Fanfics

Extra2

19:17, 8 August 2022

(Unicode)

အယ်လာကိုကြိုဖို့အတွက် မူကြိုရှေ့မှာလီဆာကားကိုမှီရင်း လက်ကနာရီကိုတကြည့်ကြည့်နဲ့စောင့်နေသည်။

ထိုအချိန် ကျောင်းထဲကကလေးသေးသေးလေးတွေအလျိုလျိုထွက်လာကြသည်။

"အယ်လာ....."

သမီးကိုအော်ခေါ်ကာ လက်ပြလိုက်ရင်းလီဆာဟိုဘက်ကမ်းကိုကူးသွားသည်။

"အယ်လာ...တာ့တာနော်မနက်ဖြန်မှတွေ့မယ်"

သမီးနားရောက်တော့ ကောင်လေးတစ်ယောက်ကအယ်လာ့ရဲ့ ပါးလေးကိုဆွဲရင်းနှုတ်ဆက်နေတာကိုတွေ့လိုက်ရတာကြောင့် သွေးတောင်ဆောင့်တက်သည်။

"အေးတာ့တာနော်ဒိုဟွန်း..."

"ကဲသူငယ်ချင်းကိုနှုတ်ဆက်ပြီးရင်လည်းဒါဒါတို့ပြန်ကြမယ်နော်မင်းသမီးလေး"

အယ်လာ့လက်သေးသေးလေးကိုဆွဲလိုက်ပြီး ခေါ်သွားမလို့ပဲရှိသေးဟိုကောင်လေးလုပ်လိုက်တဲ့အရာကြောင့်လီဆာ မူးမေ့လဲချင်သွားသည်။

သမီးရဲ့ပါးကိုနမ်းသွားတာ....

"ဟေ့ကောင်လေး...မင်းငါ့သမီးကိုဘာလုပ်တာလဲ"

အဲ့ကလေးရဲ့အကျီစကိုလှမ်းဆွဲရင်းလီဆာအသံမာမာနဲ့မေးလိုက်သည်။

အယ်လာကတော့ သူ့ပါးသူပွတ်ရင်းရှက်ပြုံးလေးနဲ့ပြုံးနေသေး...

"နမ်းလိုက်တာလေအဒေါ်ကြီးကလည်း"

"ဒီကောင်နဲ့တော့ငါ့သမီးကိုလည်းနမ်းသေးတယ်...ငါ့ကိုလည်းအဒေါ်ကြီးဆ်ိုပဲ"

စိတ်ထဲကြည့်မရတာနဲ့အဲ့ကလေးရဲ့ခေါင်းကိုတစ်ချက်ခေါက်ပေးလိုက်သည်။

ဒါတောင်အဲ့ကောင်လေးက ခပ်ပြုံးပြုံးသာ

"ဒါဒါဘာလို့ဒိုဟွန်းကိုခေါက်လိုက်တာလဲ"

"ဒါဒါ့မင်းသမီးလေးကိုနမ်းလို့လေ"

လီဆာအဲ့လိုပြောတော့ အယ်လာလေးဟာနှုတ်ခမ်းလေးဆူရင်း လက်ပိုက်ကာမျက်နှာတောင်တစ်ဖက်လွဲသွားသည်။

"အယ်လာရယ်နင့်ဒါဒါကိုစိတ်ကောက်မနေနဲ့..သူကနင့်ကိုချစ်လို့နှမျောနေတာပါဟ..ငါသွားတော့မယ်တာ့တာ"

အယ်လာ့ခေါင်းလေးကိုပုတ်ပေးရင်းထိုကောင်လေးက ထွက်သွားသည်။

လီဆာကတော့ နှစ်ယောက်သားကိုကြည့်ရင်းပါးစပ်အဟောင်းသား..

"ကဲမင်းသမီးလေးက အဲ့လောက်တောင်စိတ်ကောက်သွားတာလားဟင်"

သမီးရှေ့ထိုင်ချရင်း ပါးလေးကိုဆွဲကာမေးလိုက်တော့ သူမလေးက ဟွန့်ဆိုပြီးတစ်ဖက်ထပ်လှည့်သွားပြန်သည်။

"ဒါဒါကသမီးလေးကိုတွန့်တိုလို့လေကွာ..လာပါစိတ်ဆိုးမနေနဲ့တော့အိမ်ပြန်ကြမယ်"

အယ်လာ့ကိုချီမှရတော့မယ်မှန်းသိလို့ပွေ့ချီလိုက်ပြီး ကားထဲထည့်ပေးလိုက်သည်။

လမ်းတစ်ဝက်ရောက်တဲ့အထိလည်းသမီးဟာလက်ကြီးပိုက်ကာနှုတ်ခမ်းဆူထားတုန်း..

မဒမ်ပြောနေကျစကားတစ်ခွန်းတောင်သတိရသွားသေးသည်။

"သမီးကမောင့်လိုပဲအဂျစ်လေး"တဲ့လေ....

"ရေခဲမုန့်စားမလားမင်းသမီးလေး"

"မစားဘူး..ဒါဒါနဲ့လည်းစကားမပြောဘူး"

ဆူပုတ်ပုတ်နဲ့ အယ်လာဟာတကယ့်ကိုစိတ်ဆိုးပြေမယ့်ပုံမပေါ်တာ...

"အဲ့လိုတော့မလုပ်နဲ့လေသမီးရယ်..စကားလေးတော့ပြောပါကွာနော်"

ခေါင်းတွေချည်းခါရမ်းကာတုန့်ပြန်နေတဲ့ အယ်လာ့ကြောင့်လီဆာသက်ပြင်းသဲ့သဲ့ချမိသည်။

"အဲ့ကောင်လေးကိုအတော်ချစ်နေတာပဲ"

လီဆာခပ်တိုးတိုးပြောလိုက်ရင်းကားကိုပဲဂရုစိုက်ကာမောင်းခဲ့သည်။

အိမ်လည်းပြန်ရောက်ရောခြံထဲမှာ မဒမ့်ကားကိုတွေ့တာကြောင့်အစောကြီးပြန်ရောက်နေမှန်းသိလိုက်ရသည်။

"ဒီနေ့စောလှချည်လား နီ"

အဝင်ဝမှာ ဖိနပ်ချွတ်ရင်းမဒမ့်အားအော်ပြောလိုက်သည်။

အယ်လာကတော့ သူ့မာမီဆီတကျိုးတည်းပြေးတော့တာပဲ။

"ဟုတ်တယ်မောင်...စောပြန်လာလိုက်တာ"

အယ်လာ့ကိုချီထားရင်း မဒမ်ဟာဧည့်ခန်းထဲကထွက်လာသည်။

အသံကလည်းတိုးလျလျ..မျက်နှာလေးကလည်းဖြူဖျော့ဖျော့ကြောင့်လီဆာစိုးရိမ်သွားရသည်။

"နီ...နေကောင်းရဲ့လား"

"ကောင်းပါတယ်..တို့ဘာမှမဖြစ်ဘူး"

"မာမီ့ကိုတိုင်စရာရှိတယ်သိလား...ဒီနေ့ဒါဒါကလေသမီးသူငယ်ချင်းဒိုဟွန်းခေါင်းကိုနာအောင်ခေါက်လိုက်တယ်"

သူ့မာမီကို ပြန်တိုင်တော့မယ်ဆိုတာလီဆာကြိုတင်ခန့်မှန်းပြီးသား...

သမီးရဲ့အကျင့်ကအမြဲအဲ့လိုလေ။

"ဟုတ်လား..ဒါဒါကဘာလို့အဲ့ကောင်လေးခေါင်းကိုခေါက်တာတုန်း"

"အဲ့ကလေးကသမီးပါးကိုနမ်းလိုက်လို့လေ..အဲ့တာကြောင့်မောင်ခေါက်ပေးလိုက်တာ"

ရယ်ကျဲကျဲနဲ့ပြောလာတဲ့မောင့်အားကြည့်ရင်းဂျန်းနီခေါင်းအတွင်တွင်ခါမိသည်။

"ဒါလောက်လေးကိုသူများသားသမီးကိုအဲ့လိုလုပ်လိုက်ရလားမောင်ရယ်"

"ဘာဒါလောက်လေးလဲ..သူကသမီးပါးကိုနမ်းလိုက်တာ"

"သမီးလေး..အခန်းထဲဝင်ပြီးအဝတ်လဲတော့နော်ပြီးရင်ကစားစရာတွေနဲ့ဆော့နေဟုတ်ပြီလား"

"ဟုတ်ကဲ့မာမီ..."

အယ်လာက သူ့အခန်းထဲကိုတန်းနေအောင်ပြေးဝင်သွားမှပဲ မဒမ်လည်းသူ့အဂျစ်ဘက်လှည့်ရင်း

"မင်းကလေအခုထိကလေးဆန်နေတုန်းတခါလောက်ဖြစ်ဖြစ်ရင့်ကျက်ကြည့်စမ်းပါလာလီဆာ"

စိတ်ပျက်နေတဲ့မျက်ဝန်းတွေနဲ့သူ့ကိုကြည့်ရင်းပြောသွားတဲ့မဒမ်ဟာအပေါ်ထပ်ကိုတက်သွားပြန်သည်။

လီဆာကတော့ ကြောင်တောင်တောင်နဲ့အဲ့နေရာမှာရပ်နေမိတုန်း....

