Fanfics

Extra1

06:41, 8 August 2022

(Unicode)

မီးဖိုချောင်မှာ အိုးခွက်တွေကိုယ်တိုင်ဆေးရင်းအလုပ်ရှုပ်နေတဲ့ ချစ်ရသူလေးကိုအနောက်ကနေပြေးဖက်ကာ ဖြူစွတ်နေတဲ့လည်ပင်းသားတွေအား တပြွတ်ပြွတ်နမ်းနေလိုက်သည်။

"ငယ်....အိပ်ချင်နေပြီလား"

သူ့ကိုခေါင်းစောင်းကြည့်ရင်းနှာခေါင်းလေးရှုံ့ကာမေးလာတဲ့ဂျီ ဟာအချိန်တိုင်းလှရက်နိုင်သူ။

"ဂျီ နဲ့အတူအိပ်ချင်တာလေ"

"အင်းပါခဏစောင့်နော်..မမရဲ့ကလေးလေးဒါလေးတွေဆေးပြီးရင်အပေါ်တက်ကြမယ်"

"ဒီတိုင်းလေးပဲနေမယ်နော်"

"မမကလေးလေးသဘောပါရှင့်"

ပြောရင်းနဲ့ နဖူးပေါ်ကိုဖွဖွနမ်းလာတဲ့ဂျီ့ ကိုကြည့်ရင်း ပါးစပ်ဟာနားရွက်တက်ချိတ်တော့မည်။

"အိမ်ကအဒေါ်ကြီးတွေကိုဘာလို့ဇာတိမြေပြန်ခိုင်းလိုက်တာလဲကွာ...အခုတော့ ဂျီ ကပင်ပန်းနေပြီ"

"သူတို့လည်းမိသားစုကိုလွမ်းမှာပေါ့ကလေးရယ်"

"အင်းပေါ့လေ..ဂျီ ကတကယ့်နတ်သမီးလေး"

နှာခေါင်းမြုပ်တဲ့အထိ ဂျီ့ ပခုံးသားထဲနစ်ဝင်ပြီး နမ်းရှိုက်ပစ်လိုက်သည်။

ဂျီ နဲ့လက်ထပ်ပြီးတာ သုံးနှစ်ကျော်ရှိနေပြီး အဲ့ကတည်းကမာနိုဘန်အိမ်တော်မှာပဲ ပြောင်းနေမိသည်။

အရင်အိမ်မှာတော့ အမတို့မယားမယားနဲ့ချယ် သိပ်ချစ်ရတဲ့တူမလေး အယ်လာတို့ရှိသည်။

ဂျီ့ အဖေနဲ့အမေကတော့ အမေရိကကိုပြောင်းသွားကြတာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကပေါ့။

အခုလည်းအိမ်တော်အကြီးကြီးမှာဂျီ နဲ့ ချယ် နှစ်ယောက်တည်းသာ...

ပျင်းခြောက်ခြောက်နဲ့ဆိုပေမယ့်လည်းဂျီ ရှိနေလို့စိတ်တွေတအားပျော်နေမိသည်။

"မနက်ကျရင်အလုပ်သွားမှာဆိုတော့စောစောအိပ်ပြီးစောစောပဲနားလိုက်တာပေါ့နော်"

မှန်တင်ခုံတွင် ဂျီ ဟာထိုင်ရင်းမျက်နှာနုနုကိုNight creamလူးနေလေသည်။

ချယ် လည်း ဂျီ့​ရဲ့ချထားတဲ့ခြေထောက်တွေရှေ့ထိုင်ချကာပေါင်ပေါ်ခေါင်းအုံးလိုက်သည်။

"ငယ်လေးကတော့တကယ့်ရုံးပတီသီး"

ချယ့် ဆံပင်တွေကိုပွတ်ပေးရင်းရယ်သံလေးနဲ့ပြောလာတဲ့ ဂျီ့ကြောင့်ချယ်ပါရောပြုံးနေမိသည်။

ချယ့်ရဲ့ပျော်ရွှင်ခြင်းဟာလည်း ဂျီချယ့်ရဲ့ဝမ်းနည်းခြင်းဟာလည်း ဂျီချယ့်ရဲ့အရာရာဟာ ဂျီနဲ့သာသက်ဆိုင်သည်။

"ချစ်တယ်နော် ဂျီ"

"ယူထားတာပဲသုံးနှစ်ရှိနေပြီကို...ရှင်လေးကချစ်စကားတွေပြောတုန်း"

ငယ့်ကိုသာဒီလိုပြောနေရတာအမှန်အတိုင်းဝန်ခံရရင်ကျွန်မကငယ့်ရဲ့အဲ့လိုချစ်စကားလေးတွေကိုသိပ်...သိပ်သဘောကျမိတာ...

"ဘာဖြစ်လဲ..အိမ်ထောင်သက်သုံးနှစ်မကလို့နောက်အနှစ်နှစ်ဆယ်ထိလည်း ငယ်ကတော့မညီးမညူပြောနေအုန်းမှာ...ဂျီ"

"အဲ့တာတွေကြောင့် ငယ်လေးကိုချစ်နေရတာ"

"အခုအချစ်တွေကိုသက်သေပြရအောင်နော်"

ငယ်ဟာလူလည်လေး...စကားတစ်ခွန်းကိုလိုချင်တာမရှိပဲပြောလေ့ဆိုလေ့မရှိတဲ့ကလေး...

ချစ်စန်ိုးနဲ့ကလေးသာခေါ်နေရတာအမှန်တကယ် ကလေးမဟုတ်မှန်းလည်းကျွန်မ သိနေတာပဲလေ။

သို့သော်လည်း ငယ်ဟာထာဝရကလေးကြီး။

"ဒါပေါ့..အချစ်တွေကိုပြသကြမယ်ငယ်"

ငယ့်လည်တိုင်ကို ချိတ်လိုက်ရင်းအောက်နှုတ်ခမ်းကိုကိုက်ကာ ညို့အားပြင်းပြင်းဆိုလိုက်သည်။

ဂျီ့ ရဲ့ညို့ဓါတ်တွေမှာမစခင်တည်းက ကျရှုံးနေတဲ့ချယ့်အဖို့တော့ ခံနိုင်ရည်တွေမဲ့စွာမျက်နှာလေးအားဆွဲယူရင်းနှုတ်ခမ်းလေးကိုစုပ်နမ်းပေးလိုက်သည်။

အလိုဆန္ဒပြင်းပြင်းနဲ့ အပေါ်တစ်လှည့်အောက်တစ်လှည့်စုပ်နမ်းနေရင်းကလျှာချင်းပါထိစပ်ကာ အနမ်းပေးနေကြသည်။

မိုးပြာရောင်အိပ်ရာခင်းပေါ်ကိုဖြူလွလွအမျိုးသမီးအား လှဲချလိုက်ရင်းအပေါ်စီးကနေ ကြည့်ရှူနေသည်။

"ကဲ...ဆက်မလုပ်တော့ရင်အိပ်တော့မယ်"

မျက်လွှာလေးချကာ ခပ်တိုးတိုးဆိုလာတဲ့ထိုအမျိုးသမီးကိုကြည့်ရင်း ရင်တွေဟာလှပ်ခနဲ...

ကိုယ့်အပိုင်ဖြစ်နေပေမယ့်လည်းဒီလိုအချိန်တိုင်း ချယ့်မှာဒီလိုမျိုးခံစားနေရတုန်း..

