FINAL
15:29, 22 July 2022(Unicode)
"နီ...မင်းစွပ်စွဲနေတာတွေတော်လိုက်တော့နော်"
လီဆာ့အသံကြောင့် မဒမ့်ကိုယ်လေးတောင် တုန်တက်သွားသည်။အသံနဲ့တင်သူဘယ်လောက်ထိ ဒေါသထွက်နေလဲ ခန့်မှန်းရပါသည်။
"မင်းကဘာလဲသူ့ကိုထိတော့နာတာပေါ့ဟုတ်လား"
"မောင်ပြောပြီးပြီလေကွာ...မီယွန်းနဲ့ကသူငယ်ချင်းတွေပဲ...ဘာမှမပတ်သက်ဘူး"
သူကတခုခုဆို ဒေါသထွက်ဖို့ပဲသိတယ်။ဂျန်းရင်ထဲဘယ်လိုခံစားနေရလဲ သူနားမလည်ပါ။
သူ့ဆီကိုအဲ့ချိုမီယွန်းဆိုတဲ့မိန်းမက ညတိုင်းဖုန်းတွေဆက်နေတာကို တရားဝင်မိန်းမဖြစ်တဲ့ ဂျန်းကဒေါသမဖြစ်သင့်ဘူးလား။
"တို့ကိုစိတ်ကုန်နေပြီလား မောင်"
"ကျစ်....ဘာမဟုတ်တာတွေလျှောက်တွေးနေတာလဲကွာ"
မောင်ဟာဂျန်းကိုကျောပေးပြီး ဆံပင်တွေကိုထိုးဖွနေခဲ့သည်။အခန်းထဲမှာတခြားဘာသံမှမရှိတာကြောင့် မောင့်သက်ပြင်းချသံတွေကိုလည်း အတိုင်းသားကြားနေရသည်။
"တို့နောက်ကွယ်မှာဖောက်ပြန်နေရတာ မင်းသိပ်ပျော်နေမှာပဲနော် လာလီဆာ..."
"ပါးစပ်ကိုပိတ်လိုက်တော့နော်..နားထောင်နေလို့အကောင်းမှတ်မနေနဲ့"
လက်ညိုးသွင်သွင်ထိုးရင်း ပြောနေတာများ ကြောက်စရာကောင်းလိုက်တာ....
အဲ့လောက်တောင်ပဲ စိတ်ပျက်နေတာလားကွယ်။
"မင်းကမကောင်းတဲ့ကောင် တို့မှာကိုယ်ဝန်ကြီးနဲ့ဆိုတော့အရင်လိုမလှတော့လို့ မချစ်တော့ဘူးမလား"
"မဆီမဆိုင်တွေမတွေးနဲ့လို့ မောင်ပြောနေတယ်နော် ကင်ဂျန်းနီ"
"ဘယ်နှစ်ခါများ တို့ကိုဒီလိုနာမည်အပြည့်ခေါ်ဖူးလို့လဲ"
"မင်းကမဟုတ်တမ်းတရားတွေပြောနေတာကိုးကွ"
"အာ့ဆိုမင်းဆီကိုဘာလို့သူက ညတိုင်းဖုန်းတွေဆက်လဲ။ကျောင်းမှာလည်းမင်းနားပဲ အတင်းတွေကပ်ပြီး အမြဲအတူရှိနေတာကရောဘာတွေလဲ"
"မောင်တို့နှစ်ယောက်က ပရောဂျက်တစ်ခုကို အတူတူလုပ်နေရလို့လေကွာ"
"တော်စမ်းပါကွယ်...မင်းတို့တွေကအဲ့လိုပဲ။သစ္စာကိုမရှိကြတာ"
နှုတ်ခမ်းကိုမဲ့ရွဲ့ပြီးဆိုနေတဲ့ မဒမ့်ကိုကြည့်ပြီး ခံပြင်းလာမိတယ်။မဒမ်ကလွဲပြီး ဘယ်မိန်းမကိုမှစိတ်ထဲမရှိတာကို မသိလေသလား.....
သစ္စာမရှိဘူးဆိုပဲ။
"မင်းစကားတွေတရားလွန်နေပြီကင်ဂျန်းနီ..ငါထွက်သွားပေးမယ်"
"ငါ့လိုသစ္စာမရှိတဲ့ကောင် ဖောက်ပြန်နေတဲ့ကောင်ကိုမင်းမမြင်စေရတော့ဘူး"
သူ့စကားနဲ့တင် မဒမ့်မျက်အိမ်တွေထဲ အရည်လေးတွေဝဲနေလေပြီ။
ဒါပေမယ့်လည်း မဒမ့်ကိုစိတ်ဆိုးမိတယ်။လီဆာဆိုတာကလည်း အရင်တည်းကမှ ဂျစ်ကန်ကန်ခပ်ဆိုးဆိုးဆိုတော့ ဒီလိုဆိုမခံနိုင်...
"သွား...ဘယ်တော့မှပြန်မလာနဲ့လာလီဆာ"
အခန်းတံခါးလေးဝုန်းဆိုပြီးမြည်အောင် ပိတ်သွားတဲ့အချိန်မှာတော့ ထောင့်လေးကပ်ပြီး ဒူးထောင်ကာမျက်နှာအပ်ပြီး စတင်ငိုကြွေးပါလေတော့တယ်။
သူ့ကိုချစ်လွန်းလို့ စိတ်မချတာပါ။သူသာထားသွားရင်ဆိုတဲ့အတွေးကလေ ဂျန်းအတွက်တော့ကမ္ဘာပျက်တာထက် ပိုကြောက်စရာကောင်းလွန်းသည်။
အတွေးနဲ့တင် အကြိမ်ကြိမ်ပြိုလဲနေမိတာသူမသိပါ။
ကိုယ်ဝန်ဆောင်နေတဲ့အချိန်မို့ စိတ်တွေဂယောက်ဂယက်ဖြစ်တိုင်း သူ့ကိုအမြဲအပြစ်တွေရှာနေမိတာ..
အဲ့လိုအချိန်တိုင်း သူကသည်းခံပေးခဲ့သည်လေ။အခုများတော့ မိန်းမတစ်ယောက်လုံး နေ့စေ့လစေ့ဖြစ်နေတာတောင် သူထားသွားရက်သည်။
"လီဆာ...နင်ဘယ်သွားမလို့လဲညဘက်ကြီး"
တီဗီကြည့်နေရင်းက အသံကြားလို့ ထွက်ကြည့်တော့ ယောက်ဖကြီးက အိမ်အဝမှာ သူ့ ရှူးဖိနပ်အထူကြီးကိုကြိုးချည်နေလေသည်။
"နင့်အမနဲ့ဝေးရာ..."
"ဘာဖြစ်ကြပြန်ပြီလဲ"
"နင့်အမကိုပဲမေးကြည့်လိုက်ချယ်ယောင်း...ငါတော့ဒိုးပြီ"
သူ့ကိုလက်ပြသွားရင်း လီဆာဟာကားအနက်ရောင်ထဲဝင်ကာ အရှိန်နဲ့မောင်းထွက်သွားသည်။
ချယ်လည်းအလျင်အမြန်ပဲ အမဆီပြေးရသည်။
"အမ...."
ငိုယိုနေတဲ့ အမဆီပြေးသွားပြီး ချယ်ဘာပြောရမှန်းမသ်ိဖြစ်နေရသည်။
ဒီရက်ပိုင်းထဲ အမနဲ့လီဆာတို့ ခဏခဏပြဿနာတက်ကြသည်။အသေးအမွှားကအစ ရန်ဖြစ်သည်။
သူတို့နှစ်ယောက်ကိုစိတ်မပူပေမယ့်လည်း အမမှာကကိုယ်ဝန်ကြီးနဲ့လေ။
မမွေးလာသေးတဲ့ တူမလေးကိုတော့ထိခိုက်မှာစိုးသည်။
"မငိုပါနဲ့တော့....တော်ကြာကလေးထိခိုက်မယ်ဟ"
သူမကခေါင်းမော့လာရင်း ချယ့်ကိုဆွေးမြေ့မြေ့မျက်ဝန်းတွေနဲ့ကြည့်နေပြန်သည်။
မျက်ရည်တွေကတော့ကျနေဆဲ....
"ချယ်...ငါ့ကိုမောင်ကထားခဲ့ပြီဟ"
ဗလုံးဗထွေးနဲ့ပြောနေတဲ့ စကားသံတွေကို ချယ့်မှာနားလည်အောင်မနည်းနားထောင်ရသေးသည်။
ပြီးတဲ့နောက် အမရဲ့လက်တွေကိုဆုပ်ကိုင်ပြီး...