"ငါအဲ့ကလေးကိုလုပ်လိုက်တာဘာတွေများကြီးကျယ်သွားလို့လဲကွာ"

ကိုယ့်ဆံပင်တွေကို ပြန်ဖွရင်းမဒမ့်အနောက်ကိုလိုက်သွားခဲ့သည်။

"နီ....ဘာလို့မောင့်ကိုအဲ့လိုပြောရတာလဲ။တကယ်ဆိုဒီကိစ္စကသမီးကိုချစ်လို့မောင်ကဒီတိုင်းလုပ်လိုက်တာလေကွာ"

အလုပ်စားပွဲကထိုင်ခုံမှာဘေးတစောင်းထိုင်နေတဲ့မဒမ်ကလီဆာ့ကိုစောင်းငဲ့ကြည့်လာသည်။

"အခုပဲကြည့်လေမင်းကတကယ့်ကလေးစိတ်"

"မောင့်ကိုတခုခုစိတ်ဆိုးနေတာရှိလား နီ"

"ဘာမှမရှိဘူးလီဆာ...တို့အေးဆေးနေချင်တယ်"

"နီ...မင်းလိမ်နေတာမင်းပုံစံကမသိရင်ပဲမောင့်ကိုစိတ်ကုန်နေသလိုပဲ"

"ကျစ်...အဲ့တာတွေပဲ...တခုခုဆိုမင်းတွေးချင်တာပဲတွေးတယ်။တို့ဘက်ကိုဘယ်တော့မှနားမလည်ပေးဘူး"

"နီ..ဘာဖြစ်နေတာလဲမောင်ကမှနားမလည်န်ိုင်တာ"

"တို့ပြောမယ်နော်လီဆာ..မင်းအဲ့ကလေးကိုခေါင်းခေါက်ခဲ့တာကိုသူ့မိဘတွေကမကျေနပ်ရင်တို့ကကျောင်းလိုက်ပြီးတခါဖြေရှင်းရအုန်းမယ်"

"အဲ့လိုဖြစ်ခဲ့ရင်တောင် မောင်သွားလို့ရတယ်လေ"

"တော်ပါမင်းလိုကလေးစိတ်ကိုလွတ်လိုက်ရင် ပြဿနာပိုကြီးလာအုန်းမယ်။ကျေးဇူးပြုပြီးလီဆာ မင်းရင့်ကျက်သင့်ပြီ။မင်းကိုဘယ်နေရာမှယုံကြည်လို့မရတာကိုတို့ကဘယ်လိုစိတ်ချရမှာလဲ"

မဒမ့်နှုတ်ကထွက်လာတဲ့စကားတွေကြောင့် လီဆာဘာလုပ်ရမှန်းမသိ။

အဲ့လောက်တောင် မဒမ်ကလီဆာ့ကိုမယုံကြည်မှန်း အထင်သေးမှန်းအခုမှ လက်တွေ့သိလိုက်ရတာပဲ။

ငိုချင်လာတဲ့စိတ်ကို အတတ်နိုင်ဆုံးချုပ်တည်းပြီး လက်သီးကိုကျစ်ကျစ်ဆုပ်ကာ..

"တောင်းပန်ပါတယ် နီ...မောင်တကယ်မသိခဲ့တာ..ကိုယ့်ကိုယ်ကိုအဲ့လောက်အသုံးမကျမှန်းလေ။မောင်တကယ်တောင်းပန်ပါတယ်"

အသံကွဲအက်အက်နဲ့ ခေါင်းငုံပြီးတောင်းပန်နေပြန်တော့လည်းဂျန်းနီရင်ထဲမကောင်း....

ဒီနေ့ကုမ္ပဏီက အဝင်အထွက်စာရင်းတစ်ခုမှားနေတာကြောင့်လူကစိတ်အတော်ရှုပ်နေမိတာ...

အိမ်ကိုစောစောပြန်လာရင်းနားဖို့တွေးထားပေမယ့်ဒီလိုတွေဖြစ်ပြီး မောင့်ကိုပုံချမိသလိုဖြစ်သွားသည်။

တချို့စကားတွေကိုရင်ထဲကမပါပေမယ့်လည်းပါးစပ်ကနေလွတ်ခနဲထွက်သွားမိသည်။

"မောင်ကကလေးဆန်ပေမယ့်နီ့ ကြောင့်ရင့်ကျက်နိုင်အောင်အမြဲကြိုးစားနေတာပါ။ဒါပေမယ့် နီ စိတ်ကျေနပ်တဲ့အထိမလုပ်နိုင်သေးဘူးပဲ"

"မောင်တကယ်တောင်းပန်ပါတယ် နီ"

တံခါးပေါက်နားသွားတာကို ရိုးရိုးတန်းတန်းမသွားပဲ မဒမ့်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့စကားတပြောပြောလုပ်နေတော့..

အုန်း....#

ကျွန်းတံခါးနဲ့ ဘယ်ဘက်မျက်လုံးဆောင့်မိသွားတော့သည်။

"မောင်...ရရဲ့လား"

"မောင်ဘာမှမဖြစ်ဘူး နီ...အိုကေတယ်.."

ဂျန်းနီအား လက်တွေပြခေါင်းတွေရမ်းရင်းမောင်ဟာတံခါးဖွင့်ကာ ဒယိမ်းဒယိုင်နဲ့ထွက်သွားပြန်လေသည်။

"ဒါဆို...ဒီညိုမည်းစွဲနေတာတွေကအခန်းတံခါးနဲ့ဆောင့်မိလို့ပေါ့ဟုတ်လား"

မမ နဲ့အဖောင်းကောင်ကိုမဒမ်နဲ့ဖြစ်ခဲ့တဲ့အကြောင်းစုံကိုလီဆာပြန်ပြောနေခြင်း....

ချယ်ကတော့ လီဆာ့မျက်နှာကအညိုရာတွေကို လက်နဲ့စမ်းရင်းကြိတ်ရယ်နေလေရဲ့။

"လီလီ့ကိုအဲ့လောက်ထိတော့မပြောသင့်ပါဘူး..."

နံရံကိုမှီရင်း လက်ပိုက်ကာနားထောင်နေတဲ့ မမကမကျေနပ်ဟန်နဲ့ပြောလာပြန်သည်။

"နီ မမှားပါဘူးမမရယ်...လီလီကသာမစဥ်းစားမဆင်ခြင်ပဲလုပ်မိတာ"

"ဒါတော့ဒါပေါ့...ဒါပေမယ့်လည်းဒီလောက်ထိတော့မပြောသင့်ဘူးလေ"

ချယ်တစ်ယောက်ကတော့ဂျီ့ စကားတွေကြောင့်ခေါင်းတကုတ်ကုတ်..

တစ်ဖက်က အမအရင်းတစ်ဖက်က ချစ်ရတဲ့မိန်းမ..

ဘယ်ဘက်ပါရမှန်းကိုမသိတော့ဘူး။

"မမကြပ်ပူထိုးပေးမယ်လီလီ..."

"ဟုတ်ကဲ့ မမ"

တံခါးနဲ့ဆောင့်ထားတော့ဘယ်ဘက်မျက်လုံးတစ်ဝိုက်ရောဘေးသားလေးတွေပါညိုပြီးယောင်နေလေရဲ့။

ဂျီဆူကတော့ လီဆာ့ပုံစံကိုကြည့်ပြီးစိတ်ထဲမကောင်းဖြစ်နေရတာပေါ့။

ချယ်ယောင်းမှာလည်းသူ့မိန်းမကိုသေချာတောင်မကြည့်ရဲ။တော်ကြာအိပ်ခန်းထဲပေးမဝင်မှာကြောက်လို့။

လီဆာတို့နှစ်ယောက်ရန်ဖြစ်ကြတိုင်းချယ်ယောင်းကိုပါဘေးထွက်ဆိုးကျိုးလေးတွေစင်ထွက်တတ်သည်မှာ ထုံးစံ။

🌻🌼

"လီဆာရား...ငါ့အမအစားတောင်းပန်တယ်နော်"

ခြံထဲကသစ်သားထိုင်ခုံလေးတွေမှာလီဆာနဲ့ချယ်ယောင်းဝင်ထိုင်ပြီးမက်ဂျူသောက်နေကြလေရဲ့။

ရာသီဥတုကလည်းခပ်အေးအေးဆိုတော့အအေးဒဏ်ခံနိုင်အောင်Alcoholလေးလိုအပ်သည်မဟုတ်ပါလား။

"နင်တောင်းပန်ဖို့မှမလိုတာချယ်ယောင်းရာ..နောက်ပြီးဒီကိစ္စမှာ နီ့ဘက်ကမမှားဘူး"

"ဒါပေမယ့်လည်း နင့်ဘက်ကကြည့်ပြန်တော့လည်း တူမလေးကိုချစ်လို့ လုပ်လိုက်တာပဲလေ"

"ချယ်ယောင်း...."

"အွန်းပြောလေငါနားထောင်နေတယ်"

"ငါကလေ နီ့အတွက်ဝန်ထုပ်ဝန်ပိုးများဖြစ်နေလားဟင်"

"ဘာတွေလျှောက်တွေးနေတာလဲလီဆာရာ..အဲ့လိုပေါက်ကရတွေထုတ်ပစ်လိုက်"

လီဆာ့ပခုံးအားခပ်ဖွဖွပုတ်ပေးရင်းချယ်ယောင်းစကားဆိုလိုက်သည်။

လီဆာကတော့ခပ်ယေးယေးလေးပြုံးကာ..

"နီ ကကလေးနှစ်ယောက်မွေးထားသလိုဖြစ်နေတာပေါ့နော်။ငါကလည်းကလေးဆန်နေတော့"

"နင်ကလေးဆန်လည်းငါ့အမကနင့်ကိုဘယ်လောက်ချစ်လိုက်လဲဟာ"

လီဆာရယ်မိသည်။အရင်တုန်းကချစ်ပေမယ့်မဒမ်များအခုချိန်စိတ်ကုန်သွားပြီဆိုဘယ်နှယ့်လုပ်။

လီဆာ့လုပ်ရပ်တွေကလည်းစိတ်ကုန်ချင်စရာတွေချည်းလေ။

အမြဲလူတကာနဲ့စိတ်မချဖြစ်တယ်။ယောကျာ်းတိုင်းနဲ့သဝန်ပတ်တိုတယ်။

ဒါတွေကိုချုပ်ချယ်တယ်လို့မြင်ပြီးမဒမ်အတော်စိတ်ညစ်နေတော့မှာ....

"ငါထွက်သွားလိုက်ရမလားချယ်ယောင်း"

"ဘာ...ဘယ်ထွက်သွားမှာလဲ"

"နင်တို့တွေရှာမတွေ့နိုင်မယ့်နေရာပေါ့"

"အမလေး..မလုပ်လိုက်ပါနဲ့ကွာ...ငါတို့အိမ်မှာပဲနေစမ်းပါ။တူမလေးနဲ့အမကိုနင်ကထားသွားတော့မလို့လား"

"အဲ့လိုတော့မဟုတ်ပေမယ့်.."