"ဂျီဆူမာနိုဘန်ကငယ့်အပိုင်ပဲ"

ဂျီ့လည်ပင်းသားတွေကို နမ်းရှိုက်ရင်းအရာထင်သည်အထိ ကိုက်ခဲနေမိသည်။

ညှပ်ရိုးလှလှကို ဖွဖွကိုက်ရင်းလက်တွေက မို့မောက်နေတဲ့နေရာနှစ်ခုမှာဆုပ်နယ်ခြင်းလုပ်ငန်းကိုမနားတမ်းလုပ်ဆောင်သည်။

ပွမ်....ပွမ်.....#

နှစ်ယောက်ချစ်ဆိပ်တက်နေကြတုန်းနားထဲဝင်လာတဲ့ ကားဟွန်းသံကြောင့်ဂျီ ကချယ့်အား တွန်းထုတ်နေသည်။

ထိုကားဟွန်းသံကိုလည်း ဂျီပဲကြားတာချယ်ကတော့နားထဲကိုမဝင်....

"ဘာလို့တွန်းနေတာလဲကွာ"

"ကားဟွန်းသံကြားလို့ငယ်ရဲ့"

"အဲ့တာဘာဖြစ်လဲကြားပါစေပေါ့...ဘာမှလည်းမဆိုင်ပဲနဲ့လာပါဆက်ချစ်ကြမယ်"

"ခဏလေးပါငယ်ရယ်"

ငယ်ဆိုးထားတာကြောင့် ပုံပျက်နေတဲ့ဂါဝန်ကိုသေချာပြန်ပြင်ရင်းပြတင်းပေါက်နားလျှောက်လိုက်သည်။

ထင်သည့်အတိုင်း ပြတင်းပေါက်ကိုဖွင့်ထားမိပြီး ပြန်မပိတ်ဖြစ်သေးတာကိုး....

ပိတ်ဖို့အလုပ်မှာ ခြံရှေ့ကြည့်မိတော့ကားတစ်စီးကိုတွေ့ရလေသည်။

အမှောင်ထဲမှာ ကားကလည်းအနက်ရောင်ဆိုတော့မနည်းမြင်အောင် ကြည့်နေရသည်။

ကားမီးတွေလည်းမှိတ်ထားတော့အမှုမဲ့အမှတ်မဲ့သာဆို ကားရပ်ထားမှန်းသတိထားမိမှာမဟုတ်ဘူး။

"ငယ်ခြံရှေ့မှာကားတစ်စီးရောက်နေတယ်"

"အဲ့တာဘာလုပ်ရမှာလဲ"

ကုတင်ပေါ်မှာ ခြေကားယားလက်ကားယားဖြစ်နေတဲ့ ငယ်ဟာဆူအောင့်အောင့်လေးပြန်အော်ပြောနေလေသည်။

သူလေးစိတ်ဆိုးနေလေပြီပဲ။

"ငယ်လေးကလည်း ဘယ်ကကားမှန်းမသိလို့ပေါ့လို့"

"ဒီတိုင်းလာရပ်ထားတာနေမှာပေါ့"

"ဟယ်တော့..ခြံရှေ့တည့်တည့်ကိုမှဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုနော်"

ခါးတွေပါထောက်ရင်း လက်အမူအရာတွေပါပါလာပြီဖြစ်တဲ့ ဂျီ့ ကြောင့်လူကထရပြန်ပြီ။

ထပြီးမကြည့်ပြန်ရင်လည်းဂျီ ဟာပြန်ပြီးစိတ်ဆိုးအုန်းမှာကိုသိနေတယ်လေ။

"ဘယ်မှာလဲဟိုကားလား"

"ဟုတ်တယ်လေ"

ဂျီ ပြောလည်းပြောချင်စရာကိုး။အမှောင်ထဲမှာ ကားမီးတွေပါပိတ်ပြီးဘာတွေလုပ်နေတာပါလိမ့်။

အဲ့တာကလည်း သူများခြံရှေ့ကြီးမှာလေ...

"ငယ်ဆင်းကြည့်လိုက်မယ်"

"မမလည်းအတူလိုက်မှာပေါ့"

ချယ့်လက်တွေကိုဆွဲလာတဲ့ ဂျီ့အားပြန်ကြည့်ရင်း ခေါင်းညိတ်ကာအောက်ထပ်ကိုဆင်းလာခဲ့ကြသည်။

"ငယ်....ရဲစခန်းကိုဖုန်းဆက်လိုက်ရမလား"

"အဲ့လောက်မကြောက်ပါနဲ့ ဂျီရာ...ငယ်သေချာသွားကြည့်ပါအုန်းမယ်"

ခြံထဲကမီးတွေကို ဖွင့်လိုက်ရင်းခြံဝကမီးတွေပါ တပါတည်းဖွင့်လိုက်သည်။

အခုမှပဲ ထိန်ထိန်ကြဲသွားတော့သည်။

ဒါပေမယ့်လည်း ပြိုင်ကားအနက်ထဲကလူကိုအခုထိမမြင်ရသေး...

လေးဖက်လေးလံကို စတေကာအနက်တွေကပ်ထားတာကြောင့်ဖြစ်မည်။

ဘယ်လိုဂျလေဘီ လမ်းသရဲပါလိမ့်ကွာ..

"ဂျီ...ဒီမှာပဲနေခဲ့နော်.."

"ဖြစ်ပါ့မလားငယ်ရယ်"

"ငယ့်ကိုယုံစမ်းပါကွာ"

ဂျီ့ လက်တွေကိုဖြုတ်ချရင်းခြံရှေ့သွားလိုက်သည်။

ခြံတံခါးဖွင့်ကာ ထိုကားရဲ့ယာဥ်မောင်းဘက်ကမှန်ကို လက်ဆစ်နဲ့ နှစ်ချက်ခေါက်လိုက်သည်။

"ဘယ်လိုကလေကချေလဲကွာ.....တွေ့ကြသေးတာပေါ့"

ထိုအချိန် အထဲကမှန်ချလိုက်တာကြောင့်တွေ့လိုက်ရတဲ့ မျက်နှာကြီးဟာသိပ်ကိုချစ်ရပါတဲ့ နှစ်ထပ်ကွမ်းယောက်ဖကြီးလာလီဆာမာနိုဘန်ဖြစ်နေပါလား....

"ငါဒီလောက်ဟွန်းတီးတာတောင်နင်တို့ကအခုမှလာဖွင့်ပေးရလားငနာရဲ့"

သူ့အားပြောချင်ရာပြောပြီးခြံထဲမောင်းဝင်သွားတဲ့ လီဆာ့ကိုကြည့်ရင်းချယ်ကတော့ ခုန်ဆွခုန်ဆွနဲ့ကျန်နေခဲ့သည်။

"ငါ့များငနာဆိုပဲ..လာလီဆာစုတ်"

ခြံတံခါးပြန်ပိတ်ကာ အထဲအမြန်လိုက်ရသည်။

အဲ့ကားရူးကအခုလည်းအသစ်တစ်စီးပြောင်းထားပြန်တာကိုး....

ကားကအသစ်ဆိုတော့သူမှန်းမသိလိုက်။

"လီလီ...ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

အစကတော့ အဲ့ကားကခြံထဲတခါတည်းတန်းမောင်းလာတာကြောင့် ကျွန်မလန့်သွားသည်။

နောက်ကားပေါ်ကဆင်းလာတဲ့သူတွေ့မှပဲရင်အေးရတော့သည်။

"ဒီတိုင်းအလည်လာတာပါ မမကလည်း"

ညဘက်ကြီးရောက်လာပြီးမျက်မှန်အမည်းကြီးပါတပ်ထားတဲ့လီဆာ့ကြောင့် ဂျီဆူကတော့ခေါင်းထဲမေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့သာ....