"လီဆာကစိတ်ဆိုးတုန်းခဏပါအမရယ်...နင်လည်းသူ့အကြောင်းသိသားနဲ့"
"ငါသူ့ကိုအရမ်းစွပ်စွဲမိသွားတယ်ထင်တယ်ချယ်ရာ"
"အေးပါစိတ်မကောင်းဖြစ်မနေနဲ့နော်။သူအချိန်တန်ပြန်လာမှာပါအမရဲ့....မငိုနဲ့တိတ်"
အမကိုဖက်ထားရင်း ကျောပြင်လေးကိုပွတ်ပေးကာ တတ်နိုင်သလောက် နှစ်သိမ့်ရသေးသည်။
အမကတော့ တသိမ့်သိမ့်ကိုဖြစ်လို့....အမတို့ရဲ့ပုံစံကိုကြည့်ရင်း ချယ်အိမ်ထောင်ပြုရမှာတောင် ကြောက်လာသည်။
အကယ်၍များ ဂျီနဲ့လည်း ဒီလိုမျိုးတွေကြုံတွေ့ရမည်ဆို ချယ်ကိုယ့်ကိုယ်ကိုခွင့်လွတ်နိုင်မှာမဟုတ်။
ဒါကြောင့်လည်း ဂျီ့ကိုစိတ်မဆင်းရဲရအောင် ထားမည်။
🌻🌼
စီးကရက်နံ့တွေအပြည့် ရေမွှေးနံ့တွေအပြည့်နဲ့ ထိုနေရာဟာ ကာစီနိုလောင်းကစားဝိုင်းတခု...
"လီဆာ...ငါတို့အားလုံး သတိရနေတာဟ။အခုမှပဲပြန်ပေါ်လာတော့တယ်"
ဝိုင်းထဲက လူတစ်ယောက်က သူ့အားကြည့်ရင်း စီးကရက်ဖွာကာ ပြောသည်။
"မင်းတို့ကငါ့ကိုသတိရနေတယ်ပေါ့...မင်းတို့ကိုအနိုင်ပိုင်းမယ့် ငါ့လိုလူကိုလေ အဟက်"
မဲ့ပြုံးလေးနဲ့ ဟက်ခနဲမြည်အောင် ရယ်ရင်းသူဆိုသည်။
ကျန်တဲ့လူတွေကတော့ သူ့စကားကိုရယ်မောကာတုန့်ပြန်ကြတာပေါ့။
သို့သော် စိတ်ထဲကနေလိုလိုလားလားပျော်လို့တော့မဟုတ်။
"ရက်စ်!!!တွေ့တယ်နော်ငါအကုန်သိမ်းတယ်"
"ဟာ..လီဆာကတော့လီဆာပဲဟေ့...နှစ်တွေကြာသွားလည်းလက်ရည်ကမကျသွားဘူးကွာ"
ဝိုင်းထဲက လူတစ်ယောက်ရဲ့ စိတ်ပျက်စွာထွက်ပေါ်လာသောအသံ...
သူကတော့ အနိုင်ရသူအပြုံးကြီးနဲ့ပေါ့။
"စိတ်မကောင်းပေမယ့် ဒီတခါလည်း ကိုယ့်အလှည့်ပဲပေါ့ဘရိုရာ..."
ဒီလိုနဲ့ပဲ လီဆာဆော့လာရင်းက သူချည်းပွဲဆက်နိုင်ရပါသည်။
ငွေအရေအတွက်များလာလေ သူ့ကို ဂျောင်ဆိုတဲ့လူကကြည့်မရဖြစ်လေ။
"ဟိတ်ဂျောင်....မင်းအသံတိတ်လှချည်လား...လီဆာလာမှပဲ ဖဲမင်းသားတို့အသံတောင်မထွက်ကွာ ခွီး"
ဂျောင့်အားကြည့်ရင်း လူတစ်ယောက်ကဆိုလိုက်သည်။
ထိုအချိန် ဂျောင်ဆိုတဲ့လူကိုလီဆာကြည့်လိုက်သည်။
ရုပ်ရည်ကပြေပြေပြစ်ပြစ်နဲ့ အာခေါင်ကိုလည်းလျှာနဲ့ထိုးထားသေး...
လီဆာလည်းသူ့လိုအာခေါင်ကိုလျှာနဲ့ထိုးရင်း စီးကရက်ကိုပါ ရှိုက်ခွာလိုက်သည်။
"ကဲ...ဒါဆိုငါ့ကိုခွင့်ပြုအုန်း လစ်တော့မယ်"
သုံးနာရီလောက်ထိုင်ဆော့ပြီးတဲ့အချိန်တော့ လက်ထဲလည်းအနိုင်ရထားတဲ့ငွေကအများသား....
အိမ်မှာလည်း မိန်းမကိုထားခဲ့ရတော့ စိတ်ကမချ။ပြန်မှဖြစ်အုန်းမည်လေ။
"ဘာလို့လဲကွာ...ဝိုင်းကောင်းနေတာကို"
"ငါ့မိန်းမကိုထားခဲ့ရတာကွ..ပြန်မှဖြစ်တော့မယ်"
"ဟုတ်သားပဲမင်းမိန်းမကိုယ်ဝန်ကြီးနဲ့ပဲ"
"အေး..ငါဒိုးမှဖြစ်တော့မယ်"
အားလုံးဟာသူငယ်ချင်းတွေပဲဖြစ်တာကြောင့်နားလည်ပေးကြပေမယ့် ဂျောင်ကတော့မပါခဲ့။
သူတို့နှစ်ယောက်က သူငယ်ချင်းလည်းမဟုတ်သလို အခုမှပထမဆုံးတွေ့ဆုံမှု။
"မင်းကသွေးကြောင်နေတာလား"
ကာစီနိုစားပွဲကို အသံမြည်အောင် တောက်ရင်း ဂျောင်ကရန်စ,လိုက်သည်။
ပြန်ဖို့လှမ်းနေတဲ့ သူ့ခြေလှမ်းတွေလည်းတန့်ခနဲဖြစ်သွားသည်။
"ငါ့ဘဝမှာသွေးကြောင်တယ်ဆိုတာမရှိခဲ့ဘူး"
ဝိုင်းဆီကိုပြန်လျှောက်လာရင်းထိုလူ့ကိုစိုက်ကြည့်ကာ လီဆာပြောလိုက်သည်။
ဂျောင်ကတော့ခနဲ့သလိုကြည့်ရင်းရယ်နေသည်မှာ ဟက်ဟက်ပက်ပက်....
"မင်းကြောက်နေတာအသိသာကြီးသွေးပျက်နေတာများမျက်လုံးတွေမှာအထင်းသား"
စီးကရက်အငွေ့တွေကိုရှိုက်ထုတ်ရင်းထိုလူက သူ့အားမကြည့်ပဲပြောပြန်သည်။
လီဆာအလိုလိုကို လက်သီးတွေဆုပ်မိသည်။
စိတ်ရှိလက်ရှိသာဆို ဒီကောင်အမှုန့်ဖြစ်နေပြီ။
"မင်းဘာစကားပြောတာလဲ။ငါ့သမိုင်းမှာကြောက်ပြီးပြေးတာမျိုးလုံးဝမရှိဘူးကွ"
ထိုလူ့အကျီကော်လံစကို ဆွဲရင်းပြောသည်။
ဂျောင်ကတော့ခပ်ပြုံးပြုံးသာ...
တခြားသူတွေကလည်း တကယ့်Legendနှစ်ယောက်ရဲ့ပွဲကိုမျှော်လင့်နေကြတဲ့ပုံစံ....
"မင်းကမယားကြောက်ပဲကို လာလီဆာရာ"
"ငါကမိန်းမကိုချစ်တာကွမှတ်ထား"
"ဖြစ်နိုင်ပါတယ်..ဂျန်းနီကသိပ်လှတဲ့အမျိုးသမီးပဲလေ"
"မင်း သူ့ကိုဘယ်လိုသိတာလဲ"
လီဆာတကယ်သိချင်လို့မေးမိခြင်း။ဂျောင့်ကိုတောင်အခုမှသိတာလေ...
ဒါပေမယ့်သူကတော့လီ့နာမည်လည်းသ်ိပြီးမဒမ့်အထိပါသူလိုလူစိမ်းကသိနေသည်တဲ့။
"အရမ်းဆွဲဆောင်မှုရှိတဲ့မိန်းမပဲကွာ ငါသိတာပေါ့"
"ဘာဖြစ်တယ်...ထပ်ပြောစမ်း"
"ဆွဲဆောင်မှုရှိတယ်...စောက်ရမ်းမိုက်တယ်လို့။အိပ်ရာပေါ်မှာဆိုပိုကြိုက်ချင်စရာကောင်းမှာ"
ခွပ်!!!!
ကုန်ဆုံးသွားပါပြီ။လီသည်းခံထားတာတွေပျက်သုဥ်းသွားပြီ.....
ပြဿနာမတက်ချင်လို့ ငြိမ်နေတာကိုအကောင်းထင်နေတဲ့ စောက်ကောင်...
မျက်နှာကိုတံတွေးတစ်ချက်အရင်ထွေးပြီးအားနဲ့ကိုဆွဲထိုးပစ်လိုက်တယ်။
"နောက်တစ်ခါငါ့မိန်းမကိုအဲ့လိုမပြောနဲ့"
"မင်းငါ့လက်ထဲမှာတင်အသက်ထွက်သွားမယ်"
ထိုလူ့အပေါ်ကနေပြီးကို လှိမ့်ထိုးနေပါသောလီဆာ့အားဘယ်သူကမှမဆွဲကြပါ။
တားမယ့်သူလဲရှိမှမရှိပဲကို....