ပုံမှန်ဆိုအမြဲစစနောက်နောက်ရှိတဲ့လီဆာက အခုကျတမူထူးခြားနေသလို။

သူ့ကိုယ်သူအရှုပ်လို့မြင်ပြီးပေါက်ကရအကြံတွေကြံစည်နေတာပဲ။

ဒီအရူးကသိပ်ပြောရတာမဟုတ်ဘူး။

"နင်ထွက်ပြေးဖို့မကြံနဲ့..ငါကနင့်ကိုစောင့်ကြည့်နေမှာ"

"အေးပါကွာ...အဟ"

အဖောင်းနဲ့ကမတည့်ကြပေမယ့်ရင်ဖွင့်ဖော်ရင်ဖွင့်ဖက် တိုင်ပင်ပေါ်တိုင်ပင်ဖက်ကြီး။

မမကိုကျဒီလိုဖွင့်ပြောဖို့စိတ်ထဲလေးနေသလို...

အဖောင်းကျရွယ်တူဆိုတော့ပေါ့ပါးတယ်လေ...

ပွမ်...ပွမ်..#

အချိန်မတော်ကြီးမှ ကားဟွန်းသံကြားလို့နှစ်ယောက်လုံးသောက်နေရင်းကလှည့်ကြည့်လိုက်ကြသည်။

"နီ...."

"ဟ..အမကတော့ညတွင်းချင်းလာခေါ်တော့တာပဲ"

ချယ်ဟာဝမ်းသာအားရ ခြံတံခါးပြေးဖွင့်လေသည်။လီဆာကတော့ လက်ထဲမက်ဂျူဘူးကြီးကိုင်ထားရင်းထိုနေရာတွင်သာတောင့်တောင့်ကြီး....

"ဒါဒါ...."

သမီးလေးအသံကြားမှပဲပြုံးရုံလေးပြုံးလိုက်ရင်း မက်ဂျူဘူးကိုချကာကိုယ့်ဆီပြေးလာနေတဲ့အယ်လာ့အား ဆွဲချီလိုက်သည်။

"မျက်နှာကဘာဖြစ်တာလဲ ဒါဒါ"

အယ်လာဟာ ကိုယ့်မျက်လုံးကယောင်နေတဲ့အပိုင်းကို တို့ထိရင်းမေးတာကြောင့်နာပေမယ့်လည်း မညီးမိအောင် အောင့်ထားရသည်။

တော်ကြာ သမီးလေးစိတ်ပူမှာစိုးလို့။

"ဒီတိုင်းခိုက်မိတာပါ မင်းသမီးလေးရဲ့"

"ဟွန်း..ဒါဒါကတော့နမော်နမဲ့နိုင်လိုက်တာ။ကဲမြန်မြန်ပျောက်စေနော်"

လီဆာ့ရဲ့ညိုနေတဲ့အပိုင်းကိုအယ်လာဟာ အာဘွားတွေပေးနေတာကြောင့်ကျေနပ်ပြီး ပြုံးနေမိသည်မှာမရပ်နိုင်။

"ဒါဒါ့ကိုပြန်လာခေါ်တာ"

"ဟုတ်လား...ဒါဒါကပြန်လာတော့မှာပါသမီးရဲ့။အန်တီချယ်နဲ့အတူသောက်နေလို့..."

"အဲ့တာကြောင့် ဘီယာနံ့ရနေတာကိုး"

ကိုယ့်မျက်နှာတစ်ဝိုက်ကို နှာလေးရှုံ့ရင်းအနံ့ခံနေတဲ့ သမီးလေးကြောင့်သဘောကျစွာ ရယ်မိသေးသည်။

"နည်းနည်းပဲသောက်တာပါ"

"လက်သည်းခွံလောက်လား"

လက်ကြီးပိုက်ကာ လီဆာ့အားစစ်မေးနေပုံက ဆရာမပေါက်စလေးကျနေရော။

"ဟုတ်ကဲ့..လက်သည်းခွံလောက်ပါ"

"အာ့ဆိုခွင့်လွတ်ပေးလိုက်မယ်"

သမီးလေးကို အသဲယားလွန်းလို့ပါးလေးနှစ်ဖက်ကိုငုံပြီးနမ်းပေးလိုက်သည်။

သမီးက လီဆာနမ်းတိုင်းပဲပေါက်စီလေးကိုဖြစ်လို့...

"မောင့်ကားကိုဒီမှာပဲထားခဲ့လိုက်တော့..တို့ကားနဲ့ပဲလိုက်ခဲ့နော်"

မဒမ့်အသံကြောင့် သမီးလေးကိုနမ်းနေတာရပ်လိုက်ရင်း အရှေ့တည့်တည့်ကညအိပ်ဂါဝန်နဲ့မိန်းမကို ကြည့်လိုက်သည်။

အပေါ်ကနေအနွေးထည်လေးထပ်ထားလို့တော်သေးတာပေါ့။

မဟုတ်ရင် လီဆာသဝန်တိုစရာမရှိကြံဖန်တိုရအုန်းမည်။

"အင်းပါ..."

"လီလီမင်းပြန်လိုက်သွားအုန်းမလို့လား"

ခုနကအထိအခန်းထဲသွားနားနေတဲ့ဂျီဆူကအခုမှပဲခြံထဲရောက်လာတော့သည်။

"မမ..မင်းကိုအဲ့အိမ်ပို့ရမှာစိတ်မချဘူး"

ဂျန်းနီအား မျက်စောင်းထိုးရင်းခပ်ရွဲ့ရွဲ့လေး သူမဆိုလိုက်သည်။

"ဂျီရယ်...သူတို့ကိစ္စထဲဝင်မပါပါနဲ့...အိမ်ထဲဝင်ရအောင်"

ချယ့်မှာ ဂျီ့လက်ကိုအတင်းဆွဲရင်းအိမ်ထဲကိုဆွဲခေါ်ပေမယ့်လည်း

"မင်းအမကငါ့မောင်လေးကိုနှိပ်စက်နေတာကိုဒီတိုင်းထိုင်ကြည့်နေစရာလား ငယ်"

"ဒီမှာဂျီဆူ...စကားကိုဆင်ခြင်ပြောပါ။ဂျန်းကမောင့်ကိုနှိပ်စက်နေတာမဟုတ်ဘူးနော်"

"ဒါပေမယ့်.."

"တော်ကြပါတော့..ဒီမှာအယ်လာလည်းရှိနေတာကိုဘာဖြစ်နေကြတာလဲ"

လီဆာစိတ်မရှည်တော့လို့ ထအော်ပစ်လိုက်သည်။

အယ်လာကတော့လူကြီးတွေအားတစ်လှည့်ဆီလိုက်ကြည့်ရင်းကြောင်အအဖြစ်နေသည်။

"မမလည်းတော်တော့....မဒမ်လည်းတော်တော့"

"မင်းတို့နှစ်ယောက်ကလေအမြဲအဲ့တိုင်း။ရန်ဖြစ်လိုက်အိမ်ပေါ်ကဆင်းလိုက်ပြီးရင်လည်းမင်းတို့မဟုတ်ကြတဲ့အတိုင်း..ကလေးကစားတယ်များထင်နေကြတာလား"

ဂျီ ဟာခပ်စွာစွာပြန်ငေါက်သွားရင်းအိမ်ထဲကိုတန်းနေအောင်ဝင်သွားသည်။

ချယ့်မှာတော့ခေါင်းသာကုတ်နိုင်သည်။

"ကဲနင်တို့လည်းပြန်တော့...ငါလည်းခြံတံခါးပိတ်ရအုန်းမယ်"

"သွားမယ်မောင်.."

"အန်တီချယ်တာ့တာနော်"

"တာ့တာ..အယ်လာလေး"

အသဲတုန်အောင်ချစ်ရတဲ့တူမလေးကိုတောင် ချယ့်မှာတီတီတာတာမပြောနိုင်တော့....

မိန်းမကရွှေစိတ်တော်တွေကောက်ကွေးနေပြီဆိုတော့ပြန်ပြေလည်အောင် ဒီကလူပဲပြင်ရမှာပေါ့။

🌻🌼

"ဂျီ ကလည်းကွာဘာလို့ငိုနေတာလဲ...တိတ်ပါကွာ..ဂျီငိုတော့ငယ်ကစိတ်မကောင်းဘူးပေါ့"

သူ့ညီမကြောင့် စိတ်မကောင်းတွေဖြစ်ရင်းရှိုက်ကြီးတငင်တွေပါ ငိုချနေတဲ့ ဂျီ့ကြောင့်ချယ်ပိုပြီးစိတ်ညစ်သွားမိသည်။

"ငယ်ရယ်...မမကသူ့ကိုစိတ်ပူလို့ကို။သူကမမကိုပြန်အော်သွားတယ် အီးဟီး"

"အိုးကျွတ်ကျွတ်....ငယ့်အချစ်ရယ်မငိုပါနဲ့တော့ကွာ။ရင်တွေကွဲတော့မယ်။သူတို့လည်းချစ်လို့ယူထားကြတာလေဂျီရယ်။နောက်ပြီးစိတ်အခန့်မသင့်လို့ခဏရန်ဖြစ်ကြတာဆိုတော့ပြီးရင်ပြန်အဆင်ပြေသွားတာထုံးစံလေ"

ဂျီ့ အားရင်ခွင်ထဲထည့်ထားရင်းကျောလေးကိုပွတ်ပေးနေရသည်။

အပြင်ပန်းမှာမာကျောပြီးအငိုအရယ်မရှိတဲ့သူဆိုပေမယ့်ငယ့်ရှေ့မှာတော့ဘာကိုမှမတွေးနိုင်ပဲစိတ်ချလက်ချငိုချတတ်တာ ဂျီ့အကျင့်။

"အင်းပါ...မမအဲ့လိုတွေလိုက်ခံစားနေလို့မဖြစ်တော့ဘူး။အဲ့တာကလုံးဝမကောင်းဘူးသိလားငယ်"

"ဟုတ်တယ်မခံစားနဲ့ ဂျီ....လီဆာလည်းအခုချိန်အိမ်ထောင်တစ်ခုနဲ့..ကလေးတစ်ယောက်တောင်ရှိနေသေးတယ်။သူ့ဟာနဲ့သူတွေးတတ်နေပါပြီ။သိပ်ပူမနေနဲ့"