"နင်ဘယ်တုန်းကများငါတို့ဆီအလည်လာတတ်လို့လဲလီဆာရား.."

ဂျီ့ ပခုံးကိုဖက်လိုက်ရင်း ချယ်ကပြောသည်။

လီဆာကတော့ မမပခုံးပေါ်ကအဲ့ပါးဖောင်းကောင်ရဲ့လက်ကိုကြည့်ပြီးမဲ့ရွဲ့ကာ နှာခေါင်းရှုံ့လိုက်မိသည်။

ကိုယ့်အမကို နှမျောစိတ်လေးရှိပေမယ့်လည်းကိုယ်ကလည်း သူ့အမကိုပြန်ယူထားတော့ဘဲသားဘဲကျေဆိုပြီး စိတ်ကိုဖြေနေရသည်။

"မေးခွန်းတွေဖြေချင်စိတ်မရှိလို့ငါ့ကိုဘာမှမပြောပါနဲ့လားချယ်ယောင်း..."

ဖိနပ်ကိုချွတ်ကာ အိမ်ထဲဝင်သွားတဲ့လီဆာ့နောက်ကို ဟိုနှစ်ယောက်လိုက်ရပြန်သည်။

"နင်ငါ့အမနဲ့ရန်ဖြစ်လာပြန်တာလား"

"ဖြစ်စရာလား..မဖြစ်ပါဘူးနော်"

မီးဖိုချောင်ထဲဝင်ရင်း ဟိုလှန်ဒီလှန်နဲ့ရှာဖွေရေးဆင်းနေတဲ့ လီဆာ့ကြောင့်

"လီလီညစာမစားရသေးဘူးလား"

"ဟီးဟီးဟုတ်တယ်မစားရသေးဘူး"

သူ့ဗိုက်လေးသူပွတ်ပြရင်းသွားကြီးဖြီးကာ ပြောနေတဲ့လီဆာဟာအိမ်ထဲမှာတောင်နေကာမျက်မှန်ကြီးနဲ့ကြည့်နေရတာ ရယ်ချင်စရာ....

"မမပြင်ပေးမယ်ထိုင်စောင့်နေ"

"ဟုတ်"

လီဆာကထိုင်ခုံတစ်ခုမှာဝင်ထိုင်တော့ချယ်လည်းသူ့ဘေးကခုံမှာထိုင်လိုက်ရင်း...

"ငါ့တော့ပွင့်ပွင့်လင်းလင်းပြောစမ်းလီဆာ..နင်နဲ့ငါ့အမ ရန်ဖြစ်ကြပြန်ပြီမလား"

"တော်စမ်းပါချယ်ယောင်းရာ...ငါဘာမှပြောချင်စိတ်မရှိဘူး"

"ငယ်...တိုးတိုးတိုးတိုးလုပ်မနေနဲ့တော့။သူထမင်းစားပါစေအုန်း"

"ဝါး...မမကဝက်သားနဲ့ဂင်ချီကျီဂဲချက်ထားတာပဲ"

"အွန်းဟုတ်တယ်...များများစားနော်။လီလီလေးကြိုက်တယ်မလား"

"ဟုတ်ကဲ့မမ ထမင်းရှိသေးတယ်မလား"

"ရှိသေးတာပေါ့အများကြီး..အဲ့တာကြောင့် လီလီသာများများစား"

သူ့ညီမကိုဂရုစိုက်ပြနေတာကြည့်ရတော့နည်းနည်းတောင် သိမ်ငယ်သွားရသည်။

ဂျီ နဲ့ပတ်သက်ရင် အရာရာသဝန်တိုမိသည်။အခုလို ညီမဖြစ်သူနဲ့ကအစ တခါတလေမျက်စိစပါးမွှေးစူးပါသည်။

ချယ်တို့ညီအမကျတော့ ချစ်ကြပေမယ့်လည်းအမက ဂျီ့ လောက်တော့ ညီမကိုဂရုမစိုက်ဘူးလေ။

"အဲ့လောက်တောင်ဗိုက်ဆာနေတာလားလီလီ"

ဂျီ ပြောမှကြည့်မိတယ်။ခေါင်းမဖော်တမ်း တရွတ်ရွတ်ကိုဆွဲနေတာပဲ။

ဘယ်ဘဝတည်းက ငတ်လာလည်းမသိဘူး။

"ထမင်းထပ်ပေးပါအုန်း မမ"

"အွန်း မမထည့်ပေးမယ်"

"နင်ဆိုသည်မှာလည်းလေအမြဲအလွဲပဲလုပ်..ဝတ်လိုက်ရင်လည်းမထော်မနန်းတွေချည်းပဲ"

ချယ်ကမေးထောက်ထားရင်းလီဆာ့ကိုခေါင်းစခြေဆုံးကြည့်ကာပြောသည်။

"ငါကဘာလုပ်နေလို့လဲ"

"ရော့..လီလီစားလို့ရပြီ"

မမ ပေးတဲ့ထမင်းပန်းကန်ကိုယူပြီးအားရပါးရ စားဖို့ပြင်နေတုန်းချယ်ယောင်းလုပ်လိုက်တဲ့အရာကြောင့်လူက မျက်နှာတောင်ထားစရာမရှိ။

လီဆာ့နေကာမျက်မှန်ကိုဆွဲချွတ်လိုက်ခြင်းပဲ။

"ညဘက်ကြီးနေကာမျက်မှန်တပ်...လီဆာနင့်မျက်လုံးကဘယ်လိုဖြစ်"

ပြောမယ့်စကားတောင်ပြတ်သွားပြီးချယ်တောင်လန့်သွားရသည်။ဘယ်ဘက်မျက်လုံးတစ်ဝိုက်ယောင်ကိုင်းနေတာပဲ။

"လီလီ..ဒါဘယ်လိုဖြစ်တာလဲ"

"သွားပါပြီသွားပါပြီ"

ကိုယ့်နဖူးကိုပြန်ရိုက်ရင်းသာလီဆာရေရွတ်လိုက်သည်။

အဖောင်းကောင်..လက်ကလည်းမြန်ပါ့။

"ဘယ်သူနဲ့ရန်ဖြစ်လာတာလဲလီလီ"

လီဆာ့ဘေးအမြန်ရောက်လာရင်းမမဟာ မျက်လုံးကိုသေချာကြည့်ရင်းမေးသည်။

"ဘယ်သူနဲ့မှဖြစ်တာမဟုတ်ပါဘူး"

"လီလီ..မမကိုအမှန်အတိုင်းဖြေစမ်း"

"အေးလေလီဆာရာ..ဂျီ့ကိုစိတ်ပူရအောင်မလုပ်စမ်းပါနဲ့ဟာ..ပြောစမ်းပါ"

လီဆာလည်းခေါင်းကုတ်ရင်းသက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

"ဘယ်သူနဲ့မှရန်ဖြစ်တာမဟုတ်ဘူး...လီလီ့ဘာသာတံခါးနဲ့ဆောင့်မိတာ"

"ဂျန်းနီနဲ့ရန်ဖြစ်ရင်း ခိုက်မိတာမလား"

"ဟုတ်ကဲ့"

