာ ဘီယာဗူးခွံနှစ်ဗူးသုံးဗူးနဲ့တကွ သောက်လို့ကုန်သွားလို့ ပစ်ထားသည့်စီးကရက် အတိုတွေက မွစွာကဲနေလေရဲ့..။ နည်းနည်းလောက်စိတ်ပျက်သွားသလို တစ်ဖက်လူကလည်း သူ့ကွိုကိုဆိုချင်ပုံသိပ်မရ။
လစ်လျူရွှုခင်းနဲ့ ဥပေက်ခာပြွုခင်းက ထိုကောင်လေး မွေးတည်းကပါလာသည့် အရာလားလို့တောင် ထင်မိသည်အထိ...။
"ဘာလို့ လိုက်လာတာလဲ.."
"ကျုပ်ကို သားလို့မခေါ်ဖို့ ခင်ဗျားကို ဘယ်နှစ်ွကိမ်လောက်ပြောခဲ့ပြီးပြီလဲ ကျိုးယဲ့ချန်!!
ထိုကဲ့သိွု့ဖစ်တည်မှုမျိုးကို လင်းပေါင်အတော်မုန်းလှသည်..။ လူမှန်းသိတတ်စ အရွယ်ကတည်းက မားက သူများအိမ်ထောင်ရေးကွိုဖိုခွဲပြီး သူ့ကို ရလာခဲ့သည် ဆိုတာကို နားလည်ခဲ့ရ၏။သူ့အဖေဆိုတဲ့လွူကီးမှာ ဘာမှ လက်ွေကာမတင်း။ လက်ရှိတောက်တောက်ပြောင်ပြောင် နေနိုင်တာတောင်မှ သူ့တရားဝင်ဇနီွးေကာင့် နေနိုင်ခဲ့တာ။
မင်းအပြစ်လည်း မဟုတ်ပါဘူး မင်းမှာ ဘာအပြစ်မှမရှိပါဘူးကွာ..ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ရဲ့သာွးဖစ်နေတာကသာ မင်းရဲ့တစ်ခုတည်းသော အပြစ်ပါ။
ကျိုးယဲ့ချန် နောက်တစ်ွကိမ် အခန်းထဲပြန်ရောက်လာမှအတွေးစတွေ ပြတ်တောက်သွားပြီး ထိုလူ့အား အနှောက်ယှက်တစ်ခုလိုပြန်ွကည့်လိုက်တယ်။
ဒီတစ်ခါမှာတော့ လင်းပေါင်မျက်နှာ တင်းမာလျက် သူ့ကိုဒိုင်းခနွဲကည့်လာသည်။
"ငါ အစ်မေးလိုက်တာပါ မင်းရဲ့အတွင်းရေးမှူးက မင်းအပေါ်သစ်စာရှိပါတယ်.."
"ဘာပွဲဖစ်ွဖစ် အဲ့ဒါ ခင်ဗျားနဲ့မဆိုင်ဘူး"
"ဆိုင်တာပေါ့ မင်းက ငါ့သားလေ မင်းရဲ့ဆန်ဒက ငါ့ဆန်ဒပဲပေါ့!!
"အဲ့ဒီကောင်လေးက အိမ်ထောင်ရှိတယ်ဆို? ကလေးလည်းရှိတယ်တဲ့ သူ့ကိုယူမယ့်အစား နောက်တစ်ယောက် ပြောင်ွးကိုက်ွကည့်ပါ့လား"
"ဘွာဖစ်လဲ နှစ်ယောက်ပေါင်ွးကံတော့ ကိစ်စက မြန်မြန်ပြီးမြောက်တာပေါ့ မဟုတ်ဘူးလား အဲ့ကလေးကို မင်းအစား ငါရှင်းမယ်ဘာလို့လည်းဆိုတော့ အဲ့အပိုင်းမှာ မင်းထက် ငါပိုကျွမ်းတယ်!!
"သူ့နာမည်က ရှောင်းပေါ်ပေါ် အကယ်၍ လုပ်ွကံချင်ရင်ကျောင်းကနေ အိမ်ပြန်တဲ့ အချိန်ပဲ ရှိလိမ့်မယ်.."
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)