တကယ်လို့ဘမ်ဘမ်နဲ့အတူလာရင်တော့တစ်မျိုးတစ်ဖုံပြောင်းနိုင်သည်။
"မင်းလိုမိန်းမကိုငါကရှုံးစရာလားကွ"
ဒီတခါတော့ လီဆာအောက်ရောက်သွားပြန်ပြီ။
"ငါကဖဲမင်းသားကွ..မင်းနဲ့ကျမှဒီလိုဖြစ်တာ"
"မင်းစောက်သုံးမကျလို့ရှုံးတာလေ"
အပေါ်ရောက်လိုက်အောက်ရောက်လိုက်နဲ့ထိုးကြိတ်နေရင်း နောက်ဆုံးကာစီနိုပိုင်ရှင်ရောက်လာပြီးလူစုခွဲမှငြိမ်သွားတယ်။
ပွဲပြီးသွားတဲ့အချိန် အများဆုံးအနှက်ခံထားရတာကတော့ ဘယ်သူရယ်မှန်းမသိရအောင်သားရေရလဒ်နဲ့လက်ရေတူနေတယ်။
နှစ်ယောက်လုံးရဲ့ ကာစီနိုစည်းမျဥ်းကိုထိုးဖောက်မှုကြောင့် ရဲစခန်းရောက်သွားရသည်။
🌻🌼
ကလင်!!ကလင်!!!
သိပ်ပြီးမသုံးဖြစ်တဲ့ ကြိုးဖုန်းလာတာကြောင့်ချယ်ကတော့အထူးအဆန်းဖြစ်နေရသည်။
နောက်ပြီးညအချိန်မတော်ကြီးလေ...
"ဟယ်လို..ကင်အိမ်တော်ကပါ"
"ဟယ်လို...ကျွန်တော်ကဆိုးလ်ရဲစခန်းကစခန်းမှူးပါဗျ။"
"ဘာကိစ္စရှိလို့လဲရှင့်"
"လာလီဆာကအခုအချုပ်ထဲရောက်နေလို့အသိပေးတာပါဗျ"
"ဘာ...လာလီဆာအချုပ်ထဲမှာ"
သူ့အသံကကျယ်သွားလို့တောင်ကိုယ့်ပါးစပ်ကိုပြန်အုပ်နေသေး။
အမသာကြားသွားရင်ဘယ်နှယ့်လုပ်။
ကိုယ်ဝန်ကြီးနဲ့သွေးတက်နေမှဒုက္ခ....
"အဲ့တာလေ..လာလီဆာကသူ့မိန်းမကိုဒီကိစ္စမသိစေနဲ့လို့လည်းချယ်ယောင်းကိုပြောခိုင်းထားပါသေးတယ်"
"အင်းပါ အခုလာခဲ့မယ်"
ဖုန်းကိုချက်ချင်းချပြီး အမ မသိအောင်အမြန်ခိုးထွက်ရမည်။
ထိုသို့တွေးနေစဥ်မှာပဲ
"ချယ်....."
နောက်လှည့်တဲ့အချိန် အမနဲ့တည့်တည့်ကြီးကိုမျက်နှာချင်းဆိုင်တာပဲ။
အမအသံက စိုးရိမ်နေတဲ့အသံတော့မဟုတ်မျက်နှာကလည်းနည်းနည်းတင်းနေပြီးအသံကတော့မာနေသယောင်....
ကြားသွားတာလား..မကြားသွားတာလား
🌻🌼
ဒီလိုနေရာမျိုးကိုသဘောမကျလိုက်တာအချုပ်ခန်းကိုသဘောတွေ့တဲ့သူလည်းရှိမှာတော့မဟုတ်။ရူးနေရင်တော့မသိ...
မဒမ့်ကိုစိတ်ပူလွန်းလို့ အိမ်ကိုပြန်ရပါမယ်ဆိုအခုဒီမုန်းစရာနေရာကိုရောက်နေရတယ်။
"ချယ်ယောင်း...."
ရဲစခန်းထဲဝင်လာတဲ့ ချယ်ယောင်းကိုတွေ့တဲ့အချိန် ခံစားချက်ဟာအမှောင်ထဲနေရင်းအလင်းတွေ့သလို....
"နင်တော်တော်ပြဿနာရှာတဲ့ကောင်"
ချယ်ဟာသူ့ကိုအရင်လာရန်တွေ့ရင်းစခန်းမှူးနဲ့စကားတွေပြောနေသည်။
တော်သေးတာပေါ့။မဒမ်လိုက်မလာလို့....
"ဘယ်လိုဖြစ်ပြီးရန်ကဖြစ်ရတာလဲဟယ်"
"ဒီတိုင်းပါအဲ့ကောင်ငါ့ကိုအရင်ရန်စ,တာ"
ချယ့်ရဲ့အာမခံကြောင့် ပြန်လွတ်လာရပြီ။ဒီတခါတော့ယောက်ဖကိုဆုတောင်ချချင်သွားတယ်။
ဒါပေမယ့်လည်း သူ့ကိုလီကမမတစ်ယောက်လုံးကိုပေးထားတာပဲလေနော်။
"မျက်နှာတစ်ခုလုံးလည်းရစရာကိုမရှိဘူး"
"ငါကတော်သေးတာ..ဟိုကောင်ကပိုဆိုးတယ်"
"ငါမြင်ပါတယ်ဟိုကောင့်ကို"
"ဒါနဲ့ နီမသိဘူးမလား"
ချယ်ကလီ့ကိုမကြည့်တော့ပဲခေါင်းကုတ်နေလေတယ်။
ပြီးတော့ကားထဲကိုထိုးပြတယ်။
"နီ...."
"ငါဖုန်းပြောနေတာကိုကြားသွားတယ်လေ"
မဒမ်ကကားထဲမှာနေခဲ့တာကိုး။ကောင်းပါတယ်လေ။
တော်ကြာဟိုကောင်သာတွေ့သွားရင်ထပ်ပြီးရန်ဖြစ်နေရအုန်းမှာ....
ကိုယ်ဝန်ကြီးနဲ့ဆိုတော့နေခဲ့တာကကောင်းပါတယ်။
"နီ...."
လီ့ကားကကာစီနိုမှာပဲထားခဲ့ရတော့ချယ့်ကားနဲ့ပဲပြန်ရတော့မှာလေ။
နောက်ခန်းကိုတက်သာတက်ရတာနည်းနည်းတော့ခပ်လန့်လန့်ရယ်။
မဒမ်သာအော်ထုတ်ရင်ဆိုတဲ့အတွေး....
"ဟိုလေ မောင်တောင်းပန်ပါတယ်နော်"
မဒမ်ကမအော်တဲ့အပြင် လီထိုင်လို့ရအောင်ဟိုဘက်လေးတောင်တိုးလိုက်သေး....
ဒါပေမယ့်လီစကားပြောတော့သူမကပြန်မပြောပဲ အပြင်ကိုသာငေးနေသည်။
"ဟူး....."
တမင်ကြားအောင်ကိုသက်ပြင်းချပြီးဘာမှထပ်မပြောပဲ ငြိမ်နေလိုက်သည်။
ချယ်ကသူ့လိုမဟုတ်...ကားမောင်းရင်လိပ်လိုပဲမောင်းတာ။
အန္တရာယ်များလို့တဲ့လေ။
"ငါသီချင်းဖွင့်မယ်နော်"
"နင်လုပ်ချင်တာလုပ်"
ဒီစကားကိုမဒမ်ကပြောလိုက်ခြင်း။လီ့ကိုစကားမပြောတဲ့မဒမ်ကဒါကျဖြေသား...
ချယ်ဖွင့်လိုက်တဲ့သီချင်းလေးကAll of me........
စာသားအားလုံးဟာအနှစ်တွေချည်း
"What would I do without your smart mouth?"
လီသီချင်းထဲက စာသားလေးတချို့ကိုလိုက်ညီးနေမိသည်။
"And I'm so dizzy,don't know what hit me,but I'll be alright"
လီသီချင်းဆိုတာရင်း မဒမ့်ကိုမသိမသာနဲ့ခိုးကြည့်တော့ပြုံးနေသလိုပဲ။
စိတ်ထင်နေတာများလား....
"Cause all.....Cause all of meLoves all of you"
ခံစားချက်အပြည့်နဲ့ကိုထိုစာသားတွေကိုဆိုလိုက်တာ..
"ဟဲ့ လာလီဆာနင့်အသံဆိုးကြီးနဲ့မဆိုစမ်းနဲ့တိတ်လိုက်တော့..."
ချယ့်စကားကြောင့် မဒမ်ဟာတခစ်ခစ်နဲ့သဘောကျရယ်နေတယ်။
ပြန်ရန်တွေ့မယ့်စိတ်တွေတောင်အငွေ့ပျံသွားပြီး မဒမ့်ကိုကြည့်နေမိတယ်။
တကယ်ပါအရမ်းချစ်စရာကောင်းပြီးအရမ်းအရမ်းလှတဲ့လီ့မိန်းမ...
🌻🌼
အိမ်ရောက်တော့ ရေအရင်ချိုးရတယ်။အခုမှအချုပ်ခန်းကထွက်လာတာဆိုတော့လည်း..
လီရေချိုးပြီးထွက်လာတော့ မဒမ်ကအလုပ်စားပွဲမှာထိုင်ရင်းစာအုပ်ဖတ်နေလေတယ်။
"နီ....."