သူ့စကားကြောင့် ချယ်ကတော့မျက်လုံးကိုပြူးလို့..ဂျီဆူကတော့ မျက်မှောင်တွေကြုံ့သွားသည်။

"အဲ့မိန်းမကရန်ဖြစ်တိုင်း ငါ့မောင်လေးကိုပဲနာအောင်လုပ်နေတာပါလားဟ"

ခါးတစ်ဖက်ကိုလက်ထောက်ရင်းအားနဲ့ပြောနေတဲ့ ဂျီ့ကိုကြည့်ရုံနဲ့တင်ဒေါသထွက်နေမှန်း ချယ်သိလိုက်ပါသည်။

"နင်ကဘာတွေသွားလုပ်လို့ အမနဲ့ရန်ဖြစ်ကြပြန်တာလဲ"

"လီလီဘာလုပ်လုပ်ပေါ့...သူကအကြီးပဲလေ။နည်းနည်းပါးပါးသဘောထားကြီးသင့်တာပေါ့"

အရင်ကတော့သင့်မြတ်ပေမယ့်လွန်ခဲ့တဲ့အချိန်တွေတည်းက ဆက်ဆံရေးတွေက ကမောက်ကမဖြစ်ကုန်သည်။

လီလီဟာအမြဲတမ်း အိမ်ပေါ်ကဆင်းလာတတ်သည်။အဲ့လိုဆင်းလာတိုင်းလည်း ဒဏ်ရာတခုကတော့ပါလာနေကြသာ....

ပြီးရင်လည်းသူတို့ကသူတို့မဟုတ်သလိုတည့်သွားကြတာပေမယ့်လည်းကျွန်မကတော့ လီလီချည်းခံနေရလို့စိတ်ထဲသိပ်မကျေနပ်။

"ဒါနဲ့ဘယ်လိုဖြစ်ကြတာလဲ"

"ဖြစ်ပုံကတော့ ဒီလိုဟေ့"

🌻🌼

"မာမီ....ဒါဒါကတကယ်ပြန်မလာတော့ဘူးလားဟင်"

အိပ်ရာဝင်ပုံပြင်ဖတ်ပြနေတုန်းသမီးလေးမေးလာတဲ့မေးခွန်းကြောင့်ဂျန်းနီ မောင့်ကိုသတိရသွားသည်။

"ဒီညပြန်မလာရင်မနက်ကျပြန်လာမှာပေါ့သမီးရယ်"

သမီးလေးရဲ့ ဆံပင်လေးတွေကိုဖွဖွလေးသပ်တင်ပေးရင်း ပြောလိုက်သည်။

"ဒါဒါ့ကိုပြောပေးပါနော်။ဒါဒါမကြိုက်ရင်သမီး....ဒိုဟွန်းနဲ့သူငယ်ချင်းမလုပ်တော့ပါဘူးလို့"

"အင်းပါ...မာမီပြောလိုက်မယ်နော်..အခုတော့အိပ်တော့ဟုတ်ပြီလား"

"မာမီ....ဒါဒါကအရင်တခါကလိုအန်တီအန်နာ့ကိုဖက်ရင်းငိုနေအုန်းမှာလားဟင်"

"ဟင်..."

သမီးလေးပြောမှပဲ မောင်နောက်ဆုံးအိမ်ပေါ်ကဆင်းသွားတုန်းကအန်နာ့ဆီသွားခဲ့တာကို မြင်ယောင်သွားသည်။

အဲ့တုန်းက မောင်နဲ့အကြီးအကျယ်ရန်ဖြစ်ကြတာ...မောင်က ဂျန်းနီကိုသဝန်တိုတဲ့အမှုပဲပေါ့လေ..

သူအရမ်းစိတ်မကောင်းဖြစ်သွားပြီးနှစ်ညလောက်ပြန်မလာခဲ့ဘူး။

ပုံမှန် ချယ်တို့အိမ် သွားနေနေကျမို့အဲ့မှာပဲရှိတယ်ထင်နေပေမယ့်မောင်ကမလာခဲ့ဘူးတဲ့လေ။

နောက်တော့ အန်နာနဲ့အတူခရီးထွက်သွားတာ...အဲ့ကတည်းကမောင်နဲ့အဆင်ပြေပြေပဲနေနေခဲ့တာ..

ဒီနေ့ဖြစ်တဲ့ကိစ္စကလည်းအမှန်တော့ဘာမဟုတ်တာလေးပဲ။

ဂျန်းနီ ဘက်ကသာအလုပ်ကအဆင်မပြေတဲ့ကိစ္စတွေနဲ့ရောချပြီးမောင့်အပေါ်ပုံချလိုက်သလိုဖြစ်သွားတာ..

"မာမီ ပြီးရင်ပြန်လာခဲ့မယ်နော်..အခုတော့ဖုန်းဆက်စရာနေရာရှိလို့"

သမီးလေးရဲ့ ပါးလေးနှစ်ဖက်ကိုတစ်လှည့်စီအနမ်းပေးလိုက်ရင်းစောင်ကိုရင်ဘတ်အထိဆွဲခြုံပေးကာဝရံတာဘက်ထွက်လာလိုက်သည်။

××××××××

Extra 2ကနောက်ထပ်လာမယ်နော်📣

Happy 6th years Anniversaryပါအမတို့ပွဲဦးထွက်ကတည်းက ဘလင့်စဖြစ်တာတော့မဟုတ်ခဲ့ပေမယ့် နောက်နှစ်တွေများစွာထိ အမတို့ကိုပဲချစ်သွားချင်ပါတယ်။အချိန်တွေသာနောက်ဆုတ်ခွင့်ရရင် 2016.8.8ကိုပြန်ရွေ့ပြီး အဲ့ကတည်းကStanလိုက်ချင်တယ်။

အမတို့ကိုအများကြီးချစ်ပြီးအရမ်းလွမ်းပါတယ်လို့။ဘလင့်ခုတွေနဲ့ဘလက်ပင့်ဟာတစ်သားတည်းနော်။(ငါကမင်း..မင်းကငါပဲ)Fancy You🖤💗

××××××(Zawgyi)

မီးဖိုေခ်ာင္မွာ အိုးခြက္ေတြကိုယ္တိုင္ေဆးရင္းအလုပ္ရႈပ္ေနတဲ့ ခ်စ္ရသူေလးကိုအေနာက္ကေနေျပးဖက္ကာ ျဖဴစြတ္ေနတဲ့လည္ပင္းသားေတြအား တႁပြတ္ႁပြတ္နမ္းေနလိုက္သည္။

"ငယ္....အိပ္ခ်င္ေနၿပီလား"

သူ႔ကိုေခါင္းေစာင္းၾကည့္ရင္းႏွာေခါင္းေလးရႈံ႔ကာေမးလာတဲ့ဂ်ီ ဟာအခ်ိန္တိုင္းလွရက္ႏိုင္သူ။

"ဂ်ီ နဲ႔အတူအိပ္ခ်င္တာေလ"

"အင္းပါခဏေစာင့္ေနာ္..မမရဲ့ကေလးေလးဒါေလးေတြေဆးၿပီးရင္အေပၚတက္ၾကမယ္"

"ဒီတိုင္းေလးပဲေနမယ္ေနာ္"

"မမကေလးေလးသေဘာပါရွင့္"

ေျပာရင္းနဲ႔ နဖူးေပၚကိုဖြဖြနမ္းလာတဲ့ဂ်ီ့ ကိုၾကည့္ရင္း ပါးစပ္ဟာနားရြက္တက္ခ်ိတ္ေတာ့မည္။