"အိပ်ကြရအောင် ငယ်..နောက်ကျနေပြီ"

"အွန်းအိပ်ကြမယ်နော်..လာ"

ဂျီ့ မျက်ဝန်းလှလှမှာ ခိုတွယ်နေတဲ့မျက်ရည်စ,တွေကို လက်နဲ့ခါပေးရင်းသူမရဲ့ကိုယ်လေးကို ပွေ့ချီလိုက်သည်။

"ငယ့်အချစ်လေးကအသက်သာကြီးတာအခုထိကလေးအတိုင်းပဲ"

"ငယ်လည်းကလေးပဲ"

"ဟုတ်လား..ကလေးမဟုတ်ကြောင်းပြရမလား"

"ဟိုးထား..မနက်ကျအလုပ်ရှိတယ်။မမ အိပ်မှဖြစ်တော့မယ်"

ကျွန်မအပေါ်ကနေ အုပ်မိုးထားတဲ့ ငယ့်နှုတ်ခမ်းလေးကို လက်ညိုးနဲ့ပိတ်ကာတားလိုက်သည်။

"အင်းပါ..နားလိုက်တော့"

ဂျီ့ အားနဖူးလေးကို အမြတ်တနိုးနမ်းရင်းငယ်ဟာ ဘေးကနေရာလွတ်မှာလှဲလိုက်သည်။

ကျွန်မဘေးက မီးအိမ်ကိုပိတ်လိုက်ရင်းမျက်လုံးတွေကိုအနားပေးကာအိပ်စက်ဖို့ပြင်လိုက်ရသည်။

🌻🌼

ဂျန်းနီတို့အိမ်ပြန်ရောက်တဲ့အချိန်အယ်လာလေးဟာကားထဲမှာအိပ်မောကျနေတာကြောင့်လီဆာကနေပဲ ချီပြီးခေါ်လာရသည်။

"မောင်...ဖြေးဖြေးလေးချနော်"

"အင်းပါ..ကျွတ်ကျွတ်.."

အယ်လာမနိုးသွားအောင် သေချာချော့မြူရင်း ကုတင်ပေါ်ချပေးလိုက်သည်။

အယ်လာကလွန်ခဲ့တဲ့ တစ်လလောက်တည်းကဂျန်းနီတို့နဲ့အတူမအိပ်တော့ပဲ ခွဲအိပ်နေတာလေ။

"သမီးလေးလည်းပင်ပန်းနေပြီထင်တယ်"

"အွန်း..ဟုတ်မှာပေါ့"

မောင်ဟာထိုသို့ပြောသွားရင်း အခန်းထဲကထွက်သွားသည်။

"မောင်...တို့တောင်းပန်ပါတယ်နော်"

ဂျန်းနီတို့အခန်းထဲရောက်တော့မောင့်ခါးတွေကိုအနောက်ကဖက်ရင်းကျောပြင်ကျယ်ကိုမျက်နှာအပ်ကာပြောလိုက်သည်။

"အင်းပါ..မဒမ်တောင်းပန်ဖို့မလိုပါဘူး"

သူ့ဆီက အရင်လို"နီ"လို့ခေါ်သံလေးကြားချင်ပေမယ့်လည်း အခွင့်မသာခဲ့။

ချယ်တို့အိမ်ရောက်လို့ သူ့မျက်နှာကိုတွေ့ရတဲ့အချိန်ဂျန်းနီရင်တွေနာရပါသည်။

တံခါးနဲ့ဆောင့်မိထားတဲ့နေရာကညိုမဲပြီးယောင်ကိုင်းနေတာပဲလေ။

"မောင် ဒါဘာလုပ်တာလဲ"

ခေါင်းအုံးတွေစောင်တွေယူပြီးအပြင်ထွက်ဖို့ပြင်နေတဲ့မောင့်လက်အားအတင်းဆွဲရင်း ဂျန်းနီမေးလိုက်သည်။

"အပြင်ထွက်အိပ်မို့လေ"

"ဘာလို့လဲ..တို့နဲ့ပဲအိပ်လေကွာ"

"မဒမ်စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့"

"မောင်...တို့ကိုကြည့်ပါအုန်း...စိတ်ဆိုးနေတာလားမောင်"

မောင့်လက်ထဲက ခေါင်းအုံးတွေစောင်တွေကိုဆွဲဖယ်လိုက်ပြီး မောင့်မျက်နှာကိုကိုင်ကာအကြည့်ချင်းဆုံစေလိုက်သည်။

"ကျွန်မစိတ်မဆိုးပါဘူး...မဒမ်စိတ်ဆိုးမှာသာကြောက်နေရတာ"

"ကျစ်...တို့တောင်းပန်ပါတယ်။ညနေက တို့ဘက်ကလွန်သွားတာ"

"မဟုတ်တာ..ကျွန်မကမဒမ်ပြောသလိုကလေးအရမ်းဆန်ပြီး အသုံးမကျတာလည်းအမှန်တရားပဲဟာကို"

မောင်က ဒေါသထွက်တုန်းခဏပြောတဲ့စကားတွေကို အတည်ယူပြီးစိတ်မကောင်းဖြစ်နေပုံပဲ။

"မောင်အဲ့တာကဒေါသထွက်ပြီးပေါက်တတ်ကရတွေပြောမိတာ။စိတ်ထဲကလုံးဝမပါဘူးကျိန်ပြောရဲတယ်"

"မကျိန်ပါနဲ့..မဒမ်သာတခုခုဖြစ်ရင်ကျွန်မပဲရင်ကျိုးရမှာ"

"ရှူး...မောင်လို့ပဲသုံးပါ။တို့ကိုလည်း နီ လို့ပဲခေါ်ပါနော်"

"အင်းပါ...အရမ်းချစ်တယ်နော် နီ"

"တို့လည်းမောင့်ကိုအသက်လောက်ချစ်တယ်"

မောင့်မျက်နှာကိုဆွဲယူရင်းဆာလောင်စွာပဲ အနမ်းတွေပုံဖော်မိသည်။

မောင့်လည်တိုင်ကိုတင်းတင်းချိတ်ရင်းလေအဝင်မခံနိုင်တဲ့အထိ ပူးကပ်ထားသည်။

နောက်ဆုံးမောင်ဟာ အိပ်ရာပေါ်ကိုဂျန်းနီရဲ့ကိုယ်လေးအားလှဲချရင်းအပေါ်ကနေအုပ်မိုးကာ လည်ပင်းသားတွေကိုသွေးစုပ်ဖုတ်ကောင်ကဲ့သို့ ရန်ရှာနေပြန်သည်။

မောင်ဒီလိုအချိန် ခပ်ဆိုးဆိုးလေးပြုမူတိုင်း ရင်တွေပေါက်မတတ်ဖြစ်နေရတာ ဂျန်းနီပဲပေါ့။

မပြေလည်ကြတဲ့ အချိန်တွေရှိတိုင်းအချစ်တွေနဲ့ ပြန်ပြုပြင်ဖာထေးကြရအောင်။

မောင့်ကိုသိပ်ချစ်တဲ့ ကင်ဂျန်းနီ။

×××××××အားလုံးပဲကြယ်လေးတွေပေးသွားကြအုန်း💫

(Liveတွေရောမှီလိုက်ကြလား Kတော့Lisooကိုသေချာကြည့်လိုက်ရတယ်😁)

တောင်းဆိုနေကြလို့မအားတဲ့ကြားကKအကောင်းဆုံးဖြစ်အောင်ရေးပေးထားတာပါ။

လိုအပ်ချက်တွေရှိသွားရင်အနူးအညွတ်တောင်းပန်ပါတယ်။

ယောရော်ဘွန်းတို့လာပြောကြတဲ့Cmtတွေကိုတခုချင်းKအမြဲမှတ်ပါတယ်။

အားလုံးလိုချင်သလိုမျိုးလည်းKရေးပေးနိုင်အောင်ကြိုးစားနေတယ်။

နောက်ထပ်New FicကဒီလထဲပဲUpdateနိုင်အောင်ကြိုးစားပါ့မယ်။

အတိအကျတော့မပြောတတ်သေးပါဘူးလို့..

အားလုံးကိုလေးစားချစ်ခင်လျက်🤎

2022.8.8(Mon)

×××××××(Zawgyi)

အယ္လာကိုႀကိဳဖို႔အတြက္ မူႀကိဳေရ႔ွမွာလီဆာကားကိုမွီရင္း လက္ကနာရီကိုတၾကည့္ၾကည့္နဲ႔ေစာင့္ေနသည္။

ထိုအခ်ိန္ ေက်ာင္းထဲကကေလးေသးေသးေလးေတြအလ်ိဳလ်ိဳထြက္လာၾကသည္။

"အယ္လာ....."

သမီးကိုေအာ္ေခၚကာ လက္ျပလိုက္ရင္းလီဆာဟိုဘက္ကမ္းကိုကူးသြားသည္။

"အယ္လာ...တာ့တာေနာ္မနက္ျဖန္မွေတြ့မယ္"

သမီးနားေရာက္ေတာ့ ေကာင္ေလးတစ္ေယာက္ကအယ္လာ့ရဲ့ ပါးေလးကိုဆြဲရင္းႏႈတ္ဆက္ေနတာကိုေတြ့လိုက္ရတာေၾကာင့္ ေသြးေတာင္ေဆာင့္တက္သည္။

"ေအးတာ့တာေနာ္ဒိုဟြန္း..."

"ကဲသူငယ္ခ်င္းကိုႏႈတ္ဆက္ၿပီးရင္လည္းဒါဒါတို႔ျပန္ၾကမယ္ေနာ္မင္းသမီးေလး"

အယ္လာ့လက္ေသးေသးေလးကိုဆြဲလိုက္ၿပီး ေခၚသြားမလို႔ပဲရိွေသးဟိုေကာင္ေလးလုပ္လိုက္တဲ့အရာေၾကာင့္လီဆာ မူးေမ့လဲခ်င္သြားသည္။

သမီးရဲ့ပါးကိုနမ္းသြားတာ....