သူမရှေ့မှာဒူးထောက်ထိုင်ချလိုက်တဲ့လီဆာ...
"ဘာလဲ"
ပြန်ထူးပုံလေးကိုကပြုံးချင်တာကိုမနည်းထိန်းထားတဲ့ရုပ်လေးနဲ့....
"ချစ်တယ်နော်"
မဒမ့်လက်ထဲကစာအုပ်ကိုဆွဲယူပြီးစားပွဲပေါ်တင်လိုက်ကာ လက်တွေကိုကိုင်လိုက်တယ်။
"တို့လက်ကိုလွတ်လိုက်နော်"
"မောင့်မှာနီ့လက်ကိုလွတ်ချလို့စိတ်ကူးလုံးဝမရှိဘူး"
ပြွတ်စ်!!!
ပြောရင်းနဲ့ လက်ဖမိုးလေးကိုနမ်းလိုက်တယ်။
"အပိုတွေသိပ်ပြောတယ်နော်။သဝန်တိုလို့ပြောမိတာကိုတောင်လူကိုအော်လိုက်ငေါက်လိုက်တာဆိုတာ"
နှုတ်ခမ်းလေးဆူကာ အသံတဆာဆာနဲ့ရန်တွေ့နေပုံလေးကချစ်စရာကောင်းလိုက်တာ..
"မောင်တောင်းပန်ပါတယ်။မောင်စိတ်လွတ်သွားတာ"
"ဒါဆိုမင်းကအရူးလား"
မေးလေးငေါ့ရင်းပြောပြန်တဲ့ မဒမ့်ကိုအသဲတယားယား....
"မောင့်ကိုခွင့်လွတ်နော်"
"မင်းသိရဲ့လား...တို့ငိုရသေးတယ်"
"မောင်သိပါတယ်...မောင့်ကလေးလေးငိုပြီးကျန်နေခဲ့မယ်ဆိုတာ"
"အဲ့တာထက်ဒဏ်ရာတွေကနာနေလားဟင်"
"ဒီလောက်ကတော့အပျော့ပါကွာ"
"ဟွန်း..မပြောလိုက်ချင်ဘူး။ဒဏ်ရာဗရပွနဲ့"
"မီယွန်းနဲ့သူငယ်ချင်းလုပ်တာမကြိုက်ရင်မောင်မလုပ်တော့ဘူးနော်မဟေသီလေး"
"ပြီးတာပဲ။မကြိုက်ဘူး..သူနဲ့မခင်နဲ့တော့"
"ဟုတ်ကဲ့ပါ"
မဒမ့်ကိုဖက်ထားရင်း ဆူထွက်လွန်းနေတဲ့ဗိုက်လေးကိုမျက်နှာအပ်ထားမိတယ်။
မွေးခါနီးဖွားခါနီးဖြစ်နေတဲ့ မဒမ့်ကိုထားခဲ့ပြီးထွက်သွားတဲ့လီဟာအတော်ဆိုးပါလားနော်။
လီ့ကြောင့်နဲ့မဒမ့်မျက်ရည်တွေကြွေကုန်ရပြီ။
"ဟ...နီ...ကလေးကန်သံကြားလိုက်တယ်"
"ဟုတ်ရဲ့လားမောင်ရယ်"
"တကယ်မောင်ကြားရတာ"
မဒမ့်လက်ကိုဆွဲယူပြီး အသံကြားရတဲ့နေရာကိုကပ်ထားလိုက်တော့သူမမျက်နှာလေးလည်းပြုံးလာတယ်။
"ခံစားမိတယ်မလား နီ"
"အွန်း"
မဒမ်ဟာမျက်ရည်လေးတွေဝဲရင်းခေါင်းညိတ်ပြသည်။
ကိုယ်ဝန်ဆောင်တွေဟာစိတ်ခံစားလွယ်လွန်းတာပဲ။
"အ့...မောင်ဗိုက်နာလာသလားလို့"
"ဘာ!!ဗိုက်နာတယ်"
"အား..တကယ်နာတာမောင်ရဲ့..မွေးတော့မယ်ထင်တယ်"
ပထမဆုံးအတွေ့အကြုံမို့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရင်းကနေအဆင်သင့်ပြင်ထားတဲ့အိတ်ကိုယူပြီးမဒမ့်ကိုတွဲကာချယ့်ကိုအော်ခေါ်ရသည်။
ဂျီဆူနဲ့ဖုန်းပြောနေရင်းကကြားလိုက်ရတဲ့လီဆာ့အသံကြောင့်ချယ့်မှာလည်းအယောင်ယောင်အမှားမှား...
"ချယ်နင် နီ့ကိုကြည့်ပေးထား"
"ဟာငါကားမောင်းမယ်လေ"
"အမလေးကင်ချယ်ယောင်းရယ် နင်သာမောင်းရင်ငါလမ်းတင်ထွက်ကျမှာ"
သူမလည်းနာလွန်းလို့အံကြိတ်ရင်းကဘေးမှာရှိတဲ့ချယ့်ဆံပင်တွေကိုတောင်မဆီမဆိုင်ဆွဲထည့်လိုက်သေး....
"အ့,,နာတယ်အမရဲ့..ငါ့ဆံပင်တွေတော့သွားပါပြီ"
"ချယ်ခေါ်လာခဲ့တော့..ကားအဆင်သင့်ပဲ"
ထိုနေ့ညကမဒမ်နဲ့အဂျစ်ရဲ့ဘဝထဲကိုမင်းသမီးလေးတစ်ပါးဝင်ရောက်လာသည်။
မဒမ်နဲ့ချွတ်စွတ်တူတဲ့မျက်နှာမျိုးပိုင်ဆိုင်ထားပြီးအဂျစ်နဲ့တပုံတည်းတူတဲ့အမူအကျင့်တွေဟာကင်အယ်လာမာနိုဘန်လေးလက်ခံထားတဲ့DNA..
ကင်မိသားစုရဲ့အသဲကျော်အပြင်မာနိုဘန်အိမ်တော်ကလည်းဖူးဖူးမှုတ်ထားလွန်းတဲ့မင်းသမီးလေးပေါ့။
အရင်လိုမဒမ့်တစ်ဦးတည်းကိုပဲအချစ်တွေအောမချစ်ရတော့ပဲအယ်လာလေးကိုပါခွဲချစ်လာရသည်။
ဒါပေမယ့်လည်း မဒမ်ဟာ လီ့ဘဝရဲ့အချစ်ရဆုံးလူသားလေးပါပဲ။
သိပ်ချစ်တယ်မဒမ်...ဒီစကားလေးကိုမောင်တစ်ဘဝလုံးမရပ်မနား ရေရွတ်သွားနေချင်တယ်...
I LOVE YOU MADAM.×××××××××နောက်ဆုံးတော့ပြီးဆုံးသွားပါပြီ။
အစကနေအဆုံးထိဖတ်ရှူလာပေးတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးတင်သလို Cmtလေးတွေပေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်☺️
Ficအသစ်ကတော့ကြာအုန်းမယ်ပဲပြောချင်တယ်။
Spoilတော့ပေးလိုက်မယ်။ရေးခဲ့ဖူးတဲ့Ficတွေနဲ့တော့သိပ်မတူဘူး။
Age gapကအကွာကြီးကွာပါ့မယ်လို့🤭
ကြယ်လေးတွေပေးသွားကြပါအုန်း💫
အားလုံးကိုလေးစားချစ်ခင်လျက်🤎××××××××××(Zawgyi)
"နီ...မင္းစြပ္စြဲေနတာေတြေတာ္လိုက္ေတာ့ေနာ္"
လီဆာ့အသံေၾကာင့္ မဒမ့္ကိုယ္ေလးေတာင္ တုန္တက္သြားသည္။အသံနဲ႔တင္သူဘယ္ေလာက္ထိ ေဒါသထြက္ေနလဲ ခန္႔မွန္းရပါသည္။
"မင္းကဘာလဲသူ႔ကိုထိေတာ့နာတာေပါ့ဟုတ္လား"
"ေမာင္ေျပာၿပီးၿပီေလကြာ...မီယြန္းနဲ႔ကသူငယ္ခ်င္းေတြပဲ...ဘာမွမပတ္သက္ဘူး"
သူကတခုခုဆို ေဒါသထြက္ဖို႔ပဲသိတယ္။ဂ်န္းရင္ထဲဘယ္လိုခံစားေနရလဲ သူနားမလည္ပါ။
သူ႔ဆီကိုအဲ့ခ်ိဳမီယြန္းဆိုတဲ့မိန္းမက ညတိုင္းဖုန္းေတြဆက္ေနတာကို တရားဝင္မိန္းမျဖစ္တဲ့ ဂ်န္းကေဒါသမျဖစ္သင့္ဘူးလား။
"တို႔ကိုစိတ္ကုန္ေနၿပီလား ေမာင္"
"က်စ္....ဘာမဟုတ္တာေတြေလ်ွာက္ေတြးေနတာလဲကြာ"
ေမာင္ဟာဂ်န္းကိုေက်ာေပးၿပီး ဆံပင္ေတြကိုထိုးဖြေနခဲ့သည္။အခန္းထဲမွာတျခားဘာသံမွမရိွတာေၾကာင့္ ေမာင့္သက္ျပင္းခ်သံေတြကိုလည္း အတိုင္းသားၾကားေနရသည္။
"တို႔ေနာက္ကြယ္မွာေဖာက္ျပန္ေနရတာ မင္းသိပ္ေပ်ာ္ေနမွာပဲေနာ္ လာလီဆာ..."