"အိမ္ကအေဒၚႀကီးေတြကိုဘာလို႔ဇာတိေျမျပန္ခိုင္းလိုက္တာလဲကြာ...အခုေတာ့ ဂ်ီ ကပင္ပန္းေနၿပီ"

"သူတို႔လည္းမိသားစုကိုလြမ္းမွာေပါ့ကေလးရယ္"

"အင္းေပါ့ေလ..ဂ်ီ ကတကယ့္နတ္သမီးေလး"

ႏွာေခါင္းျမဳပ္တဲ့အထိ ဂ်ီ့ ပခံုးသားထဲနစ္ဝင္ၿပီး နမ္းရိႈက္ပစ္လိုက္သည္။

ဂ်ီ နဲ႔လက္ထပ္ၿပီးတာ သံုးႏွစ္ေက်ာ္ရိွေနၿပီး အဲ့ကတည္းကမာႏိုဘန္အိမ္ေတာ္မွာပဲ ေျပာင္းေနမိသည္။

အရင္အိမ္မွာေတာ့ အမတို႔မယားမယားနဲ႔ခ်ယ္ သိပ္ခ်စ္ရတဲ့တူမေလး အယ္လာတို႔ရိွသည္။

ဂ်ီ့ အေဖနဲ႔အေမကေတာ့ အေမရိကကိုေျပာင္းသြားၾကတာ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္ကေပါ့။

အခုလည္းအိမ္ေတာ္အႀကီးႀကီးမွာဂ်ီ နဲ႔ ခ်ယ္ ႏွစ္ေယာက္တည္းသာ...

ပ်င္းေျခာက္ေျခာက္နဲ႔ဆိုေပမယ့္လည္းဂ်ီ ရိွေနလို႔စိတ္ေတြတအားေပ်ာ္ေနမိသည္။

"မနက္က်ရင္အလုပ္သြားမွာဆိုေတာ့ေစာေစာအိပ္ၿပီးေစာေစာပဲနားလိုက္တာေပါ့ေနာ္"

မွန္တင္ခံုတြင္ ဂ်ီ ဟာထိုင္ရင္းမ်က္ႏွာႏုႏုကိုNight creamလူးေနေလသည္။

ခ်ယ္ လည္း ဂ်ီ့​ရဲ့ခ်ထားတဲ့ေျခေထာက္ေတြေရ႔ွထိုင္ခ်ကာေပါင္ေပၚေခါင္းအံုးလိုက္သည္။

"ငယ္ေလးကေတာ့တကယ့္ရံုးပတီသီး"

ခ်ယ့္ ဆံပင္ေတြကိုပြတ္ေပးရင္းရယ္သံေလးနဲ႔ေျပာလာတဲ့ ဂ်ီ့ေၾကာင့္ခ်ယ္ပါေရာၿပံဳးေနမိသည္။

ခ်ယ့္ရဲ့ေပ်ာ္ရႊင္ျခင္းဟာလည္း ဂ်ီခ်ယ့္ရဲ့ဝမ္းနည္းျခင္းဟာလည္း ဂ်ီခ်ယ့္ရဲ့အရာရာဟာ ဂ်ီနဲ႔သာသက္ဆိုင္သည္။

"ခ်စ္တယ္ေနာ္ ဂ်ီ"

"ယူထားတာပဲသံုးႏွစ္ရိွေနၿပီကို...ရွင္ေလးကခ်စ္စကားေတြေျပာတုန္း"

ငယ့္ကိုသာဒီလိုေျပာေနရတာအမွန္အတိုင္းဝန္ခံရရင္ကြၽန္မကငယ့္ရဲ့အဲ့လိုခ်စ္စကားေလးေတြကိုသိပ္...သိပ္သေဘာက်မိတာ...

"ဘာျဖစ္လဲ..အိမ္ေထာင္သက္သံုးႏွစ္မကလို႔ေနာက္အႏွစ္ႏွစ္ဆယ္ထိလည္း ငယ္ကေတာ့မညီးမၫူေျပာေနအုန္းမွာ...ဂ်ီ"

"အဲ့တာေတြေၾကာင့္ ငယ္ေလးကိုခ်စ္ေနရတာ"

"အခုအခ်စ္ေတြကိုသက္ေသျပရေအာင္ေနာ္"

ငယ္ဟာလူလည္ေလး...စကားတစ္ခြန္းကိုလိုခ်င္တာမရိွပဲေျပာေလ့ဆိုေလ့မရိွတဲ့ကေလး...

ခ်စ္စန္ိုးနဲ႔ကေလးသာေခၚေနရတာအမွန္တကယ္ ကေလးမဟုတ္မွန္းလည္းကြၽန္မ သိေနတာပဲေလ။

သို႔ေသာ္လည္း ငယ္ဟာထာဝရကေလးႀကီး။

"ဒါေပါ့..အခ်စ္ေတြကိုျပသၾကမယ္ငယ္"

ငယ့္လည္တိုင္ကို ခ်ိတ္လိုက္ရင္းေအာက္ႏႈတ္ခမ္းကိုကိုက္ကာ ညို႔အားျပင္းျပင္းဆိုလိုက္သည္။

ဂ်ီ့ ရဲ့ညို႔ဓါတ္ေတြမွာမစခင္တည္းက က်ရႈံးေနတဲ့ခ်ယ့္အဖို႔ေတာ့ ခံႏိုင္ရည္ေတြမဲ့စြာမ်က္ႏွာေလးအားဆြဲယူရင္းႏႈတ္ခမ္းေလးကိုစုပ္နမ္းေပးလိုက္သည္။

အလိုဆႏၵျပင္းျပင္းနဲ႔ အေပၚတစ္လွည့္ေအာက္တစ္လွည့္စုပ္နမ္းေနရင္းကလ်ွာခ်င္းပါထိစပ္ကာ အနမ္းေပးေနၾကသည္။

မိုးျပာေရာင္အိပ္ရာခင္းေပၚကိုျဖဴလြလြအမ်ိဳးသမီးအား လွဲခ်လိုက္ရင္းအေပၚစီးကေန ၾကည့္ရႉေနသည္။

"ကဲ...ဆက္မလုပ္ေတာ့ရင္အိပ္ေတာ့မယ္"

မ်က္လႊာေလးခ်ကာ ခပ္တိုးတိုးဆိုလာတဲ့ထိုအမ်ိဳးသမီးကိုၾကည့္ရင္း ရင္ေတြဟာလွပ္ခနဲ...

ကိုယ့္အပိုင္ျဖစ္ေနေပမယ့္လည္းဒီလိုအခ်ိန္တိုင္း ခ်ယ့္မွာဒီလိုမ်ိဳးခံစားေနရတုန္း..

"ဂ်ီဆူမာႏိုဘန္ကငယ့္အပိုင္ပဲ"

ဂ်ီ့လည္ပင္းသားေတြကို နမ္းရိႈက္ရင္းအရာထင္သည္အထိ ကိုက္ခဲေနမိသည္။

ၫွပ္ရိုးလွလွကို ဖြဖြကိုက္ရင္းလက္ေတြက မို႔ေမာက္ေနတဲ့ေနရာႏွစ္ခုမွာဆုပ္နယ္ျခင္းလုပ္ငန္းကိုမနားတမ္းလုပ္ေဆာင္သည္။

ပြမ္....ပြမ္.....#

ႏွစ္ေယာက္ခ်စ္ဆိပ္တက္ေနၾကတုန္းနားထဲဝင္လာတဲ့ ကားဟြန္းသံေၾကာင့္ဂ်ီ ကခ်ယ့္အား တြန္းထုတ္ေနသည္။

ထိုကားဟြန္းသံကိုလည္း ဂ်ီပဲၾကားတာခ်ယ္ကေတာ့နားထဲကိုမဝင္....