"ေဟ့ေကာင္ေလး...မင္းငါ့သမီးကိုဘာလုပ္တာလဲ"

အဲ့ကေလးရဲ့အက်ီစကိုလွမ္းဆြဲရင္းလီဆာအသံမာမာနဲ႔ေမးလိုက္သည္။

အယ္လာကေတာ့ သူ႔ပါးသူပြတ္ရင္းရွက္ၿပံဳးေလးနဲ႔ၿပံဳးေနေသး...

"နမ္းလိုက္တာေလအေဒၚႀကီးကလည္း"

"ဒီေကာင္နဲ႔ေတာ့ငါ့သမီးကိုလည္းနမ္းေသးတယ္...ငါ့ကိုလည္းအေဒၚႀကီးဆ္ိုပဲ"

စိတ္ထဲၾကည့္မရတာနဲ႔အဲ့ကေလးရဲ့ေခါင္းကိုတစ္ခ်က္ေခါက္ေပးလိုက္သည္။

ဒါေတာင္အဲ့ေကာင္ေလးက ခပ္ၿပံဳးၿပံဳးသာ

"ဒါဒါဘာလို႔ဒိုဟြန္းကိုေခါက္လိုက္တာလဲ"

"ဒါဒါ့မင္းသမီးေလးကိုနမ္းလို႔ေလ"

လီဆာအဲ့လိုေျပာေတာ့ အယ္လာေလးဟာႏႈတ္ခမ္းေလးဆူရင္း လက္ပိုက္ကာမ်က္ႏွာေတာင္တစ္ဖက္လြဲသြားသည္။

"အယ္လာရယ္နင့္ဒါဒါကိုစိတ္ေကာက္မေနနဲ႔..သူကနင့္ကိုခ်စ္လို႔ႏွေမ်ာေနတာပါဟ..ငါသြားေတာ့မယ္တာ့တာ"

အယ္လာ့ေခါင္းေလးကိုပုတ္ေပးရင္းထိုေကာင္ေလးက ထြက္သြားသည္။

လီဆာကေတာ့ ႏွစ္ေယာက္သားကိုၾကည့္ရင္းပါးစပ္အေဟာင္းသား..

"ကဲမင္းသမီးေလးက အဲ့ေလာက္ေတာင္စိတ္ေကာက္သြားတာလားဟင္"

သမီးေရ႔ွထိုင္ခ်ရင္း ပါးေလးကိုဆြဲကာေမးလိုက္ေတာ့ သူမေလးက ဟြန္႔ဆိုၿပီးတစ္ဖက္ထပ္လွည့္သြားျပန္သည္။

"ဒါဒါကသမီးေလးကိုတြန္႔တိုလို႔ေလကြာ..လာပါစိတ္ဆိုးမေနနဲ႔ေတာ့အိမ္ျပန္ၾကမယ္"

အယ္လာ့ကိုခ်ီမွရေတာ့မယ္မွန္းသိလို႔ေပြ့ခ်ီလိုက္ၿပီး ကားထဲထည့္ေပးလိုက္သည္။

လမ္းတစ္ဝက္ေရာက္တဲ့အထိလည္းသမီးဟာလက္ႀကီးပိုက္ကာႏႈတ္ခမ္းဆူထားတုန္း..

မဒမ္ေျပာေနက်စကားတစ္ခြန္းေတာင္သတိရသြားေသးသည္။

"သမီးကေမာင့္လိုပဲအဂ်စ္ေလး"တဲ့ေလ....

"ေရခဲမုန္႔စားမလားမင္းသမီးေလး"

"မစားဘူး..ဒါဒါနဲ႔လည္းစကားမေျပာဘူး"

ဆူပုတ္ပုတ္နဲ႔ အယ္လာဟာတကယ့္ကိုစိတ္ဆိုးေျပမယ့္ပံုမေပၚတာ...

"အဲ့လိုေတာ့မလုပ္နဲ႔ေလသမီးရယ္..စကားေလးေတာ့ေျပာပါကြာေနာ္"

ေခါင္းေတြခ်ည္းခါရမ္းကာတုန္႔ျပန္ေနတဲ့ အယ္လာ့ေၾကာင့္လီဆာသက္ျပင္းသဲ့သဲ့ခ်မိသည္။

"အဲ့ေကာင္ေလးကိုအေတာ္ခ်စ္ေနတာပဲ"

လီဆာခပ္တိုးတိုးေျပာလိုက္ရင္းကားကိုပဲဂရုစိုက္ကာေမာင္းခဲ့သည္။

အိမ္လည္းျပန္ေရာက္ေရာၿခံထဲမွာ မဒမ့္ကားကိုေတြ့တာေၾကာင့္အေစာႀကီးျပန္ေရာက္ေနမွန္းသိလိုက္ရသည္။

"ဒီေန့ေစာလွခ်ည္လား နီ"

အဝင္ဝမွာ ဖိနပ္ခြၽတ္ရင္းမဒမ့္အားေအာ္ေျပာလိုက္သည္။

အယ္လာကေတာ့ သူ႔မာမီဆီတက်ိဳးတည္းေျပးေတာ့တာပဲ။

"ဟုတ္တယ္ေမာင္...ေစာျပန္လာလိုက္တာ"

အယ္လာ့ကိုခ်ီထားရင္း မဒမ္ဟာဧည့္ခန္းထဲကထြက္လာသည္။

အသံကလည္းတိုးလ်လ်..မ်က္ႏွာေလးကလည္းျဖဴေဖ်ာ့ေဖ်ာ့ေၾကာင့္လီဆာစိုးရိမ္သြားရသည္။

"နီ...ေနေကာင္းရဲ့လား"

"ေကာင္းပါတယ္..တို႔ဘာမွမျဖစ္ဘူး"

"မာမီ့ကိုတိုင္စရာရိွတယ္သိလား...ဒီေန့ဒါဒါကေလသမီးသူငယ္ခ်င္းဒိုဟြန္းေခါင္းကိုနာေအာင္ေခါက္လိုက္တယ္"

သူ႔မာမီကို ျပန္တိုင္ေတာ့မယ္ဆိုတာလီဆာႀကိဳတင္ခန္႔မွန္းၿပီးသား...

သမီးရဲ့အက်င့္ကအၿမဲအဲ့လိုေလ။

"ဟုတ္လား..ဒါဒါကဘာလို႔အဲ့ေကာင္ေလးေခါင္းကိုေခါက္တာတုန္း"

"အဲ့ကေလးကသမီးပါးကိုနမ္းလိုက္လို႔ေလ..အဲ့တာေၾကာင့္ေမာင္ေခါက္ေပးလိုက္တာ"

ရယ္က်ဲက်ဲနဲ႔ေျပာလာတဲ့ေမာင့္အားၾကည့္ရင္းဂ်န္းနီေခါင္းအတြင္တြင္ခါမိသည္။

"ဒါေလာက္ေလးကိုသူမ်ားသားသမီးကိုအဲ့လိုလုပ္လိုက္ရလားေမာင္ရယ္"

"ဘာဒါေလာက္ေလးလဲ..သူကသမီးပါးကိုနမ္းလိုက္တာ"

"သမီးေလး..အခန္းထဲဝင္ၿပီးအဝတ္လဲေတာ့ေနာ္ၿပီးရင္ကစားစရာေတြနဲ႔ေဆာ့ေနဟုတ္ၿပီလား"

"ဟုတ္ကဲ့မာမီ..."

အယ္လာက သူ႔အခန္းထဲကိုတန္းေနေအာင္ေျပးဝင္သြားမွပဲ မဒမ္လည္းသူ႔အဂ်စ္ဘက္လွည့္ရင္း

"မင္းကေလအခုထိကေလးဆန္ေနတုန္းတခါေလာက္ျဖစ္ျဖစ္ရင့္က်က္ၾကည့္စမ္းပါလာလီဆာ"

စိတ္ပ်က္ေနတဲ့မ်က္ဝန္းေတြနဲ႔သူ႔ကိုၾကည့္ရင္းေျပာသြားတဲ့မဒမ္ဟာအေပၚထပ္ကိုတက္သြားျပန္သည္။

လီဆာကေတာ့ ေၾကာင္ေတာင္ေတာင္နဲ႔အဲ့ေနရာမွာရပ္ေနမိတုန္း....

"ငါအဲ့ကေလးကိုလုပ္လိုက္တာဘာေတြမ်ားႀကီးက်ယ္သြားလို႔လဲကြာ"

ကိုယ့္ဆံပင္ေတြကို ျပန္ဖြရင္းမဒမ့္အေနာက္ကိုလိုက္သြားခဲ့သည္။

"နီ....ဘာလို႔ေမာင့္ကိုအဲ့လိုေျပာရတာလဲ။တကယ္ဆိုဒီကိစၥကသမီးကိုခ်စ္လို႔ေမာင္ကဒီတိုင္းလုပ္လိုက္တာေလကြာ"

အလုပ္စားပြဲကထိုင္ခံုမွာေဘးတေစာင္းထိုင္ေနတဲ့မဒမ္ကလီဆာ့ကိုေစာင္းငဲ့ၾကည့္လာသည္။

"အခုပဲၾကည့္ေလမင္းကတကယ့္ကေလးစိတ္"

"ေမာင့္ကိုတခုခုစိတ္ဆိုးေနတာရိွလား နီ"

"ဘာမွမရိွဘူးလီဆာ...တို႔ေအးေဆးေနခ်င္တယ္"

"နီ...မင္းလိမ္ေနတာမင္းပံုစံကမသိရင္ပဲေမာင့္ကိုစိတ္ကုန္ေနသလိုပဲ"

"က်စ္...အဲ့တာေတြပဲ...တခုခုဆိုမင္းေတြးခ်င္တာပဲေတြးတယ္။တို႔ဘက္ကိုဘယ္ေတာ့မွနားမလည္ေပးဘူး"

"နီ..ဘာျဖစ္ေနတာလဲေမာင္ကမွနားမလည္န္ိုင္တာ"

"တို႔ေျပာမယ္ေနာ္လီဆာ..မင္းအဲ့ကေလးကိုေခါင္းေခါက္ခဲ့တာကိုသူ႔မိဘေတြကမေက်နပ္ရင္တို႔ကေက်ာင္းလိုက္ၿပီးတခါေျဖရွင္းရအုန္းမယ္"

"အဲ့လိုျဖစ္ခဲ့ရင္ေတာင္ ေမာင္သြားလို႔ရတယ္ေလ"

"ေတာ္ပါမင္းလိုကေလးစိတ္ကိုလြတ္လိုက္ရင္ ျပႆနာပိုႀကီးလာအုန္းမယ္။ေက်းဇူးျပဳျပီးလီဆာ မင္းရင့္က်က္သင့္ၿပီ။မင္းကိုဘယ္ေနရာမွယံုၾကည္လို႔မရတာကိုတို႔ကဘယ္လိုစိတ္ခ်ရမွာလဲ"

မဒမ့္ႏႈတ္ကထြက္လာတဲ့စကားေတြေၾကာင့္ လီဆာဘာလုပ္ရမွန္းမသိ။

အဲ့ေလာက္ေတာင္ မဒမ္ကလီဆာ့ကိုမယံုၾကည္မွန္း အထင္ေသးမွန္းအခုမွ လက္ေတြ့သိလိုက္ရတာပဲ။

ငိုခ်င္လာတဲ့စိတ္ကို အတတ္ႏိုင္ဆံုးခ်ဳပ္တည္းၿပီး လက္သီးကိုက်စ္က်စ္ဆုပ္ကာ..