"ပါးစပ္ကိုပိတ္လိုက္ေတာ့ေနာ္..နားေထာင္ေနလို႔အေကာင္းမွတ္မေနနဲ႔"
လက္ညိုးသြင္သြင္ထိုးရင္း ေျပာေနတာမ်ား ေၾကာက္စရာေကာင္းလိုက္တာ....
အဲ့ေလာက္ေတာင္ပဲ စိတ္ပ်က္ေနတာလားကြယ္။
"မင္းကမေကာင္းတဲ့ေကာင္ တို႔မွာကိုယ္ဝန္ႀကီးနဲ႔ဆိုေတာ့အရင္လိုမလွေတာ့လို႔ မခ်စ္ေတာ့ဘူးမလား"
"မဆီမဆိုင္ေတြမေတြးနဲ႔လို႔ ေမာင္ေျပာေနတယ္ေနာ္ ကင္ဂ်န္းနီ"
"ဘယ္ႏွစ္ခါမ်ား တို႔ကိုဒီလိုနာမည္အျပည့္ေခၚဖူးလို႔လဲ"
"မင္းကမဟုတ္တမ္းတရားေတြေျပာေနတာကိုးကြ"
"အာ့ဆိုမင္းဆီကိုဘာလို႔သူက ညတိုင္းဖုန္းေတြဆက္လဲ။ေက်ာင္းမွာလည္းမင္းနားပဲ အတင္းေတြကပ္ၿပီး အၿမဲအတူရိွေနတာကေရာဘာေတြလဲ"
"ေမာင္တို႔ႏွစ္ေယာက္က ပေရာဂ်က္တစ္ခုကို အတူတူလုပ္ေနရလို႔ေလကြာ"
"ေတာ္စမ္းပါကြယ္...မင္းတို႔ေတြကအဲ့လိုပဲ။သစၥာကိုမရိွၾကတာ"
ႏႈတ္ခမ္းကိုမဲ့ရြဲ႔ၿပီးဆိုေနတဲ့ မဒမ့္ကိုၾကည့္ၿပီး ခံျပင္းလာမိတယ္။မဒမ္ကလြဲၿပီး ဘယ္မိန္းမကိုမွစိတ္ထဲမရိွတာကို မသိေလသလား.....
သစၥာမရိွဘူးဆိုပဲ။
"မင္းစကားေတြတရားလြန္ေနၿပီကင္ဂ်န္းနီ..ငါထြက္သြားေပးမယ္"
"ငါ့လိုသစၥာမရိွတဲ့ေကာင္ ေဖာက္ျပန္ေနတဲ့ေကာင္ကိုမင္းမျမင္ေစရေတာ့ဘူး"
သူ႔စကားနဲ႔တင္ မဒမ့္မ်က္အိမ္ေတြထဲ အရည္ေလးေတြဝဲေနေလၿပီ။
ဒါေပမယ့္လည္း မဒမ့္ကိုစိတ္ဆိုးမိတယ္။လီဆာဆိုတာကလည္း အရင္တည္းကမွ ဂ်စ္ကန္ကန္ခပ္ဆိုးဆိုးဆိုေတာ့ ဒီလိုဆိုမခံႏိုင္...
"သြား...ဘယ္ေတာ့မျွပန္မလာနဲ႔လာလီဆာ"
အခန္းတံခါးေလးဝုန္းဆိုၿပီးျမည္ေအာင္ ပိတ္သြားတဲ့အခ်ိန္မွာေတာ့ ေထာင့္ေလးကပ္ၿပီး ဒူးေထာင္ကာမ်က္ႏွာအပ္ၿပီး စတင္ငိုေႂကြးပါေလေတာ့တယ္။
သူ႔ကိုခ်စ္လြန္းလို႔ စိတ္မခ်တာပါ။သူသာထားသြားရင္ဆိုတဲ့အေတြးကေလ ဂ်န္းအတြက္ေတာ့ကမ႓ာပ်က္တာထက္ ပိုေၾကာက္စရာေကာင္းလြန္းသည္။
အေတြးနဲ႔တင္ အႀကိမ္ႀကိမ္ၿပိဳလဲေနမိတာသူမသိပါ။
ကိုယ္ဝန္ေဆာင္ေနတဲ့အခ်ိန္မို႔ စိတ္ေတြဂေယာက္ဂယက္ျဖစ္တိုင္း သူ႔ကိုအၿမဲအျပစ္ေတြရွာေနမိတာ..
အဲ့လိုအခ်ိန္တိုင္း သူကသည္းခံေပးခဲ့သည္ေလ။အခုမ်ားေတာ့ မိန္းမတစ္ေယာက္လံုး ေန့ေစ့လေစ့ျဖစ္ေနတာေတာင္ သူထားသြားရက္သည္။
"လီဆာ...နင္ဘယ္သြားမလို႔လဲညဘက္ႀကီး"
တီဗီၾကည့္ေနရင္းက အသံၾကားလို႔ ထြက္ၾကည့္ေတာ့ ေယာက္ဖႀကီးက အိမ္အဝမွာ သူ႔ ရႉးဖိနပ္အထူႀကီးကိုႀကိဳးခ်ည္ေနေလသည္။
"နင့္အမနဲ႔ေဝးရာ..."
"ဘာျဖစ္ၾကျပန္ၿပီလဲ"
"နင့္အမကိုပဲေမးၾကည့္လိုက္ခ်ယ္ေယာင္း...ငါေတာ့ဒိုးၿပီ"
သူ႔ကိုလက္ျပသြားရင္း လီဆာဟာကားအနက္ေရာင္ထဲဝင္ကာ အရိွန္နဲ႔ေမာင္းထြက္သြားသည္။
ခ်ယ္လည္းအလ်င္အျမန္ပဲ အမဆီေျပးရသည္။
"အမ...."
ငိုယိုေနတဲ့ အမဆီေျပးသြားၿပီး ခ်ယ္ဘာေျပာရမွန္းမသ္ိျဖစ္ေနရသည္။
ဒီရက္ပိုင္းထဲ အမနဲ႔လီဆာတို႔ ခဏခဏျပႆနာတက္ၾကသည္။အေသးအမႊားကအစ ရန္ျဖစ္သည္။
သူတို႔ႏွစ္ေယာက္ကိုစိတ္မပူေပမယ့္လည္း အမမွာကကိုယ္ဝန္ႀကီးနဲ႔ေလ။
မေမြးလာေသးတဲ့ တူမေလးကိုေတာ့ထိခိုက္မွာစိုးသည္။
"မငိုပါနဲ႔ေတာ့....ေတာ္ၾကာကေလးထိခိုက္မယ္ဟ"
သူမကေခါင္းေမာ့လာရင္း ခ်ယ့္ကိုေဆြးေျမ့ေျမ့မ်က္ဝန္းေတြနဲ႔ၾကည့္ေနျပန္သည္။
မ်က္ရည္ေတြကေတာ့က်ေနဆဲ....
"ခ်ယ္...ငါ့ကိုေမာင္ကထားခဲ့ၿပီဟ"
ဗလံုးဗေထြးနဲ႔ေျပာေနတဲ့ စကားသံေတြကို ခ်ယ့္မွာနားလည္ေအာင္မနည္းနားေထာင္ရေသးသည္။
ၿပီးတဲ့ေနာက္ အမရဲ့လက္ေတြကိုဆုပ္ကိုင္ၿပီး...
"လီဆာကစိတ္ဆိုးတုန္းခဏပါအမရယ္...နင္လည္းသူ႔အေၾကာင္းသိသားနဲ႔"
"ငါသူ႔ကိုအရမ္းစြပ္စြဲမိသြားတယ္ထင္တယ္ခ်ယ္ရာ"
"ေအးပါစိတ္မေကာင္းျဖစ္မေနနဲ႔ေနာ္။သူအခ်ိန္တန္ျပန္လာမွာပါအမရဲ့....မငိုနဲ႔တိတ္"
အမကိုဖက္ထားရင္း ေက်ာျပင္ေလးကိုပြတ္ေပးကာ တတ္ႏိုင္သေလာက္ ႏွစ္သိမ့္ရေသးသည္။
အမကေတာ့ တသိမ့္သိမ့္ကိုျဖစ္လို႔....အမတို႔ရဲ့ပံုစံကိုၾကည့္ရင္း ခ်ယ္အိမ္ေထာင္ျပဳရမွာေတာင္ ေၾကာက္လာသည္။
အကယ္၍မ်ား ဂ်ီနဲ႔လည္း ဒီလိုမ်ိဳးေတြႀကံဳေတြ့ရမည္ဆို ခ်ယ္ကိုယ့္ကိုယ္ကိုခြင့္လြတ္ႏိုင္မွာမဟုတ္။
ဒါေၾကာင့္လည္း ဂ်ီ့ကိုစိတ္မဆင္းရဲရေအာင္ ထားမည္။
🌻🌼
စီးကရက္နံ႔ေတြအျပည့္ ေရေမႊးနံ႔ေတြအျပည့္နဲ႔ ထိုေနရာဟာ ကာစီႏိုေလာင္းကစားဝိုင္းတခု...