"ဘာလို႔တြန္းေနတာလဲကြာ"

"ကားဟြန္းသံၾကားလို႔ငယ္ရဲ့"

"အဲ့တာဘာျဖစ္လဲၾကားပါေစေပါ့...ဘာမွလည္းမဆိုင္ပဲနဲ႔လာပါဆက္ခ်စ္ၾကမယ္"

"ခဏေလးပါငယ္ရယ္"

ငယ္ဆိုးထားတာေၾကာင့္ ပံုပ်က္ေနတဲ့ဂါဝန္ကိုေသခ်ာျပန္ျပင္ရင္းျပတင္းေပါက္နားေလ်ွာက္လိုက္သည္။

ထင္သည့္အတိုင္း ျပတင္းေပါက္ကိုဖြင့္ထားမိၿပီး ျပန္မပိတ္ျဖစ္ေသးတာကိုး....

ပိတ္ဖို႔အလုပ္မွာ ၿခံေရ႔ွၾကည့္မိေတာ့ကားတစ္စီးကိုေတြ့ရေလသည္။

အေမွာင္ထဲမွာ ကားကလည္းအနက္ေရာင္ဆိုေတာ့မနည္းျမင္ေအာင္ ၾကည့္ေနရသည္။

ကားမီးေတြလည္းမိွတ္ထားေတာ့အမႈမဲ့အမွတ္မဲ့သာဆို ကားရပ္ထားမွန္းသတိထားမိမွာမဟုတ္ဘူး။

"ငယ္ၿခံေရ႔ွမွာကားတစ္စီးေရာက္ေနတယ္"

"အဲ့တာဘာလုပ္ရမွာလဲ"

ကုတင္ေပၚမွာ ေျခကားယားလက္ကားယားျဖစ္ေနတဲ့ ငယ္ဟာဆူေအာင့္ေအာင့္ေလးျပန္ေအာ္ေျပာေနေလသည္။

သူေလးစိတ္ဆိုးေနေလၿပီပဲ။

"ငယ္ေလးကလည္း ဘယ္ကကားမွန္းမသိလို႔ေပါ့လို႔"

"ဒီတိုင္းလာရပ္ထားတာေနမွာေပါ့"

"ဟယ္ေတာ့..ၿခံေရ႔ွတည့္တည့္ကိုမွဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီးကိုေနာ္"

ခါးေတြပါေထာက္ရင္း လက္အမူအရာေတြပါပါလာၿပီျဖစ္တဲ့ ဂ်ီ့ ေၾကာင့္လူကထရျပန္ၿပီ။

ထၿပီးမၾကည့္ျပန္ရင္လည္းဂ်ီ ဟာျပန္ၿပီးစိတ္ဆိုးအုန္းမွာကိုသိေနတယ္ေလ။

"ဘယ္မွာလဲဟိုကားလား"

"ဟုတ္တယ္ေလ"

ဂ်ီ ေျပာလည္းေျပာခ်င္စရာကိုး။အေမွာင္ထဲမွာ ကားမီးေတြပါပိတ္ၿပီးဘာေတြလုပ္ေနတာပါလိမ့္။

အဲ့တာကလည္း သူမ်ားၿခံေရ႔ွႀကီးမွာေလ...

"ငယ္ဆင္းၾကည့္လိုက္မယ္"

"မမလည္းအတူလိုက္မွာေပါ့"

ခ်ယ့္လက္ေတြကိုဆြဲလာတဲ့ ဂ်ီ့အားျပန္ၾကည့္ရင္း ေခါင္းညိတ္ကာေအာက္ထပ္ကိုဆင္းလာခဲ့ၾကသည္။

"ငယ္....ရဲစခန္းကိုဖုန္းဆက္လိုက္ရမလား"

"အဲ့ေလာက္မေၾကာက္ပါနဲ႔ ဂ်ီရာ...ငယ္ေသခ်ာသြားၾကည့္ပါအုန္းမယ္"

ၿခံထဲကမီးေတြကို ဖြင့္လိုက္ရင္းၿခံဝကမီးေတြပါ တပါတည္းဖြင့္လိုက္သည္။

အခုမွပဲ ထိန္ထိန္ႀကဲသြားေတာ့သည္။

ဒါေပမယ့္လည္း ၿပိဳင္ကားအနက္ထဲကလူကိုအခုထိမျမင္ရေသး...

ေလးဖက္ေလးလံကို စေတကာအနက္ေတြကပ္ထားတာေၾကာင့္ျဖစ္မည္။

ဘယ္လိုဂ်ေလဘီ လမ္းသရဲပါလိမ့္ကြာ..

"ဂ်ီ...ဒီမွာပဲေနခဲ့ေနာ္.."

"ျဖစ္ပါ့မလားငယ္ရယ္"

"ငယ့္ကိုယံုစမ္းပါကြာ"

ဂ်ီ့ လက္ေတြကိုျဖဳတ္ခ်ရင္းၿခံေရ႔ွသြားလိုက္သည္။

ၿခံတံခါးဖြင့္ကာ ထိုကားရဲ့ယာဥ္ေမာင္းဘက္ကမွန္ကို လက္ဆစ္နဲ႔ ႏွစ္ခ်က္ေခါက္လိုက္သည္။

"ဘယ္လိုကေလကေခ်လဲကြာ.....ေတြ့ၾကေသးတာေပါ့"

ထိုအခ်ိန္ အထဲကမွန္ခ်လိုက္တာေၾကာင့္ေတြ့လိုက္ရတဲ့ မ်က္ႏွာႀကီးဟာသိပ္ကိုခ်စ္ရပါတဲ့ ႏွစ္ထပ္ကြမ္းေယာက္ဖႀကီးလာလီဆာမာႏိုဘန္ျဖစ္ေနပါလား....

"ငါဒီေလာက္ဟြန္းတီးတာေတာင္နင္တို႔ကအခုမွလာဖြင့္ေပးရလားငနာရဲ့"

သူ႔အားေျပာခ်င္ရာေျပာၿပီးၿခံထဲေမာင္းဝင္သြားတဲ့ လီဆာ့ကိုၾကည့္ရင္းခ်ယ္ကေတာ့ ခုန္ဆြခုန္ဆြနဲ႔က်န္ေနခဲ့သည္။

"ငါ့မ်ားငနာဆိုပဲ..လာလီဆာစုတ္"

ၿခံတံခါးျပန္ပိတ္ကာ အထဲအျမန္လိုက္ရသည္။

အဲ့ကားရူးကအခုလည္းအသစ္တစ္စီးေျပာင္းထားျပန္တာကိုး....

ကားကအသစ္ဆိုေတာ့သူမွန္းမသိလိုက္။

"လီလီ...ဘယ္လိုလုပ္ၿပီးေရာက္လာတာလဲ"

အစကေတာ့ အဲ့ကားကၿခံထဲတခါတည္းတန္းေမာင္းလာတာေၾကာင့္ ကြၽန္မလန္႔သြားသည္။

ေနာက္ကားေပၚကဆင္းလာတဲ့သူေတြ့မွပဲရင္ေအးရေတာ့သည္။

"ဒီတိုင္းအလည္လာတာပါ မမကလည္း"

ညဘက္ႀကီးေရာက္လာၿပီးမ်က္မွန္အမည္းႀကီးပါတပ္ထားတဲ့လီဆာ့ေၾကာင့္ ဂ်ီဆူကေတာ့ေခါင္းထဲေမးခြန္းေပါင္းေသာင္းေျခာက္ေထာင္နဲ႔သာ....