"ေတာင္းပန္ပါတယ္ နီ...ေမာင္တကယ္မသိခဲ့တာ..ကိုယ့္ကိုယ္ကိုအဲ့ေလာက္အသံုးမက်မွန္းေလ။ေမာင္တကယ္ေတာင္းပန္ပါတယ္"

အသံကြဲအက္အက္နဲ႔ ေခါင္းငံုၿပီးေတာင္းပန္ေနျပန္ေတာ့လည္းဂ်န္းနီရင္ထဲမေကာင္း....

ဒီေန့ကုမၸဏီက အဝင္အထြက္စာရင္းတစ္ခုမွားေနတာေၾကာင့္လူကစိတ္အေတာ္ရႈပ္ေနမိတာ...

အိမ္ကိုေစာေစာျပန္လာရင္းနားဖို႔ေတြးထားေပမယ့္ဒီလိုေတျြဖစ္ၿပီး ေမာင့္ကိုပံုခ်မိသလိုျဖစ္သြားသည္။

တခ်ိဳ႕စကားေတြကိုရင္ထဲကမပါေပမယ့္လည္းပါးစပ္ကေနလြတ္ခနဲထြက္သြားမိသည္။

"ေမာင္ကကေလးဆန္ေပမယ့္နီ႔ ေၾကာင့္ရင့္က်က္ႏိုင္ေအာင္အၿမဲႀကိဳးစားေနတာပါ။ဒါေပမယ့္ နီ စိတ္ေက်နပ္တဲ့အထိမလုပ္ႏိုင္ေသးဘူးပဲ"

"ေမာင္တကယ္ေတာင္းပန္ပါတယ္ နီ"

တံခါးေပါက္နားသြားတာကို ရိုးရိုးတန္းတန္းမသြားပဲ မဒမ့္ကိုလွည့္ၾကည့္လွည့္ၾကည့္နဲ႔စကားတေျပာေျပာလုပ္ေနေတာ့..

အုန္း....#

ကြၽန္းတံခါးနဲ႔ ဘယ္ဘက္မ်က္လံုးေဆာင့္မိသြားေတာ့သည္။

"ေမာင္...ရရဲ့လား"

"ေမာင္ဘာမွမျဖစ္ဘူး နီ...အိုေကတယ္.."

ဂ်န္းနီအား လက္ေတျြပေခါင္းေတြရမ္းရင္းေမာင္ဟာတံခါးဖြင့္ကာ ဒယိမ္းဒယိုင္နဲ႔ထြက္သြားျပန္ေလသည္။

"ဒါဆို...ဒီညိုမည္းစြဲေနတာေတြကအခန္းတံခါးနဲ႔ေဆာင့္မိလို႔ေပါ့ဟုတ္လား"

မမ နဲ႔အေဖာင္းေကာင္ကိုမဒမ္နဲ႔ျဖစ္ခဲ့တဲ့အေၾကာင္းစံုကိုလီဆာျပန္ေျပာေနျခင္း....

ခ်ယ္ကေတာ့ လီဆာ့မ်က္ႏွာကအညိုရာေတြကို လက္နဲ႔စမ္းရင္းႀကိတ္ရယ္ေနေလရဲ့။

"လီလီ့ကိုအဲ့ေလာက္ထိေတာ့မေျပာသင့္ပါဘူး..."

နံရံကိုမွီရင္း လက္ပိုက္ကာနားေထာင္ေနတဲ့ မမကမေက်နပ္ဟန္နဲ႔ေျပာလာျပန္သည္။

"နီ မမွားပါဘူးမမရယ္...လီလီကသာမစဥ္းစားမဆင္ျခင္ပဲလုပ္မိတာ"

"ဒါေတာ့ဒါေပါ့...ဒါေပမယ့္လည္းဒီေလာက္ထိေတာ့မေျပာသင့္ဘူးေလ"

ခ်ယ္တစ္ေယာက္ကေတာ့ဂ်ီ့ စကားေတြေၾကာင့္ေခါင္းတကုတ္ကုတ္..

တစ္ဖက္က အမအရင္းတစ္ဖက္က ခ်စ္ရတဲ့မိန္းမ..

ဘယ္ဘက္ပါရမွန္းကိုမသိေတာ့ဘူး။

"မမၾကပ္ပူထိုးေပးမယ္လီလီ..."

"ဟုတ္ကဲ့ မမ"

တံခါးနဲ႔ေဆာင့္ထားေတာ့ဘယ္ဘက္မ်က္လံုးတစ္ဝိုက္ေရာေဘးသားေလးေတြပါညိုၿပီးေယာင္ေနေလရဲ့။

ဂ်ီဆူကေတာ့ လီဆာ့ပံုစံကိုၾကည့္ၿပီးစိတ္ထဲမေကာင္းျဖစ္ေနရတာေပါ့။

ခ်ယ္ေယာင္းမွာလည္းသူ႔မိန္းမကိုေသခ်ာေတာင္မၾကည့္ရဲ။ေတာ္ၾကာအိပ္ခန္းထဲေပးမဝင္မွာေၾကာက္လို႔။

လီဆာတို႔ႏွစ္ေယာက္ရန္ျဖစ္ၾကတိုင္းခ်ယ္ေယာင္းကိုပါေဘးထြက္ဆိုးက်ိဳးေလးေတြစင္ထြက္တတ္သည္မွာ ထံုးစံ။

🌻🌼

"လီဆာရား...ငါ့အမအစားေတာင္းပန္တယ္ေနာ္"

ၿခံထဲကသစ္သားထိုင္ခံုေလးေတြမွာလီဆာနဲ႔ခ်ယ္ေယာင္းဝင္ထိုင္ၿပီးမက္ဂ်ူေသာက္ေနၾကေလရဲ့။

ရာသီဥတုကလည္းခပ္ေအးေအးဆိုေတာ့အေအးဒဏ္ခံႏိုင္ေအာင္Alcoholေလးလိုအပ္သည္မဟုတ္ပါလား။

"နင္ေတာင္းပန္ဖို႔မွမလိုတာခ်ယ္ေယာင္းရာ..ေနာက္ၿပီးဒီကိစၥမွာ နီ႔ဘက္ကမမွားဘူး"

"ဒါေပမယ့္လည္း နင့္ဘက္ကၾကည့္ျပန္ေတာ့လည္း တူမေလးကိုခ်စ္လို႔ လုပ္လိုက္တာပဲေလ"

"ခ်ယ္ေယာင္း...."

"အြန္းေျပာေလငါနားေထာင္ေနတယ္"

"ငါကေလ နီ႔အတြက္ဝန္ထုပ္ဝန္ပိုးမ်ားျဖစ္ေနလားဟင္"

"ဘာေတြေလ်ွာက္ေတြးေနတာလဲလီဆာရာ..အဲ့လိုေပါက္ကရေတြထုတ္ပစ္လိုက္"

လီဆာ့ပခံုးအားခပ္ဖြဖြပုတ္ေပးရင္းခ်ယ္ေယာင္းစကားဆိုလိုက္သည္။

လီဆာကေတာ့ခပ္ေယးေယးေလးၿပံဳးကာ..

"နီ ကကေလးႏွစ္ေယာက္ေမြးထားသလိုျဖစ္ေနတာေပါ့ေနာ္။ငါကလည္းကေလးဆန္ေနေတာ့"

"နင္ကေလးဆန္လည္းငါ့အမကနင့္ကိုဘယ္ေလာက္ခ်စ္လိုက္လဲဟာ"

လီဆာရယ္မိသည္။အရင္တုန္းကခ်စ္ေပမယ့္မဒမ္မ်ားအခုခ်ိန္စိတ္ကုန္သြားၿပီဆိုဘယ္ႏွယ့္လုပ္။

လီဆာ့လုပ္ရပ္ေတြကလည္းစိတ္ကုန္ခ်င္စရာေတြခ်ည္းေလ။

အၿမဲလူတကာနဲ႔စိတ္မခ်ျဖစ္တယ္။ေယာက်ာ္းတိုင္းနဲ႔သဝန္ပတ္တိုတယ္။

ဒါေတြကိုခ်ဳပ္ခ်ယ္တယ္လို႔ျမင္ၿပီးမဒမ္အေတာ္စိတ္ညစ္ေနေတာ့မွာ....

"ငါထြက္သြားလိုက္ရမလားခ်ယ္ေယာင္း"

"ဘာ...ဘယ္ထြက္သြားမွာလဲ"

"နင္တို႔ေတြရွာမေတြ့ႏိုင္မယ့္ေနရာေပါ့"

"အမေလး..မလုပ္လိုက္ပါနဲ႔ကြာ...ငါတို႔အိမ္မွာပဲေနစမ္းပါ။တူမေလးနဲ႔အမကိုနင္ကထားသြားေတာ့မလို႔လား"

"အဲ့လိုေတာ့မဟုတ္ေပမယ့္.."