"လီဆာ...ငါတို႔အားလံုး သတိရေနတာဟ။အခုမွပဲျပန္ေပၚလာေတာ့တယ္"
ဝိုင္းထဲက လူတစ္ေယာက္က သူ႔အားၾကည့္ရင္း စီးကရက္ဖြာကာ ေျပာသည္။
"မင္းတို႔ကငါ့ကိုသတိရေနတယ္ေပါ့...မင္းတို႔ကိုအႏိုင္ပိုင္းမယ့္ ငါ့လိုလူကိုေလ အဟက္"
မဲ့ၿပံဳးေလးနဲ႔ ဟက္ခနဲျမည္ေအာင္ ရယ္ရင္းသူဆိုသည္။
က်န္တဲ့လူေတြကေတာ့ သူ႔စကားကိုရယ္ေမာကာတုန္႔ျပန္ၾကတာေပါ့။
သို႔ေသာ္ စိတ္ထဲကေနလိုလိုလားလားေပ်ာ္လို႔ေတာ့မဟုတ္။
"ရက္စ္!!!ေတြ့တယ္ေနာ္ငါအကုန္သိမ္းတယ္"
"ဟာ..လီဆာကေတာ့လီဆာပဲေဟ့...ႏွစ္ေတြၾကာသြားလည္းလက္ရည္ကမက်သြားဘူးကြာ"
ဝိုင္းထဲက လူတစ္ေယာက္ရဲ့ စိတ္ပ်က္စြာထြက္ေပၚလာေသာအသံ...
သူကေတာ့ အႏိုင္ရသူအၿပံဳးႀကီးနဲ႔ေပါ့။
"စိတ္မေကာင္းေပမယ့္ ဒီတခါလည္း ကိုယ့္အလွည့္ပဲေပါ့ဘရိုရာ..."
ဒီလိုနဲ႔ပဲ လီဆာေဆာ့လာရင္းက သူခ်ည္းပြဲဆက္ႏိုင္ရပါသည္။
ေငြအေရအတြက္မ်ားလာေလ သူ႔ကို ေဂ်ာင္ဆိုတဲ့လူကၾကည့္မရျဖစ္ေလ။
"ဟိတ္ေဂ်ာင္....မင္းအသံတိတ္လွခ်ည္လား...လီဆာလာမွပဲ ဖဲမင္းသားတို႔အသံေတာင္မထြက္ကြာ ခြီး"
ေဂ်ာင့္အားၾကည့္ရင္း လူတစ္ေယာက္ကဆိုလိုက္သည္။
ထိုအခ်ိန္ ေဂ်ာင္ဆိုတဲ့လူကိုလီဆာၾကည့္လိုက္သည္။
ရုပ္ရည္ကေျပျပေျပစ္ျပစ္နဲ႔ အာေခါင္ကိုလည္းလ်ွာနဲ႔ထိုးထားေသး...
လီဆာလည္းသူ႔လိုအာေခါင္ကိုလ်ွာနဲ႔ထိုးရင္း စီးကရက္ကိုပါ ရိႈက္ခြာလိုက္သည္။
"ကဲ...ဒါဆိုငါ့ကိုခြင့္ျပဳအုန္း လစ္ေတာ့မယ္"
သံုးနာရီေလာက္ထိုင္ေဆာ့ၿပီးတဲ့အခ်ိန္ေတာ့ လက္ထဲလည္းအႏိုင္ရထားတဲ့ေငြကအမ်ားသား....
အိမ္မွာလည္း မိန္းမကိုထားခဲ့ရေတာ့ စိတ္ကမခ်။ျပန္မျွဖစ္အုန္းမည္ေလ။
"ဘာလို႔လဲကြာ...ဝိုင္းေကာင္းေနတာကို"
"ငါ့မိန္းမကိုထားခဲ့ရတာကြ..ျပန္မျွဖစ္ေတာ့မယ္"
"ဟုတ္သားပဲမင္းမိန္းမကိုယ္ဝန္ႀကီးနဲ႔ပဲ"
"ေအး..ငါဒိုးမျွဖစ္ေတာ့မယ္"
အားလံုးဟာသူငယ္ခ်င္းေတြပဲျဖစ္တာေၾကာင့္နားလည္ေပးၾကေပမယ့္ ေဂ်ာင္ကေတာ့မပါခဲ့။
သူတို႔ႏွစ္ေယာက္က သူငယ္ခ်င္းလည္းမဟုတ္သလို အခုမွပထမဆံုးေတြ့ဆံုမႈ။
"မင္းကေသြးေၾကာင္ေနတာလား"
ကာစီႏိုစားပြဲကို အသံျမည္ေအာင္ ေတာက္ရင္း ေဂ်ာင္ကရန္စ,လိုက္သည္။
ျပန္ဖို႔လွမ္းေနတဲ့ သူ႔ေျခလွမ္းေတြလည္းတန္႔ခနဲျဖစ္သြားသည္။
"ငါ့ဘဝမွာေသြးေၾကာင္တယ္ဆိုတာမရိွခဲ့ဘူး"
ဝိုင္းဆီကိုျပန္ေလ်ွာက္လာရင္းထိုလူ႔ကိုစိုက္ၾကည့္ကာ လီဆာေျပာလိုက္သည္။
ေဂ်ာင္ကေတာ့ခနဲ႔သလိုၾကည့္ရင္းရယ္ေနသည္မွာ ဟက္ဟက္ပက္ပက္....
"မင္းေၾကာက္ေနတာအသိသာႀကီးေသြးပ်က္ေနတာမ်ားမ်က္လံုးေတြမွာအထင္းသား"
စီးကရက္အေငြ့ေတြကိုရိႈက္ထုတ္ရင္းထိုလူက သူ႔အားမၾကည့္ပဲေျပာျပန္သည္။
လီဆာအလိုလိုကို လက္သီးေတြဆုပ္မိသည္။
စိတ္ရိွလက္ရိွသာဆို ဒီေကာင္အမႈန္႔ျဖစ္ေနၿပီ။
"မင္းဘာစကားေျပာတာလဲ။ငါ့သမိုင္းမွာေၾကာက္ၿပီးေျပးတာမ်ိဳးလံုးဝမရိွဘူးကြ"
ထိုလူ႔အက်ီေကာ္လံစကို ဆြဲရင္းေျပာသည္။
ေဂ်ာင္ကေတာ့ခပ္ၿပံဳးၿပံဳးသာ...
တျခားသူေတြကလည္း တကယ့္Legendႏွစ္ေယာက္ရဲ့ပြဲကိုေမ်ွာ္လင့္ေနၾကတဲ့ပံုစံ....
"မင္းကမယားေၾကာက္ပဲကို လာလီဆာရာ"
"ငါကမိန္းမကိုခ်စ္တာကြမွတ္ထား"
"ျဖစ္ႏိုင္ပါတယ္..ဂ်န္းနီကသိပ္လွတဲ့အမ်ိဳးသမီးပဲေလ"
"မင္း သူ႔ကိုဘယ္လိုသိတာလဲ"
လီဆာတကယ္သိခ်င္လို႔ေမးမိျခင္း။ေဂ်ာင့္ကိုေတာင္အခုမွသိတာေလ...
ဒါေပမယ့္သူကေတာ့လီ့နာမည္လည္းသ္ိၿပီးမဒမ့္အထိပါသူလိုလူစိမ္းကသိေနသည္တဲ့။
"အရမ္းဆြဲေဆာင္မႈရိွတဲ့မိန္းမပဲကြာ ငါသိတာေပါ့"
"ဘာျဖစ္တယ္...ထပ္ေျပာစမ္း"
"ဆြဲေဆာင္မႈရိွတယ္...ေစာက္ရမ္းမိုက္တယ္လို႔။အိပ္ရာေပၚမွာဆိုပိုႀကိဳက္ခ်င္စရာေကာင္းမွာ"
ခြပ္!!!!
ကုန္ဆံုးသြားပါၿပီ။လီသည္းခံထားတာေတြပ်က္သုဥ္းသြားၿပီ.....
ျပႆနာမတက္ခ်င္လို႔ ၿငိမ္ေနတာကိုအေကာင္းထင္ေနတဲ့ ေစာက္ေကာင္...
မ်က္ႏွာကိုတံေတြးတစ္ခ်က္အရင္ေထြးၿပီးအားနဲ႔ကိုဆြဲထိုးပစ္လိုက္တယ္။
"ေနာက္တစ္ခါငါ့မိန္းမကိုအဲ့လိုမေျပာနဲ႔"
"မင္းငါ့လက္ထဲမွာတင္အသက္ထြက္သြားမယ္"
ထိုလူ႔အေပၚကေနၿပီးကို လိွမ့္ထိုးေနပါေသာလီဆာ့အားဘယ္သူကမွမဆြဲၾကပါ။
တားမယ့္သူလဲရိွမွမရိွပဲကို....