"နင္ဘယ္တုန္းကမ်ားငါတို႔ဆီအလည္လာတတ္လို႔လဲလီဆာရား.."

ဂ်ီ့ ပခံုးကိုဖက္လိုက္ရင္း ခ်ယ္ကေျပာသည္။

လီဆာကေတာ့ မမပခံုးေပၚကအဲ့ပါးေဖာင္းေကာင္ရဲ့လက္ကိုၾကည့္ၿပီးမဲ့ရြဲ႔ကာ ႏွာေခါင္းရႈံ႔လိုက္မိသည္။

ကိုယ့္အမကို ႏွေမ်ာစိတ္ေလးရိွေပမယ့္လည္းကိုယ္ကလည္း သူ႔အမကိုျပန္ယူထားေတာ့ဘဲသားဘဲေက်ဆိုၿပီး စိတ္ကိုေျဖေနရသည္။

"ေမးခြန္းေတြေျဖခ်င္စိတ္မရိွလို႔ငါ့ကိုဘာမွမေျပာပါနဲ႔လားခ်ယ္ေယာင္း..."

ဖိနပ္ကိုခြၽတ္ကာ အိမ္ထဲဝင္သြားတဲ့လီဆာ့ေနာက္ကို ဟိုႏွစ္ေယာက္လိုက္ရျပန္သည္။

"နင္ငါ့အမနဲ႔ရန္ျဖစ္လာျပန္တာလား"

"ျဖစ္စရာလား..မျဖစ္ပါဘူးေနာ္"

မီးဖိုေခ်ာင္ထဲဝင္ရင္း ဟိုလွန္ဒီလွန္နဲ႔ရွာေဖြေရးဆင္းေနတဲ့ လီဆာ့ေၾကာင့္

"လီလီညစာမစားရေသးဘူးလား"

"ဟီးဟီးဟုတ္တယ္မစားရေသးဘူး"

သူ႔ဗိုက္ေလးသူပြတ္ျပရင္းသြားႀကီးၿဖီးကာ ေျပာေနတဲ့လီဆာဟာအိမ္ထဲမွာေတာင္ေနကာမ်က္မွန္ႀကီးနဲ႔ၾကည့္ေနရတာ ရယ္ခ်င္စရာ....

"မမျပင္ေပးမယ္ထိုင္ေစာင့္ေန"

"ဟုတ္"

လီဆာကထိုင္ခံုတစ္ခုမွာဝင္ထိုင္ေတာ့ခ်ယ္လည္းသူ႔ေဘးကခံုမွာထိုင္လိုက္ရင္း...

"ငါ့ေတာ့ပြင့္ပြင့္လင္းလင္းေျပာစမ္းလီဆာ..နင္နဲ႔ငါ့အမ ရန္ျဖစ္ၾကျပန္ၿပီမလား"

"ေတာ္စမ္းပါခ်ယ္ေယာင္းရာ...ငါဘာမွေျပာခ်င္စိတ္မရိွဘူး"

"ငယ္...တိုးတိုးတိုးတိုးလုပ္မေနနဲ႔ေတာ့။သူထမင္းစားပါေစအုန္း"

"ဝါး...မမကဝက္သားနဲ႔ဂင္ခ်ီက်ီဂဲခ်က္ထားတာပဲ"

"အြန္းဟုတ္တယ္...မ်ားမ်ားစားေနာ္။လီလီေလးႀကိဳက္တယ္မလား"

"ဟုတ္ကဲ့မမ ထမင္းရိွေသးတယ္မလား"

"ရိွေသးတာေပါ့အမ်ားႀကီး..အဲ့တာေၾကာင့္ လီလီသာမ်ားမ်ားစား"

သူ႔ညီမကိုဂရုစိုက္ျပေနတာၾကည့္ရေတာ့နည္းနည္းေတာင္ သိမ္ငယ္သြားရသည္။

ဂ်ီ နဲ႔ပတ္သက္ရင္ အရာရာသဝန္တိုမိသည္။အခုလို ညီမျဖစ္သူနဲ႔ကအစ တခါတေလမ်က္စိစပါးေမႊးစူးပါသည္။

ခ်ယ္တို႔ညီအမက်ေတာ့ ခ်စ္ၾကေပမယ့္လည္းအမက ဂ်ီ့ ေလာက္ေတာ့ ညီမကိုဂရုမစိုက္ဘူးေလ။

"အဲ့ေလာက္ေတာင္ဗိုက္ဆာေနတာလားလီလီ"

ဂ်ီ ေျပာမွၾကည့္မိတယ္။ေခါင္းမေဖာ္တမ္း တရြတ္ရြတ္ကိုဆြဲေနတာပဲ။

ဘယ္ဘဝတည္းက ငတ္လာလည္းမသိဘူး။

"ထမင္းထပ္ေပးပါအုန္း မမ"

"အြန္း မမထည့္ေပးမယ္"

"နင္ဆိုသည္မွာလည္းေလအၿမဲအလြဲပဲလုပ္..ဝတ္လိုက္ရင္လည္းမေထာ္မနန္းေတြခ်ည္းပဲ"

ခ်ယ္ကေမးေထာက္ထားရင္းလီဆာ့ကိုေခါင္းစေျခဆံုးၾကည့္ကာေျပာသည္။

"ငါကဘာလုပ္ေနလို႔လဲ"

"ေရာ့..လီလီစားလို႔ရၿပီ"

မမ ေပးတဲ့ထမင္းပန္းကန္ကိုယူၿပီးအားရပါးရ စားဖို႔ျပင္ေနတုန္းခ်ယ္ေယာင္းလုပ္လိုက္တဲ့အရာေၾကာင့္လူက မ်က္ႏွာေတာင္ထားစရာမရိွ။

လီဆာ့ေနကာမ်က္မွန္ကိုဆြဲခြၽတ္လိုက္ျခင္းပဲ။

"ညဘက္ႀကီးေနကာမ်က္မွန္တပ္...လီဆာနင့္မ်က္လံုးကဘယ္လိုျဖစ္"

ေျပာမယ့္စကားေတာင္ျပတ္သြားၿပီးခ်ယ္ေတာင္လန္႔သြားရသည္။ဘယ္ဘက္မ်က္လံုးတစ္ဝိုက္ေယာင္ကိုင္းေနတာပဲ။

"လီလီ..ဒါဘယ္လိုျဖစ္တာလဲ"

"သြားပါၿပီသြားပါၿပီ"

ကိုယ့္နဖူးကိုျပန္ရိုက္ရင္းသာလီဆာေရရြတ္လိုက္သည္။

အေဖာင္းေကာင္..လက္ကလည္းျမန္ပါ့။

"ဘယ္သူနဲ႔ရန္ျဖစ္လာတာလဲလီလီ"

လီဆာ့ေဘးအျမန္ေရာက္လာရင္းမမဟာ မ်က္လံုးကိုေသခ်ာၾကည့္ရင္းေမးသည္။

"ဘယ္သူနဲ႔မျွဖစ္တာမဟုတ္ပါဘူး"