ပံုမွန္ဆိုအၿမဲစစေနာက္ေနာက္ရိွတဲ့လီဆာက အခုက်တမူထူးျခားေနသလို။

သူ႔ကိုယ္သူအရႈပ္လို႔ျမင္ၿပီးေပါက္ကရအႀကံေတြႀကံစည္ေနတာပဲ။

ဒီအရူးကသိပ္ေျပာရတာမဟုတ္ဘူး။

"နင္ထြက္ေျပးဖို႔မႀကံနဲ႔..ငါကနင့္ကိုေစာင့္ၾကည့္ေနမွာ"

"ေအးပါကြာ...အဟ"

အေဖာင္းနဲ႔ကမတည့္ၾကေပမယ့္ရင္ဖြင့္ေဖာ္ရင္ဖြင့္ဖက္ တိုင္ပင္ေပၚတိုင္ပင္ဖက္ႀကီး။

မမကိုက်ဒီလိုဖြင့္ေျပာဖို႔စိတ္ထဲေလးေနသလို...

အေဖာင္းက်ရြယ္တူဆိုေတာ့ေပါ့ပါးတယ္ေလ...

ပြမ္...ပြမ္..#

အခ်ိန္မေတာ္ႀကီးမွ ကားဟြန္းသံၾကားလို႔ႏွစ္ေယာက္လံုးေသာက္ေနရင္းကလွည့္ၾကည့္လိုက္ၾကသည္။

"နီ...."

"ဟ..အမကေတာ့ညတြင္းခ်င္းလာေခၚေတာ့တာပဲ"

ခ်ယ္ဟာဝမ္းသာအားရ ၿခံတံခါးေျပးဖြင့္ေလသည္။လီဆာကေတာ့ လက္ထဲမက္ဂ်ူဘူးႀကီးကိုင္ထားရင္းထိုေနရာတြင္သာေတာင့္ေတာင့္ႀကီး....

"ဒါဒါ...."

သမီးေလးအသံၾကားမွပဲၿပံဳးရံုေလးၿပံဳးလိုက္ရင္း မက္ဂ်ူဘူးကိုခ်ကာကိုယ့္ဆီေျပးလာေနတဲ့အယ္လာ့အား ဆြဲခ်ီလိုက္သည္။

"မ်က္ႏွာကဘာျဖစ္တာလဲ ဒါဒါ"

အယ္လာဟာ ကိုယ့္မ်က္လံုးကေယာင္ေနတဲ့အပိုင္းကို တို႔ထိရင္းေမးတာေၾကာင့္နာေပမယ့္လည္း မညီးမိေအာင္ ေအာင့္ထားရသည္။

ေတာ္ၾကာ သမီးေလးစိတ္ပူမွာစိုးလို႔။

"ဒီတိုင္းခိုက္မိတာပါ မင္းသမီးေလးရဲ့"

"ဟြန္း..ဒါဒါကေတာ့နေမာ္နမဲ့ႏိုင္လိုက္တာ။ကဲျမန္ျမန္ေပ်ာက္ေစေနာ္"

လီဆာ့ရဲ့ညိုေနတဲ့အပိုင္းကိုအယ္လာဟာ အာဘြားေတြေပးေနတာေၾကာင့္ေက်နပ္ၿပီး ၿပံဳးေနမိသည္မွာမရပ္ႏိုင္။

"ဒါဒါ့ကိုျပန္လာေခၚတာ"

"ဟုတ္လား...ဒါဒါကျပန္လာေတာ့မွာပါသမီးရဲ့။အန္တီခ်ယ္နဲ႔အတူေသာက္ေနလို႔..."

"အဲ့တာေၾကာင့္ ဘီယာနံ႔ရေနတာကိုး"

ကိုယ့္မ်က္ႏွာတစ္ဝိုက္ကို ႏွာေလးရႈံ႔ရင္းအနံ႔ခံေနတဲ့ သမီးေလးေၾကာင့္သေဘာက်စြာ ရယ္မိေသးသည္။

"နည္းနည္းပဲေသာက္တာပါ"

"လက္သည္းခြံေလာက္လား"

လက္ႀကီးပိုက္ကာ လီဆာ့အားစစ္ေမးေနပံုက ဆရာမေပါက္စေလးက်ေနေရာ။

"ဟုတ္ကဲ့..လက္သည္းခြံေလာက္ပါ"

"အာ့ဆိုခြင့္လြတ္ေပးလိုက္မယ္"

သမီးေလးကို အသဲယားလြန္းလို႔ပါးေလးႏွစ္ဖက္ကိုငံုၿပီးနမ္းေပးလိုက္သည္။

သမီးက လီဆာနမ္းတိုင္းပဲေပါက္စီေလးကိုျဖစ္လို႔...

"ေမာင့္ကားကိုဒီမွာပဲထားခဲ့လိုက္ေတာ့..တို႔ကားနဲ႔ပဲလိုက္ခဲ့ေနာ္"

မဒမ့္အသံေၾကာင့္ သမီးေလးကိုနမ္းေနတာရပ္လိုက္ရင္း အေရ႔ွတည့္တည့္ကညအိပ္ဂါဝန္နဲ႔မိန္းမကို ၾကည့္လိုက္သည္။

အေပၚကေနအေနြးထည္ေလးထပ္ထားလို႔ေတာ္ေသးတာေပါ့။

မဟုတ္ရင္ လီဆာသဝန္တိုစရာမရိွႀကံဖန္တိုရအုန္းမည္။

"အင္းပါ..."

"လီလီမင္းျပန္လိုက္သြားအုန္းမလို႔လား"

ခုနကအထိအခန္းထဲသြားနားေနတဲ့ဂ်ီဆူကအခုမွပဲၿခံထဲေရာက္လာေတာ့သည္။

"မမ..မင္းကိုအဲ့အိမ္ပို႔ရမွာစိတ္မခ်ဘူး"

ဂ်န္းနီအား မ်က္ေစာင္းထိုးရင္းခပ္ရြဲ႔ရြဲ႔ေလး သူမဆိုလိုက္သည္။

"ဂ်ီရယ္...သူတို႔ကိစၥထဲဝင္မပါပါနဲ႔...အိမ္ထဲဝင္ရေအာင္"

ခ်ယ့္မွာ ဂ်ီ့လက္ကိုအတင္းဆြဲရင္းအိမ္ထဲကိုဆြဲေခၚေပမယ့္လည္း

"မင္းအမကငါ့ေမာင္ေလးကိုႏိွပ္စက္ေနတာကိုဒီတိုင္းထိုင္ၾကည့္ေနစရာလား ငယ္"

"ဒီမွာဂ်ီဆူ...စကားကိုဆင္ျခင္ေျပာပါ။ဂ်န္းကေမာင့္ကိုႏိွပ္စက္ေနတာမဟုတ္ဘူးေနာ္"

"ဒါေပမယ့္.."

"ေတာ္ၾကပါေတာ့..ဒီမွာအယ္လာလည္းရိွေနတာကိုဘာျဖစ္ေနၾကတာလဲ"

လီဆာစိတ္မရွည္ေတာ့လို႔ ထေအာ္ပစ္လိုက္သည္။

အယ္လာကေတာ့လူႀကီးေတြအားတစ္လွည့္ဆီလိုက္ၾကည့္ရင္းေၾကာင္အအျဖစ္ေနသည္။

"မမလည္းေတာ္ေတာ့....မဒမ္လည္းေတာ္ေတာ့"

"မင္းတို႔ႏွစ္ေယာက္ကေလအၿမဲအဲ့တိုင္း။ရန္ျဖစ္လိုက္အိမ္ေပၚကဆင္းလိုက္ၿပီးရင္လည္းမင္းတို႔မဟုတ္ၾကတဲ့အတိုင္း..ကေလးကစားတယ္မ်ားထင္ေနၾကတာလား"

ဂ်ီ ဟာခပ္စြာစြာျပန္ေငါက္သြားရင္းအိမ္ထဲကိုတန္းေနေအာင္ဝင္သြားသည္။

ခ်ယ့္မွာေတာ့ေခါင္းသာကုတ္ႏိုင္သည္။

"ကဲနင္တို႔လည္းျပန္ေတာ့...ငါလည္းၿခံတံခါးပိတ္ရအုန္းမယ္"

"သြားမယ္ေမာင္.."

"အန္တီခ်ယ္တာ့တာေနာ္"

"တာ့တာ..အယ္လာေလး"

အသဲတုန္ေအာင္ခ်စ္ရတဲ့တူမေလးကိုေတာင္ ခ်ယ့္မွာတီတီတာတာမေျပာႏိုင္ေတာ့....

မိန္းမကေရႊစိတ္ေတာ္ေတြေကာက္ေကြးေနၿပီဆိုေတာ့ျပန္ေျပလည္ေအာင္ ဒီကလူပဲျပင္ရမွာေပါ့။

🌻🌼

"ဂ်ီ ကလည္းကြာဘာလို႔ငိုေနတာလဲ...တိတ္ပါကြာ..ဂ်ီငိုေတာ့ငယ္ကစိတ္မေကာင္းဘူးေပါ့"

သူ႔ညီမေၾကာင့္ စိတ္မေကာင္းေတျြဖစ္ရင္းရိႈက္ႀကီးတငင္ေတြပါ ငိုခ်ေနတဲ့ ဂ်ီ့ေၾကာင့္ခ်ယ္ပိုၿပီးစိတ္ညစ္သြားမိသည္။

"ငယ္ရယ္...မမကသူ႔ကိုစိတ္ပူလို႔ကို။သူကမမကိုျပန္ေအာ္သြားတယ္ အီးဟီး"

"အိုးကြၽတ္ကြၽတ္....ငယ့္အခ်စ္ရယ္မငိုပါနဲ႔ေတာ့ကြာ။ရင္ေတြကြဲေတာ့မယ္။သူတို႔လည္းခ်စ္လို႔ယူထားၾကတာေလဂ်ီရယ္။ေနာက္ၿပီးစိတ္အခန္႔မသင့္လို႔ခဏရန္ျဖစ္ၾကတာဆိုေတာ့ၿပီးရင္ျပန္အဆင္ေျပသြားတာထံုးစံေလ"