တကယ္လို႔ဘမ္ဘမ္နဲ႔အတူလာရင္ေတာ့တစ္မ်ိဳးတစ္ဖံုေျပာင္းႏိုင္သည္။
"မင္းလိုမိန္းမကိုငါကရႈံးစရာလားကြ"
ဒီတခါေတာ့ လီဆာေအာက္ေရာက္သြားျပန္ၿပီ။
"ငါကဖဲမင္းသားကြ..မင္းနဲ႔က်မွဒီလိုျဖစ္တာ"
"မင္းေစာက္သံုးမက်လို႔ရႈံးတာေလ"
အေပၚေရာက္လိုက္ေအာက္ေရာက္လိုက္နဲ႔ထိုးႀကိတ္ေနရင္း ေနာက္ဆံုးကာစီႏိုပိုင္ရွင္ေရာက္လာၿပီးလူစုခြဲမွၿငိမ္သြားတယ္။
ပြဲၿပီးသြားတဲ့အခ်ိန္ အမ်ားဆံုးအႏွက္ခံထားရတာကေတာ့ ဘယ္သူရယ္မွန္းမသိရေအာင္သားေရရလဒ္နဲ႔လက္ေရတူေနတယ္။
ႏွစ္ေယာက္လံုးရဲ့ ကာစီႏိုစည္းမ်ဥ္းကိုထိုးေဖာက္မႈေၾကာင့္ ရဲစခန္းေရာက္သြားရသည္။
🌻🌼
ကလင္!!ကလင္!!!
သိပ္ၿပီးမသံုးျဖစ္တဲ့ ႀကိဳးဖုန္းလာတာေၾကာင့္ခ်ယ္ကေတာ့အထူးအဆန္းျဖစ္ေနရသည္။
ေနာက္ၿပီးညအခ်ိန္မေတာ္ႀကီးေလ...
"ဟယ္လို..ကင္အိမ္ေတာ္ကပါ"
"ဟယ္လို...ကြၽန္ေတာ္ကဆိုးလ္ရဲစခန္းကစခန္းမွဴးပါဗ်။"
"ဘာကိစၥရိွလို႔လဲရွင့္"
"လာလီဆာကအခုအခ်ဳပ္ထဲေရာက္ေနလို႔အသိေပးတာပါဗ်"
"ဘာ...လာလီဆာအခ်ဳပ္ထဲမွာ"
သူ႔အသံကက်ယ္သြားလို႔ေတာင္ကိုယ့္ပါးစပ္ကိုျပန္အုပ္ေနေသး။
အမသာၾကားသြားရင္ဘယ္ႏွယ့္လုပ္။
ကိုယ္ဝန္ႀကီးနဲ႔ေသြးတက္ေနမွဒုကၡ....
"အဲ့တာေလ..လာလီဆာကသူ႔မိန္းမကိုဒီကိစၥမသိေစနဲ႔လို႔လည္းခ်ယ္ေယာင္းကိုေျပာခိုင္းထားပါေသးတယ္"
"အင္းပါ အခုလာခဲ့မယ္"
ဖုန္းကိုခ်က္ခ်င္းခ်ၿပီး အမ မသိေအာင္အျမန္ခိုးထြက္ရမည္။
ထိုသို႔ေတြးေနစဥ္မွာပဲ
"ခ်ယ္....."
ေနာက္လွည့္တဲ့အခ်ိန္ အမနဲ႔တည့္တည့္ႀကီးကိုမ်က္ႏွာခ်င္းဆိုင္တာပဲ။
အမအသံက စိုးရိမ္ေနတဲ့အသံေတာ့မဟုတ္မ်က္ႏွာကလည္းနည္းနည္းတင္းေနၿပီးအသံကေတာ့မာေနသေယာင္....
ၾကားသြားတာလား..မၾကားသြားတာလား
🌻🌼
ဒီလိုေနရာမ်ိဳးကိုသေဘာမက်လိုက္တာအခ်ဳပ္ခန္းကိုသေဘာေတြ့တဲ့သူလည္းရိွမွာေတာ့မဟုတ္။ရူးေနရင္ေတာ့မသိ...
မဒမ့္ကိုစိတ္ပူလြန္းလို႔ အိမ္ကိုျပန္ရပါမယ္ဆိုအခုဒီမုန္းစရာေနရာကိုေရာက္ေနရတယ္။
"ခ်ယ္ေယာင္း...."
ရဲစခန္းထဲဝင္လာတဲ့ ခ်ယ္ေယာင္းကိုေတြ့တဲ့အခ်ိန္ ခံစားခ်က္ဟာအေမွာင္ထဲေနရင္းအလင္းေတြ့သလို....
"နင္ေတာ္ေတာ္ျပႆနာရွာတဲ့ေကာင္"
ခ်ယ္ဟာသူ႔ကိုအရင္လာရန္ေတြ့ရင္းစခန္းမွဴးနဲ႔စကားေတြေျပာေနသည္။
ေတာ္ေသးတာေပါ့။မဒမ္လိုက္မလာလို႔....
"ဘယ္လိုျဖစ္ၿပီးရန္ကျဖစ္ရတာလဲဟယ္"
"ဒီတိုင္းပါအဲ့ေကာင္ငါ့ကိုအရင္ရန္စ,တာ"
ခ်ယ့္ရဲ့အာမခံေၾကာင့္ ျပန္လြတ္လာရၿပီ။ဒီတခါေတာ့ေယာက္ဖကိုဆုေတာင္ခ်ခ်င္သြားတယ္။
ဒါေပမယ့္လည္း သူ႔ကိုလီကမမတစ္ေယာက္လံုးကိုေပးထားတာပဲေလေနာ္။
"မ်က္ႏွာတစ္ခုလံုးလည္းရစရာကိုမရိွဘူး"
"ငါကေတာ္ေသးတာ..ဟိုေကာင္ကပိုဆိုးတယ္"
"ငါျမင္ပါတယ္ဟိုေကာင့္ကို"
"ဒါနဲ႔ နီမသိဘူးမလား"
ခ်ယ္ကလီ့ကိုမၾကည့္ေတာ့ပဲေခါင္းကုတ္ေနေလတယ္။
ၿပီးေတာ့ကားထဲကိုထိုးျပတယ္။
"နီ...."
"ငါဖုန္းေျပာေနတာကိုၾကားသြားတယ္ေလ"
မဒမ္ကကားထဲမွာေနခဲ့တာကိုး။ေကာင္းပါတယ္ေလ။
ေတာ္ၾကာဟိုေကာင္သာေတြ့သြားရင္ထပ္ၿပီးရန္ျဖစ္ေနရအုန္းမွာ....
ကိုယ္ဝန္ႀကီးနဲ႔ဆိုေတာ့ေနခဲ့တာကေကာင္းပါတယ္။
"နီ...."
လီ့ကားကကာစီႏိုမွာပဲထားခဲ့ရေတာ့ခ်ယ့္ကားနဲ႔ပဲျပန္ရေတာ့မွာေလ။
ေနာက္ခန္းကိုတက္သာတက္ရတာနည္းနည္းေတာ့ခပ္လန္႔လန္႔ရယ္။
မဒမ္သာေအာ္ထုတ္ရင္ဆိုတဲ့အေတြး....
"ဟိုေလ ေမာင္ေတာင္းပန္ပါတယ္ေနာ္"
မဒမ္ကမေအာ္တဲ့အျပင္ လီထိုင္လို႔ရေအာင္ဟိုဘက္ေလးေတာင္တိုးလိုက္ေသး....
ဒါေပမယ့္လီစကားေျပာေတာ့သူမကျပန္မေျပာပဲ အျပင္ကိုသာေငးေနသည္။
"ဟူး....."
တမင္ၾကားေအာင္ကိုသက္ျပင္းခ်ၿပီးဘာမွထပ္မေျပာပဲ ၿငိမ္ေနလိုက္သည္။
ခ်ယ္ကသူ႔လိုမဟုတ္...ကားေမာင္းရင္လိပ္လိုပဲေမာင္းတာ။
အႏၲရာယ္မ်ားလို႔တဲ့ေလ။
"ငါသီခ်င္းဖြင့္မယ္ေနာ္"
"နင္လုပ္ခ်င္တာလုပ္"
ဒီစကားကိုမဒမ္ကေျပာလိုက္ျခင္း။လီ့ကိုစကားမေျပာတဲ့မဒမ္ကဒါက်ေျဖသား...
ခ်ယ္ဖြင့္လိုက္တဲ့သီခ်င္းေလးကAll of me........
စာသားအားလံုးဟာအႏွစ္ေတြခ်ည္း
"What would I do without your smart mouth?"
လီသီခ်င္းထဲက စာသားေလးတခ်ိဳ႕ကိုလိုက္ညီးေနမိသည္။
"And I'm so dizzy,don't know what hit me,but I'll be alright"
လီသီခ်င္းဆိုတာရင္း မဒမ့္ကိုမသိမသာနဲ႔ခိုးၾကည့္ေတာ့ၿပံဳးေနသလိုပဲ။
စိတ္ထင္ေနတာမ်ားလား....
"Cause all.....Cause all of meLoves all of you"
ခံစားခ်က္အျပည့္နဲ႔ကိုထိုစာသားေတြကိုဆိုလိုက္တာ..
"ဟဲ့ လာလီဆာနင့္အသံဆိုးႀကီးနဲ႔မဆိုစမ္းနဲ႔တိတ္လိုက္ေတာ့..."