"လီလီ..မမကိုအမွန္အတိုင္းေျဖစမ္း"

"ေအးေလလီဆာရာ..ဂ်ီ့ကိုစိတ္ပူရေအာင္မလုပ္စမ္းပါနဲ႔ဟာ..ေျပာစမ္းပါ"

လီဆာလည္းေခါင္းကုတ္ရင္းသက္ျပင္းတစ္ခ်က္ခ်ကာ ေျပာလိုက္သည္။

"ဘယ္သူနဲ႔မွရန္ျဖစ္တာမဟုတ္ဘူး...လီလီ့ဘာသာတံခါးနဲ႔ေဆာင့္မိတာ"

"ဂ်န္းနီနဲ႔ရန္ျဖစ္ရင္း ခိုက္မိတာမလား"

"ဟုတ္ကဲ့"

သူ႔စကားေၾကာင့္ ခ်ယ္ကေတာ့မ်က္လံုးကိုျပဴးလို႔..ဂ်ီဆူကေတာ့ မ်က္ေမွာင္ေတြႀကံဳ႔သြားသည္။

"အဲ့မိန္းမကရန္ျဖစ္တိုင္း ငါ့ေမာင္ေလးကိုပဲနာေအာင္လုပ္ေနတာပါလားဟ"

ခါးတစ္ဖက္ကိုလက္ေထာက္ရင္းအားနဲ႔ေျပာေနတဲ့ ဂ်ီ့ကိုၾကည့္ရံုနဲ႔တင္ေဒါသထြက္ေနမွန္း ခ်ယ္သိလိုက္ပါသည္။

"နင္ကဘာေတြသြားလုပ္လို႔ အမနဲ႔ရန္ျဖစ္ၾကျပန္တာလဲ"

"လီလီဘာလုပ္လုပ္ေပါ့...သူကအႀကီးပဲေလ။နည္းနည္းပါးပါးသေဘာထားႀကီးသင့္တာေပါ့"

အရင္ကေတာ့သင့္ျမတ္ေပမယ့္လြန္ခဲ့တဲ့အခ်ိန္ေတြတည္းက ဆက္ဆံေရးေတြက ကေမာက္ကမျဖစ္ကုန္သည္။

လီလီဟာအၿမဲတမ္း အိမ္ေပၚကဆင္းလာတတ္သည္။အဲ့လိုဆင္းလာတိုင္းလည္း ဒဏ္ရာတခုကေတာ့ပါလာေနၾကသာ....

ၿပီးရင္လည္းသူတို႔ကသူတို႔မဟုတ္သလိုတည့္သြားၾကတာေပမယ့္လည္းကြၽန္မကေတာ့ လီလီခ်ည္းခံေနရလို႔စိတ္ထဲသိပ္မေက်နပ္။

"ဒါနဲ႔ဘယ္လိုျဖစ္ၾကတာလဲ"

"ျဖစ္ပံုကေတာ့ ဒီလိုေဟ့"

🌻🌼

"မာမီ....ဒါဒါကတကယ္ျပန္မလာေတာ့ဘူးလားဟင္"

အိပ္ရာဝင္ပံုျပင္ဖတ္ျပေနတုန္းသမီးေလးေမးလာတဲ့ေမးခြန္းေၾကာင့္ဂ်န္းနီ ေမာင့္ကိုသတိရသြားသည္။

"ဒီညျပန္မလာရင္မနက္က်ျပန္လာမွာေပါ့သမီးရယ္"

သမီးေလးရဲ့ ဆံပင္ေလးေတြကိုဖြဖြေလးသပ္တင္ေပးရင္း ေျပာလိုက္သည္။

"ဒါဒါ့ကိုေျပာေပးပါေနာ္။ဒါဒါမႀကိဳက္ရင္သမီး....ဒိုဟြန္းနဲ႔သူငယ္ခ်င္းမလုပ္ေတာ့ပါဘူးလို႔"

"အင္းပါ...မာမီေျပာလိုက္မယ္ေနာ္..အခုေတာ့အိပ္ေတာ့ဟုတ္ၿပီလား"

"မာမီ....ဒါဒါကအရင္တခါကလိုအန္တီအန္နာ့ကိုဖက္ရင္းငိုေနအုန္းမွာလားဟင္"

"ဟင္..."

သမီးေလးေျပာမွပဲ ေမာင္ေနာက္ဆံုးအိမ္ေပၚကဆင္းသြားတုန္းကအန္နာ့ဆီသြားခဲ့တာကို ျမင္ေယာင္သြားသည္။

အဲ့တုန္းက ေမာင္နဲ႔အႀကီးအက်ယ္ရန္ျဖစ္ၾကတာ...ေမာင္က ဂ်န္းနီကိုသဝန္တိုတဲ့အမႈပဲေပါ့ေလ..

သူအရမ္းစိတ္မေကာင္းျဖစ္သြားၿပီးႏွစ္ညေလာက္ျပန္မလာခဲ့ဘူး။

ပံုမွန္ ခ်ယ္တို႔အိမ္ သြားေနေနက်မို႔အဲ့မွာပဲရိွတယ္ထင္ေနေပမယ့္ေမာင္ကမလာခဲ့ဘူးတဲ့ေလ။

ေနာက္ေတာ့ အန္နာနဲ႔အတူခရီးထြက္သြားတာ...အဲ့ကတည္းကေမာင္နဲ႔အဆင္ေျပျပေပဲေနေနခဲ့တာ..

ဒီေန့ျဖစ္တဲ့ကိစၥကလည္းအမွန္ေတာ့ဘာမဟုတ္တာေလးပဲ။

ဂ်န္းနီ ဘက္ကသာအလုပ္ကအဆင္မေျပတဲ့ကိစၥေတြနဲ႔ေရာခ်ၿပီးေမာင့္အေပၚပံုခ်လိုက္သလိုျဖစ္သြားတာ..

"မာမီ ၿပီးရင္ျပန္လာခဲ့မယ္ေနာ္..အခုေတာ့ဖုန္းဆက္စရာေနရာရိွလို႔"

သမီးေလးရဲ့ ပါးေလးႏွစ္ဖက္ကိုတစ္လွည့္စီအနမ္းေပးလိုက္ရင္းေစာင္ကိုရင္ဘတ္အထိဆြဲၿခံဳေပးကာဝရံတာဘက္ထြက္လာလိုက္သည္။

××××××××

Extra 2ကေနာက္ထပ္လာမယ္ေနာ္📣

Happy 6th years Anniversaryပါအမတို႔ပြဲၪီးထြက္ကတည္းက ဘလင့္စျဖစ္တာေတာ့မဟုတ္ခဲ့ေပမယ့္ ေနာက္ႏွစ္ေတြမ်ားစြာထိ အမတို႔ကိုပဲခ်စ္သြားခ်င္ပါတယ္။အခ်ိန္ေတြသာေနာက္ဆုတ္ခြင့္ရရင္ 2016.8.8ကိုျပန္ေရြ့ၿပီး အဲ့ကတည္းကStanလိုက္ခ်င္တယ္။

အမတို႔ကိုအမ်ားႀကီးခ်စ္ၿပီးအရမ္းလြမ္းပါတယ္လို႔။ဘလင့္ခုေတြနဲ႔ဘလက္ပင့္ဟာတစ္သားတည္းေနာ္။(ငါကမင္း..မင္းကငါပဲ)Fancy You🖤💗

××××××

There are no comments yet. Log in to be the first to leave a review!

Similar stories