ဂ်ီ့ အားရင္ခြင္ထဲထည့္ထားရင္းေက်ာေလးကိုပြတ္ေပးေနရသည္။

အျပင္ပန္းမွာမာေက်ာၿပီးအငိုအရယ္မရိွတဲ့သူဆိုေပမယ့္ငယ့္ေရ႔ွမွာေတာ့ဘာကိုမွမေတြးႏိုင္ပဲစိတ္ခ်လက္ခ်ငိုခ်တတ္တာ ဂ်ီ့အက်င့္။

"အင္းပါ...မမအဲ့လိုေတြလိုက္ခံစားေနလို႔မျဖစ္ေတာ့ဘူး။အဲ့တာကလံုးဝမေကာင္းဘူးသိလားငယ္"

"ဟုတ္တယ္မခံစားနဲ႔ ဂ်ီ....လီဆာလည္းအခုခ်ိန္အိမ္ေထာင္တစ္ခုနဲ႔..ကေလးတစ္ေယာက္ေတာင္ရိွေနေသးတယ္။သူ႔ဟာနဲ႔သူေတြးတတ္ေနပါၿပီ။သိပ္ပူမေနနဲ႔"

"အိပ္ၾကရေအာင္ ငယ္..ေနာက္က်ေနၿပီ"

"အြန္းအိပ္ၾကမယ္ေနာ္..လာ"

ဂ်ီ့ မ်က္ဝန္းလွလွမွာ ခိုတြယ္ေနတဲ့မ်က္ရည္စ,ေတြကို လက္နဲ႔ခါေပးရင္းသူမရဲ့ကိုယ္ေလးကို ေပြ့ခ်ီလိုက္သည္။

"ငယ့္အခ်စ္ေလးကအသက္သာႀကီးတာအခုထိကေလးအတိုင္းပဲ"

"ငယ္လည္းကေလးပဲ"

"ဟုတ္လား..ကေလးမဟုတ္ေၾကာင္းျပရမလား"

"ဟိုးထား..မနက္က်အလုပ္ရိွတယ္။မမ အိပ္မျွဖစ္ေတာ့မယ္"

ကြၽန္မအေပၚကေန အုပ္မိုးထားတဲ့ ငယ့္ႏႈတ္ခမ္းေလးကို လက္ညိုးနဲ႔ပိတ္ကာတားလိုက္သည္။

"အင္းပါ..နားလိုက္ေတာ့"

ဂ်ီ့ အားနဖူးေလးကို အျမတ္တႏိုးနမ္းရင္းငယ္ဟာ ေဘးကေနရာလြတ္မွာလွဲလိုက္သည္။

ကြၽန္မေဘးက မီးအိမ္ကိုပိတ္လိုက္ရင္းမ်က္လံုးေတြကိုအနားေပးကာအိပ္စက္ဖို႔ျပင္လိုက္ရသည္။

🌻🌼

ဂ်န္းနီတို႔အိမ္ျပန္ေရာက္တဲ့အခ်ိန္အယ္လာေလးဟာကားထဲမွာအိပ္ေမာက်ေနတာေၾကာင့္လီဆာကေနပဲ ခ်ီၿပီးေခၚလာရသည္။

"ေမာင္...ေျဖးေျဖးေလးခ်ေနာ္"

"အင္းပါ..ကြၽတ္ကြၽတ္.."

အယ္လာမႏိုးသြားေအာင္ ေသခ်ာေခ်ာ့ျမဴရင္း ကုတင္ေပၚခ်ေပးလိုက္သည္။

အယ္လာကလြန္ခဲ့တဲ့ တစ္လေလာက္တည္းကဂ်န္းနီတို႔နဲ႔အတူမအိပ္ေတာ့ပဲ ခြဲအိပ္ေနတာေလ။

"သမီးေလးလည္းပင္ပန္းေနၿပီထင္တယ္"

"အြန္း..ဟုတ္မွာေပါ့"

ေမာင္ဟာထိုသို႔ေျပာသြားရင္း အခန္းထဲကထြက္သြားသည္။

"ေမာင္...တို႔ေတာင္းပန္ပါတယ္ေနာ္"

ဂ်န္းနီတို႔အခန္းထဲေရာက္ေတာ့ေမာင့္ခါးေတြကိုအေနာက္ကဖက္ရင္းေက်ာျပင္က်ယ္ကိုမ်က္ႏွာအပ္ကာေျပာလိုက္သည္။

"အင္းပါ..မဒမ္ေတာင္းပန္ဖို႔မလိုပါဘူး"

သူ႔ဆီက အရင္လို"နီ"လို႔ေခၚသံေလးၾကားခ်င္ေပမယ့္လည္း အခြင့္မသာခဲ့။

ခ်ယ္တို႔အိမ္ေရာက္လို႔ သူ႔မ်က္ႏွာကိုေတြ့ရတဲ့အခ်ိန္ဂ်န္းနီရင္ေတြနာရပါသည္။

တံခါးနဲ႔ေဆာင့္မိထားတဲ့ေနရာကညိုမဲၿပီးေယာင္ကိုင္းေနတာပဲေလ။

"ေမာင္ ဒါဘာလုပ္တာလဲ"

ေခါင္းအံုးေတြေစာင္ေတြယူၿပီးအျပင္ထြက္ဖို႔ျပင္ေနတဲ့ေမာင့္လက္အားအတင္းဆြဲရင္း ဂ်န္းနီေမးလိုက္သည္။

"အျပင္ထြက္အိပ္မို႔ေလ"

"ဘာလို႔လဲ..တို႔နဲ႔ပဲအိပ္ေလကြာ"

"မဒမ္စိတ္အေနွာင့္အယွက္ျဖစ္မွာစိုးလို႔"

"ေမာင္...တို႔ကိုၾကည့္ပါအုန္း...စိတ္ဆိုးေနတာလားေမာင္"

ေမာင့္လက္ထဲက ေခါင္းအံုးေတြေစာင္ေတြကိုဆြဲဖယ္လိုက္ၿပီး ေမာင့္မ်က္ႏွာကိုကိုင္ကာအၾကည့္ခ်င္းဆံုေစလိုက္သည္။

"ကြၽန္မစိတ္မဆိုးပါဘူး...မဒမ္စိတ္ဆိုးမွာသာေၾကာက္ေနရတာ"

"က်စ္...တို႔ေတာင္းပန္ပါတယ္။ညေနက တို႔ဘက္ကလြန္သြားတာ"

"မဟုတ္တာ..ကြၽန္မကမဒမ္ေျပာသလိုကေလးအရမ္းဆန္ၿပီး အသံုးမက်တာလည္းအမွန္တရားပဲဟာကို"

ေမာင္က ေဒါသထြက္တုန္းခဏေျပာတဲ့စကားေတြကို အတည္ယူၿပီးစိတ္မေကာင္းျဖစ္ေနပံုပဲ။

"ေမာင္အဲ့တာကေဒါသထြက္ၿပီးေပါက္တတ္ကရေတြေျပာမိတာ။စိတ္ထဲကလံုးဝမပါဘူးက်ိန္ေျပာရဲတယ္"

"မက်ိန္ပါနဲ႔..မဒမ္သာတခုခုျဖစ္ရင္ကြၽန္မပဲရင္က်ိဳးရမွာ"

"ရႉး...ေမာင္လို႔ပဲသံုးပါ။တို႔ကိုလည္း နီ လို႔ပဲေခၚပါေနာ္"

"အင္းပါ...အရမ္းခ်စ္တယ္ေနာ္ နီ"

"တို႔လည္းေမာင့္ကိုအသက္ေလာက္ခ်စ္တယ္"

ေမာင့္မ်က္ႏွာကိုဆြဲယူရင္းဆာေလာင္စြာပဲ အနမ္းေတြပံုေဖာ္မိသည္။

ေမာင့္လည္တိုင္ကိုတင္းတင္းခ်ိတ္ရင္းေလအဝင္မခံႏိုင္တဲ့အထိ ပူးကပ္ထားသည္။

ေနာက္ဆံုးေမာင္ဟာ အိပ္ရာေပၚကိုဂ်န္းနီရဲ့ကိုယ္ေလးအားလွဲခ်ရင္းအေပၚကေနအုပ္မိုးကာ လည္ပင္းသားေတြကိုေသြးစုပ္ဖုတ္ေကာင္ကဲ့သို႔ ရန္ရွာေနျပန္သည္။

ေမာင္ဒီလိုအခ်ိန္ ခပ္ဆိုးဆိုးေလးျပဳမူတိုင္း ရင္ေတြေပါက္မတတ္ျဖစ္ေနရတာ ဂ်န္းနီပဲေပါ့။

မေျပလည္ၾကတဲ့ အခ်ိန္ေတြရိွတိုင္းအခ်စ္ေတြနဲ႔ ျပန္ျပဳျပင္ဖာေထးၾကရေအာင္။

ေမာင့္ကိုသိပ္ခ်စ္တဲ့ ကင္ဂ်န္းနီ။

×××××××အားလံုးပဲၾကယ္ေလးေတြေပးသြားၾကအုန္း💫

(Liveေတြေရာမွီလိုက္ၾကလား Kေတာ့Lisooကိုေသခ်ာၾကည့္လိုက္ရတယ္😁)

ေတာင္းဆိုေနၾကလို႔မအားတဲ့ၾကားကKအေကာင္းဆံုးျဖစ္ေအာင္ေရးေပးထားတာပါ။

လိုအပ္ခ်က္ေတြရိွသြားရင္အႏူးအၫြတ္ေတာင္းပန္ပါတယ္။

ေယာေရာ္ဘြန္းတို႔လာေျပာၾကတဲ့Cmtေတြကိုတခုခ်င္းKအၿမဲမွတ္ပါတယ္။

အားလံုးလိုခ်င္သလိုမ်ိဳးလည္းKေရးေပးႏိုင္ေအာင္ႀကိဳးစားေနတယ္။

ေနာက္ထပ္New FicကဒီလထဲပဲUpdateႏိုင္ေအာင္ႀကိဳးစားပါ့မယ္။

အတိအက်ေတာ့မေျပာတတ္ေသးပါဘူးလို႔..

အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎

2022.8.8(Mon)

×××××××

There are no comments yet. Log in to be the first to leave a review!

Similar stories