ခ်ယ့္စကားေၾကာင့္ မဒမ္ဟာတခစ္ခစ္နဲ႔သေဘာက်ရယ္ေနတယ္။
ျပန္ရန္ေတြ့မယ့္စိတ္ေတြေတာင္အေငြ့ပ်ံသြားၿပီး မဒမ့္ကိုၾကည့္ေနမိတယ္။
တကယ္ပါအရမ္းခ်စ္စရာေကာင္းၿပီးအရမ္းအရမ္းလွတဲ့လီ့မိန္းမ...
🌻🌼
အိမ္ေရာက္ေတာ့ ေရအရင္ခ်ိဳးရတယ္။အခုမွအခ်ဳပ္ခန္းကထြက္လာတာဆိုေတာ့လည္း..
လီေရခ်ိဳးၿပီးထြက္လာေတာ့ မဒမ္ကအလုပ္စားပြဲမွာထိုင္ရင္းစာအုပ္ဖတ္ေနေလတယ္။
"နီ....."
သူမေရ႔ွမွာဒူးေထာက္ထိုင္ခ်လိုက္တဲ့လီဆာ...
"ဘာလဲ"
ျပန္ထူးပံုေလးကိုကၿပံဳးခ်င္တာကိုမနည္းထိန္းထားတဲ့ရုပ္ေလးနဲ႔....
"ခ်စ္တယ္ေနာ္"
မဒမ့္လက္ထဲကစာအုပ္ကိုဆြဲယူၿပီးစားပြဲေပၚတင္လိုက္ကာ လက္ေတြကိုကိုင္လိုက္တယ္။
"တို႔လက္ကိုလြတ္လိုက္ေနာ္"
"ေမာင့္မွာနီ႔လက္ကိုလြတ္ခ်လို႔စိတ္ကူးလံုးဝမရိွဘူး"
ႁပြတ္စ္!!!
ေျပာရင္းနဲ႔ လက္ဖမိုးေလးကိုနမ္းလိုက္တယ္။
"အပိုေတြသိပ္ေျပာတယ္ေနာ္။သဝန္တိုလို႔ေျပာမိတာကိုေတာင္လူကိုေအာ္လိုက္ေငါက္လိုက္တာဆိုတာ"
ႏႈတ္ခမ္းေလးဆူကာ အသံတဆာဆာနဲ႔ရန္ေတြ့ေနပံုေလးကခ်စ္စရာေကာင္းလိုက္တာ..
"ေမာင္ေတာင္းပန္ပါတယ္။ေမာင္စိတ္လြတ္သြားတာ"
"ဒါဆိုမင္းကအရူးလား"
ေမးေလးေငါ့ရင္းေျပာျပန္တဲ့ မဒမ့္ကိုအသဲတယားယား....
"ေမာင့္ကိုခြင့္လြတ္ေနာ္"
"မင္းသိရဲ့လား...တို႔ငိုရေသးတယ္"
"ေမာင္သိပါတယ္...ေမာင့္ကေလးေလးငိုၿပီးက်န္ေနခဲ့မယ္ဆိုတာ"
"အဲ့တာထက္ဒဏ္ရာေတြကနာေနလားဟင္"
"ဒီေလာက္ကေတာ့အေပ်ာ့ပါကြာ"
"ဟြန္း..မေျပာလိုက္ခ်င္ဘူး။ဒဏ္ရာဗရပြနဲ႔"
"မီယြန္းနဲ႔သူငယ္ခ်င္းလုပ္တာမႀကိဳက္ရင္ေမာင္မလုပ္ေတာ့ဘူးေနာ္မေဟသီေလး"
"ၿပီးတာပဲ။မႀကိဳက္ဘူး..သူနဲ႔မခင္နဲ႔ေတာ့"
"ဟုတ္ကဲ့ပါ"
မဒမ့္ကိုဖက္ထားရင္း ဆူထြက္လြန္းေနတဲ့ဗိုက္ေလးကိုမ်က္ႏွာအပ္ထားမိတယ္။
ေမြးခါနီးဖြားခါနီးျဖစ္ေနတဲ့ မဒမ့္ကိုထားခဲ့ၿပီးထြက္သြားတဲ့လီဟာအေတာ္ဆိုးပါလားေနာ္။
လီ့ေၾကာင့္နဲ႔မဒမ့္မ်က္ရည္ေတြေႂကြကုန္ရၿပီ။
"ဟ...နီ...ကေလးကန္သံၾကားလိုက္တယ္"
"ဟုတ္ရဲ့လားေမာင္ရယ္"
"တကယ္ေမာင္ၾကားရတာ"
မဒမ့္လက္ကိုဆြဲယူၿပီး အသံၾကားရတဲ့ေနရာကိုကပ္ထားလိုက္ေတာ့သူမမ်က္ႏွာေလးလည္းၿပံဳးလာတယ္။
"ခံစားမိတယ္မလား နီ"
"အြန္း"
မဒမ္ဟာမ်က္ရည္ေလးေတြဝဲရင္းေခါင္းညိတ္ျပသည္။
ကိုယ္ဝန္ေဆာင္ေတြဟာစိတ္ခံစားလြယ္လြန္းတာပဲ။
"အ့...ေမာင္ဗိုက္နာလာသလားလို႔"
"ဘာ!!ဗိုက္နာတယ္"
"အား..တကယ္နာတာေမာင္ရဲ့..ေမြးေတာ့မယ္ထင္တယ္"
ပထမဆံုးအေတြ့အႀကံဳမို႔ ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနရင္းကေနအဆင္သင့္ျပင္ထားတဲ့အိတ္ကိုယူၿပီးမဒမ့္ကိုတြဲကာခ်ယ့္ကိုေအာ္ေခၚရသည္။
ဂ်ီဆူနဲ႔ဖုန္းေျပာေနရင္းကၾကားလိုက္ရတဲ့လီဆာ့အသံေၾကာင့္ခ်ယ့္မွာလည္းအေယာင္ေယာင္အမွားမွား...
"ခ်ယ္နင္ နီ႔ကိုၾကည့္ေပးထား"
"ဟာငါကားေမာင္းမယ္ေလ"
"အမေလးကင္ခ်ယ္ေယာင္းရယ္ နင္သာေမာင္းရင္ငါလမ္းတင္ထြက္က်မွာ"
သူမလည္းနာလြန္းလို႔အံႀကိတ္ရင္းကေဘးမွာရိွတဲ့ခ်ယ့္ဆံပင္ေတြကိုေတာင္မဆီမဆိုင္ဆြဲထည့္လိုက္ေသး....
"အ့,,နာတယ္အမရဲ့..ငါ့ဆံပင္ေတြေတာ့သြားပါၿပီ"
"ခ်ယ္ေခၚလာခဲ့ေတာ့..ကားအဆင္သင့္ပဲ"
ထိုေန့ညကမဒမ္နဲ႔အဂ်စ္ရဲ့ဘဝထဲကိုမင္းသမီးေလးတစ္ပါးဝင္ေရာက္လာသည္။
မဒမ္နဲ႔ခြၽတ္စြတ္တူတဲ့မ်က္ႏွာမ်ိဳးပိုင္ဆိုင္ထားၿပီးအဂ်စ္နဲ႔တပံုတည္းတူတဲ့အမူအက်င့္ေတြဟာကင္အယ္လာမာႏိုဘန္ေလးလက္ခံထားတဲ့DNA..
ကင္မိသားစုရဲ့အသဲေက်ာ္အျပင္မာႏိုဘန္အိမ္ေတာ္ကလည္းဖူးဖူးမႈတ္ထားလြန္းတဲ့မင္းသမီးေလးေပါ့။
အရင္လိုမဒမ့္တစ္ၪီးတည္းကိုပဲအခ်စ္ေတြေအာမခ်စ္ရေတာ့ပဲအယ္လာေလးကိုပါခြဲခ်စ္လာရသည္။
ဒါေပမယ့္လည္း မဒမ္ဟာ လီ့ဘဝရဲ့အခ်စ္ရဆံုးလူသားေလးပါပဲ။
သိပ္ခ်စ္တယ္မဒမ္...ဒီစကားေလးကိုေမာင္တစ္ဘဝလံုးမရပ္မနား ေရရြတ္သြားေနခ်င္တယ္...
I LOVE YOU MADAM.×××××××××ေနာက္ဆံုးေတာ့ၿပီးဆံုးသြားပါၿပီ။
အစကေနအဆံုးထိဖတ္ရႉလာေပးတဲ့တစ္ေယာက္ခ်င္းစီကိုေက်းဇူးတင္သလို Cmtေလးေတြေပးၾကတဲ့သူေတြကိုလည္းေက်းဇူးတင္ပါတယ္☺️
Ficအသစ္ကေတာ့ၾကာအုန္းမယ္ပဲေျပာခ်င္တယ္။
Spoilေတာ့ေပးလိုက္မယ္။ေရးခဲ့ဖူးတဲ့Ficေတြနဲ႔ေတာ့သိပ္မတူဘူး။
Age gapကအကြာႀကီးကြာပါ့မယ္လို႔🤭
ၾကယ္ေလးေတြေပးသြားၾကပါအုန္း💫
အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎××××××××××
There are no comments yet. Log in to be the first to leave a review!





